← Chapters

ကမ္ဘာပေါ်ရှိ သယ်ယူပို့ဆောင်ရေး၏ အစွမ်းထက်ဆုံး နည်းစနစ်

Vol. 10 Ch. 142

ကမ္ဘာပေါ်ရှိ သယ်ယူပို့ဆောင်ရေး၏ အစွမ်းထက်ဆုံး နည်းစနစ်

Vol. 10 Ch. 142

နောက်ဆုံးတွင် အရပ်ရှည်ရှည် အမျိုးသားက စုန့်ချင်းရှု၏ ညွှန်ကြားချက်ကို နားထောင်ပြီး ကားထဲမှ ထွက်လာခဲ့သည်။

သူက လက်တစ်ဖက်တွင် တူတစ်ချောင်း ကိုင်ထားသည်။

တစ်ချိန်တည်းမှာပင် သူ၏ ကျန် လက်တစ်ဖက်၌ ထိုးဖောက်နိုင်သော တာအိုအဆောင် အမျိုးအစား တစ်ခု ရှိနေသည်။

ဤသမီးရည်းစား သတ်ဖြတ်ခြင်းစီနီယာက အဘယ်ကြောင့် သုံးဘီးဆိုင်ကယ် စီး၍ ဆေးရုံသို့ လာသလဲ သူတကယ် မသိခဲ့ပေ။

အရပ်ရှည်ရှည် အမျိုးသားက သမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာ၏ စိတ်ကို လုံးလုံးလျားလျား နားလည်နိုင်လောက်အောင် ဉာဏ်မမီဟု သူ့ကိုယ်သူ ခံစားမိသည်။

သူတို့က ကျင့်ကြံခြင်း နယ်ပယ်ချင်း မတူညီကြသလို တွေးခေါ်ပုံအရလည်း တူညီသော အဆင့်တွင် ရှိမနေခဲ့ချေ။

"အထွတ်အထိပ်ကို ရောက်နေတဲ့ ကျင့်ကြံသူတွေရဲ့ စိတ်က ခန့်မှန်းလို့မရဘူးပဲ"

အရပ်ရှည်ရှည် အမျိုးသားက သုံးဘီးဆိုင်ကယ် အစုတ်လေး ဆီသို့ လျှောက်လာခဲ့သည်။

သူက ဓားတစ်လက်ကဲ့သို့ သူ့လက်ထဲမှ သံမဏိတူကို မမြှောက်ခင်သံချပ်ဝတ်ကိုပင် ထိုးဖောက်နိုင်သော တာအိုအဆောင်ကို သံမဏိတူပေါ်တွင် လျင်မြန်စွာ ကပ်လိုက်သည်။

"ဒင်"

သံမဏိတူက ချက်ချင်းပင် ဝိညာဉ်ရေးရာ တန်ခိုးစွမ်းအားများ လျှံထွက်လာပြီး ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ တောက်ပကာ ရုတ်တရက် အရွယ်အစား ကြီးမားလာသည်။

မူလက သာမန်တူသာ ဖြစ်သော်လည်း ချပ်ဝတ်တန်ဆာကို ထိုးဖောက်နိုင်သော တာအိုမှော်အဆောင်နှင့် အားဖြည့်လိုက်ပြီး နောက်တွင် ဝိညာဉ်လက်နက် ကဲ့သို့ အားကောင်းလာခဲ့သည်။

အရပ်ရှည်ရှည် အမျိုးသားက သံဏိတူကို ကျေနပ်စွာ ကိုင်ထားရင်း သရော်ပြုံး ပြုံးလိုက်သည်။

ဤတူဖြင့် တစ်ချက် ထုလိုက်သည်နှင့် သုံးဘီးဆိုင်ကယ် အစုတ်ကလေးက တစ်စစီ ဖြစ်သွားလိမ့်မည် ဖြစ်၏။

သို့သော် ဝမ်လင်း၏ သုံးဘီးဆိုင်ကယ်လေးကို တူနှင့် ထုတော့မည့် ဆဲဆဲတွင် မိန်းကလေး တစ်ယောက်၏ အသံကို အမှတ်မထင် ကြားလိုက်ရသည်။

"နင်ငါ့ကို ဘာလုပ်မလို့လဲ"

ထိတ်လန့်တကြား အော်ဟစ်သံက အလျင်စလို ထွက်ပေါ်လာသည်။

တခဏချင်းမှာပင် သုံးဘီးဆိုင်ကယ် အစုတ်လေး ဆီမှ အသံထွက်လာပုံ ရသည်ကို သူသဘောပေါက်သွားခဲ့၏။

"လခွမ်း.. ဒီသုံးဘီးဆိုင်ကယ်က တကယ် စကားပြောနိုင်တယ်ဟ"

ဤမီးခိုးရောင်နှင့် အနက်ရောင် ပေါင်းစပ်ထားသော သုံးဘီးဆိုင်ကယ်လေးကို စိုက်ကြည့်ရင်း အရပ်ရှည်ရှည် အမျိုးသားက အေးစက်သော ချွေးများ ထွက်ပေါ်လာသည်။

သုံးဘီးဆိုင်ကယ်က ဆေးများ ကျွတ်နေပြီး လက်ကိုင်ဘားများတွင် သံချေးများပင် တက်နေ၏။

အရပ်ရှည်ရှည် အမျိုးသားက သူအမှားလုပ်မိသွားမှန်း သိလိုက်ရသည်။

အသေအချာ တွေးကြည့်လျှင် ယင်းမှာ အထူးအဆန်းတော့ မဟုတ်ချေ။

သမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာ၏ ယာဥ်က သာမန် သယ်ယူပို့ဆောင်ရေး ယာဥ်တစ်စီး မည်သို့ဖြစ်နိုင်ပါအံ့နည်း။

"နင်က ငါ့ကို ရန်ပြုမလို့လား.. နင်နဲ့ငါ့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိဘူး ဆိုတာ ငါသတိပေးချင်တယ်"

ယင်းအချိန်တွင် သုံးဘီးဆိုင်ကယ်ပေါ်မှ ချစ်စဖွယ် မိန်းကလေး အသံ ထွက်ပေါ်လာပြီး အရပ်ရှည်ရှည် အမျိုးသား၏ အတွေးများကို နှောင့်ယှက်လိုက်သည်။

"အသံက နူးညံ့လွန်းလှချည်လား.."

သုံးဘီးဆိုင်ကယ်လေးကနေ ဤကဲ့သို့ အသံမျိုး ထွက်လာလိမ့်မည်ဟု သူတကယ် တွေးတောင် မတွေးမိခဲ့ပေ။

အရေးကြီးဆုံး အချက်မှာ ထိုအသံက အလွန်ချိုမြပြီး နှစ်သက်ဖွယ်ကောင်းသော အသံမျိုး ဖြစ်နေ၏။

ထိုအသံက သူ၏ သေစေလောက်သော ရည်ရွယ်ချက်ကို လုံးဝ နားမလည်နိုင် ဖြစ်နေပုံ ရသည်။

၎င်းက သမီးရည်းစား သတ်ဖြတ်ခြင်းစီနီယာ တပ်ဆင်ထားသည့် တိကျစွာ ဆန်းစစ်၍ သင့်တော်သလို တုံ့ပြန်နိုင်သည့် စနစ်တစ်ခု ဖြစ်နိုင်၏။

"တမင်ခြောက်ဖြဲဖို့ အသံသွင်းထားတာများ ဖြစ်နေမလား"

အရပ်ရှည်ရှည် အမျိုးသားက မှန်းဆချက် လုပ်နေစဉ် အတွင်း သုံးဘီးဆိုင်ကယ်ကို တူဖြင့် ထုမထု ကိစ္စနှင့် ပတ်သက်၍ စိတ်ထဲတွင် အပြင်းအထန် လွန်ဆွဲနေခဲ့သည်။

တခဏမျှ စဉ်းစားပြီး နောက်တွင် သူက မျက်လုံးကို မှိတ်ကာ တူကို မြှောက်လိုက်သည်။

ယောက်ျားဆိုတာ ပြတ်ပြတ်သားသား ဖြစ်သင့်သည် မဟုတ်လော။

ရလဒ်ကို တစ်ချက်တည်းဖြင့် ဆုံးဖြတ်ရပေလိမ့်မည်။

"ဘန်း"

တာအိုအဆောင်ဖြင့် အားဖြည့်ထားသော တူက အားပြင်းသော အရှိန်ဖြင့် သုံးဘီးဆိုင်ကယ်၏ ဦးပိုင်းသို့ ကျရောက်လာခဲ့သော်လည်း မီးပွားများသာ ဖန်တီးမိခဲ့သည်။

ဤသုံးဘီးဆိုင်ကယ်ပေါ်တွင် မမြင်နိုင်သော အကာအကွယ် တစ်ခု ရှိနေသည်ကို သဘောပေါက်ပြီး အရပ်ရှည်ရှည် အမျိုးသားက အံ့အားသင့်သွားခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် တန်ပြန်အင်အားက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို နောက်သို့ ဆုတ်သွားစေပြီး အနက်ရောင် limousine တစ်စီးကို ပြင်းထန်စွာ တိုက်မိစေခဲ့၏။

ဤကြီးမားသော အကျိုး သက်ရောက်မှုက limousine ကား၏ သူခိုးဖမ်း ကိရိယာကို တိုက်ရိုက် လှုံ့ဆော်သလို ဖြစ်သွားပြီး သူခိုးဖမ်း ကိရိယာထံမှ အချက်ပြမီးရောင် နှင့် အသံများ ထွက်ပေါ်လာသည်။

"လခွမ်း"

အရပ်ရှည်ရှည် အမျိုးသားက မြေပြင်ပေါ်မှ မထမီ မူးဝေသွားခဲ့သည်။

ဤရုတ်တရက် တုံ့ပြန်မှုက ပြင်းထန်လွန်းသဖြင့် သူ၏ ဖင်ကို ထုံကျဉ်သွားစေပြီး သုံးဘီးဆိုင်ကယ်ကို တူဖြင့် ဖျက်ဆီးရန် အခွင့်အရေးကောင်းကိုပါ ပျက်စီးစေခဲ့၏။

"ငါမှန်းထားတဲ့အတိုင်း ဖြစ်လာတာပဲ.. ငါက အရမ်းချစ်စရာ ကောင်းပေမယ့် နင်က ငါ့ကို ရိုက်ရက်တယ် .. နင်က ရည်းစားမရှိတဲ့ စော်ပစ်ကောင် မဟုတ်လား"

သုံးဘီးဆိုင်ကယ်ထံမှ ချစ်စဖွယ် မိန်းကလေး အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

ဤတစ်ခါတွင်မူ အရပ်ရှည်ရှည် အမျိုးသားက အလွန်တရာ တုန်လှုပ်သွားတော့သည်။

"ဒါက ဘယ်လို နတ်ဆိုးဝိညာဥ် အမျိုးအစားလဲဟ"

ယင်းအချိန်မှာပင် သူဝင်ဆောင့်မိသွားသည့် အနက်ရောင်ကား၏ အချက်ပေးသံက အနီးနား ပတ်ဝန်းကျင်ရှိ ကင်းလှည့်နေသော လုံခြုံရေး အစောင့်များကို ဆွဲဆောင်သွားခဲ့သည်။

သူက မြေပြင်ကနေ ကမန်းကတန်း ကုန်းထပြီး သူ၏ ကားထဲသို့ အလျင်အမြန် ဝင်ခဲ့ရသည်။

ထို့နောက် ဦးခေါင်းခွံမှ စူးရှရှ နာကျင်မှု ဝေဒနာကို ကျိတ်မှိတ်ခံရင်း လီဗာကို ဆောင့်နင်းကာ အခင်းဖြစ်ပွားရာ နေရာမှ အလျင်အမြန် မောင်းထွက်လာခဲ့သည်။

ဤအချိန်တွင် သူ့အနေဖြင့် ကိစ္စ တော်တော်များများကို ဂရုမစိုက်အားတော့ပေ။

သုံးဘီးဆိုင်ကယ်တွင် မည်သို့သော နတ်ဆိုးဝိညာဥ် ပူးကပ်နေလည်း ဆိုသည်ကို တွေးတောရန်လည်း အချိန် မရှိတော့ချေ။

သူတွေးနိုင်သည့်အရာက သူ့ခေါင်း ဘယ်လောက်ထိ နာကျင်နေလဲ ဆိုသည်ပင်။

အစောပိုင်းမှ တုံ့ပြန်မှုက သူ့ကို ထိတ်လန့်ကာ စိတ်ရှုပ်ထွေးစေသည်။

"ရယ်စရာပဲ"

အနည်းဆုံးတော့ သူက ရွှေအမြူတေ အဆင့်မှာ ရှိနေသည်။

သူလိုလူက သုံးဘီးဆိုင်ကယ် တစ်စီး၏ တုံ့ပြန်မှုကြောင့် ထိတ်လန့်တကြား ဖြစ်ရသည်ဟု ပြောလျှင် မည်သူက ယုံနိုင်မည်နည်း။

သူက ကားကို အရှိန်မြှင့်ပြီး ဆေးရုံဂိတ်ပေါက်ကို ဖြတ်ကျော်ရန် ပြင်လိုက်သည်။

ကားပါကင်ခ ပေးဆောင်ဖို့ရန် အတွက်ပင် ဂိတ်ပေါက်၌ မရပ်တန့်ခဲ့ပေ။

"ဝုန်း"

ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။

သူက ဂိတ်ပေါက်ရှိ အတားအဆီးကို ကားဖြင့် တိုက်ရိုက်တိုက်ချကာ မောင်းထွက်သွားခဲ့၏။

ဤရုတ်တရက် အဖြစ်အပျက်ကြောင့် လုံခြုံရေး အစောင့် အကြီးအကဲက အလွန်အမင်း ထိတ်လန့်သွားသည်။

သူက ဒေါသထွက်ပြီး စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်ကာ လုံခြုံရေး ရုံးခန်းထဲမှ ခုန်ထွက်လာခဲ့သည်။

"ပိုက်ဆံချမ်းသာလေလေ ပိုရိုင်းစိုင်းလေလေ" ဟူသော ဆိုရိုးစကား တစ်ခုရှိသည်။

ထိုစကားက အမှန် ဖြစ်နေ၏။

ဤခွေးမသားလေးက Maybachလို ဇိမ်ခံကားကို မောင်းနှင်နေသော်လည်း ကားပါကင်ကြေး ပေးဆောင်ရန်ပင် မရပ်တန့်ခဲ့ပေ။

ထိုထက် လုံခြုံရေးအစောင့် အကြီးအကဲကို ပို၍ ထိတ်လန့်စေသည့်အရာမှာ ဆေးရုံဝင်း အတွင်းမှ အရာတစ်ခုက Maybach ဇိမ်ခံကား နောက်သို့ လိုက်နေသည့် မြင်ကွင်းပင်။

ဟုတ်ပါသည်။ သုံးဘီးဆိုင်ကယ် တစ်စီးက အရှိန်ပြင်းပြင်းဖြင့် Maybach နောက်ကနေ လိုက်လာခဲ့သည်။

"လခွမ်း.. မောင်းသူလည်း မရှိဘူးဟ"

................

အရပ်ရှည်ရှည် အမျိုးသားက ဆေးရုံရှေ့ရှိ ပေဟွားလမ်းမပေါ်သို့ မောင်းနှင်လာခဲ့၏။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် သူ့ခေါင်းမှ နာကျင်မှုက အနည်းငယ် သက်သာသွားသယောင် ခံစားလိုက်ရသည်။

သို့သော် ဒဏ်ရာ အခြေအနေ မည်မျှ ပြင်းထန်သည်ကို ခံစားမိခြင်း မရှိသည်မှာမူ ထင်ရှား၏။

သူက နောက်ကြည့်မှန်ကို တစ်ချက် ကြည့်လိုက်သည်။

ချက်ချင်းပင် သူ့မျက်နှာမှ အရောင်အသွေး အားလုံးက ဖြူဖျော့သွားခဲ့သည်။

"သောက်-ချီး"

"သုံးဘီးဆိုင်ကယ်က ငါ့နောက်ကို လိုက်လာတယ်ဟ"

"ဒီဆိုင်ကယ်ကို Cybertron မှာ ပြုလုပ်ခဲ့တာများလား"

(Cybertron= transformer စက်ရုပ်များ၏ မွေးရပ်မြေ)

အရပ်ရှည်ရှည် အမျိုးသားက အင်ဂျင်သံ ကျယ်လောင်စွာထွက်သည် အထိ အရှိန်ကုန် မြှင့်လိုက်သော်လည်း သုံးဘီးဆိုင်ကယ်က သူ့နောက်ကနေ အနီးကပ် လိုက်လာနေဆဲ ဖြစ်သည်။

ဤသို့ဖြင့် Maybach ဇိမ်ခံကား နှင့် သုံးဘီးဆိုင်ကယ် တစ်စီးတို့က "The Fast And The Furious" ဇာတ်ကားထဲက ကဲ့သို့ ကားလမ်းပေါ်တွင် ဖျော်ဖြေခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် သုံးဘီးဆိုင်ကယ်က အရှိန်မြှင့်လာသည်ကို အရပ်ရှည်ရှည် အမျိုးသားက သတိထားမိလိုက်၏။

သူ့ Maybach ဇိမ်ခံကား၏ အမြင့်ဆုံး အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ သုံးရာနီးပါး ရှိသည်။

သို့သော် သုံးဘီးဆိုင်ကယ်က ထိုအမြန်နှုန်းထက် ပိုမြန်နေတာ သေချာနေသည်။

သူတို့ကြားမှ အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာခဲ့၏။

မလှမ်းမကမ်းမှ ယာဉ်ထိန်းရဲကပ္ပတိန်က အိတ်ကပ်ထဲမှ အမြန်နှုန်း တိုင်းတာသည့် ကင်မရာအသစ်ကို ဆွဲထုတ်လိုက်သည်။

"ဝှစ်.. ဝှစ်"

သူ့ရှေ့တွင် ဥက္ကာခဲနှစ်စင်း ချက်ချင်း ဖြတ်သွားသလိုပင်။

"ဝုန်း"

သူ့လက်ထဲမှ အမြန်နှုန်းတိုင်း ကင်မရာ ပေါက်ကွဲသွားသည်ကို ကြည့်ကာ ယာဥ်ထိန်းရဲကပ္ပတိန်က အံ့ဩသွားသည်။

"လခွမ်း.. မနက်အစောကြီး ဒရွတ်ဆွဲ ပြိုင်ပွဲလုပ်နေကြတယ်ပေါ့လေ.. သေချင်နေပြီလား"

ယာဉ်ထိန်းရဲကပ္ပတိန်က ဥက္ကာခဲနှစ်စင်း ဖြတ်သွားပြီးနောက် ဆက်သွယ်ရေး ကိရိယာကို အမြန်ထုတ်ယူ၍ သတင်းပို့လိုက်သည်။

"အဖွဲ့ဝင် အားလုံး အာရုံစိုက်ပေးပါ.. ယူအန်း အဝေးပြေးလမ်းမကြီးမှာ ကားနှစ်စီး အမြင့်ဆုံး ကန့်သတ်ချက်ထက် ကျော်လွန်တဲ့ အရှိန်နဲ့ ပြိုင်မောင်းနေတယ်.. အဲဒါကို တွေ့ရင် နှောင့်နှေးမနေဘဲ ကြားဖြတ် ဖမ်းထားလိုက်.. ငါပြောတာ ကြားလား"

တစ်ချိန်တည်းမှာပင် ဆက်သွယ်ရေးစက် ဆီကနေ အလွန်လျင်မြန်စွာ အကြောင်းပြန်လိုက်သော သတင်း ထွက်ပေါ်လာသည်။

"သတင်းပို့ပါတယ် ကပ္ပတိန်.. ဒီကားတွေကို ကြားဖြတ်ဖမ်းဖို့က မဖြစ်နိုင်ဘူး.. ကားတွေက မတရား မြန်လွန်းနေတယ်"

"ကားမော်ဒယ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်မလား.. သူတို့ရဲ့ လိုင်စင်နံပါတ်တွေကို စစ်ဆေးနိုင်ဖို့ ကင်မရာ မှတ်တမ်းတွေကို လိုချင်တယ်လို့ သတင်းအချက်အလက် ဌာနကို အကြောင်းကြားပေးပါ"

"ပထမတစ်စီးက Maybach.. နောက်တစ်စီးက.."

ထိုအချိန်တွင် ဆက်သွယ်ရေးစက်၏ အခြားတစ်ဖက်ရှိ ယာဉ်ထိန်း ရဲအရာရှိများက ထိတ်လန့်တကြား ရေရွတ်လိုက်ကြသည်။

"သောက်-လခွမ်း.. ကပ္ပတိန်.. အဲဒါက သုံးဘီးဆိုင်ကယ်ပါ.. သုံးဘီးဆိုင်ကယ်က Maybach နောက်ကို လိုက်နေတာ"

".............."

"သတင်းပို့ပါတယ် ကပ္ပတိန်.. သုံးဘီးဆိုင်ကယ်က Maybach ကို ကျော်သွားပါပြီ"

"............"

All Chapters