← Chapters

လာပါ.. မင်းအရမ်းအားနည်းတယ်

Vol. 14 Ch. 198

လာပါ.. မင်းအရမ်းအားနည်းတယ်

Vol. 14 Ch. 198

မိုးကြိုးအမွေအနှစ်၏ သတ္တမအဆင့်က မည်မျှ ပြင်းထန်သနည်း။

ထိုသတ္တမအဆင့်၏ စွမ်းအားက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်ကျင့်ကြံသူကို အကြောသေစေနိုင်သည်ဟု ဝမ်လင်း အကြမ်းဖျင်း ခံစားမိသည်။

သာမန် အခြေအနေများတွင် ဓမ္မရာဂျာထံမှ မိုးကြိုးစွမ်းအားကို မည်သူမျှ ခုခံနိုင်မည် မဟုတ်ပေ။

ယင်းက မိုးကြိုး အမွေအနှစ်၏ စွမ်းအား အပြည့်အ၀ကို မဟာဓမ္မရာဂျာ ယနေ့တိုင် မမြင်ရသေးသည့် အကြောင်းရင်းလည်း ဖြစ်သည်။

ဝမ်လင်းက မိုးကြိုးစွမ်းအားကို သာသာယာယာပင် ရင်ဆိုင်နိုင်ခဲ့သည်။

သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် သူ့အတွက် ထိုစွမ်းအားက ဂရုစိုက်စရာ မဟုတ်ခဲ့ပေ။

မိုးကြိုး စွမ်းအားက သူ့ခန္ဓာကိုယ်ထဲ ဖြတ်သန်း စီဆင်းသွားပြီးနောက်တွင် နေသာထိုင်သာရှိသလို ခံစားလိုက်ရသည်။

တစ်ဖက်တွင်လည်း အင်မော်တယ်ထုန်ရာက တုန်လှုပ်နေသည်။

ဤရလဒ်ကို သူမျှော်လင့်ထားပြီးပြီ ဖြစ်သော်လည်း လင်းကျန်းရန်က နေရာမှ အနည်းငယ်မျှ မရွေ့လျားဘဲ ရပ်နေနိုင်သည်မှာ အမှန်တကယ်ပင် ချဲ့ကားလွန်းရာ ကျနေသည်။

သို့သော် ဤရလဒ်က ဓမ္မရာဂျာကို စိတ်လှုပ်ရှားသွားစေခဲ့သည်။

"စီနီယာလင်းက တကယ်ကို အံ့သြစရာ ကောင်းတယ်.. သူက ခွန်အား သူဌေးဆိုတဲ့ ဂုဏ်သိက္ခာနဲ့ အညီ တကယ်ကိုအစွမ်းထက်တာပဲ"

သူ၏ ဘယ်ဘက်လက်ရှိ စွမ်းအားက ယခင်ကထက် ပိုမိုပြင်းထန်စွာ တောက်လောင်လာခဲ့သည်။

ထိုခဏ၌ပင် လျှပ်စီးများ လက်လာပြီး ကျယ်လောင်သော မိုးခြိမ်းသံများက ကွင်းပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

သန့်စင်မွန်မြတ်သော မိုးကြိုးအမွေအနှစ်မှာ ၎င်း၏အမည်နှင့် ထိုက်တန်သည်ဟုသာ ပြောနိုင်တော့သည်။

ထိုစွမ်းအားထဲတွင် ရာသီဥတုကိုပင် ပြောင်းလဲပေးနိုင်သည့် စွမ်းအားများ ပါရှိသည်။

သူတို့မရောက်ခင်က ကွင်းပြင်၏ အထက်ရှိ ကောင်းကင်ယံက ကြည်လင်နေသော်လည်း ယခုအခါတွင် အနက်ရောင် တိမ်တိုက်များက လေထဲတွင် စုစည်းလာသည်။

ရာသီဥတုက အုံ့မှိုင်းလာပြီး ကွင်းပြင်၏ အလယ်ဗဟိုတွင် မြူများ ကျဆင်းလာသဖြင့် ရှေ့ကို ထင်ထင်ရှားရှား မမြင်နိုင်တော့ပေ။

ဘေးကနေ ရပ်ကြည့်နေသည့် အင်မော်တယ် ထုန်ရာက သူ၏ ကောင်းကင်မျက်လုံးဖြင့် ကြည့်လိုက်သော်လည်း မြူခိုးတွေကြားထဲရှိ ပုံရိပ်နှစ်ခုကိုသာ မြင်ခဲ့ရသည်။

"ဒါက တကယ့်ကို မြင့်မြတ်တဲ့ အမွေအနှစ်ပဲ.. ဘယ်လောက်တောင် စွမ်းအားကြီးလိုက်လဲ"

အင်မော်တယ်ထုန်ရာက တိုက်ပွဲကို ကြည့်နေရင်း သူ့နှလုံးသားထဲကနေ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ထိုအချိန်တွင် သူ့နှာခေါင်းဖျားသို့ မိုးရေ တစ်စက်ကျလာသည်။

ကွင်းပြင်၏ အထက် ကောင်းကင်ယံကနေ မိုးရေစက်များ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

ကျယ်လောင်သော ကြွေးကြော်သံ တစ်ခု ထွက်ပေါ်လာပြီးနောက် အင်မော်တယ်ထုန်ရာက မြူခိုးများ ကြားထဲတွင် မိုးကြိုးစွမ်းအား ရှစ်လွှာကို မြင်ခဲ့ရသည်။

မိုးကြိုးအမွေအနှစ် စွမ်းအား၏ အဌမအဆင့်မှာ ယခင်အဆင့်နှင့် လုံးဝခြားနားသော အဆင့်တွင် ရှိသည်။

ဤတစ်ကြိမ်တွင် ဓမ္မရာဂျာ၏ လက်သီးချက်တွင် ပါဝင်သည့် ပြင်းထန်သော စွမ်းအားမှာ မြေပြင်ကို ပေါက်ကွဲစေပြီး ကွင်းပြင်၏ မြေမျက်နှာပြင်ကို ပျက်စီးစေခဲ့သည်။

အုတ်ချပ် အများစုမှာ ထိုစွမ်းအားကြောင့် လုံးဝ လောင်ကျွမ်းသွားသည်။

တချို့အုတ်များတွင်မူ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

အင်မော်တယ်ထုန်ရာက တိုက်ပွဲအပြီးတွင် ဖြစ်ပေါ်လာမည့်ပျက်စီးမှုကို စိတ်ကူးနှင့် မြင်ယောင် ကြည့်မိလိုက်သည်။

ဤအတိုင်းဆိုလျှင် ဓမ္မရာဂျာက ဤမြေပြင်ပေါ်ရှိ အုတ်ချပ်အားလုံးကို ပြုပြင်ရန် တာဝန်ယူရပေတော့မည်။

ကျောက်အုတ်များတွင် သတ္တု တစ်စုံတစ်ရာ ရှိမရှိကို မည်သူသိနိုင်ပါမည်နည်း။

မည်သို့ပင်ဖြစ်စေ ဓမ္မရာဂျာက ထိုအရာများ အတွက် လျော်ကြေးပေးရမည်သာ။

ဤကျောက်အုတ်များမှာ မဟာတိုက်ပွဲဝင် ချီခေတ်၏ အကြွင်းအကျန်များ ဖြစ်သည်။

အုတ်တစ်ချပ်၏ တန်ဖိုးမှာ ဧကရာဇ် ချန်ဟွာ အသုံးပြုခဲ့သောရှေးဟောင်း ကြွေပန်းကန်လုံး၏ တန်ဖိုးနှင့် ညီမျှလောက်သည်။

ကျိုးပဲ့နေတဲ့ အုတ်ချပ်များကို ကြည့်ပြီး အင်မော်တယ်ထုန်ရာက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

ယခုအချိန်မှ တိုက်ပွဲကို ဟန့်တားရန်လည်း မဖြစ်နိုင်တော့ချေ။

ဓမ္မရာဂျာ၏ လက်သီးက ဝမ်လင်း၏ ရင်ဘတ်ပေါ်သို့ တစ်ဖန် ကျရောက်လာပြန်သည်။

မိုးကြိုးစွမ်းအားကို ခံယူနေရသည့် ဝမ်လင်းမှာ သွေးကြောများကို နှိပ်နယ်ခံနေရ သကဲ့သို့ နေသာထိုင်သာ ရှိနေခဲ့သည်။

"စီနီယာလင်း.. အဆင်ပြေရဲ့လား"

ဓမ္မရာဂျာက ဝမ်လင်းကို လှမ်းမေးလိုက်သည်။

ဤလက်သီး၏ ခွန်အားနှင့် သက်ရောက်မှုက ယခင်ထက် မြင့်မားသော အဆင့်တွင် ရှိနေသည်။

ကြိုတင်ကာကွယ်မှုသာ မပြုလုပ်ထားလျှင် သတ္တမ အဆင့် မိုးကြိုးစွမ်းအားက စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူကို အကြောသေစေနိုင်သည်။

အဌမအဆင့် မိုးကြိုးစွမ်းအားကမူ စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူကို အပြင်းအထန် ဒုက္ခပေးနိုင်လောက်အောင် အစွမ်းထက်သည်။

ထို့အပြင် သန့်စင်မွန်မြတ်သော အမွေအနှစ် အားလုံးထဲတွင် ဤမိုးကြိုးအမွေအနှစ်မှာ ထူးခြားသော စွမ်းရည်တစ်ခု ရှိသည်။

ဤမိုးကြိုးစွမ်းအား၏ သက်ရောက်မှု ခံလိုက်ရသည်နှင့်ခန္ဓာကိုယ်က အလိုလို ပြုပြင်ကုသနိုင်သည့် ဆဲလ်များကို မထုတ်လွှတ်နိုင်တော့ပေ။

ဆန့်ကျင်ဘက်အားဖြင့် အာရုံကြောများ ပျက်စီးခြင်းမှာ အပေါ့ပါးဆုံး အခြေအနေ ဖြစ်သည်။

ဝမ်လင်းက ဇက်ကို ဟိုဘက်ဒီဘက် အညောင်းပြေ ချိုးကစားလိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ဓမ္မရာဂျာက အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။

သူက မည်ကဲသို့ မွန်းစတားနှင့် ရင်ဆိုင်နေရပါသနည်း။

"ဓမ္မရာဂျာ.. မင်းဘာဖြစ်လို့ ခွန်အား အပြည့်အဝသုံးပြီး မကြိုးစားသေးတာလဲ"

အင်မော်တယ်ထုန်ရာက အားမလိုအားမရ ဖြစ်လာသည်။

မိုးကြိုးစွမ်းအားကို နှစ်ကြိမ်တိတိ တည်ငြိမ်စွာ ရင်ဆိုင်နိုင်သောသူကို သူတစ်ခါမှ မကြုံဖူးခဲ့ချေ။

ဤသည်မှာ ပထမဆုံး အကြိမ်ပင်။

ဓမ္မရာဂျာက သူ့လက်ဖဝါးတွင် လှည့်ပတ်နေသော သက်တံရောင် အလင်းတန်းကို ကြည့်လိုက်သည်။

ပထမဆုံး အကြိမ်အဖြစ် သူ၏ မိုးကြိုး အမွေအနှစ်ကိုအမွေအနှစ် အတုဟုပင် အနည်းငယ် သံသယ ဝင်လာမိသည်။

ကွင်းပြင်အလယ်တွင် ရပ်နေသော ဝမ်လင်းက ဓမ္မရာဂျာကို လက်ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။

ဓမ္မရာဂျာ၏ နှလုံးသားက ချက်ချင်းပင် ပြိုဆင်းသွားသည်။

သန့်စင်မွန်မြတ်သော မိုးကြိုး အမွေအနှစ်၏ အစွမ်းသတ္တိကို အမှန်တကယ် အပြည့်အဝ အသုံးချနိုင်သည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။

သူက အသက်ရှုသွင်းရင်း အတွေးများကို ငြိမ်သက်အောင်ထိန်းချုပ်လိုက်သည်။

လျှပ်စီးဓာတ်များက သူ့လက်ထဲတွင် တစ်ဖန်လင်းလက် လာပြန်သည်။

"မှတ်တမ်းမှတ်ရာတွေမှာ ရှေးခေတ်ကတည်းကနေ အခုအချိန်အထိ ပြီးပြည်စုံတဲ့ မိုးကြိုးစွမ်းအင်ကို ခုခံနိုင်တဲ့သူ မရှိခဲ့ဘူး"

ဓမ္မရာဂျာက ဝမ်လင်းကို အံ့သြသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

ယခင်က ဓမ္မရာဂျာမှာ ဝမ်လင်း၏ စွမ်းပကား အကြောင်းကို ကြားဖူးရုံသာ ရှိသည်။

စီနီယာလင်းနှင့် ရင်မဆိုင်ကြည့်ဘဲ ကျင့်ကြံခြင်း အသိုင်းအဝန်းထဲတွင် နာမည်ကြီးနေသည့် စီနီယာလင်းက ကောလဟလ အတိုင်း အမှန်တကယ် ကြောက်ဖို့ ကောင်းလိမ့်မည်ဟု မည်သူမှ တပ်အပ် မပြောနိုင်ပေ။

ယခုမူ ကောလဟလထဲက အတိုင်းပင် လင်းကျန်းရန်မှာ ခွန်အားသူဌေးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဓမ္မရာဂျာက ဒသမအဆင့်၊ ပြီးပြည့်စုံသော မိုးကြိုးအမွေအနှစ် စွမ်းအားကို ဖော်ထုတ်လိုက်သည်နှင့် မျက်စိတစ်မှိတ် အတွင်းမှာပဲ ရာသီဥတုက ပြောင်းလဲသွားပြီး မိုးသက်မုန်တိုင်းများ ဖြစ်ပေါ်လာသည်။

ဓမ္မရာဂျာ၏ ဘယ်ဘက်လက်မှ လျှပ်စီးဓာတ်မှာ လျှပ်စစ်နဂါးနှင့်ပင် တူနေသည်။

စက္ကန့်ပိုင်းလောက် အကြာတွင် မြေပြင်ပေါ်ရှိ အုတ်ချပ်များက ချက်ချင်း အက်ကွဲသွားပြီး တစ်ဒါဇင်လောက် နက်သည့် တွင်းပေါက်များ ဖြစ်ပေါ်လာသည်။

မီတာများစွာ အကွာမှ ဤပြင်းထန်သော ဖိအားမှာ ဝမ်လင်း၏ မျက်နှာသို့ပင် ရောက်ရှိနေသည်။

ထိုစွမ်းအား၏ ပြင်းထန်မှုကို သူခံစားမိလိုက်သည်။

ဝမ်လင်းက သူ့အပေါ်သို့ ကျရောက်လာမည့် အဖျက်စွမ်းအားကို အမှန်တကယ် ခံစားခဲ့ရသည်။

အကယ်၍ ကျောက်သရဲ မျက်နှာဖုံးထဲမှ ကွာဖီသာ ထိုစွမ်းအားကို ပိုင်ဆိုင်ထားခဲ့လျှင် ဤကမ္ဘာကြီးက မျိုးသုဉ်းလုနီးပါး ဖြစ်လာနိုင်သည်ဟု သူ ခံစားမိသည်။

ဤသည်က ဓမ္မရာဂျာ၏ အပြင်းထန်ဆုံး ထိုးနှက်ချက် ဖြစ်သည်။

ဝမ်လင်းက လက်သီးချက်တွင် ပါဝင်သော ခွန်အားထက် တန်ပြန် သက်ရောက်မှု မရှိအောင်သာ ဂရုစိုက်ခဲ့သည်။

ဤစွမ်းအားလောက်က သူ၏ ရွှေကိုယ်ထည်ကို နာကျင်အောင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။

ဓမ္မရာဂျာ၏ လှုပ်ရှားမှုက နှေးကွေးလွန်းသဖြင့် ဝမ်လင်းက ကွက်ကွက်ကွင်းကွင်း မြင်နေရသည်။

သူက ယခင်လို ရင်ဘတ်ကို အရိုက်မခံတော့ဘဲ ဓမ္မရာဂျာ၏ လက်သီးကို လက်ငါးချောင်းဖြင့် ပိတ်ဆို့ကာ ဖမ်းဆုပ်လိုက်၏။

ဓမ္မရာဂျာ၏ လက်ထဲမှ လျှပ်စီးနဂါးကြီးက ချက်ချင်း ငြိမ်သက်သွားသည်။

တစ်ချိန်တည်းမှာပင် ပြင်းထန်သည့် တန်ပြန် စွမ်းအားများ ဝမ်လင်း၏ ကိုယ်ထဲမှ ထွက်ပေါ်လာသည်။

သို့ရာတွင် ဝမ်လင်းက ဓမ္မရာဂျာနှင့် အင်မော်တယ် ထုန်ရာတို့ကို ရွှေရောင်အလင်းဖြင့် လွှမ်းခြုံပေးထား၍ ၎င်းတို့က ဘာအန္တရာယ်မှ မဖြစ်ခဲ့ချေ။

စက္ကန့်အနည်းငယ် အကြာတွင် မိုးရေများ လွင့်စင်သွားပြီး ကောင်းကင်တွင် တိမ်တိုက်များ ပြန့်ကျဲကာ ငြိမ်သက်နေသော အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။

နေမင်းကြီးသည် တိမ်တိုက်များမှ တဆင့် တစ်ဖန် လင်းလက်လာသည်။

အင်မော်တယ်ထုန်ရာက မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ကွင်းပြင်အလယ်ရှိ ဝမ်လင်းက ဓမ္မရာဂျာ၏ လက်သီးကို ဖမ်းဆုပ်ထားသည်အား မြင်လိုက်ရသည်။

ဤမြင်ကွင်းက "လာပါ မင်းအရမ်းအားနည်းတယ်" ဟူသော ရုပ်ပြောင်ဟာသကိုပင် သတိရမိစေသည်။

All Chapters