ရပ်လိုက်ပါ.. ငါအရှင်ကိုယ်တိုင် ဖွင့်ပေးလိုက်မယ်
Vol. 13 Ch. 187
ကုန်စုံဆိုင်အတွင်းရှိ နှစ်ပေါင်းတစ်ထောင်ကြာ အသားမစားခဲ့ရသော နတ်ဆိုးကြီးက ကြက်တောင်ပံကို သွားများဖြင့် ကောက်ဝါးလိုက်သည်။
ကြက်တောင်ပဲ အသားထဲတွင် အက်ကြောင်းများ ပေါ်လာပြီး နောက်ဆုံးတွင် အမှုန်အမွှားများအဖြစ် သူ့ဗိုက်ထဲသို့ ကျသွားခဲ့သည်။
"ငါမှန်းဆထားတဲ့အတိုင်း နာရီဝက်က အကန့်အသတ်ပဲ"
မိစ္ဆာအင်ပါယာ ကွာဖီက သက်ပြင်းတစ်ချက်ချကာ ကျောက်သရဲမျက်နှာဖုံးသို့ တစ်ဖန် ပြန်သွားခဲ့ရသည်။
ထို့နောက် အစောပိုင်းက သူလွှမ်းမိုးခဲ့သော ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်၏။
ထောင့်တစ်နေရာရှိ ယင်းခန္ဓာကိုယ်၏ ပိုင်ရှင်ဖြစ်သည့် အစားအသောက်ပို့ သမားလေး၏ ဝိညာဥ်မှာ တုန်လှုပ်သွားခဲ့သည်။
သူနှင့်ဘဝတူ အခြားသူများကိုလည်း ကွာဖီက ဝိညာဥ်ကိုမောင်းထုတ်ကာ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးချိန်၌ ထိုကဲ့သို့ပင် ပြုလုပ်ခဲ့၏။
သူတို့က အစားအသောက် ပို့သမားများသာ ဖြစ်သော်လည်း ဆိုးဝါးသော ကံကြမ္မာကို ခံစားခဲ့ရသည်။
လက်ရှိတွင် ဤပို့ဆောင်ရေး သမားများ ပတ်သက်ပြီး ထူးခြားသော အခြေအနေတစ်ရပ် ရှိသည်။
ယင်းမှာ ခုနစ်ဆယ့်နှစ်နာရီ အတွင်း ၎င်းတို့၏ ခန္ဓာကိုယ်ထဲ ပြန်မဝင်နိုင်ခဲ့လျှင် သူတို့၏ ဝိညာဉ်တွေက လုံးလုံး ပြန့်ကျဲသွားလိမ့်မည် ဖြစ်သည်။
သို့သော် အရေးကြီးသောအချက်မှာ မိစ္ဆာအင်ပါယာကွာဖီက ၎င်းတို့၏ ခန္ဓာကိုယ်များကို ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်သည်။
"အရှင်.. ဒီလိုခန္ဓာကိုယ် အများအပြားကို ဖျက်ဆီးပစ်တာ နည်းနည်း ရက်စက်လွန်းရာ မကျဘူးလား "
ကျန်းလျှိုယွဲ့က မျက်ခုံးပင့်၍ မေးခွန်းထုတ်လိုက်၏။
ဤကိစ္စက ပြင်ပလောက၏ အာရုံကို ဆွဲဆောင်နေပြီ ဆိုတာ သူမ သိသည်။
"ငါအရှင် ကိုယ်တိုင် သူတို့ခန္ဓာကိုယ်ကို အသုံးပြုပေးတဲ့အတွက် သူတို့အနေနဲ့ ဂုဏ်တောင် ယူရဦးမယ်"
အနက်ရောင် မီးခိုးများ အတွင်းမှ မိစ္ဆာအင်ပါယာ ကွာဖီက ထူးဆန်းသော အသံဖြင့် ရယ်မောလိုက်သည်။
"ဒါပေမယ့် သိပ္ပံကျင့်ကြံခြင်းခေတ်က ဒီလောက် အတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ငာမထင်ခဲ့ဘူး.. ဒီပို့ဆောင်ရေးဝန်ထမ်း သုံးဆယ့်နှစ်ဦးထဲမှာ အများစုက အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေချည်းပဲ"
ကျန်းလျှိုယွဲ့ "အခုခေတ်မှာ ခန္ဓာကိုယ်သန့်စင်ခြင်း၊ ချီသန့်စင်ခြင်း၊ အခြေခံတည်ဆောက်ခြင်း အဆင့်နဲ့ ရွှေအမြူတေအဆင့် ကျင့်စဥ်တွေကို ပညာရေးမှာ မဖြစ်မနေသင်နေရပြီလေ.. ဒါကြောင့် အခြေခံတည်ဆောက်ခြင်း အဆင့်တွေက မရှားပါးတော့ဘူး.. တိုက်ပွဲအတွေ့အကြုံနဲ့ စွမ်းရည်တွေ ပေါ်မှာပဲ ကွာခြားမှု ရှိပါလိမ့်မယ်"
"အင်း ငါနားလည်ပြီ"
မိစ္ဆာအင်ပါယာကွာဖီက ခေါင်းညိတ်လိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က သူထူထောင်ခဲ့သော ကွာဖီစစ်တပ်မှာ ခွန်အား ကွာခြားမှုကြောင့် အဆုံးသတ်တွင် လုံးဝရှုံးနိမ့်သွားခဲ့ရသည်ကို ပြန်ပြောင်း သတိရမိလိုက်သည်။
သို့သော် ယခုအခါ ကမ္ဘာကြီးတွင် အခြေခံ တည်ဆောက်ခြင်းနှင့် ရွှေအမြူတေအဆင့် ကျင့်ကြံသူများ ပေါ်ထွက်လာရန် ပညာရေးတွင် ထိုအဆင့်နှင့် သက်ဆိုင်သည့် ကျင့်စဥ်များကို မသင်မနေရ ပြုလုပ်ထားပြီ ဖြစ်သည်။
ပို့ဆောင်ရေး ဝန်ထမ်းများပင်လျှင် အခြေခံ တည်ဆောက်ခြင်း အဆင့်တွင် ရှိနေကြသည်။
နောင်တွင် စစ်တပ်ကို တည်ထောင်ရန် ယခင်ကကဲ့သို့ ခက်ခဲမည် မဟုတ်တော့ပေ။
အထက်တန်းကျောင်း အနည်းငယ် သို့မဟုတ် တက္ကသိုလ်များကို အောင်နိုင်ရုံမျှဖြင့် သူ့ထံ၌ လူအင်အား အလုံအလောက် ရရှိလာမည် ဖြစ်သည်။
အနက်ရောင် မီးခိုးများထဲမှ မိစ္ဆာအင်ပါယာကွာဖီက အချိန်အတော်ကြာ လေးလေးနက်နက် စဥ်းစားပြီးမှထောင့်တစ်နေရာရှိ ဝိညာဥ်တစ်ခု ကို လှမ်းကြည့်လိုက်သည်။
"ဂျူနီယာ.. ငါအရှင်မေးချင်တာက မင်းတို့ဆိုင်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် အစားအသောက် ပို့သမား ဘယ်နှစ်ယောက်ရှိလဲ"
"စီနီယာ.. ကျနော်တို့က ဆိုင်ခွဲတစ်ခုပါပဲ... ဒါပေမယ့် နိုင်ငံလုံးဆိုင်ရာ စာရင်းဇယားတွေ အရတော့ သုံးသန်းလောက် ရှိမယ်ထင်တယ်.."
ခန္ဓာကိုယ် ပျက်စီးသွား၍ လေလွင့်ဝိညာဥ် ဖြစ်နေသော အစားအသောက်ပို့သမားက ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည်။
သူက ပို့ဆောင်ရေးသမား တစ်ဦးသာ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဆိုင်ခွဲများတွင် သူနှင့် ကျင့်ကြံသူ အဆင့်တူ ဝန်ထမ်းများစွာ ရှိသည်။
"ကမ္ဘာအနှံ့က မင်းတို့ စားသောက်ဆိုင်တွေမှာ အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးသန်းကျော်တောင် ရှိတယ်လား.. အများကြီးပဲ"
မိစ္ဆာအင်ပါယာ ကွာဖီက တအံ့တသြ ရေရွတ်လိုက်သည်။
"ငါအရှင်သခင် ကိုယ်တိုင် မှာထားတာတွေက အများကြီးပဲ.. အဲဒါတွေ အားလုံးကို မှတ်မိဖို့က လွယ်တာမဟုတ်ဘူး.. နေပါဦး မင်းက ဘယ်ဆိုင်ကလဲ"
"ယန် ရဲ့ အိုးနှပ်ကြက်ထမင်း..."
လေလွင့်ဝိညာဥ်က ပြန်ဖြေလိုက်သည်။
ကျန်းလျှိုယွဲ့က ဝင်ပြောလိုက်သည် ။
"ဒါကြောင့် အများကြီးမှာလည်း ကိစ္စမရှိတာ မဆန်းပါဘူး"
အနက်ရောင် မြူခိုးများထဲရှိ မိစ္ဆာအင်ပါယာ ကွာဖီ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်လောက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
"ဒါက ယန် ရဲ့ အိုးနှပ်ကြက်ထမင်းဆိုင်က အရမ်း နာမည်ကြီးလို့လား"
ကျန်းလျှိုယွဲ့ ခေါင်းညိတ်လိုက်သည်။
"အင်း.. ဒီဆိုင်က ဟွာရှို့နိုင်ငံရဲ့ ဒုတိယအကြီးဆုံး စားသောက်ဆိုင်တောင် ဖြစ်နိုင်တယ်..."
မိစ္ဆာအင်ပါယာကွာဖီ "ဒါဆို ပထမက ဘယ်ဆိုင်လဲ"
ကျန်းလျှိုယွဲ့ "ရှရှန်း လတ်ဆတ်သောအရသာဆိုင် "
"................"
မိစ္ဆာအင်ပါယာကွာဖီက ရုတ်တရက် သဘောပေါက်သွားသည်။
ထိုဆိုင်၏ ကန်တုံခေါက်ဆွဲမှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။
တစ်ဖက်တွင်မူ ယူနီဖောင်းအတုကို ဝတ်ထားသည့် ဝမ်လင်းက လက်တစ်ဖက်တွင် ခေါက်ဆွဲခြောက် အကြွပ်ကြော်အိတ်ကို ကိုင်ဆောင်ကာ ကုန်စုံဆိုင် အ၀င်ဝသို့ ချဉ်းကပ်လာပြီ ဖြစ်သည်။
ကုန်စုံဆိုင်ထဲတွင် မှောင်မည်းနေသည့် အရာတစ်ခုကို သူခံစားမိသော်လည်း မည်သည့်အရာ ဖြစ်သည်ကိုမူ အတိအကျ မသိပေ။
တံခါးဝရှေ့တွင် မတ်တပ်ရပ်လိုက်ရုံဖြင့် သူ့ရင်ထဲတွင် နစ်မွန်းသွားသလို ခံစားလိုက်ရသည်။
အင်မော်တယ်ထုန်ရာ မျှော်မှန်းထားသည့်အတိုင်းပင်.. ဤနေရာ၏ ညစ်ညမ်းသောလေထုက တကယ်ကို လေးလံလွန်းလှသည်။
ဝမ်လင်းက သူ၏ ကောင်းကင်မျက်လုံးဖြင့် ကုန်စုံဆိုင်တစ်ဝိုက်တွင် ပျံဝဲနေသော ဝိညာဉ်များစွာကို မြင်ခံရသည်။
ဤဝိညာဥ်များမှာ အစားအသောက် ပို့ဆောင်ပေးသူများ၏ ဝိညာဉ်များ ဖြစ်ဖွယ်ရှိသည်။
ပျောက်ဆုံးနေသော အစားအသောက် ပို့ဆောင်ရေးသမားများနှင့် ဤကုန်စုံဆိုင်အဟောင်းက လုံးဝ ဆက်စပ်နေမည်မှာ သေချာသည်။
ကုန်စုံဆိုင်အတွင်းရှိ မိစ္ဆာအင်ပါယာ ကွာဖီမှာ အလွန် သတိထားနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက သူ၏ ချဉ်းကပ်မှုကို စတင်ခဲသည်။
"အမ်.. ဒီ အစားအသောက် ပို့ဆောင်ရေးဝန်ထမ်း က နေရာမှားပြီး ရောက်လာတာလား"
"အရှင် တစ်ခုခုထပ်ပြီး အော်ဒါမှာထားသေးလို့လား"
ကျန်းလျှိုယွဲ့က စိတ်ထဲ အနည်းငယ် ထင့်နေသလို ခံစားခဲ့ရ၏။
အချုပ်အနှောင်မှ လွတ်မြောက်လာသော ကွာဖီက အစားကြူးလွန်းသည်ဟု သူမ တွေးလိုက်မိသည်။
"အိုး မဟုတ်ဘူး.. ငါအရှင်သခင် အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ဆိုင်တွေ အားလုံးကို မှာထားပြီးသား.. ငါဘာမှ ထပ်မမှာထားဘူး"
အနက်ရောင် မြူခိုးများထဲမှ မိစ္ဆာအင်ပါယာ ကွာဖီ၏ အပြုံးမှာ အလွန် ထူးဆန်းနေပုံရသည်။
"ဒီလူငယ်က ယူနီဖောင်း ဝတ်ထားပြီး လက်တစ်ဖက်မှာ အိတ်ကိုလည်း ကိုင်ထားတယ်.. သူသေချာပေါက် နေရာမှားလာတာပဲဖြစ်မယ်"
"ဖြစ်နိုင်တယ်"
ကျန်းလျှိုယွဲ့က တင်းတင်းကြပ်ကြပ် ပိတ်ထားသော ကုန်စုံဆိုင်တံခါးမှ တဆင့် သူမ၏ ဝိညာဉ်ရေး အာရုံများဖြင့် ချောင်းလိုက်ရင်း ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် ဒီလူငယ်က တစ်လက်မ မီးခိုးရောင် ဒါမှမဟုတ် အသားပေါင်းကျူးကျော်သူ ဖြစ်နိုင်တယ်လို့ ကျမ သံသယရှိတယ်.."
ရုပ်ဖျက်ခြင်းက လူသတ်သမားများ အတွက် လိုအပ်သော အရာတစ်ခု ဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းက ရန်သူ၏ အငိုက်ကို ဖမ်းနိုင်ပြီး သင့်လျော်သော အသွင်အပြင်ကို အသုံးပြုကာ နောက်ဆုံးတွင် အဆုံးအဖြတ်ဖြစ်သည့် ပွဲသိမ်း ထိုးနှက်ချက်ကို ထုတ်သုံးလိုက်ရုံပင်။
ပုံမှန်အားဖြင့် ဤလှည့်ကွက်မျိုးမှာ ကျန်းလျှိုယွဲ့ အတွက် ရိုးနေပြီ ဖြစ်သည်။
အရိပ်အဖွဲ့၏ ခေါင်းဆောင် အနေဖြင့် သူမက ဤနှစ်ကာလ တစ်လျှောက်တွင် မုန်တိုင်း အမျိုးအစား အားလုံးကို ကြံ့ကြံ့ခံခဲ့ရသည်။
မိစ္ဆာအင်ပါယာကွာဖီ "ဒီလူက ရုပ်ဖျက်ထားတယ်ဆိုတာ မင်းသေချာလား"
ကျန်းလျှိုယွဲ့က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"စောစောက အတည်မပြုဝံ့ပေမယ့် အခုတော့ ဒီလူက အသားပေါင်း ကျူးကျော်သူဆိုတာ သေချာပါပြီ.. သူက သာမန်လူတစ်ယောက် အသွင် ရုပ်ဖျက်ထားပုံ ရတယ်"
"မင်းပြောတာကြားမှပဲ ဒီလူငယ်အပေါ် အနည်းငယ် သံသယ ဖြစ်မိလာသလို ခံစားခဲ့ရတယ်"
အနက်ရောင် မြူခိုးထဲရှိ မိစ္ဆာအင်ပါယာ ကွာဖီ၏ အမူအရာမှာ မည်းမှောင်သွားသည်။
အကယ်၍ ၎င်းက ပုံမှန် အရှိန်အဝါ ဖုံးကွယ်ခြင်း စွမ်းရည်သာဆိုလျှင် သူ့လို နတ်ဆိုး၏ ရှေ့တွင် အနည်းငယ်မျှ အသုံး၀င်မည် မဟုတ်ပေ။
သို့သော် အပြင်မှလူကို သူ၏ ဝိညာဉ်ရေးအာရုံများဖြင့် စူးစမ်းကြည့်လိုက်ရာ ပုံမှန် မဟုတ်သော အထင်အမြင်များ ဖြစ်ပေါ်လာသည်။
ထို့ကြောင့် ဤလူငယ်က တမင်တကာ ရုပ်ဖျက်ထားမှန်း ထင်ရှားနေ၏။
"ဒီလူနဲ့ရင်ဆိုင်ဖို့ မင်းကိုယ်မင်း ဘယ်လောက် ယုံကြည်မှုရှိလဲ"
မိစ္ဆာအင်ပါယာ ကွာဖီက မေးလိုက်သည်။
"ကျမရဲ့ အထွတ်အထိပ် စွမ်းရည်ကို အရင်အတိုင်း ရနေရင်တောင် သူ့ကို ယှဥ်နိုင်ဖို့ မလွယ်ဘူး.. ဒါပေမဲ့ အခုတော့ အရှင့်ကို အားကိုးလို့ရသွားပြီ.. ဘာလို့လည်းဆိုတော့ အရှင်က ကျမနဲ့ ပူးပေါင်းမယ်လို့ ပြောခဲ့တာကြောင့်ပဲ"
မိစ္ဆာအင်ပါယာကွာဖီ "ငါအရှင်သခင် ကိုယ်တိုင် မင်းနဲ့ ပူးပေါင်းမယ်လို့ ကတိပေးထားပြီးပြီ.. ငါက ငါ့ကတိကို မဖျက်တတ်ဘူး.. မင်းနဲ့ မပူးပေါင်းဖြစ်ခဲ့ရင် ငါအရှင်သခင်က ယန်ရဲ့ အိုးနှပ်ကြက်ထမင်းဆိုင် နဲ့ ရှရှန်းအရသာများ ဆိုင်တွေနဲ့ ပူးပေါင်းမိမှာ အမှန်ပဲ"
ကျန်းလျှိုယွဲ့ ".........."
"သွား.. တံခါးဖွင့်လိုက်တော့"
အနက်ရောင် အခိုးအငွေ့ထဲမှ ကွာဖီက အသက်ပြင်းပြင်းရှူပြီး သူမကို စူးစိုက် ကြည့်လိုက်သည်။
"ဂျူနီယာ ရပ်လိုက်ပါ.. ငါအရှင်သခင် ကိုယ်တိုင်ပဲ တံခါးဖွင့်ပေးလိုက်တော့မယ်"
ကျန်းလျှိုယွဲ့ "............."