← Chapters

လေထဲက ကြီးမားသော လင်ဇီး

Vol. 11 Ch. 157

လေထဲက ကြီးမားသော လင်ဇီး

Vol. 11 Ch. 157

မြို့လယ်ခေါင်တွင် ခမ်းနားထည်ဝါသော အဆောက်အအုံတစ်ခု တည်ရှိနေသည်။

မော့အင်မော်တယ်ရဲတိုက်၏ အတွင်းရေးမှူးရုံးခန်း..

ရဲတိုက်လေဒီ၏ ရုံးခန်းသည် အပေါ်ဆုံးထပ်တွင် ရှိသည်။

ကြီးမားသော ပြင်သစ် ပြတင်းပေါက်များက မြို့၏ ခမ်းနားသော မြင်ကွင်းကို ပေးစွမ်းနေ၏။

အထူးသဖြင့် ညနေပိုင်းတွင် မြို့လယ်ခရိုင်ရှိ ညမီးများက လူတစ်ဦးကို လွမ်းဆွတ်ခံစားရစေနိုင်သည်။

နံနက်ရှစ်နာရီထိုးပြီ။

ဆံပင်ကို စုစည်း၍ သိမ်းတင်ထားသော အနက်ရောင် ခေတ်ဟောင်း ၀တ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ပြတင်းပေါက်ရှေ့တွင် ရပ်နေကာ မျက်မှောင်ကြုတ်၍ အပြင်ဘက်ကို ငေးကြည့်နေသည်။

ရုံးခန်းသို့ ရောက်သည်နှင့် သူမက သတင်းဆိုး တစ်ခုကို လက်ခံရရှိခဲ့သည်။

ယင်းမှာ သူမ လက်အောက်ငယ်သား အားယို၏ အသက်အမှတ်အသား ပျောက်ကွယ်သွားခြင်းကြောင့် ဖြစ်၏။

မော့အင်မော်တယ်ရဲတိုက်တွင် အလုပ်လုပ်နေသော လူတိုင်းက ရဲတိုက်သခင်၏ စိတ်ဝိညာဥ် အမှတ်အသား ပြုလုပ်ခြင်းကိုခံထားရသည်။

ထိုကဲ့သို့ စိတ်ဝိညာဥ် အမှတ်အသား ပြုလုပ်ခံရသူကို ထူးခြားသော အသက် ရှာဖွေရေး ကိရိယာကို အသုံးပြုပြီး အခြေအနေကို စောင့်ကြည့်၍ ရ၏။

စိတ်ဝိညာဥ် အမှတ်အသား ရုတ်တရက် ပျောက်ကွယ်သွားလျှင် စိတ်ဝိညာဥ် အမှတ်အသား သန့်စင်သွားသည် သို့မဟုတ် သေဆုံးသွားပြီဟု ဆိုလိုခြင်း ဖြစ်သည်။

ရဲတိုက်လေဒီက စုန့်ချင်းရှုကို လက်စားချေရန် အားယိုကိုကိုယ်တိုင် စေလွှတ်ခဲ့သဖြင့် အားယို၏ အစီအစဉ်ကို ကောင်းစွာ သိရှိခဲ့သည်။

အဆုံးသတ်တွင် စုန့်ချင်းရှုနှင့် အားယို၏ စိတ်ဝိညာဉ် အမှတ်အသားများက ပျောက်ကွယ်သွားခဲ့သည်။

စုန့်ချင်းရှု တစ်ယောက်ကြောင့် သူမ အားကိုးရသည့် ထိပ်တန်း လုပ်ကြံသူ နှစ်ယောက်ကို အမှန်တကယ် ဆုံးရှုံးခဲ့ရသည်။

ရဲတိုက်လေဒီက ဤရလဒ်ကို လက်ခံရန် ခက်ခဲနေ၏။

ထို့အပြင် စုန့်ချင်းရှုက အမှန်တကယ် သေဆုံးနေပြီဟု သူမ မယူဆဝံ့ပေ။

အသက် ရှာဖွေရေး ကိရိယာ၏ အဆိုအရ စုန့်ချင်းရှု၏ စိတ်ဝိညာဉ် အမှတ်တံဆိပ်က ပျောက်ကွယ်သွားသော်လည်း ဤလူက စိတ်ဝိညာဥ် အမှတ်အသား ဖယ်ရှားသည့် နည်းလမ်းကို ရှာတွေ့နိုင်ခြေ ရှိမရှိ သူတို့ မဆုံးဖြတ်နိုင်ပေ။

ထိုကိစ္စကို သူမ တွေးနေသောအချိန်တွင် ပြင်သစ်ပြတင်းပေါက်၏ ကြည်လင်သည့်မှန်က အုံ့ဆိုင်းသွားသည်။

ပြတင်းပေါက်တွင် ပေါ်လာသည့် အနက်ရောင် အရိပ်ကို မြင်လိုက်ရလျှင် အမျိုးသမီး၏ မျက်လုံးများက ပြူးကျယ်သွားပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့် ဦးညွှတ်လိုက်သည်။

"သခင်"

အနက်ရောင် အရိပ်၏ လေသံက ပဲ့တင်သံထပ်သလို ဖြစ်နေသည်။

"စုန့်ချင်းရှုရဲ့ စိတ်ဝိညာဉ် အမှတ်အသား ပျောက်ကွယ်သွားတာ ငါသတိထားမိတယ်.. သူသေသွားပြီလား"

ရဲတိုက်လေဒီက ခေါင်းငုံ့၍ လေးနက်စွာ ပြန်ဖြေလိုက်သည်။

"ကျမတို့ အဲဒါကို အတည်မပြုရသေးဘူး"

"ဒီတစ်ခါလည်း သစ္စာဖောက် တစ်ယောက်ကြောင့် ငါတို့ ထိပ်တန်း လုပ်ကြံသူ နှစ်ယောက် ဆုံးရှုံးခဲ့ရပြန်တယ်.. ဒါကို မင်းပြန်စဉ်းစားကြည့်ရမယ်.."

"ဟုတ်ကဲ့ သခင်"

အမျိုးသမီးက လက်သီးဆုပ်၍ အနက်ရောင်အရိပ်ကို ဂါရဝပြုလိုက်သည်။

"ဒီလက်အောက်ငယ်သားက အမှန်တရားကို အမြန်ဆုံးဖော်ထုတ်မှာပါ.. စုန့်ချင်းရှုသာ တကယ်ပဲ သေသွားခဲ့ရင် သူ့အသက် အမှတ်အသား ပျောက်ဆုံးသွားတဲ့ တည်နေရာပြ ကိုသြဒိနိတ်မှာ ခန္ဓာကိုယ်ပျော်ဝင်တဲ့ အရည်တွေရဲ့ အရိပ်အယောင် ရှာတွေ့နိုင်မှာပဲ.."

"တကယ်တော့ သူ့နောက်ကွယ်မှာ သူ့ကို ပံ့ပိုးပေးနေတဲ့ တစ်စုံတစ်ယောက် ရှိနေတယ်လို့ ငါ အမြဲသံသယရှိခဲ့တယ်.. မဟာသူတော်စင် နဲ့ ဒုတိယသူတော်စင် သေဆုံးမှုတွေအပြင် တတိယသူတော်စင် ရဲ့ သစ္စာဖောက်မှုတွေက ငါတို့အတွက် သတိပေးချက်တစ်ခုပဲ.. ဒီတစ်ခါတော့ သတိထားရမယ်.. အခုကစပြီး ငါ့ရဲ့ မော့အင်မော်တယ် ရဲတိုက်မှာ အမှားအယွင်းတွေကို ခွင့်မပြုတော့ဘူး..."

"ရဲတိုက်သခင် စိတ်ချပါ.. စုန့်ချင်းရှု နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတယ် ဆိုရင်တောင် မော့အင်မော်တယ်ရဲတိုက်ရဲ့ လက်ရှိ အခြေခံအုတ်မြစ်တွေကို ဘယ်သူကမှ ယိုင်နဲ့အောင် မလှုပ်ခတ်နိုင်ပါဘူး.. သခင်ရဲ့ ဘုန်းတန်ခိုးကြောင့် ကျောက်သရဲ မျက်နှာဖုံးကို ရှာတွေ့ပြီး ကမ္ဘာကြီးကိုသိမ်းပိုက်နိုင်သရွေ့တော့ ဒါက ကိစ္စလေး တစ်ခုပဲ ဖြစ်လာပါလိမ့်မယ်"

ရဲတိုက်သခင်က ခေါင်းညိတ်လိုက်သည်။

"ကျောက်သရဲ မျက်နှာဖုံးကိစ္စကို အမြန်ဆုံး ရှင်းရှင်းလင်းလင်း စုံစမ်းရမယ်"

ထိုအချိန်တွင် ပြင်သစ် ပြတင်းပေါက်နားမှ ရဲတိုက်သခင်၏ အနက်ရောင် အရိပ်က မမျှော်လင့်ဘဲ တုန်လှုပ်သွားပြီး "အမလေး"ဟု ရုတ်ခြည်း ထအော်လိုက်သည်။

ယင်းနောက်တွင် နှုတ်ဆက်စကားပင် မပြောဘဲ အရိပ်မည်းကြီးက ဘာမှမဖြစ်သလို ပျောက်ကွယ်သွားခဲ့၏။

ရဲတိုက်လေဒီ လုံးဝကို အံသြသွားသည်။

ရဲတိုက်သခင်က တိုက်ခိုက်ခြင်း ခံရပါသလော။

"သခင်.. သခင် အဆင်ပြေရဲ့လား"

ရဲတိုက်လေဒီက သူ့ကို နှစ်ကြိမ်တိုင်တိုင် ခေါ်ဖို့ ကြိုးစားခဲ့သည်။

ဆယ်စက္ကန့်ခန့် ကြာပြီးနောက် ပြင်သစ် ပြတင်းပေါက်တွင် အနက်ရောင်အရိပ်က တဖန် ပြန်ပေါ်လာပြီး ရဲတိုက်သခင်၏ အသံကို ထပ်မံ ကြားလိုက်ရသည်။

"ငါ ဘာမှမဖြစ်ပါဘူး.. မတော်တဆမှုလေး နည်းနည်းလောက်ဖြစ်သွားရုံပါပဲ.. ငါ့ရဲ့ တာဝေးပစ် ပရိုဂျက်တာက ဘက်ထရီကုန်သွားပြီလေ.. အသစ်စက်စက် ဆိုတော့ မနေ့ညက အားသွင်းဖို့ကိုတောင် မေ့သွားခဲ့တယ်.. အားသွင်းဖို့လုပ်ရင်း ဘောင်းဘီပေါ် ကော်ဖီ ဖိတ်ကျသွားခဲ့တယ်.. ကံကောင်းတာ ငါ့ဘောင်းဘီက ရေစိုခံတယ်လေ"

အမျိုးသမီး "..........."

......................

အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ကျင်း နှင့် အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ချန်းတို့၏ ဆက်ဆံရေးကို တွေးတောကြည့်လျှင် ၎င်းတို့နှစ်ဦးစလုံးမှာ ဂိုဏ်းတစ်ခုတည်းမှ ထွက်သည့် ဂိုဏ်းတူများ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ၎င်းတို့၏ ကျောင်းသားများက အချင်းချင်း ပြိုင်ဆိုင်မှု ပြင်းထန်လာကြသည်။

သို့သော် နောက်ဆုံးကျင်းပခဲ့သည့် ဝိညာဉ်ဓား ဖလှယ်ပွဲ ပြီးကတည်းက ကျောင်းနှစ်ကျောင်း ကြား ဆက်ဆံရေးမှာ သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့သည်။

ဟဲပီဖုန်းနှင့် ထျန်ကျင်းဇီကို နောက်တစ်ကြိမ် ထပ်တွေ့ရသဖြင့် ဝမ်လင်းက အလွန် ထူးဆန်းသလို ခံစားခဲ့ရသည်။

အမှတ် ၅၉ အထက်တန်းကျောင်းမှ စေလွှတ်လိုက်သည့် နှစ်ယောက်တွင် တစ်ယောက်မှာ ကြောက်စရာကောင်းသော စီနီယာဟဲပီဖုန်း ဖြစ်ပြီး နောက်တစ်ယောက်မှာ တခြားသူတွေကို အပြစ်ရှာတတ်သည့် ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်သည်။

လေးရက်ကြာ ဝိညာဉ်ဓားဖလှယ်ပွဲ ပြီးသွားသည့် နောက်တွင် သူတို့နှစ်ဦးစလုံး၏ မကောင်းသော စိတ်သဘောထားများက ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်မှစ၍ သူတို့က ကျင့်ကြံခြင်း၏ အခြေခံတန်ဖိုးများကို လေးစားလိုက်နာခဲ့ကြ၏။

နံနက်ပိုင်း ပထမဆုံး အတန်းချိန်မှာ ဆရာမဖန်၏ တာအိုအဆောင်လက်ဖွဲ့ အတန်း ဖြစ်သည်။

ကျောင်းနှစ်ကျောင်းလုံး၏ သင်ရိုးညွှမ်းတန်းက အတူတူပင်။

ထန်ကျင်းဇီက ဘွဲ့ရတော့မည့် စီနီယာတစ်ဦးဖြစ်သလို ဟဲပီဖုန်းကလည်း နှစ်ကြီးကျောင်းသားတစ်ဦး ဖြစ်နေ၍ သင်ရိုးများကို ကောင်းစွာ နားလည်သည်။

"ရက်သတ္တပတ် အနည်းငယ်ကြာ လေ့လာပြီးနောက်မှာ လူတိုင်းက အဓိက အဆောင်လက်ဖွဲ့ လေးမျိုးကို နားလည်သဘောပေါက်ကြပြီလို့ ငါယုံကြည်ပါတယ်.. ဒီနေ့ငါသင်ပြမှာက စိတ်ငြိမ် အဆောင်လက်ဖွဲ့ ဖန်တီးတဲ့ နည်းလမ်းပဲ "

စာသင်ခန်းတစ်ခုလုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ဆရာမဖန်က သင်ရိုးညွှန်းတမ်းတွင် မပါသည့် ပြင်ပအရာတွေကို ထပ်မံသင်ကြားတော့မည်ဟု လူတိုင်း သိလိုက်ကြသည်။

ဆရာမဖန်၏ စကားကိုကြားလျှင် ဝမ်လင်းပင် မျက်ခုံးပင့် မိသွားသည်။

စိတ်ငြိမ် အဆောင်လက်ဖွဲ့က ဖန်တီးသူ၏ စိတ်ထဲမှသိမ်းဆည်းထားသည့်အရာများနှင့် သက်ဆိုင်သည့်အရာကို လေထုထဲတွင် ပုံဖော်ပေးနိုင်သည့်အပြင် ဉာဏ်အလင်းရရှိစေရန် အနာဂတ်တွင် ကူညီပေးနိုင်သည်။

သို့သော် ဤတာအိုအဆောင် ရေးဆွဲမှုမှာ ခက်ခဲမှု အတိုင်းအတာ မြင့်မားခြင်းကြောင့် အောင်မြင်ရန် အခွင့်အရေး အလွန်ပင် နည်းပါးသည်။

ရေးသားသော စုတ်ချက် အနည်းငယ် ကွာခြားသွားသည်နှင့်တာအို အဆောင်က ပျက်စီးသွားနိုင်ပေသည်။

အမှတ် ၅၉ အထက်တန်းကျောင်းမှ စီနီယာ ထျန်ကျင်းဇီပင် အဝါရောင် စက္ကူစာရွက် များစွာကို ဖြုန်းတီးမိခဲ့၍ မျက်မှောင်ကြုတ်နေခဲ့သည်။

"ဒါက အရမ်းခက်တယ်"

သို့သော် ကော်ဟောက်၏ ကြိုးပမ်းမှုက မရည်ရွယ်ဘဲ ထမြောက် အောင်မြင်သွားပြီး စားပွဲပေါ်ရှိ အဝါရောင် အဆောင်လက်ဖွဲ့က ရုတ်ချည်း အသက်ဝင်လာသည်။

ကော်ဟောက်က လေထဲ လွင့်နေသော အဝါရောင် အဆောင်လက်ဖွဲ့ကို မယုံနိုင်စွာ ငေးကြည့်နေမိသည်။

"ဒါက ငါလုပ်ခဲ့တာလား"

အားလုံး၏ မျက်လုံးတွေက လေထဲမှ အဆောင်လက်ဖွဲ့ကို စိုက်ကြည့်နေကြ၏။

တခဏအကြာတွင် လေထဲ၌ မှုန်ဝါးဝါး ပုံရိပ်တစ်ခု ပေါ်လာသည်။

"ဒါက ဘာလဲဟ"

လင်းရှောင်ယုက ပေါ်လာသည့် အရာဝတ္ထုကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

ထိုအရာက အစွန်းနှစ်ဖက်စလုံးတွင် ဦးခေါင်းပါသော မှိုမှိုနှင့်တူသည်။

အပေါ်ပိုင်းက ပါးစပ်ပုံသဏ္ဍာန်ရှိပြီး အောက်ခြေတွင် အပေါက်ငယ်တစ်ခု ရှိသည်။

ထိုအရာဝတ္ထုကက ကြွေရောင်ကဲ့သို့ တလက်လက် တောက်ပနေ၏။

"..........."

ထိုအရာကိုမြင်သောအခါ ကျောင်းသားအားလုံးက ချက်ချင်းပင် အံ့အားသင့်သွားကြသည်။

ကော်ဟောက်က ချောင်းဟန့်လိုက်သည်။

"ထိုက်စွေမှိုကို ကြားဖူးတယ် မလား.. ဒါက ငါတို့မိသားစုရဲ့ ဘိုးဘွားပိုင် လင်ဇီးပဲ"

ဝမ်လင်း "............."

{ငါ မင်းစကားကို ယီးတောင် မယုံနိုင်ဘူး}

All Chapters