← Chapters

အမျိုးသားများနှင့် မြို့တော်များကို ပြိုလဲကျစေနိုင်သော

Vol. 44 Ch. 659

အမျိုးသားများနှင့် မြို့တော်များကို ပြိုလဲကျစေနိုင်သော

Vol. 44 Ch. 659

တိုက်ပွဲ၏ အပြင်းထန်ဆုံး ပဋိပက္ခက အရှေ့ဘက်မှာ အဓိက ဖြစ်ပွားခဲ့၏။

တောင်ဘက်မြို့ရိုးထက်ရှိ သားရဲထုတ်ဖော်ကြေးမုံကို စောင့်ကြပ်နေသော ဖန်သားနန်းတော်ကျင့်ကြံသူက သုံးလေးဆယ်လောက်သာ ရှိလေသည်။

ထိုအချိန်တွင် ထိုကျင့်ကြံသူများ၏ အာရုံက အရှေ့ဘက်ရှိ ရုန်းရင်ဆန်ခတ်များအပေါ် ရောက်နေကြ၏။ ရုတ်တရက် တောင်ဘက်မြို့ရိုး၏ ထောင့်တစ်ထောင့်ကနေ နီနီရဲရဲအလင်းတစ်ခုက မလှမ်းမကမ်းရှိ သားရဲထုတ်ဖော်ကြေးမုံဆီသို့ ပြေးဝင်ချလာ၏။

ထိုအနီရောင်အလင်းက အလွန်သေးငယ်ပြီး ဖန်သားနန်းတော်ကျင့်ကြံသူများ၏ ခြေထောက်များကို ကွေ့ပတ်ကာ အလွန်တရာ မြန်ဆန်စွာဖြင့် မီးခိုးတန်းတစ်ခုလို ပြေးထွက်သွား၏။

“အမ်”

“ဘာလဲဟ”

ဖန်သားနန်းတော်ကျင့်ကြံသူများသည် ခဏမျှ ကြောင်အသွားပြီးနောက် တုံ့ပြန်အော်ဟစ်လိုက်ကြ၏။

အနီရောင်အလင်းတန်းက မြေခွေးလေးပင်။

မြေခွေးလေးက အဆင်ပြေပြေရှိနေသည်ကို မြင်သောအခါ ဆူဇီမိုသည် အံ့အားသင့်ကာ နှစ်ခြိုက်၍လည်းသွား၏။

သို့သော် နောက်ခဏ၌ မြေခွေးလေးကြိုးစားနေသည့်အရာကို သူနားလည်သွားပြီးနောက် တစ်ဖန် ရင်ထိတ်သွားပြန်၏။

အရှေ့ဘက်မြို့ရိုးရှိ သားရဲထုတ်ဖော်ကြေးမုံက ပြုတ်ကျသွားသည့်အချိန်မှာ သည်နေရာရှိ ကျင့်ကြံသူများ၏ အာရုံက ထိုဘက်သို့ ရောက်နေပြီး သူတို့၏စိတ်က ပြေလျော့နေကြ၏။ မြေခွေးလေးသည် ရှိသမျှသတ္တိလေးကို စုစည်းကာ အံကိုကြိတ်ပြီး သားရဲထုတ်ဖော်ကြေးမုံဆီသို့ ပြေးချလာခဲ့၏။

သို့သော်လည်း သူမသည် လူအနည်းငယ်ကို ကျော်ဖြတ်ပြီးနောက် လူတိုင်းက သူမကို သတိထားမိသွားကြလေသည်။

သူမက ရှေ့သို့ အားကုန်ပြေးနေဆဲမှာပင် သူမ၏ အမြီးကို ဆွဲယူခြင်း ခံလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်က လေထဲသို့ မြှောက်တက်သွားလေသည်။

သူမကို နောက်ကနေ တစ်ယောက်ယောက်က ဆွဲယူမလိုက်ခြင်းဖြစ်၏။

“အား”

မြေခွေးလေးက တအီအီမြည်၍ အလွယ်တကူ ဆွဲမခြင်း ခံလိုက်ရ၏။

သူမသည် အလွန်လျှင်မြန်စွာ သုတ်ခြေတင်ပြေးနေချိန်မှာ အမြီးကနေ ဆွဲယူခြင်း ခံလိုက်ရသောကြောင့် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းက တဆစ်ဆစ်နာကျင်သွား၏။ သူမသည် အစကတည်းကလည်း ကြောက်လန့်နေခဲ့သောကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်လာလေသည်။

“ဟီးဟီး.. မြေခွေးလေးဟ”

“ငါတို့ ဒီမြေခွေးကို မသတ်သင့်ဘူး”

“ငါကြားဖူးတာ အဲ့ဒီမြေခွေးမျိုးနွယ်က လူသားသွင်ပြင် ပြောင်းလိုက်ရင် နတ်သမီးလေးတွေလို အရမ်းချောတာတဲ့.. ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်၊ မွေးရာပါညှို့ငင်ဓါတ်နဲ့ဆို သူတို့က သူတို့သခင်ကို ပြုစုယုယတဲ့နေရာမှာ သူမတူအောင်ပဲတဲ့”

“ခွီး.. အဲ့လိုဆို မိုက်တာပေါ့ဟ”

ဖန်သားနန်းတော်ကျင့်ကြံသူတစ်အုပ်စုသည် မြေခွေးလေးကို ဝိုင်းပတ်၍ တဏှာရာဂပြင်းပြစွာဖြင့် လှောင်ရယ်နေကြ၏။

မြေခွေးလေးသည် ရှက်ရွံ့၍ ဒေါသထွက်လာပြီး သူမ၏ လက်သီးလေးများကို ဆုပ်ကာ အမြီးကို ညင်သာစွာ လှုပ်ရမ်းလိုက်၏။ ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ မွှေးပျံ့သောရနံ့တစ်မျိုးက ဖြာထွက်လာပြီး ဖြန့်ကျက်သွား၏။

ပထမဆုံး ရိုက်ခတ်ခံရသူက မြေခွေးလေး၏ အမြီးကို ဆုပ်ကိုင်ထားသော ကျင့်ကြံသူပင်။

ထိုဖန်သားနန်းတော်ကျင့်ကြံသူသည် ပါးစပ်အဟောင်းသားနှင့် သွားရည်တများများကျပြီး ငေးငိုင်သွား၏။ မြေခွေးလေးကို ဆုပ်ကိုင်ထားသော သူ၏ လက်ကလည်း ပြေလျော့သွားလေသည်။

ဘေးပတ်လည်ရှိ ကျင့်ကြံသူများသည် ထိုမွှေးရနံ့ကို ရှူရှိုက်မိသောအခါ သူတို့အားလုံးသည် သူတို့၏ ဝိညာဉ်များကို ဆုံးရှုံးသွားသည့်အလား နေရာမှာတင် ရီဝေယစ်မူးနေကြ၏။

အဲ့ဒါက မြေခွေးမျိုးနွယ်၏ တစ်မူထူးခြားသည့် ညှို့ငင်ဓါတ်မွှေးရနံ့ပင် ဖြစ်လေသည်။

မြေခွေးလေးသည် အောက်သို့ခုန်ဆင်းပြီး သားရဲထုတ်ဖော်ကြေးမုံဆီသို့ သုတ်ခြေတင် ပြေးလိုက်၏။

သူမက မြန်မှ ရပေမည်။

ဖန်သားနန်းတော်ကျင့်ကြံသူများ၏ ခွန်အားအရ.. သူတိုသည် ငေးငိုင်နေရာမှ နိုးထလာဖို့ သိပ်ကြာလိမ့်မည် မဟုတ်ပေ။

ဖြစ်ပျက်နေသည်ကို သူတို့နားလည်သွားသည့်အချိန်ဆို သူမက ထွက်ပြေးဖို့ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

သားရဲထုတ်ဖော်ကြေးမုံက သူမ၏ ရှေ့တည့်တည့်မှာဖြစ်၏။

ရုတ်တရက် သူမ၏ ရှေ့မှာ ဖိနပ်တစ်စုံက ပေါ်လာ၏။

နက်မှောင်သော အရိပ်တစ်ခုက ထိုးကျလာလေသည်။

သူမ မတုံ့ပြန်နိုင်ခင်မှာပင် တုတ်ခိုင်သော လက်တစ်ဖက်က သူမ၏ လည်ပင်းကို ဆွဲဆုပ်လိုက်၍ အသက်ရှူရသည်ပင် ခက်ခဲလာ၏။

ဖန်သားနန်းတော်ကျင့်ကြံသူတစ်ယောက်က မြေခွေးလေး၏ လည်ပင်းကို ဆုပ်ကိုင်၍ ခါရမ်းလိုက်ပြီး အေးစက်စက်အမူအယာဖြင့် လှောင်ပြောင်သရော်ကာ ကြည့်နေ၏။

သူက သည်နေရာရှိ ကျင့်ကြံသူများ၏ ခေါင်းဆောင် ကျန့်ဟွေ ဖြစ်ပြီး သူတို့ထဲမှ အသန်မာဆုံးလူလည်း ဖြစ်လေသည်။ သူသည် တစ်ချိန်လုံး သားရဲထုတ်ဖော်ကြေးမုံရှေ့မှာ ရပ်နေခဲ့သည့်အတွက် သူမ၏ ညှို့ယူဖမ်းစားခြင်း၏ သက်ရောက်ခြင်းကို မခံခဲ့ရပေ။

“ဟီးဟီးဟီး....”

ကျန့်ဟွေက မြေခွေးလေးကို စိုက်ကြည့်ပြီး လှောင်ပြောင်ရယ်မောလိုက်၏။

“အကောင်လေး.. မင်းက ပြဿနာရှာဖို့ လုံလောက်အောင် မင်းကိုယ်မင်း သန်မာနေပြီလို့ ထင်နေတာလား”

မြေခွေးလေးသည် သူမ၏ လှပသောကိုယ်လေးဖြင့် ရုန်းကန်လိုက်၏။

သို့သော် ကျန့်ဟွေ၏ လက်က သံမဏိချိတ်တစ်ခုလို မြဲမြံ့စွာဆုပ်ထားပြီး သူမက ရုန်းမထွက်နိုင်ပေ။

ရုတ်တရက်..

မြေခွေးလေး၏ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်ယင်သွားပြီး ကျန့်ဟွေ၏ မျက်စိရှေ့မှာတင် သူမက ငယ်ရွယ်နုပျိုသော အရွယ်ကောင်းအမျိုးသမီးလေးတစ်ဦးအဖြစ်သို့ အသွင်ပြောင်းလဲသွား၏။

အမျိုးသမီးငယ်လေးသည် နီရဲပါးလွှာသော ဇာဝတ်စုံလေးကို ဝတ်ဆင်ထားပြီး သူမ၏ ကောက်ကြောင်းများက အထင်းသား ပေါ်လွင်နေ၏။ သူမခြေထောက်သွယ်သွယ်၏ နေရာအများစုကို လှစ်ဟပြထားလေသည်။

ကျန့်ဟွေသည် တဆတ်ဆတ်တုန်ယင်သွားပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းမှ တဏှာရာဂက ရုန်းကြွလာ၏။

သူသည် အမျိုးသမီးငယ်လေး၏ မျက်နှာကို ငေးကြည့်လိုက်၏။

သူမက တစ်ကယ်ကို အနှိုင်းမဲ့အောင် လှပပါပေသည်။

ဤကမ္ဘာပေါ်ရှိ အလှပဆုံးဆိုသော ဖော်ပြချက်များတောင် ဤအမျိုးသမီးငယ်လေး၏ သွင်ပြင်နှင့် နှိုင်းယှဉ်လျှင် မုသားများလို ဖြစ်နေပေတော့မည်။

သူမ၏ လှပသော မျက်လုံးရွဲများက ရေလိုကြည်လင်နေပြီး လူတစ်ယောက်၏ ဝိညာဉ်ကိုပင် ဆွဲထုတ်ယူနိုင်သည်ဟု ထင်ရလေသည်။

မိန်းမပျိုလေး၏ အမူအယာက ညည်းညူနေသယောင်ရှိပြီး သူမ၏ မျက်လုံးများက နက်ရှိုင်းနေ၏။ နှာတံဖြောင့်ဖြောင့်နှင့် ချယ်ရီနှုတ်ခမ်းများက အနည်းငယ် ကွေးညွှတ်၍ ပုလဲဖြူဖြူသွားလေးများက ပေါ်နေပြီး ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်မျိုးကို ထုတ်ပေးနေလေသည်။

ချက်ချင်းပင် ကျန့်ဟွေ၏ စိတ်က ဗလာကျင်းသွား၏။

သူ၏ ဆုပ်ကိုင်ထားမှုကလည်း အလိုလို ပြေလျော့သွားလေသည်။

အင်အားအကူပေးဖို့ အခြားသောနေရာများကနေ ပြေးလာနေကြသော ကျင့်ကြံသူများသည်လည်း ရောက်နေရာမှာ အလိုလိုရပ်တန့်၍ မိန်းမပျိုလေးကို ငေးကြည့်နေကြ၏။

တချွမ်းချွမ်းအသံများကလည်း နောက်ကနေ လိုက်ပါလာလေသည်။

အဲ့ဒါက သူတို့လက်ထဲရှိ လက်နက်များ လွတ်ကျသွားသော အသံများဖြစ်၏။

အမျိုးသားများနှင့် မြို့တော်များကို လဲပြိုကျစေနိုင်သည်ဆိုသော အဓိပ္ပါယ်က အဲ့ဒါပင်။

မြေခွေးလေးသည် ကျန့်ဟွေလက်ကနေ လွတ်လာပြီးနောက် မလှမ်းမကမ်းရှိ သားရဲထုတ်ဖော်ကြေးမုံဆီသို့ ဆက်ပြေးလိုက်ပြန်၏။

သူမသည် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်.. သူမနောက်မှ နက်ရှိုင်းသော မာန်ဖီအော်ဟစ်သံကို ကြားလိုက်ရ၏။

ကျန့်ဟွေသည် တောရိုင်းကောင်တစ်ကောင်ကဲ့သို့ နီရဲနေသော မျက်လုံးများဖြင့် မြေခွေးလေးပေါ်သို့ ခုန်အုပ်လိုက်၏။ သူသည် မောဟိုက်နေပြီး မြေခွေးလေး၏ လည်ပင်းကို တင်းကျပ်စွာ ပြန်လည်ဖမ်းဆုပ်ကာ အော်ပြောလိုက်၏။

“နတ်ဆိုးမ.. နင် ငါ့ကို ဖမ်းစားဖို့ စိတ်ကူးယဉ်မနေနဲ့”

မြေခွေးလေးသည် အသက်ကိုပင် ကောင်းကောင်းမရှူနိုင်တော့ဘဲ သူမ၏ ခြေထောက်များက ယက်ကန်ယက်ကန် ဖြစ်နေ၏။ သို့သော် သူမ၏ လက်များက ရူးသွပ်စွာဖြင့် သားရဲထုတ်ဖော်ကြေးမုံဆီသို့ ရောက်နိုင်ဖို့ လှမ်းနေ၏။

‘ငါ့ရဲ့ ခွန်အားကုန်ကို ထုတ်သုံးရမယ်ဆိုရင်တောင်.. သားရဲထုတ်ဖော်ကြေးမုံကို ပစ်တိုက်ချနိုင်ရမယ်’

အဲ့ဒါက မြေခွေးလေး၏ စိတ်ထဲရှိ တစ်ခုတည်းသော အတွေးပင်။

ထိုသည်ကို မြင်သောအခါ ဆူဇီမိုသည် သူ၏ သွားကို တင်းနေအောင် ကြိတ်ပြီး သူ့သွေးချီကို နောက်ဆုံးအကန့်အသတ်ထိ လှည့်ပတ်လိုက်၏။ သူ့မျက်လုံးများက နီရဲလာပြိး ဝမ်းခေါင်းသံဖြင့် တုန်လှုပ်ချောက်ချားဖွယ်ရာ ဟိန်းဟောက်လိုက်လေသည်။

မြို့ရိုးနှင့် မလှမ်းမကမ်းတွင် ဆံပင်ဝါနှင့် ဗလတောင့်တောင့်လူတစ်ယောက်က ခြေတစ်လှမ်းရှေ့ထုတ်ပြီး ကသောင်းကနင်းအခြေအနေကို အသုံးချကာ ထွက်ပြေးဖို့ ကြံရွယ်နေ၏။

သို့သော်လည်း ထိုမြင်ကွင်းကို ကြည့်ပြီးနောက် သူသည် ငေးကြောင်နေ၏။

ဘာကြောင့်ရယ်မသိ.. သူ့သွေးများက တပွက်ပွက်ဆူလာသည်ဟု ခံစားရ၏။

“လခွမ်းပဲ သေစမ်းကွာ.. ငါအဲ့ဒါကို လုပ်တော့မယ်ကွာ”

ဆံပင်ဝါနှင့် ဗလတောင့်တောင့်လူသည် သူ့ခြေထောက်ကို ပြန်ဆုတ်ပြီး မာန်သွင်းကာ ဘေးဘက်ရှိ ကျန့်ဟွေဆီသို့ ခုန်ဝင်သွား၏။

လေထဲမှာပင် သူ့ပုံရိပ်က စွမ်းအားကြီးသော ရွှေခြင်္သေ့တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လက်သည်းများကိုထုတ်ကာ သွားစွယ်များကို ဖြဲပြလိုက်၏။

အခုချိန်မှာ ကျန့်ဟွေ၏ စိတ်အခြေအနေက လုံးဝ ကသောင်းကနင်း ဖြစ်နေ၏။

တစ်ကယ်တော့ သူသည် စောစောက မြေခွေးလေး၏ ညှို့ငင်ဖမ်းစားခြင်းအောက် လုံးဝ ကျရောက်ခဲ့၏။ သို့သော် သူ့ကျင့်ကြံထားသော လျှို့ဝှက်ပညာရပ်ဖြစ်သည့် ဖန်သားသုတ္တန်က တစ်ခုခု လွဲမှားနေကြောင်း သူ့ကို ဆက်တိုက်သတိပေးနေခဲ့၏။

ယခုအချိန်ထိ သူ့စိတ်ထဲမှာ အတွေးနှစ်ခုက ပဋိပက္ခဖြစ်နေဆဲဖြစ်၏။

ရွှေခြင်္သေ့က သူ့ဆီ ခုန်အုပ်လာသည်ကိုပင် သူမသိတော့ပေ။

“ဇိ”

ရွှေခြင်္သေ့သည် ကျန့်ဟွေ၏ ဦးခေါင်းကို ကိုက်ဖြတ်ပြီး တဂျွတ်ဂျွတ်ဝါးကာ မျိုချလိုက်၏။

တစ်ချိန်တည်းမှာပင် ဘေးဘက်ရှိ ဖန်သားနန်းတော်ကျင့်ကြံသူများက သတိပြန်ဝင်၍ ပြေးချလာနေပြီဖြစ်၏။

“ငါ သူတို့ကို ထိန်းပေးထားမယ်.. မြန်မြန် သွားတော့”

ရွှေခြင်္သေ့သည် မြေခွေးလေးကို လှည့်ကြည့်ဖို့ အချိန်မရှိဘဲ တစ်ချက်ညွှန်ကြားပြီးနောက် ဖန်သားနန်းတော်ကျင့်ကြံသူများဆီသို့ ပြေးချသွားလေသည်။

မြေခွေးလေးသည် ရုန်းကန်ကျုံးထ၍ သားရဲထုတ်ဖော်ကြေးမုံဆီ ပြေးချသွားပြီး လမ်းမှာ အသက်ရှူသွားရ၏။ သူမသည် သားရဲထုတ်ဖော်ကြေးမုံထောင့်နားသို့ ရောက်သွားပြီးနောက် သူမ၏ အစွမ်းကုန်ကိုထုတ်ကာ ၎င်းကို ပစ်တိုက်ချလိုက်၏။

ခွမ်း..

သားရဲထုတ်ဖော်ကြေးမုံက လန်ကျသွားလေသည်။

ဆူဇီမိုပေါ်မှ နောက်ထပ် အလင်းမီးမောင်းတစ်ခုက ပျောက်ကွယ်သွားလေပြီ။

ချက်ချင်းပင် ကမ္ဘာလောကက တိတ်ဆိတ်သွားသည်ဟု ထင်ရ၏။

လေထုက ရပ်တန့်သွားလေသည်။

ရှေးဟောင်းမြို့တော်သည် ပြင်းထန်အားကောင်းသော သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာ၏။

ရှေးဟောင်းမြို့တော်၏ အလယ်မှ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာတစ်ခုက တဖြည်းဖြည်း ထွက်ပေါ်လာနေလေသည်။

အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသည့် တည်ရှိမှုတစ်ခုက နိုးထလာသည့်အလားပင်။

All Chapters