လျှပ်စီး စွမ်းအားကို သင်ကြားရန် အတွက်သာ အသုံးပြုသည်ဟု ထင်ပါသလော
Vol. 13 Ch. 195
ထိုသို့ပြောခြင်းမှာ ဝမ်လင်းက အင်မော်တယ်ထုန်ရာကို မနှစ်သက်သောကြောင့် မဟုတ်ပါ။
အင်မော်တယ်ထုန်ရာက ဉာဏ်ကောင်းပြီး အပိုဆုအဖြစ်ရုပ်ရည်ပါ ချောမောသော်လည်း ထိုအချက်မှာ ဝမ်လင်း၏ ဦးစားပေး အချက်အလက်တွင် နောက်ဆုံးမှ ပါဝင်ခဲ့သည်။
ရုပ်ရည်ကို အလေးထားသည့် ကမ္ဘာတစ်ခုတွင် ဝမ်လင်းက အသွင်အပြင်ကို ဂရုမစိုက်ပေ။
သူက သူ့မျက်နှာကို အလှပြင်ခွဲစိတ်စရာမလိုဘဲ သူလိုချင်သည့် ပုံစံအတိုင်း ပုံဖော်နိုင်သည်။
ထို့ကြောင့် ရုပ်ရည်က သူ့အတွက် အရေးမကြီးပါပေ။
ငယ်ရွယ်စဥ်က အလွန်ချောမောနေသဖြင့် သူ့အတန်းဖော်တွေကြားတွင် နာမည်ကြီးခဲ့သည်။
ယင်းအတွက်ကြောင့် သူက ငယ်စဉ်ကတည်းကပင် မျက်နှာကို အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့ပြီး နှစ်စဉ်နှစ်တိုင်း လူကြိုက်များသော အလှတရားစံနှုန်းများကို အခြေခံ၍ ပျမ်းမျှပုံစံနှင့် အံဝင်ခွင်ကျ ဖြစ်အောင် သူ့မျက်နှာကို ပြုပြင်ခဲ့သည်။
သူ၏ လက်ရှိ အသွင်အပြင်မှာ သာမန် ရုပ်ရည်အဆင့်ထက် အနည်းငယ် သာလွန်နေရုံသာ ပြင်ထားခြင်း ဖြစ်သည်။
ယင်းက သူ့အတွက် လုံလောက်သည်။
အင်မော်တယ်ထုန်ရာကို ဉာဏ်ရည်ထက်မြက်သူဟု ပြောရသည့် အကြောင်းရင်းမှာ အခြေအနေ တစ်ခုကို မည်ကဲ့သို့ ဖတ်ရှုရမည်ကို အမှန်တကယ် သိသည်ဟု ဝမ်လင်းက ခံစားမိသောကြောင့် ဖြစ်သည်။
သူတို့က တစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးသော်လည်း အင်မော်တယ်ထုန်ရာက ဝမ်လင်း၏ ပင်ကိုယ်စရိုက်ကို ကောင်းစွာ သိရှိထားပြီ ဖြစ်သည်။
လင်းကျန်းရန်က စကားပြောဆိုရတာမနှစ်သက်ကြောင်းသူသိခဲ့သည်။
ပြဿနာ တစ်ခုခု ရှိလျှင်ပင် ပါးစပ်ကနေ တိုက်ရိုက်ပြောလေ့မရှိချေ။
သူ၏ အသုံးအများဆုံး ဆက်သွယ်ရေး နည်းလမ်းမှာ စိတ်ချင်း ဆက်သွယ်၍ ပြောဆိုခြင်း ဖြစ်သည်။
သို့သော် ထိုနည်းလမ်းက တစ်ခါတစ်ရံတွင် အလွန်အဆင်မပြေ ဖြစ်နိုင်သည်ဟု ဆိုရမည်။
ဘေးပတ်ဝန်းကျင်တွင် ပြင်ပလူမရှိလျှင် ကောင်းသည်။
သို့သော် ပတ်ဝန်းကျင်တွင် သူစိမ်းများ ရှိနေသည့် အခါမျိုး၌ စိတ်ချင်း ဆက်သွယ်၍ တစ်ဖက်က ပြောဆိုလာသည်ကို နှုတ်ကနေ ပြန်လည် ပြောဆိုရန်မှာ အဆင်မပြေပေ။
ဤအပြုအမူက အနည်းငယ် ရူးနှမ်းရာကျသည်ဟု သူအမြဲထင်ခဲ့သည်။
ထို့အပြင် နှစ်ဖက်စလုံးက စိတ်ချင်းဆက်သွယ်၍သာ တောက်လျောက် ပြောဆိုနေလျှင် ဆက်ဆံရေး၌ အဆင်မပြေ ဖြစ်လာနိုင်သည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက ကျင့်ကြံသူများ လိုက်နာ ကျင့်သုံးခဲ့သော စံနှုန်းမှာ စီနီယာ တစ်ဦးက စိတ်ချင်းဆက်သွယ်၍ ပြောလာလျှင် ဂျူနီယာက နှုတ်ကနေ အသံကျယ်ကျယ်ဖြင့် ပြန်လည် ပြောဆိုရမည် ဖြစ်သည်။
အင်မော်တယ် ထုန်ရာက ဝမ်လင်းနှင့် မည်ကဲ့သို့ ဆက်ဆံရမည်ကို သိရှိနားလည်ခဲ့သည်။
အကောင်းဆုံးမှာ ရေငုံနှုတ်ပိတ်နေခြင်း ဖြစ်သည်။
ယင်းက အဆင်မပြေမှုမှန်သမျှကို သက်သာရာရစေမည့်အပြင် လင်းကျန်းရန်ကိုလည်း စိတ်ပျက်စေမည် မဟုတ်ပေ။
သူက ပြဿနာအားလုံးကို ရှုထောင့်ပေါင်းစုံမှ သုံးသပ်၍ ချဥ်းကပ်လေ့ ရှိသည်။
"စီနီယာလင်း.. ကျနော်တို့ အခု ရှောင်မိသားစု ပန်းခြံကို သွားနေပြီ"
အင်မော်တယ်ထုန်ရာက ကားမောင်းရင်း ပြောလိုက်သည်။
ဝမ်လင်းက သူ့အနားတွင် ရှိနေသဖြင့် နှုတ်ခမ်းလှုပ်ရုံသာ ပြောဆိုဖို့ လိုအပ်ခဲ့သည်။
ရှောင်မိသားစုပန်းခြံ..
ဝမ်လင်းက သူနှင့်ရင်းနှီးသောနေရာ ဖြစ်မည်ဟု မထင်ထားခဲ့ပေ။
တစ်ချိန်က ထိုနေရာကို စွန်းရုံ၏ ဖိတ်ခေါ်မှုဖြင့် ရောက်လာခဲ့သော်လည်း အဆုံးသတ်တွင် အရိပ်အဖွဲ့နှင့် ပြဿနာ တက်ခဲ့သည်ကို ရုတ်တရက် ပြန်သတိရသွားသည်။
ထိုနေ့က သူနှင့် အရိပ်အဖွဲ့၏ အာဃာတများ စတင်ခဲ့သည့် နေ့ဟု သူစဥ်းစားလိုက်မိသည်။
"လျှပ်စီးဓမ္မရာဂျာက ရှောင်မိသားစုပန်းခြံမှာ ရှိနေတာလေ"
အင်မော်တယ်ထုန်ရာက လျှပ်စီးဓမ္မရာဂျာနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။
"ဓမ္မရာဂျာရဲ့ လျှပ်စီး အမွေအနှစ်က မြင့်မြတ်တဲ့ အမွေအနှစ်တစ်ခုလေ.. သူက လျှပ်စီးမျိုးနွယ်၏ နောက်ဆုံးမျိုးဆက် ဖြစ်တဲ့ အပြင် ဓမ္မဓာတ်တော်ရဲ့ အမွေဆက်ခံသူလည်းဖြစ်တယ်"
ဝမ်လင်းက မျက်ခုံးပင့်လိုက်သည်။
အင်မော်တယ် ထုန်ရာသာ မပြောခဲ့လျှင် ထိုအကြောင်းအရာကို သူမေ့လုနီးပါး ဖြစ်နေလိမ့်မည်။
တိုက်ပွဲဝင်ချီခေတ်က ရှေးဟောင်း မျိုးနွယ်စု ဘိုးဘေးတွေဆီကနေ ဆင်းသက်လာသည့် မှော်ရတနာတွေ ရှိသည်။
၎င်းကို သူတော်စင် အမွေအနှစ်ဟု ခေါ်ကြပြီး ၎င်းတို့၏မျိုးရိုးဆက်ခံသူသာလျှင် အမွေအနှစ်ကို ဆက်ခံနိုင်ခွင့် ရှိကြ၏။
ယနေ့ခေတ်တွင် ရှေးဟောင်း မျိုးနွယ်စုကြီး ၁၂ခု၏ ထက်ဝက်ခန့်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး ဓမ္မဓာတ်တော် အများအပြားမှာလည်း ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ဝမ်လင်းက လျှပ်စီးဓမ္မရာဂျာ အကြောင်း များများစားစား မသိသော်လည်း လျှပ်စီး မျိုးနွယ်မှ ဆင်းသက်လာသူဟု အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။
"တကယ်တော့ ဒီနှစ်တွေမှာ ဓမ္မရာဂျာက သူ့ရဲ့ သူတော်စင် လျှပ်စီးကို ဂိမ်းစွဲနေတဲ့ ဆယ်ကျော်သက်တွေကို ကုသတဲ့နေရာမှာ အသုံးပြုခဲ့တယ်.. အမှန်တော့ ဒါက ကုသိုလ်ကောင်းမှု ပြုလုပ်တာပါပဲ... ဒါပေမယ့် အဲဒါက သူ့ရဲ့ အဓိက စီးပွားရေးတော့ မဟုတ်ဘူး"
အင်မော်တယ်ထုန်ရာက လေးနက်စွာ ရှင်းပြလိုက်သည်။
"သူ့ရဲ့ တကယ့်အလုပ်က ရှောင်မိသားစု ပန်းခြံမှာလေ"
ဝမ်လင်း "???"
အင်မော်တယ်ထုန်ရာ "ရှောင်မိသားစု အဆောက်အဦးတွေက ရှေးဟောင်း အဆောက်အဦးတွေ ဆိုတော့ တစ်ခါတစ်ရံ ပျက်စီးသွားတဲ့အခါမှာ လက်ရှိ သိပ္ပံနည်းကျ နည်းစနစ်တွေကို အသုံးပြုပြီး ပြင်ဆင်၍ ပျက်စီးမှုတွေ ဖြစ်ပေါ်စေတယ်လေ.. ဒါပေမဲ့ လျှပ်စီး အမွေအနှစ်ကတော့ အဲဒါတွေကို အကောင်းအတိုင်း ပြန်လည် ပြုပြင်နိုင်တယ်.. ဒါကြောင့်ပဲ လျှပ်စီးဓမ္မရာဂျာက ရှောင်မိသားစု ပန်းခြံမှာ ပြုပြင်ရေး အင်ဂျင်နီယာလုပ်နေခဲ့တာပေါ့"
ဝမ်လင်း "............"
.........................
ဝမ်လင်းက ရှောင်မိသားစုဆီ ဒုတိယအကြိမ်မြောက် လာရောက် လည်ပတ်ခြင်းဖြစ်သည်။
စွန်းရုံ မပါလာသဖြင့် အထူးVIP ကတ်ပြားကို မသုံးနိုင်သော်လည်း အေးအေးလူလူပင် ဝင်လာနိုင်ခဲ့သည်။
ဓမ္မရာဂျာက အဝင်ပေါက်ရှိ လုံခြုံရေးရုံးကို ဖုန်းကြိုဆက်ပေးထားသဖြင့် လုံခြုံရေးအစောင့်က တံခါး ဖွင့်ပေးခဲ့သည်။
ယနေ့တွင် ရှောင်မိသားစုပန်းခြံကို လာရောက် လည်ပတ်သူ အလွန် နည်းပါးနေသည်။
"ရှုခင်းနေရာ အတော်များများကို ပြုပြင် ထိန်းသိမ်းထားတဲ့အတွက် သုံးရက်တာ ခရီးသွားလက်မှတ် ကြိုဝယ်ထားတဲ့ သူအများအပြားက ယနေ့တစ်ရက်ကို အနားယူဖို့ ဆုံးဖြတ်ခဲ့ကြတယ်.. ဒါကြောင့် လူနည်းနေတာလေ.. အဲဒါကို ပြန်လည် ဖြည့်ဆည်းပေးဖို့ အတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသူတိုင်းကို ရှောင်မိသားစုက ပန်းခြံထဲမှာ ဖွင့်ထားတဲ့ အသားကင်ဆိုင်မှာ အသုံးပြုလို့ရတဲ့ ယွမ်ငါးရာတန် ဘောက်ချာကို ပေးခဲ့တယ်လေ"
"ဒီအသားကင်ဆိုင်ကို ရှောင်မျိုးနွယ်စုက ပိုင်ဆိုင်ပြီး ပြင်ပ အသားကင်ဆိုင်တွေနဲ့ အကြီးမားဆုံး ကွာခြားချက်ကတော့ အသားကင်ဖို့ အတွက် ကောင်းကင်ဘုံမီးလျှံကို အသုံးပြုထားတာကြောင့် ထူးခြားတဲ့ အရသာကို ပေးစွမ်းနိုင်တာပဲ"
လုံခြုံရေးအစောင့် ဦးလေးက အလွန်ရက်ရောပြီး ဝမ်လင်းနှင့်အင်မော်တယ်ထုန်ရာကို ယွမ်ငါးရာတန် ပြေစာ တစ်စောင်စီ ပေးခဲ့သည်။
"ဒီပြေစာတွေကို ယွမ်တစ်ထောင်အထက် သုံးစွဲတဲ့အခါမှာလည်း သုံးနိုင်တယ်.. ပြေစာတစ်ခုက ယွမ်ငါးရာ တန်ဖိုးရှိတာကြောင့် သီအိုရီအရဆိုရင် အစားအစာအတွက် လုံးဝအခမဲ့ လို့တောင် ပြောလို့ရတယ်"
"ဒါက ဦးလေးအတွက် တကယ်ပဲ အဆင်ပြေရဲ့လား"
အင်မော်တယ်ထုန်ရာက အားနာသော အမူအရာဖြင့် ပြောလိုက်သည်။
"ငါ့မှာ အများကြီး ရှိပါသေးတယ်"
လုံခြုံရေးအစောင့် ဦးလေးကြီးက အံဆွဲထဲမှ ပြေစာ အုပ်လိုက်ကို ထုတ်ပြလိုက်သည်။
အရေးကြီးဆုံး အချက်မှာ ဤဘောက်ချာများတွင် ရက်စွဲမရှိခြင်းပင်။
"ဒါက အထက်တန်းလွှာတွေ အတွက် သီးသန့်ပြေစာလေ.. ရက်စွဲမပါတဲ့အတွက် ကြိုက်တဲ့အချိန် စားလို့ရတယ်.. ပြေစာအကုန်လုံးကို ဒီမှာပဲ ထားတာလေ.. ဒီဘောက်ချာတွေနဲ့ဆို လနဲ့ချီပြီး စားလို့ရတယ်"
ထိုစကားကို ပြောပြီးနောက် လုံခြုံရေးအစောင့် ဦးလေးကြီးက သူ၏ ဘီယာဗိုက်ကို ပွတ်သပ်လိုက်သည်။
"ငါဒီမှာအလုပ်လုပ်နေတာ ကြာပြီ.. အခုနောက်ဆုံးတော့ အကျိုးကျေးဇူးတွေ ရလာခဲ့ပြီ.. ကြည့်လေ.. ငါဘယ်လိုလုပ် ပိန်တော့မှာလဲ.."
ဝမ်လင်း "............"
...................
ရှောင်မိသားစု ပန်းခြံသို့ တရားဝင် ရောက်လာသောအခါ ဓမ္မရာဂျာက ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နေ၍ ခဏစောင့်ရန် အသိပေးသည့် မက်ဆေ့ချ် တစ်စောင်ကို ပေးပို့ခဲ့သည်။
အင်မော်တယ်ထုန်ရာက အချိန်ကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး ဝမ်လင်းကို ပြောလိုက်သည်။
"စီနီယာ.. ငါတို့ သူ့ကို စောင့်နေမဲ့ အတူတူ အသားကင်ဆိုင်ကို အရင်သွားပြီး စားစရာတစ်ခုခု သွားယူရအောင်.. ငါတို့မှာ ဘောက်ချာ နှစ်ခုရှိတာ ဆိုတော့ အခမဲ့ စားလို့ရတယ်"
ဝမ်လင်းက ဘာစကားမှ မပြောဘဲ ခေါင်းညိတ်၍ သဘောတူလိုက်သည်။
ရှောင်မျိုးနွယ်စု အသားကင်ဆိုင်ကို ရောက်သည့်အခါ တန်းစီနေသည့် လူတန်းရှည်ကြီးကို သူတွေ့လိုက်ရသည်။
ယွမ်ငါးရာတန် ပြေစာကြောင့် ရှောင်မိသားစု ပန်းခြံတွင် အစားအသောက်မှာ လုံးဝအခမဲ့ဟု ဆိုရမည်။
ဤကဲ့သို့သော ဝန်ဆောင်မှုလောက်က ရှောင်မျိုးနွယ်စု ကဲ့သို့ ခေတ်သစ် သူကြွယ် မိသားစုအတွက် ဘာမှ မဟုတ်ပေ။
တန်းစီနေသော မြင်ကွင်းက တစ်ချိန်က သူလည်ပတ်ခဲ့ဖူးသော အရသာရှိသည့် စားသောက်ဆိုင် တစ်ဆိုင်ကို အမှတ်ရစေခဲ့စည်။
ထိုဆိုင်က ၎င်းတို့၏ အရသာရှိသော အစိမ်းရောင်ဆန်မုန့်ပေါင်းများကြောင့် အွန်လိုင်းတွင် ရေပန်းစားလာခဲ့သည်။
သူက ထိုဆိုင်တွင် ခြောက်နာရီကြာ တန်းစီ၍ ခေါက်ဆွဲခြောက်အကြွပ်ကြော် ထည့်ထားသော အစိမ်းရောင် ဆန်မုန့်ပေါင်း များကို ဝယ်ခဲ့ဖူးသည်။