← Chapters

ညစ်ညမ်းသော အမျိုးသမီး ကျင့်ကြံသူ

Vol. 11 Ch. 155

ညစ်ညမ်းသော အမျိုးသမီး ကျင့်ကြံသူ

Vol. 11 Ch. 155

အရာအားလုံးက လောလောဆယ်တွင် ပြီးဆုံးသွားသည်။

အားယိုက အသ-တ်ခံခဲ့ရပြီး စုန့်ချင်းရှုက လွယ်ကူစွာ အနားယူနိုင်ခဲ့သည်။

မော့အင်မော်တယ် ရဲတိုက်၏ လက်စားချေမှုက ယခုမှသာ အမှန်တကယ် စတင်သည်ဟု ဆိုရမည်။

သူကကအားကျိုးကို ဆိုးဆိုးရွားရွား ဒဏ်ရာရစေခဲ့သည့် အပြင် အားယိုကိုပါ သတ်လိုက်သောကြောင့် ရဲတိုက်လေဒီက သူ့ကို အလွယ်တကူ အလွှတ်ပေးတော့မည် မဟုတ်မှန်း စုန့်ချင်းရှု ကောင်းကောင်းသိသည်။

ဤဖြစ်ရပ် နောက်ပိုင်းတွင် ပိုအစွမ်းထက်သည့် လူသတ်သမားများ ပေါ်လာနိုင်သော်လည်း သူ့တွင် ကြောက်စရာ ဘာအကြောင်းမှ မရှိတော့ချေ။

အဆုံးသတ်တွင် သူက Long johnကို ပိုင်ဆိုင်ထားသော အမျိုးသားတစ်ဦး ဖြစ်သည် မဟုတ်ပါလော။

ထို့အပြင် သူ၏ စိတ်ဝိညာဉ် အမှတ်အသားကို စီနီယာဝမ်ကအိမ်သုံး အိုမိုအဝတ်လျှော် ဆပ်ပြာမှုန့်ဖြင့် ဆေးကြော သန့်စင်ပေးထားသောကြောင့် မော့အင်မော်တယ် ရဲတိုက် အနေဖြင့် သူ့ကို ရှာတွေ့ရန်မှာ မျှော်လင့်ထားသည်ထက် ပိုမို ခက်ခဲသွားပြီ ဖြစ်သည်။

"ငယ်ငယ်ကတည်းက မကောင်းတာ လုပ်ရင် ဘာတစ်ခုမှ အောင်အောင်မြင်မြင် မဖြစ်မြောက်ခဲ့ဘူး.. ဒီလိုမှန်း မြန်မြန်သိခဲ့ရင် အမှောင်ဘက်ထဲကို ဘယ်တော့မှ ရောက်ဖြစ်မှာ မဟုတ်လောက်ဘူး"

စုန့်ချင်းရှုက စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ခရမ်းရောင်အရည်အပြည့် ပါသည့် ပုလင်း တစ်လုံးကို ထုတ်ယူလိုက်သည်။

ယင်းက ခန္ဓာကိုယ်ကို ပျော်ဝင်စေသည့် အရည်ပုလင်း ဖြစ်သည်။

သူက ထိုအရည်တွေ အားလုံးကို အားယို၏ ခန္ဓာကိုယ်ပေါ် လောင်းချလိုက်သည်။

ညှော်နံ့များ ထွက်လာပြီး အားယို ခန္ဓာကိုယ်ပေါ်ရှိ အနီရဲရဲ ချောင်ဆမ်ဝတ်စုံက ပျက်စီးသွားခဲ့သည်။

ချောင်ဆမ်ဝတ်စုံက အင်မော်တယ် ချပ်ဝတ် ရတနာတစ်ခု ဖြစ်သော်လည်း ခန္ဓာကိုယ် ပျော်ဝင်စေသော အရည်များ၏ ပြင်းထန်သော အဆိပ်သင့် သက်ရောက်မှုများကို ခံနိုင်ရည် မရှိခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ ဤအရည်သည်လည်း အကန့်အသတ်တော့ ရှိပေသည်။

၎င်းက ချောင်ဆမ်ဝတ်စုံကို အက်စစ်လို စားသွားသော်လည်း ခန္ဓာကိုယ်ကမူ လုံးဝ နဂိုအတိုင်း ကျန်ရှိနေခဲ့သည်။

စုန့်ချင်းရှု အံ့ဩသွားသည်။

ခန္ဓာကိုယ် ပျော်ဝင်စေသော အရည်များက စိတ်ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူများ၏ အလောင်းများကို ချက်ချင်း ပြိုကွဲသွားစေနိုင်သော်လည်း စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ အတွက်မူ အသုံးမဝင်ပေ။

သေချာသည်မှာ စိတ်ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူများနှင့် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများက နယ်ပယ်အဆင့် တစ်ခုသာ ခြားနားနေသော်လည်း အလောင်းများ အကြား ကွာဟမှုက အလွန် ကြီးမားသည်။

စုန့်ချင်းရှုက စိတ်ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် နယ်ပယ်တွင် အချိန်အတော်ကြာ တစ်ဆို့နေခဲ့ရပုံကို တွေးရင်း နှလုံးသားထဲကနေ ငိုကြွေးဖို့ပင် မတတ်နိုင်ခဲ့ချေ။

"ခန္ဓာကိုယ်ကို ပျော်ဝင်စေတဲ့ အရည်တွေ ရှိသေးလား"

ထိုမြင်ကွင်းကို မြင်လျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။

စုန့်ချင်းရှုက ပုလင်းကို ထောင်ပြလိုက်သည်။

"တစ်ပုလင်းပဲ ကျန်တော့တယ်.."

"ငါ့ကိုပေးစမ်း"

ဗုံးပစ်စီနီယာ အင်မော်တယ်က စုန့်ချင်းရှုထံမှ ပုလင်းကို လှမ်းယူလိုက်ပြီး အဖုံးကိုဖွင့်ကာ အမှုန့်တချို့ကို ထည့်လိုက်သည်။

ထို့နောက် သမသွားအောင် ပုလင်းကို လှုပ်ရမ်းလိုက်၏။

စုန့်ချင်းရှု၏ မျက်နှာက အံ့သြမှုများဖြင့် ပြည့်နှက်သွားသည်။

"စီနီယာ.. ငါမေးလို့ရမလား.. အဲဒီအမှုန့်က ဘာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ် "ဒါက မင်းစီနီယာဝမ်ရဲ့ အိုမို အဝတ်လျှော် ဆပ်ပြာမှုန့်ပဲ"

စုန့်ချင်းရှု "............"

ဆပ်ပြာမှုန့်က ခန္ဓာကိုယ် ပျော်ဝင်စေသည့် အရည်တွင် လုံးလုံး ပျော်ဝင်သွားပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က ထိုအရည်ကို အားယို၏ အလောင်းပေါ် တဖန် လောင်းချလိုက်သည်။

အားယို၏ အလောင်းက ချက်ချင်းပင် လျင်မြန်စွာ အငွေ့ပျံသွားသည်။

ထို့အပြင် ညှော်နံ့က ပျောက်ကွယ်သွားပြီး ဆပ်ပြာရနံ့များဖြင့် သင်းကြိုင်နေ၏။

စုန့်ချင်းရှုက ဝမ်လင်းကို မလေးစားဘဲ မနေနိုင်တော့ချေ။

"စီနီယာယုန်ဖြူက တကယ်မိုက်တာပဲ"

"စီနီယာဝမ်.. စီနီယာတို့အိမ်ရဲ့ အိမ်သာ သန့်ရှင်းရေးဆေးကရော အလားတူ အကျိုးသက်ရောက်မှု ရှိလား"

"စီနီယာရဲ့ အိမ်သာ သန့်ရှင်းဆေးရည်က စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူကို တိုက်ရိုက် အဆိပ်သင့်နိုင်လား"

ဝမ်လင်း "..........."

လူသုံးယောက်က အားယို၏ အလောင်းနားတွင် မတ်တပ်ရပ်ပြီး လုံးဝ ပျောက်ကွယ်သွားသည် အထိ စောင့်ဆိုင်းနေကြသည်။

တစ်ချိန်တည်းမှာပင် အလောင်းဘေး၌ ဝိညာဉ် အလင်းတန်းများ ရုတ်တရက် လင်းထိန်သွားပြီး ပစ္စည်း အများအပြား ထွက်ပေါ်လာသည်။

ဤအရာများကို မူလက အားယိုနားကွင်းရှိ သိုလှောင်ခန်းတွင် ဝှက်ထားခဲ့သော်လည်း ခန္ဓာကိုယ် ပျော်ဝင်စေသည့် အရည်က သိုလှောင်ခန်း နေရာအား ပျက်စီးသွားစေပြီးနောက်၌ ဗီဒီယိုဂိမ်းများထဲတွင် တွေ့ရလေ့ရှိသည့် ပစ္စည်းများကဲ့သို့ ထိုအရာများက ထွက်ပေါ်လာခဲ့သည်။

လုပ်ကြံသတ်ဖြတ်ရေး တာဝန်ကြောင့် တန်ဖိုးကြီးမားသော ပစ္စည်းများကိုမူ အားယိုက အမှန်တကယ် ယူဆောင်လာခဲ့ပုံ မရချေ။

ပစ္စည်းများထဲတွင် ပုံသဏ္ဍာန် ထူးခြားသော အနက်ရောင် လက်နက် တစ်ခု ပါရှိနေသည်။

၎င်းက မှော်ဓားတစ်လက်နှင့် ဆင်တူသော်လည်း ကိုယ်ထည်ကို အနက်ရောင် အလုံး ခုနစ်လုံးဖြင့် ချိတ်ဆက်ထားသောကြောင့် အလွန်ထူးဆန်းသော အသွင်အပြင် ရှိနေ၏။

ထိုအနက်ရောင်ဓားကို ကိုင်ထားသည့် စုန့်ချင်းရှု၏ မျက်နှာပေါ်တွင် အံ့သြသော အရိပ်အယောင်များ ယှက်သန်းသွားသည်။

"အခုခေတ် စိတ်ဝိညာဥ် အဆင့် အမျိုးသမီးတွေက Vibrators(ကျဥ်စက်)တွေကို ဆောင်ထားတဲ့အထိ အရမ်းမိုက်နေပါလား"

ဝမ်လင်း"..........."

ယင်းအချိန်မှာပင် ဗုံးပစ်စီနီယာ အင်မော်တယ်က ထိုအရာကို အသိအမှတ်ပြုလိုက်သည်။

"ချီး..ဘာကျဥ်စက်လဲ.. ဒါက ကြယ်ခုနစ်ပွင့်ဓားဟ"

"ကြယ်ခုနစ်ပွင့်ဓားလား"

"စာအုပ်တစ်အုပ်မှာ တွေ့ဖူးတယ်.. အဲဒါဓားက ပထမတန်းစား သိဒ္ဓိလက်နက် ဖြစ်ပြီး ခရမ်းရွှေဘူးသီးခြောက် အရက်ဘူးနဲ့ ရွှေရောင်ကြိုးတို့နဲ့အတူ အင်မော်တယ်ကျန်းယွမ် အသုံးပြုတဲ့ မှော်အသုံးအဆောင် သုံးခုထဲက တစ်ခုပဲ.. ဒီလိုမျိုး ပစ္စည်းကို ဒီမိန်းမရဲ့ ကိုယ်ပေါ်မှာ တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး"

ဗုံးပစ်စီနီယာ အင်မော်တယ်က ရှင်းပြလိုက်သည်။

အင်မော်တယ် ကျန်းယွမ်လား..

ဤနာမည်ကိုကြားလျှင် စုန့်ချင်းရှုက ကူကယ်ရာမဲ့စွာဖြင့် သူ့လည်ပင်းကို လက်ဖြင့် စမ်းမိလိုက်သည်။

၎င်းက ဒဏ္ဍာရီလာ နတ်ဆိုးဧကရာဇ် ကွာဖီ နှင့် ခေတ်တူသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ဖြစ်သည်။

နတ်ဆိုးများ ကမ္ဘာခြားဂိတ်ကနေ ကမ္ဘာမြေပေါ်သို့ ပထမဆုံးအကြိမ် ရောက်လာသောအချိန်တွင် လူသား ကျင့်ကြံသူများက နတ်ဆိုးများ၏ ကျူးကျော်မှုကို ပြင်းပြင်းထန်ထန် ခုခံခဲ့ရ၏။

ထိုအချိန်က ကမ္ဘာခြားဂိတ်ကိုပိတ်ရန် နည်းလမ်းရှာခဲ့သူမှာ အင်မော်တယ် ကျန်းယွမ် ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးစေ့ကိုပွတ်သပ်ရင်း စဥ်းစားကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဒဏ္ဍာရီအရဆိုရင် ကြယ်ခုနစ်ပွင့်ဓားက တောင်တွေကို ရွေ့လျားနိုင်စွမ်းရှိပြီး ကမ္ဘာမြေကြီးရဲ့ ခွန်အားကို အသုံးချနိုင်တယ်"

စုန့်ချင်းရှု"ဒါဆို သူက ဘာလို့ အသုံးမပြုတာလဲ"

"ပထမတန်းစား သိဒ္ဓိလက်နက်က ထူးခြားတဲ့လက်နက်ပဲ.. စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေ အမြင့်ဆုံး ကိုင်ဆောင်နိုင်တဲ့ လက်နက်က စတုတ္ထအဆင့် သိဒ္ဓိလက်နက် ဒါမှမဟုတ် ပဥ္စမအဆင့် သိဒ္ဓိလက်နက် အထိပဲလေ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ရှင်းပြလိုက်သည်။

"ဒီမိန်းမက ဒီလိုဓားမျိုးကို ဘယ်လိုရခဲ့လည်း ဆိုတာ စဥ်းစားလို့ကို မရဘူး"

စကားစမြည် ပြောရင်း နှစ်ယောက်စလုံးက မြေပြင်ပေါ်ရှိ အခြားပစ္စည်းများကို ကြည့်လိုက်ကြသည်။

ထိုအထဲတွင် ကြယ်ခုနစ်ပွင့်ဓား အပြင် မရင်းနှီးသော ဆေးရည်များနှင့် ခရမ်းရောင်ဆေးရည် ပါသော ပုလင်းတစ်လုံးလည်း ရှိသေးသည်။

ဤခရမ်းရောင် ဆေးရည်က ခန္ဓာကိုယ်ကို ပျော်ဝင်စေသော အရည် ဖြစ်သည်။

အားယို၏ မူလအစီအစဉ်မှာ စုန့်ချင်းရှုကို ရှင်းရှင်းလင်းလင်း ကိုင်တွယ်ပြီးနောက် အလောင်းကို တိုက်ရိုက် ဖျက်ဆီးပစ်ရန် ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူမက မျှော်လင့်မထားသော အဆုံးသတ်ဖြင့် ကြုံဆုံခဲ့ရသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က အခြားပစ္စည်းများကို စိတ်မဝင်စားခဲ့ပေ။

သူက ကြယ်ခုနှစ်ပွင့်ဓားကိုသာ ကောက်ယူလိုက်ပြီး ဂရုတစိုက် ကြည့်လိုက်သည်။

ဤဓားက မမျှော်လင့်ဘဲ ရသော ဆုလဒ်ကြီးတစ်ခု ဖြစ်၏။

ဝမ်လင်းဆီက ခွင့်တောင်းပြီးနောက် သူက ထိုဓားကို သိုလှောင်အိတ်ထဲ ထည့်ရန် တွန့်ဆုတ်မနေခဲ့ပေ။

ဝမ်လင်းက ပထမတန်းစား သိဒ္ဓိလက်နက်ကို စိတ်မဝင်စားခဲ့ပေ။

ကမ္ဘာပေါ်တွင် သူ့ခန္ဓာကိုယ်ကို အန္တရာယ်ပေးနိုင်သည့် မှော်လက်နက်များက မရှိသလောက်ပင် ဖြစ်သည် မဟုတ်ပါလား။

သို့သော် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အရာများကြားတွင် ဝမ်လင်း၏ အာရုံကို ဆွဲဆောင်သွားသော အရာတစ်ခု ရှိနေခဲ့သည်။

ထိုအရာကို စုန့်ချင်းရှုနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့က လျစ်လျူရှုထားခဲ့၏။

ဝမ်လင်းက သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ထိုအရာဝတ္ထုက သူ့လက်ထဲကို တန်းတန်းမတ်မတ် ရောက်လာခဲ့သည်။

၎င်းက လက်ဖဝါးအရွယ် ကြေးပြား တစ်ခုဖြစ်ပြီး ဒင်္ဂါးပြားလောက်သာ အထူ ရှိသည်။

ကြေးပြားတွင် ကြာပန်း အမှတ်အသား ရေးထွင်းထားသောကြောင့် ၎င်းမှာ အားယို၏ ကိုယ်ပိုင် အမှတ်အသား သို့မဟုတ် သူမ၏ အဖွဲ့အစည်းကို ကိုယ်စားပြုသော အမှတ်အသားတစ်ခု ဖြစ်နိုင်သည်ဟု ဝမ်လင်းက ယူဆခဲ့သည်။

သူက ထိုကြေးပြားကို ကြည့်ရင်း အင်မော်တယ်စံအိမ်ကဟု ကြွေးကြော်ဖူးသော အားယိုကိုပင် သတိရမိသွားသည်။

၎င်းက အင်မော်တယ်စံအိမ်၏ အမှတ်အသား ဖြစ်နေမည်လော။

ဝမ်လင်းက ထိုအရာဟု တထစ်ချ မယူဆဝံ့ပေ။

အားယို သေဆုံးသွားသည်က နှမြောစရာကောင်းသည်။

စုန့်ချင်းရှုက သူမ၏ ဦးနှောက်ကို တိုက်ရိုက် ပေါက်ကွဲစေခဲ့သည်။

သို့မဟုတ်လျှင် ဝမ်လင်းက သူ၏ မှတ်ဉာဏ်ဖတ် စွမ်းရည်ဖြင့်သူမ၏ မှတ်ဉာဏ်ကနေ သဲလွန်စ ရှာဖွေနိုင်မည် ဖြစ်သည်။

စုန့်ချင်းရှုက ဝမ်လင်း၏ လက်ထဲမှကြေးပြားကို စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။

"အင်မော်တယ်စံအိမ်က ဘယ်လို အဖွဲ့အစည်းလည်း ဆိုတာ စီနီယာ နှစ်ယောက် သိလား"

"သေချာတာက ဒီအဖွဲ့အစည်းက မရိုးရှင်းဘူး"

ဝမ်လင်းက မျက်မှောင်ကြုတ်၍ ပြန်ဖြေလိုက်သည်။

သူ၏ ဆဌမ အာရုံက အမြဲမှန်ကန်သည်။

"အရင်က ဒီအဖွဲ့အစည်း အကြောင်း ငါကြားဖူးတယ်.. ငါ့အထင်တော့ ဒီမိန်းမဆီမှာ ကြယ်ခုနစ်ပွင့်ဓား ရှိနေရတဲ့ အကြောင်းရင်းက ဒီမိန်းမနဲ့ အင်မော်တယ် စံအိမ်က နီးနီးစပ်စပ် ပတ်သက်နေလို့ပဲ ဖြစ်ရမယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ပြောလိုက်သည်။

"ငါ ဒီကိစ္စကို အသေးစိတ် စုံစမ်းလိုက်ပါ့မယ်.. ဒါပေမယ့် ဒီမတိုင်ခင်မှာ ညီနောင်လင်းကို မေးစရာတစ်ခု ရှိတယ်.."

ဝမ်လင်း "............"

"ညီနောင်လင်းမှာ နောက်ထပ် long johnတွေ ရှိသေးလား.. မင်းရဲ့ ညီနောင်အနေနဲ့ ငါ့ကို နှစ်စုံလောက် ပေးထားလို့ရမလား"

".............."

All Chapters