← Chapters

အင်မော်တယ်စံအိမ်မှ လူတစ်ဦးက ရှုံးနိမ့်မှုကို ဘယ်တော့မှ လက်ခံမည်မဟုတ်ပါ

Vol. 14 Ch. 204

အင်မော်တယ်စံအိမ်မှ လူတစ်ဦးက ရှုံးနိမ့်မှုကို ဘယ်တော့မှ လက်ခံမည်မဟုတ်ပါ

Vol. 14 Ch. 204

နတ်ဆိုးမြူက ခမောက်ဆောင်းထားသည့် လူသားပုံသဏ္ဍာန် နတ်ဆိုးဝိညာဥ် အသွင်သို့ ပြောင်းလဲသွားခဲ့သည်။

နတ်ဆိုးဝိညာဥ်၏ မျက်လုံးနှစ်ဘက်လုံးမှာ နီရဲလာခဲ့သည်။

အဆုံးသတ်တွင် အနက်ရောင်ဝတ် လူငယ်မှာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။

ဤဆိုးညစ်သည့် အငွေ့အသက်က တကယ်ကို ပြင်းထန်လွန်းနေသည်။

ကမ္ဘာခြား ဂိတ်တံခါးကို ခြောက်နှစ်ကြာ ပိတ်ထားခဲ့သော်လည်း ကမ္ဘာတစ်ဝှမ်းလုံးတွင် နတ်ဆိုးများစွာ ပြန့်ကျဲနေပြီး လူသားများကြားတွင် ပုန်းအောင်းနေဆဲ ဖြစ်သည်။

သို့သော် ဤကဲ့သို့ ဆိုးရွားပြင်းထန်သော အငွေ့အသက်ရှိသူကို ပထမဆုံးအကြိမ် မြင်ဖူးကြောင်း လူငယ်က ကျိတ်၍ ဝန်ခံခဲ့သည်။

အစောပိုင်းက တိုက်ပွဲကို ရိုးရှင်းသည့် တာဝန်တစ်ခုဟုသာ သူသတ်မှတ်ထားခဲ့သည်။

သို့သော် သူ့ရှေ့မှ အမျိုးသမီးမှာ သူမ၏ နယ်ပယ်နှင့် မကိုက်ညီသည့် တုံ့ပြန်နိုင်စွမ်းနှင့် အစွမ်းထက် စွမ်းရည်များကို ပြသနေခဲ့သည်။

သူမက တကယ်ပဲ စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူမှ ဟုတ်ပါလေစ။

လူငယ်က အမျိုးသမီး အနောက်ဘက်မှ အစွမ်းထက် နတ်ဆိုးဝိညာဉ်ကို ကြည့်ပြီး အတွေးထဲတွင် လေးလေးနက်နက် နစ်မြုပ်သွားခဲ့သည်။

ထိုအမျိုးသမီးက နတ်ဆိုးဝိညာဥ်ကို အမိန့်နာခံအောင် သူမ၏ ရင်သားဖြင့် သွေးဆောင်ခဲ့သည်ဟု သူယုံကြည်မှု ရှိသည်။

"သူ့ကိုစားပစ်လိုက်"

ကွာဖီက ဒေါသအရမ်းထွက်ပြီး နတ်ဆိုးဝိညာဥ်ကို အမိန့်ပေးလိုက်သည်။

စက္ကန့်ပိုင်းလေး အတွင်းမှာပင် နတ်ဆိုးဝိညာဉ်က သူ၏ လက်တွေကို ဖြန့်လိုက်သည်။

အနက်ရောင် မြူခိုးတွေက ပတ်ဝန်းကျင်ကို လှိမ့်ဝင်လာပြီး အအေးဓာတ်က စိုးမိုးလာသည်။

အနက်ရောင်ဝတ် လူငယ်၏ မျက်လုံးတွေက မှုန်ကုပ်ကုပ်ဖြစ်သွားသည်။

နတ်ဆိုးဝိညာဥ်ထံမှ ထွက်ပေါ်လာသည့် ဤအအေးဓာတ်က သာမန်မဟုတ်ပေ။

ထိုအအေးဓာတ်နှင့် အနည်းငယ် ထိတွေ့မိလျှင်ပင် ကျင့်ကြံခြင်း နယ်ပယ် နိမ့်ကျသောသူမှာ ခန္ဓာကိုယ်၏ အခြေခံ လုပ်ဆောင်ချက်များကို ချက်ချင်း ထိန်းချုပ်မှု ဆုံးရှုံးသွားည် ဖြစ်သည်။

ဟော်သွန်းသစ်ပင်၏ အရိပ်အောက်တွင် ရှိနေသော လူငယ်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သူ့လက်ထဲမှဓားဖြင့် ဟော်သွန်း သစ်ပင် တစ်ဝိုက်တွင် ဆယ်ပေအကျယ်အဝန်းရှိသော အလင်းစက်ဝိုင်း အမှတ်အသားကို ပြုလုပ်လိုက်သည်။

ဤစက်ဝိုင်းက ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသည်။

ထိုအလင်းတန်းများက နတ်ဆိုးဝိညာဉ်ထံမှ ပျံ့နှံ့လာသော အအေးဓာတ်ကို စက်ဝိုင်းထဲ မဝင်အောင် ထိန်းချုပ်ထားနိုင်သည်။

စံအိမ် သခင်က ဟော်သွန်း သစ်ပင်ကို ကာကွယ်ရမည်ဟု သူ့ကို အမိန့်ပေးခဲ့သည်။

လူကိုပြန်ခေါ်လာပြီး သစ်ပင်ကို ကာကွယ်ပါ။

ဤသည်မှာ သူ့သခင် ပေးအပ်သော အမိန့် ဖြစ်သည်။

ချာတိတ်လေးက အလင်းစက်ဝိုင်း အနားတွင် ရပ်ကာ ကွာဖီကို ဓားဖြင့် ချိန်ရွယ်လိုက်သည်။

"ဒီ ဟောသွန်း သစ်ပင်ကြီး ပျက်စီးသွားရင် ငါရှုံးနိမ့်တယ်လို့သတ်မှတ်လိုက်"

ထို့နောက်တွင် ချာတိတ်က သူ့ဘယ်လက်ကို ဆန့်ထုတ်လိုက်ရာ ဘယ်ဘက်လက်က ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ရုတ်တရက် အရွယ်အစား ကြီးမားလာသည်။

ဤလူငယ်က သူ၏ ဘယ်ဘက်လက်ကို မှော်လက်နက်အဖြစ် အမှန်တကယ် သန့်စင်ခဲ့ပါသလော။

အိမ်ထဲမှ လူနှစ်ယောက်မှာ ချာတိတ်လေး၏ ဇစ်မြစ်ကို နောက်ဆုံးတွင် သိလိုက်ရသည်။

ဤမြင်ကွင်းကို သူတို့အရင်က မြင်ဖူးခဲ့သည်။

ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို မှော်လက်နက်အဖြစ် ပြုပြင်ခြင်း..

ဤလူက အင်မော်တယ်စံအိမ်မှ ဖြစ်ရပေမည်။

"ဒါပေမယ့် ဘာအတွက်နဲ့ အင်မော်တယ် စံအိမ်က လူတစ်ယောက်က ဒီကို ရောက်လာတာလဲ"

ယခင်က စုန့်ချင်းရှုမှာ အားကျိုးကို ဒဏ်ရာရစေပြီး အားယို ကို သတ်ခဲ့သည်။

သူ့ကို လက်စားချေဖို့ ဤလူကို စေလွှတ်ခဲ့ပါသလော။

စုန့်ချင်းရှုက အေးစက်စက် ချွေးစေးများ ထွက်လာပြီး အနည်းငယ် ကြောက်ရွံ့လာသည်။

"စီနီယာအင်မော်တယ်.. စီနီယာလင်းဆီက ဘာသတင်း ရသေးလဲ"

"မရသေးဘူး.. အခုအချိန်လောက်ဆို ညီနောင်လင်းက အိမ်ပြန်ရောက်ရုံပဲ ရှိဦးမယ်.. မက်ဆေ့ချ်ကို ဖတ်ရသေးမှာ မဟုတ်ဘူး"

ဤအခြေအနေတွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ နှလုံးသားက ကူကယ်ရာမဲ့နေသည်။

သူက ဘရိုကိုလီ ရှိရာသို့ လှမ်းကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

သူ့အတွက် အရေးကြီးဆုံးမှာ စီနီယာကြီးဝမ်၏ ဘရိုကိုလီသာဖြစ်သည်။

ဤတစ်ခါတော့ ဘရိုကိုလီက လုံးဝ ပျက်စီးနိုင်ခြေ ရှိနေသည်။

နောက်ထပ် တစ်နာရီ၏ လေးပုံတစ်ပုံ ကုန်သွားသည်။

ဥယျာဉ်ထဲမှ လူနှစ်ယောက်မှာ နောက်ပြန်ဆုတ်ဖို့ ဆန္ဒမရှိကြပေ။

မိစ္ဆာ အင်ပါယာ ဆင့်ခေါ်ခဲ့သော နတ်ဆိုးမြူ သည်ပင် ပင်ပန်းနွမ်းနယ်နေ၏။

ဤလူငယ်က သာမန် ကျင့်ကြံသူ လုံးဝ မဟုတ်ပေ။

လူငယ်၏ ဘယ်ဘက် လက်မောင်းက သိသိသာသာ သန်မာနေသည်။

နတ်ဆိုးဝိညာဥ်က တစ္ဆေစစ်သည်များကို ဆင့်ခေါ်၍ သူ့ကို ကိုက်ဖြတ်စေသည့် အကြိမ်တိုင်း လူငယ်က ဘယ်ဘက်လက်မောင်းဖြင့်သာ အဓိကထား ခုခံခဲ့သည်။

သို့ရာတွင် သူ့လက်မောင်း၌ တစ္ဆေစစ်သည်များနှင့် ပတ်သက်ပြီး ခြစ်ရာတစ်ခုမျှပင် မကျန်ရှိခဲ့ပေ။

သို့သော် အင်မော်တယ် စံအိမ်မှ လူငယ်လေးက ယခင်လို လွတ်လွတ်လပ်လပ် မတိုက်ခိုက်နိုင်တော့ပေ။

အဆုံးသတ်တွင် နတ်ဆိုးဝိညာဥ်မှာ သန့်စင်ထားသော ဝိညာဥ်တစ်ခုသာ ဖြစ်သည်။

လူငယ်က နတ်ဆိုးဝိညာဥ်၏ အနားသို့ မကပ်နိုင်ရုံသာမက သူထုတ်လွှတ်လိုက်သော ဓားချီကိုပင် နတ်ဆိုးချီက ချက်ချင်း ရပ်တန့်စေခဲ့သည်။

နှစ်ဖက်စလုံးက သိသိသာသာ အသာမရခဲ့ပေ။

ဤကဲ့သို့ အခြေအနေမျိုးတွင် မည်သူမှ အေးအေးဆေးဆေး မနေရဲချေ။

ကွာဖီက ခရမ်းရောင် ရွှေဘူးသီးခြောက်၏ မြူခိုးများကို အသုံးပြုပြီး ထွက်ပြေးရန် ပြင်လိုက်သည်။

ယင်းအချိန်မှာပင် လူငယ်၏ ဓားချီက သူ့ဆီသို့ ရောက်လာ၏။

ကျန်းလျှိုယွဲ့၏ လက်ရှိ အခြေအနေအရ ဓားချီကို ဓားတစ်ချောင်းတည်းဖြင့် မခုခံနိုင်ပေ။

မိစ္ဆာ အင်ပါယာက အလွန်အမင်း စိတ်ပျက်နေမိသည်။

သူအထွတ်အထိပ် ရောက်စဥ် ကာလတုန်းက သူ့ကို ဤကဲ့သို့အရှက်ရစေခဲ့သော လူငယ်များ မရှိခဲ့ချေ။

သူ့ရင်ထဲတွင် တကယ်ကို ပင်ပန်းနေသလို ခံစားနေရသည်။

ခန္ဓာကိုယ်က အကန့်အသတ် ရှိသဖြင် အချိန်ကြာမြင့်လေ သူက နစ်နာလေပင်။

"ညီလေး.. ငါတို့ကြားမှာ ဆယ်မိနစ်လောက် တိုက်ပွဲ ရပ်စဲတာမျိုး ဘာလို့မရှိရတာလဲ"

"တိုက်ပွဲကို ရပ်လို့မဖြစ်ဘူး.. ရလဒ်ထွက်တဲ့ထိ တိုက်ရမှာပဲ..သခင်ရဲ့အမိန့်အရ ဟောသွန်းသစ်ပင်အောက်မှာ တွေ့တဲ့သူကို ခေါ်သွားရမှာ ငါ့အလုပ်ပဲ.. ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တော့ မင်းငါနဲ့ လိုက်ခဲ့ရလိမ့်မယ်"

ခေါင်းမာသော လူငယ်ကြောင့် ကွာဖီက ငိုချင်စိတ်ပင် ပေါက်လာသော်လည်း မျက်ရည်မကျခဲ့ပေ။

"ငါပြောပြီးပြီလေ ငါက မင်းရှာနေတဲ့လူ မဟုတ်ပါဘူးဆို"

"မင်းဟုတ်ဟုတ် မဟုတ်ဟုတ် မင်းကို ငါ အရင် ခေါ်သွားရမှာပဲ.. မင်းမဟုတ်ရင်လည်း ဒီနေရာကို ငါနောက်တစ်ခါ လာပြန်ရှာပြီး တွေ့တဲ့လူကို ခေါ်သွားရမှာပဲ"

လူငယ်က ပြတ်သားစွာ ပြောလိုက်သည်။

"ညီလေး.. မင်းမှားမယ်နော် "

ကွာဖီက ကူကယ်ရာမဲ့စွာဖြင့် ကျိန်ဆဲချင်စိတ်ပင် ပေါက်လာသည်။

"ဒါက စံအိမ်သခင်ရဲ့ အမိန့်ပဲ.. ငါ လိုက်နာမှရမယ်"

လူငယ်က ကွာဖီကို စိုက်ကြည့်နေခဲ့သည်။

"ငါ့ဘယ်လက်ထဲက ဓားချီရဲ့ စွမ်းအားက ငါ့ညာလက်ထက် အဆငါးဆယ် ပိုပြင်းထန်တယ်.. ဒါက မင်းရဲ့ နတ်ဆိုးဝိညာဥ်ကို ဖြိုခွဲပစ်ဖို့ လုံလောက်နေပြီ.. မင်းမှာ အနိုင်ရဖို့ အခွင့်အရေး မရှိတော့ဘူး"

ထိုသို့ပြောပြီးနောက် လူငယ်က အသက်ခပ်ပြင်းပြင်းရှူကာ သူ၏ညာလက်မှ ဓားကို ဘယ်ဘက်လက်သို့ ရွှေ့ကိုင်လိုက်သည်။

သူ့ဘယ်ဘက်လက်တွင် သွေးနီရောင်ဓားကို ဆုပ်ကိုင်လိုက်သည်နှင့် ဓားက အကန့်အသတ် မရှိသော ဝိညာဉ်စွမ်းအင်နှင့် ချိတ်ဆက်ထားသလို ဖြစ်ကာ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့သည်။

လူငယ်၏ ပြင်းထန်သော ဝိညာဉ်ရေးဖိအားက ကွာဖီကို အလွန်အမင်း ထိတ်လန့်စေခဲ့သည်။

ချာတိတ်လေးရဲ့ စွမ်းပကားမှာ ဟင်းလင်းပြင် မွန်းမံခြင်း အဆင့်ထက်ပင် သာလွန်နေ၏။

သူ တွက်ချက်မှုက လုံးလုံး လွဲချော်သွားခဲ့သည်။

သူ၏ လက်ရှိ အခြေအနေအရ ဟင်းလင်းပြင်မွမ်းမံခြင်း အဆင့်ကို ရင်ဆိုင်နိုင်မည့် နတ်ဆိုးဝိညာဥ်ကို ဆင့်ခေါ်ရန် မဖြစ်နိုင်ပေ။

ဤတိုက်ပွဲက အစကတည်းက မမျှတသည့် ခွန်အားတိုက်ပွဲတစ်ခု ဖြစ်သည်။

အိမ်အတွင်းမှ ဗုံးပစ်စီနီယာ အင်မော်တယ်မှာ လူငယ်၏ လက်ထဲမှ ဝိညာဥ်ဓားကိုကြည့်ကာ အနည်းငယ် ရင်းနှီးသလို ခံစားမိသဖြင့် မျက်မှောင်ကြုတ်သွားသည်။

ဤဝိညာဥ်ဓား၏ အရည်အသွေးမှာ မနိမ့်ကျပေ။

ဝိညာဥ်အလင်းက ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး ဓားချီမှာလည်း အနည်းငယ်မျှပင် အားမလျော့သေးပေ။

ဤအရာသည် အနည်းဆုံး သိဒ္ဓိ လက်နက် အဆင့် ဖြစ်သည်။

သို့သော် ယခုအချိန်က စဉ်းစားရမည့် အချိန်မဟုတ်ပေ။

လူငယ်က ဘယ်ဘက်လက်တွင် ဓားကို ကိုင်ထားရင်း အပြင်းထန်ဆုံးသော ဓားချီကို ထုတ်လွှတ်လိုက်ရာ တိုက်ပွဲ ဖြစ်ပွားရာ နေရာတစ်ခွင်သို့ ပြင်းထန်သော လေဖိအားက ဓားချီနှင့်အတူ လိုက်ပါလာသည်။

ဓားချီက ဆယ်မီတာရှည်သော လခြမ်းကွေး အသွင် ပြောင်းလဲသွားပြီး နတ်ဆိုးဝိညာဥ်ကို တိုက်ခိုက်လိုက်သည်။

ထိုမြင်ကွင်းကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် စုန့်ချင်းရှုတို့က ထိတ်လန့်သွားသည်။

ဓားချီ၏ စွမ်းအားက ကြီးမားလွန်းသဖြင့် လူငယ်၏ အရှေ့မှ အရာအားလုံး နီးပါးက ဓားချီကြောင့် ပြာများ အဖြစ်သို့ ပြောင်းလဲသွားသည်။

လခြမ်းပုံ ဓားချီ၏ သက်ရောက်မှုက အိမ်ထဲကနေ ခိုးကြောင်ခိုးဝှက် ကြည့်နေသည့် ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် စုန့်ချင်းရှုဆီသို့ မထင်မှတ်ဘဲ ဦးတည်လာသည်။

"သောက်-ချီးပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ထိတ်လန့်သွားသည်။

ဤအတိုင်းဆိုလျှင် ဓားချီက သူနှင့် စုန့်ချင်းရှုကို ခါးလယ်ကနေ နှစ်ပိုင်းဖြတ်သွားမည် ဖြစ်သညိ။

"စီနီယာ အင်မော်တယ်.. ပြေးတော့"

စုန့်ချင်းရှုက ဗုံးပစ်စီနီယာ အင်မော်တယ်ကို တွန်းထုတ်လိုက်သည်။

သို့သော် နောက်ကျနေပြီ ဖြစ်သည်။

ဓားချီက အလွန်လျင်မြန်စွာ ချဉ်းကပ်လာသဖြင့် သူတို့၏ ကောင်းကင်မျက်လုံးဖြင့်ပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲကြပေ။

သို့သော် ထိုအချိန်တွင် ဥယျာဉ်၌ လူရိပ်တစ်ရိပ် ထွက်ပေါ်လာသည်။

ဤလူ ဘယ်ကတည်းက ပေါ်လာမှန်း မည်သူမှ မသိလိုက်ပေ။

"ဘယ်သူလဲ"

အင်မော်တယ်စံအိမ်မှ လူငယ်လေးက သူ့မျက်လုံးများဖြင့် ကြည့်လိုက်သောအခါ အဖြူရောင် ယုန်အင်္ကျီ ဝတ်ထားသော ဆယ်ကျော်သက် လူငယ်လေး တစ်ယောက်ကို တွေ့လိုက်ရသည်။

လူငယ်လေးက ဓားချီကို မျက်နှာမူ၍ လက်တစ်ချောင်းကို မြှောက်လိုက်ရာ ဓားချီက ရပ်တန့်သွားပြီး ရှေ့သို့ ဆက်မသွားနိုင်တော့ချေ။

All Chapters