← Chapters

ဗုံးပစ်စီနီယာအင်မော်တယ် စိတ်ရှုပ်ထွေးခြင်း

Vol. 14 Ch. 202

ဗုံးပစ်စီနီယာအင်မော်တယ် စိတ်ရှုပ်ထွေးခြင်း

Vol. 14 Ch. 202

ဆယ်ရက်ကြာ အားထုတ်ပြီးနောက် ဝိညာဥ်မြေဆီလွှာတွင် စိုက်ပျိုးထားသော သူဌေးထန်၏ ဟော်သွန်းမျိုးစေ့မှာ နောက်ဆုံးတွင် အညှောက်ပေါက်လာပြီး လျင်မြန်စွာ ကြီးထွားလာသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ခါးထောက်ကာ ဟော်သွန်းအသီးအနှံကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။

လွန်ခဲ့သော ဆယ်မိနစ်ခန့်က ပဲပိစပ်လောက်သာ ကြီးမားခဲ့သော်လည်း ယခုအခါတွင် သာမန်မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

ဤအတိုင်းဆိုလျှင် ဟော်သွန်း အပင်၏ အသီးအနှံတွေက မကြာခင် ထွက်ရှိလာတော့မည် ဖြစ်၏။

မိန်းကလေးနွီဝါး ပေါ်လာမည်မှာ မသေချာသော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်က ဟော်သွန်းအပင် ပေါက်လာ၍ ကျေနပ်နေမိသည်။

"စီနီယာအင်မော်တယ်.. သူဌေးထန် ပြောတဲ့ မိန်းကလေး နွီဝါးက တကယ်ပဲ ပေါ်လာမှာလား"

အဖြူရောင်ဝတ်စုံဝတ် အမျိုးသား စုန့်ချင်းရှုက မေးလိုက်သည်။

"ငါဘယ်သိမှာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က အနည်းငယ် စိတ်မချမ်းသာသော အမူအရာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အများစုက ဤနည်းလမ်းကို အလုပ်ဖြစ်မည်ဟု မထင်ကြပေ။

ဝမ်လင်း ကိုယ်တိုင်ပင် အလွန်အမင်း ယုံကြည်ချက် မရှိသလို ခံစားခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ ဤမျိုးစေ့က သူဌေးထန် နှစ်ပေါင်းများစွာသိမ်းဆည်းထားခဲ့သော အရာ ဖြစ်၏။

ဗုံးပစ်စီနီယာ အင်မော်တယ်ကမူ ဟော်သွန်းမျိုးစေ့ကို စိုက်ထားသ၍ မိန်းကလေးနွီဝါး အမှန်တကယ် ပေါ်လာမည်ဟုယုံကြည်မှု ရှိသည်။

ကျင့်ကြံသူ၏ နယ်ပယ်က ပိုအဆင့်မြင့်လေ၊ ပိုထက်မြက်လေ၊ ၎င်းတို့ကို အချစ်မရှိသည့် နတ်ဆိုးများအဖြစ် ရှုမြင်ကြလေ့ ရှိသည်။

ဝမ်လင်း၏ ထင်မြင်ယူဆချက်အရ အချစ်ဆိုသည်မှာ ကျင့်ကြံသူ၏ နှလုံးသားထဲမှ အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်၏။

ထို့ကြောင့် ကျင့်ကြံခြင်းတွင် နာကြည်းခြင်း သို့မဟုတ် မုန်းတီးခြင်းများ မလိုအပ်ပေ။

သို့ရာတွင် ကျင့်ကြံသူ အများစုမှာ ဗုံးပစ်စီနီယာ အင်မော်တယ်ကဲ့သို့ စိတ်ကူးယဥ် မဆန်တတ်ကြပေ။

ဝမ်လင်းက သူ၏ ကျင့်ကြံခြင်း လမ်းစဥ်တွင် ထိုကဲ့သို့ သူငယ်ချင်း တစ်ယောက်နှင့် တွေ့ဆုံခွင့်ရခြင်းမှာ အလွန်ကောင်းသောအရာ ဖြစ်သည်ဟု ခံစားမိသည့် အချိန်များ ရှိခဲ့ဖူးသည်။

................

ညနေစောင်းနေပြီ ဖြစ်သည်။

ဝမ်ရှန်းဥယျာဥ် ဘေးမှ လမ်းမီးတွေက ယခုမှ စတင်လင်းလာသည်။

လမ်းမီးတိုင် တစ်ခုအောက်ရှိ နေရာလွတ် တစ်ခုတွင် လူရိပ်တစ်ရိပ်က ရုတ်တရက် ထွက်လာခဲ့သည်။

ထိုနေရာက မျက်ကွယ် နေရာတစ်ခု ဖြစ်ပြီး လမ်းဘေးရှိ လမ်းသွားလမ်းလာ တစ်ဦးတစ်လေမှ ၎င်း၏ အသွင်အပြင်ကို သတိမပြုမိခဲ့ပေ။

"အခုခေတ်ရဲ့ GPS တည်နေရာပြ စနစ်နဲ့ ခရမ်းရောင် ရွှေဘူးသီးခြောက်ရဲ့ နေရာအနှံ့သွားနိုင်တဲ့ မြူခိုးတွေကို တွဲသုံးလိုက်ရင် ဒီကမ္ဘာမြေပေါ်ရဲ့ ဘယ်နေရာကိုမဆို ငါအရှင် လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်"

ကျန်းလျှိုယွဲ့၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာအင်ပါယာ ကွာဖီက သူ့ဖုန်းကို ငုံ့ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

အစပိုင်းတွင် ခရမ်းရောင်ရွှေ ဘူးသီးခြောက်၏ နေရာအနှံ့ မြူခိုးများနှင့် အတူ လှည့်ပတ်သွားလာခြင်းကို မကျွမ်းကျင်သေးသဖြင့် သူ၏ ခွန်အားကို အများအပြားကို အသုံးပြုခဲ့ရသည်။

ယခုအခါတွင်မူ ယခင်ကထက် ပို၍ အဆင်ပြေလာပြီ ဖြစ်သည်။

မိစ္ဆာအင်ပါယာကွာဖီ "ဒီနေရာမှာလား"

"ဟုတ်ပါတယ် အရှင်.. လုံးဝ မမှားပါဘူး.. ကြယ်ခုနစ်ပွင့်ဓားကို ယူထားတဲ့သူက ဒီနေရာမှာ နေထိုင်တာပါ"

ကျန်းလျှိုယွဲ့၏ အသံက ကွာဖီ၏ မျက်နှာပေါ်ရှိ ကျောက်သရဲမျက်နှာဖုံး ထံမှ ထွက်ပေါ်လာသည်။

မိစ္ဆာအင်ပါယာကွာဖီ "ဒါက သူဌေး ရပ်ကွက်တစ်ခုလား.. ဘယ်အိမ်လဲဆိုတာ မင်းသိလား"

ကျန်းလျှိုယွဲ့ "ကျမ ငှားရမ်းထားတဲ့ ကင်းထောက်က အဲဒီအိမ်ရှေ့မှာ ဟော်သွန်း သစ်ပင်တစ်ပင် ရှိတယ်လို့ ပြောတယ်.. အလွယ်တကူ ရှာလို့ရမှာပါ"

"ဒါဆိုလည်း အရင်ရှာကြည့်ကြစို့...ဒီတစ်ခါတော့ ငါအရှင်ကိုယ်တိုင် ကြယ်ခုနစ်ပွင့်ဓားကို ပြန်ယူရမယ်"

မိစ္ဆာအင်ပါယာ ကွာဖီက ယုံကြည်မှုရှိသော လေသံဖြင့် ပြောလိုက်သည်။

........................

လူနှစ်ယောက်က ဟိုဘက်ဒီဘက် လျှောက်လှမ်းနေချိန်တွင် ဝမ်ရှန်းဥယျာဥ် အိမ်ရာရှိ ဗုံးပစ်စီနီယာ အင်မော်တယ်၏ နောက်ဖေးခြံတွင် အနက်ရောင် ဝတ်စုံဝတ်လူ တစ်ယောက်က ခြံစည်းရိုး အပြင် ခပ်လှမ်းလှမ်းကနေ ဟော်သွန်းသစ်ပင်ကို လှမ်းကြည့်နေသည်။

အမှောင်ရိပ်အောက်ရှိ ထိုအနက်ရောင် ဝတ်စုံဝတ်လူမှာ အတော်လေး လျှို့ဝှက်ဆန်းကြယ်နေပုံ ရသည်။

ထိုသူ၏ ကျင့်ကြံခြင်း နယ်ပယ်ကိုမူ ခန့်မှန်း၍မရချေ။

"ဒီနေရာပဲ"

အနက်ရောင် ဝတ်စုံဝတ်လူက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ခြံစည်းရိုးကို ကျော်ဖြတ်ကာ ဟောသွန်းသစ်ပင် အနားသို့ရောက်သွားသည်။

ထို့နောက် သူက သစ်ပင်၏ ရနံ့ကို ဂရုတစိုက် ရှုရှိုက်လိုက်၏။

"သေချာပေါက် မမှားဘူး.. ဒါက ဟိုမျိုးစေ့ကနေ ပေါက်လာတဲ့ အပင်ပဲ"

ဤဟောသွန်းသစ်ပင်၏ မျိုးစေ့က ရနံ့နှင့် ပတ်သက်၍ အထူး လေ့ကျင့်ထားသော သူများသာ အနံ့ခံနိုင်စေရန် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။

ဟော်သွန်းသစ်ပင် ရှေ့တွင် ရပ်နေသည့် အနက်ရောင်ဝတ်လူက စိတ်လှုပ်ရှားသွားသည်။

ဤထူးခြားသောရနံ့ကို လူသန်းတစ်ရာလျှင် တစ်ဦးသာ အနံ့ခံနိုင်သည်။

သူက ထိုအချိန်က ရွေးချယ်ခံခဲ့ရသော ကလေး ရှစ်ဦးအနက်မှ တစ်ဦးဖြစ်ပြီး ငရဲတမျှ ပြင်းထန်သော လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ရသူ ဖြစ်သည်။

ဤအထူးရနံ့ကို အာရုံခံနိုင်ရန် အတွက် ဟောသွန်းမျိုးစိတ် သန်းပေါင်းများစွာဖြင့် လေ့ကျင့်ခဲ့ရသည်။

အာရုံငါးပါး၊ စိတ်ပိုင်းဆိုင်ရာ နည်းစနစ်များ၊ ကိုယ်ခံပညာနှင့် စစ်ရေးစွမ်းရည်များ..

ဤအရာအားလုံးမှာ သူ၏ လေ့ကျင့်မှုတွင် မသင်မနေရ ပညာများ ဖြစ်သည်။

သူက ကဏ္ဍအားလုံးတွင် ပြီးပြည့်စုံအောင် ကျင့်ခဲ့သည်။

ဤအရာအားလုံးမှာ ဤထူးခြားသော ဟောသွန်း သစ်ပင် စိုက်ပျိုးခဲ့သူကို ခေါ်လာပေးရန် အတွက် စံအိမ်သခင်က သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

ဟောသွန်းသစ်ပင်ကို ရှာတွေ့လိုက်သည်နှင့် အနက်ရောင်ဝတ်လူ၏ နှလုံးသားက ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

ဤသစ်ပင်စိုက်ပျိုးသူကို ရှာတွေ့ဖို့အတွက် ပင်ပန်းဆင်းရဲမှုများစွာ သူခံစားခဲ့ရ၏။

အဆုံးသတ်တွင် သူရှာတွေ့ခဲ့သည်။

သစ်ပင်စိုက်ပျိုးသူကို သခင်ထံသို့ ပြန်ခေါ်နိုင်သ၍ နောင်တွင် သူက လွတ်မြောက်ခွင့် ရလိမ့်မည် ဖြစ်သည်။

ဤနှစ်များ တစ်လျှောက်လုံးတွင် သူ့ဘဝက အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ် နေခဲ့သည်။

သူက ဖြစ်နိုင်ရင် စကားလုံးခြောက်လုံးကို ကျယ်ကျယ်လောင်လောင် အော်ဟစ်ချင်ခဲ့သည်။

"ငါ အနားယူချင်တယ်"

သူ့ရင်ထဲတွင် ခဏလောက် အော်ဟစ်ပြီးနောက် အနက်ရောင်ဝတ်လူက သူ့အတွေးတွေကို တည်ငြိမ်အောင် စုစည်းလိုက်သည်။

ယခု သူ၏ ဦးစားပေးမှာ ဤဟော်သွန်း သစ်ပင် စိုက်ပျိုးသူကို ရှာဖွေခေါ်ဆောင်ရန် ဖြစ်သည်။

ယင်းအချိန်တွင် ထူးဆန်းသော အငွေ့အသက် တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

မိစ္ဆာအင်ပါယာ ကွာဖီက လေဟာနယ် အက်ကွဲကြောင်း မှတစ်ဆင့် အိမ်နောက်ဖေးသို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။

အလွန်လျင်မြန်စွာ ရောက်ရှိလာသဖြင့် အနက်ရောင် ဝတ်စုံဝတ်လူက တစ်ဖက်လူ မည်ကဲ့သို့ ပေါ်လာသည်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။

မျက်လုံးချင်း ဆုံမိလိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ၎င်းတို့က ကိုယ်စီအတွေးများ ရရှိခဲ့ကြသည်။

"သေချာပြီ.. ဒီမိန်းကလေးက ဒီဟော်သွန်းသစ်ပင်ကို စိုက်ခဲ့တဲ့သူပဲ"

"ဟမ့် ဒီကောင်က ကြယ်ခုနစ်ပွင့်ဓားကို ယူခဲ့တဲ့ ဂျူနီယာပဲ ဖြစ်ရမယ်"

ကျန်းလျှိုယွဲ့၏ အသွင်အပြင်ကို မြင်လိုက်သည်နှင့် အနက်ရောင် ဝတ်စုံဝတ်လူက မှန်ကန်သောလူကို ရှာတွေ့ပြီဟု ယုံကြည်လာသည်။

စံအိမ်သခင်က အလှတရားကို နှစ်သက်ကြောင်း သူအရင်ထဲက ကြားသိထားသော်လည်း ဤကဲ့သို့ အကိတ်ကြီးများကို အမှန်တကယ် စိတ်ဝင်စားလိမ့်မည်ဟုတော့ သူ မထင်ထားမိပေ။

ဤအမျိုးသမီး၏ ရင်ဘတ်ပေါ်ရှိ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သော အလုံးနှစ်လုံးမှာ အတော်လေး ကြီးလွန်းသည်ဟု သူခံစားခဲ့ရသည်။

သူက လက်နှစ်ဖက် နောက်ပစ်ကာ သူ့ရှေ့မှ မိစ္ဆာအင်ပါယာ ကွာဖီကို ဟန်ပါပါ ကြည့်လိုက်သည်။

"ငါ့သခင်က မင်းကို တွေ့ချင်နေတယ်.. ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ.. ဒါနဲ့ မင်းနာမည်က ဘယ်သူလဲ"

အနက်ရောင်ဝတ်လူ၏ အထက်စီးဆန်မှုက မိစ္ဆာအင်ပါယာကွာဖီကို အံ့အားသင့်စေခဲ့သည်။

"အခုခေတ် လူငယ်တွေက ဒီလိုပဲ မောက်မာတတ်တာလား"

ကျန်းလျှိုယွဲ့၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာ အင်ပါယာ ကွာဖီမှာ သူ့ရှေ့မှ လူကို ဂရုတစိုက် အကဲခတ်လိုက်သည်။

အံ့အားသင့်စရာမှာ ထိုလူက အရှိန်အဝါကို မမျှော်လင့်ဘဲ ကောင်းစွာ ဖုံးကွယ်ထားနိုင်နေသည်။

ကျန်းလျှိုယွဲ့၏ ခန္ဓာကိုယ်က လက်ရှိတွင် ပြန်လည် နာလန်ထူလာပြီ ဖြစ်သော်လည်း ထိုသူ၏ နယ်ပယ်အဆင့်ကို မတွေ့နိုင်ခဲ့ပေ။

"ငါသိပြီ... ငါဓားလာယူမယ် ဆိုတာကို ဂျူနီယာကို သိနေတော့ မင်းကို စောစောစီးစီး ကြိုတင် လွှတ်ခဲ့တဲ့ပုံပဲ.. မင်းကို အဲဒီဂျူနီယာက လွှတ်လိုက်တာ မဟုတ်လား"

မိစ္ဆာအင်ပါယာက အနက်ရောင်ဝတ်လူကို စိုက်ကြည့်ကာ ရယ်မောသော လေသံဖြင့် ပြောသည်။

"ဂျူ.. ဂျူနီယာလား"

အနက်ရောင်ဝတ်စုံဝတ်လူ လန့်သွားသည်။

ကျင့်ကြံခြင်း နယ်ပယ်တွင် သူ၏ စံအိမ်သခင်ကို ဂျူနီယာဟု ခေါ်ဝံ့သည့်သူ အများကြီး မရှိခဲ့ပေ။

"ဒီအမျိုးသမီးက ဆက်ဆံရ ခက်မဲ့ပုံပဲ.. သူပြောတဲ့ဓားဆိုတာကဘာလဲ"

အနက်ရောင်ဝတ်လူက စိတ်ထဲတွင် တွေးတောရင်း မျက်မှောင်ကြုတ်လိုက်သည်။

ခဏမျှ စဉ်းစားပြီးနောက် သူက ရုတ်တရက် လှုပ်ရှားလိုက်သည်။

ဓားကဘာလဲ သူ ဂရုမစိုက်အားပေ။

အရင်တိုက်သည့်သူက အသာစီးရလိမ့်မည်။

အရေးကြီးဆုံးမှာ သူမကို ပြန်ခေါ်လာရန်သာ ဖြစ်သည်။

ကျန်ကိစ္စကို သူနောက်မှ စဉ်းစားလိမ့်မည်။

....................

ဇိမ်ခံအိမ်အတွင်း အစည်းအဝေး လုပ်နေသည့် ဗုံးပစ်စီနီယာအင်မော်တယ် နှင့် စုန့်ချင်းရှုတို့မှာ အပြင်ဘက်မှ အသံဗလံများကြောင့် လန့်ဖျပ်သွားသည်။

သူတို့နှစ်ဦးစလုံးက သူတို့၏ ဝိညာဉ်ရေး အာရုံများဖြင့် အခြေအနေကို ခံစားသိရှိခဲ့ကြသည်။

အဆုံးသတ်တွင် နှစ်ဦးသား အံသြသွားကြသည်။

အိမ်နောက်ဖေးတွင် လူနှစ်ယောက်က ဘယ်အချိန်ကတည်းက ပေါ်လာပါသနည်း။

ထိုနှစ်ယောက်က အဘယ်ကြောင့် ရန်ဖြစ်နေကြပါသနည်း။

All Chapters