သင့်အရပ်ကို မြှင့်တင်ရန် သော့ချက်မှာ သင့်ခြေထောက်များကို ရိုက်ချိုးရန် ဖြစ်သည်
Vol. 12 Ch. 178
ဇွန်လ ၇ ရက်နေ့သည် စာသင်နှစ်၏ သတ္တမမြောက် အပတ် အင်္ဂါနေ့ဖြစ်သည်။
ဤတစ်ညတွင် အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့သည်။
ဝမ်လင်းက သူ၏ မဟာအကာအရံ မန္တန်ကို အဆင့်မြှင့်ထားခဲ့၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က သန်းခေါင်ယံ ထမင်းစားခန်းမတွင် သူဌေးထန်နှင့် အလွန် ရှည်လျားသော ရင်ဖွင့် စကားဝိုင်းကို ပြုလုပ်ခဲ့သည်။
သူတို့ စကားပြောပြီးသောအခါ ဆတ်ကတ္တီပါ သမင်ချိုနှင့် ထင်းရှူးရေခူဟင်းချိုက အေးစက်နေပြီ ဖြစ်၏။
နောက်ဆုံး ဘေလ်ရှင်းသောအခါ 499ယွမ် ကျသင့်ခဲ့သည်။
ဤသည်မှာ သူဌေးထန်၏ ဆိုင်ရှိ သာမန်ဟင်းပွဲအားလုံးထဲတွင် ဈေးအကြီးဆုံး ဟင်းလျာ ဖြစ်နိုင်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ကျောက်သေတ္တာကို သယ်၍ ဝမ်ရှန်း ဥယျာဉ်သို့ ပြန်လာသောအချိန်တွင် မိုးပင်လင်းစပြုနေပြီ ဖြစ်၏။
ထိုအချိန်တွင် ကောင်းကင်က လင်းစပြုနေပြီး နေရောင်ခြည်က တိမ်တိုက်များကို ဖြတ်ကျော်သွားခဲ့သည်။
အဖြူရောင် ဝတ်စုံဝတ်ထားပြီး ဓားပျံစီးနေသည့် အမျိုးသား၏ မျက်နှာက ဝင်းပနေသည်။
သန်းခေါင်ယံ ထမင်းစားခန်းမှ ထွက်လာကတည်းက သူ၏ အမူအရာမှာ ပြေလျော့သွားခြင်း မရှိပေ။
အင်မော်တယ်စံအိမ်..
ဗုံးပစ်စီနီယာ အင်မော်တယ်က သူဌေးထန်ဆီကနေ ဤအဖွဲ့အစည်း၏ အမည်ကို ထပ်မံ ကြားလိုက်ရသည်။
ထိုအမည်ကို နောက်ဆုံးအကြိမ် ကြားသိရခြင်းမှာ မော့အင်မော်တယ်ရဲတိုက်တွင် ကြေးစား အလုပ်လုပ်ခဲ့သော အားယိုဟု ခေါ်သည့် အမျိုးသမီး ဆီကနေ ဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က အိမ်သို့ ပြန်ရောက်ပြီးနောက် ဟွာရှို့နိုင်ငံ အတွင်းနှင့် အပြင်ရှိ အဖွဲ့အစည်းများ စာရင်းကို အထူးတလည် စစ်ဆေးခဲ့သည်။
သို့သော် မျှော်လင့်ထားသည့် အတိုင်းပင် မည်သည့် သဲလွန်စကိုမျှ ရှာမတွေ့ခဲ့ပေ။
၎င်းက ဟွာရှို့နိုင်ငံ သို့မဟုတ် အခြားအစိုးရမှ ထိန်းချုပ်ထားသော အလင်းအဖွဲ့အစည်း တစ်ခု မဟုတ်လောက်ပေ။
ယင်းအစား ၎င်းက အန္တရာယ်များသော အမှောင်အဖွဲ့အစည်းတစ်ခုသာ ဖြစ်နိုင်သည်။
သူဌေးထန်က အင်မော်တယ်စံအိမ်ဟု ခေါ်သော ဤအဖွဲ့အစည်းအကြောင်းကို သိသည့် ဇာတ်မြုပ်နေသော ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်ပုံရသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က သူဌေးထန်နှင့် အင်မော်တယ်စံအိမ် အကြား ဆက်စပ်မှုကို အသေအချာ မသိပေ။
သို့ရာတွင် သူ၏ ဆဋ္ဌမအာရုံက လာမည့် နေ့ရက်များတွင် သူကိုယ်တိုင် ဒုက္ခရောက်နိုင်ဖွယ် ရှိကြောင်း သူ့ကို ပြောပြနေသည်။
သူက အိမ်အပြန်လမ်းတွင် အမျိုးမျိုး တွေးတောနေခဲ့သည်။
.......................
အရိပ်အဖွဲ့၏ ဖြစ်ရပ်ကို အချိန်ကြာလာသည်နှင့် အမျှ လူတိုင်းက မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြမည် ဖြစ်သည်။
လူတချို့က ဤကဲ့သို့ အတင်းအဖျင်းများကို အချိန်တိုအတွင်းသာ အာရုံစိုက်လေ့ ရှိကြ၏။
သို့သော် အင်တာနက် အသုံးပြုသူများကမူ အချက်အလက်များကို ဆက်လက် ထိန်းသိမ်းထားကာ ကမ္ဘာတစ်ခုလုံးကို ပိုမိုပရမ်းပတာ အဖြစ်သို့ ရောက်အောင် ဆွဲဆောင်ရန် ကြိုးပမ်းသကဲ့သို့ မှတ်ချက်များ အရူးအမူး ပေးကြလေ့ ရှိသည်။
ပိုဆိုးသည်မှာ အချို့သော အန္တရာယ်ရှိသော ကိုယ်ကျိုးရှာ မီဒီယာများက အဖြစ်အပျက်၏ မူလ ဖြစ်ရပ်မှန်များကို မိမိတို့ ဘာသာ အလှဆင်ပြီး ၎င်းတို့၏ ပေ့ကို ကြည့်ရှုသည့်သူ တိုးမြှင့်စေရန် အတွက် ကောလာဟလများကို ဖြန့်ကာ မီးစာထပ်ထည့်ခဲ့ကြသည်။
အရိပ်လုပ်ကြံသူ မိန်းကလေး၏ ထောင်ဖောက်ခြင်း၊ အစိုးရ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသက် စတေးခဲ့ရသော စစ်သားများ သို့မဟုတ် လွန်ခဲ့သော နှစ်အနည်းငယ်က မာရှို့နိုင်ငံ၏ လေယာဉ် ပျောက်ဆုံးမှု ... စသည့်ခေါင်းကြီးပိုင်းသတင်းများ ဆိုလျှင် အင်တာနက် အသုံးပြုသူများက လက်မနှေးဘဲ အပြင်းအထန် ဝေဖန်ကြလိမ့်မည် ဖြစ်သည်။
ဝမ်းနည်းစရာ သတင်းများ တွေ့လျှင်လည်း အင်တာနက်သုံးစွဲသူများက ဝမ်းနည်းကြေကွဲကြလေ့ ရှိသည်။
သို့သော် ကာလတစ်ခု ရောက်လျှင် စိတ်ဝင်စားမှု လျော့နည်းလာပြီး နောက်ဆုံးတွင် ယင်းကိစ္စကို မည်သူကမှ ဂရုမစိုက်တော့ချေ။
၎င်းကို ဝမ်လင်းက သူအတွေ့အကြုံအရ ကောင်းကောင်းနားလည်သည်။
မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် မေမေဝမ်၏ ဖြစ်ရပ်က ဤအခြေအနေကို လုံးဝ ထင်ဟပ်စေခဲ့သည်။
ထိုကာလအတွင်း အဓိက ဘလော့ဂါတိုင်းက အမျိုးသမီးများအပေါ် မတရားသဖြင့် အကြမ်းဖက်သည်ကို ဆန့်ကျင်ခဲ့ပြီး အကြမ်းဖကိ ဆန့်ကျင်ရေး လမ်းညွှန် စာအုပ်များကို လှုံ့ဆော်ပေးခဲ့သည်။
သို့သော် အဆုံးသတ်ရန် အတွက်မူ အရာရာတိုင်းက ပို၍ လွယ်ကူခဲ့သည်။
ယနေ့တွင် Grade 1 အခန်းသုံး၏ ဆွေးနွေးမှု ခေါင်းစဉ်က တစ်ဖန် ပြောင်းသွားကာ ကျောင်း၏ စစ်ရေးလေ့ကျင့်မှုဆီ ရောက်ရှိသွားသည်။
ထို့အပြင် ဤသတင်းကို အမှတ် ၅၉ အထက်တန်းကျောင်းမှ စီနီယာ ကျောင်းသားများ ဖြစ်သည့် ထျန်ကျန်းဇီ နှင့် ဟဲပီဖုန်းက ၎င်းတို့ထံ မထင်မှတ်ဘဲ သယ်လာခဲ့ခြင်း ဖြစ်၏။
သူတို့နှစ်ဦးက အမှတ် ၆၀ အထက်တန်းကျောင်းကို ရောက်ပြီးနောက် အချိန်တိုအတွင်း အတန်းထဲမှ ယောကျာ်လေးများနှင့် အဖွဲ့ကျသွားခဲ့သည်။
သို့သော် ဝမ်လင်းက ဤလူနှစ်ယောက် အနေဖြင့် ဆိုးရွားသော ရောဂါတစ်ခု ကူးစက်ခံထားရကြောင်း ခံစားခဲ့ရသည်။
ထိုရောဂါမှာ အတင်းအဖျင်း ပြောခြင်း ဖြစ်သည်။
ပြောစရာ မလိုလောက်အောက်ပင် သူတို့က ဤရောဂါကို ကော်ဟောက်ဆီမှ ကူးစက်ခဲ့ခြင်း ဖြစ်၏။
ကူးစက်တတ်သော အတင်းအဖျင်း ရောဂါက ဗိုင်းရပ်စ်ထက် ပိုကြောက်စရာကောင်းသည်ဟု ဝမ်လင်း အမြဲထင်နေခဲ့သည်၊
၎င်းမှာ ချဲ့ကား၍ ပြောနေခြင်း မဟုတ်ပေ။
"ဘွဲ့ရတော့မယ့် စီနီယာ ညီအကို နှစ်ယောက်ဆီက ဒီ စစ်ရေး လေ့ကျင့်မှု အကြောင်းကို ငါတို့ ကြားခဲ့တယ်"
ဟဲပီဖုန်းက သူ့စားပွဲမှာ ထိုင်ပြီး သူ့လက်ထဲတွင် ရှိသည့် လျှို့ဝှက်ဆန်းကြယ်သော ဖိုင်များကို ဝှေ့ယမ်းပြလိုက်သည်။
Grade 1 အခန်းသုံးမှ ကျောင်းသားများက ဟဲပီဖုန်းကို ဝိုင်းထားလိုက်ကြသည်။
ဝမ်လင်း တစ်ယောက်တည်းသာ သူ့ထိုင်ခုံမှာ ထိုင်ပြီး အဝေးကနေ စောင့်ကြည့်နေသည်။
"မင်း ဒီသတင်း အတွက် ပိုက်ဆံသုံးခဲ့တာလား"
ကော်ဟောက်က စပ်စုလိုက်သည်။
"မဟုတ်ပါဘူး.. ငါအဲလိုမလုပ်ခဲ့ဘူး"
ဟဲပီဖုန်းက ခေါင်းခါလိုက်သည်။
"သူတို့ ဘွဲ့ရပြီးလို့ ကျောင်းသားကတ်တွေ ယူလာရင် ငါတို့ဆေးရုံမှာ အရပ်မြင့်စေတဲ့ ခွဲစိတ်မှုကို အခမဲ့ လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်လေ.. ဒါပေမယ့် ဒီခွဲစိတ်မှုက ယောက်ျားလေးတွေပဲ လုပ်လို့ရသေးတယ်.. ဒါက ငါတို့ ဆေးရုံရဲ့ နောက်ဆုံး ပရောဂျက်ပဲ.. မူပိုင်ခွင့်ကိုတောင် လျောက်ထားပြီးပြီ"
ရှင်းလင်းစွာ ပြောရလျှင် ဟဲပီဖုန်းက စီးပွားရေးဆန်ဆန် အပေးအယူတစ်ခု လုပ်ခဲ့ခြင်းပင်။
"ဒီကုသမှုက တကယ်ပဲ အလုပ်ဖြစ်ရဲ့လား"
ချန်းချောင် အံ့အားသင့်သွားသည်။
"မျိုးရိုးဆိုတာက ကျင့်ကြံခြင်း ပါရမီလိုပဲ.. အရပ်ဆိုတာကလည်း မွေးစကတည်းက သတ်မှတ်ထားပြီးသား.. ကျင့်ကြံသူတွေတောင် ကျင့်ကြံခြင်း နည်းလမ်းနဲ့ အရပ်မြင့်အောင် မလုပ်နိုင်ခဲ့ကြဘူး.. ဈေးကွက်မှာ ရရှိနိုင်တဲ့ အရပ်မြင့်ဆေးပြားတွေကလည်း စိတ်ချရခြင်း မရှိသေးဘူး.. ဆေးတစ်လုံးရဲ့ အာနိသင်က အနည်းဆုံး တစ်လခွဲခန့်သာ ကြာမြင့်နိုင်တဲ့အပြင် စျေးလည်း အရမ်းကြီးတယ်"
ဟဲပီဖုန်း၏ စကားကို အရပ်ပုသော မြေပဲလေးက အာရုံစိုက်၍ နားထောင်နေသည်။
"ဒါပေမယ့် အခုခေတ်မှာ နည်းပညာတွေက အရမ်းတိုးတက်နေတော့ အရပ်ကို နှစ် စင်တီမီတာကနေ လေး စင်တီမီတာအထိ တိုးမြှင့်ဖို့ ဆိုတာက မခက်တော့ပါဘူး.. ငါတို့ မိသားစုရဲ့ ဆေးရုံက ခွဲစိတ်မှုနဲ့ ပတ်သက်ရင် တော်တော်လေး ယုံကြည်စိတ်ချလို့ရတယ်.. ရလဒ်တွေ အမြဲတမ်းကောင်းပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး"
မြေပဲလေးက ရုတ်တရက် စိတ်ဝင်စားသွားသည်။
"ဘယ်လိုကုသတာလဲ"
"တိတိကျကျ ပြောရရင် အရင်ဆုံး မေ့ဆေးစထိုးတယ်.. ပြီးရင်ထွားကြိုင်းတဲ့ ဝန်ထမ်းနှစ်ယောက်က ခြေထောက် နှစ်ဖက်လုံးကို ရိုက်ချိုးတယ်.. အရိုးတွေကွဲလေ ကောင်းလေပဲ.. အဲဒါပြီးရင် ဆေးရုံက ထုတ်လုပ်တဲ့ အရပ်မြင့် ဆေးရည်ကို ကျိုးသွားတဲ့ အရိုးထဲကို ထိုးသွင်းလိမ့်မယ်.. ပြီးရင်တော့ ဂျာမန်ထုတ် အထူး အရိုးဆေးဖက်ဝင်အမှုန့်ကို အဲဒီအပေါ်မှာ လိမ်းပေးလိုက်တယ်"
ဟဲပီဖုန်းက ဘာမှမထူးခြားသလို အေးအေးဆေးဆေး ရှင်းပြခဲ့သည်။
"ခွဲစိတ်မှုတစ်ခုလုံးရဲ့ အဓိကအကျဆုံး အချက်က ခြေထောက်တွေကို ရိုက်ချိုးဖို့ပဲ"
လူတိုင်း "..........."
ဟဲပီဖုန်း "သူတို့တွေ ပိုကျိုးလေလေ ပိုကောင်းလေပဲ.. ဘာပဲဖြစ်ဖြစ် အာရုံကြောတွေကိုတော့ ထိလို့မရဘူး.. ခြေထောက်တွေကို ကုသပြီးရင် ငါတို့ဆေးရုံက ခြေထောက် နှစ်ဖက်လုံးကို အထူး လေ့ကျင့်ပေးဦးမှာပါ"
ချန်းချောင်က ခါးသီးစွာရယ်၍ ပြောလိုက်သည်။
"ဒါက သိပ်ရက်စက်တာပဲ"
"ဒါကြောင့် ဒီခွဲစိတ်မှုက ယောက်ျားလေးတွေ အတွက်ပဲ သင့်လျော်ပါတယ်.. မိန်းကလေးတွေရဲ့ ခြေထောက်တွေကျတော့ သေးလွန်းတဲ့အတွက် ကျိုးသွားတဲ့အခါ အမျိုးသားတွေလို ခွန်အား ထိန်းချုပ်ဖို့ ခက်ခဲမှာစိုးလို့ပါ"
ဟဲမီဖုန်းက ရှင်းပြလိုက်၏။
ကော်ဟောက် "ငါသိချင်တာက ဒီအချက်အလက် အတွက် အပေးအယူ လုပ်ခဲ့တဲ့ စီနီယာနှစ်ယောက်ရော ဒီအကြောင်းတွေကို သိရဲ့လား"
ဟဲပီဖုန်းက ပခုံးတွန့်ပြသည်။
"ဘယ်သိပါ့မလဲ"
ကော်ဟောက် "အမှန်တရားကို သူတို့သိပြီးတာနဲ့ မင်းကို အန္တရာယ်ပေးမှာ မကြောက်ဘူးလား"
ဟဲပီဖုန်းက ကော်ဟောက်၏ ပခုံးကို ပုတ်လိုက်သည်။
"စိတ်မပူပါနဲ့.. အဲဒီအချိန်လောက်ဆို သူတို့ရဲ့ ခြေထောက်တွေ ကျိုးနေလောက်ပါပြီ"
"............"
ဝမ်လင်းက ဤဆိုးသွမ်းသော စီနီယာ ဟဲပီဖုန်း မည်မျှ ကြောက်စရာကောင်းသည်ကို ယခုမှမဟုတ်ဘဲ ယခင်ကတည်းက သိရှိထားခဲ့သည်။
....................
စီးပွားရေးအကြောင်း ပြောဆိုပြီးနောက် ဟဲပီဖုန်းက သူ့လက်ထဲမှာရှိသည့် အချက်အလက်တွေကို ရှင်းပြလိုက်သည်။
"လူတိုင်းကို ဒီတစ်ကြိမ် စစ်ရေးလေ့ကျင့်မှုရဲ့ အကြောင်းအရာအသစ်စက်စက်ကို ရိုးရိုးလေး ရှင်းပြပါရစေ.. ဒီတစ်ခေါက် စစ်ရေးလေ့ကျင့်မှုမှာ စစ်ရေးလေ့ကျင့်မှုတွေ အပြင် အဖွဲ့လိုက် ကစားရတဲ့ ရှင်သန်ခြင်းပြိုင်ပွဲကိုပါ ထည့်သွင်းထားပါတယ်။"
လင်းရှောင်ယု "သဲနဲ့ဆော့ရမဲ့ ပြိုင်ပွဲလား.. ငါတို့တွေက ရွှံ့နဲ့ ကစားရမှာလား"
"ဒါဟာ ရှင်သန်ခြင်းပြိုင်ပွဲပဲ.. သဲနဲ့ဆော့ရမှာ မဟုတ်ဘူး..."
"ဒီရှင်သန်ခြင်းပြိုင်ပွဲကို မြေပုံတစ်ခုထဲမှာ ကျင်းပမှာ ဖြစ်ပြီး ကျောင်းခြောက်ကျောင်းက ကျောင်းသား အားလုံးကို ပါဝင်စေမှာပါ.. ကျောင်းနှစ်ကျောင်းက မဟာမိတ်တစ်ခုဖွဲ့မှာ ဖြစ်ပြီး မဟာမိတ်သုံးဖွဲ့က မြေပုံပေါ်မှာ တကယ့် တိုက်ပွဲနဲ့ ပုံစံတူလေ့ကျင့်ခန်းကို လုပ်ဆောင်ရမှာပါ.. နောက်ဆုံးကျန်တဲ့ ဆယ်ယောက်က ပြိုင်ပွဲရဲ့အနိုင်ရသူတွေ ဖြစ်လာလိမ့်မယ်"
ဟဲပီဖုနက ထိုစကားကို ပြောပြီးနောက် သူရပ်နေသည့်နေရာကနေ ထျန်ကျင်းဇီကို လှည့်ကြည့်လိုက်သည်။
"ဒီတစ်ကြိမ် ငါတို့ အမှတ် ၅၉ အထက်တန်းကျောင်းနဲ့ အမှတ် ၆၀ အထက်တန်းကျောင်းက မဟာမိတ်ဖွဲ့ပြီး တခြားအထက်တန်းကျောင်း လေးကျောင်းကို အတူတူ တိုက်ခိုက်ကြရမယ်"