← Chapters

လင်းကျန်းရန်၏ အိမ်မွေးကြောင် ပျောက်ဆုံးနေသည်

Vol. 12 Ch. 167

လင်းကျန်းရန်၏ အိမ်မွေးကြောင် ပျောက်ဆုံးနေသည်

Vol. 12 Ch. 167

ဤသို့ဖြင့် ဂုဏ်ယူစရာ အချိန်ပိုင်း အလုပ်သမားများမှာ အချောင်သက်သက် ဓားစာခံ ဖြစ်သွားရပြန်သည်။

ဤသည်က ဟွာရှို့နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက တစ်ခုခုကို ပြင်းပြင်းထန်ထန် ရှုတ်ချခြင်း သို့မဟုတ် ကန့်ကွက်သည့် အချိန်မျိုးတွင် အစိုးရဌာနများ ကျင့်သုံးလေ့ရှိသည့် စံတုံ့ပြန်မှု ပုံစံ ဖြစ်ကြောင်း ဝမ်လင်းသိသည်။

ဤသည်မှာ အင်တာဗျူးမေးခွန်း အမျိုးမျိုးကို ဖြေကြားရန် ကုထုံး ကဲ့သို့ အသုံးပြုနိုင်သော အကြောင်းပြချက် စကားလုံးမျိုး ဖြစ်၏။

ထောင်ဖောက်ပြေးသည့် မိန်းကလေးနှင့် ပတ်သက်သည့် သတင်းများကို အွန်လိုင်းပေါ်တွင် သိပ်မတွေ့ရချေ။

ဝမ်လင်းက သတင်းနှင့် ပတ်သက်သည့် အပလီကေးရှင်းများစွာကို ဖွင့်ကြည့်ခဲ့ရာ ဤဖြစ်ရပ်နှင့် ပတ်သက်သည့် မှတ်ချက်အနည်းငယ်ကိုသာ တွေ့ရှိခဲ့သည်။

ယင်းက မေမေဝမ်၏ ကိစ္စလိုပင်။

ဤအဖြစ်အပျက်နှင့် ပတ်သက်သည့် အရာမှန်သမျှမှာ ဖိနှိပ်ခံထားရကြောင်း သိသာထင်ရှားနေသည်။

ဝမ်လင်းက တီဗီကို ပိတ်ပစ်လိုက်သည်။

သို့သော် သတင်းတစ်ပုဒ်ကို ကြည့်ပြီး ဝမ်လင်း စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရသည်။

သူ့မျက်ခွံတွေ တဆတ်ဆတ် တုန်ယင်လာ၏။

ဤတစ်ကြိမ်က ကပ်ဘေးအန္တရာယ် အဆင့် ကြယ်သုံးပွင့် ဖြစ်သည်။

ထို့ကြောင့် ဝမ်လင်းက ဤစနေနေ့တွင် ဘယ်မှမသွားဘဲ အိမ်တွင်သာ ရှိနေသော်လည်း စိတ်မသက်မသာ ခံစားနေရသည်။

မကြာခဏ မျက်ခွံ လှုပ်နေမှုကြောင့် သူအနည်းငယ် စိုးရွံ့နေ၏။

ထောင်ဖောင်ပြေးသွားသည့် ဝရမ်းပြေး ကျန်းလျှိုယင်း ဘာတွေများ လုပ်နေပါသနည်း။

ဝမ်လင်းက ကုတင်ပေါ်တွင် လှဲကာ ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်၍ အတွေးများ ကယောက်ကယက် ဖြစ်နေသည်။

လက်ရှိအချိန်တွင် ထောင်က လွတ်ခါစ ဖြစ်သောကြောင့် သူမအနေဖြင့် အမှတ် ၅၉ အထက်တန်းကျောင်းနဲ့ အမှတ် ၆၀ အထက်တန်း ကျောင်းကို လက်စားချေရန် မဖြစ်နိုင်သေးမှန်း ထင်ရှားနေသည်။

ကျောင်းသားအများစုမှာ အားလပ်ရက် အပန်းဖြေခရီးထွက်နေကြပြီ ဖြစ်၏။

သူမက ပြဿနာရှာခဲ့လျှင်ပင် အရိပ်လုပ်ကြံသူများ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးနိုင်သည့် တာဝန်ကျ ဆရာများစွာ ရှိပါသေးသည်။

ဝမ်မင်နောက်ကို လိုက်၍ ကလဲ့စားချေမည် ဆိုလျှင်လည်း ပို၍ပင် ယုတ္တိမရှိပေ။

ဟွာရှို့နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များက ဤစူပါဦးနှောက်နှင့် အရိပ်အဖွဲ့အစည်း တို့အကြား "ချစ်ခြင်း မုန်းခြင်း" ဆက်ဆံရေး အကြောင်းကို အားလုံး သိထားကြသည်။

သူမ ထောင်မှ လွတ်မြောက်လာကြောင်း သတင်း ထွက်ပေါ်လာသည်နှင့် ဝမ်မင်ကို ကာကွယ်ရန် သက်တော်စောင့်များ ထပ်မံ စေလွှတ်ခဲ့မည်မှာ သေချာသည်။

ထို့ကြောင့် အချိန်တိုအတွင်း သူမ လက်စားချေနိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းမှာ ကျန့်ထန်၏ လွတ်လပ်သောတပ်ရင်းသာ ရှိတော့သည်။

လူတစ်ဦးက ၎င်းတို့၏ ဒေါသအတွက် ထွက်ပေါက်မရှိသောအခါမျိုးတွင် ထွက်ပေါက်ပေးရန် အတွက် ပုံမှန်အားဖြင့် ပို၍ ပျော့ပျောင်းသော ပစ်မှတ်ကိုသာ ရှာဖွေကြသည်။

ကျန့်ထန်က ယခုအခါတွင် အန္တရာယ်ထဲ ကျရောက်နေပြီဟု ဝမ်လင်း ခံစားမိလိုက်သည်။

.........................

ဝမ်လင်းက သူ့ကိုယ်သူ အဖြူရောင် ပါရှန်ကြောင် တစ်ကောင်အဖြစ် ပြောင်းလဲခဲ့ပြီး အမှတ် ၅၉ အထက်တန်းကျောင်းရှိ မိုးမခပင်အိုကြီး အောက်တွင် ပေါ်လာခဲ့သည်။

သူက အရေးပေါ် အခြေအနေကြောင့် ထိုနေရာသို့ တည်နေရာရွှေ့ပြောင်းသော စွမ်းရည်ဖြင့် သွားရောက်ခဲ့သည်။

သူက ပတ်ဝန်းကျင်ကို ဂရုတစိုက် ခံစားလိုက်သော်လည်း ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်နေသည်။

သစ်ခေါင်းထဲ၌လည်း မည့်သည့် အရိပ်အယောင်ကိုမှ မတွေ့ရချေ။

ကျန့်ထန် လက်အောက်ရှိ လက်ထောက် တပ်ရင်းမှူး၊ မြင်းတပ်၊ ခြေလျင်တပ်၊ လေတပ်စသည့် အရာမှန်သမျှကို မတွေ့ရတော့ပေ။

ဝမ်လင်းက မျက်လုံးများကိုဖွင့်ကာ ကောင်းကင်မျက်လုံး ၏ အလင်းပြန်နိုင်စွမ်းကို အသုံးပြုခဲ့သည်။

သူက မျက်စိရှေ့မှ မြင်ကွင်းကို ပြန်ရစ်ကြည့်ခဲ့သော်လည်း မည်သည့် သတင်းအချက်အလက်မှ မရခဲ့ချေ။

ကျန့်ထန်က လွန်ခဲ့သော နာရီဝက်က ထွက်ခွာသွားကြောင်း ကိုသာ သူအတည်ပြုနိုင်ခဲ့သည်။

ကျန့်ထန်ကက အင်အားအပြည့်ဖြင့် ထွက်သွားခဲ့၏။

သူ၏ စစ်တပ်တစ်ခုလုံးက ရီတာလီ အမြောက်အပြင် သစ်ခေါင်းပေါက် အတွင်းရှိ လက်နက်အားလုံးကို သယ်ဆောင်ကာ ထွက်သွားခဲ့သည်။

၎င်းတို့က ဤကမ္ဘာမြေကြီးပေါ်မှာ ဘာလုပ်ဖို့ ကြိုးစားနေကြပါသနည်း။

ဝမ်လင်းက ကျန့်ထန်၏ လုံခြုံရေးအတွက် အလွန် စိုးရိမ်နေသည်။

သူက အရှိန်အဝါကို အာရုံခံလိုက်ရာ ကျန့်ထန် နှင့် သူ၏အဖွဲ့က ဖေးယန်ခရိုင်နှင့် ဝေးကွာနေပြီ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

သစ်ခေါက်တွင်းမှ ထွက်သွားသည်မှာ ဆယ့်နှစ်နာရီကျော်ပင်ရှိနေပြီ ဖြစ်၏။

ယင်းမှာ သူထင်ထားသည်ထက် များစွာစောနေသည်။

ယခု သူ့တွင် ကျန့်ထန်ကို ရှာရန် နည်းလမ်းတစ်လမ်းသာ ကျန်တော့သည်။

.....................

ဟွာရှို့နိုင်ငံ နယ်နိမိတ်ရှိ လျှို့ဝှက်ဆန်းကြယ် ဓာတ်ခွဲခန်း တစ်ခုတွင် အနက်ရောင်အသားကပ် အ၀တ်အစား ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးမှာ သုတေသန တစ်ခုတွင် စိတ်နစ်မြုပ်နေခဲ့သည်။

ထိုလူက အမ်းစထရောင်း ဆိုင်ကလုန်း ဂျက် အမ်းစထရောင်း အမြောက် အတွက် အသေးစိတ်ပုံစံကို လက်ထဲတွင် ကိုင်ထားသည်။

သူ့ဓာတ်ခွဲခန်းကို နောက်ဆုံးအကြိမ် ဖျက်ဆီးခံခဲ့ရပြီးနောက် ဘလက်လေးက သူ အစွမ်းကုန် ဖန်တီးထားသည့် ဤအမြောက်ကို ပြန်လည် ဖန်တီးရန် ကြိုးပမ်းနေခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ် နှင့်အတူ သူ့ဓာတ်ခွဲခန်းကို ဖျက်စီးသွားသော လူယုတ်မာ၏ အိမ်ကို ဤအမြောက်ဖြင့် ထုပစ်မည်ဟု တေးထားခဲ့၏။

ဘလက်လေးက အမြောက်၏ အမြန်နှုန်းကို ပြန်လည်တွက်ချက်နေစဉ်တွင် လက်တစ်ဖက်က သူ့ပခုံးပေါ်သို့ ရုတ်တရက် လာပုတ်ခဲ့ရာ ခေါင်းစမှ ခြေဖျားအထိ တုန်လှုပ်သွားခဲ့သည်။

"ဘယ်သူလဲ"

ဤတစ်ခါတွင် ဘလက်လေးက အဖြူရောင် လက်တိုအင်္ကျီဝတ် လူငယ်တစ်ယောက် သူ့နောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရတယ်။

"မင်းဘယ်သူလဲ"

ဝမ်လင်းက သူ့ကို မည်သူမှန်း သိစေရန် စိတ်ချင်းဆက်သွယ်၍ စကားပြောလိုက်သည်။

ဘလက်လေး အံ့သြသွားသည်။

"မင်းက လင်းကျန်းရန်လား"

ဝမ်လင်းက ယခုတစ်ကြိမ်တွင် သူ့မျက်နှာကို တမင်တကာ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

သူဒီကို နောက်ဆုံးရောက်ခဲ့စဥ်က ဘလက်လေးနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့၏ ဆက်ဆံရေးကို သူ မသိခဲ့ပေ။

ဘလက်လေးက သူတို့ဘက်က လူမှန်းသိနေမှတော့ သူ့ကိုယ်သူ ဖုံးကွယ်နေစရာ မလိုတော့ချေ။

သူက လင်းကျန်းရန် အမှန်တကယ် ဖြစ်ကြောင်း ထပ်မံ အတည်ပြုရန်အတွက် ဓာတ်ပုံတစ်ပုံကို ပြလိုက်သည်။

ထိုဓာတ်ပုံက ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် အတူရှိစဥ်က လျှို့ဝှက် ရိုက်ကူးထားခြင်း ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဂန္ဓမာပန်းကဲ့သို့ ပြုံးနေသည့် ဓာတ်ပုံကို ကြည့်ရင်း ဘလက်လေးက ချာတိတ်လေး၏ အမှတ်သညာနှင့် ပတ်သက်၍ သံသယများ ပျောက်ကွယ်သွားသည်။

လင်းကျန်းရန် အစစ် နှင့် အတူရှိနေချိန်မှသာလျှင် ကျင့်ကြံခြင်း ဖိုရမ်ပိုင်ရှင်က ဤကဲ့သို့ ရူးသွပ်စွာ ပြုံးနေလိမ့်မည် မဟုတ်ပါလား။

"ဒါဆို ဆရာလေးက လင်းကျန်ရန်ပေါ့.. သံသယဝင်မိလို့ တောင်းပန်ပါတယ်"

ဘလက်လေးက စိတ်လှုပ်ရှားစွာဖြင့် လက်သီးများကို ဆုပ်ကာ လေးလေးနက်နက် ဂါရဝပြုလိုက်သည်။

ဤလူက သူ့ဓာတ်ခွဲခန်းကို ဖျက်ဆီးခဲ့သည့် လူယုတ်မာကို ခြေရာခံဖို့ ကူညီပေးမည့်သူ ဖြစ်၏။

လင်းကျန်းရန်က တကယ်ကို ငယ်ရွယ်ပုံပေါက်နေသည်။

"လင်းကျန်းရန်.. ကျနော့်ကို ရှာနေတာ ကိစ္စတစ်ခုခု ရှိလို့လား"

ဝမ်လင်းက သူကြိုတင်ပြင်ဆင်ထားသည့် မိုးမခပင်၏ နေရာအတိအကျ ပုံကြမ်းနှင့် ကျန့်ထန်၏ ပုံကြမ်းကို ချက်ချင်း ထုတ်ပြလိုက်သည်။

"ရှာလို့ရမလား"

ပုံကြမ်းထဲမှ ကျန့်ထန်၏ပုံကို ကြည့်ပြီး လင်းကျန်းရန်၏ အိမ်မွေးကြောင်လေး ပျောက်နေသည်ဟု ဘလက်လေးက တွေးမိသွားသည်။

"ဒါပေမယ့် ဘာကြောင့် လင်းကျန်းရန်က ဒီလိုထူးဆန်းတဲ့ မိုးမခပင်လို နေရာမှာ သူ့ကြောင်ကို ထားထားရတာလဲ"

"ကျင့်ကြံခြင်းလောကရဲ့ ထိပ်တန်း ခေါင်းဆောင်တွေက သူတို့ရဲ့ သားရဲတိရစ္ဆာန်တွေကို ခပ်ဝေးဝေးမှာပဲ ထားလေ့ရှိတာလား"

ဘလက်လေးက ယဉ်ကျေးစွာဖြင့် မေးခွန်းများစွာ မမေးခဲ့ပေ။

ဝမ်လင်း ပေးခဲ့သော ကိုသြဒိနိတ်များမှ တဆင့် ဘလက်လေးက မိုးမခပင်၏ တည်နေရာကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့ပြီးအနီး ပတ်ဝန်းကျင်ရှိ စောင့်ကြည့် ကင်မရာများကို ဟက်ကာ စစ်ဆေးလိုက်သည်။

ကျန့်ထန် နှင့် ၎င်း၏အဖွဲ့က ယမန်နေ့ည ရှစ်နာရီခန့်တွင် စတင်ထွက်ခွာသွားခဲ့ပြီး ကြောင်တစ်ကောင်စီတွင် မမြင်နိုင်သော အဆောင်လက်ဖွဲ့ တစ်ခုစီ ပါရှိသည်။

ဝမ်လင်း မှန်းဆထားသည့် အတိုင်းပင် သစ်ခေါင်းတွင်းမှ ထွက်ခွာသွားသောအခါ ၎င်းတို့၏ လက်နက် အားလုံးကို ယူဆောင်သွားခဲ့ကြောင်း သိသာထင်ရှားနေ၏။

ဝမ်လင်းက ကောင်းကင်မျက်လုံးမှ တဆင့် ကျန့်ထန်၏ အမည်းရောင် မျက်နှာပေါ်၌ ယုံကြည်မှု အပြည့်အ၀ ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။

"ဒီကောင် တကယ် ပြုံးနေတာပဲ"

ကျန့်ထန်က ၎င်း၏ တပ်များအားလုံးကို တစ်စုတစ်စည်းထဲ ခေါ်သွားရလောက်အောင် မည်သို့သော တိုက်ပွဲမျိုးကို ဆင်နွှဲဖို့ ဖြစ်နိုင်သနည်း။

ဝမ်လင်း၏ ကနဦး စိုးရိမ်မှုများက စူးစမ်းချင်စိတ် အဖြစ်သို့ ပြောင်းလဲသွားသည်။

ဘလက်လေးက အမှန်တကယ်ပင် ဘလက်လေး ဖြစ်သည်။

၎င်းက ကျန့်ထန် ထွက်ခွာသွားသော လမ်းကြောင်းမှနေ၍ ကျန့်ထန်၏ နောက်ဆုံးဦးတည်ရာ ဖြစ်သော စုန့်ဟိုင်မြို့တော်၏ တာဟွမ်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တွက်ချက်နိုင်ခဲ့သည်။

"လေဆိပ်လား"

ဝမ်လင်းနှင့် ဘလက်လေး တို့က အံ့သြသွားကြသည်။

ဘလက်လေးက ထိုနေ့အတွက် ငွေပေးငွေယူ မှတ်တမ်းများကို စစ်ဆေးရန် အတွက် လေဆိပ်၏ လက်မှတ်စနစ်ကို ဟက်လိုက်ရာ နောက်ဆုံးတွင် အလွန်ထူးဆန်းသော ဒေတာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

၎င်းကို ဆန်းစစ်ပြီးနောက် သူ့မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ရှိနေသည်။

"လင်းကျန်းရန်ရဲ့ အိမ်မွေးကြောင်က အံ့သြစရာ ကောင်းလွန်းတယ်.. တကယ်တော့ သူက လေယာဉ်စင်းလုံး ငှားထားတာပဲ"

".........."

ဝမ်လင်းက ကျန့်ထန်၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားသည်။

"ကြောင်နက်တစ်ကောင်က လက်အောက်ငယ်သားတွေနဲ့ ပစ္စည်းအားလုံးကို ယူသွားပြီး လေယာဉ်စင်းလုံးငှားတာလား"

"သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

"ဖျင်အန်းနိုင်ငံကို တိုက်ခိုက်မလို့လား"

All Chapters