အစုလိုက်အပြုံလိုက် ဖျက်ဆီးခြင်းလက်နက်
Vol. 12 Ch. 166
ရှေးခေတ်မှ လူတွေက သူတို့၏ ရင်ဘတ်ပေါ်တွင် ကျောက်တုံးများကို တင်၍ ရိုက်ခွဲကြလေ့ ရှိသည်။
ယနေ့တွင်မူ လက်ထိတ်ကို ဖျက်ဆီးရန် လက်နက်တစ်ခုအဖြစ် အသုံးချနေကြပြီ ဖြစ်၏။
ကျန်းလျှိုယင်းက ကြေမွနေသော လက်ထိတ် အစအနများကို ကြည့်ရင်း သမိုင်းဝင် စွမ်းဆောင်မှု တစ်ခုကို လုပ်ဆောင်လိုက်သကဲ့သို့ နှလုံးသားထဲတွင် တုန်လှုပ်သွားသလို ရုတ်တရက် ခံစားလိုက်ရသည်။
သူမ ထောင်ကနေ ထွက်ပြေးလာနိုင်သည့် အဓိက အကြောင်းအရင်းမှာ ချပ်ဝတ်တန်ဆာကို ထိုးဖောက်နိုင်သော အဆောင်လက်ဖွဲ့က အလွန် အသုံးဝင်သောကြောင့် ဖြစ်သည်။
ထိုအဆောင်လက်ဖွဲ့ကို အမဖြစ်သူ ကိုယ်တိုင် ရေးဆွဲပေးခဲ့ခြင်း ဖြစ်ပြီး စျေးကွက်မှာ ရောင်းနေသည့် အဆောင်လက်ဖွဲ့များထက် ပို၍ ဖျက်ဆီးအားကောင်း၏။
ကျန်းလျှိုယင်းက လက်ထိတ် အနှောင်အဖွဲ့မှ လွတ်မြောက်ပြီးနောက်တွင် သူမ၏ ဝိညာဉ်စွမ်းအင် သိသိသာသာ ပြန်လည် ကောင်းမွန်လာသည်ဟု ခံစားမိလိုက်သည်။
အကျဉ်းထောင်အောက်ရှိ မှော်အခင်းအကျင်းမှာ သူမ၏ ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်ရာတွင် အဓိက အခန်းကဏ္ဍ တစ်ခုမှ ပါဝင်နေသော်လည်း ထောင်ကျနေချိန် အတွင်းမှာပင် တင်းကျပ်သော ပတ်ဝန်းကျင် အခြေအနေကို သူမက တဖြည်းဖြည်း အသုံးချလာနိုင်ခဲ့သည်။
သူမ၏ ခန္ဓာကိုယ်တွင် CPU နှစ်ခုကဲ့သို့ ရွှေအမြူတေ နှစ်ခုပါရှိသောကြောင့် သူမ၏ ဝိညာဉ်စွမ်းအင်မှာ သာမန်လူများထက် ပိုမိုလျင်မြန်စွာ လည်ပတ်နိုင်ခဲ့သည်။
ထို့ကြောင့် တင်းကျပ်သော ပတ်ဝန်းကျင် အခြေအနေမှာပင် သူမက သူမ၏ ခွန်အားတစ်ဝက်ကို အသုံးချနိုင်ဆဲ ဖြစ်သည်။
ယင်းမှာ သူမအား ထောင်မှ လွတ်မြောက်အောင် ကူညီပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အကျဥ်းသားများကို ထောင်အောက်ရှိ မှော်အခင်းအကျင်း အပြင် လက်ထိတ်ခတ်ခြင်းဖြင့် ကန့်သတ် တားဆီး ထားသောကြောင့် သာမန် ရာဇဝင် လူဆိုး တစ်ဦး အတွက် ထောင်အတွင်း အသုံးပြုသည့် ခုခံမှု သလင်းကျောက် အကူအညီ မပါဘဲ ထွက်ပြေးရန်မှာ လုံးဝမဖြစ်နိုင်ပေ။
သို့ရာတွင် သူမကမူ ထွက်ပြေးဖို့ အခွင့်အလမ်း တဖြည်းဖြည်း ပိုများလာသလို ခံစားရသည်။
ဤအကျဉ်းထောင်က အလွန် ကျယ်ပြန့်သော ဧရိယာကို ဖုံးလွှမ်းထားသည်။
သူမက ပင်မ ထောင်အဆောက်အဦးမှ လွတ်မြောက်ခဲ့သည်။
လက်ရှိတွင် သူမက ပင်မ ထောင်အဆောက်အဦး၏ အနောက်ဘက် သုံးကီလိုမီတာ အကွာရှိ သစ်တောအုပ် အတွင်းမှ လေ့ကျင့်ရေးဇုန်၌ ရှိနေသည်။
ဤနေရာက အကျဉ်းသားများ လေ့ကျင့်ခန်း ဆင်းရာနေရာဖြစ်သော်လည်း ယခုအခါတွင် ကျန်းလျှိုယင်း အတွက် ခိုအောင်းရာ နေရာ ဖြစ်လာသည်။
သူမသာ အလောတကြီး ထွက်ပြေးမည်ဆိုလျှင် အနီးနားရှိ ထောင်အရာရှိတွေက သူမကို ချက်ခြင်း ပြန်ဖမ်းမိသွားမည် ဖြစ်သည်။
သူမ၏ ဦးစားပေးမှာ သူမ အမ စီစဥ်ပေးလိုက်သည့် ထောင်ဖောက်ပစ္စည်းများထဲမှ မျက်စိဖြင့်မမြင်နိုင်သော အစီအရင်ကိုအသုံးပြုပြီး ထောင်မှ အမြန်ဆုံး ထွက်နိုင်သော ရေဆိုးမြောင်းကို ရှာဖွေရန် ဖြစ်သည်။
သူမက ဆေးအာနိသင် မပြယ်ခင် ထောင်နံရံကို ဖြိုခွင်းရန် သူမ၏ ရင်သားလက်နက်ကို အသုံးပြုလိုက်သည်။
အကျဉ်းထောင် ပတ်ပတ်လည်ရှိ မြင့်မားသော သံမဏိတံတိုင်းမှာ ဖောက်ထွင်းရန် မဖြစ်နိုင်လောက်အောင် ထူထဲမှန်းသိသော်လည်း သူမတွင် တခြား နည်းလမ်းမရှိပေ။
အခြေအနေအရ ကျန်းလျှိုယင်းတွင် တခြား ရွေးချယ်စရာမရှိတော့ချေ။
သူမတွင် ဤနေရာမှ လွတ်မြောက်ရန် နောက်ဆုံးအခွင့်အရေးတစ်ခုသာ ရှိသည်။
သစ်တောအုပ်ထဲတွင် ကျန်းလျှိုယင်းက သွားများကို အံကြိတ်ကာ မမြင်နိုင်သော အဆောင်လက်ဖွဲ့ကို အသက်သွင်းရန်အတွက် သူမ၏ ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်လိုက်သည်။
ထို့နောက် သူမ ခန္ဓာကိုယ်ပေါ်တွင် အဆောင်လက်ဖွဲ့ကို ကပ်လိုက်ပြီး လမ်းကြောင်းတစ်ခုသို့ ဦးတည်ကာ အရှိန်မြှင့်လိုက်သည်။
...................
နာရီဝက်ခန့်အကြာတွင် ထောင်အရာရှိများက မြေပြင်ပေါ်တွင် ကြေမွနေသော လက်ထိတ်များကို တွေ့ရှိခဲ့ရသည်။
အတွင်းရေးမှူး စွန်းတာခန်း နှင့် ကျိုးရီ တို့လည်း အခြားလူတစ်စုနှင့် အတူ အခင်းဖြစ်ပွားရာ နေရာသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
လက်ထိတ်များ အစိတ်စိတ်အမြွှာမြွှာ ကြေမွနေသည်ကို မြင်သောအခါ ထောင်အုပ်၏ နှလုံးသားက တုန်လှုပ်သွားပြီး အမူအရာ ညှိုးငယ်သွားသည်။
လက်ထိတ်ပေါ်တွင် တားမြစ်ထားသော မှော်အစီအရင်များကို စီရင်ထား၏။
သို့ဖြစ်ရာ ကျန်းလျှိုယင်းက ဤအထူးပြုလက်ထိတ်များကို မည်ကဲ့သို့ ဖျက်ဆီးခဲ့ပါသနည်း။
"ကျန်းလျှိုယင်းမှာ ထွက်ပြေးဖို့ ခွန်အားတွေရှိနေပုံပဲ.. ဒါကြောင့်လည်း သူမက လက်ထိတ်တွေကို ဖျက်ဆီးပစ်နိုင်တာ ဖြစ်မယ်"
အတွင်းရေးမှူး စွန်းတာခန်းက လက်ထိတ်ကို စိုက်ကြည့်ကာခဏမျှ တွေးတောလိုက်သည်။
"ဒါပေမဲ့ သူမက ဘယ်လိုမျိုး အဖျက်စွမ်းအားတွေကို ပိုင်ဆိုင်ထားပါလိမ့်.. ကျိုးရီလေး.. မင်းမှာ ဘာ အကြံဥာဏ်တွေ ရှိလဲ"
ကျိုးရီ၏ အမူအရာက ငေးကြောင်ကြောင် ဖြစ်နေသည်။
".............."
အတွင်းရေးမှူးစွန်းက ဆက်လက် ပြောဆိုလိုက်သည်။
"လုံခြုံရေး အမြင့်ဆုံး အကျဉ်းထောင်မှာ အသုံးပြုတဲ့ လက်ထိတ်တွေ အားလုံးက အလွန်သိပ်သည်းပြီး သန့်စင်တဲ့ အနက်ရောင်သံနဲ့ ပြုလုပ်ထားတာပဲ.. ဒါကိုကြည့်ရင် ဒီအမျိုးသမီးမှာ လက်ထိတ်ကို အမှန်တကယ် ပျက်စီးစေနိုင်တဲ့လက်နက်တချို့ ရှိနေတာ သေချာတယ်.. သူမဆီမှာ အစုလိုက် အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်မျိုး ရှိပုံရတယ်"
ထောင်မှူး "အတွင်းရေးမှူးစွန်း.. ဒီအကျဉ်းသားက ကျနော်တို့ထောင်က တခြားရာဇ၀တ်ကောင်တွေကို ဒုက္ခပေးသွားမလား မသိဘူး"
"မပေးလောက်ပါဘူး"
အတွင်းရေးမှူးစွန်းက ခေါင်းခါယမ်းလိုက်သည်။
"အစကတည်းက ဒီအမျိုးသမီးရဲ့ ရည်ရွယ်ချက်က ဒီကနေ ထွက်ပြေးဖို့ပဲ.. ဒါကြောင့် မြင့်မားတဲ့ ထောင်တံတိုင်း ဒါမှမဟုတ် နံရံက အကာအကွယ် အတားအဆီးတွေကို ဖျက်ဆီးဖို့ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်ကို အသုံးပြုသွားတာ ဖြစ်နိုင်တယ်"
ယင်းသို့ပြောနေသည့် အချိန်မှာပင် မြေပြိုကျသည့် အသံကို လူတိုင်း ကြားလိုက်ရသည်။
ထောင်မှူးက စကားပြောစက်ဖြင့် စကားပြောလိုက်သည်။
"သွားကြည့်စမ်း.. အဲဒီအသံက ဘာအသံလဲ"
မကြာမီတွင် ရေဒီယိုလိုင်း၏ အခြားတစ်ဖက်ရှိ ထောင်တံခါးစောင့်များထံမှ အကြောင်းပြန်လာသည်။
"သတင်းပို့ပါတယ်.. ပစ်မှတ်ကိုတွေ့ပါပြီ.. သူက အတားအဆီးကို ဖျက်ဆီးနေပါတယ်"
ထောင်မှူး "ဒါဆိုရင် သွားပြီးတော့ ပစ်မှတ်ကို အမြန်ဆုံး နှိမ်နင်းပါ"
ထောင်အရာရှိ "သတင်းပို့ပါတယ်.. ပစ်မှတ်က လှုပ်ရှားတာ အရမ်းမြန်နေတယ်.. သူမက မမြင်နိုင်တဲ့ အဆောင်ကို သုံးနေပုံရတယ်.. အခုသူမကို ရှာဖို့ စကင်ဖတ်စက်ကို သုံးနေရတယ်"
ထောင်မှူး "သူမကို ဖမ်းမိတာနဲ့ ချက်ချင်းပဲ သူမ လက်နက်ကို ဖမ်းသိမ်းထားလိုက်ပါ"
"................"
"လက်နက်ကို သိမ်းထားရမှာလား"
စကင်ဖတ်စက်က လုံခြုံရေး အမြင့်ဆုံး အကျဉ်းထောင်၏ အတားအဆီး နေရာရှိ ကျန်းလျှိုယင်းကို ထုတ်ဖော်ပြသခဲ့သည်။
"............."
ကျန်းလျှိုယင်းက သူမ၏ ရင်သားများကို လက်ဖဝါးဖြင့် ကိုင်ကာ အတားအဆီးကို ဖြိုခွင်းရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။
ထောင်အရာရှိတစ်စုက ထိုမြင်ကွင်းကို မြင်လျှင် ကူကယ်ရာမဲ့စွာဖြင့် အတွေးထဲ နက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့သည်။
........................
ဇွန်လ ၄ ရက်.. စာသင်နှစ် စတင်ပြီးနောက် ဆဌမမြောက်အပတ်.. စနေနေ့ ဖြစ်သည်။
ဝမ်လင်းက နံနက်ခင်းတွင် နိုးလာခဲ့ပြီး တီဗီဖွင့်လိုက်သောအခါ ချာနယ်အားလုံးက တူညီသော သတင်းတွေကိုသာ ထုတ်လွှင့်နေသည်ကို တွေ့လိုက်ရသည်။
ယမန်နေ့ညနေ ခြောက်နာရီ ဝန်းကျင်ခန့်တွင် စုန့်ဟိုင်မြို့၏ အမြင့်ဆုံး လုံခြုံရေး ထောင်အတားအဆီးကို ရာဇ၀တ်ကောင် တစ်ယောက်က ဖောက်ထွင်းနိုင်ခဲ့ပြီး အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။
အမှတ် ၅၉ အထက်တန်းကျောင်းတွင် တစ်ချိန်က သူဖမ်းမိခဲ့သော ထိုမိန်းကလေးမှာ အမှန်တကယ်ပင် ဝမ်လင်းကို အံ့သြသွားစေသည်။
ဆက်စပ်စုံစမ်းမှုများ အရ သူမက အမှန်တကယ်ပင် အရိပ်အဖွဲ့ခေါင်းဆောင်၏ ညီမဖြစ်ကြောင်း ကျင့်ကြံခြင်း ရဲများက အတည်ပြုခဲ့ကြသည်။
သူမ၏ အထောက်အထားကြောင့် သူမအား စစ်ဆေးခြင်းပင် မပြုဘဲ စုန့်ဟိုင်မြို့၏ လုံခြုံရေး အမြင့်ဆုံးထောင်သို့ တိုက်ရိုက်ပို့ခြင်း ခံခဲ့ရသည်။
ဝမ်လင်းက သူမကို ဖမ်းမိသည့်ရက်ကို အသေအချာ ရေတွက်ကြည့်လိုက်ရာ သုံးပတ်နီးပါး ရှိပြီဟု သိလိုက်သည်။
"ထောင်ထဲမှာ အရာရှိတွေ အများကြီးပဲ.. ဒီကောင်တွေ အသုံးမကျချက်က မိန်းကလေး တစ်ယောက်ကိုတောင် ကောင်းကောင်း မထိန်းသိမ်းနိုင်ဘူး"
တီဗွီရှေ့မှာ ထိုင်နေသည့် အဘိုးအိုက တီဗီကို တိုက်ရိုက် မပိတ်ခင် ဟင်းရွက်ဆန်ပြုတ် တစ်လုတ်ကို စားလိုက်သည်။
"အဖေ.. ဘာလို့ တီဗီပိတ်လိုက်တာလဲ"
ဖေဖေဝမ်က ရာဇဝတ်ကောင် မိန်းကလေး ရင်သားကြီးကြီး ရှိသည် ဆိုကတည်းက ထိုသတင်းကို သဘောကျနေသည်။
ဟုတ်ပါသည်။ ယင်းက အဓိက မဟုတ်ခဲ့ပေ။
အဓိကအချက်မှာ ဖေဖေဝမ်က ထိုမိန်းကလေး ထောင်က မည်သို့မည်ပုံ ရုန်းထွက်ခဲ့တာလဲ ဆိုသည်ကို သိချင်သည့် အတွက် သတင်းကို ဆက်လက် ကြည့်ရှုချင်ခဲ့ခြင်း ဖြစ်သည်။
အဘိုးကြီးက ခေါင်းခါလိုက်သည်။
ကျန်တာတွေ ဆက်မကြည့်လျှင်ပင် ဘာဆက်ဖြစ်မည် ဆိုတာ အကြမ်းဖျင်း ခန့်မှန်းလို့ရ၏။
ထုံးစံအတိုင်း ကြီးကြီးမားမား ကိစ္စဖြစ်လာခဲ့ရင် ဌာနဆိုင်ရာ ခေါင်းဆောင်တွေက အမှုကိစ္စကို ဘောလီဘောလို ပုတ်ကာ တာဝန်အားလုံးကို ငြင်းဆန်ကြလိမ့်မည် ဖြစ်သည်။
အဖိုးအိုက တီဗီကို ပြန်ဖွင့်လိုက်သည်။
တိုက်ဆိုင်စွာပင် ယင်းအချိန်တွင် လာနေသော သတင်းမှာ စုန့်ဟိုင်မြို့၏ ထောင်အုပ်မှ တိုက်ရိုက် ကြေငြာချက် ထုတ်သည့် သတင်း ဖြစ်နေသည်။
မှိတ်တုတ်မှိတ်တုတ် ကင်မရာများစွာ နှင့် သတင်းထောက်များစွာ၏ ကြားတွင် လူလတ်ပိုင်း အရာရှိတစ်ဦးက ရှိနေသည်။
ထိုလူ၏ မျက်နှာပေါ်တွင် နောင်တရသော အမူအရာများ ဖြစ်ပေါ်နေသည်။
"လူထုကို စိတ်ပူအောင် လုပ်မိလို့ စိတ်မကောင်းပါဘူး.. ဒီတကြိမ် အခြေအနေက ထင်သလောက် မပြင်းထန်ပါဘူး.. ကျနော်တို့က တစ်နိုင်ငံလုံးအနှံ့ ဖမ်းဝရမ်း ထုတ်ထားပြီးပါပြီ.. မကြာခင် ကာလအတွင်းမှာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ပါလိမ့်မယ်"
အနက်ရောင် မျက်မှန်တပ်ထားသော အမျိုးသမီး သတင်းထောက်က မေးခွန်းထုတ်လိုက်သည်။
"ထောင်အုပ်လျန့်.. ဒီအကျဉ်းသား ဘယ်လို လွတ်မြောက်လာရလဲဆိုတဲ့ အဓိက အကြောင်းအရင်းကို ရှင်းပြပေးနိုင်မလား"
"တကယ်တော့ ဒီတစ်ကြိမ် ထောင်ဖောက်ခံရတဲ့ ကိစ္စက ထောင်ဝန်ထမ်း အသစ်တွေနဲ့ သက်ဆိုင်ပါတယ်. သူတို့က လုပ်ငန်းခွင် နဲ့ မရင်းနှီးသေးတဲ့ အတွက် ရာဇ၀တ်သားကို စစ်ဆေးချက် အမှားအယွင်းတွေ လုပ်ခဲ့မိတာပါ"
ထိုစကားကို ပြောရင်း တာဝန်ခံလျန့်က ဝမ်းနည်းသော အမူအရာဖြင့် ခေါင်းညိမ့်လိုက်သည်။
"ဟုတ်ပါတယ်.. ကျနော်ပြောခဲ့တာတွေက အမှန်တရားပါပဲ.. အမှားအယွင်းကို အဓိက ကျူးလွန်ခဲ့သူက အချိန်ပိုင်း အလုပ်သမားတွေပါပဲ"
ဖေဖေဝမ် နှင့် ဝမ်လင်း".............."