← Chapters

ငါက လူကောင်းပါ ဒါပေမဲ့ သူတော်စင်မိခင်တော့မဟုတ်ဘူး

Vol. 13 Ch. 194

ငါက လူကောင်းပါ ဒါပေမဲ့ သူတော်စင်မိခင်တော့မဟုတ်ဘူး

Vol. 13 Ch. 194

ဇွန်လ ၁၂ ရက်နေ့သည် စာသင်နှစ်၏ သတ္တမအပတ်မြောက် တနင်္ဂနွေနေ့ ဖြစ်သည်။

ပျောက်ဆုံးနေသော အစားအသောက် ပို့ဆောင်ရေးသမားများ၏ အဖြစ်အပျက်က လက်ရှိအချိန်တွင် ပြီးဆုံးသွားပုံရသော်လည်း နောက်ဆက်တွဲ ပြဿနာကို ဖြေရှင်းရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေသည်။

ကျိုးရီက တတိယသူတော်စင်ကို အာမခံပေးခဲ့ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်ကလည်း နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများနှင့် နောက်ဆက်တွဲ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီပေးခဲ့သည်။

ထိုညမှာပင် ဘူးသီးခြောက်ထဲမှ ဝိညာဥ် ၂၁ကောင်၏ သက်သေ ထွက်ဆိုချက်များကို ယူဆောင်ခဲ့သည်။

၎င်းတို့က ယခုအခါတွင် ဝိညာဉ်များ ဖြစ်နေကြသော်လည်း ၎င်းတို့၏ သက်သေခံချက်မှာ ဟွာရှို့ နိုင်ငံ၏ တရား ဥပဒေနှင့်အညီ အကျုံးဝင်ခဲ့သည်။

တစ်ညတာ အပြန်အလှန် စစ်ဆေးမှု အပြီးတွင် ဂရုချက်၌ ဗုံးပစ်စီနီယာ အင်မော်တယ်က အခြေအနေကို ရှင်းပြခဲ့သည်။

"နောက်ထပ် လုပ်ရမှာက ဒီဝိညာဥ်၂၁ကောင် အတွက် မတော်တဆ ထိခိုက်မှု အာမခံ လျှောက်ထားရာမှာ ကူညီပေးဖို့ပါပဲ"

မနက်စောစောတွင် ဝမ်လင်းက ချက်တင်ခန်းမှ စကားပြောမှတ်တမ်းကို လှန်ကြည့်လိုက်သည်။

"မတော်တဆထိခိုက်မှုအာမခံလား"

ချိုက်လျန်က ရေရွတ်လိုက်သည်။

"မတော်တဆ ထိခိုက်မှု အာမခံမှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်.. ပထမတစ်ခုကတော့ သေဆုံးပြီးသား ဖြစ်သွားတဲ့ မိသားစုတွေကို လျော်ကြေးပေးဖို့ပဲ.. ငါတို့တွေ တတ်နိုင်တဲ့ နည်းလမ်းနဲ့ ကျန်ရစ်သူ မိသားစုတွေကို ကူညီဖို့ နည်းလမ်းရှာရမယ်.. ဒုတိယရွေးချယ်မှု သူတို့ကို ခန္ဓာကိုယ်တည်ဆောက်ရာမှာ အကူအညီ ပေးဖို့ပဲ.. စိတ်ဝိညာဉ် အတော်လေး ပြီးပြည့်စုံသေးတဲ့ အခြေအနေမှာဆို ဒီအာမခံက အကြုံးဝင်တယ်"

"ခန္ဓာကိုယ်ကို ဘယ်လိုတည်ဆောက်မှာလဲ"

ချိုက်လျန်က မေးလိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ် "ဟုတ်ပါတယ်.. သူတို့ရဲ့ နယ်ပယ်က အရမ်းမြင့်နေရင်တော့ လုပ်လို့မရပါဘူး.. ဒါပေမယ့် ရွှေအမြူတေ အဆင့်အောက် ဆိုရင်တော့ ရွှံ့စေးကို စကြဝဠာစွမ်းအားတွေပါတဲ့ ဝိညာဥ်ကြာပန်းအမြစ်နဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်နိုင်ပါတယ်.. ဒါပေမယ့် ဒါက အတော်လေးစျေးကြီးတယ်.. ယေဘုယျအားဖြင့်တော့ မသန်စွမ်းတွေ အတွက် ပဲ ခြေလက်အင်္ဂါတွေ လုပ်လေ့ရှိတယ်.. ခန္ဓာကိုယ် တစ်ခုလုံးဖန်တီးတဲ့ ကုန်ကျစရိတ်က သာမန်ကျင့်ကြံသူ တစ်ယောက်အတွက် ကုန်ကျစရိတ်က ကောင်းကင်ကြီးလို မြင့်မားနေလိမ့်မယ်.. ဒါပေမယ့် အာမခံကနေရတဲ့ ငွေကြေးနဲ့ ဆိုရင်တော့ ကုန်ကျစရိတ်ကို ကာမိနိုင်မှာပါ"

"ဝိညာဥ်ကြာပန်းအမြစ်လား"

ဝမ်လင်းက စခရင်ကို စူးစူးစိုက်စိုက်ကြည့်ရင်း အကြောင်းတစ်ခုခုကြောင့် ဒဏ္ဍာရီထဲက နီကျားကို ရုတ်တရက် တွေးလိုက်မိသည်။

နီကျားကလည်း ကြာပန်းကနေ ပြန်လည် တည်ဆောက်ခဲ့ခြင်းမဟုတ်ပါလော။

ချိုက်လျန် "ဒါပေမယ့် အခု အားလုံးက ဘူးသီးခြောက်ထဲရောက်နေတာလေ.. အာမခံ ဘယ်လို လျှောက်ထားကြမှာလဲ.. လျှောက်ထားနိုင်ရင်တောင် လက်မှတ်ဘယ်လိုထိုးမှာလဲ"

"ဒါက ကြီးကြီးမားမား ကိစ္စ မဟုတ်ပါဘူး.. သူတို့ရဲ့ စိတ်ဝိဥာဉ်တွေက အလင်းနဲ့ ထိတွေ့လို့ မရဘူး ဆိုတော့ နှုတ်နဲ့ အသံသွင်းထားတဲ့ မှတ်တမ်းတွေကို အသုံးပြုပြီး သူတို့ရဲ့ ကိုယ်စားလှယ်အဖြစ် သူတို့ရဲ့ကိုယ်စား ငါတို့က လျှောက်ထားလို့ရပါတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က အပြုံး အီမိုဂျီတစ်ခု ပေးပို့ခဲ့သည်။

"ဟုတ်ပါတယ်.. ငါတို့ ဒါကို အလကားတော့ လုပ်ပေးမှာ မဟုတ်ဘူး.. မနေ့က သူတို့နဲ့ ဆွေးနွေးပြီးတဲ့အခါ အာမခံလျော်ကြေးရလာခဲ့ရင် ငါတို့ကို ကိုယ်စားလှယ်ကြေး နှစ်ဆယ်ရာခိုင်နှုန်း ပေးမယ်လို့ သူတို့က သဘောတူထားတယ်"

ဝမ်လင်း "............."

ချိုက်လျန်"စီနီယာအင်မော်တယ်... အစက ရှင့်ကို တကယ့် လူကောင်းတစ်ယောက်လို့ ကျမ ထင်နေခဲ့တာ"

"ချိုက်လျန်.. မင်းရဲ့ တွေးခေါ်ပုံက မှားနေတယ်.. စဉ်းစားကြည့်စမ်း.. ဒီလူတွေကို ငါတို့က ကယ်တင်ခဲ့ပြီး သူတို့က ငါတို့ကို ဘာမှ ပြန်မပေးနိုင်ရင် သူတို့ရဲ့ အသိစိတ်က ဘယ်လောက်တောင် ထိခိုက်သွားလိမ့်မလဲ

ချိုက်လျန် ".........."

စီနီယာ အင်မော်တယ် "ငါက လူကောင်းပဲ.. ဒါပေမဲ့ သူတော်စင်မိခင်တော့ မဟုတ်ဘူး.. တောင်းသင့်တာကိုတော့ တောင်းရမှာပဲ.. နောက်ပြီး ညီနောင်ထုန်ရာရဲ့ ဘူးသီးခြောက်ကမ္ဘာငယ်လေးထဲမှာ နေတဲ့ ကုန်ကျစရိတ်တွေ ရှိသေးတယ်.. ငါတို့ အများအကျိုး အတွက် အလုပ်တွေ လုပ်တဲ့အခါ ဆက်ဆံရေး စရိတ်တွေ အများကြီး ကုန်ကျတယ်လေ.. အဲဒီထဲမှာ ဒုက္ခအပေးဆုံးက အာမခံကုမ္မဏီတွေပဲ.. သူတို့က အာမခံ အတွက် ငါတို့ဘက်က ငွေသွင်းတာကိုပဲ လိုချင်တာ.. သူတို့ဘက်က ပြန်ပေးရမယ်ဆိုရင်တော့ အရမ်းကြာတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်၏ စကားလုံးများကို ဖတ်ရင်း ဝမ်လင်းက လေးနက်သော နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။

ဖိုးဖိုးဝမ် အငြိမ်းစားယူခဲ့တဲ့ ပထမနှစ်တွင် ပင်စင်အတွက် လျှောက်ထားခဲ့သည့် အချိန်ကို ပြန်ပြောင်းသတိရမိခဲ့သည်။

ပင်စင် လုပ်ငန်းစဉ်တစ်ခုလုံး အတွက် စည်းမျဥ်းစည်းကမ်းတွေအရ အဆင့်ဆင့် လုပ်ဆောင် ပြီးစီးသော အခါတွင် တစ်နှစ်ခွဲလောက် အချိန်ယူခဲ့ရသည်။

"ဒီအချက်တွေအပြင် နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်က ကွာဖီရဲ့ တည်နေရာကို အမြန်စုံစမ်းနိုင်ဖို့ပဲ.. ရှေးဟောင်း မှော်ဓားကို ပြန်လည် ပြုပြင်နိုင်သ၍တော့ ညီနောင်လင်းက ကွာဖီကို တိုက်ရိုက် ခြေရာခံဖို့ အတွက် သူ့ရဲ့ မဟာစွမ်းအားကို အသုံးပြုနိုင်တယ်"

"ဒါပေမဲ့ ခရမ်းရောင် ရွှေဘူးသီးခြောက်နဲ့ ချိတ်ဆက်ထားတဲ့ နေရာက ခြေရာခံဖို့ မဖြစ်နိုင်လောက်တဲ့ နေရာတစ်ခု ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်"

"ဒီရှေးခေတ်မှော်ဓားကို ပြန်ပြုပြင်နိုင်မယ့် နည်းလမ်း ရှိလား"

ဖီလန်ဓားအင်မော်တယ်က ချက်ဂရုထဲတွင် မေးမြန်းခဲ့သည်။

"ရှိတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ပြောလိုက်သည်။

"ဒါဟာ ဆိုးဆိုးရွားရွား ပျက်စီးနေပုံရပေမယ့် တကယ်တမ်း ကြေမွသွားတာက အလယ်ပိုင်းလေးပါပဲ.. အပေါ်ပိုင်းနဲ့ အောက်ပိုင်းကတော့ နဂိုအတိုင်း ရှိပါသေးတယ်.. ဒီဓားကိုလျှပ်စီးဓမ္မရာဂျာက သူ့ရဲ့လျှပ်စီးစွမ်းအားနဲ့ ပေါင်းစည်းပေးဖို့ပဲ လိုအပ်တယ်"

ကိုးဆလူသား၊ချိုက်လျန်၊ဖီလန်ဓားအင်မော်တယ် "..........."

"ဒီလိုမျိုး စွမ်းအား တကယ်ပဲရှိတယ်လား"

"ဒီဓားကို ပြုပြင်ဖို့ ဓမ္မရာဂျာဆီ ငါတောင်းဆိုထားပြီးပါပြီ.. သူ အခု အလုပ်ရှုပ်နေပုံရတယ်.. ငါ့ မက်ဆေ့ခ်ျကို မဖတ်ရသေးဘူး"

ဗုံးပစ်စီနီယာ အင်မော်တယ် "ညီနောင်လင်း.. ဓားအပိုင်းအစတွေက မင်းမှာဆိုတော့ နေ့လည်ခင်းကျရင် ညီနောင်ထုန်ရာကို လွှတ်လိုက်မယ်...မင်းတို့နှစ်ယောက် ဓမ္မရာဂျာဆီ အတူတူသွားလိုက်ပေါ့.. ဟက်.. ငါသိပါတယ် မင်း ပုန်းနေတယ် မဟုတ်လား"

ဝမ်လင်းက စာကိုဖတ်ပြီးသည်နှင့် ချက်ချင်းငြိမ်ကျသွားသည်။

ထို့နောက် သူက ချက်တင်ခန်းကိုပိတ်ကာ ဘာမှ မဖတ်ရသေးသလို ဟန်ဆောင်လိုက်သည်။

.....................

အင်မော်တယ် ထုန်ရာက နေ့လည် တစ်နာရီလောက်တွင် ဝမ်မိသားစု အိမ်ငယ်လေးဆီသို့ လျှောက်လာသည်။

မေမေဝမ်က တံခါးကိုဖွင့်လိုက်ရာ အသားဖြူဖြူ အရပ်မြင့်မြင့် အမျိုးသား တစ်ယောက်ကို တွေ့လိုက်ရသည်။

ထုန်ရာက ယနေ့တွင် သူ၏ ဘူးသီးခြောက် အရက်ဘူးကို ယူဆောင်မလာခဲ့ပေ။

ထိုအစားကျောဘက်တွင်ဓားရှည်တစ်ချောင်းရှိနေသည်။

ယင်းက သူ့ကိုပို၍ပင် ချောမောခန့်ညားစေသည်ဟု ထင်ရ၏။

ဤလူက အလွန် ချောမောလွန်းသည်ဟု မေမေဝမ်က ခံစားမိခဲ့သည်။

လဲ့လေး(ဗုံးပစ်စီနီယာအင်မော်တယ်)က ဤအမျိုးသားလောက် ချောမောသော်လည်း ဟာသဓာတ်ခံ ရှိသည်မှာ ထင်ရှား၏။

လဲ့လေးသာ ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ခဲ့မည် ဆိုလျှင် လူရွှင်တော် တစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည်။

အခြားတစ်ဖက်တွင်မူ ဤမီးခိုးရောင် ဆံပင်နှင့် လူငယ်လေးမှာ အမျိုးသမီးများ၏ အာရုံကို အပြည့်အဝ ဖမ်းစားနိုင်သော အမျိုးသား တစ်ယောက် ဖြစ်သည်။

ထိုလူငယ်ထံ၌ စူပါစတား တစ်ယောက်၏ တကယ့် အရှိန်အဝါမျိုး ရှိနေ၏။

မေမေဝမ်ကို မြင်လျှင် အင်မော်တယ်ထုန်ရာက ချက်ချင်းပင် လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

"ဟယ်လို စီနီယာ.. ကျနော်က လင်းကျန်းရန်နဲ့ တွေ့ချင်လို့ရောက်လာတာပါ"

ဝမ်မိသားစု အိမ်ငယ်လေးတွင် နေထိုင်ကြသော လူများ အားလုံးမှာ ထူးထူးခြားခြား ပုဂ္ဂိုလ်များ ဖြစ်ကြောင်း သူသိသည်။

ထိုအိမ်ထဲတွင် ကျင့်ကြံခြင်း လောက၏ လျှို့ဝှက်ဆန်းကြယ်သော စီနီယာ အဘိုးအိုတစ်ဦး ရှိသည်ဟု ဗုံးပစ်စီနီယာ ထံကနေ သူကြားသိခဲ့ရသည်။

ထို့ကြောင့် သူက ဝမ်မိသားစု အိမ်ငယ်လေးသို့ ရိုသေလေးမြတ်သော နှလုံးသားဖြင့် ရောက်ရှိလာခဲ့သည်။

"လင်းလင်း မင်းသူငယ်ချင်းက မင်းကို ရှာနေတယ်"

မေမေဝမ်က တံခါးကိုဖွင့်ပြီး ဝမ်လင်းကိုအော်ခေါ်လိုက်သည်။

အစောပိုင်းကတည်းက အင်မော်တယ်ထုန်ရာ ရောက်ရှိလာသည့် အကြောင်းကို သိထားပြီ ဖြစ်၍ ဝမ်လင်းက အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ထို့နောက်တွင် သူသည် အဖြူရောင် ကင်းဗတ် ဖိနပ်တစ်ရံကို စီးကာ အင်မော်တယ်ထုန်ရာနှင့် အတူ ပခုံးချင်း ယှဥ်၍ ထွက်ခွာသွားခဲ့သည်။

သူတို့ထွက်သွားချိန်တွင် သူတို့၏ နောက်ကျောကို ကြည့်ရင်း မေမေဝမ်က ဝေခွဲမရ ဖြစ်နေသည်။

"သူတို့က ဟိုလိုမျိုးတော့ မဟုတ်လောက်ဘူး ထင်ပါရဲ့"

လင်းလင်းနဲ့ ဤလူငယ်လေးက တစ်ယောက်နှင့် တစ်ယောက် လိုက်ဖက်ညီလွန်းသည်ဟု သူမ ခဏလောက် ခံစားလိုက်ရသည်။

သူမ အရင်ဆုံး စိတ်အေးအေး ထားရမည်။

သူမက ငယ်တော့သည့် အရွယ် မဟုတ်သော်လည်း ပေါက်ကရ တွေးမိနေခဲ့သည်။

ယင်းမှာ တကယ်ကို မူမမှန်ပေ။

....................

ဤတစ်ကြိမ်တွင် အင်မော်တယ်ထုန်ရာက ကားယူလာခဲ့သည်။

ဇိမ်ခံအနက်ရောင် စူပါကားကို မြင်လျှင်ဝမ်လင်းက အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း အဆုံးသတ်တွင် ကားထဲသို့ ဝင်ထိုင်လိုက်သည်။

တကယ်တမ်း သူက သယ်ယူပို့ဆောင်ရေး ယဥ် အမျိုးအစားကို မကြိုက်နှစ်သက်ပေ။

သူက နေရာ အများအပြားသို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းခြင်း သို့မဟုတ် ပြေးခြင်းဖြင့် သွားနိုင်သော်လည်း သူနှင့် သိပ်မရင်းနှီးသော လူများရှေ့တွင် သူ့ကိုယ်သူ အလွန်အကျွံ ထုတ်ဖော်၍ မဖြစ်ပေ။

သူသာ အလွန်အကျွံ ထုတ်ဖော်မိလျှင် အင်မော်တယ်ထုန်ရာက သူ့ကို အလွတ်မပေးဘဲ နေလိမ့်မည်။

ဝမ်လင်း၏ လုံးလုံးလျားလျား အသိအမှတ်ပြုခြင်းကို ခံရသည့်သူ များစွာ မရှိခဲ့ပေ။

ထို့ကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်မှာ အထူးအခြေအနေတစ်ရပ်ဟုပင် ဆိုရမည်။

All Chapters