ငါ့မှာ စိတ်အနှောင့်အယှက်ဖြစ်စေမဲ့ အကြံဉာဏ်တစ်ခု ရှိတယ်
Vol. 10 Ch. 138
"ဒါကမှ တတိယသူတော်စင် ငါတို့ကို ပေးချင်တဲ့ အချက်အလက် အစစ် ဖြစ်ပုံရတယ်.. အပေါ်က အကောင့်တွေက ဟန်ပြ သက်သက်ပဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
သူဖြစ်ဖြစ် ဝမ်လင်းဖြစ်ဖြစ်.. သူတို့နှစ်ယောက်စလုံးက မော့အင်မော်တယ် ရဲတိုက်၏ စေ့စပ်သေချာသော လုပ်ကြံမှုကို တွေ့ကြုံ ခံစားဖူးကြသည်။
သို့ရာတွင် ကျင့်ကြံသူများကလည်း လူသားများသာ ဖြစ်၍ ဘယ်လောက်ပဲ စေ့စေ့စပ်စပ် တွေးခေါ်ပါစေ အမှားတွေ ကျူးလွန်နေကြဆဲ ဖြစ်၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က အိတ်ကို လှန်လိုက်ပြီး သွန်ချလိုက်သည်။
အထဲတွင် မီးခိုးရောင် မှတ်စုစာအုပ် အပြင် အနက်ရောင်အရည်တွေ ပြည့်နေသည့် ဖန်ပုလင်း တစ်လုံးလည်း ရှိနေ၏။
"ဒါက ဘာလဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ပုလင်းကိုဖွင့်၍ ပြောလိုက်သည်။
၎င်းတွင် တရုတ်ရိုးရာ ဆေးပင်တစ်မျိုး နှင့်တူသော လန်းဆန်းသော ရနံ့ ရှိနေသည်။
ယင်းက သူ့ကို ချက်ချင်း အံ့သြသွားစေသည်။
"ဒါ.. ဒါက အမျိုးသမီး အသံလွှင့် အစီအစဉ် တင်ဆက်သူတွေ သေမတတ် လိုချင်နေကြတဲ့ ဒဏ္ဍာရီထဲက ခန္ဓာကိုယ် သန့်စင်ဆီမွှေး မဟုတ်ဘူးလား"
ဝမ်လင်းက တစ်ခါတရံ ထထကြောင်တတ်သော ဤလူကို လှောင်ပြောင်ရန် အလွန်တရာ ပင်ပန်းနေပြီ ဖြစ်သည်။
"............."
"ဒါက ခန္ဓာကိုယ်ကို သန့်စင်တဲ့ ဆီမွှေးလို့ ငါမထင်ဘူး.. သူ့ရဲ့ ပါဝင်ပစ္စည်းတွေက အနည်းငယ် ထူးဆန်းနေတယ်"
ဝမ်လင်း၏ စကားကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အမူအရာက အနည်းငယ် ပိုလေးနက်လာသည်။
သူက ဖန်ပုလင်းကို သေသေချာချာ ပြန်ချလိုက်ပြီး မီးခိုးရောင် မှတ်စုစာအုပ်ကို လှန်ကြည့်လိုက်သည်။
တခဏအတွင်း သူ့အမူအရာက ပိုလေးနက်လာသည်။
"ဒါ.. ဒါက သတင်းကြီးပဲ.. ညီနောင်လင်း"
ဗုံးပစ်စီနီယာ အင်မော်တယ် မှတ်စုစာအုပ်ကို ဖတ်နေစဥ် ဝမ်လင်းက သူ့စိတ်ကို တစ်ပြိုင်နက် ဖတ်နေခဲ့သည်။
ထို့နောက် နှစ်ယောက်စလုံးက တူညီသော ကိုယ်ဟန် အမူအရာဖြင့် ဆိုဖာပေါ်တွင် ထိုင်ကာ မေးစေ့များကို ပွတ်သပ်၍ ဤအနက်ရောင် ဆေးရည်ကို စူးစူးစိုက်စိုက်စိုက် ကြည့်လိုက်ကြ၏။
မီးခိုးရောင် မှတ်စုစာအုပ်တွင် ရေးထားသည့်စာအရ ဤ အနက်ရောင်ဆေးရည်မှာ မော့အင်မော်တယ် ရဲတိုက် မှ ထုတ်လုပ်သည့် ခွန်အားဖြည့်ဆေး အမြောက်အမြားအနက်မှ အလျင်မြန်ဆုံး အားဖြည့်ပေးနိုင်သည့် ပထမတန်းစား ဆေးရည် အမျိုးအစား ဖြစ်ပြီး ကျင့်ကြံခြင်း နယ်ပယ်ကို ပိုမိုတိုးတက်စေမည့် အခြားနည်းလမ်း မရှိတော့သော ကျင့်ကြံသူများ အတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်သည်။
၎င်းက ကျင့်ကြံသူ၏ သက်တမ်းကို ကုန်ဆုံးစေသော်လည်း လက်ရှိ ကျင့်ကြံခြင်း နယ်ပယ်ကို ကျော်လွန်၍ ကြောက်မက်ဖွယ်ရာ အစွမ်းသတ္တိအဖြစ် ပြောင်းလဲစေသည်။
ဟုတ်ပါသည်။ ၎င်းက အရေးကြီးဆုံး အရာတော့ မဟုတ်ပေ။
အရေးကြီးဆုံး အချက်မှာ မှတ်စုစာအုပ်၏ ဒုတိယပိုင်းတွင် ပါရှိသည့်အရာ ဖြစ်သည်။
ယင်းမှာ မော့အင်မော်တယ်ရဲတိုက်က ၎င်းတို့၏ ကျောင်းသားများကို ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု ပြုလုပ်နေသည့် အချက်အလက်များ ဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က မုန်းတီးသော အမူအရာဖြင့် မျက်မှောင်ကို ခပ်တင်းတင်း ကြုတ်လိုက်သည်။
"မော့အင်မော်တယ် ရဲတိုက်က နောက်ကွယ်မှာ ဒီလိုရူးသွပ်တဲ့ အရာမျိုး လုပ်နေမယ်လို့ ဘယ်သူ ထင်မိမှာလဲ.. ဘာပဲဖြစ်ဖြစ် အမိမြေရဲ့ ပန်းလေးတွေကိုတော့ မထိခိုက်စေသင့်ဘူး"
ဝမ်လင်းကလည်း မျက်မှောင်ကြုတ်နေသည်။
သူက ဗုံးပစ်စီနီယာ အင်မော်တယ်ကို တိုက်ရိုက် မပြောမီ တစ်ခုခုကို တွေးတော စဉ်းစားနေမိသည်။
နောက်မှ သူက ချက်ချင်း ခေါင်းညိတ်လိုကသည်။
"နောင်တော်လင်း စိတ်မပူပါနဲ့.. ဒီဆေးကို အင်မော်တယ် ထုန်ရာဆီ ငါကိုယ်တိုင် ချက်ချင်း ပို့ပေးလိုက်မယ်.. သူ့အတွေ့အကြုံအရဆို ဒီထဲက ပါဝင်ပစ္စည်းတွေကို ဆုံးဖြတ်ရတာက ပြဿနာ မရှိဘူး"
ထိုသို့ပြောရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က လေးလေးနက်နက် သက်ပြင်းချလိုက်သည်။
"အခုခေတ်မှာ ပိုက်ဆံရှိတဲ့ သူတွေက ပစ္စည်းကို အားကိုးတယ်.. ပိုက်ဆံမရှိတဲ့ သူတွေက မျိုးပွားမှုအပေါ် အားကိုးတယ်.. ဒီစကားက ဒီလောက်မှန်မယ်လို့ မထင်ခဲ့မိဘူး"
ထိုအခိုက်အတန့်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်မှာ ခွန်အားကို အားဖြည့်ပေးသည့် ဗီဇပြောင်းဆေး အတွက် စိတ်မကောင်း ဖြစ်နေမိသည်။
ဤဆေးမှာ ကျင့်ကြံသူများ ချက်ချင်းလက်ငင်း အောင်မြင်မှုရရန် နောက်ဆုံး အားကိုးရာ အဖြစ် အသုံးပြုခဲ့သည့် ရှေးခေတ်က ဆေးဝါးနှင့် ဆင်တူသည်ဟု သူခံစားခဲ့ရသည်။
မတော်လောဘသမားများက ၎င်းတို့၏ အကျိုးစီးပွား အတွက် သဘာဝတရားကို သွေဖီရန် ဆန္ဒရှိလာပြီး မရိုးသားသော နည်းလမ်းများကို ကြိုးစား လာကြသည်။
ဖြတ်လမ်းလိုက်လိုသော ကျင့်ကြံသူများကလည်း ၎င်းတို့၏ ကျင့်ကြံခြင်း နယ်ပယ် အတွက် တို့၏ ဦးနှောက်တွေကို ဆန့်ကျင်ကာ ဖြတ်လမ်းနည်းတွေကို အသုံးချခဲ့ကြ၏။
သို့သော်လည်း ကျင့်ကြံခြင်း လောကတွင် ရှေးယခင်ကတည်းကပင် အခြားသူများထက် သာလွန်၍ လူအများ၏ ကြည်ညိုလေးစားမှုကို ခံရသော အစွမ်းထက် ကျင့်ကြံသူများမှာမူ ဖြတ်လမ်းနည်းကို အားမကိုးဘဲ ဖြည်းဖြည်း မှန်မှန်သာ အဆင့်တက်လေ့ ရှိကြသည်။
မှန်၏။ ကျင့်ကြံခြင်းတွင် ဖြတ်လမ်း မရှိပေ။
"ကျင့်ကြံခြင်း လမ်းစဥ်မှာ ဖြတ်လမ်းမရှိဘူး.. ဘာကြောင့် ဒါကို နားမလည်တဲ့သူတွေ အများကြီး ရှိနေရတာလဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ နှလုံးသားက အလွန် ပင်ပန်းနေခဲ့သည်။
ကျင့်ကြံခြင်း ဖိုရမ်တွင် ကျင့်ကြံခြင်း၏ တန်ဖိုးများကို မြှင့်တင်ခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပေပြီ။
သို့သော် အရာအားလုံး အတွက်မူ ဘာမှဟုတ်ခဲ့ပုံ မရပေ။
.....................
ပိုးထည် ဘရိုကိတ်အိတ်ထဲမှ အရာများကို ရယူပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်မှာ ဝမ်မိသားစု အိမ်ငယ်လေးကနေ အလွန် စိတ်ဓာတ်ကျသော အမူအရာဖြင့် ထွက်ခွာသွားခဲ့သည်။
သူ မထွက်ခွာခင် ဘရိုကိုလီကို ကိုယ်တိုင် လာပေးသွားကြောင်း ဖိုးဖိုးဝမ်အား အသိပေးရန် ဝမ်လင်းကို တောင်းဆိုဖို့ မမေ့ခဲ့ပေ။
ဝမ်လင်းက ဤလူ ဘာဆက်လုပ်ဖို့ စီစဉ်နေမှန်းမသိချေ။
မော့အင်မော်တယ်ရဲတိုက်ကို ကိုင်တွယ်ဖြေရှင်းဖို့က လွယ်ကူမည် မဟုတ်ပေ။
၎င်းက သေးငယ်သော သာမန် အဖွဲ့အစည်း တစ်ခုသာ ဖြစ်ခဲ့လျှင် ဤသမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာ၏ စိတ်ရင်းအရ မော့အင်မော်တယ် ရဲတိုက်ကို ချက်ချင်း ပြေးသွားပြီး ဖြောင့်မတ်မှုအပြည့်ဖြင့် ဖျက်ဆီးပစ်မည်မှာ သေချာသည်။
သို့သော် လက်ရှိ အခြေအနေတွေ အရ သူ့အနေဖြင့် မော့အင်မော်တယ် ရဲတိုက်ကို ကိုင်တွယ်ရန် မလုံလောက်သေးကြောင်း ထင်ရှားနေသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်ထံတွင် မော့အင်မော်တယ် ရဲတိုက်က ကျောင်းသားများကို စမ်းသပ်မှုများ ပြုလုပ်နေကြောင်း သက်သေပြနိုင်သည့် ခိုင်မာသော အထောက်အထား မရှိသေးပေ။
မှတ်စုစာအုပ်ကို အားကိုးရုံဖြင့် အသုံးမဝင်ချေ။
လက်တွေ့ စုံစမ်းကြည့်ရမည့် အရာတွေ ရှိသေးသည် မဟုတ်လော။
ဝမ်မိသားစု အိမ်ငယ်လေးမှ ထွက်ခွာပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က ဘလက်လေးဆီ ထပ်မံ ခေါ်ဆိုခဲ့သည်။
"ဟယ်လို ဘလက်လေးလား ဟုတ်တယ်.. ငါ မင်းကို ထပ်ပြီး ဒုက္ခပေးရဦးမယ်.. ငါ့အတွက် ကျောင်းသားပေါင်း များစွာရဲ့ လိပ်စာတွေကို မင်းရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်.. ဒါနဲ့ ဓာတ်ခွဲခန်း ပြန်လည် ထူထောင်ရေး အခြေအနေရော ဘယ်လိုလဲ"
အခြားတစ်ဖက်မှ ဘလက်လေး၏ တုံ့ပြန်မှုအရ ဝမ်လင်း၏ ဖျက်ဆီးမှုကို အခဲမကျေသေးကြောင်း ထင်ရှားနေသည်။
"အင်း.. မဆိုးပါဘူး... အမ်းစထရောင်း ဆိုင်ကလုန်းဂျက် အမ်းစထရောင်း အမြှောက်က လွဲရင် အခြေခံအားဖြင့်တော့ တခြားအရာအားလုံး နီးပါးကို ပြုပြင်ပြီးသွားပါပြီ.. ညီနောင်လဲ့.. ငါ့ဓာတ်ခွဲခန်းကို ဖျက်ဆီးခဲ့တဲ့ လူယုတ်မာကို ရှာတွေ့ဖို့ ကူညီပေးမယ်လို့ နောက်ဆုံးအကြိမ်က မင်းပြောခဲ့ဖူးတယ်နော်.. အဲဒါ တကယ် သေချာလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က လေးနက်စွာ ခေါင်းညိတ်သည်။
"အဲဒီအတွက် စိတ်မပူပါနဲ့.. ငါမှတ်မိပါတယ်.. မင်းရဲ့ အဲဒီအမြှောက်ကို ပြင်ပြီးတာနဲ့ ငါလင်းကျန်းရန်ကို ချက်ချင်း ရှာပြီး လူယုတ်မာကို ခြေရာခံဖို့အတွက် အဆင့်မြင့် ဝိညာဉ်အာရုံတွေ အသုံးပြုဖို့ တောင်းဆိုပေးမယ်.. ပြီးရင် ငါတို့တွေ အဲဒီ လူယုတ်မာအိမ်ကို ဖောက်ခွဲပစ်ကြမယ်"
ဘလက်လေး "ဒါက နည်းနည်းတော့ မရက်စက်လွန်းဘူးလား"
ဗုံးပစ်စီနီယာအင်မော်တယ်
"ဒီလို လူယုတ်မာတွေနဲ့ ရင်ဆိုင်ရင် ဘာစည်းမျဥ်းကိုမှ ဂရုစိုက်မနေတာ အကောင်းဆုံးပဲ.. ဘလက်လေး မင်းက ငါ့ရဲ့ ညီနောင်လေ..ငါ့ညီနောင်ရဲ့ အိမ်ကို ပျက်စီးသွားစေတဲ့ အဲဒီလူယုတ်မာကို ငါက ဘယ်လို ခွင့်လွှတ်လို့ရမှာလဲ.. အဲဒီလူရဲ့လိပ်စာကို ရှာတွေ့တာနဲ့ သူနေတဲ့နေရာကို အမြှောက်နဲ့ ထုမဲ့ ပထမဆုံးနေရာမှာ ငါ့ကို ထည့်တွက်ထားလိုက်"
ဘလက်လေး "............"
ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။
"ဒါဆို ကျေးဇူးပြုပြီး ဒီကျောင်းသားတွေရဲ့ လိပ်စာတွေကို တတ်နိုင်သမျှ အမြန်ဆုံး ရှာပေးပါ"
ဘလက်လေး "မင်းမှာ ဘာအချက်အလက်တွေ ရှိလဲ.. မင်းရဲ့ အချက်အလက် များမယ်ဆိုရင် ငါ့ရဲ့ ရှာဖွေမှုက ပိုမြန်ဆန်လာမယ်"
ဤမေးခွန်းက ဗုံးပစ်ခြင်းစီနီယာ အင်မော်တယ်ကို မျက်မှောင်ကြုတ်သွားစေသည်။
မှတ်တမ်းထဲတွင် အသက်၊ အရပ်၊ ကိုယ်အလေးချိန် စသည်ဖြင့် ကျောင်းသားများ၏ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများအပြင် ဗီဇပြောင်းလဲဆေးကို သောက်သုံးပြီးနောက် ဇီဝ ပြောင်းလဲမှု အချက်အလက်များသာ ပါဝင်သည်။
အမှန်တကယ် တခြားဘာမှ သိပ်မရှိပေ။
ဗုံးပစ်စီနီယာအင်မော်တယ်
"အိုး.. အချက်အလက်တော့ အများကြီး မရှိဘူး"
ဘလက်လေးက အံ့သြစွာ မေးလိုက်၏။
"ဘယ်လောက်ရှိလဲ"
"အရပ်၊ ကိုယ်အလေးချိန်၊ အသက်၊ ရင်ဘတ်၊ ခါးနဲ့ တင်ပါး တိုင်းတာမှုတွေရယ်.. သူတို့ရဲ့ ဘာဘယ်တာဝါ အရှည်နဲ့ လုံးပတ် အတိုင်းအတာရယ်.. အယ်.. ဟုတ်သားပဲ သူတို့ ထိပ်ဖြတ်တုန်းက ဆေးမှတ်တမ်းတွေလည်း ရှိတယ်"
ဘလက်လေး ".............."
ရုတ်တရက် ဆိုသလိုပင် ဗုံးပစ်စီနီယာ အင်မော်တယ်ထံမှ ပေါက်ကရ အကြံဉာဏ်တစ်ခု ထွက်ပေါ်လာသည်။
"စုံစမ်းမှုကို အမျိုးသားဆေးရုံတွေကနေ အရင်စရမယ်ထင်တယ်.. အဲဒီမှာ သဲလွန်စတွေ ရှိကောင်းရှိမယ်.. သူတို့ဆီမှာ အုပ်စုလိုက် ထိပ်ဖြတ်ခြင်း ရှိမရှိ စစ်ဆေးပြီး လိပ်စာတွေကို စုံစမ်းလိုက်ရင် ရှာတွေ့နိုင်မယ်လို့ ငါထင်တယ်"
ဘလက်လေး "..........."