← Chapters

အဝတ်လျှော် ဆပ်ပြာတစ်ထုပ်သာ လိုအပ်သည်

Vol. 11 Ch. 153

အဝတ်လျှော် ဆပ်ပြာတစ်ထုပ်သာ လိုအပ်သည်

Vol. 11 Ch. 153

ဝမ်လင်းက စုန့်ချင်းရှု၏ အကူအညီ တောင်းခံမှု ကိစ္စကို အကြံဥာဏ်ပေးရန် အတွက် ဝမ်ရှန်းဥယျာဥ်တွင် နေထိုင်သည့် ဗုံးပစ်စီနီယာ အင်မော်တယ်ကို ခေါ်လိုက်သည်။

မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် ဗုံးပစ် စီနီယာ အင်မော်တယ်က ချက်ချင်းပင် အရှိန်မြှင့်၍ လာခဲ့သည်။

ဝမ်မိသားစု၏ ပင်မ တံခါးပေါက်သို့ ရောက်ရန် ငါးမိနစ်ပင် မကြာလိုက်ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်က သုံးဘီးဆိုင်ကယ်ကို သူနှင့်အတူ ခေါ်သွားပြီးနောက် မှော်အတတ်ပညာကို ကျွမ်းကျင်သည့် ညီနောင် တစ်ဦးထံ ဆားဗစ် အပ်ပေးခဲ့သည်။

ဝမ်လင်းက သူ့ကို ရှာနေကြောင်း ကြားပြီးနောက်တွင် သူနှင့်အတူ သုံးဘီးဆိုင်ကယ်ကို တစ်ပါတည်း ယူဆောင်လာခဲ့ခြင်း ဖြစ်၏။

ယင်းအချိန်တွင် ဝမ်မိသားစု အိမ်ငယ်လေး၏ အိမ်ရှေ့တံခါးက အနည်းငယ် ဟသွားသည်ကို သူမြင်လိုက်ရသည်။

ဝမ်လင်းက လေထုဖိအားကို အသုံးပြုပြီး တံခါး ပွင့်ထွက်လာစေရန် လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်၏။

ထိုအချိန်တွင် စုန့်ချင်းရှု မြင်လိုက်ရသည်မှာ သမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာက အပြာရောင် ဇာဘောင်းဘီတိုနှင့် မီးခိုးရောင် ကုတ်အင်္ကျီကို ဝတ်ကာ ပန်းရောင်ဆံပင်ရှိသော ကလေးမလေး တစ်ဦးကို လက်ဆွဲ၍ အိမ်ထဲသို့ ဝင်လာသောမြင်ကွင်း ဖြစ်သည်။

ထိုကလေးမလေးက အသက်၆နှစ်ခန့်သာ ရှိသေးပုံရပြီး ဆံပင်ကို နောက်သို့သိမ်းကြုံး၍ စည်းထားကာ ခေါင်းပေါ်တွင် ဆံစ အထုံးလေးများ ဖြစ်အောင် ပြုလုပ်ထားသည်။

သူမက အိမ်ထဲသို့ ရောက်သည်နှင့် လှည့်ပတ်ကြည့်ရင်း မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ကလေးမလေးကို လက်ဆွဲလာသည်ကို သတိပြုမိလျှင် စုန့်ချင်းရှု၏ နှလုံးသားက ကူကယ်ရာမဲ့စွာ လှုပ်ရှားသွားခဲ့သည်။

ဤ သမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာတွင် သမီးတစ်ယောက် ရှိသည်ဟု သူတစ်ခါမျှ မကြားဖူးချေ။

သို့ဆိုလျှင် ဤကလေးမလေးက ဘယ်က လာပါသနည်း။

ဗုံးပစ်စီနီယာ အင်မော်တယ်က အိမ်ထဲကို ဝင်လာပြီးနောက် ယခုလက်ရှိ အကျော်ကြားဆုံး စီးရီး ဖြစ်သည့် "Please Give Me a Ride"ကို အရူးအမူး ကြည့်နေသည့် ဖိုးဖိုးဝမ်ကို တန်းမြင်လိုက်ရသည်။

သူက အဘိုးအိုကို မနှောင့်ယှက်ဝံ့သော်လည်း အိမ်သို့ပြန်ရောက်လျှင် ဤတီဗီစီးရီးကို အစအဆုံး ကြည့်မည်ဟု တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။

စီနီယာကြီး၏ လှုပ်ရှားမှုတိုင်းတွင် အကြောင်းရင်း တစ်ခုခု ရှိနေမည်မှာ သေချာနေသည် မဟုတ်လော။

သုံးဘီးဆိုင်ကယ်ကို ပြန်ယူလာပေးသော ဗုံးပစ်စီနီယာ အင်မော်တယ်က အဖြူရောင်ယုန် ဝတ်စုံ ဝတ်ဆင်ထားသည့် ဝမ်လင်းကို မြင်လျှင် ချက်ချင်းပင် ထိတ်လန့် အံ့သြသွားခဲ့သည်။

"ညီနောင်လင်း.. မင်း ဒီလိုမျိုး ဝတ်စားထားတော့ မင်းကိုယ်မင်း နည်းနည်းလေး ချစ်စရာ ကောင်းလာတယ်လို့မထင်ဘူးလား.. "

သူက လက်သီးဆုပ်ကာ ဂါရဝပြုလိုက်ပြီး အဖြူရောင် ယုန်ညဝတ်အင်္ကျီ ဝတ်ထားသည့် ဝမ်လင်းကို ပြောလိုက်သည်။

"ညီနောင်လင်း.. ငါ သုံးဘီးဆိုင်ကယ်ကို မင်းဆီ ပြန်ခေါ်လာခဲ့ပါပြီ.."

ဝမ်လင့်က ကလေးမလေးကို စိုက်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ကလေးမလေး၏ ခေါင်းကို ပွတ်သပ်လိုက်သည်။

"ညီနောင်လင်း ငါဆားဗစ် အပ်ထားပေးတာ အဆင်ပြေရဲ့လား"

ဝမ်လင်းက မေးစေ့ကို ပွတ်သပ်ရင်း ခေါင်းညိတ်လိုက်သည်။

ကလေးမလေး အသွင်ပြောင်းတာ ဒါပထမဆုံး အကြိမ် မဟုတ်သော်လည်း သူမ၏ ယခင်ပြောင်းလဲမှုများတွင် သူမ၏ အဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေက သုံးဘီးဆိုင်ကယ်ပေါ်က သံချေးတက်နေသည့် ဆေးသားတွေကြောင့် ကြေကွဲဖွယ် ကောင်းလွန်းနေသည်။

ယခု ဆားဗစ်သမားထံ၌ ပြုပြင်ထိန်းသိမ်းခံရပြီး နောက်တွင် သူမ၏ အသွင်ပြောင်းမှုက ပိုမို ကောင်းမွန်လာခဲ့၏။

ကလေးမလေးက ဗုံးပစ်စီနီယာ အင်မော်တယ်ကို လက်ညိုးထိုးပြကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ဒီဦးလေးက သမီးကို ဆေးသုတ်ပြီး ဖယောင်းဆီနဲ့ လိမ်းပေးဖို့ တစ်စုံတစ်ယောက်ဆီ အပ်ပေးခဲ့တယ်.. အဲဒါက တကယ်ကို ဇိမ်ခံလို့ ကောင်းတယ်"

ဗုံးပစ်စီနီယာအင်မော်တယ် "..........."

"............"

ဝမ်လင်းက သူမ၏ မှတ်ချက်ကို ကြားလျှင် အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။

.....................

စုန့်ချင်းရှု၏ ဇာတ်လမ်းတစ်ခုလုံးကို နားထောင်ပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က စုန့်ချင်းရှုကို ကြည့်ကာ ရယ်မောလိုက်သည်။

"အဲဒီတုန်းက ငါတို့ဆီက ကျောက်သရဲမျက်နှာဖုံး ရယူဖို့အတွက် အဲဒီလူတွေကို မင်းက စေလွှတ်ခဲ့တယ်.. အခု သူတို့တွေ မင်းကို စွန့်ပစ်လိုက်တော့ မင်းက ငါတို့ဆီ လာပြီး အကူအညီ တောင်းနေရတယ်.. ဒီနေ့လို ဖြစ်လာမယ်ဆိုတာ သိရင် ဘာလို့ အစကတည်းက မိုက်မဲတာတွေ လုပ်ခဲ့ရတာလဲ"

စုန့်ချင်းရှုက လေးနက် ခါးသီးသော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။

"လက်ရှိအခြေအနေအရ ငါ့မှာ တခြားရွေးစရာ မရှိဘူး.. ငါက စီနီယာတွေဆီကပဲ အကူအညီ တောင်းနိုင်တော့တယ်.. စီနီယာ နှစ်ယောက်လုံးက ငါ့ကို ကူညီပေးမယ် ဆိုရင် စီနီယာတို့ လိုချင်တာကို ရအောင် ငါကူညီပေးနိုင်ပါတယ်.."

"ဒါဆို အရင်နားထောင်ကြည့်မယ်လေ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ဆိုဖာပေါ် ထိုင်လိုက်ပြီး ကလေးမလေးကို နောက်ကနေ ပွေ့ကာ ဆိုဖာပေါ် ဆွဲတင်လိုက်သည်။

စုန့်ချင်းရှုက ဝမ်လင်းနှင့် ဗုံးပစ် စီနီယာ အင်မော်တယ် တို့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ကျောက်သရဲ မျက်နှာဖုံး ထုတ်လုပ်သူနဲ့ ပတ်သက်ပြီး စီနီယာတွေက သတင်း အချက်အလက်တွေ ရှာနေတာ ငါသိပါတယ်"

ထိုစကားကို ကြားလျှင် ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့၏ မျက်လုံးများက တောက်ပလာသည်။

"မင်းမှာ သဲလွန်စ ရှိတယ်လား"

စုန့်ချင်းရှုက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"အင်း"

ဤသတင်းက အစိမ်းရောင်ဂိုဏ်း၏ ခေါင်းဆောင်ကျိုးကျဲ့ကိုယ်တိုင် ပေးခဲ့သဖြင့် 90%ကျော် စိတ်ချရသည်။

တကယ်တမ်း သူ့၌ တောင်းဆိုစရာ အခွင့်အရေးမရှိမှန်း စုန့်ချင်းရှု ကောင်းကောင်းသိသည်။

ယနေ့ခေတ်တွင် ကျင့်ကြံသူများက မှတ်ဉာဏ်များကို ထုတ်ယူရန် နည်းလမ်းများစွာကို အသုံးပြုနိုင်ကြ၏။

ဤစီနီယာနှစ်ဦး၏ စွမ်းရည်ဖြင့်ဆိုလျှင် သူ၏မှတ်ဉာဏ်ကို ဖတ်ရှုရန် ပင်ပင်ပန်းပန်း အားစိုက်ထုတ်ရမည် မဟုတ်လောက်ပေ။

သို့ရာတွင် သူက မည်သူ့ကိုမှ မယုံကြည်ဘဲ သူသိထားသည့် အချက်အလက်ကို အတတ်နိုင်ဆုံး ကာကွယ်ထားခဲ့သည်။

ဝမ်မိသားစု အိမ်ငယ်လေးကို မရောက်ခင်ကတည်းက သူ၏ မှတ်ဉာဏ်ကို မှော်တန်ခိုးဖြင့် စည်းခတ်ထားခဲ့သည်။

စည်းခတ်ထားသည်ကို အတင်းအကျပ် ချိုးဖျက်လိုက်လျှင် မှတ်ဉာဏ်က လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်၏။

ဤအချက်အလက်က သူ၏ တစ်ခုတည်းသော အသက်ကယ်နည်းလမ်း ဖြစ်ကြောင်း သူကောင်းကောင်း သိသည်။

စီနီယာ ဝမ်လင်းထံတွင် သူ့မှတ်ဉာဏ်များကို ဖောက်ထွင်းဝင်ရောက်ရန် အခြားနည်းလမ်းများ ရှိ၊ မရှိ သူ မသိပေ။

သို့ရာတွင် ထိုစီနီယာက Longjohn တစ်စုံကို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူကိုပင် တန်ပြန်အားဖြင့် သ-တ်ပစ်နိုင်သည့် မှော်ရတနာအဖြစ် ပြောင်းလဲနိုင်သည်။

"မင်းရဲ့ကိုယ်ပိုင်မှတ်ဉာဏ်ကို ထိန်းသိမ်းဖို့ စည်းခတ်ထားတာကိုး.. မင်းက ဉာဏ်ပြေးသားပဲ"

စုန့်ချင်းရှုကို ကြည့်နေသည့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်ဝန်းများက အလင်းရောင်များ တဖျပ်ဖျပ် တောက်ပသွားသည်။

ဤသည်မှာ စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကောင်းကင်မျက်လုံး ဖြစ်သည်။

၎င်းက ဝမ်လင်း၏ မျက်လုံးထက် အဆပေါင်းများစွာ အားနည်းသော်လည်း သဲလွန်စများကို ရှာဖွေရန် မခက်ခဲပေ။

သို့ရာတွင် သူက စုန့်ချင်းရှု၏ စိတ်ဝိညာဉ်တွင် အမည်းရောင်အစက်အပြောက် တစ်ခုကို တွေ့ရှိလိုက်ရသဖြင့် ရုတ်တရက် တအံ့တသြ ဖြစ်ကာ မျက်မှောင်ကြုတ်သွားသည်။

"စိတ်ဝိညာဉ် အမှတ်အသား ပါလား"

သူယခင်က စိတ်ဝိညာဉ်အမှတ်အသား များစွာကို မြင်ဖူးသည်။

အမှတ်အသားက ပို၍ ဆိုးရွားလေ ၎င်း၏ အရောင်က ပို၍ရင့်လေ ဖြစ်၏။

ဥပမာအားဖြင့် စုန့်ချင်းရှု၏ စိတ်ဝိညာဉ် အမှတ်အသားက အနက်ရောင်ဖြစ်သော်လည်း အနက်ရောင်မှို အဖြစ်သို့ပင် ပြောင်းလဲနေပြီ ဖြစ်သည်။

စုန့်ချင်းရှုက ခေါင်းငုံ့ပြီး သက်ပြင်းချလိုက်သည်။

"မော့အင်မော်တယ်ရဲတိုက်မှာ အလုပ်လုပ်တဲ့ သူတိုင်းက ရဲတိုက်သခင်ရဲ့အမှတ်အသားကို သူတို့ရဲ့စိတ်ဝိညာဥ်တွေမှာတံဆိပ်ခတ်ခံထားရတယ်"

ထိုစကားကိုကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က မေးစေ့ကို ပွတ်သပ်ကာ အတွေးနယ်ချဲ့လိုက်သည်။

စိတ်ဝိညာဉ် အမှတ်အသားကို ဖယ်ရှားရန် နည်းလမ်းများစွာ ရှိသည်။

သို့သော် စုန့်ချင်းရှု၏ စိတ်ဝိညာဉ် အမှတ်အသားမှာ အလွန်နက်ရှိုင်းစွာ အမြစ်တွယ်နေ၏။

ယေဘယျအားဖြင့် သုံးသပ်ရလျှင် ဖယ်ရှားရန် ခဲယဉ်းလိမ့်မည် ဖြစ်သည်။

စုန့်ချင်းရှု၏ စိတ်ဝိညာဥ်နှင့် ချိတ်ဆက်ထားသည့် ဤအမှတ်အသားက လက်ရှိတွင် ချိန်ကိုက်ဗုံး တစ်လုံးလို ဖြစ်နေသည်။

သူက အသက်အန္တရာယ်ရှိရုံတင် မကဘဲ အဝေးကနေ အသက်နုတ်ယူခံရကိန်း ဆိုက်နေခဲ့၏။

"ညီနောင်လင်းမှာ ဒီစိတ်ဝိညာဉ် အမှတ်အသားကို ဖယ်ရှားဖို့ နည်းလမ်းရှိလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ဝမ်လင်းက ခေါင်းညိတ်၍ ထရပ်လိုက်ပြီး ဝမ်မိသားစု အိမ်ငယ်လေး၏ ပထမထပ် ရေချိုးခန်းထဲကို ဝင်သွားလိုက်သည်။

ထို့နောက် ဗီရိုတစ်ခုမှ အနီရောင် အထုပ် တစ်ထုပ်ကို ထုတ်ယူလိုက်သည်။

စုန့်ချင်းရှုနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့က ၎င်းတို့နှင့် အကျွမ်းတဝင် ရှိသည့် ထိုအထုပ်ကို မြင်လျှင် နှစ်ယောက်စလုံး အံသြသွားခဲ့ကြသည်။

"............."

ဗုံးပစ်စီနီယာ အင်မော်တယ် "ညီနောင်လင်း ဒါက ဘာလုပ်ဖို့လဲ"

ဝမ်လင်းက အနီရောင်အထုပ်ကို ဖောက်လိုက်သည်။

အိတ်အတွင်းရှိ အလွန့်အလွန် သေးငယ်သော အဖြူရောင် အစေ့အဆန်များကနေ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကျိုင်းကောင်များ ပတ်ဝန်းကျင်ကို လွှမ်းမိုးသလို ပျားရည်ရနံ့က ပတ်ဝန်းကျင် လေထုကို လွှမ်းခြုံသွားသည်။

ယင်းက ဝမ်လင်း ကောင်းချီးပေးထားသည့် အိုမို အဝတ်လျှော် ဆပ်ပြာထုပ်ပင် ဖြစ်၏။

......................

တစ်ချိန်တည်းမှာပင် အမျိုးသမီး တစ်ဦးက ဝမ်မိသားစု အိမ်ငယ်လေး၏ အပြင်ဘက်သို့ ချဉ်းကပ်လာသည်။

သူမက အနီရောင် ချောင်ဆမ် အင်္ကျီ နှင့် ဒေါက်ဖိနပ် တစ်စုံကို ဝတ်ဆင်ထားသည်။

သူမက စုန့်ချင်းရှု၏ စိတ်ဝိညာဉ်အမှတ်အသား တည်နေရာကိုခြေရာခံ၍ လိုက်လာခဲ့ရင်း ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

"ရှင်က ဒီနေရာမှာ ပုန်းနေတာကိုး.. ဟင်းဟင်း.. ရှင်ဒီမှာ ပုန်းနေတာကို သခင် မသိဘူးလို့များ ရှင်ထင်နေလား"

စုန့်ချင်းရှု၏ အော်ရာ အရှိန်အဝါကို ခြေရာခံနိုင်ခဲ့သောကြောင့် အမျိုးသမီးက ဝင့်ကြွားစွာ ရယ်မောလိုက်သည်။

"စုန့်ချင်းရှု.. အခုချက်ချင်း ထွက်လာပြီး လာအသေခံစမ်း...ရဲတိုက်လေဒီ အမိန့်နဲ့ အားကျိုး အတွက် လက်စားချေဖို့ ငါရောက်လာပြီ"

အမျိုးသမီးက ဒေါသတကြီး ကြွေးကြော်လိုက်သည်။

သို့ရာတွင် သူမ၏ ကြွေးကြော်မှုကို အိမ်ငယ်လေးထံမှ တစ်စုံတစ်ရာ အကြောင်း မပြန်လာခဲ့ချေ။

"စုန့်ချင်းရှု.. မင်းလိပ်တစ်ကောင်လို မင်းရဲ့အခွံထဲမှာ ဆက်ပုန်းနေဦးမယ်ဆိုရင် ငါကိုယ်တိုင် အိမ်ထဲ ဝင်လာရလိမ့်မယ်.. ငါဝင်လာရရင်တော့ ဒီအိမ်ထဲက ရှိသမျှ သက်ရှိတွေ အားလုံးကို အသက်ရှင်ခွင့် မပေးဘူးလို့ ငါကျိန်ဆိုတယ်"

အနီရောင် ချောင်ဆမ်အင်္ကျီ ၀တ်ထားသော အမျိုးသမီးက ဒေါသတကြီး ပြေးတက်လာသည်။

သူမက အိမ်ငယ်လေးကို တိုက်ခိုက်တော့မည့် ဆဲဆဲတွင် ဝမ်မိသားစု အိမ်ငယ်လေး၏ တံခါးက ပွင့်သွား၏။

အိမ်ထဲကနေ အဖြူရောင်ယုန် ညအိပ်ဝတ်စုံ ဝတ်ထားသည့်ဆယ်ကျော်သက် လူငယ်တစ်ဦးက ဖြည်းညင်းစွာ လှမ်းထွက်လာသည်။

All Chapters