← Chapters

ထောင်ထဲမှာ သူမဘာတွေလုပ်ခဲ့လဲ

Vol. 11 Ch. 165

ထောင်ထဲမှာ သူမဘာတွေလုပ်ခဲ့လဲ

Vol. 11 Ch. 165

အမျိုးသား လုံခြုံရေး အမြင့်ဆုံး အကျဉ်းထောင်မှာ

ရာဇ၀တ်ကောင်ကြီးများ အတွက်ပင် ထောင်ဖောက်ရန် မဖြစ်နိုင်သောထောင် ဖြစ်သည်။

ထိုသို့သော နေရာကို အသင့်သုံး ခေါက်ဆွဲခြောက် ခက်ရင်းကို အသုံးပြု၍ ဖောက်ထွင်းသွားသည်မှာ လုံးဝ နားမလည်နိုင်စရာပင်။

ထောင်ထဲတွင် သူမ၏ ဝိညာဉ်စွမ်းအင်ကို ကန့်သတ်ထားရာ အင်မော်တယ် သလင်းကျောက်ဖြင့် အားဖြည့်ထားသော ထူထဲပြီး လေးလံသော သံမဏိပြားကို မည်ကဲ့သို့ ချိုးဖျက်ခဲ့ပါသနည်း။

သံမဏိပြားကို ချိုးဖျက်ပြီးနောက် အုတ်များ၊ ကျောက်တုံးများနှင့် မြေဆီလွှာ အားလုံးကို သူမ မည်သည့်နေရာသို့ ရွေ့ပြောင်းခဲ့ပါသနည်း။

ယင်းမှာ နောက်ထပ် မေးခွန်းတစ်ခု ဖြစ်သည်။

အတွင်းရေးမှုး တာခန်း ရောက်ပြီး မကြာမီတွင် ကျိုးရီ ရောက်ရှိလာသည်။

သူက ထောင်ပုရဝုဏ်ထဲသို့ ဝင်လာသောအခါ သူ့ကိုယ်သူ မူးဝေလာသည်ဟု ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

ယင်းကိုမြင်လျှင် ကျိုးရီကို တွေ့ဖို့ စောင့်နေသည့် ထောင်အုပ်က ဆွဲကြိုးတစ်ခုကို ကျိုးရီ၏ လည်ပင်းတွင် ဆွဲပေးလိုက်သည်။

"ဒါက ဘာလဲ"

"ဒါရိုက်တာကျိုး.. ဒါက ဟွာရှို့နိုင်ငံရဲ့ ကျင့်ကြံခြင်း အကယ်ဒမီ သိပ္ပံက တီထွင်ထားတဲ့ ခုခံမှု ကိရိယာပါ.. ဒါက ထောင်အောက်က မှော်အခင်းအကျင်းရဲ့ သက်ရောက်မှုတွေကို တားဆီးပေးပါတယ်.. ထောင်ထဲမှာ အလုပ်လုပ်တဲ့ လူတိုင်းမှာ ဒီလိုဟာမျိုး တစ်ခုစီ ရှိကြပါတယ်"

ထိုစကားကို ကြားလျှင် ကျိုးရီက ခေါင်းညိတ်လိုက်သည်။

အကျဉ်းထောင်အောက်ရှိ မှော်အခင်းအကျင်းက အလွန် ကြောက်မက်ဖွယ်ကောင်းသည်။

သူက ထောင်ထဲကို ဝင်လိုက်သည်နှင့် အသက်ရှူမဝလု နီးပါး ဖြစ်သွားရသည်။

ယင်း၏ ရောဂါလက္ခဏာများမှာ သွေးတွင်း သကြားဓာတ်နည်းသော ရောဂါများနှင့် ဆင်တူသည်။

ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ နှလုံးတုန်ခြင်းနှင့် မူးဝေခြင်းတို့ကို ဖြစ်ပေါ်စေ၏။

ဤနေရာတွင် အကျဉ်းချ ခံထားရသော ရာဇ၀တ်ကောင်ကြီးများမှာ မှော်အခင်းအကျင်းများ သာမက အထူးလက်ထိတ်များဖြင့် ကန့်သတ်ခံထားရသောကြောင့် ၎င်းတို့၏ ခွန်အားကို ထုတ်မသုံးနိုင်ကြချေ။

ဤအချက်တွေ အားလုံးကို ခြုံကြည့်လိုက်လျှင် တစ်စုံတစ်ယောက်က ဤနေရာကနေ ဖောက်ထွက်ဖို့ ဆိုသည်မှာ လုံးလုံးလျားလျား မဆီမဆိုင်သော အတွေးဟု ဆိုရမည်။

"တော်သေးတာက ရာဇဝတ်ကောင် လွတ်မြောက်ပြီး သိပ်မကြာခင်မှာပဲ ငါတို့တွေ ချက်ချင်း သိရှိခဲ့တယ်.. အကျဥ်းသားတွေရဲ့ လက်မှာ ခြေရာခံနိုင်တဲ့ လက်ထိပ်တွေ တပ်ထားတဲ့အတွက် ရာဇဝတ်ကောင်က ထောင်ဖောက်သွားတယ် ဆိုပေမဲ့ ထောင်ပုရဝုဏ် အပြင်ဘက်ကို မရောက်သေးဘူး ဆိုတာ ငါတို့ သိခဲ့ရတယ်"

အကယ်၍ ရာဇဝတ်ကောင်ကိုသာ မဖမ်းမိလျှင် သူ၏ ထောင်အုပ်အဖြစ် အသက်မွေးဝမ်းကြောင်းက ကျိန်းသေပေါက် ပြီးဆုံးသွားမည် ဖြစ်ပြီး အငြိမ်းစားယူကာ အိမ်ပြန်၍ လယ်စိုက်ရတော့မည် ဖြစ်သည်။

...................

ထောင်အုပ်က ချက်ချင်းပင် ကျိုးရီကို အခင်းဖြစ်ပွားရာ ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုအချိန်တွင် ပင်မမှုခင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ကလည်း အပြေးအလွှား ရောက်ရှိလာပြီ ဖြစ်သည်။

သူတို့အားလုံးက ကျန်းလျှိုယင်း ဖောက်ထွင်းသွားသော နေရာ၏ ပတ်ပတ်လည်တွင် မတ်တပ် ရပ်နေကြသည်။

ဤနေရာသို့ ရောက်သည်နှင့် ကျိုးရီက လူအုပ်ကြားထဲမှ လေကာအင်္ကျီ ဝတ်ထားသော အတွင်းရေးမှူး တာခန်းကို သတိထားမိလိုက်သည်။

"ကျိုးရီလေး.. မင်းလည်း ဒီကို ရောက်လာပြီလား"

ကျိုးရီကို မြင်လိုက်ရသည်နှင့် အတွင်းရေးမှူး တာခန်း၏ စိုးရိမ်သောကများက ပြေလျော့သွားသည်။

"ဒီလိုမျိုး အစွမ်းထက်တဲ့ ရာဇဝတ်ကောင်ကို အရင်က ဖမ်းဆီးပေးခဲ့လို့ ကျေးဇူးပါပဲ"

ကျိုးရီ "..........."

"ငါက မြေပြင် အခြေအနေတွေကို အနည်းနဲ့ အများ သိထားပြီးပြီ.. ဒါကြောင့် မင်းမှာ မေးခွန်းတွေ ရှိရင် ငါ့ကို မေးလို့ရတယ်.. ဒါမှမဟုတ် တခြား ထင်မြင်ချက်ရှိရင်လည်း ငါ့ကိုပြောပြပါ.. အရာအားလုံးကို မင်းရဲ့ ဆန္ဒအတိုင်းပဲ လုပ်ပါ.. ရာဇဝတ်ကောင်ကို ပြန်ဖမ်းမိဖို့ ကြိုးစားရမယ်.. ရာဇ၀တ်ကောင် ဝေးဝေးကို မပြေးခင် တရားမျှတမှု အတွက် ထောင်ထဲကို ပြန်ပို့ပေးပါ"

အတွင်းရေးမှူး စွန်းတာခန်းက ကျိုးရီ၏ ပခုံးကို ပုတ်လိုက်သည်။

"ကျိုးရီလေး မင်းအပေါ်မှာပဲ မူတည်တယ်...မင်း သူ့ကို ပထမ တစ်ကြိမ် ဖမ်းနိုင်ခဲ့ပြီး ဆိုမှတော့ မင်း သူ့ကို ဒုတိယအကြိမ်လည်း ဖမ်းနိုင်မယ်လို့ ငါယုံကြည်တယ်"

"............"

ကျိုးရီက ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်နေသည်။

လွန်ခဲ့သည့် နှစ်ကြိမ်ကလည်း သူကိုယ်တိုင် ဘာဆိုဘာမျှ မသိလိုက်ဘဲ အလကားနေရင်း အထင်ကြီးခံခဲ့ရသည်။

"အတွင်းရေးမှူး.. သူမ ဘယ်လို လွတ်မြောက်သွားတာလဲ"

"ငါ့ရဲ့ ကနဦး တွေ့ရှိချက် အရတော့ ရာဇ၀တ်ကောင်က လမ်းကြောင်းတစ်ခုကို တူးပြီး ထွက်ပြေးဖို့ ခေါက်ဆွဲခြောက်ခက်ရင်းကို အမှန်တစ်ကယ် အသုံးပြုခဲ့တယ်.. လမ်းကြောင်းက မကျယ်ဘူး ဆိုပေမဲ့ အရိပ်အဖွဲ့အစည်း လုပ်ကြံသူ ဖြစ်တဲ့ ရာဇ၀တ်သားက အရိုးချုံ့နည်းကို အသုံးပြုပြီး ဒီအပေါက်သေးသေးလေးကနေ လွတ်မြောက်နိုင်ခဲ့ပုံ ရတယ်.. ကြမ်းပြင်ပေါ်က သံမဏိပြားနဲ့ ပတ်သက်ပြီးတော့ ပြောရရင် အကျဉ်းသားက သံမဏိပြားကို စားသောက်နိုင်တဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ အရည်တစ်မျိုးကို အသုံးပြုခဲ့ပုံပဲ"

"အဆိပ်ရည်လား"

ကျိုးရီ အံ့ဩသွားသည်။

"ထောင်ထဲ မ၀င်ခင် ခန္ဓာကိုယ်ကို သေသေချာချာ စစ်ဆေးတာ မဟုတ်လား.. ဘယ်လိုလုပ်ပြီး အထဲကို ယူလာနိုင်တာလဲ"

"ကျနော့် ခန့်မှန်းချက် အရတော့ ရာဇ၀တ်သားက စစ်ဆေးနေစဥ် အတွင်း မျက်ကွယ် နေရာဖြစ်တဲ့ သူမရဲ့ လည်ချောင်းမှာ ဝှက်ထားနိုင်ဖွယ် ရှိပါတယ်"

ထောင်အုပ်က ပြန်ဖြေလိုက်သည်။

ကျိုးရီ "လည်.. လည်ချောင်းလား"

အတွင်းရေးမှူးစွန်းက ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။

"ဒီယူဆချက်ဟာ ရယ်စရာလို့ ထင်ရပေမယ့် တကယ်တော့ ယုတ္တိရှိပါတယ်.. လည်ချောင်းထဲမှ ဖုံးကွယ်ထားရတာက အရမ်း လွယ်ကူတယ်လေ.. အဆိပ်ပုလင်း သေးသေးလေး မပြောနဲ့ လက်ပစ်ဗုံး တစ်လုံးကိုတောင် အဲဒီနေရာမှာ ဝှက်ထားနိုင်ပါတယ်"

ကျိုးရီ "..........."

...................

ကျိုးရီ ထောင်က ထွက်လာသည်မှာ နှစ်နာရီကြာသွားပြီဖြစ်သည်။

ပြင်ပကမ္ဘာက ငြိမ်သက် အေးချမ်းနေသော်လည်း စုန့်ဟိုင်မြို့၏ လုံခြုံရေး အမြင့်ဆုံး အကျဉ်းထောင် အတွင်းတွင် အခြေအနေမှာ ပေါက်ကွဲနေပြီ ဖြစ်သည်။

ဤနှစ်နာရီအတွင်း ဘာတွေ ဆက်ဖြစ်မည်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မပြောနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရာဇ၀တ်ကောင် အဖို့ အောင်မြင်စွာ ထွက်ပြေးနိုင်ခြေ ပိုများလေ ဖြစ်သည်။

ဤရာဇဝတ်ကောင်က အရိပ် အဖွဲ့အစည်းမှ အရေးပါသော အမှုဆောင် တစ်ဦး ဖြစ်သည်။

ဤကဲ့သို့ နာမည်ကြီး ရာဇဝတ်ကောင်ကို လွတ်မြောက်ခွင့်ပေးလိုက်လျှင် လူထုကို ထိခိုက်စေသည့် ကိစ္စမျိုး မလုပ်ဟု မည်သူမှ အာမ မခံနိုင်ပေ။

ပင်မ ထောင်အဆောက်အဦးမှ သုံးမိုင်အကွာတွင် ကျန်းလျှိုယင်းက မြက်ပင်အောက်မှ တွားထွား ထွက်လာခဲ့၏။

သူမက ခေါက်ဆွဲခြောက် ခက်ရင်းကို လက်တစ်ဖက်တွင် ဆုပ်ကိုင်ထားသော်လည်း လက်ထိတ်ခတ် ခံထားရဆဲဖြစ်သည်။

ကျန်းလျှိုယင်း အတွက် မြေကြီးကို တူးဖော်ရသည်မှာ ပူတင်းကို ခပ်စားရသလို လွယ်ကူနေသည်။

အကြောင်းရင်းမှာ သူမ ကိုင်ထားသည့် ခေါက်ဆွဲခြောက်ခရင်းတွင် တာအိုအဆောင် စာရွက်ကို ကပ်ထားသောကြောင့် ဖြစ်၏။

သူမက ထိုအဆောင်စာရွက်ကို ဆွဲခွာလိုက်သည်နှင့် အသင့်စား ခေါက်ဆွဲခြောက် ခက်ရင်းက နှစ်ခြမ်း ကွဲထွက်သွားသည်။

"အစ်မ ပြင်ဆင်ပေးထားတဲ့ ထောက်ဖောက် ပစ္စည်းတွေက အသုံးဝင်သားပဲ"

ကျန်းလျှိုယင်းက လည်ချောင်းကနေ လက်ချောင်းအရွယ် ဖန်ပုလင်း တစ်လုံးကို ထုတ်လိုက်သည်။

ထိုဖန်ပုလင်းကို နေရာလွတ်ချဲ့ထွင် နည်းနစ်ဖြင့် ပြုလုပ်ထားပြီး အထဲတွင် မှော်ရတနာ အမျိုးမျိုး နှင့် ဆေးတောင့် အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်က အမှတ် ၅၉ အထက်တန်းကျောင်းတွင် သူမ သတိလစ်သွားခဲ့ပြီး သတိပြန်ရလာချိန်တွင် ထောင်ထဲသို့ရောက်နေခဲ့၏။

ထောင်ထဲတွင် အချိန်အတော်ကြာ နေခဲ့ရသော်လည်းကံကောင်းထောက်မစွာဖြင့် သူမ လွတ်မြောက်နိုင်ခဲ့သည်။

ကျန်းလျှိုယင်းက ထိုအချိန်က အဖြစ်အပျက်ကို စဥ်းစားမိပြီး အံကြိတ်လိုက်သည်။

သေချင်းဆိုးကြောင်များနှင့် အထက်တန်းကျောင်းသားများက သူမကို ထောင်ထဲသို့ အရောက်ပို့ခဲ့သည်။

"ခဏပဲစောင့် သိပ်မကြာခင် ငါကိုယ်တိုင် လက်စားလာချေမယ်"

ယခု သူမ၏ ဦးစားပေးက ဤနေရာကနေ ထွက်ပြေးဖို့ ဖြစ်သည်။

သူမက အချုပ်ခန်းမှ လွတ်မြောက်ခဲ့သော်လည်း အကျဉ်းထောင် ပုရဝုဏ် အတွင်းမှ မလွတ်မြောက်သေးကြောင်း သူမ ကောင်းစွာ သိရှိခဲ့သည်။

ထို့အပြင် သူမက လက်ထိပ်မှတဆင့် စောင့်ကြည့်ခံနေရသည်။

"ဒီလက်ထိတ်ကြီးကို ချွတ်မှဖြစ်မယ်"

ကျန်းလျှိုယင်းက သူမ လက်ပေါ်ရှိ လက်ထိတ်ကို ကြည့်ကာ လေးလေးနက်နက် တွေးတောလိုက်သည်။

ဤလက်ထိတ်တွေကို သန့်စင်ထားသော သံမဏိဖြင့် ပြုလုပ်ထား၏။

ဤအရာက စိတ်ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်နိုင်သောကြောင့် အလွန် ထူးခြားသည်ဟု ဆိုရမည်။

အကျဉ်းထောင်အောက်ရှိ မှော်အခင်းအကျင်းများကြောင့် ယခုအခါတွင် သူမ အသုံးပြုနိုင်သည့် ဝိညာဉ်စွမ်းအင်မှာ အလွန် နည်းပါးနေပြီ ဖြစ်သည်။

ယင်းအချိန်မှာပင် လက်ထိတ်ကို ဖြေရှင်းရန် သူမ အဖြေတစ်ခု ရလာသည်။

သူမက ချပ်ဝတ်တန်ဆာကို ထိုးဖောက်နိုင်သော ဆေးတောင့်တစ်တောင့်ကို ဖန်ပုလင်းထဲကနေ ထုတ်ယူလိုက်ပြီး ဆေားတောင့်ထဲမှ အမှုန့်ကို သူမ၏ ရင်သားပေါ်တွင် ဖြူးလိုက်သည်။

ထို့နောက် သူမက အသက်ပြင်းပြင်းရှူရင်း သူမ၏လက်တွေကို ကျောက်တုံးတစ်တုံးပေါ် တင်လိုက်သည်။

ယင်းနောက် သူမ၏ 36ဆိုဒ် ရှိသည့် ရင်သားဖြင့် လက်ထိတ်ကို ဖိချလိုက်သည်။

"ဝုန်း"

ရင်သားက သူမ လက်ထိတ်များကို ပြင်းထန်သောအားဖြင့် ရိုက်ခွဲချလိုက်သည်။

All Chapters