← Chapters

ဒါရိုက်တာလီ၏ စီနီယာ

Vol. 10 Ch. 139

ဒါရိုက်တာလီ၏ စီနီယာ

Vol. 10 Ch. 139

ဘလက်လေးက အမှန်တကယ် ဘလက်လေး ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

ကမ္ဘာ့အဆင့်မီ မျောက်ကုဒ်ဒါ ဖြစ်သည့် ဘလက်လေးက မှတ်စုစာအုပ်တွင် ဖော်ပြထားသော ကျောင်းသားအများအပြား၏ လိပ်စာကို အမြန် ရှာဖွေ တွေ့ရှိခဲ့သည်။

စုန့်ဟိုင်မြို့၏ အကောင်းဆုံး ကျင့်ကြံခြင်း ဆေးရုံတွင် ကျောင်းသား သုံးဦးကို သီးသန့် ကုသပေးခဲ့သည်။

ဤသို့ သီးသန့် ကုသမှု ကုန်ကျစရိတ်မှာ အလွန်မြင့်မား၏။

ဤကိစ္စအား ဖော်ထုတ်ခြင်းမှ ကာကွယ်ရန် အတွက် မော့အင်မော်တယ်ရဲတိုက်က ဤကာလအတွင်း ကျသင့်သည့် ဆေးဖိုးဝါးခ အရာ အားလုံးကို ထောက်ပံ့ပေးထားသည်။

ထို့အပြင် သေဆုံးသူများ၏ မိသားစုများအား လျှို့ဝှက်ငွေအဖြစ် ငွေသားဖြည့်ထားသည့် ကဒ်များကို ပေးအပ်ခဲ့သည်။

သို့သော် လူသားတွေ၏ စမ်းသပ်မှုက လူ့အဖွဲ့အစည်းကို အန္တရာယ် သက်ရောက်စေသည်အား ဖုံးကွယ်ထား၍ မရပေ။

သီးသန့် ကုသရေးဌာနမှာ ဆေးရုံ၏ သီးခြား ဧရိယာတွင် တည်ရှိသည်။

ဆေးရုံ၏ လုပ်ထုံးလုပ်နည်း အရ သက်ဆိုင်ရာ ခွင့်ပြုချက် မရလျှင် အလည်လာသည့် ဆွေမျိုးများပင် ဝင်၍ မရပေ။

သို့သော် ဤလူနာတွေဆီ လာလည်ရန် ဗုံးပစ်စီနီယာ အင်မော်တယ်ထံတွင် သူ့ကိုယ်ပိုင် ထူးခြားသော နည်းလမ်း တစ်ခု ရှိသည်။

ဘလက်လေးက ဤဆေးရုံနှင့် ပတ်သက်ပြီး စုံစမ်းကြည့်သောအခါ ဆေးရုံ ဒါရိုက်တာက အင်မော်တယ်ထုန်ရာ၏ တပည့် လီမြောင်ကျန်း ဖြစ်နေသည်ကို သူသိလိုက်ရသည်။

............................

စာသင်နှစ်၏ ပဉ္စမပတ်.. မေလ ၃၀ ရက် တနင်္ဂနွေနေ့ဖြစ်သည်။

ဤနေ့က နည်းနည်းအေးသည်။

ကျင့်ကြံသူများ အတွက် အဆင်ပြေသော်လည်း သာမန်လူတွေက သူတို့ ဝတ်ဆင်ထားသည့် အင်္ကျီလက်တိုတွေကို လက်ရှည်အင်္ကျီတွေ အဖြစ် ပြောင်းဝတ်ခဲ့ရသည်။

ထိုသို့မဟုတ်လျှင် စုန့်ဟိုင်မြို့၏ အအေးဒဏ်က သူတို့ကို ဖျားနာစေမည်မှာ သေချာ၏။

မိုးလေဝသ ခန့်မှန်းချက်အရ အပူချိန် ဒီဂရီများ ကျဆင်းပြီးမှ ရုတ်ခြည်း မြင့်တက်လာသောကြောင့် စုန့်ဟိုင်မြို့က ယခုလအတွင်း အပြောင်းအလဲ မြန်သော ပုံစံသို့ တရားဝင် ဝင်ရောက်ခဲ့ကြောင်း ပြသနေသည်။

အပူချိန်ဒီဂရီများက တက်လိုက်ကျလိုက် ဖြစ်နေ၏။

တစ်ခါတစ်ရံ နွေရာသီကဲ့သို့ ပူပြင်းပြီး တစ်ခါတစ်ရံ ဆောင်းရာသီ ကဲ့သို့ အေးမြသည်။

သို့သော် စုန့်ဟိုင်မြို့၏ နေထိုင်သူ အများစုမှာ ဤမြို့တွင် နှစ်ကာလကြာမြင့်စွာ နေထိုင်လာ၍ ထိုသို့သော ရာသီဥတုက သူတို့အတွက် အထူးအဆန်း မဟုတ်တော့ပေ။

အင်မော်တယ် ထုန်ရာက သူ့ကို ဖုန်းဆက်ထားသည့် အတွက် ဒါရိုက်တာလီက ဗုံးပစ်စီနီယာ အင်မော်တယ်ကို ဆေးရုံ၏ ဆေးဘက်ဆိုင်ရာ ဝင်ပေါက်တစ်ခု ရှေ့တွင် အစောကြီးကတည်းက စောင့်ဆိုင်းနေခဲ့၏။

၎င်းတို့က နံနက် ရှစ်နာရီခန့်တွင် တွေ့ဆုံရန် စီစဉ်ခဲ့ကြသည်။

ဒါရိုက်တာလီက လည်ပင်းတစ်ဝိုက်တွင် ဆေးရုံ ID ကို ရေးထိုးထားသော အဖြူရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ထားသည်။

သူ၏ အောက်ခံအင်္ကျီမှာ အတော်လေး ထူထဲ၏။

အေးခဲပင်လယ်ပြင်မှ တိုက်ခတ်လာသော လေအေးမှာ နံနက် ရှစ်နာရီမှ ကိုးနာရီ အတွင်း အပြင်းထန်ဆုံး ဖြစ်သည်။

တံခါးရှေ့တွင် ရပ်စောင့်နေသည့် ဒါရိုက်တာလီက သူ့လက်တွေကို အချင်းချင်း ပွတ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။

{နွေရာသီ မရောက်တာ ဘယ်နှစ်ခါရှိပြီလဲ}

သူ့စိတ်ထဲတွင် ဝမ်းနည်းစွာ ရေရွတ်၍ သက်ပြင်းချနေစဉ် ဆေးဘက်ဆိုင်ရာ ခြံဝင်းဆီသို့ ချဉ်းကပ်လာသည့် လူရိပ်နှစ်ခုက ထွက်ပေါ်လာသည်။

၎င်းမှာ ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဝမ်လင်းတို့ ဖြစ်၏.

ထိုနေ့နံနက်တွင် ဝမ်လင်းက ဖိုးဖိုးဝမ် အပန်းဖြေခရီး ထွက်သွားသည်ကို အခွင့်ကောင်းယူပြီး သုံးဘီးဆိုင်ကယ်ကို နည်းနည်းပါးပါး ပြုပြင်ပေးရန် လုပ်ဆောင်ခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ နံနက် စောစောစီးစီး ဝမ်မိသားစု အိမ်ငယ်လေး၏ တံခါးရှေ့တွင် အဖြူရောင်ဝတ်စုံနှင့် လူတစ်ဦးပေါ်လာသည်။

သူ့မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခုကို ဆင်မြန်းထား၏။

ထိုသူမှာ ဗုံးပစ်စီနီယာ အင်မော်တယ် (ခေါ်) လဲ့မို့ရမ်ပင်ဖြစ်သည်။

လဲ့မို့ရမ်က ဝမ်လင်းကို သူနဲ့အတူ ဆေးရုံကို အဖော်လိုက်ပေး စေချင်နေသည်။

အပြန်အလှန်အားဖြင့် ဝမ်လင်းကလည်း သုံးဘီးဆိုင်ကယ်ကို ကူညီ ပြုပြင်ပေးမည့် မိတ်ဆွေ တစ်ဦး လိုအပ်နေ၏။

ဝမ်လင်း သေသေချာချာ တွေးကြည့်သည်။

ဤကဲ့သို့ ဖလှယ်မှုမျိုးက သူ့အတွက် တကယ်မဆိုးပေ။

အရေးကြီးဆုံး အချက်မှာ သူ့ကို အကုန်အကျ သက်သာစေသည်။

ထို့အပြင် အခြားသူများနှင့် ထိတွေ့မှုကိုလည်း ရှောင်ရှားနိုင်၏။

ယခုခေတ်တွင် ဝပ်ရှော့ကို သွားရသည်က ဆံပင်ညှပ်ဆိုင်ကိုသွားရသည်နှင့် ဆင်တူသည်။

ဆိုင်ထဲကို ဝင်လိုက်သည်နှင့် ဒါရိုက်တာ သို့မဟုတ် မန်နေဂျာက အပြေးကလေး ရောက်ချလာပြီး ၎င်းတို့၏ ဝန်ဆောင်မှုများကို သင့်ထံ ရောင်းချရန် စတင် ကြိုးစားလာကြသည်။

ဝမ်လင်းက ထိုကဲ့သို့ ဝန်ဆောင်မှုကို အမြဲမကြိုက်ခဲ့ပေ။

သေသေချာချာ တွေးကြည့်ပြီးနောက်တွင် သူက ဗုံးပစ်စီနီယာ အင်မော်တယ်၏ အတင်း ဆွဲခေါ်ရာ နောက်သို့ လိုက်လာခဲ့သည်။

ဆယ်ကျော်သက် တစ်ဦးကို အနောက်တွင်တင်၍ ကုန်တင် သုံးဘီးဆိုင်ကယ်ကို ကိုယ်တိုင်ကိုယ်ကျ မောင်းနှင်လာသည့် ဗုံးပစ်စီနီယာ အင်မော်တယ်ကို မြင်လျှင် ဒါရိုက်တာလီ၏ အမူအရာက အနည်းငယ် ထူးဆန်းသွားခဲ့သည်။

သူက သုံးဘီးဆိုင်ကယ်နှင့် နီးကပ်လာသည်ကို မစောင့်တော့ဘဲ လဲ့မို့ရမ်အား ဦးညွှတ် နှုတ်ဆက်ရန် ချက်ချင်းပင် ပြေးထွက်သွားခဲ့သည်။

"မင်္ဂလာပါ စီနီယာလဲ့.. ငါ့ဆရာက အခြေအနေတွေကို အသိပေးပြီးပါပြီ"

ထို့နောက် ဝမ်လင်းကို ကြည့်လိုက်သည်။

"သူက.. "

ဗုံးပစ်စီနီယာ အင်မော်တယ်က ခဏလောက် လေးလေးနက်နက် စဉ်းစားပြီးမှ ဝမ်လင်း၏ ပခုံးကို ပုတ်၍ ပြောလိုက်၏။

"ဒါက... ငါတို့ ကျင့်ကြံခြင်း ဖိုရမ်ရဲ့ အသန်မာဆုံး သူဌေး လင်းကျန်းရန်"

ဝမ်လင်း"..........."

"သူက ဒဏ္ဍာရီလာ ပုဂ္ဂိုလ် လင်းကျန်းရန် လား"

ဒါရိုက်တာလီက ထိတ်လန့်သွားပြီး ဝမ်လငကို အလျင်အမြန် ဦးညွှတ်လိုက်သည်။

"ငါ့ဆရာဆီကနေ လင်းကျန်းရန် ဆိုတဲ့ နာမည်ကို ကြားဖူးနေတာကြာပါပြီ.. ဒီလောက် ငယ်လိမ့်မယ် လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး"

ယင်းက ထူးဆန်းသည့် မှတ်ချက်တစ်ခုတော့ မဟုတ်ပေ။

အထူးသဖြင့် ယနေ့ခေတ် ကျင့်ကြံသူများ အတွက် လူငယ်တစ်ဦးလို ငယ်ရွယ်မှုကို ထိန်းသိမ်းရန် နည်းလမ်းများစွာ ရှိခဲသည်။

သို့သော် လင်းကျန်းရန်လို အသွင်အပြင်ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားနိုင်ဖို့ ဆိုသည်မှာ မလွယ်ကူပေ။

ဤကဲ့သို့ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဒါရိုက်တာလီက စိတ်ထဲကနေ ကျိတ်၍ ဝန်ခံလိုက်သည်။

ဝမ်လင်းက ဤဆေးရုံ ဒါရိုက်တာကို ခေါင်းညိတ် နှုတ်ဆက်ရုံမှလွဲ၍ ဘာအမူအရာမှ မလုပ်ခဲ့ပေ။

မည်သို့ပင် ဆိုစေကာမူ ဒါရိုက်တာလီက သူပါလာ၍ အနည်းငယ် ပြာယာခတ်သွားပုံ ရသည်။

ဒါရိုက်တာလီက သူတို့နှစ်ယောက်ကို သီးသန့် အဆောင်၏ အ၀င်ဝကို လမ်းညွှန်ပေးရင်း လုံခြုံရေးအစောင့် အကြီးအကဲကို မိတ်ဆက်ပေးလိုက်သည်။

"ဒါက ငါ့မိတ်ဆွေတွေပါ"

လုံခြုံရေး အစောင့်အကြီးအကဲက ခေါင်းညိတ်လိုက်ပြီး အကဲခတ်လိုက်ရာ သုံးဘီးဆိုင်ကယ် စီးလာသည့် အမျိုးသားတစ်ဦးနှင့် ချာတိတ်တစ်ဦးကို တွေ့လိုက်သည်။

သို့ရာတွင် လုံခြုံရေး အကြီးအကဲက သိပ်စဉ်းစားမနေဘဲ တံခါးကို တိုက်ရိုက်ဖွင့်ပေးလိုက်သည်။

တကယ်တမ်းတွင် ဒါရိုက်တာလီ၏ အကူအညီ မပါဘဲ ဤကဲ့သို့ သူတို့နှစ်ယောက် ဝင်ခွင့်ရရန်မှာ မလွယ်ကူပေ။

ဆေးရုံ၏ အထက်အရာရှိတွေက လူနာ၏ မိသားစုဝင် ဒါမှမဟုတ် သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတွေက လွဲလျှင် တခြား မည်သူ့ကိုမှ ဝင်ခွင့်မပြုထားချေ။

"သင့်မှာ အဆက်အသွယ် ရှိသရွေ့ မည်သည့်နေရာကိုမဆို စိတ်ကြိုက် သွားလာလို့ရသည်"

ထိုစကားလိုပင် အရာအားလုံးမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှု များ ရှိနေသည့် လူ့အဖွဲ့အစည်း တစ်ခုသာ ဖြစ်သည် မဟုတ်လော။

"ယာဥ်ရပ်ဖို့ နေရာရှိလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က ဝင်းထဲကို ဝင်ရောက်လာသောအခါ လုံခြုံရေးအစောင့် အကြီးအကဲအား မေးမြန်းခဲ့သည်။

လုံခြုံရေးအစောင့် အကြီးအကဲ၏ မျက်နှာက ပဟေဠိများဖြင့် ပြည့်နှက်သွားသည်။

"....???..."

{မင်းက သုံးဘီးဆိုင်ကယ် အစုတ်ကို စီးလာပြီး ယာဥ်ဘယ်မှာ ရပ်ရမလည်း မေးရဲတယ်ပေါ့လေ}

ဒါရိုက်တာလီ ဤနေရာတွင် ရှိနေ၍ သူက စိတ်ထဲကနေသာ ရေရွတ်လိုက်သည်။

"မီတာတစ်ရာလောက် တည့်တည့် သွားပြီးရင် ဘယ်ဘက်ကို ကွေ့လိုက်.. အဲဒါက ကားပါကင် နေရာပဲ"

"ကျေးဇူးတင်ပါတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က လက်သီးဆုပ်၍ ဂါရဝပြုလိုက်ပြီး သုံးဘီးဆိုင်ကယ်ကို ကားရပ်နားသော နေရာသို့ မောင်းနှင်လိုက်သည်။

နောက်ဆုံးတွင် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် Maybach နှင့် Maserati အကြားတွင် ပါကင်ထိုးလိုက်သည်။

ဒါရိုက်တာလီက သူတို့ နောက်ကို မနည်းပြေးလိုက်ခဲ့ရ၏။

မထင်မှတ်ဘဲ ဤသုံးဘီးဆိုင်ကယ်က အလွန်တရာ မြန်ဆန်နေခဲ့သည်။

ရာသီဥတုက အေးစက်နေသော်လည်း ဝမ်လင်းက သူ့အပေါ်ဝတ်ကို အေးအေးဆေးဆေး ချွတ်လိုက်သည်။

သူ၏ အမူအရာက အလွန်တရာ တည်ငြိမ်နေသည်။

နောက်ဆုံးတွင် သူက ဤသုံးဘီးဆိုင်ကယ်ကို ကိုယ်တိုင်ကိုယ်ကျ ကောင်းချီးပေးခဲ့သူ ဖြစ်သည်။

.......................

ဆေးရုံ၏ သီးခြားဝင်း အတွင်း အဆောက်အအုံနှစ်ခု ရှိသည်။

ဒါရိုက်တာလီက သူတို့နှစ်ဦးကို အလွန်ခမ်းနားသော ဆေးရုံ ဝင်ပေါက်တစ်ခုသို့ ပို့ဆောင်ပေးခဲ့၏။

အဆောက်အဦး၏ အရောင်က ထူးထူးခြားခြား အနက်ရောင် ဖြစ်နေသည်ကို ဝမ်လင်း သတိပြုမိသည်။

ဒါရိုက်တာလီက လက်နှစ်ဖက် နောက်ပစ်ကာ ဝင်ပေါက်ရှေ့တွင် ရပ်လိုက်ရင်း ဆေးရုံ အဆောက်အဦးနှင့် ပတ်သက်ပြီး သူတို့ကို မိတ်ဆက်ပေးခဲ့သည်။

"ဒါက အရေးကြီးလူနာတွေ အတွက် သီးသန့် ဖွင့်ထားတဲ့ VIP အဆောက်အဦးပါ.. ဒီအဆောက်အဦးကို ငါ့စီနီယာ ကိုယ်တိုင် အသေအချာ တည်ဆောက်ထားတယ်.. ဆောက်လုပ်ရေးမှာ အသုံးပြုတဲ့ အားဖြည့်ကွန်ကရစ်ကိုတောင်မှ စိတ်ဝိညာဥ် ဖန်လုံးတွေနဲ့ ပေါင်းစပ်ပြီး အထူး စိတ်ကြိုက် ပြင်ဆင်ထားတာပါ.. အဆောက်အဦးထဲမှာ ဒီအတိုင်း ရှိနေရင်တောင် အဆောက်အဦးက ချီသန့်စင်အောင် ကူညီပေးနိုင်တယ်.. လူနာတွေရဲ့ ရောဂါလက္ခဏာကို အလွန်နှောင့်နှေးစေတဲ့အတွက် လူနာတွေကို ကုသဖို့ အချိန် လုံလုံလောက်လောက် လည်း ရရှိနိုင်တယ်လေ"

အဆောက်အဦးထဲသို့ သူတို့ဝင်သွားသောအခါတွင် သူတို့မျက်စိကို ဆွဲဆောင်သွားသည်မှာ "မှော်ဆန်သောလက်" "မြို့တော်၏ ဂုဏ်ဆောင် ဆေးရုံ" စသည့် စကားစုများပါသော ဘရိုကိတ်စဖြင့် လုပ်ထားသော အောင်လံတံခွန်နှင့် အထောက်အထား လက်မှတ်များ ဖြစ်သည်။

အထောက်အထား လက်မှတ်များကို ချိတ်ဆွဲရန် အတွက် နံရံတစ်ခုကိုပါ အထူး ပြုလုပ်ထားသည်။

အထင်ရှားဆုံးမှာ ဤလက်မှတ်များ အလယ်မှ နှုတ်ခမ်းမွေးရှိသော အဘိုးအိုတစ်ဦး၏ ပုံတူဖြစ်သည်။

ထိုအဘိုးအို၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းနေပြီး လူတကာကို ကြင်ကြင်နာနာ ဆက်ဆံတတ်သော အသွင်အပြင်ကို ပိုင်ဆိုင်ထား၏။

ဗုံးပစ်စီနီယာ အင်မော်တယ် "ဒါက.."

ဒါရိုက်တာလီက ချက်ချင်းပင် စိတ်လှုပ်ရှားလာပုံရသည်။

"ဒါက ငါ့ရဲ့ စီနီယာ လီရှစ်ကျန်းပါ"

ဝမ်လင်း "............"

"သူက မရေမတွက်နိုင်တဲ့ လူနာတွေကို မျှော်လင့်ချက်တွေ ပေးဖို့အတွက် ဒီအဆောက်အဦးကို တည်ဆောက်ခဲ့သူပဲ"

ဒါရိုက်တာလီက အဆောက်အဦးထဲသို့ ပထမဆုံး ဝင်ခဲ့စဉ်က ဝမ်လင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့ သတိမထားမိခဲ့သော တံခါးနောက်ကွယ်ရှိ ကမ္ပည်းပြားကို စိတ်လှုပ်ရှားစွာ ထောက်ပြခဲ့သည်။

"ငါ့ရဲ့ ကြီးမြတ်တဲ့ စီနီယာ တစ်ယောက်က ဒီအဆောက်အဦးရဲ့ နာမည်ကို ကိုယ်တိုင် ပေးခဲ့ပြီး ကမ္ပည်းကိုလည်း ကိုယ်တိုင် ရေးပေးခဲ့တယ်"

ဝမ်လင်း စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။

ချက်ချင်းဆိုသလိုပဲ ကဗ္ပည်းထံမှ ကြီးမြတ်သော ရွှေရောင်စကားသံ ထွက်ပေါ်လာသည်။

"ညဆိုင်း သူနာပြုလေး"

ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ် "..........."

{လခွမ်း.. ဒါက အဆောက်အဦးရဲ့ နာမည်တဲ့လား}

All Chapters