← Chapters

မိုးကြိုးစွမ်းအားကြောင့် ကလိထိုးသလို ခန္ဓာကိုယ် တွန့်လိမ်ပြီးနောက်..

Vol. 14 Ch. 197

မိုးကြိုးစွမ်းအားကြောင့် ကလိထိုးသလို ခန္ဓာကိုယ် တွန့်လိမ်ပြီးနောက်..

Vol. 14 Ch. 197

ဓမ္မရာဂျာ၏ ယုံကြည်မှုကို ယုတ္တိမရှိဟု ပြော၍မရပေ။

သန့်စင်မွန်မြတ်သော မိုးကြိုး အမွေအနှစ် စွမ်းအား ပါဝင်နေသည့် လက်သီးမှာ ကြီးမားသော အဖျက်စွမ်းအား ပါရုံမျှမကဘဲ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာလျှင် အာရုံကြောတွေကို ချက်ခြင်း ထုံထိုင်းသွားစေမည် ဖြစ်သည်။

စင်စစ် သန့်စင်မွန်မြတ်သော မိုးကြိုးအမွေအနှစ် စွမ်းအားကို တိုက်ရိုက် ထိမှန်ပြီး ရပ်တည်နိုင်သူ အလွန်ရှားပါးသည်။

ဟုတ်ပါသည်။ ယင်းမှာ မိုးကြိုးအမွေအနှစ်၏ စွမ်းအား အပြည့်အဝ မဟုတ်သေးပေ။

တစ်ခါက ယုံကြည်မှု လွန်ကဲသည့် ဗုံးပစ်စီနီယာ အင်မော်တယ်မှာ မိုးကြိုး အမွေအနှစ်၏ စွမ်းအားကြောင့် ဓာတ်လိုက်သလို အပြင်းအထန် ခံစားခဲ့ရပြီး အလောင်းကဲ့သို့ အိပ်ယာပေါ်တွင် နှစ်ရက်မျှ လှဲနေခဲ့ရသည်။

"နောက်ဆုံးအကြိမ်၊ ဗုံးပစ်စီနီယာ အင်မော်တယ်ကို တိုက်ခိုက်တုန်းက မိုးကြိုးအမွေအနှစ် စွမ်းအားကို ၆၀%ပဲ ငါသုံးခဲ့တယ်.. လင်းကျန်းရန်ရဲ့ ကြီးမားလှတဲ့ ခွန်အားအကြောင်းကိုတော့ ငါ ကြားဖူးထားတာ ကြာပါပြီ.. ဒါကြောင့် ဒီစိန်ခေါ်မှုကို ငါ သေချာ စဉ်းစားပြီးပြီ"

ဓမ္မရာဂျာက အလွန်ထက်မြက်သော အမူအရာဖြင့် ဝမ်လင်းကို ထပ်မံ ဦးညွှတ်ခဲ့သည်။

သူ့စကားကြောင့် အင်မော်တယ် ထုန်ရာက သဘောပေါက်သွားသည်။

"မင်းက မိုးကြိုးအမွေအနှစ် စွမ်းအားကို စမ်းသပ်ဖို့ အတွက် စီနီယာလင်းကို ပစ်မှတ်အဖြစ် လုပ်စေချင်တာလား"

"ဒီအမွေအနှစ်က လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာကစပြီး ငါ့ဆီကိုရောက်လာခဲ့တယ်.. မိုးကြိုးမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ အမွေအနှစ်ကို အပြီးအပိုင် အမွေဆက်ခံဖို့ အတွက် အနှစ်သုံးရာလောက် အချိန်ယူခဲ့ရတယ်.. အဲဒီနောက်မှာတော့ ရှောင်မိသားစုမှာ အလုပ်ရခဲ့တယ်.. ဝမ်းနည်းစရာ အကောင်းဆုံးက မိုးကြိုးအမွေအနှစ် စွမ်းအား ဘယ်လောက်ထိ အစွမ်းထက်တယ် ဆိုတာကို ငါကိုယ်တိုင် မျက်စိနဲ့ မမြင်ရသေးတာပဲ"

ဤအချက်ကို စေ့စေ့စပ်စပ် ဖွင့်ဟပြီးနောက်တွင် ဓမ္မရာဂျာက အနည်းငယ် ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။

"မိုးကြိုးမျိုးနွယ်ရဲ့ နောက်ဆုံး သားစဉ်မြေးဆက် အနေနဲ့ ငါ့ရဲ့အတောင့်တဆုံး ဆန္ဒတစ်ခုက ငါ့တစ်သက်တာမှာ ဒီစွမ်းအားကို ကိုယ်တိုင် မြင်တွေ့ခွင့်ရဖို့ပဲ.. အဲဒါဆိုရင် ဒီဘဝကို နောင်တရစရာ ဘာမှမရှိတော့ဘူး"

ဝမ်လင်းက ဓမ္မရာဂျာ၏ စကားကို လေးလေးနက်နက် တွေးတောမိလိုက်သည်။

ဤကိစ္စက သူ့အတွက် ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်ပေ။

မတ်တပ်ရပ်ပြီး ပြန်လည် တုံ့ပြန်ခြင်း မရှိဘဲ ထိုးနှက်ခံစေကာမူ နောက်ဆက်တွဲ တုံ့ပြန်မှုကို ထိန်းချုပ်နိုင်ဖို့က မလွယ်ချေ။

ယခင်က သူ့ကို လက်သီးနှင့် ထိုးခဲ့သည့် အရိပ်အဖွဲ့မှ လူသတ်သမား၏ အုတ်ဂူပေါ်မှ မြက်ပင်ကပင် ဆယ်မီတာလောက် မြင့်မားနေပြီကို သတိပြုရမည် ဖြစ်သည်။

သို့သော် ယခုအခြေအနေမှာ ယခင် အခြေအနေနှင့် ယှဉ်လျှင် ကွဲလွဲမှုတွေ ရှိနေဆဲပင်။

အနည်းဆုံးတော့ သူ့တွင် ဝမ်မင် လုပ်ထားသည့် တာအိုအဆောင် ရှိပါသေးသည်။

ယင်းမှာ တန်ပြန် တုံ့ပြန်မှုကို ထိန်းချုပ်ရာတွင် အရေးပါလာလိမ့်မည်။

ဆိုရလျှင် သူလုပ်ရမည့်အရာမှာ တိုက်ပွဲအတွင်း သူ၏ ထိန်းချုပ်မှုကို အပြည့်အဝ အာရုံစိုက်ပြီး ဓမ္မရာဂျာကို မထိခိုက်စေရန် ဖြစ်သည်။

ထို့ကြောင့် အဆုံးသတ်တွင် ဝမ်လင်းက ဓမ္မရာဂျာ၏ တောင်းဆိုမှုကို လက်ခံခဲ့သည်။

တကယ်တမ်းတွင် သူကိုယ်တိုင်က တိုက်ပွဲဝင်ချီခေတ်က ဆင်းသက်လာသည့် မြင့်မြတ်သော အမွေအနှစ်၏ စွမ်းအားကို သိချင်နေခဲ့သည်။

ရှေးယခင်က ကျော်ကြားခဲ့သော အမွေအနှစ် အများအပြားမှာ ယနေ့ခေတ်တွင် ယခင်လောက် စွမ်းအား မရှိတော့ကြောင်း ဦးစွာ ဖော်ပြလိုသည်။

အဘယ်ကြောင့်ဆိုသော် ဤအမွေအနှစ်များ အတွက် စွမ်းအင်အရင်းအမြစ်မှာ တိုက်ပွဲဝင်ချီ ဖြစ်နေသောကြောင့်ပင်။

ဥပမာအားဖြင့် ရှောင်မျိုးနွယ်စု၏ ကောင်းကင်မီးလျှံမှာ အမှန်တကယ်တွင် သန့်စင်မွန်မြတ်သော အမွေအနှစ် တစ်ခု ဖြစ်သော်လည်း တိုက်ပွဲတွင်ချီ မရှိသဖြင့် မီးရှူးမီးပန်းများအဖြစ်သို့ လျော့ကျသွားခဲ့သည်။

ထိုမီးလျှံက ရှောင်မျိုးနွယ်စု၏ အသားကင်ကို ချက်ပြုတ်ရန်အတွက် အထူး အသုံးပြုထားသည့် မီးလျှံ ဖြစ်သည်။

သို့သော် မိုးကြိုးမျိုးနွယ်၏ သန့်စင်မွန်မြတ်သော မိုးကြိုးအမွေအနှစ် စွမ်းအားမှာမူ အနည်းငယ် ထူးခြားသည်။

အထူးသဖြင့် မိုးထစ်ချုန်းသော ရာသီဥတုတွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို စုပ်ယူခြင်းဖြင့် အမွေအနှစ်၏ စွမ်းအားက အလိုအလျောက် တိုးတက်လာနိုင်သည်။

အခြားသော အမွေအနှစ်များနှင့် နှိုင်းယှဥ်လျှင် မိုးကြိုးမျိုးနွယ်စု၏ သန့်စင်မွန်မြတ်သော မိုးကြိုး အမွေအနှစ်ကို အောင်မြင်စွာ ထိန်းသိမ်းထားနိုင်သည့် အကြောင်းရင်းမှာ အမွေအနှစ် စွမ်းအားက တိုက်ပွဲဝင်ချီပေါ် မမူတည်ဘဲ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို အရင်းအမြစ်အဖြစ် မှီခိုထားခြင်းကြောင့် ဖြစ်သည်။

အချိန်ကာလ နှင့် ပတ်ဝန်းကျင် ပြောင်းလဲမှုများ မည်မျှ ရှိနေပါစေ.. မိုးကြိုး အမွေအနှစ်မှာ ၎င်း၏ ကိုယ်ပိုင် ဆင့်ကဲဖြစ်စဉ်ကို ပြီးမြောက်ခဲ့သည်။

"စီနီယာလင်းက ကန့်ကွက်စရာ မရှိဘူး ဆိုတော့လည်း စလိုက်ကြတာပေါ့.. ဓမ္မရာဂျာ.. ဒီပြိုင်ပွဲအတွက် ငါတို့အသုံးပြုမဲ့နေရာရှိလား.. မင်းရဲ့ ဒီရုံးခန်းမှာတော့ မဟုတ်လောက်ပါဘူးနော်"

အင်မော်တယ်ထုန်ရာက မေးလိုက်သည်။

"နေရာကောင်းကောင်း ရှိပါတယ်"

ဓမ္မရာဂျာ အမြန် ခေါင်းညိတ်လိုက်သည်။

ထို့နောက်တွင် သူက ဝမ်လင်းတို့ နှစ်ဦးအား ကွင်းပြင်လွတ်တစ်နေရာသို့ ခေါ်ဆောင်ရန် အတွက် ဝန်ဆောင်မှုဌာန၏ Hotline ကို အသုံးပြုကာ ခရီးသွားယာဥ်ငယ်ကို လှမ်းခေါ်ခဲ့သည်။

"ဒီကွင်းပြင်က လောလောဆယ်မှာ ပြုပြင် ထိန်းသိမ်းနေဆဲ နေရာတစ်ခု ဖြစ်နေတဲ့ အတွက် အပြင်လူတွေ ဒီနေရာကို လာလို့မရဘူး"

ကားပေါ်မှ ဆင်းသည်နှင့် ဓမ္မရာဂျာက ဝမ်လင်းတို့ နှစ်ဦးကို မိတ်ဆက်ပေးလိုက်သည်။

"ဒါဟာ မဟာတိုက်ပွဲဝင် ချီခေတ်တုန်းက ရှောင်မျိုးနွယ်စုရဲ့ မိသားစုဝင်တွေ လေ့ကျင့်တဲ့ကွင်းပဲ"

ထိုစကားကို ပြောပြီးနောက် မီတာငါးရာအကွာက အနက်ရောင် အစက်လေးကို ညွှန်ပြလိုက်သည်။

ဓမ္မရာဂျာ ညွှန်ပြနေသည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်ရာ ယင်း "အနက်ရောင် အစက်ငယ်"မှာ အမှန်တကယ်တော့ အနက်ရောင် ကျောက်တိုင်တစ်ခု ဖြစ်နေကြောင်း ဝမ်လင်း သဘောပေါက်သွားခဲ့သည်။

၎င်း၏ မျက်နှာပြင်က အက်ကွဲနေပြီး ရေညှိများဖြင့် ဖုံးလွှမ်းနေကာ အလွန်ဟောင်းနွမ်းနေပုံရသည်။

ကျောက်တိုင်၏ အောက်ခြေ၌ နွယ်ပင်များလည်း ဖုံးလွှမ်းနေသည်။

"ဒါက သူတို့ရဲ့တပည့်တွေကို စမ်းသပ်ဖို့ အတွက် အရင်တုန်းက ရှောင်မျိုးနွယ်စု အသုံးပြုခဲ့တဲ့ စမ်းသပ် မှော်ကျောက်တိုင် တစ်ခုပဲ.. ဒါက ရှောင်မျိုးနွယ်စုရဲ့ အမွေအနှစ်လည်း ဖြစ်တယ်.. ရှောင်မျိုးနွယ်စုတွေ ဂရုတစိုက် ကာကွယ်ရမဲ့ အရာတစ်ခုပေါ့.. လက်ရှိမှာတော့ မပျက်စီးရအောင် ဒြပ်စင်တစ်ခုနဲ့ ကာကွယ်ထားတယ်"

လျှပ်စီးဓမ္မရာဂျာက ဆိုလိုက်သည်။

"သန့်စင်မွန်မြတ်တဲ့ မိုးကြိုး အမွေအနှစ်ကို အသုံးပြုပြီး ပြန်ပြင်လို့ မရဘူးလား"

အင်မော်တယ် ထုန်ရာက မေးလိုက်သည်။

ဓမ္မရာဂျာက ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။

"ဒီကျောက်တိုင်မှာ သတ္တုနည်းနည်းလေးတောင် မရှိဘူး..အဲဒါတစ်ခုလုံးက ကျောက်စိမ်းနဲ့ လုပ်ထားတာလေ.. ဒါကြောင့် ငါ့ရဲ့ မိုးကြိုးအမွေအနှစ်က ကျောက်တိုင်ကို ပြုပြင်ဖို့ ဘာမှ အသုံးမဝင်တော့ဘူး"

အင်မော်တယ်ထုန်ရာ နှင့် ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။

ဝမ်လင်း အဆင်သင့်ဖြစ်သောအခါ အင်မော်တယ်ထုန်ရာကခပ်ဝေးဝေးသို့ ဆုတ်ခွာသွားသည်။

ကွင်းပြင် အလယ်တွင် ဝမ်လင်းနှင့် ဓမ္မရာဂျာသာ ကျန်ရှိတော့သည်။

အင်မော်တယ်ထုန်ရာက အဝေးကနေ ဝမ်လင်းကို အားပေးလိုက်သည်။

"စီနီယာလင်း ကံကောင်းပါစေ"

ဝမ်လင်း နှင့် ဓမ္မရာဂျာတို့က ကွင်းပြင်အလယ်တွင် မျက်နှာချင်းဆိုင် အနေအထားဖြင့် ရှိနေကြသည်။

ဓမ္မရာဂျာက ဝမ်လင်းကို ဦးညွှတ်လိုက်သည်။

ထို့နောက် သူက မျက်မှန်ကို တပ်လိုက်သည်။

"စီနီယာလင်း သတိထားပါ"

စကားဆုံးသည်နှင့် သူ၏ သန့်စင်မွန်မြတ်သော မိုးကြိုးစွမ်းအားက ချက်ချင်း နီးပါး ထွက်ပေါ်လာသည်။

စူးရှသောအသံနှင့် အတူ သူ၏ ဘယ်ဘက်လက်တွင် လျှပ်စီးဓာတ် တစ်ခုက ဖြစ်ပေါ်လာသည်။

ထိုလျှပ်စီးဓာတ်၏ တောက်ပသောအလင်းရောင်က မျက်လုံးကို အမှန်တကယ် ထိခိုက်စေနိုင်သည်။

တိုက်ပွဲစက်ကွင်း လွတ်ရာတွင် ရပ်နေသည့် အင်မော်တယ် ထုန်ရာက သူ့မျက်လုံးတွေကို အမှတ်တမဲ့ ကာမိလိုက်သည်။

အကန့်အသတ် မရှိသော အဖြူရောင် အလင်းတန်းများ လုံးဝ ဖုံးလွှမ်းထားသောကြောင့် ကွင်းပြင်တစ်ခုလုံးက မှုန်ဝါးလာသည်။

မိုးကြိုး စွမ်းအား ထွက်ပေါ်လာသောအခါ ဓမ္မရာဂျာ၏ ဆန့်ကျင်ဘက်တွင် ရပ်နေသော ဝမ်လင်းက ထိုစွမ်းအားကို နေရောင်ခြည်၏ စူးရှသောအလင်း နှင့် ယှဥ်ကြည့်ခဲ့သည်။

မိုးကြိုး အမွေအနှစ် စွမ်းအားမှ ဖြစ်ပေါ်လာသော အလင်းရောင်မှာ နေရောင်ခြည် အလင်းရောင် နှင့် နှိုင်းယှဉ်လျှင် ပို၍စူးရှသည်။

မည်သို့ပင်ဆိုစေကာမူ ဤစူးရှရှ အလင်းရောင်က သူ၏ ကောင်းကင်မျက်လုံး အပေါ်တွင် သက်ရောက်မှုမရှိပေ။

ဓမ္မရာဂျာက ဘယ်သန်ဖြစ်၍ မိုးကြိုးစွမ်းအင် အလွှာခုနှစ်ခုက သူ၏ ဘယ်ဘက်လက်တွင် ရစ်ဝဲနေသည်။

ထိုအချင်းအရာကို ကြည့်၍ ဓမ္မရာဂျာက မိုးကြိုးစွမ်းအား၏ ၇၀%ကို အသုံးပြုထားကြောင်း သိနိုင်၏။

သူက စွမ်းအား အပြည့်အ၀ကို ချက်ချင်း အသုံးမချဝံ့ပေ။

နောက်ဆုံးအကြိမ်က သူ၏ မိုးကြိုးစွမ်းအား ၆၀%ကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်မှာ ဓာတ်လိုက်ခံရသလို အပြင်းအထန် ခံစားခဲ့ရပြီး နှစ်ရက်ခန့် အိပ်ရာပေါ်မှ မထနိုင်ခဲ့ပေ။

"လာပြီ စီနီယာလင်း"

မိုးကြိုး စွမ်းအားကို သတ္တမ အဆင့်သို့ စုစည်းပြီးသည်နှင့် တစ်ပြိုင်နက် ဓမ္မရာဂျာက ရုတ်တရက် ရှေ့သို့ ခြေလှမ်းကျယ် တစ်လှမ်း လှမ်းလိုက်ကာ ဘယ်လက်သီးကို မြှောက်၍ ဝမ်လင်း၏ ရင်ဘတ်ကို ထိုးချလိုက်သည်။

အပြန်အလှန်အားဖြင့် ဝမ်လင်းက တည်တည်ငြိမ်ငြိမ် ရှိနေဆဲဖြစ်သည်။

ထိုးနှက်ချက်က အလွန် အားပြင်းသော်လည်း ဝမ်လင်းက သူ၏ ရွှေကိုယ်ထည်ကို ထိန်းချုပ်ဖို့ကိုသာ အတတ်နိုင်ဆုံးကြိုးစားနေသည်။

သို့မှသာ တန်ပြန် သက်ရောက်မှု စွမ်းအားများကို ဖိနှိပ်ထားနိုင်မည် မဟုတ်ပါလား။

လျှပ်စီးဓာတ်များ ရစ်သိုင်းနေသော မိုးကြိုးအမွေအနှစ် စွမ်းအားက ဝမ်လင်း၏ ရင်ဘတ်ကို တိတိကျကျ ထိမှန်သွားသည်။

ဓမ္မရာဂျာက သူ့ရှေ့မှ လူငယ်လေးကို ကွက်ခနဲ စိုက်ကြည့်လိုက်သည်။

ဤလင်းကျန်းရန်က သူထင်ထားသည်ထက် ပိုသန်မာသည်ဟုသာ သူပြောနိုင်သည်။

သန့်စင်မွန်မြတ်သော မိုးကြိုးစွမ်းအား ၇၀%က လင်းကျန်းရန်အပေါ် အနည်းငယ်မျှ သက်ရောက်မှု မရှိခဲ့ပေ။

ပုံမှန် လူတစ်ယောက်၏ ခြေထောက်ဆိုလျှင် ထိုစွမ်းအားကြောင့် ဂျယ်လီအဖြစ်သို့ ပြောင်းလဲကာ ပြိုလဲကျသွားမည် ဖြစ်သည်။

ဆန့်ကျင်ဘက် အနေဖြင့် ဝမ်လင်းက ထိုစွမ်းအား သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက် ပထမဆုံး ခံစားရသည့် ခံစားချက်မှာ နာကျင်ခြင်းလည်း မဟုတ် ထုံကျင်ခြင်းလည်း မဟုတ်ပေ။

ထိုအစား ကလိထိုးသလို ယားကျိကျိ ဖြစ်ကာ တုန်ရီခဲ့ရသည်။

ရိုးရှင်းစွာဖော်ပြရလျှင် ရွှေကိုယ်ထည်၏ စွမ်းအားကြောင့် အရာအားလုံးမှာ အဟောသိကံ ဖြစ်ခဲ့ရသည်။

All Chapters