← Chapters

အိုး ငါ့.. လခွမ်း

Vol. 13 Ch. 189

အိုး ငါ့.. လခွမ်း

Vol. 13 Ch. 189

ပလတ်စတစ်အိတ်ကို ကိုင်၍ ကုန်စုံဆိုင်ရှေ့တွင် ရပ်နေသော ဝမ်လင်းက ဆိုင်အတွင်းထဲတွင် အမျိုးသမီး တစ်ဦးကို တွေ့လိုက်ရသည်။

ချက်ချင်းဆိုသလိုပဲ အနက်ရောင် မီးခိုးတွေက တံခါးဝကနေ လျင်မြန်စွာ ထွက်ပေါ်လာသည်။

လွန်ခဲ့သည့်နှစ်ရက်တွင် မိစ္ဆာအင်ပါယာ ကွာဖီမှာ လူသုံးဆယ့်နှစ်ယောက် အပေါ်၌ ထိုနည်းလမ်းကို အသုံးပြုခဲ့ပြီးပြီ ဖြစ်၏။

ထို့ကြောင့် အရင်ထက်ပို၍ ကျင့်သားရလာခဲ့သည်။

ထိုမြင်ကွင်းကြောင့် မလှမ်းမကမ်းမှ အင်မော်တယ် ထုန်ရာမှာ ထိတ်လန့်သွားသည်။

အနက်ရောင် မီးခိုးငွေ့က အလွန် လျင်မြန်လွန်းသဖြင့် ထုန်ရာက ကောင်းကင်မျက်လုံးဖြင့်ပင် ၎င်း၏ လှုပ်ရှားမှုများကို လိုက်မမီနိုင်ခဲ့ပေ။

"စီနီယာ သတိထား"

ထိုတခဏတွင် အနက်ရောင် မီးခိုးလုံးကြီး တစ်ခုက ဝမ်လင်းကို မြင်ကွင်းကနေ တိုက်ရိုက် ဖုံးလွှမ်းသွားခဲ့သည်။

မိစ္ဆာအင်ပါယာ ကွာဖီက အလွန်ပင် စိတ်လှုပ်ရှားနေသည်။

ဤလူငယ်က နုပျိုလန်းဆန်းပြီး အားမာန် အပြည့်ရှိကြောင်း သူခံစားနိုင်သည်။

"အနံ့အသက် အရမ်းကောင်းတယ်"

သူက မချီးမွမ်းဘဲ မနေနိုင်ခဲ့ချေ။

လူငယ်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သော ကိုယ်နံ့က မူးယစ်ဆေးဝါးကဲ့သို့ စွဲလန်းစေနိုင်၏။

အနက်ရောင် မီးခိုးလုံးများဖြင့် ဝန်းရံထားသည့် အမှောင်ထဲတွင် ဝမ်လင်းက ဘာကိုမှ မမြင်ရဘဲ ညည်းညူနေသည့် အသံတစ်ခုကိုသာ ကြားလိုက်ရသည်။

ထို့နောက်တွင် အနက်ရောင်မီးခိုးငွေ့ ထဲ၌ မျက်နှာဖုံးတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။

"ကျောက်သရဲမျက်နှာဖုံးလား"

ဝမ်လင်းက သူမြင်နေရသည်ကို အတည်ပြုရန် မျက်လုံးများကို မှိတ်ထားခဲ့သည်။

"ဒါပေမယ့်.. ဘာလို့ဒီနေရာမှာ ပေါ်လာတာလဲ"

အမှောင်ထဲမှ မိစ္ဆာအင်ပါယာ ကွာဖီက လှောင်ရယ်လိုက်သည်။

အဆုံးသတ်တွင် လူငယ်က လူသတ်သမားစာရင်းမှ မဟုတ်ဘဲသာမန် လူငယ်လေးတစ်ဦးသာ ဖြစ်နေ၏။

ထိုလူငယ်လေးက ကြောက်သေးပင် ထွက်ကျနေပြီလား မပြောတတ်ပေ။

လူငယ်က သစ်သားရုပ်ကဲ့သို့ မတ်တပ်ရပ်ကာ တစ်ချက်မျှ မလှုပ်ရှားခဲ့ပေ။

"ဂျူနီယာ.. မင်းခန္ဓာကိုယ်က ငါ့အတွက်ပဲ..."

နောက်ဆုံးတွင် ကျောက်သရဲမျက်နှာဖုံးက ဝမ်လင်း၏ မျက်နှာကို တိကျစွာ ဖုံးအုပ်လိုက်ပြီး ပါးနှစ်ဖက်ကို ချိတ်များဖြင့် ထိုးဖောက်လိုက်သည်။

သို့ရာတွင် သူထင်ထားသလို ဖြစ်မလာခဲ့ပေ။

မျက်နှာဖုံး၏ ဘေးနှစ်ဖက်ရှိ ချိတ်များမှာ ဤလူငယ်၏ အသားကို အမှန်တကယ်ပင် ထိုးဖောက်မရ ဖြစ်နေသည်။

ကျောက်သရဲမျက်နှာဖုံးကို သူစပြီး ခြယ်လှယ်လာကတည်းက ယခုလိုမျိုး တစ်ခါမှ မဖြစ်ဖူးပေ။

ဤမျက်နှာဖုံးကို ရှေးဦး အနက်ရောင် သလင်းကျောက်ဖြင့် ပြုလုပ်ထားသည်။

၎င်းမှာ စကြာဝဠာတွင် လက်ရှိအချိန်အထိ အမာကျောဆုံး အရာလည်း ဖြစ်သည်။

"ဘာတွေဖြစ်နေတာလဲ"

မိစ္ဆာအင်ပါယာ ကွာဖီ၏ မသိစိတ်ထဲတွင် သံသယအရိပ်အယောင်များ လွင့်ပျံလာသည်။

ထိုအခိုက်အတန့်တွင် အနက်ရောင်မီးခိုးများ ဖုံးလွှမ်းနေသည့် လူငယ်လေး၏ ခန္ဓာကိုယ်၌ ရွှေရောင်အလင်းတန်းများ ရုတ်တရက် တောက်ပလာသည်။

သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ပေါက်ကွဲထွက်လာသော စွမ်းအားက သူ့ပတ်ဝန်းကျင်ရှိ အနက်ရောင် မီးခိုးများကို တိုက်ရိုက် ချေမှုန်းပစ်လိုက်သည်။

"ရွှေရောင်ခန္ဓာလား"

နောက်ဆုံးတွင် ချိတ်များက အဘယ်ကြောင့် မျက်နှာကို မထိုးဖောက်နိုင်ခဲ့ကြောင်း သူနားလည်သွားသည်။

"လခွမ်း... ဒီကောင်က တကယ်ပဲ သူတော်စင် ခန္ဓာကိုယ်ကိုပိုင်ဆိုင်တဲ့ သခင်လား"

"အခုခေတ်မှာ သူတော်စင်ခန္ဓာကိုယ် ရှိတဲ့သူ တစ်ယောက်တောင် အစားအသောက် ပို့နေပြီလား"

အနက်ရောင်မီးခိုးကို ရွှေရောင်အလင်းဖြင့် ဖယ်ထုတ်ပြီးနောက်တွင် ကျောက်သရဲမျက်နှာဖုံး၏ လေသံက လေထဲတွင် ထွက်ပေါ်လာသည်။

"သခင်လေး မင်းက ဘယ်သူလဲ"

ဤလူငယ်က ကျန်းလျှိုယွဲ့ ပြောသည့် အသားပေါင်းကျူးကျော်သူ မဟုတ်ကြောင်း သူသေချာပေါက် သိသည်။

အသားပေါင်းကျူးကျော်သူမှာ အဆင့်သတ်မှတ်ချက် စာရင်းတွင် အဆင့်ရှစ်နေရာ ရခဲ့သည့် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ရှိ လူသတ်သမား တစ်ဦးသာ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ သူတော်စင် ခန္ဓာကိုယ်မှာ ကျင့်ကြံရန် လွယ်ကူသောအရာ မဟုတ်ပေ။

ဤသည်မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများ စိတ်ကူးအမြဲယဥ်ခဲ့ရသည့် ခန္ဓာကိုယ် ဖြစ်သည်။

၎င်းက အဆုံးစွန်သော အကာအရံလည်း ဖြစ်သည်။

သူတော်စင်ခန္ဓာကိုယ်က မည်သည့် နည်းစနစ်ကြောင့်မျှ မပြိုကွဲနိုင်ချေ။

မိစ္ဆာ အင်ပါယာကွာဖီက ကျန်းလျှိုယွဲ့ သူ့ကို လှည့်စားလိုက်သလိုမျိုး ရုတ်တရက် ခံစားလိုက်ရသည်။

သူတော်စင် ခန္ဓာကိုယ် အဆင့်ကို သူကိုယ်တိုင်ပင် မရောက်ဖူးသေးပေ။

သူ၏ လက်ရှိအခြေအနေနှင့် သူလုပ်ဆောင်နိုင်သည့် တိုက်ခိုက်မှုတွေကိုသာ အားကိုးရမည်ဆိုလျှင် ဤလူငယ်၏ ပြိုင်ဘက် ဖြစ်လာစရာ နည်းလမ်း မရှိသည်ကို သူ ကောင်းစွာ သိသည်။

ထို့ကြောင့် နောက်ဆုံး ရွေးချယ်စရာ တစ်ခုသာ ကျန်ရှိတော့၏။

အနက်ရောင်မီးခိုးငွေ့က လျင်မြန်စွာ ရွေ့လျားသွားပြီး ကျန်းလျှိုယွဲ့ဆီသို့ ရောက်ရှိသွားသည်။

သူက ကျန်းလျှိုယွဲ့နှင့် စာချုပ် ချုပ်ဆိုထားသဖြင့် အကြပ်အတည်း ကြုံလာသည့် အခါတွင် သူမက ခန္ဓာကိုယ်ကို သူ့အား အချိန်မရွေး တလိုတလား အပ်နှံလိမ့်မည် မဟုတ်ပါလော။

သိပ်မကြာခင်မှာပဲ ဝမ်လင်းက ကျောက်သရဲမျက်နှာဖုံးနှင့် ကျန်းလျှိုယွဲ့ တို့ကို တွဲမြင်ခဲ့ရသည်။

ကျန်းလျှိုယွဲ့၏ ခန္ဓာကိုယ်ကို ငှားရမ်းပြီးနောက် မိစ္ဆာအင်ပါယာ ကွာဖီက မြေပြင်ကနေ နောက်တစ်ကြိမ် မတ်တပ်ထရပ်လိုက်သည်။

ခေါင်းတလားမှ ရှင်ပြန်ထမြောက်လာသော အလောင်းတစ်လောင်း ကဲ့သို့ သူ၏ မျက်လုံးများမှ အနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ်လာသည်။

"အချိန်အကြာကြီး ချိတ်ပိတ်ခံရပြီးတဲ့ နောက်မှာ အစွမ်းထက် သခင်တစ်ယောက် နဲ့ တွေ့လိမ့်မယ်လို့ မထင်ခဲ့ဘူး"

ကျန်းလျှိုယွဲ့၏ ခန္ဓာကိုယ်ကို ဌားထားသည့် မိစ္ဆာအင်ပါယာကွာဖီက မျက်လုံးများကို မှိတ်ထားလိုက်သည်။

သူက ညာလက်ကိုဆန့်ပြီး "မှော်ဓား...လာခဲ့စမ်း"

အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် လေထုက ရုတ်တရက် တုန်ခါသွားသည်။

ထို့နောက် အနက်ရောင် ဓားတစ်စင်း ထွက်ပေါ်လာပြီး မိစ္ဆာအင်ပါယာကွာဖီ၏ လက်ထဲသို့ ကျရောက်သွားသည်။

တစ်ချိန်က ဟွာရှို့နိုင်ငံတစ်ခုလုံးမှာ ကွာဖီ၏ အစွမ်းထက်သောစွမ်းရည်ကြောင့် ခြိမ်းခြောက် ခံခဲ့ရသည်။

သူက နေရာလွတ်ထဲတွင် မှော်ဓားကို ဝှက်ထားနိုင်ပြီး အချိန်မရွေး အလိုအလျောက် ဆင့်ခေါ်နိုင်သည်။

ဤနည်းစနစ်က စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်ထက်ပင် ကျော်လွန်နေသည်။

ဝမ်လင်းက အနက်ရောင်ဓားကို စိုက်ကြည့်လိုက်သည်။

ငွေရောင်ဓားပြားပေါ်တွင် ထူးဆန်းသော ပုံစံတစ်ခုကို ထွင်းထုထားပြီး ဓားအစွန်းက နှင်းများကဲ့သို့ သန့်ရှင်း တောက်ပနေကာ မိစ္ဆာအင်ပါယာ ကွာဖီ၏ မကောင်းသော မျက်လုံးများကို ထင်ဟပ်စေသည်။

ကွာဖီက သူ့လက်ကို ဝှေ့ရမ်း လိုက်သောအခါ အနက်ရောင်ဓားက လေထဲသို့ တိုက်ရိုက် ပျံသန်းသွားသည်။

သူက ဝမ်လင်းကို အေးစက်စက် ကြည့်ကာ စကားတစ်ခွန်းကိုပြောလိုက်သည်။

"ခုတ်စမ်း"

မျက်စိတစ်မှိတ် အတွင်းမှာပင် အနက်ရောင်ဓားက အနက်ရောင်ဓားရိပ်အဖြစ် ပြောင်းလဲသွားကာ ဝမ်လင်းကို ပြင်းထန်စွာ ခုတ်ချလိုက်သည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်း၏ အိတ်ကပ်ထဲမှ အလင်းတန်းတစ်ခု လျင်မြန်စွာ တုံ့ပြန်လာသည်။

အနက်ရောင် ဓားအလင်းကို ခုခံရန် အညိုရင့်ရောင် ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။

မိစ္ဆာအင်ပါယာကွာဖီက လှောင်ပြောင်လိုက်သည်။

"ဒါက အသုံးဝင်မှာ မဟုတ်ဘူး.. ငါ့ဓားက သင်္ချိုင်းဟောင်း တစ်ခုကနေ ငါရခဲ့တဲ့ ရှေးခေတ် မှော်လက်နက်တစ်ခုပဲ.. ထိပ်တန်းအဆင့်မြင့် သိဒ္ဓိ လက်နက်တစ်ခု ဆိုလည်းမမှားဘူးပေါ့.. သူ့ရဲ့ အကြီးမားဆုံး အားသာချက်က အပ်စိုက်ကုထုံး အချက်အချာ သွေးကြောတွေကို တိုက်ခိုက်ရင် ရွှေကိုယ်ထည်ကို ဖျက်ဆီးနိုင်တာပဲ.. ဒီဓားကို ယှဥ်နိုင်တဲ့ဓားက ကမ္ဘာပေါ်မှာ လက်ချိုးရေတွက်လို့ရတယ်"

သူပြောနေသည့် အချိန်မှာပင် ဓားအလင်းနှစ်ခုက ထိပ်တိုက်ဆုံမိသွား၏။

အညိုရင့်ရောင် ဓားအလင်းက အနက်ရောင် ဓားအလင်းကို တဖြည်းဖြည်း လွှမ်းမိုးလာသည်အထိ ဓားရိပ်များက ရောထွေးနေခဲ့၏။

ခဏအကြာတွင် အညိရင့်ရောင် ဓားအလင်းမှာ မိစ္ဆာအင်ပါယာကွာဖီကို အားပြင်းစွာ သက်ရောက်သွားခဲ့သည်။

ဤတုံ့ပြန်မှုက အလွန်ပင် ပြင်းထန်သည်။

မိစ္ဆာ အင်ပါယာ ကွာဖီ၏ ခန္ဓာကိုယ် ပြင်းထန်စွာ လှုပ်ယမ်းသွားခဲ့သည်။

နောက်ဆုံးတွင် ကျင့်ခယ် ထုတ်လွှတ်လိုက်သော စွမ်းအင် လှိုင်းကို ဖြိုခွဲရန် ကွာဖီက သူ၏ ခွန်အား အလုံးစုံကို အသုံးပြုခဲ့ရသည်။

သူက ချွေးများရွှဲနစ်နေခဲ့၏။

သူအစောပိုင်းက သေလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့သည်။

မိစ္ဆာ အင်ပါယာကွာဖီက မယုံကြည်နိုင်သော အမူအရာဖြင့် ဝမ်လင်းကို စိုက်ကြည့်နေ၏။

"ချီး ဘာလဲဟ.. အဲဒါက မက်မွန်သစ်သားဓား တစ်လက်ပဲ မဟုတ်ဘူးလား"

"ဒါက ဘယ်လိုဟာသမျိုးလဲ"

"ဒီနေ့ ငါတို့ထဲက တစ်ယောက်တော့ သေရလိမ့်မယ်"

ကွာဖီက ပြင်းထန်စွာ ကြုံးဝါးလိုက်သည်။

သူက အနက်ရောင်ဓားကို ပြန်လည် ဆင့်ခေါ်ကာ ကိုယ်တိုင် ရှေ့တက်လာခဲ့သည်။

ဝမ်လင်း၏ အမူအရာမှာ တည်ငြိမ်နေ၏။

တစ်ဖက်သား၏ကြုံးဝါးသံကို သူနည်းနည်းမှ သတိမထားမိပေ။

သူက သူ့မျက်လုံးထဲတွင် အလွန် နှေးကွေးနေပုံ ပေါ်သည့် သူ့ပြိုင်ဘက်၏ လှုပ်ရှားမှုတိုင်းကို အကဲခတ်နေသည်။

ကျင့်ခယ်ကိုကိုင်၍ တိုက်ခိုက်လိုက်သော အခါတွင် မိနစ်ပိုင်းအတွင်း အမျိုးမျိုး ပြောင်းလဲနေသည့် ကွာဖီ၏ မျက်နှာ အမူအရာကို မြင်တွေ့လိုက်ရသည်။

ဆယ်မီတာ..

ရှစ်မီတာ..

ခြောက်မီတာ..

မိစ္ဆာအင်ပါယာကွာဖီက သူ၏ ရှေးဟောင်းမှော်ဓားကို အလွန်အားကိုးခဲ့သည်။

သို့သော်နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် လှုပ်ရမ်းနေသော ရင်သားများနှင့် အတူ ဟန်ချက်လုံးဝ ပျက်ယွင်းသွားခဲ့သည်။

ဝမ်လင်းက မိစ္ဆာအင်ပါယာ ကွာဖီ၏ မျက်နှာပေါ်မှ ရှက်ရွံ့မှုအရိပ်အယောင်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ထို့နောက် ကွာဖီက ရုတ်ခြည်း "အိုး.. ငါ့လခွမ်း" ဟူသော အာမေဋိတ်ကိုရေရွတ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ဝမ်လင်း "............."

All Chapters