ရွှေရောင်တလက်လက် နှင့် ငွေရောင်လျှပ်စီး
Vol. 14 Ch. 205
လခြမ်းပုံဓားချီက မမျှော်လင့်ဘဲ ရပ်တန့်သွားခဲ့သည်။
ဤမြင်ကွင်းကိုကြည့်ကာ လူတိုင်း အံ့အားသင့်သွားသည်။
လူငယ်က လက်ညိုးလေး တစ်ချောင်းကို အသာအယာ လှုပ်ရမ်းရုံမျှဖြင့် ဓားချီက ရှေ့သို့ တစ်လက်မပင် မရွေ့ရှားနိုင်တော့ချေ။
ရိုးရှင်းစွာ ပြောရလျှင် ဝမ်လင်းက ဓားချီကို အချိန်မီ ရပ်တန့်လိုက်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်တို့ နှစ်ဦး၏ အသက်ကို ကယ်တင်လိုက်ခြင်းပင်။
အကယ်၍ သူသာ စက္ကန့်အနည်းငယ် နောက်ကျသွားခဲ့လျှင် ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် စုန့်ချင်းရှုက ဤလခြမ်းဓားချီ၏ ပိုင်းဖြတ်ခြင်းကို ခံရမည် ဖြစ်သည်။
မြင်ကွင်းက တမဟုတ်ချင်း ငြိမ်သက် တိတ်ဆိတ်သွားသည်။
ဝမ်လင်းက ဓားချီတွင် ပါဝင်သော စွမ်းအင်ကို သတိပြုမိခဲ့သည်။
ဤလူငယ်က ဟင်းလင်းပြင် မွန်းမံခြင်း အဆင့်တွင် အလွန် ကြောက်မက်ဖွယ် ကောင်းပြီး ကွာဖီနှင့် နတ်ဆိုးဝိညာဥ်အပြင် ဝမ်လင်း ယခင်က တွေ့ခဲ့ဖူးသည့် ကျင့်ကြံသူများထက် ပို၍ အားကောင်းသည်။
ဝမ်လင်းက ဓားချီကို ဟန့်တားနိုင်ခဲ့သော်လည်း မတည်မငြိမ်ဖြစ်နေသော နျူကလိယား ထိပ်ဖူးကဲ့သော စိတ်မသက်မသာ ဖြစ်နေသည်။
ဝမ်လင်းက ထိုခဏတွင် လက်ညိုးနှင့်လက်မကို ပွတ်ချေလိုက်ရာ လေထဲတွင် ရပ်တန့်နေသည့် ဓားချီက ရွှေရောင် အမှုန်အမွှားများ အဖြစ် ပြောင်းလဲကာ ချက်ချင်း ပြိုကွဲသွားခဲ့သည်။
ဤမြင်ကွင်းက သီချင်းတစ်ပုဒ်၏ စာသားနှင့် ခံစားချက်ကို သတိရစေသည်။
"မင်းရဲ့ လက်ချောင်းထိပ်တွေနဲ့ ညင်သာစွာ ပွတ်သပ်ပြီး ငါ့ကို အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲအောင် လုပ်လိုက်ပါ"
အရာအားလုံးက လွယ်လွယ်ကူကူ ဖြင့်ပင် ချောချောမွေ့မွေ့ ဖြစ်သွားခဲ့သည်။
မိစ္ဆာ အင်ပါယာ ကွာဖီက ဝမ်လင်းကို တအံတသြ စိုက်ကြည့်နေသည်။
ဤလူငယ်လေးက မှန်းဆ၍ မရအောင် သန်မာသော်လည်းကလေးကလား ဆန်သည့် အဖြူရောင် ယုန်ဝတ်စုံကို ဝတ်ဆင်ထားသည်။
မိစ္ဆာအင်ပါယာ ကွာဖီက စိတ်ပျက် အားငယ်နေသည့်တိုင် ဝမ်လင်းကို အသိအမှတ်ပြုခဲ့သည်။
ဤလူငယ်လေးက သူ၏ ရှေးဟောင်း မှော်ဓားကို အမှုန့်ချေပစ်ခဲ့သည့် ဂျူနီယာမှန်း သေချာသည်။
"မင်းဘယ်သူလဲ"
ချွေးစေးများ ကျနေသည့် အင်မော်တယ်စံအိမ်မှ လူငယ်က ဝမ်လင်းကို စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။
သူက မယုံကြည်နိုင် ဖြစ်နေသည်။
သူ၏ ပုံမှန်ထက် အဆ ငါးဆယ်လောက် ပြင်းထန်သည့် ဓားချီက ဤလူငယ်လေး၏ လက်တစ်ချောင်းတည်းကြောင့် ရပ်တန့်သွားခဲ့ရသည့် အပြင် အလွယ်တကူပင် ဖြိုခွဲခံခဲ့ရသည်။
ဝမ်လင်းက အနက်ရောင်ဝတ် လူငယ်၏ မေးခွန်းကို ပြန်မဖြေဘဲ ကွာဖီကို ကြည့်လိုက်ရာ ကွာဖီက ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ် ချောက်ခြားသွားသည်။
သူသာ ဤနေရာတွင် ဆက်ရှိနေလျှင် သေမှာသေချာသည်။
"တောင်းပန်ပါတယ် ငါအရှင် အရင်သွားတော့မယ်.."
စကားဆုံးသည်နှင့် ချွေးစေးများ ထွက်နေသော ကွာဖီမှာ ခရမ်းရောင်ရွှေ မြူခိုးများ နှင့်အတူ လေထဲတွင် ပျောက်ကွယ် သွားခဲ့သည်။
ဤသည်က ကွာဖီ အတွက် သေချာပေါက် နာကျင်ရမည့် ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့သည်။
ကမ္ဘာက သူ့ကို "မိစ္ဆာအင်ပါယာ" ဟု ခေါ်သည့် အချိန်ကစပြီး ဤကဲ့သို့ အရှက်မဲ့စွာ ထွက်ပြေးရသည့် အဖြစ်မျိုး မရှိခဲ့ဖူးပေ။
ခရမ်းရောင် ရွှေဘူးသီးခြောက်၏ မြူခိုးများ၏ ကာကွယ်မှုကို ရထားသဖြင့် ရှေးဟောင်း မှော်ဓားကို ပြုပြင်၍ မပြီးမချင်း ကွာဖီ ပုန်းအောင်းနေသည့် ကမ္ဘာငယ်လေးကို ခြေရာခံရန် အခြား နည်းလမ်းမရှိချေ။
သို့သော် ဤမိစ္ဆာအင်ပါယာ၏ နိဂုံးချုပ်မည့် နေ့ရက်များမှာ မဝေးတော့ကြောင်း ဝမ်လင်း သိလိုက်သည်။
ကွာဖီ ပျောက်ကွယ်မသွားခင် သတိပေးသည့်အနေဖြင့် ဝမ်လင်းက စူးရှစွာ စိုက်ကြည့်ခဲ့သည်။
................
မိစ္ဆာ အင်ပါယာကွာဖီက ရုတ်တရက် ထွက်ပြေးသွားခဲ့သည်။
ကမ္ဘာတစ်ခုလုံးကို ထိတ်လန့်စေသော မိစ္ဆာ အင်ပါယာကွာဖီတွင်လည်း အားနည်းချက် ရှိသည်။
သူ၏ အားနည်းချက်မှာ ဝမ်လင်း ဖြစ်သည်။
သူ့အသက်ကို အလဟဿ မဆုံးရှုံးစေရန် ကွာဖီက သူ၏ ဂုဏ်သိက္ခာ အားလုံးကို ပြတ်ပြတ်သားသား စွန့်ပစ်ခဲ့သည်။
အင်မော်တယ် စံအိမ်မှ လူငယ်လေးကမူ ပြဿနာ မည်မျှပြင်းထန်သည်ကို မသိသေးသည့် အတွက် သနားစရာပင်။
"မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ်.. အင်မော်တယ်စံအိမ်ရဲ့ လမ်းမှာ ပိတ်ရပ်ဝံ့ရင် မင်းကို ဘယ်သူမှ ကယ်တင်နိုင်မှာ မဟုတ်ဘူး"
အနက်ရောင်ဝတ် လူငယ်က ဝမ်လင်းကို ကြည့်ရင်း အေးစက်စက် ပြောလိုက်သည်။
ထို့နောက် လူငယ်က လက်ဟန်တစ်ခုကို ပြုလုပ်၍ စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်သည်။
သွေးနီရောင်ဓားက ဝိညာဥ်များ ခိုအောင်းနေသကဲ့သို့ ပြင်းပြင်းထန်ထန် လှုပ်ရှားလာပြီး ဝမ်လင်း၏ နောက်ကျော ဆီသို့ ထိတ်လန့် တုန်လှုပ်ဖွယ် အရှိန်ဖြင့် ပျံသန်းလာခဲ့သည်။
ဤသည်မှာ ရန်သူဗိုလ်ချုပ်၏ ဦးခေါင်းကို လီတစ်ထောင်အကွာမှ ခုတ်ဖြတ်နိုင်သော ဓားနည်းစနစ် ဖြစ်သည်။
လူငယ်က ဤနည်းစနစ်ကို ထုတ်ဖော်လိုက်သောအခါတွင် နှုတ်ခမ်း အနည်းငယ် ကွေးညွှတ်သွားသည်။
သူက ဤဓားနည်းစနစ်ကို အလွန်ယုံကြည်ချက် ရှိပုံရသည်။
သူတတ်မြောက်ထားသမျှ ဓားနည်းစနစ်များ ထဲတွင် ဤနည်းစနစ်မှာ သူနှင့် အကျွမ်းအဝင်ဆုံး ဖြစ်သည်။
ဝမ်လင်းက သူ့ခေါင်းကို လှည့်လိုက်ရာ လူငယ်လေး၏ လက်ထဲမှ သွေးနီဓားရှည်က သူ့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။
ဤဓား၏ အရှိန်အဟုန်က အလွန် မြန်ဆန်သောကြောင့် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများပင် ခုခံနိုင်မည် မဟုတ်ပေ။
ဓားချီက ရွှေရောင်ဖြစ်ပြီး လျှပ်စီးလက်သလိုမျိုး ပြိုးပြိုးပြက်ပြက် ဖြစ်နေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့သည်။
"ဒီလူရဲ့ ဓားကို တွင်းနက်ရှောင်တိမ်းခြင်းလို့ ခေါ်တယ်"
စုန့်ချင်းရှု "စီနီယာ အင်မော်တယ်က ဒီဓားနဲ့ ပတ်သက်ပြီး တစ်ခုခုကို စဥ်းစားမိလို့လား"
ဗုံးပစ် စီနီယာအင်မော်တယ် " ဒဏ္ဍာရီထဲမှာ တွင်းနက်ရှောင်တိမ်းခြင်းလို့ ခေါ်တဲ့ ရှေးဟောင်း မှော်ဓားတစ်လက် ရှိတာကို ငါအခုမှ သတိရမိတယ်..ဒီဓားက သမိုင်းဝင်ဓားတွေထဲမှာ အမြန်ဆုံးအဖြစ် ထိပ်ဆုံးကနေ ရပ်တည်နေတဲ့ဓားပဲ.. ဒီဓားကို အမည်ပြောင်အနေနဲ့ ရွှေရောင်တလက်လက်လို့ ပေးထားကြတယ်.. အမြန်ဆုံး ဓားစာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ ငွေရောင်လျှပ်စီး ဆိုတဲ့ဓားပဲ"
ထိုစကားကို ကြားလျှင် စုန့်ချင်းရှုက ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ် တုန်လှုပ်နေသည်။
အင်မော်တယ်စံအိမ်မှ လူငယ်တစ်ဦးက ဒဏ္ဍာရီလာ ရှေးဟောင်း မှော်ဓား တစ်လက်ကို အမှန်တကယ်ပင် ကိုင်ဆောင်ထားခဲ့သည်။
ဤသည်ကို ကြည့်၍ အင်မော်တယ်စံအိမ်၏ နောက်ကွယ်မှ စွမ်းအားက မည်မျှ ကြီးမားကြောင်း သိနိုင်ပေသည်။
သူက အနည်းငယ် ကြောက်ရွံ့မိသော်လည်း တကယ်တမ်းတွင် ကြောက်လန့်မှုကို မခံစားရပေ။
အကြောင်းရင်းမှာ လင်းကျန်းရန် ပေါ်လာတိုင်း လုံခြုံသော ခံစားချက်ကို ရရှိသောကြောင့် ဖြစ်၏။
အထူးသဖြင့် စီနီယာယုန်ဖြူ (ဝါ) လင်းကျန်းရန်ထံမှ နွေးထွေးသော ကြင်နာမှု အငွေ့အသက်ကို စုန့်ချင်းရှုက ခံစားခဲ့ရသည်။
"ငရဲကို သွားလိုက်တော့"
အင်မော်တယ်စံအိမ်မှ လူငယ်က တွင်းနက် ရှောင်တိမ်းခြင်းဓားကို စေလွှတ်ပြီး နောက်တွင် ခနဲ့လိုက်သည်။
တစ်ချိန်တည်းမှာပင် ဇိမ်ခံ အိမ်ကြီး၏ နံရံနောက်တွင် ပုန်းအောင်းနေသော ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် စုန့်ချင်းရှုတို့မှာ သက်ပြင်းပင် မချနိုင် ဖြစ်သွားခဲ့သည်။
အဘယ်ကြောင့် ယခုခေတ်တွင် သေခြင်းတရားကို ရှာဖွေနေသည့်သူ အတော်များများ ရှိနေရပါသနည်း။
.................
ဝမ်လင်းက ဓားလမ်းကြောင်းကို အကဲခတ်လိုက်သည်။
ဤနေရာတွင် ရပ်နေသူက သူမဟုတ်ဘဲ ဗုံးပစ်စီနီယာ အင်မော်တယ် ဖြစ်ခဲ့လျှင် တိုက်ပွဲ၏ ရလဒ်က သေခြင်းတရားနှင့်သာ နိဂုံးချုပ်သွားလိမ့်မည် ဖြစ်သည်။
သူစဉ်းစားနေစဉ်မှာပင် ဓားက သူ့ဆီသို့ ရောက်လာသဖြင့် ဘေးသို့ အသာအယာ ရှောင်တိမ်းလိုက်၏။
တစ်ချိန်တည်းမှာပင် သူက တွင်းနက် ရှောင်တိမ်းခြင်းဓားကို အလွယ်တကူ ဖမ်းဆုပ်ထားလိုက်သည်။
ယခုအခါတွင် ဒဏ္ဍာရီလာ အမြန်ဆုံး မှော်ဓားက သူ့လက်ထဲသို့ ရောက်ရှိသွားချေပြီ။
အင်မော်တယ်စံအိမ်မှ လူငယ်လေးမှာ မျက်လုံးများ ပြူးကျယ်သွားသည်။
သူက မိုးကြိုး အပစ်ခံရပြီး ကမ္ဘာအပေါ် မြင်သည့် သူ၏ အမြင်အားလုံး လုံးဝ ပြောင်းသွားသလို ခံစားလိုက်ရသည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ဤသည်က ကျင့်ကြံမှု သမိုင်းတွင် အလျင်မြန်ဆုံးဓား ဖြစ်သည့် ဂန္ထဝင် ရှေးဟောင်း မှော်ဓား ဖြစ်သော "ရွှေရောင်တလက်လက်" ဖြစ်သည်။
ဝမ်လင်းက သူ၏ဓားကို ဖမ်းဆုပ်လိုက်သဖြင့် အင်မော်တယ်စံအိမ်မှ လူငယ်မှာ ထိတ်လန့်သွားခဲ့သည်။
ဤလူငယ်လေး၏ လက်အရှိန်က မည်မျှ မြန်ဆန်နေပါသနည်း။
မည်သို့ပင်ဖြစ်စေ သူက ဤလုပ်ငန်းစဥ်ကို အောင်မြင်ရန် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရသည်။
လူငယ်က အံကြိတ်ရင်း ဓားကို ပြန်လည် ဆင့်ခေါ်ရန် ဂါထာကိုရွတ်ဆိုလိုက်သည်။
မည်သို့ပင် ဆိုစေကာမူ ဆယ်ကျော်သက် ကောင်လေး၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည့် တွင်းနက်ရှောင်တိမ်းခြင်းဓားမှာ တစ်လက်မမျှပင် လှုပ်ရှားသွားခြင်း မရှိခဲပေ။
သူက ချက်ချင်း နားလည်လိုက်သည်။
ဤဆယ်ကျော်သက် လူငယ်လေးတွင် မထင်မှတ်လောက်အောင် ပြင်းထန်သော အစွမ်းသတ္တိများ ရှိနေ၍ သူ၏ဓားကို ဆင့်ခေါ်၍ မရခြင်း ဖြစ်ရပေမည်။
ဇိမ်ခံအိမ်နံရံ အနောက်ဖက်ကနေ ချောင်းကြည့်နေသော ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် စုန့်ချင်းရှု တို့မှာ ထိုကဲ့သို့ မြင်ကွင်းမျိုးကို မျှော်မှန်းထားပြီ ဖြစ်သော်လည်း နှစ်ဦးစလုံးမှာ သက်ပြင်းကိုပင် မချနိုင်ခဲ့ပေ။
"စီနီယာ အင်မော်တယ်.. ရွှေရောင်တလက်လက်ကို တွင်းနက်ရှောင်တိမ်းခြင်းလို့ ခေါ်တယ်ဆိုတော့ ဒုတိယ အမြန်ဆုံးဓားဖြစ်တဲ့ ငွေရောင်လျှပ်စီးဓားကို ဘယ်လိုခေါ်လဲ ဆိုတာရော စီနီယာ သိလား"
စုန့်ချင်းရှုက စူးစမ်းချင်စိတ် အပြည့်ဖြင့် မေးလိုက်သည်။
ဗုံးပစ်စီနီယာအင်မော်တယ် "မင်းက ငွေရောင်လျှပ်စီးဓား ရဲ့နာမည်ကို သိချင်တာလား"
စုန့်ချင်းရှုက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
"ငွေရောင်လျှပ်စီးဓားကို ကျတော့ ရေအိုင် ရှောင်တိမ်းခြင်းလို့ ခေါ်တယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က နှစ်ခါမစဥ်းစားဘဲ တန်းဖြေလိုက်သည်။
စုန့်ချင်းရှု ".........."