← Chapters

ကောင်းကင်ကို ထိုးဖောက်နေသော မြားတစ်စင်း

Vol. 14 Ch. 201

ကောင်းကင်ကို ထိုးဖောက်နေသော မြားတစ်စင်း

Vol. 14 Ch. 201

တစ်နည်းအားဖြင့် လူသတ်ဆရာ နှင့် ဝမ်မင်တို့က စရိုက်တူသည်။

၎င်းတို့နှစ်ဦးစလုံးက စိန်ခေါ်ရခြင်းကို နှစ်သက်သူများ ဖြစ်ကြသည်။

စိန်ခေါ်ခြင်းကို အစွဲအလမ်း ကြီးသော ဝမ်မင်၏ ပစ်မှတ်မှာ ဝမ်လင်း(ဝါ) လင်းကျန်းရန် ဖြစ်ပြီး လူသတ်ဆရာ၏ ပစ်မှတ်မှာ သူ၏ဆရာ ဖြစ်သည်။

၎င်းတို့နှစ်ဦးတွင် တူညီသော အချက်တစ်ခု ရှိသည်။

ယင်းမှာ တစ်ခါမှ မအောင်မြင်ခဲ့ခြင်းပင်။

ဓားပြမိစ္ဆာက အတွင်းခံဘောင်းဘီ မပါသော စီနီယာအကိုကို မကြည့်ဝံ့ဘဲ မျက်လုံးမှိတ်ထားလိုက်သည်။

သူက အပြစ်ကင်းစင်တဲ့ လူပျိုစင်လေး ဖြစ်၏။

သူ့မျက်လုံးတွေက ဤကဲ့သို့ ဖောက်ပြန်သော ပုံရိပ်မျိုးကို မည်ကဲ့သို့ ခံနိုင်ရည် ရှိပါမည်နည်း။

[ဆရာ အမြန်လာကယ်တင်ပါ.. စီနီယာအကိုက ကျနော့်ကို ဘောင်းဘီချွတ်ပြနေတယ်]

လူသတ်ဆရာက သူ၏ဘောင်းဘီကို ပြန်ဝတ်လိုက်သည်။

သူတို့ဂိုဏ်း၏ အခြေခံမူများကို ဖောက်ဖျက်ခြင်း အတွက် အနည်းငယ်ပင် နောင်တမရခဲ့ပေ။

"ညီလေး.. ငါ ဆရာ့ကို အနိုင်ယူဖို့ နည်းလမ်းရှာနေတာ သိတယ် မဟုတ်လား.. ဒီနှစ်တွေမှာ ငါဘာလို့ ထပ်ခါထပ်ခါ ရှုံးခဲ့ရတာလဲ ငါအမြဲစဥ်းစားခဲ့တယ်.. အခုတော့ ငါနားလည်သွားပြီ"

ဓားပြမိစ္ဆာက ခေါင်းမော့လိုက်သည်။

"..........."

လူသတ်ဆရာ "ငါရှုံးရတာက ငါ့တက်လမ်းကို အဟန့်အတားဖြစ်စေတဲ့ ဒီပန်းရောင်အောက်ခံ ဘောင်းဘီကြောင့်ပဲ"

ဓားပွမိစ်ဆာ ".........."

လူသတ်ဆရာ "နံပါတ်တစ် လူသတ်သမား အနေနဲ့ ဒီစွဲလမ်းမှုကို ငါဘယ်လို အနိုင်ယူနိုင်မလဲဆိုတာ လေးလေးနက်နက် စဥ်းစားခဲ့တယ်.. ဘာမှမဝတ်တာက အကောင်းဆုံး ဖြေရှင်းချက်ပဲ"

ဓားပွမိစ်ဆာ "..........."

လူသတ်ဆရာ "ဒါနဲ့ဆရာက ငါတို့ကို ဘာလုပ်စေချင်တာလဲ"

ဓားပြမိစ္ဆာ "ဆရာက သူလက်ရှိ သင်ကြားနေတဲ့ ကျောင်းသားတွေကို စောင့်ရှောက်စေချင်နေတယ်.. အရိပ်အဖွဲ့ ခေါင်းဆောင် ကျန်းလျှိုယွဲ့က ကျောင်းသားတွေကို ဒုက္ခပေးဖို့ လူသတ်သမားတွေ လွှတ်လိုက်မှာကို သူစိုးရိမ်နေတယ်.."

ထိုစကားကို ကြားလျှင် လူသတ်ဆရာက ခေါင်းညိတ်လိုက်သည်။

"ဒါဆို ဆရာက အဲဒီလူတွေကို ပညာပေးစေချင်တာလား"

ဓားပြမိစ္ဆာ ခေါင်းညိတ်လိုက်သည်။

"ဒါက အကောင်းဆုံးနည်းလမ်းပဲ.. ဆရာက နှစ်ပေါင်းတစ်ရာကျော် ဇာတ်မြုပ်နေခဲ့တယ်.. အပြင်လူတွေကြောင့် သူ့ကို စိတ် အနှောင့်အယှက် မဖြစ်စေချင်ဘူး"

လူသတ်ဆရာက ခေါင်းငုံ့ကာ မျက်လုံးများ မှေးသွားသည်။

"ငါနားလည်ပြီ"

ထို့နောက်တွင် သူက သူ၏ ညှပ်ဖိနပ်ထဲမှ ဝီစီတစ်ခုကို ဆွဲထုတ်လိုက်ပြီး မှုတ်လိုက်သည်။

ဝီစီသံက ကောင်းကင်ယံကို ပျံ့နှံ့သွားခဲ့သည်။

"ငါ့ရဲ့ ဝီစီသံက ကောင်းကင်ကို ပစ်လွှတ်လိုက်တဲ့ အချက်ပြမြားတံလိုပဲ.. ဝီစီသံကို ကြားတာနဲ့ စစ်သည်တစ်ထောင်နဲ့ မြင်းတသောင်း ရောက်လာလိမ့်မယ်"

ဓားပြမိစ္ဆာ အံ့သြသွားသည်။

"စီနီယာအစ်ကိုက ဒီလောက်များတဲ့ လက်အောက်ငယ်သားတွေကို ဘယ်ကတည်းက စုဆောင်းလိုက်တာလဲ.. နိုင်ငံတော်ကို ပုန်ကန်မလို့တော့ မဟုတ်ပါဘူးနော်"

"စစ်မှန်တဲ့ အကြီးအကဲ တစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ လျှို့ဝှက် အစောင့်အရှောက်တွေ အမြဲတမ်း ရှိတယ် ဆိုတဲ့စကားကို မင်းကြားဖူးတယ် မဟုတ်လား.. လောလောဆယ်တော့ ငါ့မှာ နှစ်ယောက်ရှိတယ်"

လူသတ်ဆရာက နှာခေါင်းကိုပွတ်၍ ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် ကောင်းကင်ကနေ အရိပ်နှစ်ခု ကျဆင်းလာသည်ကို ဓားပြမိစ္ဆာ တွေ့လိုက်ရသည်။

၎င်းတို့က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသား နှစ်ယောက် ဖြစ်ပြီး မျက်နှာကို ဖုံးကွယ်ထားသောကြောင့် လျှို့ဝှက်ဆန်းကြယ်သည်ဟု ထင်ရသည်။

ဓားပြမိစ္ဆာ "နှစ်ယောက်ပဲလား"

"ဟုတ်တယ်လေ"

လူသတ်ဆရာက ခေါင်းညိတ်လိုက်ပြီး အနက်ရောင်ဝတ် အမျိုးသားနှစ်ဦးနှင့် မိတ်ဆက်ပေးလိုက်သည်။

"ဒီတစ်ယောက်ကို တပ်သားတစ်ထောင်လို့ နာမည်ဝှက် ပေးထားပြီး ဟိုတစ်ယောက်ကိုတော့ မြင်းတစ်သောင်းလို့ နာမည်ဝှက် ပေးထားတယ်.. သူတို့နှစ်ယောက်က အခုမှ အလုပ်သင်အဖြစ် လက်ခံထားတဲ့ ငါ့ရဲ့ လက်အောက်ငယ်သား နှစ်ယောက်ပါ.. လုပ်ကြံရေး နယ်ပယ်က လူတွေကို သတိပေးချက်ထုတ်ဖို့ ခဏနေကျရင် နှစ်ယောက်လုံးကို လွှတ်လိုက်မယ်.. မင်းတို့တွေ ဒီကိုလာပြီး မင်းတို့ရဲ့ ဒုတိယ ဆရာဦးလေးကို နှုတ်ဆက်လိုက်ပါဦး"

အနက်ရောင်ဝတ် နှစ်ယောက်က ဓားပြမိစ္ဆာကို လက်သီးများဆုပ်၍ ဂါရဝပြုလိုက်ကြသည်။

"မင်္ဂလာပါ ဒုတိယ ဆရာဦးလေး"

"........."

ဓားပြမိစ္ဆာက အချိန်အတော်ကြာ စကားမပြောနိုင်ဖြစ်နေသည်။

သူ့ စီနီယာအစ်ကို၏ ဦးနှောက်ထဲတွင် အခန်းလွတ်တစ်ခု ရှိနေသည်ကို နောက်ဆုံးတွင် သူ သဘောပေါက်သွားခဲ့သည်။

....................

ဤတစ်ကြိမ် ကျင်းပမည့် ကျောင်းခြောက်ကျောင်း၏ စုပေါင်း စစ်ရေးလေ့ကျင့်မှုမှာ သေးငယ်သည့် ပွဲတစ်ခု မဟုတ်ခဲ့ပေ။

မြို့တွင်းရှိ အထက်တန်းကျောင်းများနှင့် အဓိကမြို့ပြ အထက်တန်းကျောင်း ကိုယ်စားလှယ်လောင်းများကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တိုက်ဆိုင်မှုတစ်ခုဟု ဆိုရမည့်အစား အစောပိုင်းကတည်းကာ အဖြေကို တမင် စီစဉ်ထားသည့် အစီအစဉ်တစ်ခု အဖြစ် ရှုမြင်ခြင်းက ပို၍ကောင်းသည်။

အမှတ် ၅၉ အထက်တန်းကျောင်းနှင့် အမှတ် ၆၀ အထက်တန်းကျောင်း နှစ်ခုစလုံးမှာ မြို့ပြအထက်တန်းကျောင်း ကိုယ်စားလှယ်လောင်းများ ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။

ဤကျောင်းနှစ်ကျောင်းက ပူးပေါင်းပြီး မြို့တွင်းရှိ အထင်ကရ အထက်တန်းကျောင်း လေးကျောင်းကို ယှဉ်ပြိုင်မည်မှာ တကယ်တမ်းတွင် ရယ်စရာ တစ်ခုလို ဖြစ်နေသည်။

အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ချန်းနှင့် အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ကျင်း တို့မှာ ဂိုဏ်းတစ်ခုတည်းမှ ဖြစ်ကြသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးစလုံးမှာ ၎င်းတို့၏ ဂုဏ်သတင်းနှင့် ပတ်သက်၍ အကဲဆတ်ကြသည်။

သူတို့၏ ပင်ကိုစရိုက်ကြောင့် ညီအကိုနှစ်ယောက် ပေါင်းစည်းမိသည့် အခါမျိုးတွင် အရာခပ်သိမ်း လုပ်ဆောင်ရန် နည်းလမ်းမျိုးစုံကို တွေးတောခဲ့ကြသည်။

ယနေ့ ဇွန်လ ၁၃ ရက် တနင်္လာနေ့သည် စာသင်နှစ်၏ အဋ္ဌမပတ် ဖြစ်သည်။

ဆရာမဖန်က မနက်စောစော စာသင်ခန်းထဲ ဝင်လိုက်သည်နှင့် စုပေါင်း စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်သည့် အာရုံစိုက်စရာ အချက်အလက်တွေကို ပြောပြခဲ့သည်။

ကျောင်းအုပ်ဆရာကြီး ချမ်း နှင့် ကျောင်းအုပ်ဆရာကြီး ကျင်း တို့က စစ်ရေးလေ့ကျင့်မှု အစီအစဉ် ဖြစ်သည့် "ရှင်သန်ခြင်း စစ်ရေး လေ့ကျင့်မှု ပြိုင်ပွဲ" အတွက် လိုအပ်သော လမ်းညွှန်ချက်အစုံကို ရေးဆွဲကာ တစ်ညလုံး ကုန်ဆုံးခဲ့ကြသည်။

ယင်းနောက်တွင် ကျောင်းအုပ်ကြီးနှစ်ဦးက တာဝန်ခံဆရာ/ဆရာမများမှ တဆင့် ကျောင်းသားများကို ဖြန့်ဝေခိုင်းခဲ့သည်။

"ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူတိုင်း နားလည်မယ်လို့ ယုံကြည်ပါတယ်.. ဒီတစ်ကြိမ်မှာ ပါဝင်မဲ့ ကျောင်းခြောက်ကျောင်းရဲ့ ကျောင်းသား အရေအတွက်က တစ်သောင်းကျော်တောင် ရှိတယ်.. ပြိုင်ပွဲစတာနဲ့ မြေပုံပေါ်က ကျပန်းနေရာတွေကို အစီအရင်က ပို့ဆောင်ပေးမယ်.. ဒါကြောင့် မင်းတို့ ဘေးနားမှာကျတဲ့ လူက သူငယ်ချင်း ဒါမှမဟုတ် ရန်သူလည်း ဖြစ်နိုင်တယ်.. ဘာပဲဖြစ်ဖြစ် မြေပုံပေါ်မှာ နောက်ဆုံး ကျန်နေတဲ့သူတွေသာ အောင်နိုင်သူဖြစ်မှာပဲ"

ဆရာမဖန်က သူမ မျက်မှန်ကို ပင့်လိုက်ပြီး

"မင်းတို့ မြေပုံရဲ့ ဘယ်နေရာ ကိုပဲ ရောက်ရောက် မျက်လုံးကို ပြူးနေအောင် ဖွင့်ထားကြ.. မဟာမိတ်လား ရန်သူလား ဆုံးဖြတ်.. ဘာပဲဖြစ်ဖြစ် မဟာမိတ်ကို မတော်တဆ မထိခိုက်စေနဲ့.. ဒီလိုမှမဟုတ်ရင် မင်းတို့ အမှတ်တွေ ဆုံးရှုံးသွားလိမ့်မယ်"

လူတိုင်း ".........."

ဆရာမဖန် "အခုပြောနေတာတွေက အရေးကြီးတယ်.. လေးလေးနက်နက် နားထောင်ကြ.. ဒီအချက်တွေကို ဂရုတစိုက် ရှင်းပြနေတဲ့အချိန်မှာ ဂရုတစိုက် နားမထောင်တဲ့သူတွေကို တွေ့ရင် ကောလိပ်ဝင်ခွင့် မပေးဘဲ တစ်နှစ် ထပ်စောင့်ခိုင်းမယ်"

လူတိုင်း "............."

ဆရာမဖန် "အထဲကိုရောက်တာနဲ့ မြေပုံပေါ်မှာ မှော်ရတနာတွေ ကြုံရာကျပန်း ပေါ်လာတာကို တွေ့ရမယ်.. အဲဒါတွေကို မင်းတို့ကိုယ်တိုင် ရှာဖွေဖို့တော့ လိုအပ်တယ်.. အသုံးမဝင်တဲ့ အရာတွေကိုတော့ လိုက်မရှာပါနဲ့.. အရင်ဆုံး သိုလှောင်အိတ်ကို ဦးစားပေး ရှာသင့်တယ်.. လူတစ်ယောက်ရဲ့ ကွန်ဖူး ဘယ်လောက်ပဲ ကောင်းနေပါစေ မီးဖိုချောင်သုံးဓားကိုတော့ ကြောက်ရမှာပဲ.. ကွန်ဖူးကောင်းသူက မှော်ဓားကိုင်ပြီး အနီးကပ် တိုက်ခိုက်လာသူကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

ထိုစကားကိုကြားလျှင် မြေပဲလေးက သူ့လက်ကို မြှောက်လိုက်သည်။

"ဒါဆို ဆရာမ... အကယ်၍ ကံဆိုးပြီး မှော်ရတနာတွေ မရခဲ့ရင် ဘယ်လိုလုပ်ရမလဲ"

ဆရာမဖန် "မေးစရာလိုသေးလား.. ဒီလိုအခြေအနေ ဆိုရင်ပုန်းနေရမယ် ဆိုတာ မသိဘူးလား"

မြေပဲလေး "............"

"အမှတ် ၅၉ အထက်တန်းကျောင်း အပါအဝင် ဒီတကြိမ် စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်မယ့် ငါတို့ရဲ့ ကျောင်းသား အရေအတွက်က စုစုပေါင်း နှစ်ထောင်အောက်ပဲ ရှိတယ်.. မင်းတို့တွေ ကံဆိုးရင် မှော်ရတနာတွေ မရှိတဲ့ အခြေအနေကိုတောင် ရောက်နိုင်တယ်.. ဒီလို အခြေအနေမှာ ပုန်းအောင်းဖို့ နေရာရှာတာ အကောင်းဆုံးပဲ. ရန်သူကို ထွက်မတိုက်နဲ့.. မဟာမိတ်တွေ ထောက်ပံ့ရေး ပစ္စည်း ယူလာနိုင်တဲ့အထိ စောင့်နေလိုက်တာ အကောင်းဆုံးပဲ.. ဒါမှပဲ အဆုံးသတ်မှာ ပိုကောင်းတဲ့ တိုက်ပွဲကို တိုက်ခိုက်ဖို့ ခွန်အားတွေ ရှိနေလိမ့်မယ်"

ဆရာမဖန်က လေးလေးနက်နက် ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကို နှိမ့်ချပြီး လုံလုံခြုံခြုံ ပုန်းအောင်းရမယ်"

လူတိုင်း "............."

"ဒီလို ကစားပွဲ အမျိုးအစားကို အနိုင်ရဖို့ နည်းလမ်းနှစ်ခုပဲ ရှိတယ်.. မင်းတို့က အရာအားလုံးကို ဖယ်ရှားနိုင်တဲ့ နတ်ဆိုးလို သန်မာတဲ့သူ ဖြစ်ရင်ဖြစ် မဟုတ်ရင်တော့ စိတ်ရှည်ရှည်နဲ့ပုန်းအောင်းဖို့ပဲ.. ဒီလို ပုန်းအောင်းတာက မင်းတို့ရဲ့ ခွန်အားကို ချွေတာရာလည်း ရောက်တယ်"

ဆရာမဖန်က စာသင်ခန်းထဲက ကျောင်းသားတွေကို ကြည့်လိုက်သည်။

"အနှစ်ချုပ်ရရင် စိတ်ရှည်လက်ရှည် ပုန်းအောင်းနိုင်တာနဲ့အောင်မြင်မှုက ငါတို့အတွက်ပဲ"

ဝမ်လင်း "..........."

....................

ကျောင်းမှပြန်လာပြီးနောက်..

ထိုညတွင် ဝမ်လင်း၏ စိတ်ထဲတွင် မကြာခဏ ပေါ်လာသော ပုံရိပ်မှာ ပိုမို ရှင်းလင်းလာသည်။

သူ၏ ကောင်းကင်မျက်လုံးက ယခင်က သွေးအိုင်ထဲတွင် လဲကျနေသော လူတစ်ယောက်ကို ကြိုမြင်ခဲ့သည်။

ယခုအခါတွင် ဤလူက ဗုံးပစ်စီနီယာ အင်မော်တယ် ဖြစ်ကြောင်း သေချာစွာ အတည်ပြုနိုင်ခဲ့သည်။

လဲကျနေသည့်နေရာက ဝမ်ရှန်းဥယျာဥ် အိမ်ရာ၏ အနောက်ဘက် ဥယျာဉ်နေရာ ဖြစ်သည်ကိုလည်း သူ သေချာပေါက် သိလိုက်သည်။

ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ လုံခြုံရေးအတွက် ရုတ်တရက် စိုးရိမ်သွားသည်။

ယခင်က ဗုံးပစ်စီနီယာ အင်မော်တယ်ကို (လုံကျွင့်) ဘောင်းဘီရှည် တစ်ထည် ပို့ခဲ့ဖူးသော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ် ဝတ်မဝတ် သူသေချာ မသိပေ။

All Chapters