← Chapters

လဲ့မုန့်မုန့်.. တစ်စုံတစ်ယောက်က မင်းရဲ့ယုန်ဖြူ ဖိနပ်ကို ခိုးသွားခဲ့ပြီ။

Vol. 12 Ch. 179

လဲ့မုန့်မုန့်.. တစ်စုံတစ်ယောက်က မင်းရဲ့ယုန်ဖြူ ဖိနပ်ကို ခိုးသွားခဲ့ပြီ။

Vol. 12 Ch. 179

အရင်က ကျင်းပခဲ့သည့် စစ်ရေးလေ့ကျင့်မှု အားလုံးတွင် ယခုလိုမျိုး တစ်ခါမှ မဖြစ်ဖူးပေ။

အမှတ် ၅၉ အထက်တန်းကျောင်းနှင့် အမှတ် ၆၀ အထက်တန်းကျောင်းတို့မှာ ကာလကြာရှည်စွာ ရန်ငြိုးဖွဲ့ခဲ့ကြပြီး တစ်ဖက်နှင့် တစ်ဖက် ရန်ဖြစ်ခဲ့ကြသည်။

ဤတစ်ကြိမ် စစ်ရေးလေ့ကျင့်မှုတွင်မူ ထိုကျောင်းနှစ်ကျောင်းက မဟာမိတ်အဖြစ် ပူးပေါင်းတော့မည် ဖြစ်သည်။

လောလောဆယ်တွင် စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်သည့် ဤအချက်အလက်ကို လူများစွာ မသိသေးပေ။

ရှင်သန်ခြင်းပြိုင်ပွဲကို ထန်ကျင်းဇီ နှင့် ဟဲပီဖုန်း တို့ထံမှ ကြိုတင် လေ့လာသိရှိခဲ့ရသဖြင့် Grade 1အခန်းသုံးမှ ကျောင်းသားများမှာ ၎င်းတို့ကို ကျေးဇူးတင်နေကြသည်။

"ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေကို ဘယ်လို သတ်မှတ်ထားလဲ"

တစ်ယောက်ယောက်က ဟဲပီဖုန်းကို မေးလိုက်သည်။

"ဒီတစ်ကြိမ် ရှင်သန်ခြင်းပြိုင်ပွဲက အရင်က ကျင်းပတဲ့ ဝိညာဉ်ဓားဖလှယ်ပွဲနဲ့ အနည်းငယ် ကွာခြားတယ်.. မြေမျက်နှာသွင်ပြင်က ပိုကျယ်လာမယ်.. မြေပုံထဲကို ဝင်ပြီးတာနဲ့ လူတိုင်းက လက်ဗလာ ဖြစ်သွားလိမ့်မယ်.. ဒါ့အပြင် ဝိညာဉ်ဓားတွေနဲ့ မှော်ရတနာတွေ အသုံးပြုတာကိုလည်း တားမြစ်ထားတယ်.. ငါတို့ လုပ်ရမဲ့အရာက မြေပုံပေါ်တွင် ကျပန်း ကျနေတဲ့ မှော်ရတနာတွေကို စုဆောင်းပြီး အခြားကျောင်းက လူတွေကို ချေမှုန်းဖို့ပဲ"

ဟဲပီဖုန်းက ရှင်းပြလိုက်သည်။

"မင်းတို့ ရှာဖွေလို့ရလာတဲ့ မှော်ရတနာတွေရဲ့ အရည်အသွေးက မင်းတို့ရဲ့ ကံတရား ပေါ်မှာပဲ မူတည်တယ်"

ထိုအချိန်တွင် ထျန်ကျင်းဇီက သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒါကြောင့် ဒီပြိုင်ပွဲက တကယ့်တိုက်ပွဲလိုပဲ.. အရင်က ဝိညာဉ်ဓားဖလှယ်ပွဲနဲ့ ယှဉ်ရင် ဒီတိုက်ပွဲက အခြေအနေနဲ့ လိုက်လျောညီထွေ လုပ်ဆောင်နိုင်စွမ်းကို စမ်းသပ်ဖို့ပဲ.. ကံတရားက အဓိက အကြောင်းရင်းတစ်ခုပါပဲ.. တစ်ယောက်ယောက်ကသာ အင်မော်တယ် အဆင့်ရှိတဲ့ ဖိနပ်တစ်ရံကို ရှာတွေ့ပြီး ပြေးနိုင်ရင် ဒါမှမဟုတ် တစ်စုံတစ်ယောက်က ပွဲစကတည်းက ထိပ်တန်း အင်မော်တယ် ဓားတစ်ချောင်းကို တွေ့ပြီး အကြီးစား အစုလိုက် အပြုံလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်ခဲ့မယ်ဆိုရင်တော့ ငါတို့တွေ ကူကယ်ရာမဲ့ ဖြစ်သွားနိုင်တယ်"

လူတိုင်း ".........."

"ဒီပြိုင်ပွဲမှာ ငါတို့ရဲ့ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ"

မြေပဲလေးက မေးလိုက်သည်။

"သူတို့အားလုံးက ဖေးရိုင်ခရိုင်ကပါ.. အဓိကမြှင့်တင်ခြင်း အထက်တန်းကျောင်းနဲ့ မှီခိုရာ မိန်းကလေး အထက်တန်းကျောင်း တို့က မဟာမိတ်ဖွဲ့ထားပြီး ဆောက်လုပ်ရေးပစ္စည်း အထက်တန်းကျောင်းနဲ့ နတ်မျက်စိအထက်တန်းကျောင်းတို့က မဟာမိတ်ဖွဲ့ထားပါတယ်"

ထျန်ကျင်းဇီက ရှင်းပြလိုက်သည်။

အထက်တန်းကျောင်းများ၏ နာမည်တွေကို ကြားလျှင် ချန်းချောင်၏ မျက်လုံးက ရုတ်တရက် ကျဥ်းမြောင်းသွားသည်။

"နတ်မျက်စိ အထက်တန်းကျောင်းကတောင် ပါဝင်နေတယ်လား.. အဲဒီကျောင်းက ရှောင်မျိုးနွယ်စုရဲ့ ကလေးတွေ အဓိက တက်တဲ့ အထက်တန်းကျောင်းပဲ"

ကော်ဟောက်က ခေါင်းခါလိုက်သည်။

"ဒီ နတ်မျက်စိ အထက်တန်းကျောင်းက အဲလောက်ကြီး မဟုတ်ပါဘူး.. အဲဒီကျောင်းမှာ တက်နေတာက ရှောင်မျိုးနွယ်စုရဲ့ ဌာနခွဲက ကလေးတွေပါ.. အဲဒီသတင်းကို အဲဒီ့မှာ အလုပ်လုပ်တဲ့ ငါ့ ဦးလေးတစ်ယောက် ဆီက သိထားတာ.. အဲဒီအစား ငါတို့ အဓိက သတိထားရမှာက မှီခိုရာ မိန်းကလေး အထက်တန်းကျောင်းနဲ့ ဆောက်လုပ်ရေးပစ္စည်း အထက်တန်းကျောင်းတို့ပဲ"

ထျန်ကျင်းဇီက မျက်ခုံးပင့်လိုက်သည်။

"ဘာလို့လဲ"

"ငါ့မှာ မှီခိုရာ မိန်းကလေးကျောင်းမှာ လုံခြုံရေးအစောင့်အဖြစ် အလုပ်လုပ်တဲ့ ဦးလေးတစ်ယောက်နဲ့ ဆောက်လုပ်ရေးပစ္စည်း အထက်တန်းကျောင်းမှာ ရူပဗေဒဆရာ အဖြစ် အလုပ်လုပ်နေတဲ့ ဦးလေးတစ်ယောက် ရှိတယ်လေ.. သူတို့က အဲဒီက အခြေအနေတွေကို ကြိုပြောပြထားပါတယ်"

ကော်ဟောက်က လေးနက်စွာ ပြောကြားခဲ့သည်။

"ဒီမှီခိုရာ မိန်းကလေးကျောင်းက မြင့်မားတဲ့ အဆင့်တစ်ခုမှာ ရှိတယ်.. သူတို့ရဲ့ ကျောင်းအုပ်က စီရင်စုအဆင့် မှီခိုရာဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်ပြီး မှီခိုရာ ကျောင်းအုပ်ကြီး လို့လည်း အမည်ပြောင်ရထားတယ်.. ကျောင်းအုပ်က မြေကြီးနဲ့သစ်သား နည်းစနစ်တွေကို ကျွမ်းကျင်သူဖြစ်ပြီး ဘယ်မြေပြင်အခြေအနေမှာမဆို အလွယ်တကူ လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်နိုင်တယ်"

"ဒါဆို ဆောက်လုပ်ရေး ပစ္စည်း အထက်တန်းကျောင်းရဲ့ အခြေအနေကရော ဘယ်လိုလဲ"

ကော်ဟောက် "အဲဒါက လင်းရှောင်စုန့်ရဲ့ ကျောင်းလေ.. သူ့အဖေ လင်းစစ်စုန့် ရင်းနှီးမြှပ်နှံထားတဲ့ အထက်တန်းကျောင်းပေါ့.. လင်းမိသားစုရဲ့ ကလေးတွေက အဲဒီမှာ စာသင်နေတယ်လေ.. သူတို့နဲ့ ပတ်သက်ပြီး အထူးခြားဆုံး အချက်က သူတို့က ကျိကျိတက် ချမ်းသာတဲ့သူတွေပဲ"

အစောပိုင်းတွင် ဆောက်လုပ်ရေး ပစ္စည်း အထက်တန်းကျောင်းကို လူအများက အထင်မကြီးကြပေ။

သို့သော် လင်းရှောင်စုန့်၏ ကျောင်းမှန်း သိသည်နှင့် အခြေအနေက ပြောင်းလဲသွားခဲ့သည်။

ဤချမ်းသာသော ဒုတိယမျိုးဆက် သူဌေးသား၏ ငါးသတ်ဓားကို မသိသူ တစ်ယောက်မျှ မရှိပေ။

အရေးကြီးဆုံးအချက်မှာ လင်းရှောင်စုန့်က သာလွန်ကောင်းမွန်သည့် မိသားစုနောက်ခံ အင်အား ရှိရုံသာမက အထူးပင်ကြိုးစား အားထုတ်ခြင်း ဖြစ်သည်။

ထို့ကြောင့် သူက ယခုနှစ်၏ ဒုတိယ အကြိမ်မြောက် စာမေးပွဲတွင် နံပါတ်တစ် နေရာကို ရရှိခဲ့သည်။

ယခုတစ်ကြိမ်တွင် သူတို့အနေဖြင့် လင်းမိသားစုမှ ကျန်ကလေးများနှင့်လည်း ဆက်ဆံရဦးမည် ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုတွင် လင်းမိသားစု၏ စွမ်းဆောင်နိုင်မှုအတွက် လင်းရှောင်စုန့်က ၎င်းတို့ကို နောက်ကွယ်ကနေ လေ့ကျင့်ပေးမည်မှာ သေချာသည်။

ဤတစ်ကြိမ် စစ်ရေးလေ့ကျင့်မှုက အမှတ် ၅၉ အထက်တန်းကျောင်းနှင့် အမှတ် ၆၀ အထက်တန်းကျောင်းတို့ အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာလိမ့်မည်ဟု ဆိုနိုင်သည်။

မည်သို့ပင် ဆိုစေကာမူ ကျောင်းနှစ်ကျောင်းစလုံးမှာ အဓိကမြို့ပြ အထက်တန်းကျောင်းများ အဖြစ် အဆင့်မြှင့်တင်မည့် ကိုယ်စားလှယ်လောင်း စာရင်းတွင် ပါဝင်နေရာ ဤတိုက်ပွဲက အဆင့်မြှင့်တင်ခြင်း ရှိ၊မရှိ ဆုံးဖြတ်ရာတွင် အရေးပါသောအချက် ဖြစ်လာနိုင်ပေသည်။

ဝမ်လင်းက ပြိုင်ပွဲကို သိပ်စိတ်မဝင်စားပေ။

ထိုအစား သူက ဤစစ်မှန်သော တိုက်ခိုက်ရေး လေ့ကျင့်ခန်းတွင် စိတ်ဝိညာဉ်ဓားများ အသုံးမပြုနိုင်တော့ကြောင်း ကြားသိရပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။

သူက ပဲ့ထိန်းဒုံးကျည် ကဲ့သို့ ကျင့်ခယ် နောက်တစ်ကြိမ် စွမ်းဆောင်မည်ကို မလိုလားပေ။

.......................

ညနေ ကျောင်းဆင်းလို့ အိမ်ပြန်ရောက်သည့်အခါ ဝမ်လင်းက တံခါးနားရှိ ယုန်ဖြူ ဖိနပ်တစ်ရံ ပျောက်နေသည်ကို တွေ့လိုက်ရသည်။

"လဲ့မုန့်မုန့်.. ရောက်နေတာများလား"

ဝမ်လင်းက အိမ်ထဲတွင် လဲ့မုန့်မုန့်၏ အရှိန်အဝါကို မရရှိသောကြောင့် ဖိနပ်များ ပျောက်နေသည်မှာ ထူးဆန်းသည်ဟု တွေးမိလိုက်သည်။

သူမော့ကြည့်လိုက်ရာ ဆိုဖာပေါ်တွင် ကျကျနနထိုင်ပြီး လက်ဖက်ရည်သောက်ရင်း ဖေဖေဝမ်နှင့် စကားစမြည် ပြောနေသည့် လူရွယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

သူဝင်လာသောအခါတွင် လူရွယ်၏ အားပါးတရ ရယ်မောသံကိုပင် ကြားလိုက်ရသည်။

ထိုလူရွယ်ကို မြင်လိုက်ရသည့် အခိုက်တွင် သူ့နှလုံးသားက ရုတ်တရက် အေးခဲသွားခဲ့သည်။

ထိုလူရွယ်က ကျိုးရီ ဖြစ်နေသည်။

ဝမ်လင်းက စိတ်ထဲကနေ မရေရွတ်ဘဲ မနေနိုင်တော့ချေ။

"လဲ့မုန့်မုန့်.. တစ်ယောက်ယောက်ကတော့ မင်းရဲ့ ယုန်ဖြူ ဖိနပ်တစ်ရံကို ခိုးသွားခဲ့ပြီ"

ကျိုးရီက ဝမ်လင်းကို မြင်သောအခါ မျက်လုံးများ တောက်ပလာသည်။

သူက ရင်ထဲမှ ခံစားချက်များကို ပြန်လည် ထိန်းချုပ်လိုက်ပြီး ဖေဖေဝမ်ကို မျက်နှာမူလိုက်သည်။

ဝမ်လင်း အိမ်ပြန်ရောက်လာသည်ကို ဆိုဖာပေါ်မှ ဖေဖေဝမ်မြင်လျှင် ကျိုးရီနှင့် ဝမ်းသာအားရ မိတ်ဆက်ပေးလိုက်သည်။

"လင်းလင်း... မင်းကို မိတ်ဆက်ပေးရဦးမယ်.. ဒါက ငါ့နောက်ဆုံးထွက် စာအုပ်ရဲ့ အကြီးမားဆုံး အမာခံပရိသတ်ပဲ.. သူက မင်းတို့ ကျောင်းအပါအဝင် ကျောင်းပေါင်း ၁၀၀ အထွေထွေအုပ်ချုပ်ရေး ရုံးချုပ်ရဲ့ အသက်အငယ်ဆုံး ဒါရိုက်တာလည်း ဖြစ်တယ်.. မကြာသေးမီက စုန့်ဟိုင်ထောင်က လွတ်လာတဲ့ အရိပ်လုပ်ကြံသူကို ပြန်ဖမ်းပေးခဲ့တာလည်း သူပဲ"

ဝမ်လင်း "............."

ကျိုးရီက ဝမ်မိသားစုဆီ အချိန်အတော်ကြာ ကတည်းက အလည်အပတ် သွားချင်သော်လည်း သတ္တိမရှိခဲ့ချေ။

ထို့ကြောင့် ဝမ်မိသားစုထံ ဤတစ်ခေါက် အလည်လာသောအခါတွင် သူက အသေအချာ ပြင်ဆင်ထားခဲ့သည်။

သူက မလည်ပတ်ခင် ဗုံးပစ်စီနီယာ အင်မော်တယ်ကို သူ့ဆရာ၏ အကြိုက်နှင့် ပတ်သက်ပြီး မေးခွန်းအချို့ကို မေးမြန်းခဲ့သည်။

ကျိုးရီထံမှ ထိုကဲ့သို့ မေးခွန်းများကို ကြားလျှင် ဗုံးပစ်စီနီယာအင်မော်တယ်က ထူးဆန်းသလို ခံစားခဲ့ရသည်။

သူ့စိတ်ထဲတွင် ကျိုးရီက ဝမ်လင်း၏ တပည့်ကြီး ဖြစ်သည်။

ဤတပည့်ကြီးက သူ့ဆရာနှင့် ပတ်သက်သည့် မေးခွန်းများကို သူ့ဆရာဆီ မမေးဘဲ အဘယ်ကြောင့် သူဆီ လာမေးနေရပါသနည်း။

သေချာသည်မှာ ထိုဆရာတပည့်က စကားများထားခြင်း ဖြစ်ရပေမည်။

ထို့ကြောင့် ဆရာတပည့် နှစ်ယောက် ငြိမ်းချမ်းမှု ရစေရန် ကူညီလိုသော ရည်ရွယ်ချက်ဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်းနှင့် ပတ်သက်သည့် အကြောင်းအရာ များစွာကို ပြောပြခဲ့သည်။

ဝမ်လင်းက သိုသိုသိပ်သိပ် နေရသည်ကိုသာ နှစ်သက်ကြောင်း၊ ထို့အပြင် ဝမ်လင်းက အပေါ်ယံတွင်သာ အထက်တန်း ကျောင်းသားဟု ထင်ရသော်လည်း အသက်ထောင်ချီရှိသည့် အလွန်လျှို့ဝှက်သော မွန်းစတားတစ်ဦး ဖြစ်ကြောင်း၊ ဝမ်လင်းတင် မဟုတ်ဘဲ ဝမ်မိသားစု အိမ်ငယ်လေးမှ အခြားလူများကလည်း ကျင့်ကြံခြင်း လောကမှ ဇာတ်မြုပ်နေသော စီနီယာကြီးများ ဖြစ်ကြောင်း၊ အထူးသဖြင့် ဖိုးဖိုးဝမ်မှာ ကျင့်ကြံခြင်း လောက၏ ထိပ်ဆုံးတွင်ရှိသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း ပြောပြခဲ့သည်။

ကျောချမှ ဗုံးပစ်စီနီယာ အင်မော်တယ်၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရကြောင်း ဝမ်လင်းက သိလိုက်သည်။

သူ့စိတ်ထဲတွင် သက်ပြင်းချချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။

သူ၏ ကျင့်ကြံခြင်း အသိုင်းအဝိုင်းလေးတွင် သစ္စာဖောက် အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျိုးရီကို စိုက်ကြည့်ရင်း သူက အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့သည်။

လေထုက လေးလံသွားသလို ခံစားရလာသဖြင့် ကျိုးရီက ဖေဖေဝမ်ကို ရုတ်တရက် ပြောလိုက်သည်။

"အစ်ကိုဝမ်.. ကျတော် ဒီတစ်ခေါက်လာတာ လက်ဆောင်တွေလည်း ယူလာခဲ့တယ်"

"ဒီအတိုင်းသာလာခဲ့ပါ.. ဘာမှ ယူလာစရာ မလိုပါဘူး"

ဖေဖေဝမ်က အားနားသော လေသံဖြင့် ပြောလိုက်သည်။

"မယူလို့ ဘယ်ရမလဲ"

ကျိုးရီက သူ၏ သိုလှောင်အိတ်ထဲမှ ဖေဖေဝမ် အတွက် ထိပ်တန်း ဆေးပြင်းလိပ် တစ်ဘူးနှင့် မေမေဝမ် အတွက် ငယ်ရွယ်နုပျိုစေသော အသားအရေထိန်း ဆေးရည် တစ်ပုလင်းကို ယူထုတ်လိုက်သည်။

ပြီးနောက် ဘရိုကိုလီ တစ်ထုပ်ကို ယူထုတ်လိုက်၏။

ကျိုးရီက ဘရိုကိုလီကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရသည့်အတွက် အတော်လေး ဂုဏ်ယူနေမိသည်။

"စီနီယာဝမ်က ဘရိုကိုလီကို အရမ်း ကြိုက်တယ်လို့ ကြားထားတယ်.. ဒါကြောင့် ဒါကိုဝယ်ဖို့ စီနီယာတစ်ယောက် ဆီကနေ ပိုက်ဆံအများကြီး အကုန်ခံပြီး ဝယ်လာခဲ့တယ်"

"............."

နောက်ဆုံးတွင် သူက သူ၏ သိုလှောင်အိတ်ထဲမှ အရသာမျိုးစုံ ပါရှိသော ခေါက်ဆွဲခြောက် တစ်ပါကင်ကို ထုတ်ယူလိုက်သည်။

ဝမ်လင်းက ခေါက်ဆွဲခြောက် အကြွပ်ကြော်ထုပ်ကို စိုက်ကြည့်ရင်း ခဏမျှ အံ့သြ တုန်လှုပ်သွားခဲ့သည်။

"အင်း.. ဒီလက်ဆောင်က အရမ်းကောင်းတယ်"

"ငါ့ ဒီတပည့်ကို လက်ခံသင့်နေပြီ"

All Chapters