၎င်း၏မျက်လုံးအတွင်းမှ ထူးဆန်းသောအလင်းရောင်
Vol. 12 Ch. 171
ကျန်းလျှိုယင်း၏ ခြိမ်းခြောက်မှုကြောင့် အမြောက်ဖြင့် တိုက်ခိုက်မှုက ရပ်တန့်သွားခဲ့သည်။
"အမြောက်တွေပဲ နင်းကန်ပစ်ရမယ်လို့ ငါမမှာထားဘူးလား.. တောင်ထိပ်ကို လက်လျားလက်လျားနဲ့ ပြေးတက်သွားတဲ့သူက ဘယ်သူလဲ"
ကျန့်ထန်က သူ၏ အစီအစဥ် ဤနေရာတွင် အမှန်တကယ် လွဲချော်သွားလိမ့်မည်ဟာ မထင်ခဲ့ပေ။
သူက တယ်လီစကုပ်ကို ယူပြီး တောင်ထိပ်ကို လျင်မြန်စွာ စူးစမ်းလိုက်သည်။
"ဒီခွေးမသားက ဘယ်သူလဲဆိုတာ ကြည့်ရအောင်.."
ထို့နောက်တွင် ကျန့်ထန်က အမျိုးသမီး၏ လက်ထဲမှ နှင်းဖြူရောင်ရှိသည့်ကြောင်ကို တွေ့လိုက်ရသည်။
"အမ်...အင်မော်တယ်ကြောင်လား"
ဤတစ်ကြိမ်တွင် ကျန့်ထန်က အံ့အားသင့်သွားသည်။
.....................
ဝမ်လင်းက ကျန်းလျှိုယင်း၏ အဖမ်းအဆီးကို ခံလိုက်ရသော်လည်း ကျန့်ထန်၏ အရှိန်အဝါကို ရှာဖွေနေဆဲ ဖြစ်သည်။
နောက်ဆုံးတွင် ဥာဏ်ကောင်းသည့် ကျန့်ထန်က တောင်ခြေရင်းမှာပဲ ရှိနေဆဲဆိုသည်ကို သူသိလိုက်သည်။
ဝမ်လင်းက ချက်ချင်းပင် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျန့်ထန်၏ တပ်များအပေါ် ဦးဆောင်လမ်းပြနိုင်မှုကို လေးစားသလို ခံစားခဲ့ရသည်။
ဤတိုက်ပွဲတွင် ကျန့်ထန်က ထောင်သောင်းချီသော ကြောင်များကို ညွှန်ကြားရင်း အသေအပျောက် လုံးဝ မရှိအောင် ထိန်းသိမ်းနိုင်ခဲ့သည်။
ထို့အပြင် အရိပ်လုပ်ကြံသူများမှာ ကျန့်ထန် ဦးဆောင်သော လွတ်လပ်သော တပ်ရင်း၏ အားပြင်းသော ရီတာလီအမြောက် စွမ်းပကားကြောင့် တောင်ထိပ်ကနေ လုံးဝမဆင်းဝံ့ခဲ့ကြပေ။
ဝမ်လင်းက သူ့ကိုယ်သူ အလကားနေရင်း စိတ်ပူနေမှန်း သိလိုက်သည်။
ကျန့်ထန်က သူထင်ထားသည်ထက် ပိုမိုလျင်မြန်စွာ ရင့်ကျက်လာခဲ့သည်။
ဝမ်လင်းက သူ့ရင်ဘတ်ကို ဖက်ထားသော အမျိုးသမီးကို ခေါင်းလှည့်၍ ကြည့်လိုက်ရာ ဤအမျိုးသမီးက အရိပ်အဖွဲ့၏ ဒဏ္ဍာရီလာ ခေါင်းဆောင် ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် ထူးဆန်းသည်မှာ တစ်ဖက်သား၏ အရှိန်အဝါက အလွန်အားနည်းသည်ဟု ဝမ်လင်း ခံစားမိသည်။
ကောလဟာလတွေအရ ဆိုလျှင် အရိပ်အဖွဲ့၏ညခေါင်းဆောင်မှာ စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွင် အနည်းဆုံးရှိသင့်သည်။
ယင်းက သံသယဖြစ်စရာပင်။
ဝမ်လင်းက သူ၏ ကောင်းကင်မျက်လုံးဖြင့်ညစစ်ဆေးလိုက်ရာ သူမျှော်လင့်ထားသည့်အတိုင်းပင် အရိပ်အဖွဲ့ခေါင်းဆောင်က အစစ်အမှန် မဟုတ်မှန်း သိလိုက်ရသည်။
အခြားနည်းဖြင့် ပြောရလျှင် ၎င်းက သူမ၏ ကိုယ်ခန္ဓာအစစ်အမှန် မဟုတ်ဘဲ ဝိညာဉ်စွမ်းအင်ဖြင့် သူမ ပုံဖော်ထားသည့် ရွှံ့စေးကိုယ်ပွား တစ်ခုမျှသာ ဖြစ်သည်။
ဝမ်လင်း၏ မဟာကိုယ်ပွားမန္တန်နှင့် နှိုင်းယှဉ်လျှင် ဝိညာဉ်စွမ်းအင်ဖြင့် ပုံဖော်ထားသော ရွှံ့စေးပုံသဏ္ဍာန်က ပိုမိုတည်ငြိမ်သော ပေါင်းစပ်ဖွဲ့စည်းမှု ဖြစ်သောကြောင့် ပျောက်ကွယ်သွားမည်ကို စိုးရိမ်စရာ မလိုအပ်ပေ။
သို့သော် ၎င်း၏ အားနည်းချက်မှာ ကိုယ်ပွားမှ စွမ်းအင်ကို ပြန်လည် စုပ်ယူနိုင်ရန် အစစ်အမှန် ခန္ဓာကိုယ်နှင့် နီးကပ်နေရမည် ဖြစ်သည်။
အပြင်မှာ ရှိနေသည့် ကိုယ်ပွားသာ ပျက်စီးသွားခဲ့လျှင် မူလခန္ဓာကိုယ်၏ ကျင့်ကြံခြင်းကိုပါ သက်ရောက်စေမည် ဖြစ်၏။
ဤအမျိုးသမီးက တောင်ထိပ်ကနေ မဆင်းဝံ့ခဲ့တာ အံ့သြစရာမရှိချေ။
အကယ်၍ ဤခန္ဓာကိုယ်သာ အရိပ်အဖွဲ့ ခေါင်းဆောင်၏ ခန္ဓာကိုယ်အစစ် ဖြစ်လျှင် ကျန့်ထန်၏ ရီတာလီအမြောက်က သူမကို မည်သို့မျှ အန္တရာယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
ဤအမျိုးသမီးက သူမ၏ ခန္ဓာကိုယ် အစစ်အမှန်ကို မဖော်ထုတ်စေချင်သည့် အတွက် ကိုယ်ပွားခန္ဓာကိုယ်ကို ရွံ့စေးဖြင့် ပုံဖော်ခဲ့သည်။
အရိပ်အဖွဲ့၏ခေါင်းဆောင် ကျန်းလျှိုယွဲ့မှာ သာမန်လူများ ထင်ထားသည်ထက် များစွာ ပို၍ သတိကြီးသည်ဟုသာ ဆိုရတော့မည် ဖြစ်သည်။
သို့ရာတွင် သူမအတွက် ကာကွယ်ဖို့ မဖြစ်နိုင်သည့် အရာတစ်ခုရှိသည်။
ထိုအရာက ဝမ်လင်း ဖြစ်သည်။
"ဒီကြောင်စုတ်တွေ... ငါ့ရဲ့ အရိပ်အဖွဲ့ စစ်ကူတွေ ရောက်လာတဲ့အထိသာ စောင့်နေလိုက်.. စစ်ကူရောက်တာနဲ့ မင်းတို့တွေ အားလုံး သေရလိမ့်မယ်"
ကျန်းလျှိုယင်းက အေးစက်စက် ရေရွတ်ရင်း ဝမ်လင်းကို တင်းကျပ်စွာ ညှစ်ထားခဲ့သည်။
ဝမ်လင်းက သူမကို ဂရုမစိုက်ဘဲ စိုက်ကြည့်နေခဲ့သည်။
သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော်လည်း သူ့အနေဖြင့် မနာကျင်ခဲ့ပေ။
သူ့နောက်ကျောတွင် ခုနေသည့် ကမ္ဘာလုံးနှစ်ခုက ဆိုဖာပေါ် မှီနေသလို ခံစားရသောကြောင့် အနေအထားက အနည်းငယ် ထူးဆန်းသလို ဖြစ်နေသည်။
မှန်၏။ သူက ယခုလောက် အောက်တန်းကျခြင်း မရှိပေ။
ဤအချိုးအစားကျသည့် အမျိုးအစားက သူ့အကြိုက် မဟုတ်ချေ။
အမျိုးသမီးက သူ့ကို ဓားစာခံအဖြစ် အပေါ်သို့ မြှောက်လိုက်သော်လည်း ဝမ်လင်းက လွယ်လွယ်ကူကူပင် ရုန်းထွက်သွားခဲ့သည်။
"ချီးပဲ"
ကျန်းလျှိုယင်းက နှင်းဖြူရောင် ပါရှန်ကြောင်လေး ဤမျှလောက်ထိ သန်မာမည်ဟု မထင်ထားခဲ့ပေ။
သူမက ပါရှန်းကြောင်၏ အမြီးကို ဖမ်းဆုပ်ရန် လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်သော်လည်း မမိခဲ့ချေ။
ပါရှန်ကြောင်လေးက လေထဲ၌ လွင့်မျောကာ သူမကို စူးစိုက်ကြည့်နေခဲ့သည်။
ဤကြောင်က လုံးဝ မရိုးရှင်းကြောင်းကို ကျန်းလျှိုယင်း သဘောပေါက်သွားခဲ့သည်။
ဟုတ်ပါသည်.. ဤကြောင်က ဘယ်နေရာကနေ ရောက်လာပြီး ရုတ်တရက် တောင်ထိပ်တွင် ပေါ်လာသနည်း။
ဤနေရာသို့ တည်နေရာ ရွှေ့ပြောင်းရန် မှော်ရတနာ တစ်မျိုးမျိုးကို အသုံးပြုခဲ့ပါသလော။
"မင်းဘယ်သူလဲ"
သူမက ဝမ်လင်းကို ကြည့်လိုက်သည်။
ယင်းအချိန်မှာပင် ရေလွှမ်းမိုးသလို သူမအပေါ်သို့ ကြီးမားသည့် ဝိညာဉ်ရေးရာ ဖိအားများ သက်ရောက်လာခဲ့သည်။
ကျန်းလျှိုယင်းက ဤပါရှန်းကြောင်ဖြူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်ကို မြင်လိုက်ရသည်။
သူမတင် မကဘဲ တောင်ကုန်းပေါ်ရှိ အရိပ်လုပ်ကြံသူ အားလုံး လုံး၀ မလှုပ်ရှားနိုင်တော့ပေ။
ကျန်းလျှိုယွဲ့ ဖြစ်စေ မော့လီ ဖြစ်စေ သူမတို့ အားလုံးက အေးခဲ့သွားသလို ခံစားလိုက်ရသည်။
သူမတို့၏ ခန္ဓာကိုယ် လုံးဝ တောင့်တင်းနေပြီး တစ်ချက်မျှ မလှုပ်ရှားနိုင်ခဲ့ပေ။
ပုံမှန်အားဖြင့် ဤအရိပ်လုပ်ကြံသူများမှာ အလွန်ပင် ကြောက်စရာ ကောင်းသည်။
သို့သော် လက်ရှိ အခြေအနေအရ သူတို့က အမြောက်တပ်၏ အောက်တွင် အလဲလဲအပြိုပြို ဖြစ်နေသည်။
ကျန့်ထန်က တယ်လီစကုပ်ကို ကိုင်ကာ တောင်ပေါ်သို့ ငေးကြည့်ရင်း ဝမ်လင်း၏ အမိန့်ကို စောင့်ဆိုင်းနေသည်။
ဝမ်လင်းက အဝေးကနေ ခေါင်းညိတ်ပြလိုက်သည်။
ထိုအခိုက်အတန့်မှာ ကျန့်ထန်က ကြောင်တိုင်းကို အမိန့်ပေးလိုက်သည်။
"ဝုန်း.. ဝုန်း.. ဝုန်း..."
တောင်ထိပ်ကို ချက်ချင်းပဲ မီးခိုးရောင် တိမ်တိုက်ကြီး ဖုံးလွှမ်းသွားသည်။
ယင်းတိမ်တိုက်ကြီးက ပေါက်ကွဲမှုများ မငြိမ်သက်မီ ငါးမိနစ်ခန့် ဆက်လက် ဖြစ်ပွားခဲ့သည်။
မီးခိုးများ ရှင်းသွားပြီးနောက် အရိပ်လုပ်ကြံသူ အားလုံးက ကျောက်မီးသွေး ကဲ့သို့ လောင်ကျွမ်းနေကာ ထူးဆန်းသော ကိုယ်ဟန်ပုံစံ အမျိုးမျိုးဖြင့် မြေပြင်ပေါ်တွင် လဲကျနေကြသည်။
ရီတာလီအမြောက်၏ ပစ်ခတ်မှုက ပြင်းထန်သော်လည်း၎င်းတို့ကို လုံးလုံး မသေစေခဲ့ပေ။
ဝမ်လင်းက အရှိန်အဝါ အကာအကွယ်ဖြင့် ပတ်ပတ်လည် ဝန်းရံနေသော အမြောက်ဆံများကြားတွင် အေးအေးလူလူ ရပ်နေသည်။
ဒါက ဂိမ်းတစ်ခုသာဆိုရင် သူ့ခေါင်းထက်၌ 'MISS' ဆိုသည့် စာလုံး အမြောက်အများကို တွေ့မြင်နိုင်မည် ဖြစ်သည်။
အမြောက်ကျည်၏ စွမ်းအားကို သူ တွက်ချက်ပြီးပြီး ဖြစ်သည်။
၎င်းက ဤလူအစုအဝေးကို ပြင်းထန်သော ဒဏ်ရာအနာတရများကိုသာ အများဆုံး သက်ရောက်နိုင်သည်။
ထို့အပြင် ဝမ်လင်းကြောင့် ၎င်းတို့က ရွေ့လျားနိုင်သည့် စွမ်းရည်ကိုပါ ဆုံးရှုံးနေသည်။
ကျန်ရှိသည့် လုပ်ငန်းဆောင်တာများကို ထုံးစံအတိုင်း နိုင်ငံတော်ကို လွှဲပေးရုံပင် ဖြစ်သည်။
ကျန့်ထန်က ဘုန်းကြီး၊ ဒုတပ်ရင်းမှူးတို့နှင့် အတူ တောင်ပေါ်သို့တက်လာသောအခါ တောကြောင်တစ်ကောင်လို အမြဲတစေ ထိန်းမနိုင်သိမ်းမရ ပြုမူတတ်သော လွတ်လပ်သော တပ်ရင်း၏ ကြောင်များအားလုံးက တစ်ညောင်ညောင်ဖြင့် ဝမ်လင်း၏ ရင်ခွင်ထဲသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။
ဘုန်းကြီးက ရုတ်တရက် အနည်းငယ် ရှက်သွားသလို မျက်နှာကို အုပ်လိုက်သည်။
သူ့အလှည့် ရောက်နိုင်တော့မည်ဟု မထင်ချေ။
"............"
"မင်းက လက်ထောက်တပ်ရင်းမှူးပဲ.. မင်း စိတ်အေးအေးထားရမယ်"
ဘုန်းကြီးက သူ့ကိုယ်သူ စိတ်ထဲကနေ ဆုံးမလိုက်သည်။
ဝမ်လင်း "............."
အင်မော်တယ်ကြောင်ကို ဒုတိယအကြိမ် တွေ့ရသောကြောင့် ကျန့်ထန်က အလွန် စိတ်လှုပ်ရှားနေ၏။
နောက်ဆုံးတွင် သူက စိတ်တည်ငြိမ်မှု ပြန်လည် ရရှိသွားပြီး ကြောင်စစ်သည်များကို အမိန့်ပေးလိုက်သည်။
"မင်းတို့တွေ အထဲကို ဝင်ရှာကြည့်စမ်း..."
တောင်ကုန်းပေါ်ရှိ အရိပ်အဖွဲ့၏ ဌာနချုပ် ဝင်ပေါက်ကို ရေတွင်းတစ်ခု ထဲတွင် ဝှက်ထားသည်မှာ အမှန်ပင်။
အရိပ်အဖွဲ့၏ လူများအားလုံး လှုပ်ရှားနိုင်စွမ်း မရှိတော့သောကြောင့် လွတ်လပ်သောတပ်ရင်းမှ ကြောင်စစ်သည်များ ၎င်းတို့ စခန်းထဲ ဝင်ရောက်လာသောအခါ ခုခံမှု လုံးဝမရှိခဲ့ပေ။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အရိပ်အဖွဲ့၏ လုပ်ကြံသူ အားလုံး ကျသွားပြီဖြစ်ကြောင်း ဝမ်လင်း အတည်ပြုနိုင်ခဲ့သည်။
ပေါက်ကွဲမှုတွင် ကျန်းလျှိုယင်း၏ ရွှံ့စေးကိုယ်ပွားက ပျက်စီးသွားခဲ့ပြီး မျက်နှာတစ်ဝက်သာ ကျန်ရှိခဲ့သည်။
ထိုကျန်ရှိသော မျက်နှာတစ်ခြမ်းမှာလည်း ပူလောင်လွန်း၍ အငွေ့များပါ ထွက်နေသည်။
သူမက ဝမ်လင်းကို အလွန်အမင်း မုန်းတီးစိတ်ဖြင့် မကျေမနပ် စိုက်ကြည့်နေသည်။
မထင်မှတ်ပဲ သူမက စကားပြောနိုင်သေးသည်။
"မင်း ဘယ်သူလဲ"
ဝမ်လင်းက ဘာမှပြန်မပြောဘဲ သူ့ဝိညာဉ်ရေး အာရုံများဖြင့် အနည်းငယ် စူးစမ်းနေခဲ့သည်။
သူက ကျန်းလျှိုယင်း၏စိတ်ထဲမှ အဖိုးတန် အချက်အလက်များကို ရှာဖွေရန် သူ၏ မှတ်ဉာဏ် ပြန်လည်ရယူသည့် မန္တန်ကို အသုံးပြုခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် သူမ၏ ဦးနှောက်က ဗလာ ဖြစ်နေခဲ့သည်။
မှတ်ဉာဏ် ပြန်လည်ရယူသည့်မန္တန်က ရွှံ့စေးကိုယ်လုံးပေါ်တွင် အသုံးမဝင်ပေ။
သူမထံမှ အဖိုးတန် အချက်အလက်များ မရရှိခဲ့သောကြောင့် ဤရွှံ့စေး ခန္ဓာကိုယ်က သူ့အတွက် တန်ဖိုးမရှိခဲ့ပေ။
သူ မျက်လုံးဖွင့်လိုက်သည်နှင့် သူ့မျက်လုံးမှ ဝိညာဉ်အလင်းတန်းများက ကျန်းလျှိုယွဲ့၏ ကျန်မျက်နှာတစ်ခြမ်းကိုဖျက်ဆီးပစ်လိုက်သည်။
.......................
တစ်ချိန်တည်းမှာပင်၊ ကျင့်ဟွာမြို့ရှိ အလုံပိတ်မြေအောက်ခန်းတစ်ခုတွင် အမျိုးသမီးတစ်ယောက်က မျက်လုံးမှိတ်ကာ
ခြေချိတ်၍ ထိုင်နေသည်။
"ဝေါ့"
သူမက ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်သည်။