ကားပိုင်ရှင် ဘယ်သူလဲဆိုတာ မင်းသိလား
Vol. 10 Ch. 143
ဆေးရုံမှ အချက်အလက်အချို့ ရရှိပြီးနောက် ဗုံးပစ် စီနီယာအင်မော်တယ် နှင့် ဝမ်လင်းက ဒါရိုက်တာလီ နှင့်အတူ ဓာတ်လှေကားဖြင့် ပြန်ဆင်းလာခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်မှာ ဆေးရုံအဆောက် အအုံထဲ ဝင်ကတည်းက စိတ်အေးလက်အေး ဖြစ်မနေဘဲ နက်နဲစွာမျက်မှောင်ကြုတ်နေ၏။
"ဒါရိုက်တာလီ.. ဒီကလေးသုံးယောက်ကို ကျေးဇူးပြုပြီး ဂရုစိုက်ပါ.. ငါ လဲ့မို့ရမ်က ဒီကိစ္စကို သေသေချာချာ စုံစမ်းမယ်"
"စီနီယာ အင်မော်တယ် စိတ်ချပါ.. စီနီယာ ကျနော့်ကို မခိုင်းရင်တောင် အစွမ်းကုန်လုပ်မှာပါ.. ကလေးသုံးယောက်ကို မဟုတ်တဲ့နေရာမှာ အသုံးချတဲ့ ဝိသမလောဘသမားတွေက အတော် မုန်းစရာကောင်းတယ်"
ဒါရိုက်တာလီက ခေါင်းညိတ်လိုက်သည်။
တစ်ဖက်အဖွဲ့အစည်းက ငွေကြေး အရင်းအနှီးများစွာ ရှိသောကြောင့် စုံစမ်းစစ်ဆေးသော ကိစ္စမှာ လွယ်ကူသောကိစ္စ မဟုတ်ကြောင်း သူသိသည်။
ကျောင်းသား သုံးဦးက ပုံမှန်မဟုတ်သည့် လက္ခဏာများ ပေါ်ပေါက်လာချိန်မှစပြီး ကျောင်းသားမိသားစုကို တစ်ဖက်မှ ငြင်းဆန်၍မရသော လျော်ကြေးငွေများ ပေးအပ်ကာ သီးသန့် ဖြေရှင်းခဲ့သည်။
သို့သော် ဒါရိုက်တာလီ နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့ နှစ်ဦးစလုံးက လျော်ကြေးငွေကို အမှန်တရားကို ဖော်ထုတ်ခြင်းမှ တားဆီးရန်အတွက် အကြောင်းပြချက်အဖြစ် အသုံးပြုခြင်းမှာ သင့်လျော်သော လုပ်ရပ် မဟုတ်ဟု ခံစားခဲ့ရသည်။
တိုင်းပြည်၏ အနာဂတ် မျှော်လင့်ချက် ဖြစ်သည့် ဤအခြေခံ တည်ဆောက်ခြင်း အဆင့် ကျောင်းသားများက ဆေးဝါး စမ်းသပ်မှုတွင် လက်တွေ့ စမ်းသပ်ခန်းမှ ကြွက်တွေလို ဆက်ဆံခံခဲ့ရသည်။
ဤပြဿနာက လောလောဆယ်တွင် ကျောင်းသား သုံးယောက်ဟုသာ ထင်ရသော်လည်း တကယ်ကို ကြောက်စရာကောင်းလွန်း၏။
နောက်ကွယ်တွင် စိတ်ပျက်စရာလုပ်ရပ် မည်မျှ ရှိနေမလဲ ဆိုသည်ကို တွေးကြည့်ရုံဖြင့်ပင် သိနိုင်သည်။
ဆေးရုံအ၀င်ဝသို့ ရောက်သောအခါ ဒါရိုက်တာလီက ဦးညွှတ်လိုက်သည်။
"ကျေးဇူးပြုပြီး သတိထားပါ စီနီယာ.. ဒီလူစုရဲ့ နောက်ကွယ်က အင်အားစုက အတော် အင်အားကြီးပုံပဲ.. ဆရာက ဒါကို စီနီယာ ကိုယ်တိုင် စုံစမ်းနေတာ သိတယ်.. ဒါကြောင့် သူ အရမ်းစိုးရိမ်နေတယ်.. စီနီယာ အကူအညီလိုရင် အချိန်မရွေး ဆက်သွယ်ပါလို့ စကားပါးခဲ့တယ်.. အားလုံးသာ အတူတူ အလုပ်လုပ်ရင် ဘာပြဿနာမှ မရှိမှာ သေချာတယ်လို့ ဆရာက ယုံကြည်နေတယ်"
"ညီနောင်ထုန်ရာက အဲဒီလို ပြောတာလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။
"ဟုတ်တယ်.. ကျနော့်ဆရာက အဲဒီအတိုင်း ပြောခဲ့တယ်"
ဒါရိုက်တာလီကပြန်ဖြေလိုက်သည်။
"ငါ့အတွက် စိတ်မပူပါနဲ့လို့ ညီနောင် ထုန်ရာကိုပြောလိုက်ပါ.. ငါတကယ် မဖြေရှင်းနိုင်ရင် သေချာပေါက် အကူအညီ လှမ်းတောင်းမှာပါ"
ဗုံးပစ်စီနီယာ အင်မော်တယ်ကပြုံး၍ပြောလိုက်သည်။
"တကယ်တော့ ငါက အရမ်းခေါင်းမာတယ်လေ"
"အကောင်းဆုံးတွေ ဖြစ်လာပါစေ.. စီနီယာ"
ဒါရိုက်တာလီက ခေါင်းညိတ်၍ ဦးညွှတ်လိုက်သည်။
"ကျနော့်မှာ ဖြေရှင်းစရာကိစ္စလေးတွေ ရှိသေးလို့ ဒီထိပဲလိုက်ပို့တော့မယ်နော်"
ဗုံးပစ်စီနီယာအင်မော်တယ်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ.. ဒါရိုက်တာလီ လုပ်စရာရှိတာ သွားလုပ်ပါ.. ဆေးဝါး စမ်းသပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တိုးတက်မှု အသစ်တွေ ရှိရင်တော့ ငါ့ကို လှမ်းဆက်သွယ်လိုက်ပါ"
..................
သူတို့နှစ်ဦး ဆေးရုံက ထွက်လာချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
ဤတစ်ကြိမ် သူတို့ ကိုယ်တိုင် စစ်ဆေးပြီးနောက်တွင် ကလေးသုံးယောက်က ဆေးသောက်ရန် မရည်ရွယ်ဘဲ လှည့်စားခံရဖွယ်ရှိကြောင်း သိရှိခဲ့ရသည်။
ယနေ့ခေတ်တွင် ကျူရှင်စာသင်ချိန် အတွင်း ၎င်းတို့၏ ဦးနှောက် မြှင့်တင်ရေး ထုတ်ကုန်များကို ရောင်းချရန်မှာ စိတ်ကောင်းနှလုံးကောင်း မရှိသော ပညာရေး အဖွဲ့အစည်းများ အတွက် လွယ်ကူလွန်းလှသည်။
အဆုံးသတ်တွင် သနားစရာကောင်းသည့် သူတွေမှာ သတိမမူမိသည့် ကလေးများသာ ဖြစ်သည်။
မူလတွင် ဝမ်လင်းက ဤအဖြစ်အပျက်ကို ဖိုရမ်ပိုင်ရှင်နှင့်သာ ထားခဲ့ရန် ရည်ရွယ်ထားသော်လည်း ပိုင်ရှင်ကိုယ်တိုင် နောက်ဆက်တွဲ ဖြစ်ရပ်များကြောင့် အကြီးအကျယ် စိတ်ပူပန်နေသည်မှာ ထင်ရှားနေသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် သိပြီးကတည်းက ယခုလို စိတ်ဓာတ်ကျသည့် အမူအရာမျိုးကို တစ်ဖက်လူထံတွင် မတွေ့ဖူးခဲ့ပေ။
ဤမော့အင်မော်တယ် ရဲတိုက်ဟူသည့် အဖွဲ့အစည်းသည် လျှို့ဝှက်ဆန်းကြယ်ပြီး ပြဿနာရှာရသည်ကို နှစ်သက်လွန်းပုံရသည်။
ဗုံးပစ်စီနီယာ အင်မော်တယ် အနေဖြင့် သူ၏ အတွေ့အကြုံများနှင့် ဖြောင့်မတ်ခြင်း တရားကို အားကိုးနေရုံဖြင့် ပြဿနာကို ကိုင်တွယ်ရန် မလုံလောက်တော့ပေ။
မော့အင်မော်တယ် ရဲတိုက်၏ ကိစ္စမှာ ယခုအခါတွင် အလွန် သတိထားရမည့် ကိစ္စမျိုး ဖြစ်နေပြီဟု ဝမ်လင်း ခံစားမိသည်။
အရေးကြီးဆုံး အချက်မှာ ဤအဖွဲ့အစည်းသည် သူ၏ သိုသိပ်စွာ နေထိုင်သောဘဝကို အနှောင့်အယှက် ပေးနေပြီ ဖြစ်သည်။
..................
ဆေးရုံ အဆောက်အအုံ၏ ကားပါကင်နေရာသို့ ပြန်ရောက်သောအခါ ဝမ်လင်းက တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ခြေရာလက်ရာများကို တွေ့ရှိခဲ့သည်။
ဝမ်လင်းက အနံ့ခံ အာရုံ အလွန် ကောင်းမွန်သူ ဖြစ်၍ အရပ်ရှည်ရှည် အမျိုသား အသုံးပြုခဲ့သည် ဝိညာဥ်တူ၏ အခြားသူများ ခြေရာခံ၍ မရနိုင်သည့် ထူးခြားသော အနံ့အသက်ကို ခြေရာခံနိုင်ခဲ့၏။
သူ၏ မျက်ဝန်းများက ပြူးကျယ်သွားသည်။
ထို့နောက်တွင် သူက မကြာမီက ဖြစ်ပျက်သွားသော မြင်ကွင်းကို ပြန်ရစ်ကြည့်လိုက်သည်။
သူ၏ ကောင်းကင်မျက်လုံးက လွန်ခဲ့သည့် နာရီဝက်အတွင်း ဖြစ်ပျက်ခဲ့သည်များကို ဝမ်လင်း သိရှိစေနိုင်ရန် အတွက် ပုံရိပ်ဖမ်း အလင်း ပြန်နိုင်စွမ်း ပါရှိသည်။
ဝမ်လင်းက ထိုပုံရိပ်များကို ဗုံးပစ်စီနီယာ အင်မော်တယ်၏ စိတ်ထဲကို ပို့လိုက်သည်နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်က ထိတ်လန့် သွားခဲ့သည်။
"လခွမ်းပဲဟ.. ညီနောင်လင်း.. မင်းရဲ့ သုံးဘီးဆိုင်ကယ်က စကားပြောလို့ ရတယ်လား"
"အိုး.. အဲဒါက အဓိကကိစ္စ မဟုတ်သေးဘူး.. အဓိကက Maybach မောင်းတဲ့ အရပ်ရှည်ရှည် အမျိုးသားက ဘယ်သူလဲ.. သူက ဘာကြောင့် ငါ့ သုံးဘီးဆိုင်ကယ်ကို တူနဲ့ထုချင်ရတာလဲ.. အဆုံးသတ်မှာ ဒီလူက ငါ့ သုံးဘီးဆိုင်ကယ်ကြောင့် လွင့်ထွက်သွားခဲ့ရတယ်"
ဝမ်လင်း ပေးပို့လာသော ပုံရိပ်များကို ဂရုတစိုက် ဆန်းစစ်ကြည့်လိုက်သောအခါ ဗုံးပစ်စီနီယာ အင်မော်တယ်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
"ငါမှတ်မိပြီ.. ဒီလူကို ငါအရင်က မြင်ဖူးတယ်.. ဒီလူက မော့အင်မော်တယ် ရဲတိုက်က လူပဲ.. သူက ရဲတိုက် ဒါရိုက်တာရဲ့လူယုံငယ်သား တစ်ယောက်လေ"
"ငါ့အထင် သူတို့က ငါတို့ကို စောင့်ကြည့်နေတာ ဖြစ်ရမယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဒေါသတကြီးဖြင့် လက်သီးများကို ဆုပ်ထားလိုက်သည်။
"ဒီအရူး အုပ်စု လျှိုမဝင်နိုင်တဲ့ နေရာ တကယ်ပဲ မရှိတော့ဘူးလား.. သူတို့က ငါးရှဉ့်တွေလား"
အဝေးမှ လုံခြုံရေးအစောင့် အကြီးအကဲက သူတို့ ထွက်လာသည်ကို မြင်လျှင် အလျင်အမြန် ပြေးလာပြီး သုံးဘီးဆိုင်ကယ်လေးကို ညွှန်ပြလိုက်သည်။
"ဆရာတို့...ဒီသုံးဘီးဆိုင်ကယ်က ဆရာတို့ဟာ မဟုတ်လား.. ဆရာတို့ အနားမှာ မရှိတုန်း ဒီသုံးဘီးဆိုင်ကယ်က Maybach နောက်ကို လိုက်သွားတာလားတော့ မသိဘူး.. အပြင်ကို သူ့ဘာသာသူ မောင်းထွက်သွားတယ်.. အခုလေးတင်ပဲ သူ့ဘာသာသူ ပြန်ရောက်လာတာလေ"
ဗုံးပစ်စီနီယာ အင်မော်တယ် "............"
လုံခြုံရေးအစောင့် အကြီးအကဲ၏ စကားကို နားထောင်ရင်း ဗုံးပစ် စီနီယာ အင်မော်တယ်က သူ့ကိုယ်သူ အလွန် နုံအလွန်းနေသေးသည်ဟု ခံစားမိသည်။
ဤသုံးဘီးဆိုင်ကယ်က သာမန် သွားလာရေး ယာဉ်မျှသာဖြစ်သည်ဟု သူထင်ခဲ့၏။
ညီနောင်လင်းက ဤသုံးဘီးဆိုင်ကယ်ကို ဉာဏ်အလင်းပေးခဲ့ပါသလော။
"..........."
{ညီနောင်လင်းက ဒီအပိုင်းမှာ တကယ်ကို အောင်မြင်မှုရနေတဲ့ပုံပဲ}
လုံခြုံရေးအစောင့် အကြီးအကဲက ပြောလိုက်သည်။
"ဆရာတို့က ဒါရိုက်တာလီရဲ့ မိတ်ဆွေ ဖြစ်နေရင်တောင် ဒီသုံးဘီးဆိုင်ကယ်နဲ့ Maybach က ကျနော်တို့ရဲ့ ကားပါကင်မှာ ရပ်ထားတဲ့ တခြား ယာဉ်တွေကို ထိခိုက်စေခဲ့တယ်.. ဆရာတို့ ဒါကို ဘယ်လို ဖြေရှင်းပေးမှာလဲ"
ထိုအချိန်တွင် နေကာမျက်မှန် တပ်ထားသည့် ထွားကျိုင်းသော အမျိုးသား တစ်ဦး ရောက်လာသည်။
ကောင်းကင်မျက်လုံးမှ ဖမ်းယူထားသော ပုံရိပ်တွေကို ပြန်ကြည့်ရာမှ တဆင့် ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ် တို့က ထိုလူကို အရပ်ရှည်ရှည် အမျိုးသား ဝင်တိုက်မိသည့် ကား၏ ပိုင်ရှင်မှန်း ချက်ချင်း သိလိုက်သည်။
"မင်းတို့နှစ်ယောက်က ငါ့ကားကို ပျက်စီးစေတဲ့ တရားခံတွေလား.
နေကာမျက်မှန် တပ်ထားသည့်လူက မေးလိုက်သည်။
"ဘာဆိုင်လို့လဲ.. မင်းရဲ့ကားက Maybachကားကို စီးလာတဲ့သူကြောင့် ပျက်စီးသွားတာလေ.. ငါတို့ကို ဘာလို့ အပြစ်တင်နေရတာလဲ"
ထိုလူ၏ အနက်ရောင် စူပါကားကို ကြည့်လိုက်သည်။
ထိုကားက အကန့်အသတ်ဖြင့်သာ ထုတ်ထားသည့် တန်ဖိုးကြီး ဇိမ်ခံကား အမျိုးအစား ဖြစ်၏။
မော့အင်မော်တယ် ရဲတိုက်မှ သောက်ရူးက ကား၏ ရှေ့မီး နှစ်လုံးကို ပျက်စီးစေခဲ့သည်။
ဤရှေ့မီး နှစ်လုံးကို ပြင်ဖို့ဆိုလျှင် အနည်းဆုံး ယွမ်တစ်သိန်းခန့် ကုန်ကျမည် ဖြစ်သည်။
ထိုပမာဏက အဆာပြေစာ ဖြစ်သည့် ခေါက်ဆွဲအကြွပ်ကြော် ထုပ် များစွာနှင့် ညီမျှ၏။
ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်က ဤအကျင့်တစ်ခုတွင် အလွန်ဆင်တူကြသည်။
သူတို့နှစ်ယောက်လုံးက အလွန် ချွေတာကြသည်ဟု ဝမ်လင်း တွေးမိခဲ့သည်။
သူတို့ဘဝ တစ်လျှောက်လုံးတွင် မလိုအပ်ဘဲ ငွေကြေးကို လုံးဝ မသုံးစွဲခဲ့ပေ။
"ငါဂရုမစိုက်ဘူး.. Maybach က မောင်းပြေးသွားပြီ ဆိုတော့ သူ့ကို လျော်ခိုင်းလို့ မရတော့ဘူး.. ဒါပေမယ့် မင်းတို့မှာလည်း သွယ်ဝိုက်ပြီးတော့ တာဝန်ရှိတယ် ဆိုတာ မမေ့နဲ့"
နေကာမျက်မှန် တပ်ထားသည့် အမျိုးသားက သူ၏ အင်္ကျီလက်ကို ခေါက်တင်၍ ကြွက်သားများကို ညှစ်လိုက်ရာ လက်ဖျံတွင် ကြွက်သားများ အမြှောင်းလိုက် ထွက်ပေါ်လာသည်။
"တကယ်တော့ ငါက ကားပိုင်ရှင် မဟုတ်ဘူး.. ငါက ဒရိုင်ဘာပဲ.. ဒီကားက ဘယ်သူ့ကားလဲ သိလား.. ငါပြောရင် မင်း သေမတတ် ကြောက်ရွံ့သွားလိမ့်မယ်"
"အိုး.. ငါက သေမတတ် ကြောက်ရမယ်တဲ့လား"
ထိုလူ၏ ခြိမ်းခြောက်စကားက ရယ်စရာ ကောင်းသည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ်က ခံစားခဲ့ရသည်။
"ကျောင်းပေါင်း တစ်သောင်း မဟာမိတ် အဖွဲ့အစည်းရဲ့ အတွင်းရေးမှူး စွန်းကို သိလား.. နိုင်ငံ တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်ဆယ်ယောက်ထဲက တစ်ယောက်လေ"
နေကာမျက်မှန် တပ်ထားသည့်လူက ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။
"ငါ့ရဲ့ဆရာက အမှတ် ၆၀ အထက်တန်းကျောင်းရဲ့ ဂန္တဝင်တစ်ဦး ဖြစ်တဲ့အပြင် ငယ်ငယ်ရွယ်ရွယ်နဲ့ ရွှေအမြူတေ အဆင့်ကို ရောက်ခဲ့တယ်"
ထိုစကားကို ကြားလျှင် ဝမ်လင်းက ဆိုးရွားသည့် ခံစားချက်ကို ခံစားခဲ့ရသည်။
"သူက မကြာသေးမီကပဲ အရိပ်အဖွဲ့အစည်းရဲ့ လုပ်ကြံသတ်ဖြတ်မှု နှစ်ခုကို သူ့ရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်ကို အသုံးပြုပြီး ဟန့်တားနိုင်ခဲ့တယ်.. သူက ကျောင်းပေါင်း ၁၀၀ ရဲ့ အထွေထွေ ညွှန်ကြားရေး ဒါရိုက်တာချုပ် ဖြစ်တဲ့အပြင် သမိုင်းမှာ အသက် အငယ်ဆုံး ဒါရိုက်တာပဲ.. အခုသူက အတွင်းရေးမှူးစွန်းရဲ့ အချစ်တော် ဖြစ်နေပြီ.. သူက အထွေထွေ ညွှန်ကြားရေး ဒါရိုက်တာချုပ် ကျိုးရီပဲ.. ဟက်.. မင်းတို့တွေ အခု ကြောက်နေပြီ မဟုတ်လား"
"..........."
ထိုအချိန်တွင် ဝမ်လင်းက စိတ်အနှောင့်အယှက် မဖြစ်ရုံသာမက အနည်းငယ်ပင် ရယ်ချင်လာသည်။