← Chapters

မွန်းစတားများက ကြင်နာသော အသွင်အပြင်ရှိသည်

Vol. 11 Ch. 152

မွန်းစတားများက ကြင်နာသော အသွင်အပြင်ရှိသည်

Vol. 11 Ch. 152

စုန့်ချင်းရှုက အပြစ်ရှိသော အသိစိတ်ဖြင့် အိမ်တံခါးကို ကြည့်လိုက်သည်။

သူက ကျောက်သရဲ မျက်နှာဖုံးကို ရယူရန် ဤနေရာသို့ အကြိမ်ပေါင်းများစွာ လက်အောက်ငယ်သားများကို အင်အားသုံး စေလွှတ်ခဲ့သည်။

ယခုတော့ ဤအိမ်သားတွေ၏ စစ်မှန်သော ခွန်အားက သူတတ်စွမ်းနိုင်သည့်အရာ မဟုတ်မှန်း သူ အပြည့်အဝ နားလည်လာသည်။

ဤအိမ်မှ Long john တစ်စုံကပင် ရဲတိုက်လေဒီ၏ အရည်အချင်း ရှိသော လက်အောက်ငယ်သား အားကျိုးကို လွင့်ထွက်သွားစေခဲ့သည် မဟုတ်လော။

ဤကဲ့သို့ မှော်ရတနာ တစ်ခုကို ဖန်တီးနိုင်သည့် စီနီယာမှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာနေမလဲ ဆိုသည်ကို တွေးတော၍ပင် မဖြစ်နိုင်ချေ။

အဘိုးအိုက ရေတစ်ခွက်ကို ခပ်ကာ ကော်ဖီစားပွဲပေါ် တင်၍ စုန့်ချင်းရှုဆီသို့ တွန်းပို့လိုက်သည်။

"မင်း ငါ့ကို ပြောစရာရှိတယ် မဟုတ်လား"

အဘိုးအိုက အမြဲတမ်းလိုလို လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူ ဖြစ်သည်။

အထူးသဖြင့် သူပြုံးလိုက်သောအခါတွင် သူ့မျက်လုံးတစ်ဝိုက်ရှိ အရေးအကြောင်းများက တွန့်သွားပြီး အလွန် ကြင်နာတတ်သော အသွင်အပြင်ကို ဖြစ်ပေါ်စေသည်။

သို့သော် စုန့်ချင်းရှုက နည်းနည်းလေးမှ မပေါ့ဆရဲပေ။

အဘိုးအိုထံမှ ဝိညာဉ်စွမ်းအင် အနည်းငယ်ကိုမျှ သူ မခံစားရသော်လည်း "မွန်းစတားဆန်သောသူများက ကြင်နာတတ်သော အသွင်အပြင် ရှိသည်" ဟူသော ဆိုရိုးစကား တစ်ခု ရှိသည် မဟုတ်လော။

ဤစီနီယာက သူ့ကို တီးခေါက်နေတာ ဖြစ်နိုင်ပါသလော..

ပြီးတော့ ဤရေတစ်ခွက်..

သူသောက်သင့်သလား.. မသောက်သင့်ဘူးလား..

ဒါက စမ်းသပ်မှု တစ်ခုများ ဖြစ်နေမလား..

စုန့်ချင်းရှုက ရေဖန်ခွက်ကို စိုက်ကြည့်ရင်း အဆုံးမရှိသော အတွေးများ ဝင်ရောက်လာသည်။

ဤမြင်ကွင်းမျိုး တစ်ချိန်ကလည်း ဖြစ်ခဲ့ဖူးသည်။

ယင်းမှာ ဗုံးပစ်စီနီယာ အင်မော်တယ်က ဖိုးဖိုးဝမ် ပေးသော ဘရိုကိုလီကို စားသင့်မသင့် တွေဝေနေချိန် ဖြစ်၏။

ဝမ်မိသားစု အိမ်ငယ်လေးသို့ ရောက်လာပြီး ကတည်းက စုန့်ချင်းရှုမှာ အနည်းငယ် တုန်လှုပ်လာခဲ့သည်။

အကြောင်းတစ်ခုခုကြောင့် တစ်စုံတစ်ယောက်က သူ့ကို အနောက်ကနေ စိုက်ကြည့်နေသလို ခံစားနေရ၏။

ဤအိမ်ကြီးတွင် ဝိညာဥ် အခင်းအကျင်း တစ်ခုပင် မတပ်ဆင်ထားဘဲ သူ့ဝိညာဉ်စွမ်းအားကို အဘယ်ကြောင့် ထိန်းချုပ်ထားနိုင်မှန်း သူ နားမလည်ခဲ့ပေ။

ဆယ်မိနစ်လောက် စိတ်ငြိမ်အောင် ကြိုးစားပြီး နောက်တွင် အိမ်စာတွေကို ကူးယူ၍ ဖမ်းမိသည့် ကလေးတစ်ယောက်လို သူ့ကိုယ်သူ ခံစားခဲ့ရ၏။

အဆုံးသတ်တွင် စုန့်ချင်းရှုက ဖိုးဖိုးဝမ်ထံ ဝန်ခံခဲ့သည်။

သူက ဇာတ်လမ်း အစအဆုံးကို အိတ်သွန်ဖာမှောက် ပြောပြလိုက်၏။

ဖိုးဖိုးဝမ်က အသက်အရွယ်အရ တုံ့ပြန်ရန် နှေးကွေးခဲ့သည်။

သူက အဓိက အချက်တွေကို ကြိုးကြိုးစားစား ခွဲခြမ်းစိတ်ဖြာပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"အိုး ဒါဆို ဒီမျက်နှာဖုံးကို ဝယ်ချင်နေတာ မင်းလား.. ဒါပေမယ့် မျက်နှာဖုံးကို လဲ့လေးက ယူသွားခဲ့ပြီ"

"လဲ့လေး.. ဟုတ်လား"

စုန့်ချင်းရှုက သူ၏ လောကသုံးပါး အပေါ် အမြင် ပြောင်းပြန်လှန်သွားသလို ခံစားခဲ့ရသည်။

ယခုခေတ်တွင် သမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာကို မည်သို့သောလူက ဤကဲ့သို့ အတင့်ရဲပြီး ခေါ်ဝံ့ပါမည်နည်း။

စုန်းချင်းရှုက ချက်ချင်းပင် အဘိုးအိုကို ပို၍ ကြောက်ရွံ့လာခဲ့သည်။

သူ့အနေဖြင့် အဘိုးအိုထံမှ ဝိညာဉ်စွမ်းအင် တစ်စုံတစ်ရာကို အာရုံမခံစားနိုင်လျှင်ပင် ဤအဘိုးကြီးကို သူ့စိတ်ထဲတွင် စီနီယာလူကြီး တစ်ယောက် အဖြစ် အသိအမှတ်ပြုထားပြီးသား ဖြစ်သည်။

ထို့အပြင် ဤအဘိုးအိုက ရှေးခေတ်မှ ယခုခေတ်တိုင် တည်ရှိနေသည့် နာမည်ကျော် သက်ရှိ ရုပ်ကြွင်း စီနီယာ တစ်ယောက် ဆိုသည်ကို အနည်းငယ်မျှ သူ သံသယ မဝင်ရဲချေ။

"မင်းရဲ့သူဌေး အတွက် မျက်နှာဖုံးကို မဝယ်နိုင်လို့ မင်းရဲ့သူဌေးက မင်းကို လိုက်သတ်နေပြီ မဟုတ်လား"

အဘိုးအိုက သက်ပြင်းချ၍ ပြောလိုက်သည်။

"အခုခေတ် လူငယ်တွေ အတော် မိုက်မဲတယ်.. ဒါက မျက်နှာဖုံးတစ်ခုပဲလေ.. ဘာလို့ သတ်ပစ်ရလောက်တဲ့ အထိ ကြီးကြီးကျယ်ကျယ်တွေ လျောက်လုပ်နေရတာလဲ"

စုန့်ချင်းရှုကို ကူညီဖို့ သူ့အစွမ်းအစက မလုံလောက်ဟု အဘိုးအိုက ခံစားလိုက်ရသည်။

သူက ခဏလောက် စဉ်းစားလိုက်ပြီး ဝမ်လင်းကို အောက်ထပ်သို့ ခေါ်ဆောင်လာရန် ထွင်ထျန်းဟာ၏ တင်ပါးလေးကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်သည်။

ထွင်ထျန်းဟာက သူ၏ အိပ်စက်ခြင်းကို နှောင့်ယှက်ခံလိုက်ရသဖြင့် အနည်းငယ် စိတ်တိုသွားသည်။

စုန့်ချင်းရှုက ထူးဆန်းသော အရောင်အသွေး ရှိသည့် ထွင်ထျန်းဟာကို တအံတသြ ကြည့်လိုက်သည်။

သာမန် အိမ်မွေးတိရစ္ဆာန် တစ်ကောင်ဟု သူထင်ခဲ့သော ဤခွေးက အဘိုးအို၏ အကန်ခံရသောအခါ မထင်မှတ်ဘဲ ဒေါသတကြီး အမူအရာဖြင့် သူ့ကို ကြည့်နေခဲ့၏။

စုန့်ချင်းရှုက ဤအမူအရာမျိုး ယခင်က တစ်နေရာတွင် မြင်ဖူးသလို ခံစားခဲ့ရသည်။

ဤခွေးက သာမန်ခွေး မဟုတ်တာ သေချာ၏။

အကြောင်းတစ်ခုခုကြောင့် စုန့်ချင်းရှုက ခွေးနှင့် မျက်လုံးချင်းဆုံမိသည့် ခဏဝယ် ချောက်ကမ်းပါးထိပ်တွင် ရပ်နေသည့် နတ်ဆိုးဘုရင် တစ်ပါးကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုနတ်ဆိုးဘုရင်က စူးရှထက်မြက်သော မျက်လုံးများရှိပြီး အစွမ်းသတ္တိနှင့် ပြည့်စုံသည်။

သူ့လက်မှ စွမ်းအားလှိုင်းဖြင့် ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည်။

စုန့်ချင်းရှု အံ့အားသင့်သွားသည်။

[ဒါက ပုံရိပ်ယောင် တစ်ခုများလား]

အဘိုးအိုက ရှင်းပြလိုက်သည်။

"ခေါင်းဆောင်တွေက ကျောင်းကို လာရောက် လည်ပတ်မှာမို့လို့ ယာယီ ထိန်းသိမ်းထားပေးတဲ့ အနေနဲ့ ငါတို့ ဝမ်လင်းက ဒီခွေးလေးကို ကျောင်းကနေ အိမ်ကို ခေါ်လာခဲ့တာပါ.. ဒါပေမဲ့ ဒီခွေးလေးက အရမ်းသစ္စာရှိပြီး မွေးရတာလည်း အဆင်ပြေပါတယ်"

"ကျနော် နားလည်ပါပြီ."

စုန့်ချင်းရှုက အဘိုးအို၏ ရှင်းပြချက်ကို ကြားလျှင် သက်ပြင်းချလိုက်သည်။

"စီနီယာ ကျနော် အတင့်ရဲစွာ မေးပါရစေ.. ဝမ်လင်းက ဘယ်သူလဲ"

"ဝမ်လင်းက ငါ့မြေးပါ.. သူက အထက်တန်းကျောင်း တက်နေတာလေ"

{အထက်တန်းကျောင်း တက်နေတုန်းလား}

စုန့်ချင်းရှုက သူ၏ လောကအပေါ် အမြင်များ တစ်ဖန် ပြန်လည် ဆန်းသစ်လာသည်ဟု ခံစားမိလိုက်သည်။

"ဒီမိသားစုမှာ ဘာတွေဖြစ်နေတာလဲ"

စုန့်ချင်းရှု "စီနီယာရဲ့မြေးက ဘယ်ကျောင်းမှာ တက်တာလဲ"

ဖိုးဖိုးဝမ် " အမှတ် ၆၀ အထက်တန်းကျောင်း"

စုန့်ချင်းရှု "..............."

သာမန် အခြေအနေဆိုလျှင် အဘိုးအိုက သူ့မြေးအကြောင်းကို ပြောပြရန် စိတ်အား ထက်သန်နေလိမ့်မည်။

သို့ရာတွင် သူက ကျင့်ကြံသူများ ကြားရှိ ကိစ္စရပ်များတွင် ပါဝင် မပတ်သက်ချင်ခဲ့ပေ။

အဘိုးအိုက ဤနေရာတွင် ထိုင်ပြီး စုန့်ချင်းရှု၏ ရှည်လျားသော ဇာတ်လမ်းကို အချိန်အတော်ကြာ နားဆင်ပေးခဲ့သည်မှာ စာနာသော စိတ်ဓာတ် သက်သက်ကြောင့်သာ ဖြစ်သည်။

အကယ်၍ လင်မယား နှစ်ယောက် စကားများ ရန်ဖြစ်လျှင် ပိုင်ဝမ်ချင်းလို ဖျန်ဖြေသူအဖြစ် ဆောင်ရွက်နိုင်မည်ဟု အဘိုးအိုက တွေးထင်ခဲ့သော်လည်း ကျင့်ကြံခြင်းနှင့် ပတ်သက်လာသောအခါတွင် ဝမ်မိသားစုမှာ ဝမ်လင်းကိုသာ အားကိုးနိုင်ခဲ့သည်။

........................

ဒုတိယထပ်တွင် ရှိနေသည့် ဝမ်လင်းက ဖိုးဖိုးဝမ်ကို စုန့်ချင်းရှုပြောပြခဲ့သည့် ဇာတ်လမ်းအား အမှန်တကယ် ကြားသိခဲ့ပြီးပြီ ဖြစ်သည်။

စုန့်ချင်းရှုက မော့အင်မော်တယ် ရဲတိုက်၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံနေရပြီး နိုင်ငံရပ်ခြားကို ထွက်ပြေးသွားလျှင်ပင် ဘေးကင်းရန် မလုံလောက်သောကြောင့် ဝမ်မိသားစုထံ အကူအညီ တောင်းခံနေခြင်း ဖြစ်၏။

တကယ်တမ်းတွင် ဝမ်လင်းက ထိုကိစ္စကို လျစ်လျူရှုပြီး စုန့်ချင်းရှုကို ဂရုမစိုက်ဖို့ ဆုံးဖြတ်ချင်ခဲ့သည်။

ယင်းအချိန်မှာပင် သူ့မျက်ခွံတွေက ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့၏။

မျက်ခွံသတိပေးချက် မထွက်ပေါ်လာသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။

သူသာ ဤကိစ္စကို လျစ်လျူရှုထားခဲ့လျှင် မျက်ခွံ သတိပေးချက်အရ နောက်ဆက်တွဲ ဆိုးကျိုးတွေက ပိုဆိုးလာလိမ့်မည် မဟုတ်လော။

လေးလေးနက်နက် ဆင်ခြင်ပြီးနောက် ဝမ်လင်းက အောက်ထပ်သို့ ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။

သူက ညအိပ်ဝတ်စုံ ဖြစ်သည့် အဖြူရောင်ယုန် ဝတ်စုံကို ၀တ်ဆင်ထားသည်။

ချစ်စရာကောင်းပြီး ပျော့ပျောင်းသော ၀တ်စုံက သူ၏ မျက်နှာထက်မှ အေးစက်စက် မျက်နှာပေးနှင့် ပြတ်သားစွာ ခြားနားနေသည်။

ဝမ်လင်း အောက်ထပ်သို့ ဆင်းလာသောအခါ အဘိုးအိုက စုန့်ချင်းရှုကို ထားခဲ့ပြီး သူ၏ မူလနေရာ ဖြစ်သည့် တီဗီရှေ့သို့ပြန်သွားခဲ့သည်။

စုန့်ချင်းရှုက အနည်းငယ် စိတ်လှုပ်ရှားကာ အံ့သြနေသည်။

သူ၏ ကိစ္စကို အထက်တန်းကျောင်း တက်နေဆဲ ဖြစ်သည့် မြေးဖြစ်သူ အပေါ် လွှဲပေးလိုက်သော စီနီယာကြီး၏ ဆိုလိုရင်းကို သူ သိချင်နေခဲ့သည်။

ဝမ်လင်းက သူ့အသွင်အပြင်နှင့် လုံးဝ လိုက်ဖက်သော ညဝတ်အင်္ကျီ ၀တ်ထားသည်ကို မြင်လျှင် စုန့်ချင်းရှု လုံးဝကို အံ့အားသင့်သွားသည်။

အဘယ်ကြောင့်ဆိုသော် ဤလူငယ် ပြာဖြစ်သွားလျှင်ပင် သူက ဤလူငယ်၏ မျက်နှာကို ဘယ်သောအခါမှ မေ့မည် မဟုတ်သောကြောင့် ဖြစ်သည်။

ဤလူငယ်က ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဇိမ်ခံအိမ်တွင်တွေ့ခဲရသည့် အဖြူရောင်ဝတ် ချာတိတ်လေး ဖြစ်နေ၏။

ထိုချာတိတ်က ကျောက်သရဲ မျက်နှာဖုံးကို လုယက်ရန် ကြံစည်ခဲ့သော မဟာသူတော်စင်နှင့် ဒုတိယသူတော်စင်ကို သေစေခဲ့သူ ဖြစ်ကြောင်း ထင်ရှားနေသည်။

ဆိုရလျှင် ဤဆယ်ကျော်သက် ချာတိတ်လေးက မဟာသူတော်စင် နှင့် ဒုတိယသူတော်စင် တို့ကို သေဆုံးစေရုံသာမက တတိယသူတော်စင်ကိုပါ ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။

ထိုထက် အရေးကြီးသည်မှာ ထိုလူငယ်က ဗုံးပစ် စီနီယာ အင်မော်တယ်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခြင်းပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤဆယ်ကျော်သက်က သူ့ကို ဤအခြေအနေ အထိ ထိုးကျစေခဲ့သည့် လူတစ်ယောက် ဖြစ်၏။

အဆုံးသတ်တွင် ကံကြမ္မာစက်ဝိုင်းက တစ်ပတ် ပြန်လည်လာသည်။

သူ အကူအညီရရန် ရှာတွေ့ခဲ့သူက ဤဆယ်ကျော်သက် ချာတိတ်လေး ဖြစ်နေလိမ့်မည်ဟု စုန့်ချင်းရှု စိတ်ကူးပင် မယဥ်ခဲ့ဖူးပေ။

သူက ဤချာတိတ်လေး အပေါ် ဒေါသထွက်ရမည်လော။

သို့သော် ယခု သူ့အခြေအနေက ထွက်ပေါက်မဲ့နေပြီ ဖြစ်သည်။

ဤချာတိတ်က လွဲပြီး သူ့ကို ကူညီနိုင်သည့်သူ မရှိချေ။

ဘေးဘက်တွင် ရှိသည့် ထွင်ထျန်းဟာက စုန့်ချင်းရှုကို တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းကို တိတ်တဆိတ် ငုံ့ကာ သူ့ခြေသည်းများဖြင့် စုန့်ချင်းရှု၏ ခြေထောက်များကို ပွတ်သပ်ကာ နှစ်သိမ့်လိုက်သည်။

အလွန်တရာ ဒေါသထွက်နေသော အချိန်တွင် မျက်နှာပေါ်၌ အပြုံးတစ်ခု ဆင်မြန်းဖို့ ဆိုသည်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။

ထွင်ထျန်းဟာက ထိုခံစားချက်မျိုးကို နားအလည်ဆုံး ဖြစ်သည် မဟုတ်ပါလား။

All Chapters