ရွှေခန္ဓာနယ်ပယ်၏ဓားဆန္ဒ....တကျန်း၏လူယုတ်မာ....
Vol. 8 Ch. 106
နှင်းများ တဖွဲဖွဲကျဆင်းနေပြီး လုံချီ တောင်နှင့် သိုင်းတောင်ထွတ်တို့ကို နှင်းများ ဖုံးလွှမ်းထားသည်။ထို့ကြောင့် တလောကလုံး ဖြူဖွေးနေပြီး မြို့ရဲ့ အသွင်အပြင်ကိုတောင် မြင်ဖို့ ခက်သည်။
ပိုင်ချီနှင့် ဟွာဂျန်ရှင်းတို့သည် မီးလှုံနေကြစဉ် ကျန်းချန်ရှန်းက ဆေးကျိုအိုရှေ့တွင် ထိုင်နေသည်။
ဟွာဂျန်ရှင်းက သူ့လက်တွေကို ပူနွေးလာအောင် အပူပေးနေရင်းကနေ.....
"မကြာသေးမီ လုံချီဘုရားကျောင်းမှာ တပည့်အရေအတွက် 3000 ရှိနေပြီ...ဒါ့ကြောင့် ဘုရားကျောင်းက အတော်လေးသက်ဝင်စည်ကားနေတယ်...."
သူမ လုံချီ ဘုရားကျောင်းကို စရောက်စဉ်က
တပည့်တစ်ရာကျော်သာရှိခဲ့သည်။
ကျန်းချန်ရှန်းက..... "တပည့်အရေအတွက်များပေမယ့် ပညာရှင်အရေအတွက်က အရမ်းနည်းနေသေးတယ်....."
သူသည် ရှန်းရှန်တုံးထျန်းမှရရှိထားသော သိုင်းပညာ အားလုံးကို လုံချီဘုရားကျောင်း၏သိုင်းစာကြည့်တိုက်သို့ ပေးပို့ခဲ့သည်။ ယခုအချိန်တွင် လုံချီဘုရားကျောင်းတွင် သိုင်းကျမ်းများစွာရှိနေသော်လည်း ထူးချွန်သူများ နည်းပါးနေသည်။ ကံကြမ္မာမင်းဆက်ဖြစ်လာသည်နှင့်အမျှ အထက်တန်းအဆင့်သိုင်းပညာရှင်များ ယေဘူယျအားဖြင့် တိုးမြင့်လာသော်လည်း သိုင်းပညာရှင်အများစုသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကိုပင် မမျှော်မှန်းနိုင်ကြသေးပေ။
ယခုအချိန်အထိ လုံချီ ဘုရားကျောင်းတွင် ဒုတိယမြောက် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ မရှိသေးပေ။
ဟွာဂျန်ရှင်းက.... "ဂျန်အာကို စောင့်ရအောင်...ဂျန်အာက နှစ်အနည်းငယ်အတွင်း အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်လာလိမ့်မယ်... တကျန်းတစ်ခုလုံးမှာ သူ့အရည်အချင်းက တုနှိုင်းမဲ့ပဲ...."
ကျန်းဂျန်သည် အသက် 22 နှစ်သာရှိသေးသော်လည်း သူသည် နတ်ဘုရားနယ်ပယ်သို့ရောက်ရှိနေပြီဖြစ်ပြီး အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့တက်လှမ်းရန် ကြိုးစားနေပြီဖြစ်သည်။
ဟွာဂျန်ရှင်း သိသလောက်ဆို ရှုထျန်းကျိကသာ ကျန်းဂျန်နှင့် ယှဉ်နိုင်ပေမည်။ ရှုထျန်းကျိသည် အသက်နှစ်ဆယ်ကျော်အရွယ်တွင် နတ်ဘုရားနယ်ပယ်သို့ရောက်ရှိခဲ့သည်။ ကံမကောင်းစွာပဲ၊ အဲဒီနောက်ပိုင်း အဆင့်မတက်နိုင်တော့ပေ။ နှစ်များစွာကြာခဲ့သော်လည်း သူသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ မတက်လှမ်းနိုင်သေးပေ။
ကျန်းချန်ရှန်းက ဆေးဖက်ဝင်ပစ္စည်းများကို ဆေးအိုးထဲသို့ ထည့်နေရင်းကနေ.....
“မှန်ပါတယ်.... သူက ကောင်းချီးပေးခံထားရသူပဲလေ...ဒီလောက်တော့ရှိမှာပေါ့...."
ထိုအချိန်တွင်၊ ကျန်းဂျန်သည် သုံးခွချွန်လှံကို ကိုင်လျက် ခြံဝင်း ပြန်လာခဲ့သည်။ ထိုလှံရှည်က ဆယ်ပေရှည်ပြီး သုံးမီတာကျယ်သည်။ အရပ်ရှည်သော ကျန်းဂျန်ပင်လျှင် ၎င်းနှင့် နှိုင်းယှဉ်လျှင် လူကောင်သေးနေသည်ဟုထင်ရသည်။ သို့သော် သူသည် ဤကဲ့သို့သော လေးလံသောလက်နက်ကို အသုံးပြုရသည်ကိုနှစ်သက်သည်။
လှံရှည်၏ အလေးချိန်သည် လုံချီ ဘုရားကျောင်းတစ်ခွင် ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တပည့်အားလုံးက ၎င်းကို ပင့်မြှောက်ရန်ကြိုးစားသော်လည်း လူနှစ်ဆယ်ဝိုင်းမသည့်တိုင် မမြှောက်နိုင်ပေ။
တဖြည်းဖြည်းနဲ့ ကျန်းဂျန်ရဲ့ နာမည်က သိုင်းကောလတခွင် သတင်းပျံ့နှံနေပြီဖြစ်သည်။
တာအိုဘိုးဘေး၏တပည့်အဖြစ် လုံချီ ဘုရားကျောင်းတွင် သိုင်းပညာသင်ယူနေသော ဘီလူးတစ်ကောင်ရှိနေကြောင်း တကျန်းက ပြည်သူပြည်သားတိုင်းသိကြသည်။ ထိုမွန်းစတားလှုပ်ရှားသည်နှင့် သူ့နာမည်က ကမ္ဘာကို တုန်လှုပ်စေမှာ သေချာသည်။
ကီလိုတစ်သောင်း အလေးချိန်ရှိသော လက်နက်တစ်ခုသည် သာမာန်လူတို့စိတ်ကူးယဉ်နိုင်သောအရာမဟုတ်ပေ။
ကျန်းဂျန်သည် ကံကြမ္မာမင်းဆက် အခမ်းအနားတွင် ဧကရာဇ်နှင့်အတူ တကျန်း ၏ကံကောင်းခြင်းကို လက်ခံရရှိခဲ့ခြင်းကြောင့် ကျန်းဂျန်၏ ဂုဏ်သတင်းက ပို၍ပင် ဒဏ္ဍာရီဆန်လာခဲ့သည်။
ကျန်းဂျန်သည် သုံးခွချွန်လှံကို မြေပြင်ပေါ်စိုက်လိုက်ပြီး. ဆေးကျိုအိုးရှေ့တွင် ထိုင်လိုက်သည်။
"ဘိုးဘိုး... လင်းရှောင်က ကျွန်တော့်ပြိုင်ဘက်မဟုတ်တော့ဘူး....လုံချီဘုရားကျောင်းမှာ တပည့်တွေများလာပေမယ့် လက်ရည်ယှဉ်နိုင်လောက်တဲ့သူမရှိဘူး...."
ယခင်က ဟွမ်းချွမ် ရှိနေသော်လည်း ယခုချိန်တွင် သူ့အတွက် စိတ်ကျေနပ်လောက်စရာပြိုင်ဘက်မရှိတော့ပေ။
ကျန်းချန်ရှန်းက ဆေးကျိုအိုးကိုမွှေနေရင်းကနေ..... “မင်း အစစ်အမှန်နတ်ဘုရားနယ်ပယ်ကိုရောက်ရင် ငါမင်နဲ့အတူလေ့ကျင့်ပေးမယ်....."
ဒါကိုကြားတော့ ကျန်းဂျန် ချက်ချင်း စိတ်လှုပ်ရှားလာပြီး..... " ဘာလို့ အစစ်အမှန်နတ်ဘုရားနယ်ပယ်ရောက်မှလဲ...အခုလေ့ကျင့်လို့မရဘူးလား...."
“အဲ့အချိန်ကျမှ ငါတို့ ကောင်းကင်မှာ တိုက်ပွဲဝင်နိုင်မှာ...နို့မို့ဆို တောင်ပြိုလိမ့်မယ်....”
ကျန်းဂျန် ထိတ်လန့်သွားပြီး ပိုင်ချီကတော့ သူ့ကို စာနာတဲ့အကြည့်နဲ့သာ ကြည့်နေသည်။
ဟွာဂျန်ရှင်က အဘိုးနဲ့ မြေးကို ကြည့်နေရင်း ဒီလိုဘဝက တကယ်ကောင်းတယ်လို့ ခံစားရသဖြင့် နှစ်နှစ်ကာကာရယ်မောလိုက်လေသည်။
နှင်းတွေ ထူထပ်ပြီး ကမ္ဘာကြီးက အေးနေပေမယ့် ကျန်းချန်ရှန်းရဲ့ခြံဝင်းလေးကတော့ နွေးထွေးနေလေ၏။
...........................
မဟာကန္တရမင်းဆက်၏ မြို့တော်ရှိ တော်ဝင်နန်းတော်ထဲတွင်....
ဧကရာဇ်သည် ဒေါသတကြီးနှင့် အရာရှိများကို စိုက်ကြည့်ကာ.....
“မဟာကန္တရမင်းဆက်က နှစ်ပေါင်းရာနှင့်ချီ တည်တံ့ခဲ့ပြီး သိုင်းလောကကလည ကြီးပွားတိုးတက်နေပြီ.....ဒါနဲ့တောင် လူတစ်ယောက်ကို နှိမ်နှင်းဖို့ နည်းလမ်းတစ်ခုတစ်လေတောင် မင်းတို့ရှာမတွေ့ဘူးလား"
ခန်းမထဲရှိ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံး ခေါင်းငုံ့နေကြပြီး ဘယ်သူကမှ ပြန်မဖြေဝံ့ကြပေ။
မဟာတောကန္တာရဧကရာဇ်သည် သန်မာကြံ့ခိုင်သော ကိုယ်လုံးကိုယ်ပေါက်ရှိသော လူလတ်ပိုင်းတစ်ဦးကို ကြည့်ကာ..... “ချန်ရှီ၊ မဟာတောကန္တာရရဲ့ သိုင်းလောကကို အုပ်ချုပ်ဖို့ မင်းကို ငါတောင်းဆိုခဲ့တယ်..... ပင်းအန်းကို အနိုင်ယူနိုင်တဲ့သူ တကယ်မရှိဘူးလား......"
ချန်ရှီက ကူကယ်ရာမဲ့ ခေါင်းမော့ကြည့်လိုက်ပြီး..... "အရှင်မင်းကြီး...မဟာကန္တရမင်းဆက်မှာ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ငါးယောက်ရှိပါတယ်....အဲ့ထဲကနှစ်ယောက်က မင်းဆက်ပြိုလဲတော့မယ့်အခြေနေမဟုတ်ရင် ထွက်လာမှာမဟုတ်ဘူး....ကျန်တဲ့သုံးယောက်ကတော့ ပင်းအန်းဆီမှာ သေလောက်အောင်အရိုက်ခံရပြီးပြီ...."
ပင်းအန်း အကြောင်းပြောသောအခါတွင် သူ့ခန္ဓာကိုယ် သိသိသာသာတုန်ယင်နေသည်။
သူသည် စစ်မြေပြင်သို့ ရောက်ဖူးပြီး ပင်အန်၏ အစွမ်းသတ္တိကို မျက်မြင်တွေ့ကြုံဖူးသည်။
တကယ်တော့ ပင်းအန်းက လူသားလောကကိုရောက်နေသော နတ်ဘုရားတပါးလိုပင်.....
ဧကရာဇ်က ဒေါသတကြီးနှင့် နဂါးပလ္လင်လက်ရန်းကိုရိုက်ချလိုက်ပြီး....
“အခုချိန်က မင်းဆက်ပြိုလဲတော့မယ် အချိန်မဟုတ်ဘူးလား!!!!!"
သူ့စကားသံတွေထဲမှာ စိတ်ပျက်အားငယ်စရာတွေနဲ့ ပြည့်နှက်နေသည်။
တကျန်း အလွန်အစွမ်းထက်ကြောင်း သူသိသည်။ တကျန်း မြင့်တက်လာသောအရှိန်အဟုန်ကကြောက်လန့်ဖွယ်ကောင်းလှသည်။တကမ္ဘာလုံးတွင် ထိုသို့ဟောအရှိန်အဟုန်မျိုးရှိသည်မှာ တချီမင်းဆက်တစ်ခုသာရှိခဲ့ဖူးသည်။တချီလိုမင်းဆက်မျိုး အနှစ်တစ်ထောင်အတွင်း ပေါ်ထွန်းရန် ခဲယဉ်းလှပေသည်။သို့သော် ဤခေတ်တွင် အဘယ်ကြောင့် တချီမင်းဆက်လိုမင်းဆက် နှစ်ခုရှိနေရသနည်း.....
သူနားမလည်နိုင်တော့ပေ..... ကောင်းကင်ဘုံက မဟာကန္တရမင်းဆက်ကို ပျက်သုန်းစေချင်နေပြီလား......
ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ လေပြင်းများ တိုက်ခတ်လာသဖြင့် အရာရှိများ၏ ၀တ်ရုံများ လွင့်ပျံနေသည်။ဧကရာဇ်ကလည်း မသိစိတ်ကြောင့် မျက်နှာကိုဖုံးရန် လက်မြှောက်တင်လိုက်သည်။
လေပြင်းများ ရပ်တန့်သွားသောအခါ မဟာကန္တာရဧကရာဇ် လက်ရုတ်လိုက်တော့ ခန်းမထဲတွင် အခြားလူတစ်ဦးရောက်နေသည်ကို တွေ့လိုက်ရသည်။
အရာရှိများ ထိတ်လန့်သွားပြီး စစ်ဗိုလ်ချုပ်များက ကျူးကျော်လာသူကို ဝိုင်းရံထားကြသည်။
ကျူးကျော်သူမှာ ကောက်ရိုးဦးထုပ်ဆောင်းထားသည့် အနက်ရောင်ဝတ် အမျိုးသမီးဖြစ်ပြီး ကြေးဝါမျက်နှာဖုံးကိုတပ်ဆင်ထားသည်။ သူမ၏ အသွင်အပြင်ကို မမြင်နိုင်သော်လည်း ကျူးကျော်သူမှာ အမျိုးသမီးဖြစ်ကြောင်း ထင်ရှားသည်။
ထန်.....
အနက်ရောင်ဝတ်အမျိုးသမီးက ဓားတစ်လက်ကို မြေကြီးပေါ် စိုက်ချလိုက်သည်။ တခဏချင်းမှာပဲ နန်းတော်တစ်ခုလုံး တုန်လှုပ်သွားကာ အရပ်ဘက်နှင့် စစ်ဘက်အရာရှိအချို့က သူမကို ထိတ်လန့်စွာကြည့်နေကြစဉ် အားလုံးနီးပါး လဲကျသွားကြသည်။
“မင်းဆက်တွေ ပျက်ဆီးဖို့ စောပါသေးတယ်..... အနည်းဆုံးတော့ အချိန်မကျသေးဘူး....ရှင်တို့ မဟာကန္တရမင်းဆက်မှာ ဒီအခြေနေကိုဖြေရှင်းနိုင်တဲ့သူမရှိရင် ကျွန်မဖြေရှင်းပေးမယ်.....နတ်ဘုရားဂိုဏ်းရဲ့ဧကရာဇ်ကို ကျေးဇူးပြန်ဆပ်တယ်လို့ပဲသဘောထားလိုက်...."
မဟာကန္တရဧကရာဇ်က အံ့အားသင့်စွာဖြင့်..... “နတ်ဘုရားဂိုဏ်းရဲ့ဧကရာဇ်ကို သိပါသလား” ဟု မေးလေသည်။
နတ်ဘုရားဂိုဏ်း၏ဧကရာဇ်သည် လွန်ခဲ့သောနှစ်ပေါင်း 200 မှဧကရာဇ်ဖြစ်သည်။ မဟာကန္တရမင်းဆက် ကံကြမ္မာမင်းဆက်ဖြစ်လာနိုင်ခြင်းသည် နတ်ဘုရားဂိုဏ်း၏ဧကရာဇ်မင်း အုပ်ချုပ်မှုကျေးဇူးကြောင့်ပင် ဖြစ်သည်။ နတ်ဘုရားဂိုဏ်း ထွန်းကားလာသည်နှင့်အမျှ ချောင်ဂိုဏ်း၏ ထိန်းချုပ်မှုလည်း တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။
ဝတ်ရုံအနက်ရောင်ဝတ်အမျိုးသမီးက
.... “တန်ပြန်တိုက်ခိုက်ဖို့ တပ်တွေနဲ့ မြင်းတွေကို စုဆောင်းဖို့ ပြင်ဆင်ပါ....သုံးရက်အတွင်း စစ်မြေပြင်ကိုအရောက်သွားပြီး တကျန်းရဲ့အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကိုသတ်မယ်....ရှင်တို့ တုံလင်းမင်းဆက်ကိုသိမ်းပိုက်ပြီးရင်ရပ်တန့်လိုက်တော့....တကျန်းနဲ့တိုက်ခိုက်ဖို့ စိတ်မကူးကြနဲ့....."
ဧကရာဇ်က မျက်မှောင်ကြုတ်ကာ “ဘာလို့လဲ” ဟု မေးသည်။
အရာရှိများလည်း ရုတ်ရုတ်သဲသဲဖြစ်ကာ နားမလည်နိုင် ဖြစ်နေကြသည်။
"တကျန်းရဲ့ တာအိုဘိုးဘေးကြောင့်ပဲ...."
အနက်ရောင်ဝတ် အမျိုးသမီး၏ အဖြေကြောင့် ခန်းမအတွင်း တိတ်ဆိတ်သွားပြန်သည်။ ဧကရာဇ်ပင်လျှင် သူ၏ရင်ဘတ်ပေါ်တွင် တောင်ကြီးတစ်ခုဖိနေသလို ခံစားရသည်။
အနက်ရောင်ဝတ်အမျိုးသမီးက..... “တကျန်းရဲ့တာအိုဘိုးဘေးက တုနှိုင်းမဲ့အစွမ်းထက်တယ်.....သူ အခုလို တကျန်းကို ထောက်ပံ့ပေးနေရတဲ့ အကြောင်းရင်းက တကျန်းဧကရာဇ်က သူ့တပည့်ဖြစ်နေတာကြောင့်ပဲ..... အကယ်၍ မဟာကန္တရမင်းဆက် အောင်ပွဲခံပြီး တကျန်းကို ပြိုလဲစေမယ့် အန္တရာယ် ကျရောက်စေရင် တကျန်းရဲ့တာအိုဘိုးဘေးကျိန်းသေ လှုပ်ရှားလိမ့်မယ်....ဒါပေမယ့် ကျွန်မတို့တွေ တကျန်းစစ်တပ်ကိုအနိုင်ယူပြီး တုံလင်းမင်းဆက်ကိုသာသိမ်းပိုက်မယ်ဆို တာအိုဘိုးဘေးကလည်း လက်စားချေဖို့အတွက်နဲ့ မိုင် 80,000 ခရီးနှင်လာမှာမဟုတ်ဘူး.... ဒါ့အပြင် ဒီစစ်ပွဲအပြီးမှာ တကျန်းက နှစ်ပေါင်းငါးဆယ်အတွင်း တစ်ကျော့ပြန်လာနိုင်ဖို့ မဖြစ်နိုင်တော့ဘူး..... တကျန်းဧကရာဇ် ကွယ်လွန်သွားတဲ့အခါ တာအို ဘိုးဘေး တကျန်းကနေ ထွက်သွားရင် ကျွန်မတို့အတွက် လက်စားချေဖို့အခွင့်အရေးရလာနိုင်ပြီ......"
ဧကရာဇ်က မျက်မှောင်ကြုတ်ကာ.... "တကျန်းဧကရာဇ် ကွယ်လွန်ပြီးတာတောင် တာအိုဘိုးဘေး ရှိနေသေးရင်ရော....."
အနက်ရောင်ဝတ်အမျိုးသမီးက “ဒါဆို ဒီပြသာနာကို မဟာကန္တရမင်းဆက်ရဲ့ နောက်အသစ်တက်မယ့် ဧကရာဇ်မ စဉ်းစားပါစေပေါ့......” ဟုပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။
ဧကရာဇ်က မချိတင်ကဲ ပြုံးနေလေ၏။
မှန်တယ်......တကျန်းဧကရာဇ် ကွယ်လွန်သွားသောအခါ၊ သူလည်း သေနေလောက်ပြီ......
သို့သော်လည်း သူသည် မင်းဆက်ကို ကာကွယ်နိုင်ပြီး တကျန်းကို ချေမှုန်းနိုင်သမျှ ကာလပတ်လုံး သမိုင်းတွင် နာမည်ပျက်တွင်ကျန်မည်မဟုတ်ပေ။
အနက်ရောင်ဝတ်အမျိုးသမီးက တဖက် လှည့်၍စိုက်ထားသော ဓားကိုဆွဲထုတ်လိုက်သည်။ ထို့နောက် ဓားကိုစီးနင်းကာ နန်းတော်မှ ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်။
သူမ၏ မြန်ဆန်မှုကြောင့် တာဝန်ရှိသူများ အံ့သြနေကြသည်။
"သူက အစစ်အမှန်နတ်ဘုရားနယ်ပယ်လား...."
"ဘယ်ဟုတ်မလဲ..... အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေက ပင်းအန်းရဲ့ပြိုင်ဘက်မဟုတ်ဘူး....သူက ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူပဲဖြစ်လိမ့်မယ်.....”
“ဘယ်လောက် မြန်လိုက်သလဲ..... ခုနကဓားချက်ကြောင့် နန်းတော် ပြိုကျသွားမလို ခံစားရတယ်.......”
"နတ်ဘုရားဂိုဏ်းရဲ့ဧကရာဇ်က မဟာကန္တရမင်းဆက်အတွက် ဒီလို ဝှက်ဖဲမျိုး ထားခဲ့မယ် မထင်ထားဘူး....."
“နတ်ဘုရားဂိုဏ်းရဲ့ဧကရာဇ် နန်းတွင်းမှာရှိတုန်းက သိုင်းပညာကိုမြှင့်တင်ခဲ့ပြီး ကမ္ဘာ့နေရာအသီးသီးကို သိုင်းပညာရှင်များစွာကိုစေလွှတ်ခဲ့တယ်.... ခုနက အမျိုးသမီးက စေလွှတ်ခံခဲ့ရသူတွေထဲက တစ်ယောက် ဖြစ်နိုင်တယ်.......”
ဧကရာဇ်ကတော့ အရာရှိများ၏ ဆွေးနွေးမှုကို လျစ်လျူရှုပြီး ဝတ်ရုံနက် အမျိုးသမီး ထွက်ခွာသွားသည့် လမ်းကြောင်းကို စိုက်ကြည့်နေသည်။ သူဘာတွေတွေးနေလဲ ဘယ်သူမှမသိနိုင်ခဲ့ပေ။
...................................
တောင်တန်းသည် မိုင်ရာနှင့်ချီ၍ ရှည်လျားပြီး သန်းနှင့်ချီသော တပ်ဖွဲ့ဝင်များ ထိုနေရာတွင် တပ်စွဲထားသည်။ စစ်သားများသည် တောင်ထိပ်မှ အရပ်ရပ်သို့ စစ်ဆေးနေသည်ကို တွေ့မြင်နိုင်သည်။
တကျန်း၏စစ်စခန်းတွင်.....
ဟွမ်းချွမ်သည် ပါးစပ်ထဲတွင် မြက်ပင်တစ်ပင်ကိုကိုက်ဝါး၍ စစ်ရထားပေါ်၌ လဲလျောင်းနေသည်။
အသက် ၈၆ နှစ်အရွယ်ရှိ ရှူထျန်းကျိက သူ့ဆီသို့ လမ်းလျှောက်လာခဲ့သည်။ သူသည် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး ဆံပင်ဖျော့ဖျော့နှင့် ဂုဏ်သိက္ခာရှိသော ရုပ်ရည်ရှိသည်။ တစ်ချိန်က သိုင်းလောက၏ စိတ်ဓာတ်မြင့်မားသော ငယ်ရွယ်သူသည် ယခုအခါ အသက်ကြီးနေပြီဖြစ်သည်။ သို့သော်လည်း နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် အသက် ၈၆ နှစ်ရှိသော်ငြားလည်း သူ၏ စွမ်းရည်မှာ အထွတ်အထိပ်သို့ ရောက်နေဆဲဖြစ်သည်။
သူသည် ဟွမ်းချွမ် နားသို့ ရောက်ရှိလာပြီး လက်နှစ်ဘက်ဖြင့် စစ်ရထားကို မှီလိုက်သည်။
"ဟွမ်ချွမ်....ဆရာတော်ရဲ့လက်အောက်မှာ နောက်ထပ် မွန်းစတားတစ်ကောင် ရှိတယ်ဆို..... သူက ပင်းအန်း ထက်တောင် ပိုတောင် ရက်စက်တယ်တဲ့.... အမှန်ပဲလား...?"
ဟွမ်းချွမ်က မျက်လုံးတစ်ဖက်ကိုဖွင့်ကာ.....
“ဟုတ်တယ်.... အမှန်ပဲ.....ကောင်းလေးက အသက်နှစ်ဆယ်ပဲရှိသေးပေမယ့် နတ်ဘုရားနယ်ပယ်ရောက်နေပြီ... ကီလိုတစ်သောင်းအလေးချိန်ရှိသော နတ်ဘုရားလက်နက်ကို ကိုင်ဆောင်ထားတယ်... အလေးချိန် တစ်သောင်းကီလိုဂရမ်ရှိတဲ့ လက်နက်တစ်ခုရဲ့ အဓိပ္ပါယ်ကို ခင်ဗျားနားလည်မှာပါ....!”
ရှုထျန်းကျိက အံ့သြစွာဖြင့်......
" တာအိုဘိုးဘေးက မျှော်လင့်ထားတဲ့အတိုင်း ကြီးကျယ်ခမ်းနားတဲ့ လူတစ်ယောက်ကို ရှာတွေ့ပြန်ပြီ..... ကျန်းဂျန်က မင်းသားမဟုတ်ဘူးလား.....သူဘာလို့ ရှေ့တန်းကိုလိုက်မလာတာလဲ.....”
“တာအိုဘိုးဘေးက သူ့ကို ရွှေခန္ဓာနယ်ပယ်မရောက်မချင်းတောင်ပေါ်ကမဆင်းခိုင်းဘူး..... တကျန်းမှာ အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေရှိပေမယ့် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူမရှိတာကြောင့် ဧကရာဇ်ကလည်း သဘောတူခဲ့တယ်....တော်ဝင်မိသားစုမှာ ရွှေခန္ဓာနယ်ပယ်ရှိဖို့လိုတယ်လေ....ကျန်းဂျန် အောင်မြင်တာနဲ့ တကျန်းလည်း ဒီ့ထက်ပိုမြင့်မားလာတော့မှာသေချာတယ်...."
ဟွမ်းချွမ်က မျှော်လင့်ထားသည့် အမူအရာကို ထုတ်ဖော်ခဲ့သည်။ ကျန်းဂျန် နဲ့ မကြာခဏ ကစားလေ့ရှိပေမယ့် တကယ်တော့ တခြားသူတွေထက် ကျန်းဂျန်ကို ပိုသဘောကျသည်။
ဒီကလေးက လူသားမဟုတ်ဘူး.....
ရှုထျန်းကျိလညိး ဒါဟာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားနေရသည်။
မကြာသေးမီက တကျန်းတွင် နတ်ဘုရားနယ်ပယ်များကို ထိပ်တန်းပညာရှင်များအဖြစ် သတ်မှတ်ခဲ့ကြသည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ်အကြောင်း ပထမဆုံးကြားလိုက်ရသောအခါ ရှုထျန်းကျိ အလွန်တုန်လှုပ်သွားခဲ့သည်။ နှစ်များစွာကြာပြီးနောက်၊ တကျန်း၏ သိုင်းလောကတွင် ရွှေခန္ဓာနယ်ပယ်က သိုင်းပညာရှင်တိုင်း၏ပန်းတိုင်ဖြစ်လာခဲ့ချေပြီ.....
အမှန်တော့ ကမ္ဘာကြီးက တကယ့်ကို ပြောင်းလဲသွားခဲ့ချေပြီ.......
ထိုစဉ် အချက်ပေးခရညသံ ရုတ်တရက် မြည်ဟီးလာပြီး ရှုထျန်းကျိ စကားစဖြတ်ကာ ချက်ချင်းထွက်သွားခဲ့သည်။
ဟွမ်းချွမ်ကတော့ လဲလျောင်းနေဆဲပင်....ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူ ရောက်မလာမချင်း သူ လှုပ်ရှားဖို့မလိုသေးပေ။
မိုင်ပေါင်းရာနှင့်ချီဝေးသောအရပ်ကနေ ကြီးမားသောစစ်တပ်ကြီးသည် တဟုန်ထိုးစစ်ချီလာနေသည်။
စစ်တပ်၏အထက်ကောင်းကင်တွင် လူသုံးယောက်ပျံဝဲနေသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ် သုံးဉီး၏နောက်ကွယ်တွင် အနက်ရောင်ဝတ်အမျိုးသမီးတစ်ဦးက ဓားပျံစီးနင်းကာ တိတ်တဆိတ်လိုက်ပါလာသည်။
ထိုစဉ် ချောက်ကမ်းပါးပေါ်၌ တရားထိုင်နေသော မီးခိုးရောင်ဝတ်အဘိုးအို ရုတ်တရက် မျက်လုံးပွင့်လာသည်။
“ဘယ်လောက် အစွမ်းထက်တဲ့ ဓားလဲ.... ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတွေထဲမှာ ဓားသမားတစ်ယောက်ကိုတွေ့ရခဲတယ်... ဒီဓားခန္ဒကိုရင်းရင်းနှီးနှီးသိနေသလိုပဲ....."
မဟာကန္တရမင်းဆက်မှ အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်ယောက်က ဒေါသတကြီးဖြင့်.....
“တပ်သားအားလုံး ချီတက်ပြီး တကျန်း ရဲ့ စစ်စခန်းကို ဖြိုခွင်းကြ.....ပင်းအန်းကို ကြောက်စရာ မလို....ငါတို့ သူ့ကို တားထားမယ်....!”
အင်အားကြီးမားသောစစ်တပ်ကြီး ရှေ့သို့ လျင်မြန်စွာ ရွေ့လျားနေပြီး တကျန်း၏ စစ်စခန်းနှင့် ငါးမိုင်အောက်သာ ဝေးသည်။
ဝုန်းးးးးးးး
ပေါက်ကွဲသံများကို အဝေးမှပင် ကြားနိုင်သည်။ ထွားကျိုင်းသောလူတစ်ယောက် တောင်ပေါ်မှခုန်ဆင်းကာ သူ၏တူနှစ်ချောင်းကို မြှောက်ကာ ဒေါသတကြီးဖြင့် မြေပြင်ပေါ် ရိုက်ချလိုက်သည်။ သူ၏ပစ်မှတ်မှာ မဟာကန္တရမင်းဆက်၏ ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များဖြစ်သည်။
ထန်.......
အနက်ရောင်ဝတ်အမျိုးသမီး၏ခြေထောက်အောက်မှ ဓားရှည်သည် အလွန်လျင်မြန်သောအရှိန်ဖြင့် ရှေ့သို့ပျံသန်းသွားသည်။
ပင်းအန်း၏ တုံ့ပြန်မှုကလည်း အလွန်လျင်မြန်ပြီး ပိတ်ဆို့ရန် သံမဏိတူကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။
ဓားဖျားက သံမဏိတူနဲ့ တိုက်မိပြီး ချက်ချင်းပင် ပင်းအန်းကို နောက်ဆုတ်စေခဲ့သည်။ လက်နက်ချင်းထိခတ်သံများ နားကွဲလုမတတ် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ချေပြီ.........