← Chapters

ရန်မဖြစ်မီ အနည်းဆုံး အုပ်စုဖွဲ့ပါ

Vol. 12 Ch. 169

ရန်မဖြစ်မီ အနည်းဆုံး အုပ်စုဖွဲ့ပါ

Vol. 12 Ch. 169

လီယွမ်ဘက မြေပြင်ပေါ်သို့ မှောက်လျက် လှဲချလိုက်ပြီး သူ၏ ပေါင်ကို ထူထဲသော ခြေတစ်ဖက်ဖြင့် ပုတ်ကာ လက်ခုပ်တီးလိုက်သည်။

"ငါ့အမိန့်ကို လိုက်နာပြီး တပ်ဖွဲ့တစ်ခုလုံးကို ချက်ချင်း စုစည်းပါ.. အရိပ်အဖွဲ ဌာနချုပ်ကို တရားဝင် မတိုက်ခိုက်မီ အရိပ်အဖွဲ့စစ်ကူတွေကို နှောင့်နှေးအောင် တတ်နိုင်သမျှ လုပ်ဆောင်ပါ"

ကြောင်ဝန်ထမ်းအရာရှိ "တပ်ရင်းမှူး.. အထက်က ညွှန်ကြားချက်ကို စောင့်ရဦးမှာလား"

လီယွမ်ဘ၏ နှုတ်ခမ်းထောင့်များက လှုပ်ယမ်းသွားသည်။

"ညွှန်ကြားချက်တွေ စောင့်ဖို့ အချိန်မရှိဘူး... တိုက်ပွဲ တစ်ခုမှာ အခွင့်အလမ်းတွေက တစ်ချိန်လုံး ပြောင်းလဲနေတာ.. ခေါင်းဆောင်ကြီးတွေက အရမ်း အလုပ်များနေတယ်.. ဒီကိစ္စလေးနဲ့ မနှောင့်ယှက်သင့်ဘူး.. အထက် ညွှန်ကြားချက်ကို စောင့်ရင်း အခွင့်အရေးကို လက်လွှတ်ရမယ့် အစား ငါတို့က ပြတ်ပြတ်သားသား တိုက်ခိုက်သင့်တယ်.."

ကြောင်ဝန်ထမ်း အရာရှိက ချက်ချင်း စကားရပ်သွားသည်။

"............"

အဘယ်ကြောင့်ဆိုသော် ၎င်းက နောက်ဆုံးရလဒ်ကို မြင်နေရသလို ခံစားမိသောကြောင့်ပင်။

တကယ်တမ်းတွင် လီယွမ်ဘနှင့် ကျန့်ထန်၏ ဆက်ဆံရေးအရ ကျန့်ထန်က လီယွမ်ဘကို အခြေအနေကြိုပြီး အကြောင်းမကြားထားလျှင်ပင် ကြောင်တွေက မှန်းဆနိုင်သည်။

ဤကြောင်နှစ်ကောင်က ကြောင်အာဏာရှင် သုံးကောင်၏ ထိန်းကျောင်းခြင်းကို ခံရချိန်တွင် စကားဖြင့် ပြောနေစရာမလိုသည့် နားလည်မှုမျိုး ရှိခဲ့သည်။

ဤသံယောဇဉ်နှင့် ခင်မင်ရင်းနှီးမှုက ပုံမှန် ကြောင်များ နားလည်နိုင်သော အရာမဟုတ်ပေ။

လီယွမ်ဘဘေးမှ ကြောင်ဝန်ထမ်းက နှလုံးသားထဲကနေ သက်ပြင်းချလိုက်သည်။

လီယွမ်ဘ လှုပ်ရှားလိုက်သည်နှင့် အနီးနားမြို့များရှိ လေလွင့်ကြောင်များ ကြားတွင် ကွင်းဆက်တုံ့ပြန်မှု ဖြစ်လာနိုင်ဖွယ် ရှိသည်။

ထိုအခါတွင် လေလွင့်ကြောင် အားလုံး ရှုပ်ထွေးကုန်လိမ့်မည် ဖြစ်၏။

ထို့အပြင် ဤတိုက်ပွဲကို အသေအပျောက်မရှိဘဲ တိုက်ခိုက်နိုင်ပါမည်လော။

ယင်းမှာ အမှန်တကယ် ဖြစ်နိုင်ပါသလော။

...................

ကြောင်အာဏာရှင် သုံးယောက် ဖြစ်သည့် ထန်းရှစ်၊စုန့်စီနှင့်ယွမ်ချွီတို့က ကောင်းကင်အုပ်ထိန်းသူ လေးယောက်ကို ပြုစုစောင့်ရှောက် ပျိုးထောင်ခဲ့ကြောင်း ကြောင်တိုင်း သိကြသည်။

ကျန့်ထန်ကို ဝရဇိန်ကျား ထန်းရှစ်က ပျိုးထောင်ခဲ့ပြီး လီယွမ်ဘကို ကျားလေး ယွမ်ချွီက ပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။

ကျားချော စုန့်စီကမူ ကျန်ကောင်းကင် အုပ်ထိန်းသူ နှစ်ယောက် ဖြစ်သည့် ယွင်ဖေး နှင့် အားဟွမ်ကို ပျိုးထောင်ခဲ့၏။

ယွင်ဖေး နှင့် ကျန့်ထန်၏ ကံကြမ္မာက သူတို့၏ သားမွေးအရောင်ဖြင့် စတင် အတွဲအဖက် မိလာခဲ့သည်။

သူတို့နှစ်ကောင်လုံးမှာ ကြောင်နက်များ ဖြစ်ကြသော်လည်း ယွင်ဖေး၏ ရင်ဘတ်နှင့် ခြေသည်းလေးခုလုံးက ဖြူဆွတ်နေသည်။

ယွင်ဖေးက နှင်းကြောင်မျိုးစိတ်ဟုလည်း တချို့က ပြောကြ၏။

ထိုအချိန်က ယွင်ဖေး နှင့် ကျန့်ထန်တို့မှာ ညသန်းခေါင်ထိ လေ့ကျင့် သင်ကြားခဲ့ရပြီး မစ်ရှင်များကို အတူတကွလုပ်ဆောင်ခဲ့ကြသည်။

ထို့ကြောင့် သူတို့ နှစ်ဦးကြားတွင် နက်ရှိုင်းသော သံယောဇဥ်ကို ပုံဖော်နိုင်ခဲ့ကြသည်။

ယခု ကျန့်ထန်က လွတ်လပ်သောတပ်ရင်း၏ တပ်ရင်းမှူး ဖြစ်ပြီး ယွင်ဖေးက တပ်ရင်းနံပါတ် 358၏ တပ်ရင်းမှူး ဖြစ်သည်။

ဤနံပါတ်က ယွင်ဖေး အတွက် အထူး အရေးပါသည်။

အဘယ်ကြောင့်ဆိုသော် ကျန့်ထန်နှင့် တွဲလုပ်ခဲ့သည့် မစ်ရှင် အရေအတွက်က သုံးရာငါးဆယ့်ရှစ် တိတိ ဖြစ်သောကြောင့်ပင်။

ယွင်ဖေး၏ 358 တပ်ရင်းမှာ ပထဝီ အနေအထားအရ ကျန့်ထန်၏ လွတ်လပ်သော တပ်ရင်းနှင့် အနီးစပ်ဆုံး ဖြစ်သည်။

သူတို့ နှစ်ယောက်လုံးက စုန့်ဟိုင်မြို့မှာ ရှိကြသည်။

ကျန့်ထန်က တပ်ရင်းဌာနချုပ် အဖြစ် အသုံးပြုရန် သစ်ခေါင်းပေါက် တစ်ခုကို ရှာတွေ့ခဲ့သလို ယွင်ဖေးကလည်း ၎င်းအတွက် ဘာမဆိုလုပ်ပေးမည့် အမှိုက်လှည်းတွန်းသည့် စည်ပင် အရာရှိတစ်ဦးကို တွေ့ရှိခဲ့ပြီး ထိုအရာရှိ၏ နေအိမ်တွင် သက်တောင့်သက်သာ နေထိုင်ခဲ့ရသည်။

ထိုအရာရှိ၏ အိမ်ကြီးက ယွင်ဖေး၏ 358တပ်ရင်း ဌာနချုပ်လည်း ဖြစ်သည်။

အိမ်နောက်ဖေးရှိ သပ်သပ်ရပ်ရပ် စီရီထားသော ကြောင်အိမ်များတွင် ယွင်ဖေး၏ လက်အောက်ငယ်သားများ နေထိုင်ကြသည်။

ကျန့်ထန်၏ သစ်ပင်တွင်း ကဲ့သို့ပင် ဤကြောင်အိမ်များအတွင်း၌ နေရာလွတ်ဧရိယာကို ချဲ့ထွင်ထားသည်။

ယွင်ဖေး၏ ကိုယ်ပိုင်ကွပ်ကွဲရေး စခန်းတွင် မြင်းတပ်၊ ခြေလျင်တပ်၊ အမြောက်တပ်များ အတွက် ကြောင်အိမ်အမျိုးအစား များစွာ ရှိသည်။

ကျန့်ထန် နှင့် လီယွမ်ဘတို့ ပြီးနောက် ယွင်ဖေးက ဤကြီးမားသော စစ်ရေးလှုပ်ရှားမှုကို သိသည့် တတိယကြောင်ဖြစ်လာသည်။

358 တပ်ရင်း ဌာနချုပ်တွင် ယွင်ဖေးက မြေပုံကို ကြည့်နေသည်။

"ဒီကောင် ကျန့်ထန်က လွဲပြီး ဘယ်သူက အကြောက်အလန့်မရှိ စစ်ချီရဲမှာလဲ"

ယွင်ဖေး၏ ကြောင်ဝန်ထမ်းအရာရှိ "မကြာသေးမီက လှုပ်ရှားမှုတွေကို ကျနော်တို့ လေ့လာတွေ့ရှိချက်အရ ကျန့်ထန်ရဲ့ လွတ်လပ်သောတပ်ရင်းက မြို့တော်ထဲကို ဝင်ပြီး အချိန်တိုအတွင်း အင်အား အလုံအလောက် စုစည်းနိုင်ခဲ့တယ်.. သူတို့ဦးတည်နေတာက အရိပ်အဖွဲ့ရဲ့ ဌာနချုပ် ဆိုတာ သေချာပါတယ်.. ဒီသတင်းက အစောပိုင်းမှာ ကောလဟာလ တစ်ခုသာ ဖြစ်ပေမဲ့ ကျန့်ထန်က တကယ်ကြီး ချေမှုန်းဖို့ ကြံရွယ်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ"

ယွင်ဖေး အနည်းငယ် မျက်မှောင်ကြုတ်ကာ မျက်နှာကို သူ့ခြေသည်း ဖြူဖြူဖွေးဖွေးဖြင့် ပွတ်သပ်လိုက်သည်။

"ဒါက မကောင်းဘူး.. ကျင့်ဟွာမြို့၊ သောင်ပိုင်မြို့ နဲ့ စုန့်ဟိုင်မြို့ရဲ့ နေရာတိုင်းမှာ တိုက်ပွဲတွေ ရှိနေတယ်.. ဒီအတိုင်းဆို ဟွာရှို့တောင်ပိုင်းမှာရှိတဲ့ ကြောင်အင်အားစု တစ်ခုလုံးက အခြေအနေ ရှုပ်ထွေးကုန်မှာပဲ.. ဒီကျန့်ထန်က အတော် မိုက်မဲလွန်းတာပဲ"

ကြောင်ဝန်ထမ်းအရာရှိ "တပ်ရင်းမှူး.. ငါတို့ အခု ဘာလုပ်သင့်လဲ"

ယွင်ဖေး "အခုမှတော့ ဘာလုပ်လို့ ရတော့မှာလဲ.. ကျန့်ထန်ကိုကူပြီး ရန်သူကို ဟန့်တားဖို့ပဲ လုပ်ရတော့မှာပေါ့.. နောက်ဆုံးပေါ် လက်နက်တွေ အကုန်ထုတ်ဖို့ အမြောက်တပ်ရင်းကို အကြောင်းကြားပါ.. အရိပ်လုပ်ကြံသူတွေက တော်တော် ရက်စက်တယ်.. သူတို့ကို တတ်နိုင်သမျှ နှောင့်ယှက်ဖို့ အာရုံစိုက်ရမယ်.. မီးခိုးဗုံး၊ အသံဗုံး၊အလင်းဗုံးတွေကို မနှမြောဘဲ ပစ်လွှတ်ရမယ်"

ကြောင်ဝန်ထမ်းအရာရှိ "တပ်ရင်းမှူး.. လျူဘေဘီ အမှတ်တံဆိပ် အလင်းဗုံး အပါအဝင်လား"

ယွင်ဖေး "ဟမ့်... အဲဒါကို အရင်ထုတ်သုံးရမယ်.. ပြီးမှ ကျန့်ထန်ဆီက အစား ပြန်တောင်းမယ်.. ဒီတိုက်ခိုက်မှုကို စီစဉ်တဲ့သူက ကျန့်ထန် မဟုတ်ရင်တောင် ငါ့ရဲ့တပ်ရင်း 358 က ကူညီဖို့ ထွက်လာမှာပါ"

ကြောင်ဝန်ထမ်းအရာရှိ "............"

.....................

ဤသတင်းကို ကြားလိုက်ရသည့် နောက်ဆုံးတစ်ယောက်မှာ ကောင်းကင်အုပ်ထိန်းသူ လေးဦးထဲက တစ်ဦး ဖြစ်သည့် အားဟွမ် ဖြစ်သည်။

၎င်းမှာ မွေးစကတည်းက ပိုင်ရှင်၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည့် အဝါစင်း ကြောင်လေး ဖြစ်သည်။

သူက တစ်ချိန်က စိတ်ကျရောဂါ ခံစားခဲ့ရပြီး ကျန့်ထန်က ထိုစိတ်ပိုင်းဆိုင်ရာ အခြေအနေမှ လွတ်မြောက်အောင် ကူညီပေးခဲ့သည်။

ထို့ကြောင့် ၎င်းတို့နှစ်ဦးတွင် လေးနက်သော ခင်မင်ရင်းနှီးမှုမျိုး ရှိနေသည်။

အားဟွမ်၏ တပ်ရင်းသည် ကျင့်ဟွာ နှင့် စုန့်ဟိုင်မြို့ ကြားရှိ နန့်ယန်တွင် တည်ရှိသည်။

အားဟွမ်က တိုက်ပွဲသတင်းရသော အချိန်တွင် မြောင်းထဲမှာ ဝိုင်သောက်နေ၏။

သူ့ဘေးနားမှ အရာရှိက အခြေအနေကို လေးလေးနက်နက် အစီရင်ခံလိုက်သည်။

"ကျွန်ုပ်တို့ မဟာမိတ် ဆက်ဆံရေးအရာရှိ ဆီကနေ သတင်းရထားပါတယ်.. လီယွမ်ဘရဲ့ ကြောင်စစ်တပ်နဲ့ အနီးနားက လေလွင့်ကြောင်တွေ အားလုံးက ကျန့်ထန်နဲ့ ပူးပေါင်းလိုက်ကြပြီ.."

အားဟွမ် "ဟင်"

အားဟွမ်၏ စစ်ခေါင်းဆောင် "ယွင်ဖေးရဲ့ တပ်ရင်း 358တောင် အထက်က အမိန့်က လမ်းညွှန်ချက် တစ်စုံတစ်ရာ မရဘဲ လှုပ်ရှားနေကြပြီ.. ဘာတွေဖြစ်နေပြီလဲ ဆိုတာ တကယ် မသိတော့ဘူး"

အားဟွမ် "ဟားဟားဟား.. ကျန့်ထန်ပဲ ဖြစ်ရမယ်.. ဒီသောက်ကောင်ကပဲ ဒီလို ပြဿနာ ရှာတတ်တာ"

စစ်ခေါင်းဆောင် "တပ်ရင်းမှူး.. ကျန့်ထန် ဦးတည်နေတဲ့တည်နေရာက မကြာသေးခင်ကမှ အတည်ပြုထားတဲ့ အရိပ်အဖွဲ့ရဲ့ ဌာနချုပ် ဖြစ်ပုံရတယ်.. ခေါင်းဆောင်တွေက အမိန့်မထုတ်ရသေးပေမယ့် ကျန့်ထန်က တကယ်ကြီး စစ်တိုက်ဖို့လုပ်နေတဲ့ပုံပဲ"

"ဒီကောင် ဘာတွေတွေးနေလဲ ဆိုတာ ဘယ်သူသိနိုင်မှာလဲ.. ဒီကောင်က အရိပ်အဖွဲ့နဲ့ ရန်စ ရှိတယ်လေ.. ကြိုတင် လက်ဦးမှုယူချင်တာလည်း ဖြစ်နိုင်တာပဲ"

အားဟွမ်က သူ့အမြီးကို လှုပ်ရမ်း၍ ရယ်လိုက်သည်။

"ဒီကောင်ရဲ့ ထိုးစစ်က ငါ့ကို အားတက်စေတယ်.. ဒီကောင်က ခေါင်းဆောင်ကြီးတွေ ထက်တောင် ပိုကြောက်ဖို့ကောင်းတယ်"

........................

ကျင့်ဟွာ မြို့လယ်ရှိ တိုက်ခန်းတစ်ခုတွင် ကြောင်ခေါင်းဆောင် ဝရဇိန်ကျား ထန်းရှစ်က ဖုန်းပြောနေသည်။

သူက ဒေါသဖြစ်ကာ အမွေးများ တင်းတင်းမာမာ ဖြစ်နေသည်။

"သောက်-ချီး ဒါက ဘယ်လိုအခြေအနေလဲ.. တပ်ရင်းတွေကိုတာဝန်ယူပြီး အထက်အမိန့်ကို မစောင့်ရင် ဘာတွေ ဖြစ်နိုင်မှန်း နားမလည်ဘူးလား.. မင်းတို့ဦးနှောက်ပျက်နေပြီလား"

ကျားကလေး ယွမ်ချွီက သူ့ခြေသည်းများဖြင့် စားပွဲပေါ်ကို ဖိချလိုက်သည်။

သူ့အမူအရာက နာကျင်နေပုံရသည်။

"ဘာတွေဖြစ်နေကြတာလဲ.. ဘာလို့ ငါတို့ဆီ မတင်ပြတာလဲ.. ဒီမစ်ရှင်ကို ဘယ်သူက ဦးဆောင်မှာလဲ.. သူတို့အားလုံး အချင်းချင်း ရန်ဖြစ်ကုန်ကြရင် ဘယ်လိုလုပ်မလဲ.. လခွမ်း.. အနည်းဆုံးတော့ တိုက်ပွဲမထွက်ခင် အုပ်စုအရင် ဖွဲ့လိုက်သင့်တာပေါ့"

"တစ်ယောက်ယောက်က ငါ့ကို ပြောပြပါဦး.. ဒီကမ္ဘာမြေကြီးမှာ ဘာတွေ ဖြစ်နေတာလဲ.. အိုး အစွမ်းထက်တဲ့ အင်မော်တယ်ကြောင်ရေ.. မင်းသာ ဒီမှာရှိနေခဲ့ရင်..."

စုန့်ချီက သက်ပြင်းတစ်ချက် ချလိုက်သည်။

ထိုအချိန်မှာပင် ကြောင်အာဏာရှင် သုံးကောင်၏ ရှေ့၌ စိတ်ဝိညာဉ် အလင်းရောင်နှင့် မြူခိုးများဖြစ်ပေါ်လာသည်။

ထိုအထဲကနေ နှင်းဖြူရောင် ပါရှန်းကြောင်တစ်ကောင်က ကြောင်အာဏာရှင် သုံးကောင်ရှေ့၌ ထွက်ပေါ်လာသည်။

ပါရှန်းကြောင်ဖြူ အဖြစ် ပြောင်းလဲထားသော ဝမ်လင်းက လေထဲတွင် ပျံဝဲနေ၏။

သူက ကြောင်သုံးကောင်ကို ကြည့်ရင်း သက်ပြင်းချမိသည်။

ကြောင်သုံးကောင်၏ နေရာကို သိရှိရန် ဘလက်လေးကို မေးမြန်းရသဖြင့် နှောင့်နှေးခဲ့ရ၏။

၎င်းတို့ဆီ ရောက်လာမှသာ သူစိတ်သက်သာရာ ရသွားခဲ့သည်။

All Chapters