← Chapters

ဘဝက ဆိုးရွားသည့် ကံကြမ္မာ စက်ဝန်းတစ်ခု ဖြစ်သည်

Vol. 11 Ch. 162

ဘဝက ဆိုးရွားသည့် ကံကြမ္မာ စက်ဝန်းတစ်ခု ဖြစ်သည်

Vol. 11 Ch. 162

ဝမ်လင်းက သူ့ကိုယ်သူ တွန့်တိုတတ်သူဟု အမှန်တကယ် မထင်ခဲ့ပေ။

"သုံးစွဲသင့်သည့်အချိန်တွင် ငွေကို သုံးစွဲကာ မသုံးစွဲသင့်သည့်အခါတွင် တစ်ပြားတစ်ချပ်မှ မဖြုန်းတီးပါနှင့်"

ယင်းက ဖေဖေဝမ်နှင့် မေမေဝမ် သူ့ကို သင်ပေးခဲ့သည့် စားသုံးသူဆိုင်ရာ စီးပွားရေးအမြင် ဖြစ်၏။

ဆံပင်ညှပ်ခြင်းက အသေးအဖွဲကိစ္စသာဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ဝမ်လင်းက သူစုဆောင်းထားသောငွေကို ဆံပင်ညှပ်ဖို့ အတွက်ထက် ခေါက်ဆွဲခြောက် ကြွပ်ကြော် ဝယ်ဖို့အတွက်သာ သုံးစွဲလိုသည်။

ရက်ကွန်းက မကြာသေးမီကမှ အရသာအသစ်ဖြစ်သည့် တရုတ်ဆေးမြစ်အရသာ နှင့် ဝါဆာဘီအရသာ တို့ကို ထုတ်ခဲ့သည်ဟု သူကြားသိခဲ့ရသည်။

ဝမ်လင်းက ထိုအသစ်ထွက် ခေါက်ဆွဲခြောက်များကို ဝယ်စားရန် တေးထားသည်။

ဆံပင်ညှပ်ဖို့ ကုန်ကျမည့် ပိုက်ဆံများကို ခြွေတာနိုင်လျှင်ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုတ်များ ပိုဝယ်နိုင်မည် မဟုတ်ပါလော။

ဆံသဆရာများ၊ဆံပင်ညှပ်ခံနေသည့်လူများက အတန်ကြာ တိတ်ဆိတ်သွားကြသည်။

တခဏအကြာတွင် ဝမ်လင်း ညွှန်ပြခဲ့သော အလုပ်သင် ဆံသဆရာ၏ မျက်နှာပေါ်၌ မယုံကြည်နိုင်သော အမူအရာ တစ်ခု ဖြစ်ပေါ်လာပြီး လေးနက်စွာ ဦးညွှတ်လိုက်သည်။

"လူကြီးမင်းရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်.. ငါအကောင်းဆုံး လုပ်ပေးပါ့မယ်"

ဝမ်လင်းက တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး ထိုင်ရန်နေရာကို ရှာလိုက်သည်။

ပတ်ဝန်းကျင်မှ လူတွေက သူ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြ၏။

အဘယ်ကြောင့်ဆိုသော် အလုပ်သင် ဆံသဆရာက ဆေးရုံမှ အလုပ်သင် သူနာပြုထက်ပင် ပိုကြောက်စရာကောင်းသောကြောင့် ဖြစ်သည်။

ခြားနားချက်မှာ အလုပ်သင် သူနာပြုက သင်၏ခေါင်းကို အပ်တစ်ချောင်းဖြင့်သာ ထိုးမိနိုင်သော်လည်း အလုပ်သင် ဆံသဆရာက သင်၏ ဦးရေပြားပေါ်တွင် ကတ်ကြေးကိုင်ကာ အလုပ်လုပ်ရခြင်း ဖြစ်၏။

ဝမ်လင်းက ဤအလုပ်သင်လေးကို ဆံပင်ညှပ်ခွင့်ပေးသည့် ပထမဦးဆုံး လူတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ဤအလုပ်သင်က ဖောက်သည်တစ်ဦး၏ ဆံပင်ကို ပထမဆုံးအကြိမ် ညှပ်နေခြင်း ဖြစ်ဖွယ်ရှိသည်။

လျှပ်စစ်သင်တုန်းဓား တစ်ဝိုက်ကို ဆုပ်ကိုင်ထားသောသူ၏ လက်ချောင်းများတွင် အေးစက်သော ချွေးစေး အနည်းငယ် ထွက်လာသည်။

အတွေ့အကြုံမရှိသော မိန်းကလေး တစ်ယောက်က သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးရတော့မည့်အလား ရှင်းရှင်းလင်းလင်း ကြောက်ရွံ့နေမိသည်။

"ငါ စလိုက်တော့မယ်"

ဤသည်က ခေါင်းတုံးဆံတောက်ကေမျှသာ ဖြစ်၏။

ဘေးနှစ်ဖက်နှင့် ခေါင်းနောက်မှ ဆံပင်တွေကို သပ်သပ်ရပ်ရပ် ရိတ်ဖို့သာ လိုအပ်သည်။

ယင်းက မခက်ခဲပေ။

အလုပ်သင် ဆံသဆရာက သူ့ကိုယ်သူ အားပေးလိုက်သော်လည်း လျှပ်စစ်သင်တုန်းဓားက ဝမ်လင်း၏ ဦးရေပြားကို ထိလိုက်မိသည်နှင့် သူ့လက်က တုန်ယင်သွားခဲ့သည်။

ဤတစ်ချက်လေး တုန်ယင်မှုက ဝမ်လင်း၏ ခေါင်းအနောက်ဘက်ကို လုံးဝ ပြောင်သွားစေခဲ့သည်။

အလုပ်သင်ဆံသဆရာ "..........."

သူဌေး "............"

ဝမ်လင်းက ပြောင်နေသော နေရာကို ထိကိုင်လိုက်ပြီးနောက် ခေါင်းကို ခါယမ်းလိုက်ရာ ထိုနေရာရှိ ဆံပင်များက သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် အလျင်အမြန် ကြီးထွားလာခဲ့သည်။

သူဌေးနှင့် သူ၏ ဆံသဆရာများ အားလုံးက အံ့အားသင့်သွားကြသည်။

".........."

"သောက်-ချီး.. ဒီလိုမျိုးလည်း လုပ်လို့တယ်လား"

တစ်နာရီခန့်ကြာပြီးနောက် ဝမ်လင်းက ဆံပင်ညှပ်ပြီးသွား၍ ဆိုင်အပြင်ဘက်သို့ ထွက်ခွာရန် ပြင်လိုက်သည်။

သူဌေးက သူ့လက်ကို အမြန်ဆွဲလိုက်ပြီး

"ပြီးပြည့်စုံတဲ့သူ မသွားနဲ့ဦး"

ထို့နောက် သူဌေးက ဘောင်းဘီအိတ်ကပ်ထဲမှ ယွမ်နှစ်ရာကို ထုတ်ကာ ဝမ်လင်း၏ လက်ထဲသို့ ထိုးထည့်လိုက်သည်။

ဝမ်လင်း "...???...."

သူဌေးက သူ့ အနောက်ဘက်ရှိ ကြမ်းပြင်မှ ဆံပင်များကို ညွှန်ပြပြီး ဝမ်လင်းကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

"ပြီးပြည်စုံသူ နံပါတ်တစ်က ကျွန်တော့်ဆိုင်ကို ပံ့ပိုးပေးခဲ့တဲ့ ဆံပင်အတွက် ကျေးဇူးပါပဲ.. အင်မော်တယ်ရဲ့ ဆံပင်က အရမ်းကောင်းတယ်လေ.. ဒီဆံပင်ကို အရည်အသွေးကောင်းတဲ့ ဆံပင်တုအဖြစ် ပြောင်းလဲနိုင်ပါတယ်.. ဒီနှစ်ရာက ဆံပင်အတွက် ပေါက်ဈေးပါ.. ပြီးပြည့်စုံသူ နံပါတ်တစ်.. ကျေးဇူးပြုပြီး မင်းအားတဲ့အချိန်တိုင်း ငါတို့ဆိုင်ကို ပြန်လာခဲ့လို့ ဖိတ်ခေါ်ပါတယ်"

ဝမ်လင်း "............."

...............................

ဝမ်လင်းက ဆံပင်ညှပ်ပြီးနောက် အိမ်ကို ပြန်သွားခဲ့သည်။

သူ့အိတ်ထဲတွင် စျေးထဲမှ ခေါက်ဆွဲခြောက် အကြွပ်ကြော်ထုပ်များ ပြည့်နှက်နေ၏။

သူ့ဆံပင်အတွက် အဖိုးအခ ယွမ်နှစ်ရာ ရရှိထားသဖြင့် အဆာပြေ ခေါက်ဆွဲအကြွပ်ကြော်ထုပ် များကို စုဆောင်းထားနိုင်ခဲ့သည်။

သူအိမ်သို့ ပြန်ရောက်လျှင် အိမ်၌ လူစုံတက်စုံ ရှိနေသည်ကို တွေ့လိုက်ရသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် စုန့်ချင်းရှူက ဧည့်ခန်းထဲတွင် သူ့ကို စောင့်နေကြသည်။

အဘိုးအိုက မတ်ပဲဟင်းချို တစ်ခွက်စီကို ယဉ်ယဥ်ကျေးကျေး ပေးလိုက်သည်။

သူက နွေရာသီတွင် ခန္ဓာကိုယ်ကို အေးမြစေရန် မတ်ပဲဟင်းချို ချက်လေ့ရှိသည်။

စီနီယာကြီးဝမ်၏ ချိူမြိန်သော မတ်ပဲဟင်းရည်မှာ သူငယ်ဘဝက အလုပ်လုပ်ခဲ့သော ထိပ်တန်း စားသောက်ဆိုင် တစ်ဆိုင်ကနေ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။

သို့သော် ကံမကောင်းစွာပဲ ဤလူနှစ်ယောက်က ဟင်းချိုကို သောက်သုံးရန် ဒါမှမဟုတ် ဖိုးဖိုးဝမ်ကို ကျေးဇူးတင်ရန် မေ့လျော့သည်အထိ ငြိမ်သက်နေကြသည်။

သူတို့က မတ်ပဲဟင်းချို ပန်းကန်တွေကို စိုက်ကြည့်ရင်း မတ်ပဲဟင်းချို နောက်ကွယ်မှ အဓိပ္ပါယ်ကို တွေးနေကြသည်။

၎င်းတို့က ပန်းကန်လုံးထဲတွင် ရှိသော ပဲစေ့အရေအတွက်ကိုပင် ပြတ်ပြတ်သားသား ရေတွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

စုန့်ချင်းရှုတွင် ယခင်က ဤကဲ့သို့ ကြောင်တောင်တောင် နိုင်သော အလေ့အထမျိုး တစ်ခါမှမရှိခဲ့ပေ။

သို့သော် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အနီးတွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် သူလည်း လမ်းလွဲသွားတော့သည်။

"ညီနောင်လင်း.."

"စီနီယာဝမ်"

ဝမ်လင်းကိုမြင်လျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က လက်သီးဆုပ်၍ ယဉ်ကျေးစွာ ဂါရဝပြုလိုက်သည်။

သူ့ဘေးနားရှိ စုန့်ချင်းရှုကလည်း ဝမ်လင်းကို စီနီယာ တစ်ယောက်အဖြစ် သဘောထားပြီး လေးနက်စွာ ဂါရဝပြုလိုက်၏။

ဖိုးဖိုးဝမ်ကမူ ဝမ်လင်း၏ ကိစ္စများကို ဂရုမစိုက်အားပေ။

သူက တီဗီ စီးရီးကို ကြည့်ချင်သေးသည်။

ဝမ်လင်း ရောက်လာသည်ကို မြင်လျှင် သူက လက်ပြပြီး စုန့်ချင်းရှုတို့ နှစ်ယောက်ကို လှမ်းပြောလိုက်သည်။

"အင်း... မင်းတို့ မဝသေးဘူးဆိုရင် အိုးထဲမှာ ပဲဟင်းချို မွှေးမွှေးလေး နည်းနည်း ကျန်သေးတယ်"

"ကျေးဇူးတင်ပါတယ် စီနီယာကြီး"

ဗုံးပစ်စီနီယာအင်မော်တယ်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူက သူ့ကိုယ်သူ တွေးနေမိသည်။

"ဒီမတ်ပဲဟင်းချိုကို အိမ်ယူသွားပြီး ဒီထဲက နက်နဲမှုကို သေချာလေ့လာရမယ်.. ငါ ဒီဟင်းချိုသောက်လိုက်ရင် ဟင်းလင်းပြင် မွန်းမံခြင်း အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက်ရှိလာနိုင်တယ်"

ဝမ်လင်း "............."

ဗုံးပစ်စီနီယာ အင်မော်တယ်က ဆိုဖာပေါ်တွင် ထိုင်ကာ စကားပြောနေစဉ် ဝမ်လင်းကို ကြည့်လိုက်သည်။

"ညီနောင်လင်း.. ငါ့မှာ သတင်းကောင်း တစ်ခုရှိလို့ မင်းကိုတွေ့ဖို့လာတာပဲ.. စုန့်လေးကို ကျေးဇူးတင်ရမယ်.. ဒီတစ်ခါတော့ ကျောက်သရဲ မျက်နှာဖုံး ပြုလုပ်သူ ရှိတဲ့ နေရာကို ငါသိခဲ့ရပြီ"

"ကျွန်တော်က အချက်အလက် အနည်းငယ်လေးပဲသိတာပါ.. အဲဒါကို အခြေခံပြီးတော့ မျက်နှာဖုံး ပြုလုပ်သူရဲ့ တည်နေရာကို ရှာဖွေပေးတာက စီနီယာဘလက်ပါ"

စုန့်ချင်းရှုက သူ့ကိုယ်သူ နှိမ့်ချစွာ ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။

စုန့်ချင်းရှုက ကတိအတိုင်း အကောင်းဆုံး လုပ်ခဲ့ပြီး သူတို့၏ ယုံကြည်မှုကို မဖျက်ဆီးခဲ့ပေ။

မျက်နှာဖုံးပြုလုပ်သူကို ရှာဖွေတွေ့ရှိခြင်းမှာ ကျောက်သရဲမျက်နှာဖုံးနှင့် ပတ်သက်သည့် ကိစ္စရပ်က မကြာမီတွင် ပြီးဆုံးတော့မည်ဟု ဆိုလိုသည် မဟုတ်လော။

မကောင်းသောနေရာတွင် မျက်နှာဖုံးကို အသုံးပြုလိုသည့် မော့အင်မော်တယ် ရဲတိုက်၏ ရည်ရွယ်ချက်က မကြာမီ လုံးဝ ပျက်စီးသွားတော့မည် ဖြစ်သည်။

ဝမ်လင်းက မျက်နှာဖုံးပြုလုပ်သူ၏ အထောက်အထားကို အလွန် သိချင်နေသည်။

ဘလက်လေး ပေးပို့သော တည်နေရာ ကိုသြဒိနိတ်များ အရပြုလုပ်သူမှာ ဤနေရာနှင့် မဝေးလှသော နေရာတွင်ရှိနေ၏။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဘလက်လေး ထံမှ မက်ဆေ့ချ်ကို ဖွင့်ပြခဲ့ပြီး ကီလိုမီတာ ရှစ်ရာ အကွာအဝေးတွင် ရှိကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ပြလိုက့သည်။

သာမန် ကျင့်ကြံသူ တစ်ယောက်က ဓားပျံဖြင့် ခရီးနှင်မည်ဆိုလျှင် မိနစ်နှစ်ဆယ် အတွင်း ထိုနေရာသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

ဝမ်လင်းက ဘလက်လေး ပေးပို့သော တည်နေရာ ကိုသြဒိနိတ်များကို ကြည့်ကာ တဖြည်းဖြည်း မျက်မှောင်ကြုတ်လာသည်။

သူက တည်နေရာကို ကြည်လေ ပိုရင်းနှီးလာ လေလေ ဖြစ်လာသည်။

"ညီနောင်လင်း စိတ်ချပါ.. ဘလက်လေးက အကြိမ်ပေါင်းများစွာ အတည်ပြုထားပါပြီ.. ငါ့ရဲ့ ခြေရာခံစွမ်းရည်နဲ့ ပေါင်းစပ်ထားတဲ့အတွက် လုံးဝ အမှားအယွင်း မဖြစ်နိုင်ပါဘူး"

သို့သော် ဝမ်လင်းက အကြောင်းတစ်ခုခုကြောင့် ဆိုးရွားသည့် ကြိုတင် သတိပေးချက် တစ်ခု ရလာသည်။

သူ့မျက်ခွံတွေက တဖန် လှုပ်ခတ်လာပြန်ပြီ ဖြစ်၏။

ကပ်ဘေးအဆင့်ကြယ်တစ်ပွင့်..

ကမ္ဘာမြေကြီးမှာ ဘာတွေ ဖြစ်လာမယ်ဆိုတာ မည်သူကြိုသိနိုင်မည်နည်း။

ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် စုန့်ချင်းရှုတို့၏ ပုခုံးပေါ်သို့ လက်တင်လိုက်ပြီး ကိုသြဒိနိတ်က ဖော်ပြထားသောနေရာသို့ တည်နေရာ ရွှေ့ပြောင်းလိုက်သည်။

ထို့နောက်တွင် ၎င်းတို့၏ရှေ့၌ ပြိုကျလုနီးပါး ဖြစ်ဟန်တူသော စားသောက်ဆိုင် တစ်ခု ပေါ်လာသည်။

စားသောက်ဆိုင်တံခါးမှာ ချိတ်ဆွဲထားသည့် "သန်းခေါင်ယံထမင်းစားခန်းမ"ဟူသည့် စာလုံးကြီးကို ကြည့်ရင်း ဝမ်လင်း အတွေးထဲ နစ်မြောသွား၏။

"သေ-စမ်း.. ဘာလို့ ဒီနေရာကို ရောက်လာရတာလဲ"

"သူဌေးက ပန်းပဲဆရာလည်း လုပ်ဖူးတာလား.."

"ထမင်းဟင်းလည်း ချက်တယ်.. ပန်းပဲလည်း ထုတယ်"

စားသောက်ဆိုင်ပိုင်ရှင်က စွယ်စုံရ အဆိုတော်ထက် ပို၍ ပြောင်မြောက်သည်ဟု ဝမ်လင်း ထင်ခဲ့သည်။

ဝမ်လင်း၏ အေးစက်စက် မျက်နှာထား တစ်စုံတစ်ရာ ထူးခြားနေသည်ကို မြင်လျှင်ဗုံးပစ်စီနီယာ အင်မော်တယ်က မစပ်စုဘဲမနေနိုင်တော့ချေ။

"ညီနောင်လင်းကို ကြည့်ရတာ ဒီကို အရင်က ရောက်ဖူးသလိုပဲ"

ဆိုင်ထဲသို့ သူတို့ သုံးယောက် မဝင်ခင် ငြိမ့်ညောင်းသော သီဆိုသံကို ကြားနေရသည်။

"သူက ကျွန်တော် အရမ်းချစ်ပြီး နေ့ညမပြတ် လွမ်းဆွတ်နေရတဲ့ ကောင်မလေးပါ"

ဝမ်လင်းက စိတ်ထဲတွင် သက်ပြင်းကိုပင် မချနိုင်ခဲ့ပေ။

ဘဝက ဆိုးရွားသည့် ကံကြမ္မာ စက်ဝန်းတစ်ခုလို ဖြစ်သွားခဲ့သည်။

All Chapters