← Chapters

ဤအချက်အလက်တွင် ပြဿနာကြီးတစ်ခု ရှိနေသည်

Vol. 12 Ch. 177

ဤအချက်အလက်တွင် ပြဿနာကြီးတစ်ခု ရှိနေသည်

Vol. 12 Ch. 177

အရိပ်အဖွဲ့ဌာနချုပ် ပျက်သုန်းခြင်းက အမှန်တကယ်ပင် လူအများအပြားကို ထိခိုက်စေခဲ့သည်။

မြို့လယ်ရှိ ခမ်းနားထည်ဝါသော အဆောက်အအုံရှိ သူမ၏ ရုံးခန်းတွင် ရဲတိုက်လေဒီက အားယို ကွယ်လွန်ပြီး အားကျိုးက အသီးအရွက် ရောဂါ ဖြစ်လာကြောင်း အတည်ပြုနိုင်ခဲ့သည်။

မော့အင်မော်တယ် ရဲတိုက်က ဤတစ်လောတွင် ပြဿနာများ ဆက်တိုက် တက်နေသောကြောင့် သူမတွင် ကိုင်တွယ်ဖြေရှင်းရန် ကိစ္စများစွာ ရှိနေသည်။

ဆယ်မိနစ်တိုင်း လိုလိုတွင် နောက်ဆုံးရ သတင်းများကို သူမ၏ ရုံးခန်းသို့ ပို့ပေးရန် အမိန့်ပေးထားခဲ့၏။

မိုးမျှော်တိုက်ခန်းရှိ ရဲတိုက်လေဒီ၏ ရုံးခန်းတွင် သမ္မတအိမ်တော် တစ်ခု၏ အသုံးအဆောင် အဆင်အယင်များ ပါရှိသည်။

ယနေ့နံနက် အစောပိုင်းတွင် ရဲတိုက်လေဒီက သူမ၏ မွမ်းကြပ်မှု အခြေအနေမှ ရုန်းထွက်လာနိုင်ပြီး ပိုမို လန်းဆန်းလာခဲ့သည်။

ရဲတိုက်လေဒီက သူမ၏ ဦးနှောက်ဆဲလ်သေတွေ အားလုံးကို တစ်ညတည်းဖြင့် ပြန်လည် ဖြည့်တင်းခဲ့သည်။

ကျင့်ကြံသူ တစ်ယောက်အတွက် တင်ပျဉ်ခွေ၍ ဝင်လေထွက်လေမှတ်ကာ တရားထိုင်ခြင်းသည် သာမန်လူများ၏ အိပ်စက်ခြင်းထက် များစွာ ထိရောက်မှုရှိသည်။

ယခုအခါတွင် သူမ၏ ရုံးခန်းစားပွဲပေါ်ရှိ ဖိုင်များမှာ တောင်ငယ်လေး တစ်ခုလို စုပုံနေပြီဖြစ်သည်။

ဖိုင်အများစုမှာ အရိပ်အဖွဲ့နှင့် ဆက်စပ်မှု ရှိနေသည်။

အဆုံးသတ်တွင် မော့အင်မော်တယ် ရဲတိုက်မှာ ဤနှစ်များတစ်လျှောက်၌ အရိပ်အဖွဲ့ နှင့် မျှမျှတတ ဆက်ဆံမှုများ ရှိခဲ့၏။

အရိပ်အဖွဲ့ ဌာနချုပ် ရုတ်တရက် ဖျက်ဆီးခံရသော သတင်းမှာ ပုံမှန်အားဖြင့် ၎င်းတို့ကို ထိခိုက်လာစေမည် ဖြစ်သည်။

သို့သော် မော့အင်မော်တယ် ရဲတိုက်က အရိပ်အဖွဲ့နှင့် အဆက်အဆံသာ ရှိပြီး ၎င်းတို့နှင့် မပူးပေါင်းထားသောကြောင့် စိုးရိမ်စရာတော့ မလိုအပ်ချေ။

သူမက မနက်အစောကြီး ပေးပို့လာသည့် အချက်အလက် အစုအဝေးများကို ခဏလောက် ဖတ်ရှုလိုက်သည်။

နောက်ဆုံးတွင် ရဲတိုက်လေဒီက သူမ၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်သည့် အချက်အလက် တစ်ခုကို မျက်စိကျသွားခဲ့၏။

အရှေ့ဟွမ်လမ်းရှိ ဆင်ခြင်ဖုံး နေရာလေးတွင် အိမ်ငယ်လေးတစ်လုံး ရှိနေသည်။

ယခင်က ကျင့်ကြံသူ နှစ်ဦးကို ထိုနေရာသို့ သူမကိုယ်တိုင် စေလွှတ်ခဲ့သော်လည်း ထိုအိမ်သို့ ဝင်ရောက်ပြီးနောက် ၎င်းတို့၏ အသက်လက္ခဏာများက ပျောက်ဆုံးသွားခဲ့သည်။

ယင်းနောက်တွင် သူမက ဤ အိမ်ငယ်လေးတွင် နေထိုင်သည့် မိသားစု၏ နောက်ခံ အကြောင်းအရာများကို စုံစမ်းရန် သူမ၏ ထောက်လှမ်းရေး ဝန်ထမ်းများကို တာဝန်ပေးခဲ့၏။

သူမက အရေးကြီးသော သဲလွန်စများ ပျောက်ဆုံးမည်ကို စိုးရိမ်သောကြောင့် အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ အစီရင်ခံစာ ပို့စေခဲ့သည်။

ကံမကောင်းစွာပင်.. သူမက စာဖတ်ပြီးနောက် စားပွဲကို မှောက်လှန်လုနီးပါး ဖြစ်သွားရသည်။

အိမ်ငယ်လေးရှိလူများက သာမန် မိသားစု တစ်ခုသာ ဖြစ်နေသည်။

အိမ်ရှင်မက သာမန်အိမ်ရှင်မ တစ်ဦးသာ ဖြစ်ပြီး အိမ်ပိုင်ရှင်မှာ ဝဘ်ဝတ္ထုစာရေးဆရာသာ ဖြစ်သည်။

သူတို့၏သားက အထက်တန်း အဆင့်တွင်သာ ရှိသေးပြီး အခြေခံ တည်ဆောက်ခြင်း အဆင့် ကျောင်းသားတစ်ဦးသာ ဖြစ်၏။

ထို့အပြင် သင်္ချိုင်းကုန်းကို ခြေတစ်လှမ်း လှမ်းနေသော အဘိုးအို တစ်ဦးလည်း ရှိသည်။

ဤကဲ့သို့ သာမန်မိသားစုလေးက သူမ၏ ကျင့်ကြံသူများအား မည်ကဲ့သို့ သေဆုံးစေခဲ့သည်ကို ရဲတိုက်လေဒီ စဥ်းစားမရပေ။

ဒီနှစ်ကောင်က သရဲတွေကို ရန်သွားစမိတာလား။

သူမ၏ ပထမဆုံး အတွေးက ထောက်လှမ်းရေးဌာန၏ ပက်ပက်စက်စက် ရှုံ့ချခြင်းကို ခံရနိုင်သည်။

သို့သော်လည်း တာဝန်သိ ခေါင်းဆောင်တစ်ဦး အနေဖြင့် သူမက အချက်အလက်များကို ဆက်လက် ဖတ်ရှုနေဆဲ ဖြစ်သည်။

မော့အင်မော်တယ် ရဲတိုက်၏ ထောက်လှမ်းရေး ဝန်ထမ်းများအားလုံးကို လခ ကြီးကြီးမားမားဖြင့် အလုပ်ခန့်ထားသည့် ချောင်းယန် ခရိုင်မှ အငြိမ်းစား အဖိုးအို တစ်ဦးက လေ့ကျင့်သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူမ၏ သတင်းအချက်အလက် စုဆောင်းခြင်း အဖွဲ့က အလွန် ယုံကြည် စိတ်ချရသည်။

သူမ၏ ထောက်လှမ်းရေး အေးဂျင့်မှ စုဆောင်း ရရှိထားသော အချက်အလက်များ အရ ယခုနှစ် မတ်လတွင် အရိပ်အဖွဲ့လုပ်ကြံသူများက အမှတ် ၆၀ အထက်တန်းကျောင်းကို တိုက်ခိုက်ခဲ့ကြောင်း သူမ သိလိုက်ရသည်။

ထိုတိုက်ပွဲတွင် နိုင်ငံတကာ လူသတ်သမား စာရင်း၌ ထိပ်တန်းအယောက်နှစ်ဆယ် စာရင်းဝင်သည့် လုပ်ကြံသူ သုံးဦး နှင့် ၎င်းတို့၏ လက်အောက်ငယ်သား ဒါဇင်ပေါင်း များစွာက အတူတကွ သေဆုံးသွားခဲ့သည်။

အမှတ် ၆၀ အထက်တန်းကျောင်းကမူ ထိခိုက်ကျဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ ကျောင်းသားများ ခေါင်းပေါ်ရှိ ဆံပင်တစ်မွေးမျှပင် ထိခိုက်မှု မရှိကြောင်း သိခဲ့ရသည်။

ဒုတိယအချက်- ယခုနှစ် မေလတွင် အမှတ် ၆၀ အထက်တန်းကျောင်းမှ ၎င်းတို့၏ လက်ရွေးစင် ကျောင်းသားများကို အမှတ် ၅၉ အထက်တန်းကျောင်းသို့ ဝိညာဥ်ဓားဖလှယ်ပွဲတွင် ပါဝင်ရန် စေလွှတ်ခဲ့သည်။

ထိုတွေ့ဆုံမှု အတွင်း အရိပ်အဖွဲ့ ခေါင်းဆောင်၏ ညီမ ဖြစ်သည့် ရွှေရောင် ဖဲကြိုးအဆင့် လုပ်ကြံသူ ကျန်းလျှိုယင်းက ဝိညာဥ်ဓားဖလှယ်ပွဲ ကျင်းပမည့် အကြိုညတွင် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သေးသည်။

သို့ရာတွင် နောက်ဆုံး၌ သူမသာ အဖမ်းအဆီး ခံခဲ့ရသည်။

အရိပ်အဖွဲ့၏ ဤဖြစ်ရပ်များမှ တဆင့် အချက်အလက် တစ်ခုကို သူမ ရရှိခဲ့၏။

အပေါ်ယံကြည့်လျှင် ဤအဖြစ်အပျက်များကို ချိတ်ဆက်ပေးသည့် အရာအဖြစ် အခြား မည်သည့်အရာကိုမျှ တွေ့ရလိမ့်မည် မဟုတ်ပေ။

သို့သော ရဲတိုက်လေဒီက ဤဖြစ်ရပ်များကနေ ဆက်စပ်မှု အနည်းငယ်ကို ရှာတွေ့ခဲ့သည်။

ဤအဖြစ်အပျက်များက မြို့စွန်ရှိ အိမ်ငယ်လေးတွင် နေထိုင်သော အခြေခံ တည်ဆောက်ခြင်းအဆင့် အထက်တန်း ကျောင်းသားနှင့် သက်ဆိုင်နေကြောင်း သူမ သဘောပေါက်ခဲ့သည်။

ဤအထက်တန်းကျောင်းသား သွားသည့် နေရာတိုင်း၌ အရိပ်အဖွဲ့က ကံဆိုးလေ့ရှိသည်။

ယင်းမှာ အရေးကြီးဆုံးအရာ မဟုတ်သေးပေ။

အရေးကြီးဆုံးမှာ အရိပ်အဖွဲ့ကြောင့် ဖြစ်ပေါ်လာသည့် အရေးပေါ် အခြေအနေတိုင်းကို ထိုကျောင်းသားလေးက ပြီးပြည့်စုံစွာ ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤဖြစ်ရပ်များ၏ နောက်ကွယ်မှ အမှန်တရားက ရဲတိုက်လေဒီကို အံ့သြစေခဲ့သည်။

မကြာသေးမီက ရရှိထားသော အချက်အလက်အရ နာမည်ကျော် ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေး ညွှန်ကြားရေးမှူးချုပ် ကျိုးရီကလည်း ဤမိသားစုနှင့် ရှုပ်ထွေးသော ဆက်ဆံရေး ရှိသည်ဟု သိခဲ့ရသည်။

ဤအဖြစ်အပျက်များကို ခြုံငုံ၍ ကြည့်ပြီး နောက်တွင် ရဲတိုက်လေဒီက သူမ မေးစေ့ကို အုပ်ကိုင်ကာ လေးလေးနက်နက် မစဉ်းစားဘဲ မနေနိုင်တော့ချေ။

အစပိုင်းတွင် ဤမိသားစုက ကျောက်သရဲမျက်နှာဖုံးကို အွန်လိုင်းတွင် အမှတ်မထင် ဝယ်မိခဲ့သည်။

စုန့်ချင်းရှုက ၎င်းကို ရယူရန် တတ်နိုင်သမျှ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။

သာမန်မိသားစု တစ်ခုသာ ဖြစ်ခဲ့လျှင် ဤမျှ များပြားသော ငွေကြေး၏ လှည့်စားမှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ရဲတိုက်လေဒီက အသေအချာ စဉ်းစားပြီးနောက် လွန်ခဲ့သည့်လအနည်းငယ်က မော့အင်မော်တယ် ရဲတိုက် အနေဖြင့် ကျောက်သရဲ မျက်နှာဖုံးကို ရယူရန် ကြိုးပမ်းမှုတွင် မအောင်မြင်ရသည့် အဓိက အကြောင်းရင်း တစ်ခုကို ရုတ်တရက် နားလည်သွားခဲ့သည်။

သူမက အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်သည်။

ဤတစ်ကြိမ်တွင် သူမတို့က အလွန်အန္တရာယ်များသော ပြိုင်ဘက်ကို ဆွမိခဲ့ပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။

ကျောင်းပေါင်း၁၀၀ အထွေထွေ အုပ်ချုပ်ရေးညွှန်ကြားရေးမှူးချုပ် ကျိုးရီ..

ဗုံးပစ်စီနီယာ အင်မော်တယ်.. ကျင့်ကြံခြင်း ဖိုရမ်ကို တည်ထောင်သူ..

ထို့အပြင် ဤမိသားစု၏ အိမ်ရှင်.. နာမည်ကြီး ဝဘ်ဝတ္ထုစာရေးဆရာ..

မေမေဝမ်၏ အဖြစ်အပျက် အပြီးတွင် အွန်လိုင်း၌ နာမည်ကျော် ကျင့်ကြံသူအချို့၏ ပံ့ပိုးကူညီမှု အများအပြား ရရှိထားသည့်သူ..

မြို့စွန်ရှိ လူသူဆိတ်ငြိမ်သော နေရာမှ မထင်မရှား ဤအိမ်လေးထဲရှိ သူများက ကျင့်ကြံခြင်း အဝန်းအဝိုင်းထဲမှ သူများနှင့် မထင်မှတ်ပဲ ဆက်စပ်နေခဲ့သည်။

"ဒီဝမ်လင်းက ဘယ်သူလဲ"

"သူက တကယ်ပဲ သာမာန် အထက်တန်းကျောင်းသား တစ်ယောက်ပဲလား"

All Chapters