← Chapters

ဆံပင်ညှပ်ခြင်းက ဆန်းသစ်ပြီး မူလအတိုင်းဖြစ်ရန် လိုအပ်သည်

Vol. 11 Ch. 161

ဆံပင်ညှပ်ခြင်းက ဆန်းသစ်ပြီး မူလအတိုင်းဖြစ်ရန် လိုအပ်သည်

Vol. 11 Ch. 161

ထွင်ထျန်းဟာက ဤလူနှစ်ယောက်ကို သတ်ပစ်ရန် ရည်ရွယ်ချက် မရှိသော်လည်း ၎င်းတို့က ဆိုးရွားသောအကြံအစည်ဖြင့် ဝမ်မိသားစု အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ခဲ့ကြသည်။

သခင်လေးလင်းသာ ဤအကြောင်းကို သိလျှင် စိတ်မချမ်းမြေ့မည်မှာ သေချာသည်။

ထွင်ထျန်းဟာက ကျင့်ကြံသူ နှစ်ဦး၏ ဝိညာဉ်များကို စိတ်ပါဝင်စားမှု မရှိသလောက် ဖြစ်သော်လည်း ထိုနှစ်ဦး အသက်ရှင်မည်ကို မလိုလားသောကြောင့် မွန်းစတား ဘောပင်နှင့် မှင်စာခဲဖျက် တို့ကို ကိုင်တွယ်ခွင့် ပေးလိုက်သည်။

ကျင့်ကြံသူ နှစ်ဦးက ယခုအခါတွင် လုံးဝ မလှုပ်ရှားရဲကြပေ။

ခပ်ဆိုးဆိုး ညီအစ်ကို နှစ်ဦးက ၎င်းတို့အား မည်သို့မည်ပုံ ကိုင်တွယ်မည်ကို မသိရှိခဲ့ကြပေ။

သူတို့က ဘောင်းဘီထဲ သေးပေါက်ချမိတော့မည် အထိ ကြောက်လန့်ခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် အေးခဲအရှိန်အဝါ စွမ်းရည်က အလွန် ပြင်းထန်သောကြောင့် သူတို့၏ လိင်အင်္ဂါများက အေးခဲနေခဲ့သည်။

သူတို့က သေလုမတတ် တုန်လှုပ်နေကြပြီ ဖြစ်၏။

မွန်းစတားဘောပင် "သူတို့ကို သတ်လိုက်ရမလား"

မှင်စာခဲဖျက် "မေ့လိုက်ပါ.. အိပ်ခန်းထဲမှာ သွေးစွန်းသွားရင်သခင်လေးလင်းက သေချာပေါက် အိပ်ပျော်နိုင်မှာ မဟုတ်ဘူး"

"ဒီလိုဆိုရင် ရွေးချယ်စရာ တစ်ခုပဲ ရှိတော့တယ်.."

ကြွက်သားတောင့်တင်းသော ညီအစ်ကိုနှစ်ယောက်က ဝမ်လင်း အိပ်ခန်းထဲရှိ ရေချိုးခန်းကို လှမ်းကြည့်ပြီးနောက် ကျင့်ကြံသူ နှစ်ဦးကို ထိုနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

ဘောပင် "မင်းတို့ သိပ်ကံကောင်းတယ်.. ငါတို့ သခင်လေးက သပ်သပ်ရပ်ရပ် နေရတာကို ကြိုက်တဲ့ အတွက် ဒီနေ့ မင်းတို့ကို သွေးထွက်အောင် မလုပ်တော့ဘူး.."

"ဒါဆို ငါတို့ကို ဘာလုပ်မှာလဲ"

မော့အင်မော်တယ် ရဲတိုက်မှ ကျင့်ကြံသူနှစ်ဦးက ကြောက်လန့်သွားကြသည်။

"ဟဲဟဲ ဘာလုပ်မယ်လို့ထင်လဲ"

မှင်စာ ခဲဖျက်က ကျင့်ကြံသူ၏ လက်ဆစ်များကို အက်ကွဲအောင် ရိုက်ချိုးပြီး အိမ်သာအဖုံးကို ဖွင့်ကာ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အိမ်သာထဲသို့ ထိုးထည့်လိုက်သည်။

ထို့နောက် အိမ်သာ သန့်စင်သော ခလုတ်ကို နှိပ်ကာ ထိုသူ၏ တစ်ကိုယ်လုံးကို အိမ်သာအိုးထဲသို့ တိုက်ရိုက် လျင်မြန်စွာ ဆေးချလိုက်သည်။

ထိုကျင့်ကြံသူက ရေစီးများဖြင့် တိုက်ရိုက် စုပ်ယူခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့သည်။

ဝမ်လင်းက မန္တန်ကို အသုံးပြု၍ အိမ်သာရေဆင်းပိုက်ကို ဂြိုလ်တစ်ခုနှင့် ချိတ်ဆက်ထားသော်လည်း ဘယ်နေရာမှန်း အတိအကျ မသိခဲ့ချေ။

သီအိုရီအရပြောရလျှင် အိမ်သာရေကို ဆွဲချလိုက်သည်နှင့် ဤလူနှစ်ယောက်က ကမ္ဘာကနေ လုံးဝ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

ထိုမြင်ကွင်းကို ကြည့်ကာ မော့အင်မော်တယ် ရဲတိုက်မှ ကျင့်ကြံသူက ချွေးများရွှဲနစ်လာသည်။

မှင်စာ ခဲဖျက်က ခြေထောက်တစ်ဖက်ကို အိမ်သာခုံပေါ် တင်လိုက်ပြီး မောက်မာစွာ ညွှန်ပြလိုက်သည်။

"မင်းကိုယ်တိုင် ဝင်ရမှာလား ဒါမှမဟုတ် ငါမင်းကို သွင်းပေးရမလား"

မော့အင်မော်တယ်ရဲတိုက်မှ ကျင့်ကြံသူ "..........."

.................

တကယ်တမ်း ကြာသပတေးနေ့မှာ ဖြစ်ပျက်ခဲ့တာတွေက အများကြီး ဖြစ်သည်။

ဝမ်လင်း မနက်ခင်း စာသင်ခန်းသို့ ရောက်လာသောအခါ မြေပဲလေးက ခါးသီးသော မျက်နှာထားဖြင့် ကျောင်းသတိပေးချက် စာရွက်များကို ဝေငှနေသည်။

"ဒါက ဘာလဲ"

ကော်ဟောက်က ကျောင်း၏တရားဝင် အမှတ်တံဆိပ်ရိုက်နှင်ထားသည့် သတိပေးချက် စာရွက်ကို တစ်ချက် ကြည့်လိုက်သည်။

ယင်းမှာ ယခုလလယ်တွင် ကျင်းပမည့် စစ်ရေးလေ့ကျင့်မှုသင်တန်း နှင့်ပတ်သက်၍ သတိပေးချက်ဖြစ်သည်။

သင်တန်းအတွက် လိုအပ်သည့် အချက်များ အပြင် အာရုံစိုက်ရမည့် အချက်များကိုလည်း ဖော်ပြထားသည်။

ကျောင်းသားအားလုံးက စည်းမျဥ်းစည်းကမ်းများကို ဖတ်ရှုခဲ့ကြ၏။

မကြာမီမှာပင် အတန်းတွင်းရှိ ယောက်ျားလေးများ အားလုံးက ဝမ်းနည်းပူဆွေးစွာ အော်ဟစ်ခဲ့ကြသည်။

"သောက်-ချီး"

"စစ်ရေးလေ့ကျင့်မှုအတွက် ခေါင်းတုံးဆံတောက်ကေ ညှပ်ရမှာလား"

ချန်းချန်က ဆံပင်ညှပ်ရန် လုံးဝ မလိုလားခဲ့ပေ။

သူ၏ ဆံပင်တွေက ပေါက်ဖို့ မလွယ်ချေ။

ထို့ပြင် ခေါင်းတုံးဆံတောက်ကေက တကယ်ကို ရှက်စရာကောင်းသည်ဟု ခံစားနေရ၏။

"မိန်းကလေးတွေကျတော့ ဘာလို့ အထူး အခွင့်အရေးရတာလဲ"

ဤလုပ်ရပ်ကနေ ကျားမခွဲခြားမှုက ပြင်းထန်လွန်းသည်ဟု ချန်းချောင် ခံစားခဲ့ရသည်။

ကော်ဟောက်ကမူ အေးစက် နာကြည်းသော လေသံဖြင့် ရေရွတ်လိုက်သည်။

"လူတိုင်း စိတ်အေးအေးထားပါ... ကျားမ ခွဲခြားဆက်ဆံမှုအကြောင်း မပြောကြပါနဲ့.. လက်ဖက်ခြောက်နှင့် လက်ဖက်ရည်မှာ ဘယ်ဟာက ပိုအရေးကြီးသလည်းလို့ မေးပါရစေ"

ကျောင်းသား အားလုံး ခဏလောက်စဉ်းစားပြီး ဘာမှပြန်မပြောနိုင်ခဲ့ပေ။

ကော်ဟောက်က ကျောင်းသား အားလုံး ငြိမ်သက်သွားသည်ကို မြင်လိုက်ရသဖြင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"တကယ်တော့ စုန့်ဟိုင်မြို့က နွေရာသီ ရောက်ပြီဆိုရင် အရမ်းပူအိုက်တယ်.. ကတုံးဆံတောက်ကေ ညှပ်လိုက်တော့လည်း အေးမြသွားသလို ခံစားရတာပေါ့.. အချိန်တန်ရင် ဆံပင်တွေက ပြန်ပေါက်တာပဲလေ.. အသေအချာ စဉ်းစားကြည့်ရင် ဆံပင်က အရေးမကြီးဘူးဆိုတာ သဘောပေါက်မှာပါ.. ငါဆိုတဲ့ အတ္တကို နှိမ့်ချပြီးခေါင်းရိတ်ရမယ်.. ဘဝရဲ့ မုန်တိုင်းတွေကို ကြံ့ကြံ့ခံနိုင်ဖို့က ဆံပင်ပေါ်မှာ မမူတည်ဘူး.. အရည်အချင်းပေါ်မှာပဲ မူတည်တယ်"

ထိုစကားကိုကြားလျှင် အတန်းထဲမှ ယောကျာ်းလေးတွေအားလုံးက တစ်စုံတစ်ရာသော အကြောင်းကြောင့် ရုတ်တရက် အကိုးအကား တစ်ခုကို တွေးမိလိုက်သည်။

{သူက တစ်ခါက ကိုယ်တိုင်ကိုယ်ကျ ပြဿနာရှာသော ဘုရင်တစ်ပါး ဖြစ်သည်။ နောင်များအခါ ပြဿနာနှင့် ရင်ဆိုင်ရလျှင် သူမဟုတ်သည့် အတိုင်း "ကိစ္စမရှိဘူး "ဟု ပြောခဲ့သည်}

".............."

ကော်ဟောက်က ပြုပြင်၍ မရလောက်အောင် အရေထူနေပြီဟု ဝမ်လင်း ခံစားမိသည်။

ဝမ်လင်း အတွက် ခေါင်းတုံးဆံတောက်ကေ ညှပ်တာက ဘာမှ မထူးဆန်းပေ။

သူက ကတုံးဆံတောက်ကေသာ အမြဲလိုလို ထားဖြစ်ခဲ့သည် မဟုတ်လော။

သူ ယခင်က ဆံပင် ခပ်တိုတို ထားခဲ့ဖူးသည်။

ယင်းနောက် သူက ဆံသား ကြီးထွားမှုကို လျင်မြန်စွာ လှုံ့ဆော်ရန် သူ၏ ဦးရေပြားဆီသို့ ဝိညာဉ်စွမ်းအင်ကို ပို့လွှတ်လိုက်၏။

ဤနည်းစနစ်က စိတ်စွမ်းအင်၏ တည်ငြိမ်သော ထိန်းချုပ်မှုကို လိုအပ်သည်။

သို့မှသာ တိကျသော နေရာသို့ ဝိညာဥ်စွမ်းအင်ကို အာရုံစိုက်၍ ပို့လွှတ်နိုင်မည် ဖြစ်သည်။

တကယ်တမ်းတွင် ရွှေအမြူတေ အဆင့် ကျင့်ကြံသူတိုင်း ဤကဲ့သို့ လုပ်နိုင်ကြသည်။

ဝမ်လင်းက ဤနည်းစနစ်ကို အသုံးပြုပြီးသည့် နောက်တွင် သူ့ဆံပင်က သာမန်လူတွေနှင့် ယှဉ်လျှင် ပို၍ ရှည်မြန်လာသည်။

သူ့တွင် ကွဲပြားခြားနားသော ဆံပင်ပုံစံများကို စမ်းသပ်ထားကြည့်ရန် စိတ်အား ထက်သန်သော အချိန်တစ်ခု ရှိခဲ့ဖူးသည်။

တကယ်တမ်းတွင် ဆံပင်ပုံစံက အဓိက ကျသော အချက် မဟုတ်ခဲ့ပေ။

ရုပ်ရည် သောက်ချောကြီး ဖြစ်ဖို့သာ အဓိက ဖြစ်၏။

ထို့ကြောင့် ယနေ့အချိန်အထိ ဝမ်လင်းက ကတုံးဆံတောက်ကေကိုသာ ညှပ်ထားခဲ့သည်။

သူက ရုတ်တရက် သတိရပြီး ဆံပင်ကို လက်ဖြင့် စမ်းကြည့်လိုက်သည်။

"အင်း ငါ ဆံပင် မညှပ်တာ နည်းနည်း ကြာသွားပုံပဲ"

....................

ကျောင်းဆင်းသောအခါ ဝမ်လင်းက စျေးသက်သာသော ဆံပင်ညှပ်ဆိုင်ငယ်လေးသို့ သွားရောက်ခဲ့သည်။

ဆိုင်ငယ်လေး ဆိုသော်လည်း အခန်း အပြင်အဆင်က အလွန်ကောင်းမွန်နေသည်။

ထို့အပြင် ကျောင်းသားများ အတွက် အထူးဈေးနှုန်းများလည်း ရှိသေးသည်။

ဟုတ်ပါသည်။ သူ့ပတ်ဝန်းကျင်တွင် တခြား ဆံပင်ညှပ်ဆရာတွေ အများကြီး ရှိသော်လည်း ၎င်းတို့၏ ဆံပင်ညှပ်ခက အလွန် ဈေးကြီးသည်။

ဝမ်လင်းက သူ့လစဉ် ထောက်ပံ့ကြေးဖြင့် ထိုပမာဏကို မတတ်နိုင်ခဲ့ပေ။

ခေါင်းတုံးဆံတောက်ကေ လောက်က ဘယ်ဆိုင်မှာပဲ ညှပ်ညှပ် အတူတူပဲ မဟုတ်ပါလော။

သူက ထိုသို့ စိတ်နှလုံးသွင်းပြီး "အဲလစ်" ဆံပင်ညှပ်ဆိုင်ထဲကို ဝင်သွားခဲ့သည်။

ဆိုင်ထဲကို ရောက်သည်နှင့် ဆံပင်လေမှုတ်စက်၏ အသံကို ကြားလိုက်ရ၏။

သူဌေးက သက်လတ်ပိုင်း အရွယ်ရှိပြီး ခေါင်းအနောက်ဘက်ကို အပြောင်ရိတ်ထားသည်။

သူက ဆံပင်ကျွတ်သည့် အတွေ့အကြုံ ရှိပုံရသည်။

သူ့မျက်နှာက အနည်းငယ် ပြဲကားပြီး စတီးရောင် အနားကွပ်မျက်မှန်ကို တပ်ဆင်ထားသည်။

ဝမ်လင်းကို တွေ့သောအခါ ဆိုင်ထဲရှိ လူအားလုံးက ချက်ချင်းပင် အပြုံးဖြင့် နှုတ်ဆက်လိုက်ကြသည်။

"ထူးခြားတဲ့ စွမ်းရည်ကို ပိုင်ဆိုင်တဲ့ ဆံပင်ညှပ်ဆရာကို ရှာနေတာလား လူကြီးမင်း"

ဝမ်လင်းက အနည်းငယ် တိတ်ဆိတ်သွားပြီးမှ ခေါင်းခါယမ်းလိုက်သည်။

သူဌေးက အခွင့်အရေးတစ်ခုကို ချက်ချင်း မြင်လိုက်ရသလို မျက်လုံးများ တောက်ပလာခဲ့သည်။

"လူကြီးမင်း.. ငါတို့ဆိုင်မှာ ယွမ်သုံးဆယ် အဆင့်ရှိတဲ့ ထိပ်တန်းဆံသဆရာ၊ ယွမ်ခြောက်ဆယ် အဆင့်ရှိတဲ့ ဆံသဒါရိုက်တာနဲ့ ယွမ်တစ်ရာ့ငါးဆယ် အဆင့်ရှိတဲ့ ဆံသ အကြီးအကဲတွေ ရှိတယ်.. ကျောင်းသားကတ်နဲ့ ဆိုရင်တော့ ငါတို့ဆိုင်က 90%လျော့စျေး ပေးတဲ့အတွက် ငါတို့ဆိုင်က ဆံသ အကြီးအကဲရဲ့ ဝန်ဆောင်မှုကို ဆယ့်ငါးယွမ်ထဲနဲ့ မင်းခံစားလို့ရတယ်"

ဝမ်လင်းက ခေါင်းခါယမ်းလိုက်ပြန်သည်။

သူက ဆိုင်ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ့အကြည့်က လူငယ်တစ်ဦး ဆီသို့ ရောက်ရှိသွားသည်။

ထိုလူငယ်လေးက ဆံပင်ကောက်နေသည့် အန်တီကြီး၏ အနီးတွင် အဝါရောင် ဆံလိပ်ကို ကိုင်ကာ မတ်တပ်ရပ်နေပြီး ဆံပင်ညှပ် အကြီးအကဲကို ကူညီနေသည်။

"သူက ဘယ်သူလဲ"

ဝမ်လင်း၏ အသံက သူဌေး၏ စိတ်ထဲတွင် ထွက်ပေါ်လာရာ သူဌေးက ထိတ်လန့်သွားသည်။

သို့သော် သူဌေးက အမြန်ပြန်ပြီး တည်ငြိမ်သွားခဲ့၏။

သူ့ဆိုင်ကို ကျင့်ကြံသူတွေထက် သာမန်လူတွေက ပိုအလာများသည်။

အခြေခံ တည်ဆောက်ခြင်း အဆင့် ကျောင်းသားများပင် သူ့ဆိုင်ထက် ပို၍ ခမ်းနားသော ဆံသဆိုင်ကိုသာ ရွေးချယ်လေ့ ရှိကြသည်။

ထို့ကြောင့် ဝမ်လင်း၏ အသွင်အပြင်က သူ့ကို အနည်းငယ် အံ့အားသင့်စေသည်။

ကျင့်ကြံသူများက ချမ်းသာသည်ဟု ယူဆ၍ရပြီး စည်းစိမ်ဥစ္စာများကို ဘာမှ မတွေးဘဲ ငွေကို ရေလို သုံးစွဲနိုင်ကြသည်။

ဖုန်းဖိုးအတွက်ပင် ယွမ်သန်းပေါင်း များစွာကို ဖြုန်းတီးနိုင်ကြ၏။

သူဌေးက ဝမ်လင်းကို ကျင့်ကြံသူမှန်း ရိပ်စားမိသည်နှင့် ပွပေါက်တိုးပြီဟု ထင်ကာ စိတ်ထဲတွင် ရွှင်မြူးသွားသည်။

"ဒီညီလေးက ငါတို့ဆိုင်က အလုပ်သင်အသစ်ပါ.. ဒါပေမယ့် ဖောက်သည်ကိုတော့ တစ်ခါမှ မညှပ်ဖူးသေးဘူး.. အခုလောလောဆယ်တော့ ဆံပင်တုနဲ့ လေ့ကျင့်နေဆဲပါပဲ.. ဒါပေမယ့် လူကြီးမင်းမှာ ကျောင်းသားကတ် ရှိနေသ၍တော့ ဒီအလုပ်သင်ညီလေးရဲ့ ဆရာဖြစ်တဲ့ ဆံသ အကြီးအကဲကယ်ဗင်ဆီမှာ ဝန်ဆောင်မှုယူလို့ရပါပြီ.. သူက ငါတို့ဆိုင်ရဲ့ ထိပ်တန်း ဆံသဆရာပါ"

"ဘယ်လောက်ပေးရမလဲ"

ဝမ်လင်းက မျက်ခုံးပင့်ကာ စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။

"ကျောင်းသားကတ်နဲ့ဆို တစ်ဆယ့်ငါးယွမ်ပဲ ကုန်ကျမှာပါ"

ဝမ်လင်းက ခေါင်းခါရမ်းလိုက်ပြီး စိတ်ချင်းဆက်သွယ်၍ ထပ်ပြောလိုက်သည်။

"ငါပြောတာ သူ့ကိုပါ"

သူဌေးက အံ့ဩသွားပြီး အခြေအနေက နည်းနည်းလေး ဆိုးသွားသလို ခံစားခဲ့ရသည်။

"အင်း... သူက အလုပ်သင် အဆင့်ပဲ ဆိုတော့ အခကြေးငွေယူလို့ မရသေးဘူးလေ"

ဝမ်လင်က ခေါင်းညိတ်လိုက်ပြီး လူငယ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ငါ သူ့ကို ရွေးလိုက်ပြီ"

သူဌေး ".............."

All Chapters