← Chapters

အိပ်မက်တစ်ခု အတွက် အဖိုးတန်ဆုံးအရာ

Vol. 10 Ch. 136

အိပ်မက်တစ်ခု အတွက် အဖိုးတန်ဆုံးအရာ

Vol. 10 Ch. 136

ဤသည်မှာ ဆယ်ကျော်သက် တစ်ဦး၏ ထူးခြားသောအသံဖြစ်သည်။

သီချင်း၏ မူရင်းလေသံနှင့် နှိုင်းယှဉ်လျှင် အတွေ့အကြုံပိုင်း၌ အားနည်း နေသော်လည်း သူ့အသံက ပျိုမျစ်သော လေထုကို သယ်ဆောင်သွားကာ လွမ်းမောဖွယ် နေ့ရက်များကို တဖန် ရောက်ရှိစေခဲ့သည်။

ဝမ်လင်း တီးခဲ့သည့် သီချင်းမှာ အခြား ကမ္ဘာ့လိုင်းမှ ဖြစ်သည်။

၎င်းက "ကျောင်းသားဟောင်း" အမည်ရှိ ကာဗာသီချင်းဖြစ်ပြီး "သေအတူရှင်မကွာ ညီအကိုများ" ဟုခေါ်သော ဂီတအဖွဲ့မှ သီဆိုထားသည်။

ဤသီချင်းက ငြင်းပယ်ခံရမှာ ကြောက်၍ သူနှစ်သက်သည့် မိန်းကလေးကို ဝန်ခံနိုင်စွမ်း မရှိသော ယောကျ်ားလေး တစ်ယောက်၏ ခံစားချက် အကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်သည်။

ဤသီချင်းတွင် လူငယ်ဘဝကို ပြန်မရနိုင်တော့သည့် စိတ်ကူးကို အသေအချာ ဖော်ကျူးထား၏။

သီချင်းစာသားတွင် ပါဝင်သော အကြောင်းအရာများက လူတိုင်းနှင့် ထပ်တူကျနေသည်။

ဝမ်လင်းက ထိုသီချင်းကို အရမ်းကြိုက်ခဲ့၏။

သီချင်းစာသား၏ အဓိပ္ပါယ်အရ လူပျိုပေါက်အရွယ် လူငယ်တစ်ယောက်က ကောင်မလေး တစ်ယောက်ကို စွဲလမ်းနေခဲ့သည်။

သို့သော် ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် ဘွဲ့ရပြီးတဲ့ နှစ်အထိ ကောင်မလေးကို ဘာမှ မပြောနိုင်ခဲ့ပေ။

သူမကို ဖွင့်ပြောလိုက်လျှင် နာကျင်ရမည်ကို လူငယ်က ကြောက်နေခဲ့သည်။

ဝမ်လင်းက စားသောက်ဆိုင်တွင် "ကျောင်းသားဟောင်း" သီချင်းကို တီးခတ်နေချိန်တွင် လေထဲ၌ ထူးခြားသော ခံစားချက် တစ်ခု ရှိနေသည်။

သူ့ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူဌေးထန်နှင့် ထန်ယိုနင်တို့ နှစ်ယောက်စလုံးမှာ သူ့အသံကြောင့် ချက်ချင်းပင် ယစ်မူးသွားခဲ့သည်။

.............

ဒီကောင်မလေးကို🎵 နက်နက်ရှိုင်းရှိုင်း အရမ်းချစ်တယ်.. နေ့ရောညပါလွမ်းတယ်..🎶

ဒါပေမယ့် ငါ့နှလုံးသားကို🎶 ဘယ်လို ဖွင့်ဟဝန်ခံရမလဲ..

သူ ငါ့ကို လက်ခံမှာလား..🎵

.....................

ဒီစကားမျိုး သူမကို🎵 ဘယ်တော့မှ မပြောနိုင်တော့တာလည်း ဖြစ်နိုင်တယ်🎶

ငါ့ကို ကမ္ဘာပေါ်မှာ🎵 အထီးကျန်ဖို့ ကံကြမ္မာက🎶 စေရွယ်ထားပုံပဲ..

ငါဘယ်လိုဂရုစိုက်ရမလဲ🎵

အိပ်မက်တွေက🎶 အမြဲတမ်း အိပ်မက်တွေပဲ🎵 ဖြစ်လာတယ်..

ငါလက်လျော့လိုက်သင့်လား..🎶

နောက်ထပ်🎵 မိုးရာသီမှာ ပန်းတွေ ပွင့်ပြီး🎶 ကြွေသွားတယ်..

နွေဦးကရော🎵 ဘယ်ရောက်နေလဲ🎶..

.........

ပျိုမျစ်ချိန်က🎶 အရမ်း လျင်မြန်တယ်..🎵

သွားပြီ၊ ဘယ်တော့မှ🎵 ပြန်မလှည့်တော့ဘူး၊🎶 နှုတ်ဆက်ဖို့တောင် နောက်ကျသွားပြီ

ငါထွက်မသွားခင်🎶 တွေတွေကြီး🎶 ကြည့်နေမိတယ်..

အရင်လို🎶 စိတ်ထက်သန်မှုတွေ🎵 မရှိတော့ဘူး..

............

ပန်းတွေပြည့်နှက်နေပြီး🎵 ကြွေကျနေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်🎶

အလှဆုံး အခိုက်အတန့်က🎵 အရောင်လွင့်သွားပြီ 🎶

ဒီကမ္ဘာကြီးမှာ တစ်ချိန်က🎵 တည်ရှိဖူးတာကို ဘယ်သူက မှတ်မိမှာလဲ

ထိုစာသားများက သီချင်း၏ ပထမအပိုဒ်သာ ရှိသေးသော်လည်း ဝမ်လင်းက ဂစ်တာကို ချလိုက်သည်။

သူဌေးထန်က လုံးဝကို အံသြသွား၏။

တကယ်ပဲ ကမ္ဘာမှာ ဤကဲ့သို့ အသည်းကွဲ သီချင်းမျိုး ရှိပါသလော။

သူဌေးထန်က ဝမ်လင်း သီချင်းကို တီးခတ်နေစဉ် သီချင်းစာသားကို အင်တာနက်ပေါ်တွင် ရှောင်တခင် စစ်ဆေးခဲ့သော်လည်း သက်ဆိုင်ရာ မှတ်တမ်း မရှိကြောင်း တွေ့ရှိခဲ့ရသည်။

၎င်းမှာ မူရင်းသီချင်း ဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့သည်။

အထက်တန်းကျောင်း Grade 1အရွယ် ကျောင်းသားလေးက ငယ်ငယ်ရွယ်ရွယ်နှင့် ဤကဲ့သို့ လတ်ဆတ်ပေါ့ပါးမှု အပြည့်ရှိသော သီချင်းတစ်ပုဒ်ကို ရေးပြနိုင်ခဲ့သည်။

ဝမ်လင်း၏ ဖျော်ဖြေမှုအပြီးတွင် သူဌေးထန် နှင့် ထန်ယိုနင်တို့ နှစ်ဦးစလုံး၏ နှလုံးသားထဲတွင် တုန်လှုပ်သွားကြသည်။

လူငယ်လေး၏ နောက်ကွယ်တွင် အလွမ်း ဇာတ်လမ်း တစ်ခုခု ရှိရမည်ဟု သူတို့ချက်ချင်း ခံစားလိုက်ရသည်။

ဤသီချင်းက အရင်က တစ်ခါမှ မကြားခဲ့ဖူးသည့် သီချင်းတစ်ပုဒ် ဖြစ်နေသည် မဟုတ်လော။

အပိုဒ်လေးတစ်ပိုဒ်ကို နားထောင်ရုံဖြင့် သြချလောက်စေ၏။

သူဌေးထန်က ဤလူငယ်၏ အမာခံပရိသတ်တစ်ဦး ဖြစ်နေပြီဖြစ်သည်။

ထိုလူငယ်က ဒဏ္ဍာရီဆန်သော ပါရမီရှင် ဖြစ်ကောင်းဖြစ်နိုင်သည် မဟုတ်ပါလား။

ဝမ်လင်း "............."

ဝမ်လင်း ကိုယ်တိုင်ကမူ သူ့အကြောင်း သူသိသည်။

သူက ဂီတကို မဖန်တီးခဲ့ဘဲ ဂီတ လက်ဆင့်ကမ်း သယ်လာသူ တစ်ယောက်သာ ဖြစ်သည်။

ဝမ်လင်းက လူငယ်လေး၏ ဂစ်တာကို ထောင့်တွင် ပြန်ချထားကာ ခေါက်ဆွဲစားရန် ထိုင်ခုံဆီသို့ တိတ်တဆိတ် ပြန်သွားခဲ့သည်။

သူ ပေါ့ပေါပါးပါး သဘောထား၍ သာမန်မျှသာ လုပ်လိုက်သည့်အရာက ထန်ယိုနင်အား ပြင်းပြင်းထန်ထန် ထိုးနှက်ချက် တစ်ခု ပေးလိုက်သလိုပင်။

"ဒီလူက ဘယ်သူလဲ"

ထန်ယိုနင် အံ့သြသွားသည်။

သူ လုံးလုံးလျားလျား ရှုံးနိမ့်သွားသလို ခံစားရပြီး ခေါင်းငိုက်စိုက်ကျသွား၏။

တစ်ချိန်က ဂီတပညာကို ဆည်းပူးရန် သူအနေဖြင့် အရာရာကို စွန့်လွှတ်ခဲ့ရသည်။

သူ၏ နောင်ရေးအတွက် မိဘတွေ သူ့အတွက် စုထားသည့် လက်ဖွဲ့ငွေကို ခိုးယူခဲ့ပြီး အားလုံးကို ဂီတဆရာအား ပေးအပ်ခဲ့သည်။

သူအိမ်ထောင်ကျပြီးသည့် အချိန်တွင် အိမ်ခွဲနေရန် သူ့မိဘတွေက ပိုက်ဆံကို ကြိုတင် ဖယ်ထားပေးခဲ့ခြင်း ဖြစ်၏။

သူ၏ ဝါသနာကြောင့် သူ့မိသားစုက သူ၏ စရိတ်စက အားလုံးကို ဖြတ်တောက်ပစ်ခဲ့သည်။

ထို့ကြောင့် သူက တရားဝင် လေလွင့် အဆိုတော် ဖြစ်လာခဲ့သည်။

ဤဝါသနာက သူ၏တက်လမ်းကို ဖျက်ဆီးလိုက်သလိုပင်။

အကယ်၍ သူသာ ထိုအချိန်က သူ့မိဘများ၏ တိုက်တွန်းမှုကို နားထောင်ပြီး လက်ဖွဲ့ ရန်ပုံငွေများကို အသုံးမပြုခဲ့လျှင် ယခုအချိန်၌ ဇနီးတစ်ယောက်နှင့်အတူ ပျော်ရွှင်သောဘဝကို ရနိုင်ပေလိမ့်မည်။

သူက အိမ်အသစ်စက်စက်တွင် နေထိုင်နိုင်ပြီး သူ့ကလေးများနှင့် ဆော့ကစားနေနိုင်သည်။

ထိုအတိုင်းသာဆိုလျှင် သူက တည်ငြိမ်သော အလုပ်တစ်ခုကို ရှာတွေ့ပြီး တည်ငြိမ်သော ဘဝဖြင့် နေထိုင် နေရလိမ့်မည် ဖြစ်၏။

ထန်ယိုနင်က သူ့ဘဝ နေထိုင်မှု ပုံစံနှင့် ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိခဲ့သည်။

သူ့အနေဖြင့် ဤနှစ်ပိုင်းအတွင်း လေလွင့်နေသည်မှာ မှန်ကန်ပါသလော။

ဝမ်လင်း၏ သီချင်းကို နားထောင်ပြီးနောက် သူ့ကိုယ်သူ လေးလေးနက်နက် မေးခွန်းထုတ်လာသည်။

"မင်းလို လမ်းမပေါ်မှာ လိုက်ဆိုတဲ့ အဆိုတော် တစ်ယောက် တစ်နေ့ ဝင်ငွေ ဘယ်လောက်ထိ ရနိုင်လဲ"

ဖေဖေဝမ်က မေးခွန်းထုတ်လိုက်သည်။

ထန်ယိုနင်က ဂီတနှင့်ပတ်သက်ပြီး မောက်မာမှု လုံးဝ မရှိတော့ပေ။

သူက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို အနည်းငယ် ကုတ်လိုက်သည်။

"အဲဒါက.. မိုးရွာရင်တော့ ပိုက်ဆံမရဘူး.. ကျနော်က နေရာတိုင်းမှာ သီချင်းဆိုပါတယ်.. တစ်စုံတစ်ယောက်က ကျနော့် သီချင်းကို သဘောကျပြီး အလှူငွေထည့်ဖို့ မျှော်လင့်နေရတာပေါ့.. သူတို့တွေက ကျနော့်ကို သနားသဖြင့် စွန့်ကြဲတာတော့ မလိုချင်ပါဘူး"

"............."

ဆိုင်ထဲမှာ တိတ်ဆိတ် ငြိမ်သက်နေသည်။

ထန်ယိုနင်က သူ့ဂစ်တာကို လှမ်းကိုင်ရင်း မျက်လုံးတွင်မျက်ရည် အနည်းငယ် စို့လာသည်။

"ငါ့ရဲ့ အရည်အချင်းတွေ ကြောင့် ငါက အသံစစ်ဆေးမှုကို ဖြတ်ကျော်ဖို့ ပြဿနာမရှိဘူးလို့ ငါထင်ခဲ့တယ်... အခုတော့ ငါသိလိုက်ပြီ.. ငါ့ရဲ့ တစ်ခုတည်းသော အားနည်းချက်က ငါ့ရဲ့အရည်အချင်းပဲ"

"ဒါဆို ဒီလမ်းကို ဆက်လျှောက်မှာလား"

ဖေဖေဝမ်က နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

ထန်ယိုနင်က ခေါင်းခါယမ်းလိုက်သည်။

"ကျွန်တော်မသိတော့ဘူး"

"မင်းဆုံးဖြတ်ချက် မချရသေးဘူးလို့ ဆိုလိုချင်တာလား"

ဖေဖေဝမ်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

ဤလူငယ်က လွယ်လွယ်နှင့် လက်လျော့တတ်သူမျိုး မဟုတ်ဟုသူ ခံစားရသည်။

သူ့အဆိပ်ပြင်းသောလျှာ၏ တိုက်ခိုက်မှုအောက်တွင် အခြားမည်သူမဆို စောစောစီးစီး လက်နက်ချခဲ့ကြ၏။

ထိုကဲ့သို့ လူစားမျိုးမှာ မကြာခဏ ဆိုသလို ကိစ္စများကိုလက်လျော့တတ်ကြသူများ ဖြစ်ကြသည်။

အခြားတစ်ဖက်တွင်မူ ဤလူငယ်လေး၏ တုံ့ဆိုင်းနေပုံမှာ လွယ်လွယ်နှင့် အရှုံးမပေးချင်ကြောင်း သက်သေပြနေ၏။

"ငါ့သားရဲ့ သီချင်းနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ"

"ဒီသီချင်းက တကယ်ကောင်းတယ်"

ထန်ယိုနင်က တစ်ချိန်တည်းတွင် စိတ်လှုပ်ရှားနေသလို စိတ်ဓာတ်လည်း ကျနေသည်။

"ဒီလိုသီချင်းမျိုး ကျနော် ရေးနိုင်မယ်လို့ မထင်ဘူး..."

"မင်းအသံစစ်ဆေးမှုကို ကျရှုံးရတဲ့ အကြောင်းရင်းက မင်းရွေးချယ်တဲ့ သီချင်းနဲ့ ပတ်သက်နေတယ်လို့ မင်းစဉ်းစားမိပြီလား"

ဖေဖေဝမ်က ထပ်မေးလိုက်သည်။

ထိုင်ခုံတွင် ထိုင်နေသည့် ဝမ်လင်းက မျက်ခုံးပင့်တင်လိုက်သည်။

ဖေဖေဝမ်၏နှုတ်မှ အဆိပ်ပြင်းသော စကားလုံးများမှာ နူးညံ့သော စကားလုံးအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။

လူငယ်အပေါ် ဖေဖေဝမ်၏ သဘောထားမှာ အနည်းငယ် ကွဲပြားသွားသည်ဟု သူ ခံစားမိသည်။

ဖေဖေဝမ်က ပုံပြင်များကို အမြဲပြောတတ်သူ ဖြစ်သည်။

သူက မတူညီသော နယ်ပယ်များကို နှံ့စပ်ပြီး ပထမတန်းစား ခေါင်းဆောင်မှု စွမ်းရည်လည်း ရှိသည်။

ခိုးကူးစာအုပ်ကို ဝယ်ဖတ်သည့် စာဖတ်သူ နှစ်ထောင်ကျော်ကိုမူရင်းမှ ပြန်လည်အားပေးရန် ဆွဲဆောင် စည်းရုံးနိုင်သည့် ဖေဖေဝမ်လို လူမျိုးကို ဝမ်လင်းတစ်ခါမှ မမြင်ဖူးပေ။

ထန်ယိုနင်က ဖေဖေဝမ်ကို ကြည့်ရင်း မျက်တောင် ခတ်လိုက်သည်။

"ဆရာ ဆိုလိုချင်တဲ့ အဓိပ္ပါယ်က ဘာလဲ"

"ငါ့ကို ဆရာလို့ မခေါ်ပါနဲ့.. အဲဒါက အဆင်မပြေဘူး.. ငါ့ကို ရင်းရင်းနှီးနှီး အန်ကယ်လို့ ခေါ်လို့ရပါတယ်"

ဖေဖေဝမ်က သူ့လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။

"ငါပြောချင်တာက ငါ့သားရဲ့ သီချင်းကို စက်ဆုပ်စရာလို့မထင်ဘူးဆိုရင် မင်းကို ရောင်းပေးမယ်လေ.. ဘယ်လိုလဲ"

ထန်ယိုနင်က ချက်ချင်း ထရပ်လိုက်သည်။

"အန်ကယ်... မင်းက ဒီသီချင်းကို ငါ့ဆီ ရောင်းချင်တယ်လို့ ပြောနေတာလား"

သို့သော် သူ၏ အမူအရာက ခါးသီးသောအမူအရာသို့ အလျင်အမြန် ပြောင်းလဲသွားသည်။

"ဒါပေမယ့် ဦးလေး... ငါ့မှာ ပိုက်ဆံမရှိဘူး"

အရည်အသွေး ကောင်းမွန်သော မူရင်းလက်ရာမှာ ယနေ့ခေတ်တွင် အမှန်တကယ် ရှားပါးပါသည်။

ဝမ်လင်း၏သီချင်းက မည်သည့် အခွေကုမ္ပဏီကို မဆို မူပိုင်ခွင့် စျေးနှုန်း ခေါင်းခေါက်၍ တောင်းနိုင်မည်ဟု ထန်ယိုနင်က ခံစားမိသည်။

ဖေဖေဝမ်က စီးကရက် တစ်လိပ်ကို တိတ်တဆိတ် မီးညှိပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

"မင်းမှာ ဘယ်လောက်ရှိလဲ"

ထန်ယိုနင်က သူ့အိတ်ကပ်ထဲသို့ လှည့်ပတ်ရှာဖွေ၍ စုစည်းလိုက်သောအခါ သုံးဆယ့်သုံးယွမ်နှင့် ခုနစ်ဆယ်ဆင့် ထွက်လာခဲ့သည်။

ထန်ယိုနင်က ပိုက်ဆံမလောက်မှန်းသိ၍ စိတ်ရှုပ်စွာဖြင့်ဖေဖေဝမ်ကို ကြည့်လိုက်၏။

ထို့နောက် သွားများကို အံကြိတ်၍ ဂီတာကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ အနမ်းပေးလိုက်ပြီး ဖေဖေဝမ်ဆီ ကမ်းပေးလိုက်သည်။

"အန်ကယ်.. မကြိုက်ရင်.."

"မဟုတ်ဘူး"

ဖေဖေဝမ်က ရိုးစင်းသော အမူအရာဖြင့် ပြောလိုက်သည်။

သူဌေးထန်က ပြောစရာစကား ဆွံ့အနေသည်။

"............."

ဒါက နည်းနည်းတော့ ရိုးစင်းလွန်းနေသည် မဟုတ်လော။

ဖေဖေဝမ်"မင်းရဲ့ဂစ်တာကို ငါက ဘာလို့ လိုချင်ရမှာလဲ.. အဲဒါက စားလို့ရလို့လား.. ဒါက မင်းရဲ့ အသက်သွေးကြော မဟုတ်ဘူးလား.. မင်းရဲ့ ဘေးနားမှာ အဖော်မပါဘဲ မင်း ဘယ်လိုဘဝကို ဖြတ်သန်းမှာလဲ"

ဖေဖေဝမ်က သူဌေးထန်ကို လှည့်ကြည့်လိုက်သည်။

"သူဌေးထန် မင်းမှာ ဘောပင်နဲ့ စာရွက်ရှိလား"

သူဌေးထန်က ခေါင်းညိတ်လိုက်သည်။

"ရှိပါတယ်"

ဖေဖေဝမ်က မှတ်ဉာဏ်ကောင်းပြီး ဂီတဆိုင်ရာ ဗဟုသုတလည်း ရှိသည်။

ထို့ကြောင့် ဝမ်လင်း၏ သီချင်းသံကို ကြားသည်နှင့် အခြေခံအားဖြင့် သီချင်းစာသားနှင့် တေးသွားကို အလွတ်ကျက်ပြီးပြီ ဖြစ်၏။

တစ်ခုခု ကျန်ခဲ့လျှင်ပင် ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောပြပေးနိုင်မည် မဟုတ်ပါလား။

ချောမွေ့ပြီး စီးဆင်းနေသော လက်ရေး စတိုင်ဖြင့် ဖေဖေဝမ်က"ကျောင်းသားဟောင်း" သီချင်း၏ စာသား အပြည့်အစုံကို စာရွက်ပေါ်တွင် လျင်မြန်စွာ ချရေးပြီးနောက် ဘောပင်ကို ပြန်မသိမ်းမီ နောက်ထပ် မှတ်စုတစ်ခုကို ရေးခဲ့သည်။

နောက်ဆုံးတွင် သူက ထန်ယိုနင်အား သီချင်းစာရွက် ပေးလိုက်သည်။

"အိပ်မက်တစ်ခုရဲ့ တန်ဖိုးအရှိဆုံး အရာက မင်းရဲ့ ဆုတ်ယုတ်မှုက ဘယ်လောက်ပဲ ကြီးမားနေပါစေ.. အဲဒါကို ပြန်တည်ဆောက်လို့ ရတာပဲ"

ထန်ယိုနင်က စာရွက်ကို လှမ်းယူ၍ ဖေဖေဝမ်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

ဖေဖေဝမ်က နဂါးတစ်ကောင်လို မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်၏။

သူက မတ်တပ် ထရပ်လိုက်ပြီး စားပွဲပေါ်မှ ယွမ်သုံးဆယ်သုံးယွမ်နှင့် ခုနစ်ဆယ်ဆင့်ကို ကောက်ယူကာ သူဌေးထန်၏ လက်ထဲကို ထည့်ပေးလိုက်သည်။

"အမဲသားခေါက်ဆွဲ နှစ်ပွဲဖိုး.. စုစုပေါင်း ယွမ်သုံးဆယ်.. ပိုတာကို ယူထားလိုက်ပါ"

ထို့နောက်တွင် ထွင်ထျန်းဟာနှင့် ဝမ်လင်းတို့ သားအဖနှစ်ယောက်က ဆိုင်ကနေ ထွက်ခွာခဲ့ကြသည်။

သူဌေးထန်ကမူ သုံးဆယ့်သုံးယွမ် နှင့် ခုနစ်ဆယ်ဆင့်ကို အံ့သြစွာ ကိုင်ဆောင်ထားရင်း ကျန်ရစ်ခဲ့သည်။

...................

ဝမ်လင်းတို့ သုံးယောက်သား အိမ်သို့ပြန်ရောက်ပြီးနောက် ဖေဖေဝမ်က ဆိုဖာ နောက်သို့ မှီလိုက်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

"မင်းအမေက ငါ့လစာကတ်ကို ထုတ်သုံးလိုက်ပြီ.. ဒီရက်အနည်းငယ် အတွင်းမှာ ငါတို့ တတ်နိုင်သမျှ ချွေတာရမယ်"

ဝမ်လင်း"............."

ဖေဖေဝမ်က ဝမ်လင်းကို လေးလေးနက်နက် ကြည့်ပြီး ပြင်းပြင်းထန်ထန် သွန်သင် ဆုံးမလိုက်သည်။

"ကြည့်စမ်း.. ဒီနေ့ ဉာဏ်နည်းနည်းလေး သုံးလိုက်တာနဲ့ အမဲသားခေါက်ဆွဲ နှစ်ပွဲစာလောက် ပိုက်ဆံစုနိုင်ခဲ့တယ်.. ချွေတာမှုဆိုတာ ဘာလဲသိလား.. အဲဒါပဲ"

ဝမ်လင်း "..........."

All Chapters