သေခြင်းတရား ရောက်လာတော့မည်လော
Vol. 10 Ch. 147
ထောက်လှမ်းခြင်း လုပ်ဆောင်ရန် ထွက်ခွာသွားသော လက်အောက်ငယ်သားက ထိုကဲ့သို့သော အခြေအနေမျိုးဖြင့် ပြန်ရောက်လာလိမ့်မည်ဟု စုန့်ချင်းရှု မထင်ထားခဲ့ပေ။
၎င်းက ထိတ်လန့်တုန်လှုပ်စွာ မောင်းပြေးရင်း သုံးဘီးဆိုင်ကယ်နဲ့ တိုက်မိကာ နောက်ဆုံးတွင် ရှစ်လမ်းသွားလမ်းပေါ်၌ တိုက်ရိုက် တိမ်းမှောက်ခဲ့ရသည်။
စုန့်ချင်းရှုက ယခုကဲ့သို့ တွေးမိခဲ့သည်။
ယင်းကဲ့သို့ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်မျိုးမှာ Final Destination စီးရီးတွင်သာ တွေ့ရလေ့ရှိသည် မဟုတ်ပါလား။
အရပ်ရှည်ရှည် အမျိုးသားကို ဖန့်ယန်ဟု ခေါ်သည်။
ဖန့်ယန်က စုန့်ချင်းရှု အတွက် အချိန်အတော်ကြာ အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်၏။
စုန့်ချင်းရှုက ဖန့်ယန် ဒဏ်ရာရရှိသွားသည်နှင့် တစ်ပြိုင်နက် အမြန်ဆုံး ခွဲစိတ်မှု ပြုလုပ်နိုင်ရန် ဆေးရုံ လုပ်ရိုးလုပ်စဥ် ဖြစ်သည့် ရှုပ်ထွေးသော မှတ်ပုံတင်ခြင်း လုပ်ငန်းစဥ်ကို တတ်နိုင်သမျှ ဘေးချိတ်ထားရန် အတွက် သူ၏ အဆက်အသွယ်များကို ချက်ချင်း အသုံးပြုခဲ့သည်။
အသက်လုရသော အနေအထားမျိုးတွင် အချိန်က အသက်ကို ကယ်တင်နိုင်သည် မဟုတ်လော။
မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို စောင့်မျှော်နေလျှင် ဖန့်ယန် အမှန်တကယ် သေဆုံးသွားနိုင်ပေသည်။
သို့ရာတွင် အဆုံးသတ်၌ ဖန့်ယန်မှာ အသက်လုရန် အရေးပါသည့် ရွှေရောင်အချိန်ကို လက်လွတ်သွားခဲ့ရသည်။
အထူးကုများ တံခါးပိတ် ဆွေးနွေးနေသော အချိန်တွင် စုန့်ချင်းရှုက တံခါးဝတွင် ရပ်နေပြီး ဆွေးနွေးပွဲ ရလဒ်ကို သိရှိရန်ဒါရိုက်တာလီ တို့ကို မျှော်နေခဲ့သည်။
အချိန်အတော် ကြာပြီးနောက် ဒါရိုက်တာလီနှင့် အတူ အထူးကုဆရာဝန် အချို့မှာ မျက်မှောင်ကြုတ်ကာ ခေါင်းတခါခါဖြင့် ဆွေးနွေးခန်းထဲမှ ထွက်ခွာလာကြသည်။
ဖန့်ယန်၏ အခြေအနေကို အစည်းအဝေးတွင် ဆွေးနွေးခဲ့သော်လည်း ထိရောက်သော နည်းလမ်းကို မတွေ့ရှိခဲ့ကြပေ။
ဒါရိုက်တာလီကို မြင်လိုက်ရသည်နှင့် စုန့်ချင်းရှုက သူ့ဆီ ချက်ချင်း ရောက်လာပြီး ဂါရဝပြုလိုက်သည်။
"မင်္ဂလာပါ ဒါရိုက်တာလီ.. ဆွေးနွေးပွဲ အခြေအနေထူးရဲ့လား"
ဒါရိုက်တာလီက စိတ်မကောင်းစွာဖြင့် ခေါင်းခါလိုက်သည်။
"မထူးဘူး... ငါတို့ လောလောဆယ် ဘာမှ ထူးထူးခြားခြားမတွေ့ရှိသေးဘူး.. ရှင်းရှင်းလင်းလင်း ပြောရရင် ဖန့်ယန်ရဲ့ အခြေအနေက ငါတို့ ထင်ထားတာထက် အများကြီး ပိုပြင်းထန်တယ်... သူက အသီးအပွင့် ရောဂါ ဖြစ်နိုင်ခြေ အတော်လေး နီးကပ်နေပြီ"
"ဒါက ဖြစ်နိုင်ခြေ တစ်ခုပါပဲ.. သူက အသီးအပွင့် အခြေအနေမဖြစ်သေးဘူး ဆိုတော့ ကယ်တင်ဖို့ ဖြစ်နိုင်သေးတယ်လို့ ဆိုလိုတာ မဟုတ်လား"
"မစ္စတာစုန့်.. မင်းငါ့စကားကို အကျအန လိုက်ကောက်နေတာလား"
ဒါရိုက်တာလီက သူ့နာရီကို တစ်ချက် ကြည့်လိုက်ပြီး စုန့်ချင်းရှုကို လေးနက်စွာ ပြောလိုက်သည်။
"ငါဆိုလိုတာက မစ္စတာဖန့်ယန်နဲ့ ပတ်သက်ပြီး အထူးကုတွေရဲ့ အစီရင်ခံစာက အချိန်နဲ့အမျှ ပြောင်းလဲနေတယ်လို့ ဆိုလိုတာပဲ.. လွန်ခဲ့တဲ့ တစ်မိနစ်လောက်ကပဲ မစ္စတာ ဖန့်ယန် အသီးအပွင့်အခြေအနေကို ရောက်သွားပြီလို့ အထူးကုတွေက အတည်ပြုဆုံးဖြတ်ခဲ့တယ်"
".............."
စုန့်ချင်းရှု "ငါတို့ စမ်းကြည့်နိုင်တဲ့ တခြားနည်းလမ်း မရှိတော့ဘူးလား.. ရွှေအပ်နဲ့ အပ်စိုက်တာတို့၊ ဆေးရေချိုးတာတို့ လုပ်လို့ရင်ရော ပြန်မကောင်းနိုင်ဘူးလား.. ပိုက်ဆံက ပြဿနာ မဟုတ်ပါဘူး"
ဒါရိုက်တာလီ "မစ္စတာစုန့်.. ဦးနှောက်ရဲ့ ဇီဝကမ္မဗေဒက အတော်လေး ရှုပ်ထွေးတယ်ဆိုတာ မင်း နားလည်ထားဖို့ လိုတယ်.. ကျင့်ကြံသူတွေက ကိုယ်တွင်းအင်္ဂါတွေနဲ့ အရေပြား ဒဏ်ရာတွေ အမြန်ဆုံး ပြန်လည် ကောင်းမွန်လာဖို့ အတွက် နည်းလမ်းအချို့ကို အသုံးပြုနိုင်တယ်.. အထူးသဖြင့် အာရုံကြောတွေ ထိခိုက်ပြီး ဦးနှောက် အခြေအနေ စိုးရိမ်ရတဲ့ အနေအထားမှာ ကျင့်ကြံသူကိုဖြစ်စေ သာမန်လူကိုဖြစ်စေ နိုဗယ်ဝတ္ထုတွေ ထဲက ရွှေအပ်စိုက် ကုသနည်းတွေ ဆေးရေချိုး ကုသနည်းတွေကို အသုံးပြုလည်း ဘယ်လိုလုပ်ပြီး အလုပ်ဖြစ်နိုင်မှာလဲ"
စုန့်ချင်းရှု".........."
ဒါရိုက်တာလီ "တစ်ခါက ဆေးရုံမှာ ဦးနှောက်သွေးကြောပေါက်တဲ့ စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် လူနာကို လက်ခံရရှိခဲ့တယ်.. ခွဲစိတ်ကုသဖို့ ပြင်ဆင်ပြီးနောက်မှာ ရှစ်နာရီကြာ ခွဲစိတ်မှု ပြုလုပ်ခဲ့ရတယ်.. နောက်ဆုံးမှာ ဦးနှောက်သွေးကြောကို ကုသဖို့ နေနေသာသာ သူ့ခေါင်းကိုတောင် ဖြတ်တောက်လို့ မရခဲ့ဘူး"
စုန့်ချင်းရှု "..........."
.....................
မဟာသူတော်စင်၊ ဒုတိယ သူတော်စင်နှင့် တတိယ သူတော်စင်တို့ စွန့်ခွာသွားပြီး နောက်တွင် ယုံကြည်ရသော လက်အောက်ငယ်သား တစ်ဦးကို စုန့်ချင်းရှုက ထပ်မံ ဆုံးရှုံးခဲ့ရသည်။
ဖန့်ယန်က လက်ထောက် တစ်ဦးသာ ဖြစ်သော်လည်း ပြဿနာများစွာကို ဖြေရှင်းနိုင်စေရန် စုန့်ချင်းရှုကို ကူညီပေးခဲ့သည်။
အစိုးရိမ်ရဆုံး အချက်မှာ သူက ဖန့်ယန်အတွက် လက်စားချေလိုသော်လည်း မည်သည့်အရာကိုမှ လုပ်ဆောင်နိုင်စွမ်း မရှိဟု ခံစားနေရ၏။
အကြောင်းရင်းမှာ ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် အေးစက်စက် မျက်နှာပေးရှိသည့် ချာတိတ်တို့က ထိုသုံးဘီးဆိုင်ကယ်နှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။
"ဘာကြောင့်လဲ"
"သုံးဘီးဆိုင်ကယ်က ဘာကြောင့် ဒီလူနှစ်ယောက် အပိုင်ဖြစ်နေရတာလဲ"
စုန့်ချင်းရှုက သူ့အနေဖြင့် ထိုနှစ်ယောက်ကို သွားဆွ၍မဖြစ်ဟု ခံစားနေရသည်။
သူ့ညွှန်ကြားချက်ကြောင့်သာ မဟုတ်လျှင် ဖန့်ယန်က ယခုလို ဖြစ်လာမည် မဟုတ်ပေ။
အမှတ် ၂ ဆေးရုံတွင် တစ်မနက်လုံး အချိန်ဖြုန်းပြီးနောက်တွင် အသေးအမွှား ကိစ္စလေးများ လုပ်ဆောင်စရာ ရှိနေသေးသည်ကို သတိရပြီး နေ့လယ်၌ ရုံးသို့ ပြန်လာခဲ့သည်။
ယင်းအချိန်တွင် သူ့ လက်ပတ်နာရီပေါ်ကနေ ရဲတိုက်လေဒီ ဆီမှ မက်ဆေ့ချ်တစ်စောင် လက်ခံရရှိခဲ့သည်။
ရဲတိုက်လေဒီက ရဲတိုက်သခင် အတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့သော ကိုယ်ရေး အတွင်းရေးမှူး ဖြစ်၏။
ရဲတိုက်သခင်က သူ မကိုင်တွယ်လိုသော ကိစ္စများနှင့် အရေးကြီးသော ကိစ္စများကို ရဲတိုက်လေဒီဆီ တာဝန်ပေးလေ့ ရှိသည်။
သို့သော် မှတ်သားထိုက်သည့် အရာတစ်ခု ရှိ၏။
ယင်းမှာ ရဲတိုက်လေဒီက အလွန် လျှို့ဝှက်ဆန်းကြယ်သည်။
မော့အင်မော်တယ် ရဲတိုက်တွင် နှစ်ပေါင်းများစွာ သူမနှင့် အတူ အလုပ်လုပ်လာခဲ့သည့် စုန့်ချင်းရှုလို အတွေ့အကြုံရှိ ဝန်ထမ်းပင် သူမ မျက်နှာကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သူမ အကြောင်းကို သူသိထားသည့် တစ်ခုတည်းသော အချက်မှာ သူမ၏ ခွန်အားက သူ့ထက် သာလွန်နေခြင်း ဖြစ်သည်။
သူတော်စင် ဆယ်ပါးပင် သူမနှင့် မယှဥ်နိုင်ဟု စုန့်ချင်းရှုက ခံစားမိသည်။
ယခု ရဲတိုက်လေဒီ ဆီမှ မက်ဆေ့ချ်ကို မြင်လျှင် သူ့ခံစားချက်တွေက တကယ်ကို ရှုပ်ထွေးသွားသည်။
တတိယ သူတော်စင် ရာထူးမှ နုတ်ထွက်သွားပြီးနောက် ရဲတိုက် သခင်မှာ သူ၏ လုပ်ဆောင်မှုအပေါ် မကျေမနပ် ဖြစ်နေခဲ့သည်။
ယခင်က အလုပ်ကိစ္စနှင့် ပတ်သက်လျှင် သူနှင့် ရဲတိုက် သခင်က တိုက်ရိုက် ဖုန်းပြောလေ့ ရှိသော်လည်း မကြာသေးသော ကာလက စပြီး ရဲတိုက်လေဒီမှ တဆင့်သာ ဆက်သွယ်ခဲ့ရသည်။
စုန့်ချင်းရှုက သူ့ကိုယ်သူ ယခုအခါတွင် အလွန် အန္တရာယ်များသော အခြေအနေသို့ ကျရောက်နေမှန်း သိသည်။
မော့အင်မော်တယ် ရဲတိုက်က တန်ဖိုးမရှိတော့ဟု ယူဆခံရသည့် လူတစ်ယောက် အတွက် ပုံမှန်အဆုံးသတ်မှာ သေခြင်းတရားပင်။
ဤနှစ်များ တစ်လျှောက်တွင် စုန့်ချင်းရှုက ဤတန်ဖိုးမရှိသောလူများကို ကိုင်တွယ်ဖြေရှင်းရန် ရဲတိုက်သခင်ကို ကူညီပေးခဲ့ရသည်။
တစ်နေ့နေ့တွင် သူကိုယ်တိုင် ထိုကံကြမ္မာမျိုး ကြုံရလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားမိပေ။
မော့အင်မော်တယ် ရဲတိုက်တွင် အရာအားလုံးက တန်ဖိုးရှိပြီး ခံစားချက်များ အတွက် နေရာမရှိပေ။
ရဲတိုက်သခင်က အရှုံးကို မုန်းတီးသည်။
စုန့်ချင်းရှုက တုန်တုန်ယင်ယင်ဖြင့် ရဲတိုက်လေဒီ ထံမှ မက်ဆေ့ချ်ကို ဖွင့်ဖတ်လိုက်သည်။
မက်ဆေ့ချ်ပါ အကြောင်းအရာမှာ အလွန်ရိုးရှင်းသည်။
သူမက "မော့အင်မော်တယ်ရေ" စမ်းသပ်မှုအကြောင်း မေးမြန်းနေခြင်း ဖြစ်၏။
ဤအရာက အခြေခံ တည်ဆောက်ခြင်း အဆင့် အထက်တန်း ကျောင်းသား သုံးဦးကို စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်စေခဲ့သော ဗီဇပြောင်းဆေး ဆိုလည်းမမှားပေ။
ဤအရာက သူ၏ နောက်ဆုံး အသက်ကယ်ပစ္စည်း ဖြစ်သည်ကို စုန့်ချင်းရှု ကောင်းကောင်း သိသည်။
မည်သို့ပင်ဖြစ်စေ ဤကိစ္စကို ပြီးပြည့်စုံစွာ ကိုင်တွယ်ရမည်ဟု သူ ကောင်းစွာ သိထားသည်။
စုန့်ချင်းရှုက ခဏမျှ တွေးတောပြီးနောက် မက်ဆေ့ချ် ပြန်ပို့လိုက်သည်။
"စိတ်ချပါ လေဒီ.. အရာအားလုံး စီစဉ်ပြီးပါပြီ.. မော့အင်မေယ်တယ်ရေကို ကြော်ငြာဖို့ အတွက် လူတွေကို စေလွှတ်ထားပြီးပါပြီ"
သူမက်ဆေ့ချ် ပို့ပြီး မကြာမီမှာပင် လေဒီထံမှ ပြန်စာ ရောက်ရှိလာသည်။
"ကောင်းပြီလေ.. ဒီတစ်ကြိမ်မှာတော့ ပိုမိုကောင်းမွန်တဲ့ မော့အင်မော်တယ်ရေ နဲ့ ဆိုတော့ ဘေးထွက်ဆိုးကျိုး နည်းပါးမှာပါ.. ဒါပေမယ့် လူသားတွေနဲ့ ဆက်လက် စမ်းသပ်ဖို့တော့ လိုအပ်နေပါသေးတယ်.. ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ ပြဿနာရှိတဲ့ ကျောင်းသား သုံးယောက်ကရော ဘယ်လို အခြေအနေရှိလဲ"
ခဏလောက် စဉ်းစားပြီးနောက် စုန့်ချင်းရှုက ဗုံးပစ်စီနီယာအင်မော်တယ်တို့ ကိစ္စကို ထိန်ချန်၍ ပြန်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့ လေဒီ.. ကျနော် သူတို့ မိသားစုတွေကို ပိုက်ဆံ အလုံအလောက် ပေးပြီး လိုအပ်သမျှ စီစဉ်ပေးထားပါတယ်.. သီးသန့် ဆေးရုံဝင်းထဲမှာ ထားထားတဲ့ ကျောင်းသားတွေက ဘာပြဿနာမှ မရှိပါဘူး"
သူ့စကားကိုကြားလျှင် လေဒီက ချက်ချင်း ပြန်ပြောလိုက်သည်။
"မင်းလုပ်သမျှကို ငါသိတယ်.. မနေ့က လူစိမ်းတွေ ဆေးရုံကို လာလည်ပြီး ကျောင်းသား သုံးယောက် အကြောင်း သိသွားခဲ့တယ်လို့ ငါကြားထားတယ်.. အဲဒါ အမှန်ပဲလား"
".........."
ဤမက်ဆေ့ချ်ကို မြင်သောအခါ စုန့်ချင်းရှုက အေးစက်သော ချွေးများ ကူကယ်ရာမဲ့စွာ ကျဆင်းလာသည်။
လေဒီက နောက်ထပ် မက်ဆေ့ချ်တစ်ခု ထပ်ပို့လိုက်သည်။
"မင်း စိတ်ပူနေဖို့ မလိုပါဘူး.. မီဒီယာပေါ် မရောက်သေးသရွေ့တော့ မင်းဘေးကင်းနေတုန်းပါပဲ.. မော့အင်မော်တယ်ရေ စမ်းသပ်မှု ပြီးပြည့်စုံစွာ အောင်မြင်ရင် မင်းရဲ့ အရင်က အမှားတွေကို လုံးလုံးလျားလျား ချေဖျက်ပေးမယ်"
စုန့်ချင်းရှု "ကျေးဇူးတင်ပါတယ် လေဒီ.. ငါကျောင်းတစ်ကျောင်းကို ဆက်သွယ်ပြီး မော့အင်မော်တယ်ရေကို ငါတို့ရဲ့ပညာရေး အဖွဲ့အစည်းအမည်နဲ့ ကြော်ငြာပြီးပါပြီ"
ရဲတိုက်လေဒီ "ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး.. ဒါနဲ့ ဒီကျောင်းရဲ့ နာမည်က ဘာလဲ.. အမှားအယွင်းတွေ ကင်းအောင် တစ်ယောက်ယောက်ကို အဲဒီကျောင်းနဲ့ ပတ်သက်ပြီး စုံစမ်းခိုင်းလိုက်မယ်"
စုန့်ချင်းရှု "အဲဒီကျောင်းက အမှတ် 60 အထက်တန်းကျောင်းပါ.. ဒီကျောင်းက ဖေးယန် ခရိုင်မှာ အမြင့်ဆုံး အထက်တန်းကျောင်း မဟုတ်တဲ့ အတွက် ပြဿနာ မဖြစ်လောက်ဘူးလို့ ထင်ပါတယ်"