နတ်ဆိုးကြီး၏ လျှို့ဝှက်နေရာလွတ်နယ်မြေ
Vol. 13 Ch. 193
ခရမ်းရောင်ရွှေ ဘူးသီးခြောက်၏ မြူများက ကွာဖီကို သူမူလ ချိတ်ဆက်ထားသည့်နေရာသို့ တိုက်ရိုက် ခေါ်ဆောင်သွားသည်။
၎င်းမှာ လွန်ခဲ့သော နှစ်တစ်ထောင်က သူပထမဆုံး ဖွင့်လှစ်ခဲ့သော ကမ္ဘာငယ်လေးဖြစ်ပြီး ကွာဖီ စစ်တပ်ကို မူလတည်ထောင်ခဲ့သည့် နေရာလည်း ဖြစ်သည်။
ကွာဖီက အသက်ကို မနည်းရှုနေရပြီး မြေကြီးပေါ်တွင် မှောက်လျက်သား ဖြစ်နေ၏။
အကယ်၍ သူ့တွင်သာ ဤခရမ်းရောင်ရွှေ ဘူးသီးခြောက် မရှိလျှင် တစ်ဖက်လူ၏ ရိုက်နှက်ခြင်းကို ခံရလိမ့်မည် ဟူသောအချက်မှာ အနည်းငယ်မျှပင် သံသယဝင်စရာ မလိုအပ်ပေ။
သူ့ရင်ဘတ်ပေါ်ရှိ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သော ရင်သား နှစ်ခုအပြင်၊ သူ၏ တစ်ခုတည်းသော အားနည်းချက်မှာ ဤခန္ဓာကိုယ်တွင် သူ၏ခွန်အားကို အပြည့်အဝ အသုံးမပြုနိုင်ခြင်း ဖြစ်သည်။
ဤအတိုင်းဆိုလျှင် သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည် သန်စွမ်းလာစေမည့် ခန္ဓာကိုယ်ကို ရှာဖွေရန် နည်းလမ်းကို စဉ်းစားရပေမည်။
"ဒီလူသတ်ဆရာ အကြောင်း မင်းဘယ်လောက်သိထားလဲ"
သူက တည်ငြိမ်မှုရအောင် ခဏမျှ အချိန်ယူပြီးနောက် လက်ထဲတွင်ရှိသော ကျောက်သရဲ မျက်နှာဖုံးကို စိုက်ကြည့်လိုက်သည်။
မျက်နှာဖုံးမှ ကျန်းလျှိုယွဲ့၏ အသံက ထွက်ပေါ်လာသည်။
"ဒီလူကို ငါမမြင်ဖူးပေမယ့် သူက အတော်လေး အစွမ်းထက်ပြီး ရှာရခက်တယ်လို့ ကြားဖူးတယ်.. သူက မကောင်းမှု လုပ်တဲ့ သူတွေကို ရွေးသတ်လေ့ ရှိတယ်.. လူတစ်ယောက်က ပိုပြီး မိစ္ဆာဆန်လေလေ သေခြင်းတရားက ပိုပြီး ရုပ်ပျက်ဆင်းပျက် ဆိုးဝါးလေပဲ"
ထိုစကားကိုကြားလျှင် ကွာဖီက ရယ်မောလိုက်သည်။
ဟွာရှို့နိုင်ငံကို စတင် တည်ထောင်ချိန်မှစ၍ ကမ္ဘာတစ်ဝှမ်းလုံးကို ထိတ်လန့် ကြောက်ရွံ့အောင် သြဇာ ဖြန့်ကျက်နိုင်ခဲ့သော ကျင့်ကြံသူ မည်မျှရှိခဲ့သနည်း။
ဤသည်မှာ လက်တွေ့အားဖြင့် သူ့ထံသို့ စိန်ခေါ်သည့် စာတစ်စောင်လို ဖြစ်ခဲ့သည်။
လူသတ်ဆရာက သူ့ကို သတ်ဖြတ်ရန် ကြိုးစားနေသည်လော။
"ဒါပေမယ့် ဒဏ္ဍာရီလာ လူသတ်ဆရာကို ဒီလောက်ထိ ကြောက်စရာကောင်းလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး.. သူက သူတော်စင် ခန္ဓာကိုယ် အဆင့်အထိတောင် ကျင့်ကြံနိုင်ခဲ့တယ်"
ကျန်းလျှိုယွဲ့က သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
"အရှင်တောင် ရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်.."
ကွာဖီ၏နှုတ်ခမ်းများက လှုပ်ယမ်းသွားသည်။
"ဟားဟား.. ငါအရှင်သခင် အဲဒါကို သိပ်သတိမထား မိလိုက်ဘူး.. ငါအရှင် အလိုက်ဖက်ဆုံး ခန္ဓာကိုယ်ကို ရှာတွေ့တဲ့အထိ စောင့်ပါ.. ငါ့ရဲ့ ကြံ့ခိုင်မှု အပြည့်အဝ ပြန်ကောင်းလာတဲ့ အခါကျရင် ဒီလူသတ်ဆရာကို သတ်ဖို့ ဘယ်လောက် လွယ်မယ်ဆိုတာ ပြောပြဖို့တောင် လိုမယ် မထင်ဘူး"
ကျန်းလျှိုယွဲ့က ထိုစကားကို မချေပဝံ့ပေ။
ကျောက်သရဲ မျက်နှာဖုံးမှ သူမက ပတ်ဝန်းကျင်ကမ္ဘာကို အကဲခတ် ကြည့်လိုက်သည်။
"အရှင်.. ငါတို့ အခုဘယ်နေရာမှာလဲ"
"ဒါက အရင်တုန်းက ငါဖွင့်ခဲ့တဲ့ ကမ္ဘာငယ်လေးပါ.. လူတော်တော်များများက ကမ္ဘာငယ်လေးကို ထူထောင်ဖို့ မှော်ရတနာကို အသုံးပြုကြတယ်.. ဒါပေမယ့် ဒီကမ္ဘာငယ်လေးက မတူပါဘူး.. ဒါက ဂြိုလ်သားကို အခြေခံထားတာပါ.. တကယ့်ကမ္ဘာနဲ့ လုံးဝအပြိုင် ဖြစ်နေမယ့် နေရာလွတ် နယ်မြေ တစ်ခုပေါ့"
ကွာဖီက သူ့နောက်မှ မှော်အစီအရင်တစ်ခုကို ညွှန်ပြလိုက်သည်။
"ဒီမှော်အစီအရင်ကို တွေ့လား.. ဒါက ဒီကမ္ဘာငယ်လေးရဲ့ ထွက်ပေါက်ပါပဲ.. လက်တွေ့ကမ္ဘာကို ပြန်ရောက်ဖို့ အဲဒါကို ဖြတ်ကျော်ဖို့ပဲလိုတာ.. ဟိုတုန်းကတော့ အရမ်းသာယာတဲ့ နေရာကို ရွေးခဲ့တာ မှတ်မိသေးတယ်.. အခု ဘယ်လိုပုံစံ ဖြစ်နေမယ် ဆိုတာ ဘယ်သူ သိနိုင်မှာလဲ.."
ကျန်းလျှိုယွဲ့က ကွာဖီ၏ စကားကို နားထောင်ရင်း အလွန်အံ့ဩသွားခဲ့သည်။
ဤမိစ္ဆာအင်ပါယာက ကျောက်သရဲ မျက်နှာဖုံးတွင် နှစ်ပေါင်းတစ်ထောင်ကျော် တံဆိပ်ခတ် ခံထားရသည်။
ဆိုလိုသည်မှာ ဤကမ္ဘာကြီးတွင် အနှစ်တစ်ထောင်ကျော်မျှ မနေနိုင်ခဲ့ပေ။
ပုံမှန်အားဖြင့် ကမ္ဘာငယ်လေး၏ အသက်စွမ်းအားကို ပိုင်ရှင်၏ ဝိညာဉ်စွမ်းအင် အရင်းအမြစ် နှင့် ချိတ်ဆက်ထားကြသည်။
ကွာဖီက အချိန်အတော်ကြာ ချိတ်ပိတ်ခံထားရသဖြင့် ဤကမ္ဘာငယ်လေးက စွန့်ပစ်မြေယာ တစ်ခု အဖြစ်သာ ရှိနေမည်ဟု ယူဆရသည်။
သို့သော် ကျန်းလျှိုယွဲ့၏ မျှော်လင့်ချက်များနှင့် ဝေးကွာစွာပင် ဤကမ္ဘာငယ်လေးက ပုံမှန်အတိုင်း လည်ပတ်နေဆဲ ဖြစ်သည်။
"မင်းရဲ့ခန္ဓာကိုယ်ကြောင့် ငါ့ရဲ့ ခရမ်းရောင်ရွှေ ဘူးသီးခြောက်ကို အသက်သွင်းပြီး ဒီကို ပြန်လာနိုင်ခဲ့တယ်.. ဒီနေရာမှာ မှော်ရတနာတွေ အများကြီး ငါဝှက်ထားခဲ့တယ်.. အခုတော့ အဲဒါတွေကို ကောင်းကောင်း အသုံးချဖို့ အချိန်ရောက်လာပြီ.. ဟားဟား"
ကျောက်သရဲမျက်နှာဖုံးကို ကိုင်ထားသည့် ကွာဖီက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
မြက်ခင်းပြင် ရှိသော နေရာအထိ ကွာဖီက လမ်းလျှောက်လာသည်။
ဤနေရာတွင် "မြက်"၏အရောင်မှာ အနက်ရောင် ဖြစ်နေ၍ အနည်းငယ် ထူးဆန်းသည်ဟု ဆိုရမည်။
ကျန်းလျှိုယွဲ့က သူမ၏ လောကအပေါ် အမြင်များ ကျယ်ပြန့်လာသလို ခံစားလိုက်ရသည်။
"မိစ္ဆာအင်ပါယာ ငါတို့အခု ဘယ်နား ရောက်နေတာလဲ"
"အခု ငါတို့ မတ်တပ်ရပ်နေတဲ့ နေရာက နယ်နိမိတ် ထောက်ပံမှုနေရာပါ.. ဒါက ဒီကမ္ဘာငယ်လေးကို ထိန်းကျောင်းပေးတဲ့ အခြေခံ အုတ်မြစ်ပါပဲ.. ဒီကမ္ဘာငယ်လေးကို အထူးတည်ဆောက်ဖို့အတွက် ကမ္ဘာခြားဂိတ်က လူသားမှင်စာရဲ့ ဦးခေါင်းကို အုတ်မြစ်အဖြစ် ငါအသုံးပြုခဲ့တယ်.. ဒီကမ္ဘာငယ်ကို ငါအရှင်သခင် မရှိရင်တောင်မှ ဒီလူသားမှင်စာက ဝိညာဉ်စွမ်းအင်ရဲ့ ဒုတိယအရင်းအမြစ် အဖြစ် စွမ်းဆောင်နိုင်သေးတယ်လေ"
"ဒီကမ္ဘာငယ်လေးမှာအပေါများဆုံးက ဝိညာဉ်စွမ်းအင်ပဲ.. ဒီနေရာက ပြန်လည်ထူထောင်ရေး နည်းလမ်းကို မင်း ဆက်လက် ကျင့်ကြံနိုင်ဖို့အကောင်းဆုံးနေရာပဲ.. ဒီနေရာက ကုသဖို့ လိုအပ်တဲ့အချိန်ကို သိသိသာသာ လျှော့ချပေးလိမ့်မယ်.. ငါမင်းရဲ့ခန္ဓာကိုယ်ထဲမှာ အချိန်အတော်ကြာ နေမှာဖြစ်တဲ့အတွက် မင်းရဲ့ခွန်အားကို မြန်မြန် ပြန်ရနိုင်တယ်"
"ဒါဆို ငါတို့က ဒီလူသားမှင်စာရဲ့ ခန္ဓာကိုယ်မှာ ရှိနေတာလား"
ကျန်းလျှိုယွဲ့က မေးလိုက့သည်။
"ဟုတ်တယ်.. ဒီ အနက်ရောင်မြက်က သူ့ရဲ့ အမွေးပဲ"
ကွာဖီက ခေါင်းညိတ်လိုက်သည်။
"ဒီလူသားမှင်စာက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ငါ့ရဲ့ရုပ်သေးပါပဲ"
ကျန်းလျှိုယွဲ့ "အရှင့်ရဲ့ နယ်နိမိတ်ထောက်ပံမှုက တကယ်မိုက်တာပဲ.."
ကွာဖီက ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
"ဟားဟား.. အဲဒီနာမည် အစား တခြားနာမည်ကို ပိုကြိုက်တယ်။"
ကျန်းလျှိုယွဲ့ "ဘယ်လိုနာမည်လဲ"
ကွာဖီ "လူသားစတေးခြင်းစွမ်းအား"
ကျန်းလျှိုယွဲ့ "............"
....................
ဝမ်လင်းက ကုန်စုံဆိုင်မှ ပြန်လာချိန်တွင် နောက်ကျနေပြီဖြစ်သည်။
မကြုံစဖူး လှုပ်ရှားမှုတစ်ခု အဖြစ် သူက ကျိုးရီထံ မက်ဆေ့ချ် တစ်စောင် ပေးပို့ခဲ့သည်။
ဝမ်လင်းက ကျိုးရီကို တပည့်အဖြစ် လက်ခံပြီးနောက်တွင် ကျိုးရီကသူ့အတွက်ဘာမှအသုံးမဝင်ဟုထင်ခဲ့သည်။
သို့သော် ယနေ့တွင်မူ ကျိုးရီကို မည်သို့ အသုံးပြုရမည်ကို သိရှိလာခဲ့သည်။
သူက ကျိုးရီ၏ အကူအညီဖြင့် တတိယသူတော်စင်ကို ရဲစခန်းမှ အာမခံဖြင့် ထုတ်ရန် စဥ်းစာမိခဲ့သည်။
နောက်ဆုံးတွင် တတိယ သူတော်စင်မှာ အစားအသောက် ပို့ဆောင်ရေး ဝန်ထမ်းများ ပျောက်ဆုံးမှုနှင့် လားလားမျှ မသက်ဆိုင်ချေ။
ထို့ကြောင့် သူ့အတွက် ကြီးမားသောကိစ္စများ ဖြစ်လာစရာ အကြောင်းပြချက်လည်း မရှိပေ။
ဝမ်လင်းက ဖုန်းကို ကောက်ကိုင်လိုက်ပြီး ပါးစပ် မဖွင့်ရသေးခင်မှာပင် တစ်ဖက်မှ ကျိုးရီက အဆက်မပြတ် စကားတွေပြောနေခဲ့သည်။
ကျိုးရီက ဝမ်လင်းပြောဖို့ပင် အလှည့်မပေးခဲ့ချေ။
"ဆရာ စိတ်မပူပါနဲ့.. ဆရာက တတိယ သူတော်စင်ကို ရည်ညွှန်းနေတာ မဟုတ်လား.. ကျနော် သူ့ကို အာမခံပေးဖို့ တစ်ယောက်ယောက်ကို ချက်ချင်း လွှတ်လိုက်ပါ့မယ်.. အိုး.. ဒါနဲ့ ကျနော် အောင်မြင်အောင် ဆောင်ရွက်နိုင်ရင် ဆုချမှာလား"
"............"
ဝမ်လင်းက "မွမွ"ဆုချမယ်ဟု ပါးစပ်က ပြောလိုက်ချင်သော်လည်း သူ၏ အေးစက်စက် ပုံသဏ္ဍာန်နှင့် လုံးဝ မလိုက်ဖက်ဟု ခံစားမိသည့် အတွက် အဆုံးသတ်တွင် သူ့စကားများကို မျိုသိမ့်ပစ်လိုက်ရသည်။
ဝမ်လင်းဆီမှ အကြောင်းမပြန်သော်လည်း ကျိုးရီက ဇွဲမလျော့ခဲ့ပေ။
"ဆရာ.. နားလည်မှု မလွဲပါနဲ့.. ပစ္စည်းဆု မလိုချင်ပါဘူး... စိတ်ဓာတ်တက်ကြွစေတဲ့ တစ်ခုခုကို လိုချင်တာပါ.. အရမ်းအားစိုက်ထုတ်စရာ မလိုဘဲ နေ့တိုင်း အားမာန်အပြည့်နဲ့ အထူးကောင်းတယ်လို့ ခံစားရတဲ့ဆုမျိုးကို လိုချင်ပါတယ်"
ဝမ်လင်း "............"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ၏စကားက အဓိပ္ပါယ်နှစ်ခွသက်ရောက်နေမှန်း ကျိုးရီ သတိထားမိသွား၏။
"ဆရာ.. နားလည်မှုမလွဲနဲ့နော်.. ကျနော်က သိုင်းပညာအကြောင်းကို ပြောနေတာပါ"
ထို့နောက်တွင် ဝမ်လင်းက ဖုန်းကို ချကာ စဉ်းစားလိုက်ပြီး အဆင့်မြင့် မျက်လုံး လေ့ကျင့်ခန်းများကို ကျိုးရီထံ ပေးပို့လိုက်သည်။
ဤသည်မှာ အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျိုးရီ ဘွဲ့ရသောအခါတွင် လက်လှမ်းမမီခဲ့သည့် မျက်လုံး လေ့ကျင့်ခန်းများဖြစ်၏။
............
ကျိုးရီက ကိစ္စများကို ပြီးမြောက်အောင် ဆောင်ရွက်ရာတွင် အလွန်လျင်မြန်ပြီး ထိရောက်သည်ဟု ဆိုရမည်။
ဖုန်းခေါ်ပြီး နာရီဝက်ပဲကြာသည်။
ဝမ်လင်းက သတင်းကို ဖွင့်လိုက်သောအခါတွင် တတိယသူတော်စင် အနီး၌ သတင်းထောက်များ ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။
သူ၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ကာကွယ်ရန် အတွက် တီဗွီရှိ သူ၏ မျက်နှာကို ဆော့ဝဲလ်ဖြင့် ဖုံးကွယ်ပေးထား၏။
"မစ္စတာ ယွဲ့ဖေး.. ဒီအစားအသောက် ပို့ဆောင်ရေးဝန်ထမ်းတွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ပြောပြပေးလို့ရမလား.. ခင်ဗျားကို တကယ်တော့ ဒီရာဇ၀တ်မှုနဲ့ ပတ်သက်နေတယ်လို့ တချို့က ယူဆနေကြတယ်.. အခု မစ္စတာယွဲ့ လွတ်လာတာက သက်သေ အထောက်အထား မလုံလောက်မှုကြောင့်လား"
မိုက်ခရိုဖုန်းကိုင်ထားသည့် အမျိုးသမီး သတင်းထောက်က မေးလိုက်သည်။
တတိယသူတော်စင်က အမျိုးသမီး သတင်းထောက်ကို ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ဒါက လုံးဝ လုပ်ကြံ စွပ်စွဲမှု တစ်ခုပါ.. ဒီကိစ္စကို ကိုင်တွယ်ဖို့ ငါ့ရှေ့နေကို မှာထားပြီးပါပြီ"
ဝမ်လင်း ".........."