← Chapters

နေရာတိုင်းမှ ကော်ဟောက်၏ ဦးလေးများ

Vol. 12 Ch. 175

နေရာတိုင်းမှ ကော်ဟောက်၏ ဦးလေးများ

Vol. 12 Ch. 175

ဇွန်လ ၆ ရက်နေ့သည် စာသင်နှစ်၏ သတ္တမမြောက်အပတ် တနင်္လာနေ့ ဖြစ်သည်။

ယနေ့နံနက်တွင် အရိပ်လုပ်ကြံသူ မိန်းကလေးထောင်မှလွတ်မြောက်ပြီး ပြန်အဖမ်းခံရသည်အထိ ဖြစ်ပျက်သွားခဲ့သော ဖြစ်ရပ်အလုံးစုံကို Grade1 အခန်းသုံးမှ ကျောင်းသားများက ထုံးစံအတိုင်း အတင်းအဖျင်း ပြောနေကြသည်။

တကယ်တမ်းတွင် Grade1 အခန်းသုံး တစ်ခုတည်းအတင်းအဖျင်း ပြောနေကြခြင်း မဟုတ်ပေ။

လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း မြို့တော်၏ နေရာတိုင်းရှိ အတင်းအဖျင်း စကားဝိုင်းများတွင် ဤအကြောင်းအရာများသာ လွှမ်းမိုးနေခဲ့သည်။

အရိပ်လုပ်ကြံသူ မိန်းကလေး ထောင်ဖောက်သည့် ကိစ္စကနေ အရိပ်အဖွဲ့ဌာနချုပ် ကြွေမွနေအောင် ဖျက်ဆီးခံရသည့် ကိစ္စနှင့် ယခုနောက်ဆုံး အရိပ်လုပ်ကြံသူ မိန်းကလေးကို အမည်မသိလူက ထောင်ထဲ ပြန်ပို့လိုက်သည် အထိ...

နိုင်ငံတကာသတင်းများ၏ ခေါင်းကြီးပိုင်းများတွင် နေရာယူထားသောဤသတင်းများမှာ ကျန်းလျှိုယင်း ပထမဆုံးထောင်ဖောက်ပြေးသည့် ၃၆ နာရီအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ဤအဖြစ်အပျက် အပြီးတွင် နာမည်ကြီးလာသူ နှစ်ယောက်ရှိသည်။

ပထမ တစ်ယောက်မှ စုန့်ဟိုင်ထောင်မှ ထောင်အုပ်လျန့် ဖြစ်သည်။

၎င်းက ပိုကြီးသောငါးကို ဖမ်းမိရန် အရိပ်လုပ်ကြံသူ မိန်းကလေးကို တမင်တကာ ကြိုးရှည်ရှည်ဖြင့် လွှတ်လိုက်သည်ဟု အချို့က ထင်မြင်ကြသည်။

ထို့ကြောင့် ထောင်အုပ်လျန့်မှာ ခေါင်းကြီးပိုင်း သတင်းများနှင့်အတူ နာမည်ကြီးလာခဲ့သည်။

ဒုတိယ တစ်ယောက်မှာ ကျိုးရီ ဖြစ်သည်။

အမှတ် ၆၀ အထက်တန်းကျောင်းကို ကျူးကျော်ဝင်ရောက်လာသည့်အရိပ်လုပ်ကြံသူ ဖြိုခွင်းခံရမှုကနေ အမှတ် ၅၉ အထက်တန်းကျောင်းက လူသတ်သမားကို ဖမ်းတဲ့အထိ၊ ယင်းနောက်ပိုင်း ဖြစ်ပေါ်လာသည့် ဤအဖြစ်အပျက်တွေအထိ၊ အရိပ်အဖွဲ့အစည်း နှင့်ပတ်သက်သော သတင်းမှန်သမျှမှာ ကျောင်းပေါင်း ၁၀၀ အထွေထွေအုပ်ချုပ်ရေး ဌာန၏ လူရွယ် ဒါရိုက်တာ နှင့် ပတ်သက်မှု ရှိနေသည်။

ကော်ဟော်က သူ၏အိမ်စာ ကူးယူမှု လုပ်ငန်းစဥ်ကို တစ်ဝက်တစ်ပျက် လုပ်ဆောင်ပြီးနောက် ဤအဖြစ်အပျက်များနှင့် ပတ်သက်ပြီး စတင် အတင်းပြောတော့သည်။

"ငါ့မှာ ထောင်ထဲမှာ အလုပ်လုပ်နေတဲ့ ဦးလေးတစ်ယောက် ရှိပါတယ်.. သူပြောတာကတော့ အရိပ်လုပ်ကြံသူ မိန်းကလေးက အာကာသ ဥမင်လိုဏ်ခေါင်းထဲကနေ ပြုတ်ကျလာတယ်ဆိုပဲ.. ထောင်ထဲက ဝန်ထမ်းတချို့က အဲဒါကို မျက်စိနဲ့ တပ်အပ် မြင်ခဲ့တယ်လို့ သူက ပြောတယ်"

လူတိုင်း ထိတ်လန့်သွားသည်။

"အာကာသ ဥမင်လိုဏ်ခေါင်းလား"

ချန်းချောင်က မျက်မှောင်ကြုတ်လိုက်သည်။

"အကွာအဝေးကို ဖြတ်ကျော်နိုင်တဲ့ အာကာသ မှော်ပညာက မလိုလားအပ်တဲ့ ပြဿနာများစွာကို ဖြစ်စေနိုင်တာကြောင့် နိုင်ငံတွင်းမှာ တင်းကြပ်စွာ တားမြစ်ထားတယ်.. မြို့ကြီးတိုင်းမှာ အာကာသမျှော်စင်တွေ တပ်ဆင်ထားတာက မြို့ရဲ့ အာကာသ အတက်အကျကို စောင့်ကြည့်ဖို့ပဲလေ"

ကော်ဟောက်က ခေါင်းညိတ်ပြီး ဆက်ပြောလိုက်သည်။

"ဒါက ထူးဆန်းတဲ့ ဖြစ်ရပ်ရဲ့ အစပဲ ရှိပါသေးတယ်.. ငါ့မှာ အာကာသမျှော်စင်မှာ အလုပ်လုပ်နေတဲ့ ဦးလေးတစ်ယောက် ရှိတယ်.. အခင်းဖြစ်ပွားချိန်က မျှော်စင်မှာ မူမမှန်တဲ့ အရာတစ်ခုခုကို မတွေ့မိဘူးလို့ သူက ပြောခဲ့တယ်.. ဒါက အချက်နှစ်ချက်ကို သက်သေပြနေတာပဲ... “

လူတိုင်းက စပ်စုလိုက်ကြသည်။

"ဘယ်အချက် နှစ်ချက်လဲ"

ကော်ဟောက်က မေးစေ့ကို ပွတ်သပ်လိုက်သည်။

"အထူးမျှော်စင်က ပုံမှန်အတိုင်း လည်ပတ်နေပေမဲ့ ဘာစွမ်းအင် အတက်အကျကိုမှ အရိပ်အမြွက် မတွေ့ခဲ့ရဘူး.. ပထမအချက် အနေနဲ့ အာကာသမှော်ပညာကို အသုံးပြုသူက မျှော်စင်ရဲ့ စောင့်ကြည့်နိုင်တဲ့ အတိုင်းအတာထက် ပိုပြီး စွမ်းအား ရှိကြောင်း သက်သေပြနေတယ်.. ဒုတိယအချက်ကိုပြောရရင် ဒီလူက သာမန်လူ မဖြစ်နိုင်ဘူး.. ပညာရှင်တွေ ပြောသလိုပဲ ဂြိုလ်သားတစ်ယောက် ဆိုတာထက် ထူးခြားတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ ဖြစ်ရမယ်"

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ အခုချိန်မှာ သန်မာတဲ့ ဂြိုလ်သားတွေ လုံးဝ မရှိတော့လို့လေ"

ကော်ဟောက်က သူ့ကိုယ်သူ ဥာဏ်ကောင်းလွန်းသည့် လေသံဖြင့် ပြောလိုက်သည်။

"လွန်ခဲ့တဲ့ မကြာသေးခင်က M78 ကြယ်စုမှာ မငြိမ်မသက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ငါ့ဦးလေးတစ်ယောက်က ပြောတယ်.. အဲဒီကို ငါတို့ရဲ့ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီး ရီက သွားခဲ့ပြီး သူ့ရဲ့ ကောင်းကင်ခွဲဓားသိုင်းကို အသုံးပြုခဲ့တယ်.. လှိုင်းလုံးလောက်ရှိတဲ့ ဓားလှိုင်းတွေက အမြင့် ဆယ်မီတာရှိတဲ့ ရန်သူတပ်တွေကို ဖြိုခွဲနိုင်ခဲ့တယ်"

ဝမ်လင်း "............"

"လခွမ်း.. မင်းမှာ ဦးလေး ဘယ်နှစ်ယောက်တောင် ရှိနေတာလဲ"

..................

ညဘက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်မိသားစု အိမ်ငယ်လေးသို့ တစ်ဖန် သွားရောက် လည်ပတ်ခဲ့သည်။

ဤတစ်ခေါက်တွင် သူက ဘရိုကိုလီ ငါးဆယ်ကနေ ခြောက်ဆယ် ကီလိုဂရမ် အထိ ယူလာပေးခဲ့သည်။

ဤဘရိုကိုလီက စိတ်ဝိညာဉ်မြေပေါ်တွင် သူစိုက်ပျိုးခဲ့သော နောက်ဆုံးအသုတ် ဖြစ်သည်။

ဟုတ်ပါသည်။ ဤဘရိုကိုလီမှာ မေမေဝမ် သူ့ကို ထည့်ပေးလိုက်သော ဖိုးဖိုးဝမ်၏ ဘရိုကိုလီများ ဖြစ်၏။

သူသည် ဝမ်မိသားစု၏ အိမ်ငယ်လေးသို့ ဘရိုကိုလီကို အကြိမ်ပေါင်း များစွာ ဆက်တိုက် ယူဆောင်လာခဲ့သည်။

ဖိုးဖိုးဝမ်က သူ့ကို ပေးခဲ့သည့် ဘရိုကိုလီ၏ နောက်ကွယ်က အဓိပ္ပါယ်ကို ယခုချိန်ထိ အဖြေရှာမရသေး၍ သူကိုယ့်သူ စိတ်ပျက်နေခဲ့၏။

ဝမ်ရှန်းဥယျာဥ်မှ အပင်များကို ပြုစုဖို့ စုန့်ချင်းရှုက ထွက်သွားခဲ့သည်။

သူက ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်ထိန်း ဖြစ်လာသည်။

ယခင်က စိုက်ပျိုးခဲ့သည့် ဟောသွန်းမျိုးစေ့သည် မကြာသေးမီကမှ အညှောင့်ထွက်သည့် လက္ခဏာများကို ပြသနေသည်။

ဤအဆင့်တွင် နူးညံ့စွာ ပြုစုစောင့်ရှောက်ရန် လိုအပ်၏

စုန့်ချင်းရှုက မော့အင်မော်တယ် ရဲတိုက်မှ ထွက်ခွာလာပြီးနောက်တွင် များစွာ ပြောင်းလဲသွားခဲ့ပြီး ပိုမို ပျော်ရွှင်လာခဲ့သည်။

ထို့အပြင် သူ မော့အင်မော်တယ်ရဲတိုက်တွင် အလုပ်လုပ်ပြီး ရရှိလာသည့် မှော်ရတနာများ အားလုံးကို ရောင်းချကာ ပရဟိတ အဖွဲ့များစွာတွင် လှူဒါန်းခဲ့သည်။

စုန့်ချင်းရှုက စောင့်ကြည့်ဆဲကာလတွင်သာ ရှိသေးသော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်က သူ၏ အိမ်ထိန်းအသစ်ကို သိသိသာသာ ဖြေလျှော့ပေးခဲ့သည်။

သို့ရာတွင် ခြင်္သေ့ကမူ စုန့်ချင်းရှုကို စောင့်ကြည့်နေဆဲ ဖြစ်၏။

အင်မော်တယ်ထုန်ရာထံမှ တိုက်ပွဲဝင်ခြင်္သေ့ကို နှစ်ရက်ကြာ ဌားရမ်းခဲ့ပြီးနောက် ခြင်္သေ့က အကြောင်း တစ်ခုခုကြောင့် ပြန်သွားချင်စိတ် လုံးဝမရှိခဲ့ပေ။

အင်မော်တယ်ထုန်ရာက ဘယ်လောက်ပင် ကြိုးစားခဲ့ပါစေ.. ဤခြင်္သေ့က လက်ပင် မလှုပ်ခဲ့ချေ။

ယခုအခါ ၎င်းက ဗုံးပစ်စီနီယာအင်မော်တယ်၏ အိမ်ရှေ့တံခါးတွင် ပျင်းရိစွာ အိပ်နေသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်းတို့အိမ် ရောက်နေသည်ကို သူသိသည်။

ဆိုရလျှင် သူက ဝမ်လင်းကို အမှန်တကယ် တွေ့ချင်နေခဲ့သည်။

သူက မည်သူ့ကိုမှ ခေါင်းမငုံ့သည့် မာနကြီးသော သတ္တဝါဖြစ်သော်လည်း ဝမ်လင်း ပြန်သွားသော နေ့ကစပြီး ချစ်သူကို စောင့်မျှော်နေသည့် မိန်းမပျိုလေး တစ်ယောက်လို ဖြစ်သွားခဲ့၏။

ဝမ်လင်းက အချိန်တိုအတွင်း ဤကဲ့သို့ ရက်စက်သော သတ္တဝါကို ထိန်းကျောင်းနိုင်သော စွမ်းအားမျိုးရှိသည့် တစ်ဦးတည်းသောသူ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ်က ခံစားခဲ့ရသည်။

ယခုတစ်ကြိမ်တွင်မူ ဝမ်လင်း၏ အထူးတောင်းဆိုမှုကြောင့် ဝမ်မိသားစု အိမ်ငယ်လေးသို့ သူရောက်လာခဲ့သည်။

သူက အောက်ထပ်မှ စီနီယာကြီးများကို ဘရိုကိုလီ ပေးကာ လက်ဆွဲ နှုတ်ဆက်ပြီးသည်နှင့် ဝမ်လင်းကိုရှာရန် အပေါ်ထပ်သို့ တိုက်ရိုက်တက်သွားခဲ့သည်။

"ညီနောင်လင်း မင်းငါ့ကို အရေးတကြီး ခေါ်လိုက်တာ ကိစ္စရှိလို့လား"

သူက အခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ဝမ်လင်းကို အိမ်စာများ အစွမ်းကုန် ကူလုပ်ပေးနေသော မွန်းစတား ဘောပင်နှင့် မှင်စာခဲဖျက် တို့ကို တွေ့လိုက်ရသည်။

ထွင်ထျန်းဟာကမူ ဗုံးပစ်စီနီယာ အင်မော်တယ် အဝေးမှာရှိစဥ်ကတည်းက အရှိန်အဝါကို အနံ့ခံနိုင်ခဲ့သည်။

ထွင်ထျန်းဟာက မြေပြင်ပေါ်တွင် လဲလျောင်းရင်း ၎င်း၏ စိမ်းနုရောင် ခေါင်းကို မော့ကာ ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ဝမ်လင်းက သူ့ရှေ့မှ ကျောက်သေတ္တာ တစ်ခုကို လေးနက်စွာ စိုက်ကြည့်နေသည်။

"ဒါက"

ဗုံးပစ်စီနီယာ အင်မော်တယ်က ကျောက်သေတ္တာကို မြင်လိုက်ရသောအခါတွင် ရုတ်တရက် အံ့သြသွားခဲ့သည်။

ဤကျောက်သေတ္တာက ဖွင့်၍မရတော့ဘဲ လုံးလုံးပိတ်သွားပြီဖြစ်ကြောင်း သတိပြုမိခဲ့သည်။

သူ၏ ကောင်းကင်မျက်လုံးဖြင့် စစ်ဆေးလိုက်ရာ အထဲတွင် လုံးဝဗလာ ဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"ဒါက မျက်နှာဖုံးကို ထည့်သိမ်းတဲ့ သေတ္တာ ဖြစ်ပုံရတယ်.. မျက်နှာဖုံးကို ထုတ်ယူပြီးတဲ့နောက်မှာ အပြင်ဘက်ကနေအသေအချာ စည်းတံဆိပ်ခတ်ထားပုံပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ကျောက်သေတ္တာကို သူ့လက်ထဲတွင် ကိုင်ထားရင်း ဂရုတစိုက် စိုက်ကြည့်လိုက်သည်။

ကျောက်သေတ္တာက ဒီဇိုင်းပုံစံ အားနည်းသော်လည်း အကျွမ်းတဝင်ရှိသော ခံစားချက်အရ ဤကျောက်သေတ္တာကို ကျောက်သရဲ မျက်နှာဖုံး သိမ်းဆည်းရန် အတွက် အသုံးပြုခဲ့ကြောင်း အကဲဖြတ်နိုင်ခဲ့သည်။

ကျောက်သရဲမျက်နှာဖုံးက ကျင့်ကြံခြင်း လောကတွင် ညစ်ညမ်းသောလေထု နှင့် သွေးမိုးရွာခြင်းကို လှုံ့ဆော်ပေးခဲ့သည်။

ကြောက်စရာအကောင်းဆုံးမှာ ၎င်းကို လုံးလုံးလျားလျား ဖျက်ဆီးရန် နည်းလမ်း မရှိခြင်းပင်။

ထို့ကြောင့် စည်းတံဆိပ်ခတ်ရန် နည်းလမ်းများစွာကို ရှာဖွေခဲ့ကြသည်။

ဤမျက်နှာဖုံးသိမ်းသည့် သေတ္တာသည် ကျောက်သရဲ မျက်နှာဖုံးကို စည်းတံဆိပ်ခတ်ရန် လက်မှုဆရာအချို့ တစ်ချိန်က ဖန်တီးခဲ့သည့် ထုတ်ကုန်တစ်ခု ဖြစ်ကြောင်း အလွန်ထင်ရှားနေသည်။

ကျောက်သရဲ မျက်နှာဖုံးမှာ ဤမျက်နှာဖုံးသိမ်းသည့် သေတ္တာ အတွင်း၌ အချိန်အတန်ကြာ စည်းတံဆိပ်ခတ် ခံထားရကြောင်းကို ရှင်းရှင်းလင်းလင်း သိခဲ့ရသည်။

မျက်နှာဖုံးကို ဘယ်အချိန်က ထုတ်ယူသွားလဲ မည်သူမှမသိပေ။

အမှန်တရားကို ဖုံးကွယ်ဖို့ သေတ္တာကို ပြန်လည် စည်းခတ်ခဲ့သည်က မည်သူနည်း။

"ညီနောင်လင်း.. ဒီကျောက်သေတ္တာကို မင်းဘယ်မှာတွေ့တာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က စပ်စုလိုက်သည်။

ဝမ်လင်းက သေတ္တာ၏ဇစ်မြစ် ဖြစ်ရပ်မှန်များကို စိတ်ချင်းဆက်သွယ်၍ ပြောပြလိုက်သည်။

"ကြောင်လား"

ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်း၏ ရှင်းပြမှုကို ကြားလျှင် အံ့အားသင့်သွားသည်။

ဤနှစ်ရက်အတွင်း သတင်းထွက်နေသည့် အရိပ်အဖွဲ့ ဌာနချုပ် ပျက်ဆီးခြင်း၏ အမှန်တရားကို နောက်ဆုံးတွင် သူသိရှိခဲ့သည်။

ဤဖြစ်စဥ်အမှန်သာ ပေါက်ကြားသွားခဲ့လျှင် မရေမတွက်နိုင်သည့် ကျင့်ကြံသူများက ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်မည်လား မပြောတတ်ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ အောင်မြင်မှုများအားလုံးက ကြောင်အနည်းငယ်ရှေ့တွင် အမှန်တကယ် ကျဆုံးခဲ့သလို ခံစားခဲ့ရသည်။

All Chapters