တိရိစ္ဆာန်များကို အရာမသွင်းဟု သဘောတူညီခဲ့သည် မဟုတ်လော။
Vol. 12 Ch. 170
ဝမ်လင်းက ကြောင်သုံးကောင်ရှေ့တွင် အင်မော်တယ်ကြောင်အဖြစ် ထင်ထင်ရှားရှား ထွက်ပေါ်လာသောအခါ ၎င်းတို့က မယုံကြည်နိုင်သော အမူအရာများဖြင့် မျက်လုံးများ ပြူးကျယ်စွာ စိုက်ကြည့်နေကြသည်။
တိုက်ခန်းရှိ အခြားကြောင်များမှာ အင်မော်တယ်ကြောင်ကို တစ်ခါမျှ မမြင်ဖူးကြပေ။
၎င်းတို့က အင်မော်တယ်ကြောင် အကြောင်းကို ကြောင်ခေါင်းဆောင် သုံးယောက် ဖြစ်သည့် ထန်းရှစ်၊ စုန့်ချီနှင့် ယွမ်ချွီ တို့ထံမှသာ ကြားသိခဲ့ရခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် အင်မော်တယ်ကြောင် ပေါ်လာမည်ဟု မည်သည့်ကြောင်မျှ မမျှော်လင့်ထားခဲ့ကြပေ။
ကြောင် အာဏာရှင်သုံးကောင်က ချက်ချင်းပင် တုန်လှုပ်သွားပြီး မျက်ရည်များ မကျမိအောင် မနည်း ထိန်းသိမ်းခဲ့ရသည်။
သူကိုယ်တိုင် ပျိုးထောင်ခဲ့သော ထန်းရှစ်၊ စုန့်ချီနှင့် ယွမ်ချွီတို့
ကြောင်သုံးကောင်ကို မြင်လိုက်ရသောအခါ ဝမ်လင်းကိုယ်တိုင်လည်း နှလုံးသားထဲတွင် လေးလေးနက်နက် လှုပ်ရှားသွားခဲ့သည်။
တစ်ချိန်က စက္ကူသေတ္တာထဲတွင် တွေ့ခဲ့ရသည့် မွေးကင်းစ ကြောင်ပိစိလေး သုံးကောင်က ဤကဲ့သို့ အကောင်ကြီးလာမည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးချေ။
၎င်းတို့အားလုံးမှာ ၎င်းတို့၏ ပိုင်ရှင်များမှ စွန့်ပစ်ထားသော ကြောင်များ ဖြစ်သည်။
ထိုအချိန်က စွန့်ပစ်ခံ ကြောင်လေးများမှာ ယခုအခါ ကြောင်အာဏာရှင် သုံးကောင် ဖြစ်လာပြီး ကျင့်ဟွာမြို့လယ်၌ အဆင့်မြင့်ကွန်ဒို တစ်ခန်းကို ၎င်းတို့ရဲ့ ဌာနချုပ် အဖြစ် အသုံးပြုဖို့ပင် ဝယ်ထားနိုင်ခဲ့သည်။
ယင်းမှာ တကယ်ကို အံ့သြစရာကောင်းနေ၏။
နေ့လယ်တစ်နာရီ ထိုးနေပြီ ဖြစ်သည်။
ကျန့်ထန်က စတင် ထိုးစစ်ဆင်သည့်အချိန်မှ ရေတွက်လျှင် နှစ်နာရီကျော်သွားပြီ ဖြစ်ကြောင်း ခန့်မှန်း သိရှိလိုက်သည်။
ကျန့်ထန်၏တပ်ရင်းကို ဗဟိုပြု၍ အနီးနားရှိ ကြောင်တပ်ရင်းများက စစ်ကူလာသော ရန်သူများကို ဟန့်တားကာ တိုက်ခိုက်ခဲ့ကြ၏။
ဝမ်လင်းက အချိန်မီလေး ရောက်လာသည်ဟု ဆိုနိုင်သည်။
သူက မြေပုံပေါ်ရှိ နေရာတစ်ခုကို ညွှန်ပြရန် သူ့ကြောင်ခြေသည်းကို ဆန့်လိုက်သည်။
ထိုနေရာက အရိပ်အဖွဲ့ ဌာနချုပ် တည်ရှိရာနေရာဟု ကောလာဟလသတင်းများ ထွက်ပေါ်နေသော နေရာ၏ သြဒိနိတ်များပင် ဖြစ်သည်။
ဤအချက်အလက်ကို အတည်မပြုရသေးသော်လည်း တိုက်ပွဲက စတင်နေပြီ ဖြစ်သည်။
"ဘယ်တပ်ရင်းက တိုက်ပွဲကို စတာလဲ"
ထန်းရှစ်က ဒေါသတကြီး ပြောလိုက်သည်။
ထိုစကားကို ကြားလျှင် စုန့်ချီနှင့် ယွမ်ချွီ တို့က ထန်းရှစ်ကို တညီတညာတည်း ကြည့်လိုက်ကြသည်။
ထန်းရှစ် "မင်းတို့ ငါ့ကို ဘာလို့ကြည့်နေတာလဲ..."
စုန့်ချီနှင့်ယွမ်ချွီတို့က တစ်လေသံတည်း ပြောလိုက်ကြသည်။
"မင်းရဲ့ ကျန့်ထန်လွဲရင် တခြားဘယ်ကြောင်မှ ဒီလိုမျိုး သတ္တိမရှိဘူး"
ထန်းရှစ် "........."
စုန့်ချီက ခေါင်းကုတ်လိုက်ပြီး ဝမ်လင်းကို ဂါရဝပြုလိုက်သည်။
"အင်မော်တယ်ကြောင်ရဲ့ ကျေးဇူးပါပဲ.. အနည်းဆုံးတော့ တိုက်ပွဲရဲ့ တည်နေရာကို ငါတို့တွေ့ခဲ့ရပြီ"
"ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ"
ယွမ်ချွီက မေးစေ့ကို လက်ဖြင့် ပွတ်သပ်လိုက်သည်။
"ငါတို့ဘာတွေလုပ်နိုင်ဦးမှာလဲ.. တိုက်ပွဲကစပြီးပြီ... အခုအချိန်မှ ကျန့်ထန်ကို ရပ်တန့်ဖို့ဆိုတာ အသုံးမ၀င်တော့ဘူး.. ပထမဦးဆုံး လုပ်ရမှာက ရန်သူစစ်ကူတွေကို ဟန့်တားပြီး အရိပ်အဖွဲ့ ဌာနချုပ်ကို ကျန့်ထန် သိမ်းပိုက်နိုင်ဖို့ အတတ်နိုင်ဆုံး ကူညီရမယ်"
စုန့်ချီက သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်သည်။
သူက ခေါင်းကြိမ်းသလို ခံစားနေရသည်။
ဝမ်လင်းက ထန်းရှစ်တို့၏ ဌာနချုပ်တွင် မနေချင်ဘဲ ကျန့်ထန် ၏ အခြေအနေကိုသာ သွားကြည့်ချင်သည်။
ထို့ကြောင့် သူက ထန်းရှစ်အား စိတ်ဝိညာဉ် အဆောင်ကို ပေးခဲ့သည်။
၎င်းမှာ ဘလက်လေး၏ ဓာတ်ခွဲခန်းတွင် ဝမ်လင်း ရေးဆွဲခဲ့သည့် အကာအကွယ် အဆောင်များ ဖြစ်သည်။
ဝမ်လင်းက ထန်းရှစ် နှင့် အခြားလူများကို တိုက်ပွဲနယ်မြေအားလုံးတွင် ဤစိတ်ဝိညာဉ် အဆောင်များကို အမြန်ဖြန့်ဝေရန် ခိုင်းစေလိုက်သည်။
ထိုစိတ်ဝိညာဉ် အဆောင်များက ၎င်းတို့ သက်ရောက်နိုင်သော အကွာအဝေးတွင် ရှိနေသောအခါ ကွန်ယက်ကဲ့သို့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ အကာအကွယ်များ အလိုအလျောက် ဖန်တီးပေးနိုင်သည်။
၎င်းက ဝိုင်ဖိုင် ကဲ့သို့ပင် များစွာ အလုပ်လုပ်နိုင်သည်။
စကားမစပ် ပြောရလျှင် ဝမ်လင်းက ဤသဘောတရားကို အင်မော်တယ်ထုန်ရာ သုတေသန ပြုနေသော ဝိုင်ဖိုင် ဆေးပြား၏ ဖန်တီးမှု သဘောတရားမှ ခိုးယူထားခြင်း ဖြစ်သည်။
........................
နေ့လည်တစ်နာရီခွဲ ရှိနေပြီ ဖြစ်သည်။
တောင်ထိပ်ရှိ အရိပ်အဖွဲ့၏ လျှို့ဝှက်ဌာနချုပ်သည် ကျန့်ထန်၏ ထိုးစစ်ကို တားဆီးရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲသည်။
စုစုပေါင်း အရိပ်အဖွဲ့၏ လူသတ်သမား အယောက်နှစ်ဆယ်ခန့်သည် ၎င်းတို့၏ ဌာနချုပ် အနီးတစ်ဝိုက်တွင် ခံစစ်အတားအဆီးတစ်ခု တည်ဆောက်ကာ ခုခံကာကွယ်ခဲ့ကြသည်။
စစ်ကူ ရောက်မလာခင် အရိပ်အဖွဲ့ ဌာနချုပ်၌ သနားစရာကောင်းသော လူနှစ်ဆယ်လောက်သာ ကျန်ရှိခဲ့သည်။
"တပ်ရင်းမှူး.. လောလောဆယ်တော့ ကျွန်တော်တို့ လုံးဝ အရေးသာနေပြီ.. အသေအပျောက်လည်း မရှိသေးဘူး"
လက်ထောက် တပ်ရင်းမှူး ဘုန်းကြီးက သူတို့ကို အနောက်ကနေ ညွှန်ကြားနေသည့် ကျန့်ထန်ကို သတင်းပို့နေသည်။
အရာအားလုံးက ကျန့်ထန် မျှော်လင့်ထားသလို ဖြစ်လာ၏။
အရိပ်အဖွဲ့၏ ဌာနချုပ်တွင် လူများစွာ ရှိမနေပေ။
တစ်ချို့ကျင့်ကြံသူက ကြောင်တွေထက် ပိုမြင့်သည့် နယ်ပယ်တွင် ရှိကောင်းရှိနိုင်သော်လည်း ခုခံ ကာကွယ်ရေးစနစ်တွင် အားဖြည့်နေရသောကြောင့် သူတို့၏ ကျင့်ကြံခြင်း နယ်ပယ်က ကြောင်တွေအတွက် အသုံးမဝင်သလို ဖြစ်နေသည်။
အရိပ်လုပ်ကြံသူတွေက တစ်စုံတစ်ယောက်၏ နောက်ကျောကို ဓားဖြင့်ထိုးဖောက်ရန် ဝန်မလေးသူများ ဖြစ်သည်။
ကြောင်တွေဘက်က တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ပြီး ကာကွယ်ရေး အစီအရင်ကို တည်ဆောက်နိုင်သရွေ့ တိုက်ပွဲတွင် သူတို့က တစ်ဝက် အောင်မြင်နေပြီဟု ယူဆနိုင်ပြီ ဖြစ်သည်။
......................
"ငါတို့မှာ အမြောက် အလုံအလောက် ရှိရဲ့လား"
ကျန့်ထန်က စွမ်းအားမြင့် စစ်ဘက်ဆိုင်ရာ မှန်ပြောင်းဖြင့် တောင်ထိပ်ကို စူးစမ်းရင်း မေးလိုက်သည်။
ဘုန်းကြီးက ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့.. ဒုတပ်မှူးက အများကြီး ယူလာပါတယ်"
ကျန့်ထန် "ကောင်းပြီ.. ဒီတစ်ခါတော့ ငါတို့ တပ်ရင်းက ရီတာလီ အမြောက် စုစုပေါင်း သုံးဆယ်လောက် ယူလာခဲ့တယ်ဒီအမြောက်တွေက အသာစီးရဖို့ အတွက် လုံလောက်တဲ့ ပစ်ခတ်နိုင်စွမ်းရှိတယ်.. ငါ့အမိန့်ကို လိုက်နာပါ.. အမြောက်ကျည်တွေကို မတွန့်တိုနဲ့လို့ ဒုတပ်မှူးကို အကြောင်းကြားလိုက်"
"ဟုတ်ကဲ့ ဗိုလ်ကြီး"
ဘုန်းကြီးက ပြန်ဖြေလိုက်သည်။
ရီတာလီအမြောက်၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှု သက်ရောက်အားက တောင်ကုန်းပေါ်မှ ခုခံကာကွယ်မှု အစီအရင်ကို အစွမ်းကုန် ပံ့ပိုးပေးနေသည့် အရိပ်အဖွဲ့ လုပ်ကြံသူများကို ကောင်းကောင်းကြီး နှိပ်စက် ညှဉ်းပန်းခဲ့သည်။
သူတို့ထဲက တချို့မှာ နားစည်များ ထုံထိုင်းနေပြီ ဖြစ်သည်။
ရီတာလီအမြောက်က ဆယ်ကြိမ်အထိ အသုံးပြုနိုင်ပြီး တစ်ကြိမ်ပစ်လျှင် အမြောက်သုံးဆယ်ထိ ပစ်ခတ်နိုင်သည်။
ထို့ကြောင့် အမြောက်ကျည်များ အလုံအလောက်ရှိလျှင် ရီတာလီ အမြောက်တစ်လက်က ကျည်သုံးရာကို ပစ်နိုင်သည်။
ဤအမြောက်ကျည် အမျိုးအစားမှာ ရွှေအမြူတေ အလယ်အဆင့် ကျင့်ကြံသူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုနှင့် ညီမျှသည်။
ကြောက်စရာအကောင်းဆုံးမှာ ပစ်မှတ်နေရာရှိ အမျိုးသမီးအရေအတွက် အပေါ် မူတည်ပြီး ပျက်စီးမှုနှုန်းက တိုးမြင့်လာခြင်း ဖြစ်၏။
တောင်ထိပ်ပေါ်တွင် အရိပ်အဖွဲ့၏ ခေါင်းဆောင် ကျန်းလျှိုယွဲ့ အပါအဝင် လူသတ်သမား ခြောက်ဦး ပိတ်မိနေခဲ့သည်။
ယင်းမှာ ရီတာလီအမြောက် တစ်ခုစီ၏ စွမ်းအားကို ခြောက်ဆယ် ရာခိုင်နှုန်းအထိ တိုက်ရိုက် တိုးတက်စေသည်။
လျင်မြန်ပြီး အားပြင်းသော အမြှောက်သံကြောင့် မော့လီက အပြင်ဘက်မှ အကာအကွယ် အတားအဆီးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
သူက ခံစစ်ကို ခိုင်ခံ့အောင် တတ်နိုင်သမျှ လုပ်နေ၏။
အရိပ်အဖွဲ့သာ အင်အားဖြည့်တင်းမှုများ ဆက်လက် နှောင့်နှေးနေလျှင် အမှန်တကယ် ရှင်သန်နိုင်တော့မည် မဟုတ်ပေ။
အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် အတွင်းဒဏ်ရာများ ရရှိခဲ့သည့် အရိပ်လုပ်ကြံသူ တစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် သွေးကို အန်ထုတ်လိုက်သည်။
"သခင်မော့လီ.. ငါတို့ အရှုံးပေးလိုက်ရင်ကော ဘယ်လိုလဲ"
"အရှုံးပေးရမှာလား"
မော့လီက သူ့သွားများကို ပြင်းပြင်းထန်ထန် အံကြိတ်လိုက်သည်။
"ကြောင်တွေကို အရှုံးပေးရမှာလား"
"အဲဒါက ဘယ်လို ဟာသမျိုးလဲ"
"သခင် မော့လီ.. အခု ဘာဆက်လုပ်ရမလဲ"
မော့လီက အရှုံးမပေးချင်သော်လည်း အခြေအနေက လစ်မစ်ကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။
နိုင်ငံကို တည်ထောင်ပြီးသောအခါ တိရစ္ဆာန်များကို "အရာမသွင်း" ဟု သဘောတူညီခဲ့ကြသည်။
သို့ရာတွင် ဤသဘောတူညီမှုက ယခုလို အခြေအနေမျိုးတွင် အသုံးမဝင်တော့ပေ။
"အားယင်း နဲ့ ဆက်သွယ်ဖို့ နည်းလမ်းရှိလား.. ခဏလောက် တစ်နေရာရာမှာ ပုန်းနေဖို့ ပြောလိုက်ပါ.. ဒီကို ပြန်မလာခိုင်းနဲ့ဦး"
ကျန်းလျှိုယွဲ့ ကိုယ်တိုင်လည်း အကာအကွယ် အတားအဆီးကို အားဖြည့်ရင်း ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။
သူမက မကောင်းသော ခံစားချက်ကို ရရှိခဲ့သည်။
ထိုအချိန်တွင် တောင်ထိပ်တွင် ဝိညာဉ်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး နှင်းဖြူရောင် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ကျန်းလျှိုယွဲ့က အလွန်စူးရှသော မျက်လုံးရှိရာ ၎င်းမှာ အဖြူရောင်ပါရှန်းကြောင် ဖြစ်ကြောင်း ချက်ချင်း ရှင်းလင်းစွာ မြင်လိုက်ရသည်။
ဤပါရှန်းကြောင်က တောင်ပေါ်ကို အမြောက်ဖြင့် စွတ်ထုနေသည့် ကြောင်များနှင့် ပတ်သက်နေသည်ဟု သူမ၏ ပင်ကိုယ်သိစိတ်က ပြောပြနေသည်။
ဤကြောင်က အဘယ်ကြောင့် ဤနေရာတွင် ရှိနေပါသနည်း။
မှော်ရတနာ တစ်မျိုးမျိုးက ဤနေရာကို ပို့ခဲ့ပါသလော။
အခြေအနေက မည်မျှ အရေးတကြီး ဖြစ်နေလည်း ဆိုသည်ကို စဉ်းစားဖို့ပင် အချိန်မရှိချေ။
သူမက ဤကြောင်ဖြူကို ကြည့်ပြီးနောက် ဆတ်ခနဲ ကောက်ဖမ်းလိုက်သည်။
ဤနေရာသို့ ရောက်လာသော ဝမ်လင်းက အမျိုးသမီး တစ်ဦး မမျှော်လင့်ဘဲ သူ့ကို ဖမ်းဆီးလိုက်သည်ကို ခံလိုက်ရ၏။
ဝမ်လင်းက ထိုအမျိုးသမီး ဘာတွေတွေးနေလဲ မသိခင်မှာပင် ကျန်းလျှိုယွဲ့က သူ့ကို အမြင့်ကို ရောက်သည်အထိ ကိုင်မြှောက်လိုက်ပြီး တောင်ကုန်းပေါ်ကနေ လှမ်းအော်လိုက်သည်။
"ကြောင်စုတ်တွေ တောင်ပေါ်ကနေ နားထောင်စမ်း.. မင်းတို့ရဲ့ ညီငယ်လေးက အခု ငါ့လက်ထဲမှာ ဓားစာခံ ဖြစ်သွားပြီ.. မင်းတို့ရဲ့ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပါ.. မဟုတ်ရင် ငါကိုယ်တိုင် သူ့ကို ချက်ချင်း သတ်ပစ်လိုက်မယ်"
ဝမ်လင်း "............."