← Chapters

ကတုံးကေက သင့်အား သန်မာလာစေရန် မကူညီနိုင်သည့် အချိန်များရှိသည်

Vol. 10 Ch. 141

ကတုံးကေက သင့်အား သန်မာလာစေရန် မကူညီနိုင်သည့် အချိန်များရှိသည်

Vol. 10 Ch. 141

ဒါရိုက်တာလီက ကျောင်းသားသုံးဦးနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ရယူရန် ဤအထပ်၏ တာဝန်ခံ သူနာပြုအား တာဝန်ပေးအပ်ခဲ့သည်။

လူနာ သုံးဦးစလုံးက အထက်တန်းကျောင်းများမှ အခြေခံ တည်ဆောက်ခြင်း အဆင့် ကျောင်းသားများ ဖြစ်သည်။

ထို့အပြင် ၎င်းတို့အားလုံးမှာ ဖေးယန် ခရိုင်မှ ဖြစ်သည်။

ပထမတစ်ယောက်က ဆောက်လုပ်ရေးပစ္စည်းအထက်တန်းကျောင်းမှ ဖြစ်ပြီး ဒုတိယ တစ်ယောက်က နတ်မျက်စိ အထက်တန်းကျောင်းမှ ဖြစ်သည်။

တတိယ တစ်ယောက်မှာမူ အမှတ် ၅၉ အထက်တန်းကျောင်းမှ ဖြစ်သည်။

ဝမ်လင်းက ဤအချက်အလက်ကို မြင်သောအခါ မျက်ခွံများကူကယ်ရာမဲ့စွာ လှုပ်ခတ်သွားခဲ့သည်။

ထိုအချိန်က အမှတ် ၅၉ အထက်တန်းကျောင်းတွင် သူ့အတွက် မမေ့နိုင်သော အမှတ်တရများစွာ ကျန်ရှိခဲ့သည်။

"ရှဲ့ဟွေလား"

ဝမ်လင်းက အချက်အလက်ကို ကြည့်လိုက်မိပြီးနောက် နာမည်တစ်ခုကနေ မျက်နှာမလွှဲနိုင်တော့ပေ။

သူက မျက်မှောင်ကြုတ်သွားပြီး ကြမ်းပြင်ပေါ်တွင် မှောက်၍ ပင့်ကူမျှင်များ ပစ်ခတ်ရန် ကြိုးစားနေသည့် လူငယ်လေးကို ကြည့်လိုက်၏။

သူ အလေးအနက် ကြည့်လေလေ ဤ လူငယ်လေးနှင့် ရင်းနှီးလာလေလေဟု ခံစားမိလာသည်။

စက္ကန့်ပိုင်းလေး အတွင်းမှာပင် ဝမ်လင်းက မဟာ မှတ်ဉာဏ်မန္တန်၏ မှတ်ဉာဏ် ပြန်လည်ရယူသည့် အကျိုးသက်ရောက်မှုကို အသုံးပြုပြီး "စပိုက်ဒါမန်း" ဆယ်ကျော်သက်လေး၏ ဝိသေသ လက္ခဏာကို နောက်ဆုံးတွင် ပြန်အမှတ်ရခဲ့သည်။

ထိုလူငယ်က ဆိုးသွမ်းသော အထက်တန်းကျောင်းသား ဟဲပီဖုန်း၏ လက်အောက်ခံ လမ်းသရဲလူငယ် ဖြစ်နေသည်။

ဝမ်လင်းက ထိုလူငယ်ကို ချက်ချင်း မမှတ်မိရသည့်အကြောင်းအရင်းမှာ တစ်ဖက်လူက ၎င်း၏ ရောင်စုံ လမ်းသရဲ ဆံပင်ကေကို ရိတ်ထား၍ ဖြစ်သည်။

ယခုအခါ လူငယ်က ကတုံး စစ်စစ် တစ်ဦး ဖြစ်လာခဲ့၏။

"..........."

လက်ရှိ ရှဲ့ဟွေကို ကြည့်လိုက်ရင်း ဝမ်လင်းက သူ့နှလုံးသားထဲကနေ လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

ကတုံးကေက သင့်ကို သန်မာအောင် မကူညီနိုင်သည့် အချိန်များ ရှိ၏။

နေ့တိုင်း ပြေးပြီး ဒိုက်ထိုးလျှင်ပင် နွေရာသီ၌ လေအေးပေးစက် မရှိပါက အသုံးဝင်မည် မဟုတ်ပေ။

"ညီနောင်လင်း ဒီဆယ်ကျော်သက်ကို သိလို့လား"

ရှဲ့ဟွေကို ကြည့်နေသည့် ဝမ်လင်း၏ အမူအရာက အနည်းငယ် ကွဲပြားနေသည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ် ခံစားမိသည်။

ဝမ်လင်း၏ အမူအရာက မိနစ်ပိုင်း အတွင်း အပြောင်းအလဲ မြန်နေသည် မဟုတ်ပါလော။

သူက အေးစက်စက် မျက်နှာထား ရှိသောကြောင့် မျက်နှာဖတ်ရ လွယ်ကူသည်။

ထို့ကြောင့် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်က တစ်စုံတစ်ရာ ထူးခြားနေကြောင်း အတပ် ပြောနိုင်၏။

ဝမ်လင်းက လေးလေးနက်နက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

အမှတ် ၅၉ အထက်တန်းကျောင်းနှင့် ပတ်သက်ပြီး ခံစားချက်တစ်စုံတစ်ရာ မရှိ၍ ရှဲ့ဟွေနှင့် ခင်မင်ရင်းနှီးသော ခံစားချက်မျိုးတော့ သူ မခံစားခဲ့ရပေ။

မည်သို့ပင်ဆိုစေ ထိုနေရာက သူ့အတွက် အမှတ်ရစရာ နေရာတစ်ခု ဖြစ်သည်ကိုမူ ငြင်းဆို၍မရပေ။

သူက ကြမ်းပြင်ပေါ်ရှိ ရှဲ့ဟွေကို စိုက်ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက် သူ့လက်ချောင်းများကို ဆတ်ခနဲ လှုပ်ရှားလိုက်ရာ လူနာဆောင် အတွင်းရှိ ဆယ်ကျော်သက် သုံးယောက်စလုံး မထင်မှတ်ပဲ အိပ်ပျော်သွားကြသည်။

ကြမ်းပြင်ပေါ်တွင် မှောက်နေပြီး စပိုက်ဒါမန်း ကဲ့သို့ ပင့်ကူမျှင် ပစ်ခတ်ရန် အရူးအမူး ကြိုးစားနေသော ရှဲ့ဟွေထံမှ ဟောက်သံများပင် ထွက်ပေါ်လာသည်။

ထို့နောက် ဝမ်လင်းက သက်ပြင်းမချမီ ရှဲ့ဟွေကို လူနာကုတင်ပေါ်တင်ရန် ကမ္ဘာမြေဆွဲအား မန္တန်ကို အသုံးပြုခဲ့သည်။

ဤအရာက လူငယ်သုံးဦး တွေ့ကြုံရမည့် ဘေးဆိုးကြီးပင်။

ရလဒ်က ဘာပဲဖြစ်နေနေ ဝမ်လင်းက ဝင်စွက်ဖက်၍ မရချေ။

သူလုပ်နိုင်သည်က ဤတစ်ခုတည်းသာ။

မိုးကောင်းကင်က သတ်မှတ်ထားသည့် ကံကြမ္မာကို မဆင်မခြင် နှောက်ယှက်ခြင်းက မိုးကောင်းကင်၏ အမျက်ဒေါသကို ဖိတ်ခေါ်ခြင်းပင် ဖြစ်သည်။

သူက အလွန်တရာ စိတ်ပင်ပန်းနေ၏။

စင်စစ် သူက အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးသော အထက်တန်း ကျောင်းသားလေးသာ မဟုတ်ပါလော။

"တကယ်ပဲ အိပ်ပျော်သွားကြတယ်လား.."

ဒါရိုက်တာလီက ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။

လူငယ်လေးက ထူးထူးခြားခြား စွမ်းရည်တွေကို အသုံးချနိုင်သည့် လင်းကျန်းရန်မှန်း သူ ကြိုသိထား၍သာ။

သို့မဟုတ်လျှင် ယခုထက်ပို၍ အံ့သြနေရလိမ့်မည်။

"ညီနောင်လင်းရဲ့ ဆောင်းခိုခြင်း မန္တန်က လွှမ်းမိုးခံရတဲ့ သူတွေကို ခုနစ်ရက်ကြာအောင် အိပ်ပျော်စေတယ်.. ကောင်းကင်ကြီး ပြိုကျလာရင်တောင် သူတို့နိုးလာမှာ မဟုတ်ဘူး။"

ဗုံးပစ်စီနီယာ အင်မော်တယ်က လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ဝမ်လင်း အသုံးပြုသည်ကို မြင်ဖူးသောကြောင့် ဤစွမ်းရည်နှင့် အလွန် ရင်းနှီးနေသည်။

သို့သော် ထိုအချိန်က ဤစွမ်းရည်ကို ဝမ်လင်းက ချိန်ချိန်ဆဆ အသုံးမပြုတတ်သေးပေ။

ယင်းအချိန်က သူ၏ လက်ဝှေ့ယမ်းမှုကြောင့် နတ်ဆိုး အများအပြား ထုံထိုင်းပြီး ငိုက်မျဉ်းသွားခဲ့ဖူးသည်။

ဒါရိုက်တာလီ၏ နယ်ပယ်က မြင့်မားခြင်း မရှိ၍ ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် ဝမ်လင်း တို့ကို နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်း လေးစားနေခဲ့သည်။

အဆုံးသတ်တွင် ဆေးရုံမှ လူနာတော်တော်များများမှာ နာကျင်မှုဝေဒနာကြောင့် အိပ်မပျော်နိုင်တာ အတော်ကြာနေပြီ ဖြစ်၏။

သာမန်လူများက ဤပြဿနာကို ဖြေရှင်းရန် အတွက် အိပ်ဆေး သို့မဟုတ် စိတ်ငြိမ်ဆေးကို သောက်နိုင်သော်လည်း ကျင့်ကြံသူ အများစုမှာ သာမန်ဆေးများကို ခံနိုင်ရည်ရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။

{ဒီဆောင်းခိုခြင်းမန္တန်ကို ငါသင်ယူနိုင်ရင် အရမ်းကောင်းမှာပဲ.. ဒါဆို ဆေးရုံက လူနာတွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ စိတ်ပူစရာ မလိုတော့ဘူး.. သူတို့တွေ ရောဂါ ဖောက်လာတာနဲ့ ကောင်းကောင်း အိပ်စက်နိုင်အောင် ကူညီပေးလိုက်ရုံပဲ}

သို့သော် ယင်းက အိပ်မက် တစ်ခုသာ ဖြစ်ကြောင်း ဒါရိုက်တာလီ ရှင်းရှင်းလင်းလင်း သိသည်။

ဤကဲ့သို့ မှတ်သားလောက်သည့် စွမ်းရည်မျိုးကို သူ့တစ်သက်လုံး ဘယ်တော့မှ သင်ယူနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် ဝမ်လင်းထံမှ မှော်စွမ်းရည်များကို မြင်ပြီးနောက် ဒါရိုက်တာ လီ၏ မျက်လုံးများတွင် လင်းကျန်းရန်ကို ရိုသေလေးစားသော အရိပ်အယောင်များက ရေကာတာ ကျိုးပေါက်သကဲ့သို့ ချက်ချင်းပင် လျှံထွက်လာသည်။

ဒါရိုက်တာလီက ခံစားချက်ဖြင့် သက်ပြင်းချနေစဉ်တွင် သူ၏ ဆရာဖြစ်သူ အင်မော်တယ်ထုန်ရာ ထံမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။

သူက မက်ဆေ့ချ်ကို ဖတ်ပြီး မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။

ဗုံးပစ်စီနီယာ အင်မော်တယ် "ဘာဖြစ်လို့လဲ"

ဒါရိုက်တာလီက အလွန် စိုးရိမ်နေပုံရသည်။

"ဆေးမှာပါတဲ့ ပါဝင်ပစ္စည်းတွေက အရမ်း ထူးခြားတယ်လို့ ဆရာက ပြောတယ်.. ဒါက သူထင်ထားတာထက် ပိုဒုက္ခပေးနိုင်တယ်တဲ့.. အခုထိတော့ ဘာပါလည်း ဆိုတာ အတိအကျ မဆုံးဖြတ်နိုင်သေးဘူး"

အင်မော်တယ် ထုန်ရာက နောက်ထပ် မက်ဆေ့ခ်ျတစ်စောင် ပို့လာပြန်သည်။

"ဒီတစ်ခါပို့လာတာက ဓါတ်ခွဲခန်း အစီရင်ခံစာရဲ့ ပုံပါ"

"အစ်ကို ထုန်ရာတောင် အံသြနေတာလား"

ဗုံးပစ်စီနီယာအင်မော်တယ်က ထူးဆန်းသလို ချက်ချင်း ခံစားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် ဟွာကော ရေတံခွန် လုပ်ငန်းစုနှင့် ရှောင်မျိုးနွယ်စုမှ ဆေးဝါးပညာရှင်တွေက လွဲလျှင် အင်မော်တယ်ထုန်ရာထက် သာလွန်သည့် ဆေးဝါးပညာရှင်ကို စဥ်းစား၍ မရတော့သောကြောင့် ဖြစ်၏။

ယင်းက သူ့အတွက် အသစ်စက်စက် သဲလွန်စ အသစ် တစ်ခုလိုပင်။

ထိုသဲလွန်စအရ ဟွာကောရေတံခွန် လုပ်ငန်းစုနှင့် ရှောင်မျိုးနွယ်စုက မော့အင်မော်တယ် ရဲတိုက်နှင့် ပူးပေါင်းခဲ့ခြင်း ရှိမရှိ စုံစမ်း စစ်ဆေးရန် အလွန် ထိုက်တန်နေ၏။

"ဆရာရဲ့ နောက်ထပ် မက်ဆေ့ချ်ကို ကျွန်တော်တို့ စောင့်နိုင်ပေမယ့် ဒီကနဦး စမ်းသပ်ထားတဲ့ ရလဒ်တွေနဲ့ ဆိုရင်တောင် ဗီဇပြောင်းဆေးရဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပါသေးတယ်"

ထိုစကားကို ပြောပြီးနောက် ဒါရိုက်တာလီက ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိပြီး ဝမ်လင်းကို ပြောလိုက်သည်။

"ကျနော် တွေးမိတာ တစ်ခုရှိတယ်... လင်းကျန်းရန်က အထပ်သုံးဆယ်က လူနာတစ်ယောက်ကို ဆောင်းခိုခြင်း မန္တန် အသုံးပြုပေးလို့ ရမလား"

"သူက ဘာဝေဒနာ ခံစားနေရလို့လဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က အထပ်သုံးဆယ်ရှိ လူနာ အကြောင်းကို အမှန်တကယ် သိချင်နေပါသည်။

"သူက ပြင်းထန်တဲ့ အကြောက်လွန်ရောဂါနဲ့ စိတ်ကျရောဂါကို ခံစားနေရတာပါ.. သူ့ရဲ့ ဆေးဝါးတွေကို ခံနိုင်ရည်စွမ်းက အလွန် မြင့်မားတယ်.. အဲဒါကြောင့် ကျနော်တို့တွေ ကုသမှု အမျိုးမျိုး ကြိုးပမ်းခဲ့ပေမယ့် ထိရောက်မှု မရှိခဲ့ဘူး"

ဒါရိုက်တာလီက သက်ပြင်းချလိုက်သည်။

"ဒီလူနာရဲ့ အဓိက ပြဿနာက အတိဒုက္ခ ကောင်းကင် အင်ပါယာကနေ ဆင်းသက်လာတဲ့ မျိုးဆက်လို့ အခိုင်အမာ ပြောနေတာပဲ.."

(အတိဒုက္ခ ကောင်းကင် အင်ပါယာ= Perfect worldက MC ရှီဟောင်)

ဗုံးပစ် စီနီယာ အင်မော်တယ်"............"

"ကျနော်တို့ လျှောက်လာတုန်းက အောက်ထပ်က ရေတံခွန်တစ်ခုကို စီနီယာတို့ သတိထားမိလား.."

ထိုစကားကို ပြောရင်း ဒါရိုက်တာလီ၏ ဦးခေါင်းက စတင် နာကျင်လာသည်။

"အဲဒီလူနာက ခွန်ပန်သားရဲ နည်းစနစ်ကို တတ်မြောက်တယ်လို့ အခိုင်အမာပြောပြီး အထပ် သုံးဆယ်ပေါ်ကနေ အောက်ထပ်က ရေတံခွန်ဆီ ခုန်ချဖို့ ဆုံးဖြတ်ထားတာလေ.."

"ဘာကြောင့်လဲ"

ဒါရိုက်တာလီ "သူက သူ့ကိုယ်သူ ငါးမိစ္ဆာလို့ ထင်နေလို့ပါ"

ဝမ်လင်းနှင့် ဗုံးပစ် စီနီယာ အင်မော်တယ်".............."

......................

တစ်ချိန်တည်းမှာပင် ဆေးရုံ အဆောက်အဦး၏ မြေညီထပ်တွင် အရပ်ရှည်ရှည် အမျိုးသားနှင့် စုန့်ချင်းရှု တို့က အချင်းချင်း ဆက်သွယ်နေကြဆဲ ဖြစ်သည်။

စုန့်ချင်းရှုက လွန်ခဲ့သည့် မိနစ် အနည်းငယ်တွင် အချိန်အတော်ကြာအောင် ပြင်းပြင်းထန်ထန် တွေးတောပြီးနောက် ခက်ခဲသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ခဲ့သည်။

"ဒါဆို တစ်ယောက်ယောက်ကို သွားရှာလိုက်.. ဒါမှမဟုတ် မင်းကိုယ်တိုင်လုပ်လို့လည်း ရတယ်.. သူတို့ မောင်းလာတဲ့ ကားကို သွားဖျက်ဆီးလိုက်ပါ.. ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် သူတို့မှာ အချက်အလက်တွေ ဘယ်လောက်ပဲရှိရှိ သူတို့ရဲ့ အစီအစဥ်တွေကို အရင်ဆုံး ဖျက်ဆီးပစ်ရမယ်.. ပျက်စီးသွားတဲ့ကားအတွက် ငါတို့ လျော်ပေးနိုင်တာပဲလေ.. ကားတစ်စီးက ဘယ်လောက်များ ကုန်ကျနိုင်မှာမို့လဲ"

အရပ်ရှည်ရှည် အမျိုးသားက ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် ဝမ်လင်းတို့ စီးသော "ကား" ကို စိုက်ကြည့်ကာ ချွေးများကို တိတ်တဆိတ် သုတ်လိုက်သည်။

"ဒါရိုက်တာ.. တကယ်ကြီး လုပ်ချင်တာ သေချာပါတယ်နော်"

စုန့်ချင်းရှုက နှုတ်ခမ်းထောင့်ကို တွန့်ကွေး၍ ပြောလိုက်သည်။

"ငါပြောသလိုပဲ လုပ်ပါ.. မင်းဘာလို့ ကိစ္စသေးသေးလေးကို ဒီလောက် ပုံကြီးချဲ့ချင်နေတာလဲ.. ပိုက်ဆံပေးမယ့်သူက မင်း မဟုတ်ဘူးလေ.. ထားပါ... ငါသိချင်တာက ဒီ သမီးရည်းစားသတ်ဖြတ်ခြင်း စီနီယာက ဘယ်ကားကို မောင်းတာလဲ.. နောက်ဆုံးပေါ် အကန့်အသတ်နဲ့ ထုတ်ထားတဲ့ Aoguanhai လား ဒါမှမဟုတ် Chuanjianguo လား"

"အဲဒါတွေ တစ်ခုမှ မဟုတ်ဘူး ဒါရိုက်တာ.."

"အမ်.. မဟုတ်ဘူးလား"

ကျင့်ကြံသူများက ကားများကို တော်ရုံသာ မောင်းနှင်ကြပြီး အများစုမှာ ၎င်းတို့၏ ဓားပျံများဖြင့်သာ ပျံသန်းရန် ရွေးချယ်ခဲ့ကြသည်။

သို့သော် ကားတစ်စီးကို အထာကျကျ မောင်းနှင်ခြင်းက ပိုမိုဂန္ထဝင်ဆန်သော ပုံစံ မျိုး ပေါက်စေသည် မဟုတ်လော။

ထို့ကြောင့် ကားတစ်စီးကို ပိုင်ဆိုင်ခြင်းမှာ ကျင့်ကြံသူများအတွက် မထူးဆန်းပေ။

နယ်ပယ်မြင့်သည့် ကျင့်ကြံသူများ ဝယ်ယူသည့် ကားများမှာ ယေဘုယျအားဖြင့် အလွန်စျေးကြီးသည်။

လက်ရှိတွင် စုန့်ချင်းရှုက တကယ်ကို သိချင်နေခဲ့သည်။

"ဒါဆို ဘယ်ကားအမျိုးအစားကို မောင်းလာတာလဲ"

"သုံးဘီးဆိုင်ကယ်"

အရပ်ရှည်ရှည် အမျိုးသားက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

စုန့်ချင်းရှု "............"

All Chapters