← Chapters

နဂါးဟိန်းသံ

Vol. 44 Ch. 653

နဂါးဟိန်းသံ

Vol. 44 Ch. 653

“တောကောင်.. မင်း ဘယ်လိုတောင် ဇောင်းကြွနေရတာလဲ.. မင်းကို အရင်ဆုံး ဒူးထောက်ခိုင်းရမယ်”

ယဲ့ထျန်းချန်၏ အော်သံက ဖန်သားနန်းတော်ချိတ်ပိတ်ထားသူ၏ အတွေးများကို ဖြတ်တောက်ပစ်လိုက်၏။

သူက အလိုလို ငုံ့ကြည့်လိုက်၏။

လူအုပ်ကြီး၏ အလယ်တွင် ယဲ့ထျန်းချန်က ဆေဘာကို လွှဲရမ်း၍ သူ့ရွှေအမြုတေကို လှည့်ပတ်လိုက်၏။ စိတ်ဝိညာဉ်စွမ်းအင်က ရှေ့သို့ တလိပ်လိပ်တက်သွားပြီး ဆေဘာက စိတ်ဝိညာဉ်အလင်းဖြင့် တောက်ပလာကာ ဆူဇီမို၏ ဒူးများကို လှီးဖြတ်ဖို့လုပ်လိုက်၏။

“ဘာမှတော့ မပြောင်းလဲလောက်ပါဘူး.. ချိတ်ပိတ်ထားသူလေးယောက်ရဲ့ အသက်နဲ့လဲပြီး ဖန်တီးထားခဲ့တဲ့ အရပ်လေးမျက်နှာသားရဲချုပ်နှောင်ဝင်္ကပါကနေ ဘယ်သားရဲက လွတ်မြောက်နိုင်မှာလဲ”

အဲ့ဒါက ချိတ်ပိတ်ထားသူ၏ စိတ်ထဲ ဝင်ရောက်လာသော အတွေးဖြစ်၏။

ထို့နောက် ချက်ချင်းပင် သူ့အမူအယာက ပြောင်းလဲသွား၏။

ဘာပဲပြောပြော သူက နိုးထဝိညာဉ်တစ်ယောက်ဖြစ်ပြီး အမြုတေစိတ်ဝိညာဉ်တစ်ခုကို ကျင့်ကြံထား၏။ သူ၏ ကျင့်ကြံမှုကို ဖိနှိမ်ထားပြီး စိတ်လိုလက်ရ မတိုက်ခိုက်နိုင်သော်လည်း သူ့အသိစိတ်အာရုံက သာမန်ရွှေအမြုတေများထက် ပိုမိုထက်ရှလေသည်။

ဆူဇီမို၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင်အတက်အကျကို သူ ခံစားမိလိုက်၏။

ဒါ့အပြင် .. အဲ့ဒါက အရမ်းကို ကြောက်စရာကောင်းနေ၏။

“ရှေးဟောင်း... နဂါး... အသွင်ပြောင်း..အတတ်”

ဆူဇီမို၏ မျက်လုံးများက ကြောက်စရာကောင်းလောက်အောင် တောက်ပနေပြီး စကားတစ်လုံးချင်း မာန်မဲဟိန်းဟောက်လိုက်၏။

ကမ္ဘာဦးစွမ်းအင်တစ်မျိုးက နိုးထလာပုံရပြီး ဆူဇီမို၏ ခန္ဓာကိုယ်မှ အော်ရာက အဆက်မပြတ် ထိုးတက်လာလေသည်။

“စိတ်ဝိညာဉ်စွမ်းအင်လား”

“အဲ့ဒါ ရွှေအမြုတေအော်ရာ.. သူ့ရွှေအမြုတေက မပျက်စီးဘူးဟ”

“မဖြစ်နိုင်တာ”

လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲအသံများက ထွက်ပေါ်လာ၏။

မြောက်ပိုင်းဒေသပြိုင်စံရှားများတိုက်ပွဲမှာတုန်းက မူလနတ္ထိတစ်ယောက်က ဆူဇီမို၏ ရွှေအမြုတေအား ဖျက်ဆီးပစ်ခဲ့သည်ကို ကျင့်ကြံသူများစွာသည် မျက်မြင်ကိုယ်တွေ့ခဲ့ကြ၏။

သို့သော် ယခုအခါမှာတော့ ဆူဇီမို၏ ရွှေအမြုတေက ပြန်ပေါ်လာပြီဖြစ်ပြီး အရင်ကထက်တောင် ပိုကြောက်စရာကောင်းလာပုံရ၏။

ထို့နောက် ချက်ချင်း.. လူတိုင်း၏ မျက်စိရှေ့မှောက်မှာပင် အလွန်တရာ ရှည်လျားသည့် သက်ရှိကြီးတစ်ကောင်က လေထဲမှာ ပေါ်လာလေသည်။ ၎င်းက ဆူဇီမို၏ ခန္ဓာကိုယ်ကို နှစ်ပတ်သုံးပတ် ရစ်ပတ်ပြီးနောက် လေထဲသို့ ထိုးတက်သွား၏။

ယဲ့ထျန်းချန်၏ ဆေဘာက ဆူဇီမို၏ ဒူးများကို မထိခင်မှာပင် ပြန်ကန်ထွက်သွားပြီး လေထဲမှာ မီးပွားများက စင်ထွက်လာ၏။

သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်သွားပြီး ဆေဘာကို ဆုပ်ကိုင်မထားနိုင်တော့ဘဲ စင်ထွက်သွား၏။

“ဟင်း”

“အဲ့ဒါ ဘာကြီးလဲဟ”

များစွာသော ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသားနှင့် မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။

သက်ရှိကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်ကြေးခွံများက တစ်ခုပြီးတစ်ခု ပေါ်လာပြီး အေးစက်စက်အလင်းဖြင့် လက်လက်ထလာ၏။ ၎င်း၏ ကျောပေါ်မှာ အရိုးများနှင့် ထက်ရှသော အစွယ်များ လက်သည်းများက အပြည့်အဝ ထွက်ပေါ်လာပြီး ဦးခေါင်းထက်တွင် ဦးချိုနှစ်ဖက်ကပါ ပြူထွက်လာ၏။

“အဲ့-အဲ့ဒါ.. န-နဂါးကြီးလား”

ကျင့်ကြံသူတစ်ယောက်သည် ကြောက်လန့်တကြားအမူအယာ၊ တုန်ယင်နေသော အသံဖြင့် မေးလိုက်ပြီး မြေပြင်ပေါ်ကို ဒူးထောက်ကျမတတ် ဖြစ်သွား၏။

ရှေးဟောင်းမြို့တော်ရှိ မည်သည့်ကျင့်ကြံသူမှ နဂါးတစ်ကောင်ကို လက်တွေ့မမြင်ဖူးကြသော်လည်း ထိုသက်ရှိကြီးကို မြင်လိုက်ရချိန်တွင် သူတို့စိတ်ထဲမှာ အဖြေတစ်ခုတည်းသာ ထွက်လာကြ၏။

အဲ့ဒါက ကမ္ဘာမျိုးနွယ်ကိုးစုမှ တစ်ခုဖြစ်သော နဂါးမျိုးနွယ်ပင်။

အစစ်အမှန်နဂါးတစ်ကောင်ကသာလျှင် ဤမျှထိ ကြောက်စရာကောင်းသော အော်ရာကို ထုတ်ပေးနိုင်ပေလိမ့်မည်။

နဂါး၏ မျက်လုံးများက ဖြည်းဖြည်းချင်း ပွင့်လာ၏။

ထိုမျက်လုံးများက ဆူဇီမို၏ မျက်လုံးများနှင့်အတူ အပိတ်အဖွင့်ကို တစ်ပြိုင်နက်တည်း ပြုလုပ်နေ၏။

၎င်း၏ အကြည့်က အေးစက်၍ ထည်ဝါပြီး ပြန်လှန်မေးခွန်းမထုတ်နိုင်ပေ။

နဂါးကြီး၏ မျက်လုံးများက ဝေ့ကြည့်လိုက်ချိန်တွင် ကျင့်ကြံသူအချို့သည် ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ကျကာ နဖူးမှ ခြေဖျားထိ တဆတ်ဆတ် တုန်ယင်နေကြ၏။

ကမ္ဘာဦးခေတ်တုန်းက လူသားများသည် မျိုးနွယ်စုတစ်သောင်း၏ ကျွန်ပြုခြင်းကို ခံရပြီး သူတို့၏ အသက်များက ပုရွက်ဆိတ်များကဲ့သို့ သေးနုပ်ဈေးပေါ်လှလေသည်။

ကမ္ဘာဦးနဂါးမျိုးနွယ်သည် မျိုးနွယ်စုတစ်သောင်း၏ ခေါင်းဆောင်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ လွှမ်းမိုးခြယ်လှယ်ခဲ့ကြ၏။

အဲ့ဒါက မျိုးဆက်သွေးဖိနှိမ်မှုဖြစ်ပြီး ရှေးကျသော မှတ်ဉာဏ်များထဲမှ ဆင်းသက်လာခဲ့သော မျိုးရိုးဗီဇအကြောက်တရား ဖြစ်လေသည်။

အရပ်လေးမျက်နှာသားရဲနှိမ်နင်းဝင်္ကပါ၏ စွမ်းအားကြောင့် ဆူဇီမိုသည် လှုပ်ရှားလို့ မရနိုင်သော်လည်း အစစ်အမှန်နဂါးတစ်ကောင် ရစ်ခွေထားသော သူ၏ အော်ရာက စုဖွဲ့သိပ်သည်းအားကောင်းလာ၏။

အဲ့ဒါက အစစ်အမှန်နဂါးတစ်ကောင်၏ ကြောက်မက်ဖွယ်ရာ စွမ်းပကား ဖြစ်လေသည်။

လူသားတစ်ယောက်က အစစ်အမှန်နဂါးတစ်ကောင်ကိုတောင် အမိန့်ပေးဆင့်ခေါ်နိုင်ရအောင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ..

နတ်ဘုရားသက်ရှိ!

အဲ့ဒါက ကမ္ဘာကို အုပ်စိုးပြီး သက်ရှိအားလုံး၏ ကံကြမ္မာများကို အဆုံးအဖြတ်ပေးနိုင်သော နတ်ဘုရားသက်ရှိ ဖြစ်လေသည်။

ဘေးပတ်ဝန်းကျင်မှ ရွှေအမြုတေများကို အသာထား.. ခပ်လှမ်းလှမ်းလေထဲတွင် မတ်တပ်ရပ်နေသော ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူပင် ကျောရိုးတစ်လျှောက် ချမ်းတုန်လာ၏။

“ယဲ့ထျန်းချန်.. မြန်မြန်.. ပြန်ဆုတ်လာခဲ့တော့”

ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူက အရင်ဆုံးတုံ့ပြန်၍ အော်ဟစ်လိုက်၏။

ယဲ့ထျန်းချန်သည် တသိမ့်သိမ့်တုန်ယင်၍ ငေးငိုင်နေရာမှ နိုးထလာ၏။ သူသည် အလိုလိုပင် ဆူဇီမိုထံမှ ဝေးနိုင်သမျှဝေးဝေးသို့ နောက်ဆုတ်ချင်မိ၏။

သို့သော်လည်း အဲ့ဒါက နောက်ကျလွန်းသွားလေပြီ။

ဆူဇီမို၏ မျက်လုံးများက လျှပ်စီးကဲ့သို့ လက်လက်ထလာပြီး အသက်ပြင်းပြင်းရှိုက်ကာ သူ့ပါးစပ်ကို ဟလိုက်၏။

တစ်ချိန်တည်းနီးပါးမှာပင် သူ့ကို ရစ်ခွေနေသော အစစ်အမှန်နဂါးကလည်း အသက်ပြင်းပြင်းရှိုက်သွင်းလိုက်၍ သူ့ခန္ဓာကိုယ်ကြီးက ပွယောင်းလာ၏။ သူ့ရင်ဘတ်ကို ပုတ်ရင်း ဧရာမလေစီးကြောင်းတစ်ခုကို စုပ်ယူလိုက်သောအခါ လေထဲမှာ ဆိုင်ကလုန်းတစ်ခုက ဖြစ်ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် အစစ်အမှန်နဂါးက သူ၏ ကြီးမားသည့် ပါးစပ်ကြီးကိုဟပြီး ကြောက်စရာကောင်းသည့် အစွယ်များကို ထုတ်ဖော်ပြကာ သွားရည်များက တစ်စက်စက်ကျလာ၏။

“ဂါး”

သူတို့နှစ်ယောက်စလုံးသည် သူတို့၏ ပါးစပ်များကို ဖွင့်ဟ၍ သတ္တုနှင့် ကျောက်တုံးများကို ကွဲကြေစေနိုင်လောက်အောင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

ဆူဇီမို၏ အနက်ရောင်ဆံပင်များက ရူးသွပ်စွာ ကခုန်လာပြီး လည်ပင်းကြောများက ထောင်ထလာ၏။ ထက်ရှသောအကြည့်နှင့်အတူ သူက ဟိန်းဟောက်လိုက်သောအခါ သူ့ပါးစပ်မှ နဂါးဟိန်းသံက ရုန်းကန်ထွက်ပေါ်လာလေသည်။

ချက်ချင်းပင်..

ရာသီဥတုက ပြောင်းလဲသွားပြီး သဲနှင့် ကျောက်ခဲများက လွင့်ပျံသွား၏။

အဲ့ဒါက နဂါးတစ်ကောင်၏ ဟိန်းသံပင်။

မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းထက်ပင် များစွာပို၍ စွမ်းအားကြီးမားလေသည်။

ဖောင်း.. ဖောင်း.. ဖောင်း..

ဆူဇီမိုနှင့် အနီးဆုံးမှာရှိသည့် ဝိုင်းပတ်ထားသော ကျင့်ကြံသူအများစုသည် နဂါးဟိန်းသံ၏ တုန်ခါပေါက်ကွဲအားလှိုင်းဒဏ်ကို ခံနိုင်ရည်မရှိဘဲ သွေးမြူများအဖြစ် ပေါက်ကွဲထွက်ကုန်ကြ၏။

အနည်းငယ် ကွာဝေးသောကျင့်ကြံသူအချို့၏ မျက်နှာများပေါ်တွင် သွေးရာများက ပေါ်လာကြ၏။ သူတို့၏ ခန္ဓာကိုယ်များက ပေါက်ကွဲမထွက်သော်လည်း သူတို့၏ ကိုယ်တွင်းအင်္ဂါများက စုတ်ပြတ်သတ်ထွက်ကုန်လေပြီ။

မလှုပ်မယှက်မတ်တပ်ရပ်၍ သူတို့၏ ဒွာရခုနှစ်ပေါက်မှ သွေးများစီးကျလာနေသော ကျင့်ကြံသူများက ပိုတောင် များသေးလေသည်။ သူတို့အားလုံးက သေလေပြီ။

နဂါးဟိန်းသံပြီးနောက် တိတ်ဆိတ်ငြိမ်သက်ကျသွား၏။

ကျင့်ကြံသူအချို့၏ အစီးအနင်းသားရဲတောကောင်များမှာ ရှေးဦးအဆက်နွယ်တောကောင်များဖြစ်စေ၊ မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များဖြစ်စေ.. ကြောက်ရွံ့မှုဖြင့် တုန်ရီနေကြပြီး မြေတွင် ပြားပြားဝပ်ကာ နည်းနည်းလေးမျှ မလှုပ်ရဲကြတော့ပေ။

နဂါးဟိန်းသံကြောင့် သေဆုံးကုန်ကြသော လူများက အဲ့ဒီမှာ မရေမတွက်နိုင်အောင်ပင်။

ဆူဇီမို၏ ဘေးပတ်ချာလည်တွင် အလောင်းများက ပြန့်ကျဲပုံထပ်နေပြီး သွေးများက ချောင်းစီးကာ ငရဲခန်းတစ်ခုလို ဖြစ်နေ၏။

အရပ်လေးမျက်နှာသားရဲနှိမ်နင်းဝင်္ကပါက သူ၏ အတွင်းအမြုတေကို ချုပ်နှောင်ထားပြီး နေရာမှာတင် အမြစ်တွယ်ထားစေသော်လည်း သူ၏ ရွှေအမြုတေကိုတော့ ထိန်းချုပ်ထားနိုင်ခြင်း မရှိပေ။

“ငါက လှုပ်ရှားလို့ မရဘူးဆိုရင်တောင်.. မင်းတို့အားလုံးရဲ့ ခွေးအသက်တွေကို နုတ်ယူနိုင်သေးတယ်ကွ”

ဆူဇီမို၏ အသံက အေးစက်နေပြီး သူ၏ သတ်ဖြတ်လိုစိတ်က တစ်ဟုန်ထိုး မြင့်တက်လာ၏။

ဆူဇီမို၏ ဘေးပတ်ချာလည် ပေ ၃၀ အကွာတွင် တစ်ဦးတည်းသော မတ်တပ်ရပ်နေသူမှာ ယဲ့ထျန်းချန်သာ ဖြစ်လေသည်။

သူ၏ ခန္ဓာကိုယ်က တစ်ကယ်ပင် သန်မာပါပေသည်။

နဂါးဟိန်းသံက အလွန်တရာ ကျယ်လောင်သော်လည်း သူကို့သော မသတ်နိုင်ပေ။

သို့သော် သူ၏ နားစည်များက စုတ်ပြဲသွားပြီး သူ့ညာဘက်လက်မှ ဒဏ်ရာကလည်း တစ်ဖန်ပြန်ပေါ်လာ၏။ ယခုချိန်မှာ သူ့စိတ်က ဗလာကျင်းနေပြီး သူ့အသိစိတ်က ရီဝေနေ၏။ သူ့ဘေးပတ်လည်တွင် ဖြစ်ပျက်နေသည်ကို သူသတိမထားမိနိုင်တော့ပေ။

“မြန်မြန်လုပ်.. နောက်ဆုတ်တော့”

ဖန်သားနန်းတော်၏ ချိတ်ပိတ်ထားသူက အော်ဟစ်လိုက်၏။

များစွာသော ဖန်သားနန်းတော်ရွှေအမြုတေများသည်လည်း လူအုပ်ကြီးကိုဖြတ်၍ ယဲ့ထျန်းချန်ဆီသို့ သုတ်ခြေတင် ပြေးလာကြပြီး သူ့ကို ကယ်တင်ဖို့ ကြိုးစားလိုက်ကြ၏။

တဖြည်းဖြည်းနှင့် ယဲ့ထျန်းချန်သည် အသိစိတ်တချို့ ပြန်ရလာပြီး သူ့မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်ကာ နောက်ဆုတ်ဖို့ ကြိုးစားလိုက်၏။

နောက်ခဏ၌ ဆူဇီမို၏ သရော်တော်တော်လှောင်ပြုံးကို သူမြင်လိုက်ရ၏။

“သွား”

ဆူဇီမိုက ထူးမခြားနားပုံစံနှင့် စကားတစ်ခွန်းဖြင့် အမိန့်ပေးလိုက်၏။

ရွှစ်..

သူ့ကို ရစ်ခွေထားသော အစစ်အမှန်နဂါးက တောက်လောင်ပြင်းပြသော အကြည့်ဖြင့် စိုက်ကြည့်ပြီး ယဲ့ထျန်းချန်၏ ဦးခေါင်းဆီသို့ ထိုးဆင်းချလာ၏။

ယဲ့ထျန်းချန်သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားလေသည်။

နဂါး၏ ပါးစပ်မှ သွားရည်များက သူ့မျက်နှာပေါ်သို့ တစ်စက်စက်ကျလာ၏။

ယဲထျန်းချန်သည် သူ့မျက်နှာကိုပင် မသုတ်ရဲပေ။

“ဟင်း”

နောက်ခဏ၌ အစစ်အမှန်နဂါးက သူ့ခေါင်းကိုငုံ့၍ ယဲ့ထျန်းချန်ကို ကိုက်ချလိုက်၏။

သွေးများက ဖွားကနဲ စင်ထွက်သွား၏။

ယဲ့ထျန်းချန်က သေလေပြီ။ သူ့ကို ဆူဇီမိုဆင့်ခေါ်ထားသော အစစ်အမှန်နဂါးက အရှင်လတ်လတ်ဝါးစားသွား၏။

ဆူဇီမို၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်က အရှိန်အဟုန်ပိုရလာ၏။

သူသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ နှစ် ၂၀ ကြာ ငြိမ်သက်စွာ နေလာခဲ့ပြီးနောက် ရှေးဟောင်းနဂါးအသွင်ပြောင်းအတတ်ကို ပထမဆုံးအကြိမ် ပြန်လည်ထုတ်သုံးခြင်း ဖြစ်လေသည်။

သူ့ကို ရစ်ခွေထားသော အစစ်အမှန်နဂါးသည် ကိုယ်ပိုင်ဘဝနှင့် အသက်ကို ရရှိလာသည့်အလား ပို၍ အစစ်အမှန်ဆန်လာပြီး အသိစိတ်ရှိလာသည်ကို သူရှင်းလင်းစွာ ခံစားမိနေ၏။

တစ်ကယ်ဆို ရှေးဟောင်းနဂါးအသွင်ပြောင်းပညာရပ်မှာ ဖော်ပြထားသည်နှင့် ဤနဂါးကြားမှာ တော်တော်လေး ကွာဟနေ၏။

ရှေးဟောင်းနဂါးအသွင်ပြောင်းအတတ်က နဂါး၏ သွေးတစ်စွန်းတစ်စကို အသုံးချ၍ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ပုံရိပ်ယောင်နဂါးတစ်ကောင်ကို ဆင့်ခေါ်ခြင်းမျှသာ ဖြစ်လေသည်။

သို့သော် ယခု ဆူဇီမို ဆင့်ခေါ်ထားသော နဂါးက အသွေးနှင့် အသားနှင့် တစ်ကယ့်သက်ရှိတစ်ကောင်အတိုင်းပင်။

အဲ့ဒါထက် မလုံမလဲ ခံစားရသည်မှာ ဤအစစ်အမှန်နဂါးက သူနှင့် အလွန်တရာ နီးစပ်သော ဆက်သွယ်ချက်ရှိသည်ဟု ခံစားနေရခြင်းပင်။ သူတို့၏ မျိုးဆက်သွေးဇာစ်မြစ်က ခွဲထုတ်လို့မရအောင် ပေါင်းစပ်လာသည့်အတိုင်းပင်။

All Chapters