← Chapters

ဒီအမှိုက်ကောင်ကိုသတ်

Vol. 14 Ch. 203

ဒီအမှိုက်ကောင်ကိုသတ်

Vol. 14 Ch. 203

ဟောသွန်းမျိုးစေ့ အပင်ပေါက်လာသော်လည်း မိန်းကလေးနွီဝါး ပေါ်မလာသေးပေ။

ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် စုန့်ချင်းရှုတို့က ဝိညာဥ်၂၀နှင့် ပတ်သက်ပြီး အာမခံ တောင်းဆိုမှုများကို ဆွေးနွေးနေကြသည်။

ယင်းအချိန်မှာပင် အိမ်နောက်ဖေးရှိ ဥယျာဥ်သို့ လူစိမ်းနှစ်ယောက် ကျူးကျော်လာသည်ကို သိလိုက်ရသည်။

"ငါတို့ အခု ဘာလုပ်ကြမလဲ.. စီနီယာ အင်မော်တယ်"

စုန့်ချင်းရှုက လုံကျွင့်ကို အမြန်လဲဝတ်လိုက်ပြီး မေးလိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က အဖြေချက်ချင်း ပြန်မပေးသေးဘဲ နောက်ဖေးဥယျဥ်တွင် တိုက်ခိုက်နေသည့် နှစ်ယောက်ကို အကဲခတ်လိုက်သည်။

ထိုနှစ်ယောက်၏ ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ရင်သား အဆမတန် ကြီးသည့် တစ်ယောက်က အမျိုးသမီး ဖြစ်ကြောင်း သူရိပ်မိလိုက်သည်။

ထိုနှစ်ယောက်၏ လှုပ်ရှားမှုက မြန်ဆန်လွန်းသဖြင့် အရိပ်နှစ်ခု ရောယှက်နေသည်ကိုသာ သူမြင်ခဲ့ရသည်။

"နှစ်ယောက်စလုံးက ပညာရှင်တွေပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ကန့်လန့်ကာကို ဆွဲဖယ်ကာ ပြတင်းပေါက် အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အရာများကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်သည်။

"သူတို့နှစ်ယောက်လုံးက အရှိန်အဝါကို ကောင်းကောင်း ဖုံးကွယ်နိုင်တဲ့သူတွေပဲ.. တိုက်ပွဲဝင်နေတာတောင် အရှိန်အဝါကို ထိန်းသိမ်းနိုင်တယ် ဆိုတော့ တော်တန်ရုံ အဆင့်တော့ မဟုတ်ဘူး.. ဒီထက် ထူးခြားတာက သူတို့ရဲ့ တိုက်ခိုက်မှုကနေ ဘာအသံဗလံမှ မထွက်တာပဲ"

ထိုစကားကို ကြားလျှင် စုန့်ချင်းရှုက ထိတ်လန့်သွားသည်။

"ဒီလူတွေက ကောင်းကင်ဘုံစွမ်းရည်လို့ ညွှန်းဆိုကြတဲ့ အသံတိတ် တိုက်ပွဲဝင်စွမ်းရည်နဲ့ အရှိန်အဝါ ဖုံးကွယ်မှုစွမ်းရည်တွေကို ကျွမ်းကျင်တဲ့ ပညာရှင်တွေပဲ"

ဤအရည်အချင်း နှစ်ခုမှာ ကျင့်ကြံရန် ခက်ခဲသော အရည်အချင်းမျိုး ဖြစ်သည်။

ရှေးခေတ်ကတည်းက ဤအရည်အချင်းနှစ်ခုကို တစ်ပြိုင်နက်တည်း ကျွမ်းကျင်သူများမှာ ပရော်ဖက်ရှင်နယ် လူသတ်သမားများနှင့် ထောက်လှမ်းရေး အေဂျင်စီများမှ လုပ်ကြံသူများ ဖြစ်ကြသည်။

ဤအခိုက်အတန့်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်မှာ အတွေးထဲ နစ်မြုပ်သွားခဲ့သည်။

အဆုံးသတ်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်မှာ ဗုံးပစ်စီနီယာအင်မော်တယ်ပင် ဖြစ်သည်။

ကျင့်ကြံခြင်း ဖိုရမ်ပိုင်ရှင် နှင့် ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် နှစ်ပေါင်းများစွာ ကျင်လည်ခံသူ အနေဖြင့် ဤလူနှစ်ယောက်၏ တိုက်ခိုက်မှုကနေ ကောင်းစွာ သုံးသပ်နိုင်ခဲ့သည်။

အနက်ရောင်ဝတ်လူက တိုက်ပွဲတွင် သူ၏ လက်ကို သိပ်အသုံးမပြုခဲ့ပေ။

ဤသည်က လက်နက်ပုန်းကို အသုံးပြုတတ်သူ၏ အလေ့အထ ဖြစ်သည်။

၎င်း၏ တိုက်ခိုက်ပုံက ခန္ဓာကိုယ် အဓိက အစိတ်အပိုင်းများကိုသာ ဦးတည်နေသည်။

ဤသည်မှာ အတွေ့အကြုံရှိ လုပ်ကြံသူ၏ ဗီဇဖြစ်သည်ကို သံသယရှိစရာ မလိုအပ်ပေ။

သို့သော် အမျိုးသမီးကလည်း ခပ်ညံ့ညံ့ မဟုတ်ပေ။

သူမ၏ တိုက်ခိုက်မှုတွေက အမျိုးသားလောက် မပြင်းထန်သော်လည်း သူမ၏ ပုံစံ နှင့် လှုပ်ရှားမှုတွေက အတော်လေး ဆန်းကြယ်နေသည်။

သူမက ခုခံရန် မဖြစ်နိုင်သည့် တိုက်ခိုက်မှုတွေကိုပင် သတိပြုမိပြီး ရှောင်ရှားနိုင်ခဲ့သည်။

သူ့အမြင်အရ ဤအမျိုးသမီးတွင် သူမ၏ ကျင့်ကြံခြင်း နယ်ပယ် နှင့် မကိုက်ညီသည့် တိုက်ပွဲ အတွေ့အကြုံ အမြောက်အမြား ရှိနေ၏။

ထို့အပြင် အကြောင်းတစ်ခုခုကြောင့် ဤအမျိုးသမီးကို တစ်နေရာရာတွင် မြင်ဖူးသလိုမျိုး အလွန် ရင်းနှီးသည်ဟု သူခံစားမိသည်။

ဤအချိန်တွင် သူက အတော်လေး တုန်လှုပ်နေမိ၏။

ယခု သူ ဘာလုပ်သင့်ပါသနည်း။

ခဏမျှ စဉ်းစားပြီးနောက်တွင် သူက ဆဲလ်ဖုန်းကို ထုတ်ကာ မြင်ကွင်းကို မှတ်တမ်းတင်လိုက်ပြီး ဝမ်လင်းထံ ဗီဒီယို ပို့လိုက်သည်။

ဗွီဒီယိုထဲတွင် မီးလုံး နှစ်လုံး တိုက်မိနေသည်ကိုသာ မြင်နေရသည်။

ယင်းက ဓာတ်ပုံတစ်ပုံသာ ဖြစ်ခဲ့လျှင် ပုံထဲ၌ အရိပ်တစ်ခုပင် ပါလာနိုင်မည် မဟုတ်ချေ။

သို့ရာတွင် လင်းကျန်းရန်က မြင်နိုင်လောက်သည်ဟု သူအခိုင်အမာ ယုံကြည်ခဲ့သည်။

....................

ဆယ်မိနစ်ကျော်ကြာ တိုက်ပွဲဝင်ပြီးနောက်တွင် ၎င်းတို့နှစ်ဦးက တစ်ချိန်တည်း ရပ်တန့်လိုက်ကြပြီး တစ်ဦးကိုတစ်ဦး အလေးအနက် စိုက်ကြည့်လိုက်ကြသည်။

"မိတ်ဆွေက မျှော်လင့်ထားသလို အလွန် အထင်ကြီး လေးစားထိုက်တဲ့သူ တစ်ယောက်ပဲ.. ကျွန်တော် ကိုယ်တိုင်က လွဲရင် အခုခေတ်မှာ အသံတိတ် တိုက်ခိုက်ရေး စွမ်းရည်နဲ့ အရှိန်အဝါ ဖုံးကွယ်မှု စွမ်းရည်ကို ဒီအဆင့်အထိ ကျင့်ကြံနိုင်သူ အတော်ရှားပါးတယ်"

အနက်ရောင်ဝတ်စုံဝတ်လူက ကွာဖီကို စူးစိုက်ကြည့်ရင်းရေရွတ်လိုက်သည်။

မိစ္ဆာအင်ပါယာ ကွာဖီကမူ အသက်ကို မနည်း ရှုနေရသည်။

ကျန်းလျှိုယွဲ့၏ ကျင့်ကြံခြင်း နယ်ပယ်က အပြည့်အဝ ပြန်လည် မကောင်းလာသေးပေ။

ထို့အပြင် သူက ဤခန္ဓာကိုယ်နှင့် အကျွမ်းတဝင် မရှိသေးချေ။

အထူးသဖြင့် ရင်ဘတ်မှ အကိတ်အုန်းသီး နှစ်လုံးက သူ၏ဟန်ချက်ကို အနည်းနှင့်အများ ထိခိုက်စေခဲ့သည်။

ယင်းက တိုက်ပွဲတွင် သူ့ကိုနစ်နာစေသည်ဟု ကွာဖီက ခံစားခံရသည်။

သူ၏ တိုက်ပွဲ အတွေ့အကြုံ ကြွယ်ဝမှုကြောင့်သာ မဟုတ်လျှင် အနက်ရောင်ဝတ်လူ၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်၌ အကြိမ် ရှစ်ရာကျော်ခန့် သေသွားခဲ့ပြီ ဖြစ်သည်။

သူ့ရှေ့မှ အနက်ရောင်ဝတ်လူကို စိုက်ကြည့်ရင်း ကွာဖီက အံ့အားသင့်နေခဲ့သည်။

သူပြင်ပလောကသို့ ထွက်လာပြီး သိပ်မကြာခင်မှာပင် အလွန်ထက်မြက်သော လူငယ်နှစ်ယောက်ကို ရှေ့ဆင့်နောက်ဆင့် ရင်ဆိုင်ခဲ့ရသည်။

ခန္ဓာကိုယ် ပေါင်းစပ်မှုတွင် အချိန် ကန့်သတ်ချက် ရှိသေးသည်။

ခန္ဓာကိုယ် တစ်ခုထဲ ဝင်ပြီးလျှင် သူ့အတွက် ရှစ်နာရီသာ အချိန်ရသည်။

နောက်ထပ်တဖန် ထပ်ဝင်ရန် ရှစ်နာရီ ထပ်စောင့်ရမည် ဖြစ်၏။

ဤကဲ့သို့ အခြေအနေ ဆက်၍ ရှုပ်ထွေးနေလျှင် သူ၏ အခြေအနေက ပိုမို ဆိုးရွားသွားနိုင်ပေသည်။

ကွာဖီက သူ့ရှေ့မှ အနက်ရောင်ဝတ်လူကို စိုက်ကြည့်ကာ ညှိနှိုင်းကြည့်လိုက်သည်။

"ညီနောင်.. ငါတို့ကြားမှာ နားလည်မှု လွဲနေတာလား"

အနက်ရောင်ဝတ်လူက မေးစေ့ကို ပွတ်သပ်လိုက်သည်။

"နားလည်မှု လွဲနေတာ ဟုတ်လား ဒါဆို မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ"

မိစ္ဆာအင်ပါယာကွာဖီ "တစ်စုံတစ်ယောက်ကို ရှာဖို့ ရောက်လာတာပါ"

အနက်ရောင်ဝတ်လူ "တိုက်ဆိုင်လိုက်တာ.. ငါ့ကိုလည်း ဟော်သွန်းပင်အောက်မှာ တစ်ယောက်ယောက်ကို ရှာဖို့ အထက်က အမိန့်ပေးလိုက်တာပဲ"

မိစ္ဆာအင်ပါယာကွာဖီ "..........."

"စိတ်ချပါ.. ငါ့သခင်က အတတ်နိုင်ဆုံး မင်းကို အသက်ရှင်ရက် ပြန်ခေါ်လာဖို့ မှာထားပါတယ်"

စကားဆုံးသည်နှင့် အနက်ရောင်ဝတ်လူ၏ ညာဘက်လက်တွင် ဝိညာဉ်အလင်းတန်းများ တောက်ပလာပြီး သွေးနီရောင် ဓားတစ်လက် ရောက်ရှိလာသည်။

"သခင်မလေး.. မင်း ငါနဲ့ အေးအေးဆေးဆေး လိုက်လာမယ်ဆိုရင် မင်းကို မထိခိုက်စေရဘူးလို့ ငါ ကတိပေးတယ်.. မင်းရဲ့ ခွန်အားက အခုမှ စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်မှာပဲ ရှိသေးတယ်.. ငါသာ အစွမ်းကုန် တိုက်ခိုက်ရင် မင်း ရုန်းကန်နေရလိမ့်မယ်.. ဒါပေမယ့် မင်းဆက်ပြီး ခုခံနေမယ်ဆိုရင်တော့ ငါညှာတော့မှာ မဟုတ်ဘူး.."

မိစ္ဆာ အင်ပါယာ အံသြသွားသည်။

[ဒီဂျူနီယာက ထူးထူးခြားခြား သန်မာရုံသာ မကဘူး.. စိတ်ကြီးဝင်နေတဲ့သူပဲ]

မိစ္ဆာအင်ပါယာ"ညီလေး.. နားလည်မှုလွဲနေပြီထင်တယ်.. ငါ က ဓားယူဖို့ ဒီကိုလာခဲ့တာပါ.."

"ဘာ...ငါ့ဓားကို လုမလို့လား"

အနက်ရောင်ဝတ်လူ၏ အမူအရာက ရုတ်တရက် မည်းမှောင်သွားသည်။

"ငါ့သခင်က ငါငယ်ငယ်ထဲက ဒီဓားကို ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့တာ.. မင်းလုယူဝံ့လား"

"..........."

အခြေအနေက ရှင်းပြဖို့ မဖြစ်နိုင်တော့မှန်း ကွာဖီ ခံစားခဲ့ရသည်။

ဤချာတိတ်ရှာနေသည့်သူက သူမဟုတ်တာတော့ သေချာသည်။

သို့ရာတွင် ဤလူငယ်က ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း ရှိပုံမရချေ။

ကွာဖီက ဤခန္ဓာကိုယ်၏ ကန့်သတ်ချက်များကြောင့် အစောပိုင်းတွင် အဓိပ္ပါယ်မဲ့ တိုက်ပွဲကို ရှောင်ရှားလိုသော်လည်း ယခုအခြေအနေအရ သူ့ကို နှောင့်နှေးဝံ့သော ချာတိတ်ကို ဦးစွာဖယ်ရှားပစ်ရတော့မည် ဖြစ်သည်။

"ကောင်းပြီလေ.. မင်းက ငါအရှင်ရဲ့ ဒေါသကို လာဆွဲနေတာပဲ"

ကွာဖီက သွားများကို အံကြိတ်ကာ ကြုံးဝါးလိုက်သည်။

တစ်ချိန်တည်းမှာပင် ကျန်းလျှိယွဲ့၏ ဒွါရ ခုနစ်ပေါက်သို့ အနက်ရောင်ချီများ စတင် စီးဆင်းလာသည်။

အနက်ရောင် တိမ်တိုက် တစ်ခုက ကွာဖီ၏ ဦးခေါင်းထက်တွင် စတင် စုစည်းလာသည်။

ယင်းမှာ စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်အောက်မှ ကျင့်ကြံသူများ မမြင်နိုင်သည့် နတ်ဆိုးမြူ တစ်မျိုး ဖြစ်သည်။

တကယ်တမ်းတွင် နတ်ဆိုးမြူမှာ ကမ္ဘာခြားဂိတ်ကနေ ထွက်လာခဲ့သော သက်ရှိသတ္တဝါတစ်မျိုး ဖြစ်သည်။

ထိုသတ္တဝါက ကွာဖီကို လက်နက်ချပြီး နောက်တွင် ကွာဖီက အိမ်မွေးသားရဲအဖြစ် အတင်းအကျပ် မွေးမြူခဲ့ပြီး လူသွေးများနှင့် တစ္ဆေဝိညာဥ်များကို ကျွေးမွေးခဲ့သည်။

ကွာဖီက မျက်နှာဖုံးထဲတွင် တံဆိပ်ခတ်ခြင်း မခံရမီ ထိုသတ္တဝါကို သန့်စင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူ့ခန္ဓာကိုယ်၏ ကန့်သတ်ချက်များကြောင့် ဤအရာမှာ ယခုအချိန်တွင် သူ စဉ်းစားနိုင်သည့် အကောင်းဆုံးနှင့် အထိရောက်ဆုံး တိုက်ခိုက်ခြင်းပင် မဟုတ်လော။

နတ်ဆိုးမြူများက ဥယျာဥ်နောက်ဘက်ရှိ လေထုကို ချက်ချင်း လွှမ်းခြုံသွားသည်။

အခြေအနေကို စောင့်ကြည့်နေသည့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။

"သွားပြီ"

"ဘာလို့လဲ စီနီယာအင်မော်တယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်၏ တုံ့ပြန်မှုက စုန့်ချင်းရှုကို အတော်လေး ကြောက်လန့်စေခဲ့သည်။

သူ၏မျက်နှာက ဖြူဖျော့ဖျော့နေပြီး မျက်လုံးများက အသက်မဲ့နေသည်။

သူက စိတ်ဓာတ်ကျသော အမူအရာဖြင့် စုန့်ချင်းရှုကိုကြည့်ကာ ပြောလိုက်သည်။

"စီနီယာကြီးဝမ်ရဲ့ ဘရိုကိုလီ.. ငါ မသိမ်းရသေးဘူး"

စုန့်ချင်းရှု "............."

All Chapters