← Chapters

ငါ ဒီလက်ဆောင်ကို မလိုချင်ဘူး

Vol. 11 Ch. 156

ငါ ဒီလက်ဆောင်ကို မလိုချင်ဘူး

Vol. 11 Ch. 156

စာသင်နှစ်၏ ခြောက်ပတ်မြောက် ဗုဒ္ဓဟူးနေ့မှာ ဇွန်လ ၂ ရက်နေ့ ဖြစ်သည်။

မနေ့ညက အလုပ်များသွားပြီးနောက်တွင် ဝမ်လင်းက အများကြီး စဉ်းစားခဲ့သည်။

စုန့်ချင်းရှုက သူတို့၏ ပေါင်ကို အတင်းပွေ့ဖက်ရန် အတွက် ကျောက်သရဲ မျက်နှာဖုံးကို အပေးအယူ လုပ်ရန် စျေးနှုန်း အဖြစ် အသုံးပြုခဲ့သည်။

ဝမ်လင်းက ဤအပြုအမူမျိုးကို အလွန် မုန်းတီးသည်။

တကယ်တမ်းတွင် သူက အစကတည်းက ငြင်းဆန်ချင်ခဲ့သည်။

သို့သော် သူ၏ မျက်ခွံသတိပေးချက်က ဤပြဿနာကို ပယ်ချလိုက်လျှင် ပြဿနာ ကြီးကြီးမားမား ဖြစ်လာမည်ဟု သတိပေးလာသည်။

ထို့ကြောင့် အဆုံးသတ်တွင် သူက ကူကယ်ရာမဲ့စွာဖြင့် စုန့်ချင်းရှုကို လက်ခံခဲ့ရသည်။

ဤအခြေအနေကို သူနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ရွေးချယ်မှုက အမြဲတစေ သူ့ကို အခက်အခဲ ဖြစ်စေသည်။

ဝမ်လင်း၏ တစ်ခုတည်းသော ရွေးချယ်မှုက အခြေအနေ ပိုဆိုးလာခြင်းမှ ကာကွယ်ရန်နှင့် ဆုံးရှုံးမှုများကို ဖြတ်တောက်ရန် ဖြစ်သည်။

ဤပြဿနာကို ဖြေရှင်းရင်း အင်မော်တယ် စံအိမ်နှင့် မထင်မှတ်ဘဲ ပတ်သက်မိခဲ့သည်။

ဝမ်လင်းက ဤအသေးအဖွဲ ကိစ္စရပ်များကို လေ့လာရန် လုံးဝ စိတ်မဝင်စားခဲ့ပေ။

သူက ကျင့်ကြံခြင်း လောကတွင် တည်ရှိနေသော အင်အားစုများနှင့် ပတ်သက်သည့် ဗဟုသုတမှာ အကန့်အသတ် ရှိသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ထိုအဖွဲ့အစည်းများ၏ အင်အားဖြန့်ကျက်ပုံ အကြောင်း သူ့ကို ရှင်းပြဖူးသည်။

ကျင့်ကြံခြင်း လောကရှိ အဖွဲ့အစည်းများက အလင်း နှင့် အမှောင် ဟူ၍ အင်အားစု နှစ်ခု ကွဲထွက်သွားသည်။

အလင်း အဖွဲ့အစည်းများက လိုင်စင်ရ အဖွဲ့အစည်းများ ဖြစ်ကြသည်။

၎င်းတို့က တပည့်လက်ခံခြင်းနှင့် ကျူရှင်ခ လက်ခံခြင်းများ အပြင် အမြတ်အစွန်း ရနိုင်စေရန်အတွက် ကျင့်ကြံခြင်း စိတ်ဝိညာဥ်မြက်များကို စိုက်ပျိုးကြသည်။

ဟုတ်ပါသည်။ အလင်းအဖွဲ့အစည်းများကို ဟွာရှို့အစိုးရ၏ ဗဟိုအာဏာစက်က အသိအမှတ်ပြုထားသဖြင့် ၎င်းတို့၏ အခြေအနေနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိသည်ဟု ဆိုရမည်။

မသင်မနေရ နိုင်ငံတော်ပညာရေးကို ပြီးဆုံးပြီးနောက် အနည်းဆုံး နှစ်တစ်ရာကျော် အမှီအခိုကင်းစွာ ကျင့်ကြံထားသည့် တပည့်များကိုသာ ဂိုဏ်းများက လက်ခံရသည်။

အခြေခံအဆင့်တွင် အစိုးရ ပညာရေးဌာနနှင့် အလင်း အဖွဲ့အစည်းများ အကြား အကျိုးစီးပွား ပဋိပက္ခမရှိပေ။

အမှောင်အင်အားစုများ အတွက်မူ စကားလုံးတစ်လုံးတည်းဖြင့် ခြုံငုံ၍ ပြောရလျှင် ၎င်းတို့မှာ လိုင်စင်မဲ့ဂိုဏ်းများသာ ဖြစ်သည်။

ယင်း အမှောင် အဖွဲ့အစည်းများကို ဟွာရှို့နိုင်ငံက ပြင်းပြင်းထန်ထန် နှိမ်နင်းပြီး ပြင်းထန်သော အပြစ်များပေးလေ့ ရှိသည်။

ကျင့်ကြံခြင်းဖိုရမ် နှင့် ကျင့်ကြံခြင်းချက်ဂရု အဖွဲ့၏ ပိုင်ရှင်အနေဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်က အလင်း အဖွဲ့အစည်း တစ်ခုချင်းစီနှင့် အဆက်အသွယ် ရှိသည်။

ထို့ကြောင့် သူအရင်က မကြားဖူးသည့် အဖွဲ့အစည်း ဆိုလျှင် အမှောင် အင်အားစုတွေထဲက တစ်ခုသာ ဖြစ်ရပေမည်။

အားကျိုးနှင့် အားယိုတို့ကို ရဲတိုက်လေဒီက အင်မော်တယ်စံအိမ်ကနေ ကြေးစားအဖြစ် ဌားရမ်းခဲ့သည်။

၎င်းတို့က အင်မော်တယ် စံအိမ်တွင် အရေးပါသော တည်ရှိမှုများ မဟုတ်ခဲ့ပေ။

သို့သော် ဤအရေးမပါသော ကြေးစားနှစ်ယောက်ကပင် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွင် ရှိနေသည်။

ထို့အပြင် ၎င်းတို့က ၎င်းတို့၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို မှော်လက်နက်များ အဖြစ် ပြုပြင်နိုင်ခဲ့ကြသည်။

လိုင်စင်မဲ့ အမှောင်အင်အားစု တစ်ခု အနေဖြင့် အင်မော်တယ်စံအိမ် နောက်ကွယ်ရှိ စွမ်းအားက အမှန်တကယ်ပင် နားမလည်နိုင်လောက်သော အင်အား ရှိနေသည်ဟု ဆိုနိုင်သည်။

မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပစ္စည်းများကို ဖြေရှင်းပြီးနောက် စုန့်ချင်းရှုက ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် အတူ ဝမ်ရှန်းဥယျာဥ် အိမ်ရာသို့ ပြန်သွားခဲ့သည်။

လက်ရှိတွင် ဤကိစ္စကို စုံစမ်းရန် သူက ဗုံးပစ်စီနီယာ အင်မော်တယ်၏ လက်ထောက်အဖြစ် ဆောင်ရွက်သွားတော့မည် ဖြစ်သည်။

တတိယ သူတော်စင် ပြီးနောက် သူက မော့အင်မော်တယ် ရဲတိုက်ကို သစ္စာဖောက်သည့် ဒုတိယလူ ဖြစ်လာခဲ့သည်။

သူတို့ ထွက်သွားပြီးနောက်တွင် ဝမ်လင်းက အချိန်ကို ကြည့်လိုက်သည်။

မနက်သုံးနာရီ ထိုးခါနီးနေပြီ ဖြစ်သော်လည်း သူ့တွင် မပြီးသေးသော လေ့ကျင့်ခန်းစာရွက် အနည်းငယ် ကျန်နေ၏။

သူ့အတွက် အကြီးမားဆုံး ခေါင်းကိုက်မှုမှာ ဆရာမဖန် ပြင်ဆင်သည့် ဤလေ့ကျင့်ခန်းများ၏ အကြောင်းအရာကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းထားခြင်း မရှိခြင်းပင်။

ဝမ်လင်းက အိမ်စာပြီးအောင် ကူညီရန် မွန်းစတား ဘောပင်နှင့် မှင်စာခဲဖျက်ကို အားကိုးခဲ့ရသော်လည်း သင်ခန်းစာ နားလည်အောင် ငါးမိနစ်၊ ခြောက်မိနစ်ခန့် အချိန်ယူခဲ့ရသည်။

ဆယ့်ခြောက်နှစ်အရွယ် ကလေးလေး တစ်ယောက် အနေဖြင့် သူ့စိတ်က တကယ်ကို ပင်ပန်းနွမ်းနယ်နေသည်။

.....................

ဝမ်လင်း နံနက်ပိုင်း အတန်းသို့ ရောက်ရှိလာသောအခါ ပထမဆုံးအကြိမ်အဖြစ် အိမ်စာ ကူးယူခြင်းကို မတွေ့ရှိခဲ့ရပေ။

တစ်ညလုံး အတူတူ ဂိမ်းအမြဲ ကစားကြသည့် ချန်းချောင်နှင့်ကော်ဟောက် တို့ပင် ၎င်းတို့၏ အိမ်စာများကို အချိန်မှန် ပြီးစီးခဲ့ကြသည်။

ပုံမှန်မဟုတ်သော အရာတစ်ခု ဖြစ်ခဲ့သည်မှာ သေချာသည်။

ထိုနှစ်ယောက် အကြောင်းကို ဝမ်လင်း သိသည်။

ဤကဲ့သို့ ရုတ်တရက် လုံ့လဝီရိယ ဖြစ်လာသည်ကပင် တစ်စုံတစ်ခု မှားယွင်းနေတာ သေချာနေသည် မဟုတ်လော။

ဝမ်လင်းက သူတို့၏ မှတ်ဉာဏ်တွေကို ဖတ်ရှုပြီး နောက်တွင် အကြောင်းရင်းကို သိသွားခဲ့သည်။

"ဒါဆို စွန်းရုံ ဒီနေ့ ကျောင်းမလာဘူးပေါ့"

အမှတ် ၆၀ အထက်တန်းကျောင်းမှ Grade 1 ကျောင်းသားများမှာ ယခုလလယ်တွင် စစ်ရေးလေ့ကျင့်မှု၌ ပါဝင်ကြမည်ဖြစ်ကြောင်း အမှတ် ၅၉ အထက်တန်းကျောင်းမှ ကြားသိရသောအခါတွင် ကျောင်းအုပ်ကြီး ၂ ဦးက ဆွေးနွေးပြီး စစ်ရေးလေ့ကျင့်မှုနှင့် အတူ စာသင်ကျောင်း နှစ်ကျောင်း အကြား ချစ်ကြည် ရင်းနှီးမှုကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် စွန်းရုံက အမှတ် ၅၉ အထက်တန်းကျောင်းသို့ ကျောင်းနှစ်ကျောင်းကြား ချိတ်ဆက်မှုကို မြှင့်တင်ပေးသည့်ကိုယ်စားလှယ် အဖြစ် သွားရောက်ခဲ့ရသည်။

အပြန်အလှန်အားဖြင့် အမှတ် ၅၉ အထက်တန်းကျောင်းမှလည်း ကျောင်းသားတစ်ဦးကို အမှတ် ၆၀ အထက်တန်းကျောင်းသို့ ကျောင်းနှစ်ကျောင်းကြား ယဉ်ကျေးမှု ကွဲပြားပုံကို တွေ့ကြုံခံစားနိုင်ရန် ကိုယ်စားလှယ် အဖြစ် စေလွှတ်မည် ဖြစ်သည်။

ကျောင်းအုပ်ကြီး နှစ်ဦးက ဤကိစ္စကို အခြားမည်သူ့ကိုမျှ တိုင်ပင်ခြင်း မရှိဘဲ ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချခဲ့သည်။

မနေ့ကမှ ဆရာများ အစည်းအဝေးတွင် အသိပေးခဲ့၍ ကျောင်းသားအများစုက ထိုကိစ္စကို မသိကြသေးချေ။

ကော်ဟောက်က အတန်းကိုယ်စားလှယ် တစ်ဦး အနေဖြင့် ဆရာများ ရုံးခန်းကို မကြာခဏဆိုသလို ဝင်ထွက်လေ့ရှိသောကြောင့်သာ ဤကိစ္စကို ဦးစွာ သိထားခဲ့ခြင်း ဖြစ်၏။

အထူးသဖြင့် ဤနှစ်ကောင် ယနေ့နံနက် အတန်းထဲတွင် အိမ်စာမကူးရသည့် အကြောင်းရင်းမှာ ဤကိစ္စကြောင့် ဖြစ်သည်။

အမှတ် ၅၉ အထက်တန်းကျောင်းမှ ကိုယ်စားလှယ် ကျောင်းသားသာ ၎င်းတို့ အိမ်စာ ကူးယူနေသည်ကို ဖမ်းမိခဲ့ရင် အရှက်ရစရာ ဖြစ်လာလိမ့်မည် မဟုတ်ပါလား။

"အမှတ် ၅၉ အထက်တန်းကျောင်းက ဘယ်သူ့ကို ပို့မှာလဲလို့ တွေးမိတယ်.."

ချန်းချောင်က စာသင်ခန်းတံခါးကို စိုက်ကြည့်ရင်း မေးစေ့ကို ပွတ်သပ်ကာ စိတ်ကူး အိပ်မက်ထဲက မင်းသမီးလေးကို စောင့်မျှော်နေသကဲ့သို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်။

အမှတ် ၅၉ အထက်တန်းကျောင်းတွင် စွန်းရုံကဲ့သို့ လမ်းသွားလမ်းလာတွေကိုပါ ညို့ယူနိုင်စွမ်းရှိသည့် သေစေလောက်သော ညို့ဓာတ်စက်ကွင်းကို ပိုင်ဆိုင်သော ကျောင်းသူများ မရှိပေ။

Grade 1 အခန်း၃မှ ကျောင်းသားများကမူ စွန်းရုံနှင့် အချိန်အတော်ကြာ ဆက်ဆံပြီးနောက် စွန်းရုံနှင့် ပတ်သက်ပြီး ပို၍ နားလည်လာသည်။

စွန်းရုံက သူတို့အတွက် ဝေးကွာလွန်းနေသည်။

သူမက သူတို့ အနေအထားဖြင့် လုံးဝ မျှော်လင့်ခွင့် မရှိသည့် မိန်းကလေးမျိုး ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းသူများမှာ သာမန် အလှမျိုးကိုသာ ပိုင်ဆိုင်ထားကြ၏။

ထိုကဲ့သို့ မိန်းမသားများကိုမူ သူတို့အနေဖြင့် မျှော်လင့်ခွင့်ရှိသေးသည် မဟုတ်ပါလော။

သိပ်မကြာခင်မှာပင် စင်္ကြန်ကို ဖြတ်လျှောက်လာသည့် ဆရာမဖန်၏ ခြေသံကို ကြားလိုက်ရသည်။

"အမှတ်၅၉ ကျောင်းက အလှလေး.. ဒီကိုရောက်လာတော့မယ်"

ကော်ဟောက်၏ မျက်ဝန်းများက အနည်းငယ် ကျုံ့သွားသည်။

အဝေးကနေ လှမ်းကြည့်လိုက်ရာ ဆရာမဖန်၏ ဘေးမှ အဝါရောင် အစက် နှစ်စက်ကို သူတွေ့လိုက်ရသည်။

"ဒါက အလဲအလှယ်အနေနဲ့ ရောက်လာတဲ့ ကျောင်းသားနှစ်ယောက်လား"

ဆရာမဖန်က စာသင်ခန်း တံခါးဝသို့ ရောက်သောအခါ ခေတ္တရပ်လိုက်ပြီး အမှတ် ၅၉အထက်တန်းကျောင်းမှ နှစ်ဦးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့.. ဒါက ငါတို့ကျောင်းရဲ့ လက်ရွေးစင် အတန်းပဲ.. ဒီအတန်းက ကျောင်းသားတွေက အရမ်းဖော်ရွေတယ်.. အခုကစလို့ စစ်ရေးလေ့ကျင့်ချိန် အထိ အမှတ် ၆၀ အထက်တန်းကျောင်းမှာ မင်းတို့ရဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချမယ်လို့ ဆရာမ မျှော်လင့်ပါတယ်"

ထို့နောက် ဆရာမဖန်က စာသင်ခန်းထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

သူမ နောက်ကနေ အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းသား နှစ်ဦး လိုက်ပါလာသည်။

ထိုကျောင်းသားနှစ်ဦးကိုမြင်လျှင် ချန်းချောင်နှင့် ကော်ဟောက်က ၎င်းတို့၏ စားပွဲများကို မှောက်လှန်လုနီးပါး ဖြစ်သွားသည်။

အလဲအလှယ် ရောက်လာသည်က သူတို့ထင်ထားသလို မဟုတ်ဘဲ ယောက်ျားလေး ကျောင်းသားနှစ်ဦး ဖြစ်နေခဲ့၏။

"သောက်-ချီး ငါတို့ အမှတ် ၆၀ အထက်တန်းကျောင်းက ငါတို့ကျောင်းရဲ့ ထိပ်တန်း အလှလေးကို အသုံးပြုခဲ့တာလေ.. ဘာလို့ ငါတို့က ဒီနှစ်ကောင်ကို အစား ပြန်ရရတာလဲ"

ဤကျောင်းသားနှစ်ယောက်က ၎င်းတို့၏ အသိအကျွမ်းဟောင်းများဟု သတ်မှတ်၍ရပြီး ဝမ်လင်းနှင့်ပင် ရင်းနှီးခဲ့ကြသည်။

ဆရာမဖန်က အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းသားနှစ်ဦးကို ဝမ်းသာအားရ မိတ်ဆက်ပေးလိုက်သည်။

"ကျောင်းသားတို့.. အမှတ်၅၉ ကျောင်းက ကိုယ်စားလှယ်တွေနဲ့ မိတ်ဆက်ပေးပါရစေ...ဘယ်ဘက်က ကျောင်းသားအမည်က ဟဲပီဖုန်း.. ညာဘက်က ကျောင်းသားအမည်က ထျန်ကျင်းဇီပါ.. သူတို့ကို လက်ခုပ်တီးပြီး ကြိုဆိုလိုက်ရအောင်

"ဖျောင်း.. ဖျောင်း.. ဖျောင်း..."

တခဏကြာ လက်ခုပ်တီးပြီးနောက် ကော်ဟောက်က ပြောလိုက်သည်။

"ဆရာမဖန်.. ဒီကျောင်းသားနှစ်ယောက်က ထိပ်တန်း ကျောင်းသားနဲ့လည်း မတူဘူး... အဆင်ပြေပါ့မလား"

"ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် ကျောင်းသား ဟဲပီဖုန်းက ကျောင်းစစ်ရေးလေ့ကျင့်မှုမှာ တစ်ခါမှ မပါဝင်ခဲ့ဖူးဘူး...ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်သွားမှာဖြစ်တယ်"

ဆရာမဖန်က မျက်မှန်ကို ပင့်တင်လိုက်သည်။

"ကျောင်းသူစွန်းရုံကို အမှတ် ၅၉ အထက်တန်းကျောင်းကို ပို့လိုက်တဲ့ အတွက် ကျောင်းအုပ်ကြီးကျင်းက ကျောင်းသား ဟဲပီဖုန်းနဲ့ မလုံလောက်ဘူးလို့ ခံစားမိခဲ့တယ်.. ဒါကြောင် ကျောင်းသား ထန်ကျင်းဇီကို သူနဲ့ အတူ စေလွှတ်ခဲ့တာပဲ.."

Grade 1 အခန်းသုံးက တိတ်ဆိတ် ငြိမ်သက်နေသည်။

ဆရာမဖန်၏ စကားအပေါ် အခြေခံ၍ သုံးသပ်ရလျှင် ဤနှစ်ကောင်က သုံးစား၍ မရသောသူများ ဖြစ်နေသည်။

ဝမ်လင်း ".........."

{ဒါက ဘယ်လိုချီးကျတဲ့ အလဲအလှယ်လဲ}

"ကျောင်းသား ထန်ကျင်းဇီရဲ့ အမှတ်တွေက အရမ်းကောင်းတယ်.. နားမလည်တာရှိရင် သူ့ကို သင်ပေးခိုင်းလို့ရတယ်"

ဆရာမဖန်က သူမ၏ လည်ချောင်းကို ရှင်းလိုက်ပြီး သူမနောက်ထပ် ပြောမည့် အကြောင်းအရာကို စဉ်းစားမိကာ မျက်နှာ အနည်းငယ် နီမြန်းသွားသည်။

"ဒါ့အပြင် ကျောင်းသား ဟဲပီဖုန်းက ငါတို့အတွက် လက်ဆောင်တစ်ခု ယူဆောင်လာခဲ့တယ်... နောက်ခြောက်လအတွင် သူတို့မိသားစုရဲ့ အမျိုးသားဆေးရုံကို လာပြလို့ရှိရင် အမှတ် ၆၀ အထက်တန်းကျောင်းက ကျောင်းသားအားလုံး 50% လျှော့စျေးကို ခံစားခွင့်ရမှာပါ.. ကျောင်းသား IDကို ပြလိုက်တာနဲ့ အမျိုးသား ဆေးရုံက အရေဖျားလှီးဖြတ်တဲ့ ကိစ္စကို 50%နဲ့ ဆောင်ရွက်ပေးပါလိမ့်မယ်"

"မိန်းကလေးတွေကရော"

လင်းရှောင်ယုက လက်ကို မြှောက်ကာ မေးလိုက်သည်။

ဆရာမဖန် "ကတုံးအခမဲ့တုံးပေးတယ်"

Grade 1 အခန်း3မှ လူတိုင်း "............."

"သမီး ဒီလက်ဆောင်ကို မလိုချင်ဘူး"

All Chapters