← Chapters

ထွင်ထျန်းဟာက ယနေ့တွင် တစ်ရာ့ရှစ်ဆယ် စင်တီမီတာ မြင့်လာသည်

Vol. 11 Ch. 160

ထွင်ထျန်းဟာက ယနေ့တွင် တစ်ရာ့ရှစ်ဆယ် စင်တီမီတာ မြင့်လာသည်

Vol. 11 Ch. 160

အရှေ့ဟွမ်လမ်း ဧရိယာက တန်ဖိုးနည်းပြီး မဖွံ့ဖြိုးသေးသော နယ်မြေ ဖြစ်သည်။

မြို့တွင်းသို့ ကုန်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ကားများမှ လွဲ၍ ဤနေရာ၌ ကားအနည်းအကျဉ်းသာ ဖြတ်သန်း သွားလာလေ့ ရှိသည်။

ထို့ကြောင့် ဤနေရာက်ု "တောရိုင်းတောင်တန်းနယ်မြေ" ဟူ၍ အမှန်ပင် ဖော်ပြနိုင်သည်။

၀တ်စုံဝတ် လူနှစ်ယောက်က အိမ်ငယ်လေး တစ်လုံးကို တွေ့လိုက်သောအခါ အနည်းငယ် အံ့သြရုံသာမက ထူးဆန်းသလို ခံစားလိုက်ရသည်။

အစိုးရက အိမ်ရာစီမံကိန်းကို အင်တိုက်အားတိုက် ဖော်ဆောင်ပြီးနောက် အိမ်စျေးများက စျေးမတက်လာတော့ပေ။

ကာယလုပ်သားများ ပင်လျှင် ၎င်းတို့၏ လစာဖြင့်ယွမ်၁၀၀တန် အိမ်ကို ဝယ်နိုင်ကြသည်။

နေရာ မလုံလောက်လျှင်လည်း နေရာလွတ်ချဲ့ထွင်သည့်နည်းစနစ်ကို ဆောက်လုပ်ရေး လုပ်သားများအား ခိုင်းစေ၍ရနိုင်သည်။

နည်းပညာက တော်တော်လေး တိုးတက်လာပြီ ဖြစ်သည်။

ဤမိသားစုက မည်သို့သော မိသားစုနည်း။

ဝတ်စုံဝတ်ထားသော လူနှစ်ယောက်က နှလုံးသားထဲတွင် ထူးဆန်းသလို ခံစားလိုက်ရသော်လည်း ရဲတိုက်လေဒီ အမိန့်ပေးပြီးသားမို့ နာခံဖို့သာ တတ်နိုင်ခဲ့သည်။

နှစ်ဦးစလုံးက မမြင်နိုင်သော အဆောင်လက်ဖွဲ့များကို ကိုယ်ပေါ်တွင် ချိတ်ဆွဲထား၏။

သူတို့၏ ခန္ဓာကိုယ်ကို မည်သူမှ လုံးဝ ရှင်းရှင်းလင်းလင်း မြင်ရမည် မဟုတ်ပေ။

မမြင်နိုင်သော အဆောင်လက်ဖွဲ့က လူတစ်ဦးအား မမြင်နိုင်စေရန်နှင့် အရှိန်အဝါကို ဖုံးကွယ်ထားနိုင်သည်။

စင်စစ် ထိုအဆောင်လက်ဖွဲ့ အသုံးပြုခြင်းကို ဟွာရှို့နိုင်ငံက အမှန်တကယ် တားမြစ်ထားသည်။

အချို့သော အစိုးရ ရုံးခွဲများကိုသာ အသုံးပြုခွင့် အကန့်အသတ်ဖြင့် ပေးထားသည်။

သူတို့နှစ်ဦး အသုံးပြုနေသည့် အဆောင်လက်ဖွဲ့ကို မော့အင်မော်တယ်ရဲတိုက်က သီးသန့် ဖန်တီးပေးထားခြင်း ဖြစ်၏။

ယင်းမှာ ဥပဒေ ချိုးဖောက်မှု ဖြစ်ပြီး ဖမ်းမိလျှင် ကြီးလေးသော ပြစ်ဒဏ်ကို ချက်ချင်း ချမှတ်ခံရနိုင်သည်။

အိမ်ငယ်လေး၏ ဝင်ပေါက်နှင့် နီးကပ်လာသည်နှင့် အမျှ ၎င်းတို့က အံ့အားသင့်လာသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဝိညာဉ်အာရုံများဖြင့် စူးစမ်းလေ့လာပြီးနောက် ဗီလာအတွင်း၌ မည်သည့် ဝိညာဉ်စွမ်းအင်ကိုမျှ မတွေ့နိုင်ခဲ့သောကြောင့် ဖြစ်သည်။

"ဒါက သာမန်မိသားစုပဲလား"

နှစ်ယောက်စလုံး အနည်းငယ် စိတ်ရှုပ်သွားသည်။

မည်သို့ပင်ဖြစ်စေ သာမန်မိသားစု ဖြစ်သောကြောင့် သူတို့အတွက် ပို၍ လွယ်ကူသွားပြီ ဖြစ်သည်။

"ဒုတိယထပ်က ပြတင်းပေါက်က ပွင့်နေတယ်.. အဲဒီ အထပ်ကို အရင်စစ်ကြည့်ကြရအောင်"

နှစ်ယောက်သား ဆွေးနွေးပြီးနောက် ပြတင်းပေါက်ဆီသို့ ပေါ့ပါးစွာ ခုန်တက်လိုက်ကြသည်။

ဝမ်လင်း၏ အိပ်ခန်းက တော်တော်လေး ကျယ်သည်။

အခန်းထဲကို တစ်ယောက်ပြီး တစ်ယောက် ရောက်လာပြီးနောက်တွင် တစ်ခန်းလုံးကို လှည့်ပတ်ကြည့်လိုက်သည်။

အစိမ်းရင့်ရောင် အမြီးတစ်ချောင်း..

အလွန် ထူထဲပြီး လုံးပတ်ကြီးသော အမြီးတစ်ချောင်းက မျက်နှာကျက်ကနေ ရုတ်တရက် ပြုတ်ကျလာသည်။

ဝတ်စုံဝတ် လူနှစ်ယောက်က ချက်ချင်း လန့်ဖျပ်သွားပြီး အနောက်သို့ ကပျာကယာ ခုန်ဆုတ်လိုက်မိသည်။

တစ်ချိန်တည်းမှာပင် မျက်နှာကျက်ကနေ ဇောက်ထိုးကျလာသည့် အစိမ်းရောင် ခွေးတစ်ကောင်က သူတို့နှစ်ဦးကို ဒေါသတကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဤခွေးက အိမ်ငယ်လေး ဝင်ပေါက်တွင် တွေ့ရသည့် ခွေး ဖြစ်သည်။

လူနှစ်ယောက်က တစ်ချက်ကြည့်လိုက်သည်နှင့် ဤခွေးကို မှတ်မိလိုက်ပြီး တစ်စုံတစ်ရာ လွဲမှားနေပြီဟု ခံစားမိလိုက်သည်။

သူတို့၏ ထင်မြင်ချက်က မမှားပေ။

တစ်ချက်ကြည့်ရုံဖြင့် ဤခွေးက သာမန် မဟုတ်ကြောင်း မည်သူမဆို သိနိုင်သည်။

တကယ်တမ်း သူတို့နှစ်ယောက်ကို အံ့သြသွားစေသည်မှာ ဤ ခွေးလေး၏ ထိုးထွင်းသိမြင်မှု ဖြစ်သည်။

သူတို့က မမြင်နိုင်သည့် တာအိုအဆောင်တွေကို အသုံးပြုထားသော်လည်း ဤခွေးက သူတို့ကို အာရုံခံစားမိနေသည်။

ယင်းမှာ ထိုခွေး၏ အစစ်အမှန် ခွန်အားက အတော်လေး အစွမ်းထက်ကြောင်း သက်သေပြနေသည်။

၎င်းက သူတို့ထက်ပင် သာလွန်ကောင်း သာလွန်နိုင်သည်။

"ငါတို့ ဘာလုပ်ကြမလဲ ဒီခွေးက သန်မာပုံရတယ်... ငါတို့ ပြန်ဆုတ်သင့်လား"

"ငါတို့ ဒီနေရာကို ရောက်လာပြီးမှ ဒီအတိုင်း ပြန်ထွက်သွားရရင် အရမ်း ရှက်ဖို့ကောင်းတယ်.. ငါတို့နှစ်ယောက်လုံးက ရွှေအမြူတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေပါ.. ခွေးတစ်ကောင်လောက်ကို ဘာလို့ ကြောက်နေရမှာလဲ"

"ရွှေအမြူတေ နှောင်းပိုင်းအဆင့်လား.. ဟက်"

မျက်နှာကျက်မှ ခုန်ဆင်းလာသော ထွင်ထျန်းဟာက ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။

သူအရမ်း အားနည်းနေသေးသည့် အမှတ် ၆၀ အထက်တန်းကျောင်းမှာ ရှိစဥ်ကပင် ရွှေအမြူတေအဆင့် ကျင့်ကြံသူများကို တစ်ခါမှ မကြောက်ဖူးခဲ့ပေ။

ယခုဆို ပို၍ပင် ကြောက်စိတ်ကင်းသွားပြီ ဖြစ်၏။

သူတို့၏ အထောက်အထားများကို တစ်ဖက်က ထုတ်ဖော်လိုက်သောကြောင့် မော့အင်မော်တယ်ရဲတိုက်မှ ကျင့်ကြံသူများက ဖုံးကွယ်ထားရန် မလိုအပ်တော့ဟု ခံစားခဲ့ရသည်။

၎င်းတို့၏ လက်ထဲတွင် ဝိညာဉ်အလင်းတန်းများ တောက်ပလာပြီး ၎င်းတို့ ဆင့်ခေါ်ထားသော အင်မော်တယ်ဓားများ ရောက်ရှိလာသည်။

သူတို့နှစ်ဦးထဲမှ တစ်ဦးက ထွင်ထျန်းဟာကို ဓားဖြင့် ချိန်ရွယ်ရင်း ကြိမ်းမောင်းလိုက်သည်။

"ငါတို့က ဒီမှာ တစ်ခုခုကို စုံစမ်းစရာ ရှိတယ် ဆိုပေမဲ့ မင်းကို ဒုက္ခမပေးချင်ခဲ့ဘူး.. ဒါပေမယ့် မင်းက ငါတို့ကို တားဆီးဖို့ ကြိုးစားလာတဲ့ အတွက် ငါတို့ရဲ့ ယဉ်ကျေးတဲ့ အပြုအမူတွေကို ရပ်တန့်လိုက်ပြီ.. ငါတို့ကို အပြစ်မတင်နဲ့တော့"

သူတို့နှစ်ဦးက ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်ပြီး လျင်မြန်စွာ တိုက်ခိုက်လိုက်ကြသည်။

သူတို့နှစ်ဦး၏ ဓားသွား လှုပ်ရှားမှုများက ထပ်တူကျလု နီးပါး တူညီနေ၏။

ယင်းကိုကြည့်၍ မော့အင်မော်တယ် ရဲတိုက်တွင် အလုပ်လုပ်သောသူများမှာ ဓားရှည်ကျင့်စဥ်ကို အဓိက လေ့ကျင့်ခဲ့ကြမှန်း အလွန်ထင်ရှားနေသည်။

ဤဓားရှည်ကျင့်စဥ်၏ အားသာချက်မှာ လူအများအပြားကို အချိန်တိုအတွင်း ဓားပညာ ကျွမ်းကျင်လာစေရန် လေ့ကျင့်ပေးနိုင်ခြင်း ဖြစ်သော်လည်း အားနည်းချက်မှာ ၎င်းတို့၏ လှုပ်ရှားမှုများက ထပ်ခါတလဲလဲသာ ဖြစ်နေသောကြောင့် ဓားပညာကို အနည်းငယ်မျှ လေ့လာဖူးသူတိုင်းက တိုက်ပွဲချိန်.ကြာလာသည်နှင့်အမျှ ခန့်မှန်းလာနိုင်မည် ဖြစ်သည်။

ထို့ကြောင့် မော့အင်မော်တယ်ရဲတိုက်မှ လူများမှာ မစ်ရှင်များကို ဆောင်ရွက်ရာတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့်သာ ဆောင်ရွက်ခဲ့သည်။

ရှည်လျားသော တိုက်ပွဲက ၎င်းတို့ကို အားနည်းချက် ဖြစ်စေနိုင်သောကြောင့် ၎င်းတို့က အချိန်တိုအတွင်း တိုက်ပွဲကို အဆုံးသတ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်။

သို့ရာတွင် ထိုနှစ်ယောက်၏ အရှိန်အဟုန်က ထွင်ထျန်းဟာအဖို့ အတော်လေး နှေးကွေးနေသည်။

သူက ၎င်းတို့ကို စောင့်နေရင်း အိပ်ငိုက်ချင်သလို ခံစားလာရသည်။

ထွင်ထျန်းဟာက နတ်ဆိုးလောကတွင် ရှိစဥ် ဓားနတ်ဆိုးဘုရင် ဟွားလိုင်ရှစ် နှင့် ဓားပညာအကြောင်း ပြောဆို ဆွေးနွေးသောအချိန်ကို ပြန်ပြောင်း တွေးတောမိသည်။

ဤနို့နံ့မစင်သည့် နှစ်ကောင်က ထိုအချိန်က မွေးပင် မမွေးလောက်သေးပေ။

ယင်းအချိန်မှာပင် တောက်ပသော ဓားနှစ်လက်က သူ့အတွေးစများကို ဖြတ်တောက်ပစ်လိုက်သည်။

ထွင်ထျန်းဟာက ဓားနှစ်ချောင်းကို စူးစိုက်ကြည့်လိုက်၏။

သူ့အကြည့်နှင့် ဓားနှစ်ချောင်းက ဆုံတွေ့ကြပြီးနောက်တွင် ထိုဓားနှစ်ချောင်းက ကားဘရိတ်အုပ်လိုက် သကဲ့သို့ ရပ်တန့်သွားပြီး ရှေ့ကို ဆက်လက် မတိုးနိုင်တော့ပေ။

"အေးခဲအရှိန်အဝါ စွမ်းရည်"

မော့အင်မော်တယ်ရဲတိုက်မှ ကျင့်ကြံသူ နှစ်ဦး အံ့အားသင့်သွားကြသည်။

နတ်ဆိုးမျိုးနွယ်စု၏ လူသိများသော စွမ်းရည်မှာ အရှိန်အဝါကို အသုံးပြုရသော အေးခဲအရှိန်အဝါစွမ်းရည် ဖြစ်သည်။

နတ်ဆိုးများက နယ်ပယ်ခြင်း မညီမျှသော လူသားများနှင့်ရင်ဆိုင်ရာတွင် ထိုစွမ်းရည်ကို အသုံးပြုလေ့ ရှိကြသည်။

ထိုအေးခဲအရှိန်အဝါတွင် မှော်လက်နက်များ သို့မဟုတ် ဓားအစွန်းမှ ထုတ်လွှတ်သော ဝိညာဉ်လှိုင်းများကို တန်ပြန်နိုင်သည့် အထူးချီ ထုတ်လွှတ်ခြင်းများ ပါဝင်သည်။

ဤစွမ်းရည်က အတော်လေး အဆင့်မြင့်သော စွမ်းရည် ဖြစ်သည်။

ထိုအချိန်က ကမ္ဘာခြား ဂိတ်ပေါက်မှ ဆင်းသက်လာသော နတ်ဆိုးဘုရင်များက လူသားများကို အမှန်တကယ် ခေါင်းခဲစေခဲ့သည့် အကြောင်းရင်းမှာ ဤ "အေးခဲအရှိန်အဝါစွမ်းရည်" ကြောင့်ပင် ဖြစ်သည်။

နတ်ဆိုးမျိုးနွယ်၏ နတ်ဆိုးဘုရင်တစ်ဦး အတွက် အေးခဲအရှိန်အဝါစွမ်းရည်က ကျင့်ကြံသူများ၏ မှော်လက်နက်များဖြင့် တိုက်ခိုက်မှုကို ကာကွယ်နိုင်သည့် အကာအကွယ် တစ်ခု အဖြစ်လည်း လုပ်ဆောင်နိုင်သည်။

ထွင်ထျန်းဟာက လွန်ခဲ့သော ခြောက်နှစ်က ၎င်း၏အေးခဲအရှိန်အဝါ စွမ်းရည်ကို ဝမ်လင်းအပေါ် အသုံးမချနိုင်ခဲ့ပေ။

သူက သူ့ကိုယ်သူ သနားစရာဟု လုံးဝ မထင်ခဲ့ချေ။

ထိုအချိန်က သခင်လေးလင်းက လက်သီး တစ်ချက်တည်းဖြင့် သူ၏ အေးခဲအရှိန်အဝါစွမ်းရည် အကာအကွယ်ကို ထိုးဖောက်သွားခဲ့သည်။

ယခုအခါတွင် သူ၏ ခွန်အား တစ်စိတ်တစ်ပိုင်းက ပြန်ရလာပြီး ဤစွမ်းရည်ကို နောက်တစ်ကြိမ် အသုံးပြုနိုင်ခဲ့၏။

သူက ထိုစွမ်းရည်ကို အသုံးပြုနိုင်မည့် အခိုက်အတန့်ကို တစ်သက်လုံး စောင့်ခဲ့ရသလို ခံစားနေရသဖြင့် သက်ပြင်းကိုပင် မချနိုင်တော့ပေ။

အဆုံးသတ်တွင် မော့အင်မော်တယ် ရဲတိုက်မှ ကျင့်ကြံသူများ၏ အမူအရာက ပြောင်းလဲသွားသည်။

သူတို့အနေဖြင့် ဤခွေးကို တိုက်ခိုက်ရန် နည်းလမ်း လုံးဝ မရှိဟု သိလိုက်ရပြီး လုံးဝကို ကြောက်ရွံ့သွား၏။

ဤခွေးက နတ်ဆိုးမျိုးနွယ်၏ ကျော်ကြားသော စွမ်းရည်ကို အသုံးပြုနိုင်နေသည်။

"ဒါက ဘယ်လိုခွေးမျိုးလဲ"

"နောက်ဆုတ်စို့"

သူတို့နှစ်ယောက်လုံးက လှည့်ထွက်ရန် ပြင်လိုက်သော်လည်း သူတို့ခန္ဓာကိုယ်က သူတို့စကားကို နားမထောင်ဘဲ လုံးဝ မလှုပ်မရှားနိုင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

အေးခဲအရှိန်အဝါ စွမ်းရည်က ဓားရှည်ကို ကိုင်ထားသည့်သူတို့၏ ခန္ဓာကိုယ်ကိုပါ အမှန်တကယ် လွှမ်းခြုံသွားခဲ့သည်။

သူတို့က လုံးဝကို အေးခဲသွားပြီ ဖြစ်သည်။

"မင်းတို့ ဒီကို မလာသင့်ဘူး"

ထွင်ထျန်းဟာက ကျင့်ကြံသူ နှစ်ဦးကို ပျင်းရိစွာ ငေးကြည့်ရင်း လူသား ဘာသာစကားဖြင့် ပြောဆိုခဲ့သည်။

ထို့နောက် သူက သူ၏ ဝိညာဉ်စွမ်းအင်ကို ပြန်လည် ရုတ်သိမ်းလိုက်ရာ မျက်လုံးထဲမှ တောက်ပသော အပြာရောင် အလင်းတန်းများက မှေးမှိန်သွားခဲ့သည်။

သခင်လေးလင်းနှင့် အတူနေလာတာ ကြာလာ၍လား မသိသော်လည်း အရင်ကလို သတ်ပစ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။

သူက ယခင် အမှတ် ၆၀ အထက်တန်းကျောင်းမှာ ရှိစဥ်ကဆိုလျှင် ရွှေအမြူတေအဆင့် အရိပ်လုပ်ကြံသူ၏ ဝိညာဥ်ကိုပင် ကိုက်စားခဲ့သည်။

ယခု သူက ရွှေအမြူတေ နှောင်းပိုင်း အဆင့် ကျင့်ကြံသူ နှစ်ဦး၏ အရသာရှိသော ဝိညာဉ်များကို ဝါးမျိုရန် အခွင့်အရေး ရသော်လည်း အနည်းငယ်မျှပင် စိတ်ဝင်စားမှု မရှိခဲ့ပေ။

"ဒီနှစ်ကောင်ကို ငါတို့ ဘာလုပ်သင့်လဲ"

ထိုအချိန်တွင် ကျင့်ကြံသူများ၏ နောက်ကွယ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

ယင်းအသံကိုကြားလျှင် မော့အင်မော်တယ်ရဲတိုက်မှ ကျင့်ကြံသူနှစ်ဦးက ထိတ်လန့် တုန်လှုပ်သွားကြသည်။

အခန်းထဲတွင် တခြားတစ်ယောက် ရှိနေမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

တစ်ချိန်တည်းမှာပင် ကြီးမားသော အရိပ်နှစ်ခုက ၎င်းတို့၏ ခန္ဓာကိုယ်အပေါ်သို့ ကျရောက်လာသည်။

အတိအကျဆိုရလျှင် ၎င်းတို့မှာ မွန်းစတား ဘောပင် နှင့် မှင်စာခဲဖျက်တို့ပင် ဖြစ်သည်။

ထွင်ထျန်းဟာက ကြမ်းပြင်ပေါ်တွင် ဝမ်းလျားမှောက်နေသောကျင့်ကြံသူ နှစ်ယောက်အား ပျင်းရိစွာ ကြည့်လိုက်ပြီး ၎င်း၏ အမြီးကို လှုပ်ယမ်းလိုက်သည်။

ထို့နောက် ကျင့်ကြံသူနှစ်ဦးကို စိုက်ကြည့်ကာ လည်ချောင်းတစ်လျှောက် ခြေသည်းဖြင့် ကုတ်ဆွဲရန် လက်တစ်ဖက်ကိုမြှောက်လိုက်တော့သည်။

All Chapters