← Chapters

တာအိုဘိုးဘေး၏နတ်ဘုရားစွမ်းရည်.... အိပ်မက်ထဲသို့ဝင်ရောက်နိုင်သောစွမ်းရည်......

Vol. 8 Ch. 107

တာအိုဘိုးဘေး၏နတ်ဘုရားစွမ်းရည်.... အိပ်မက်ထဲသို့ဝင်ရောက်နိုင်သောစွမ်းရည်......

Vol. 8 Ch. 107

ပင်းအန်း တလစပ်နောက်ဆုတ်လိုက်ရပြီး တောင်ထိပ်များဆီသို့ ပျံသန်းသွားခဲ့သည်။ သူသည် တောင်ကို ဖြတ်၍ ကျောက်စရစ်ခဲများ ပျံတက်ကာ ဖုန်မှုန့်များ လွင့်ပျံသွားစေပြီး တောင်ကြီးတစ်ခုလုံး တုန်လှုပ်သွားသည်။

ဤမြင်ကွင်းက တကျန်း၏စစ်သားများကို ထိတ်လန့်စေခဲ့သည်။

ဘယ်လို ဖြစ်နိုင်မှာလဲ.......

ရှုထျန်းကျိလည်း ထိတ်လန့်သွားပြီး စစ်ပွဲအတွက် ပြင်ဆင်ရန် အမျိုးမျိုးသော တပ်များကို ချက်ချင်း အမိန့်ပေးခဲ့သည်။

ပျင်းရိစွာ လှဲလျောင်းနေသော ဟွမ်းချွမ် က ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး သူ စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ဝတ်ရုံထဲမှ ဘရိုကိတ်အိတ်ကို ညာလက်ဖြင့် ထုတ်ယူလိုက်သည်။

“ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူပဲဖြစ်ရမယ်…”

သူသည် ချင်ချင်းပင် မဟာကန္တရတပ်များဆီ ပျံသန်းသွားခဲ့သည်။

ဝုန်းးးးးးး

ပင်းအန်းသည် ဖုန်မှုန့်များကြားမှ သူနှင့်တိုက်မိခဲ့သော တောင်ကြီး ပြိုကျသွားသည်။ ကံကောင်းထောက်မစွာဖြင့် အနီးအနားတွင် တကျန်းတပ်သားများမရှိခဲ့ပေ။

“သေစမ်း!!!"

ပင်းအန်း ဒေါသတကြီး ကြုံးဝါးလိုက်သည်။

အနက်ရောင်ဝတ်အမျိုးသမီးသည် အစစ်အမှန်နတ်ဘုရားနယ်ပယ် သုံးယောက်၏ခေါင်းပေါ်မှခုန်ဆင်းကာ ပင်းအန်းတိုက်ခိုက်ခဲ့သောဓားကို သူ့ခြေဖဝါးအောက်သို့ပြန်ဆင့်ခေါ်လိုက်သည်။ထို့နောက် လက်ချောင်းများကို ဝှေ့ယမ်းကာထောင်ပေါင်းများစွာသော ဓားအရိပ်တွေဖန်တီးလိုက်လေသည်။

ထိုမြင်ကွင်းကြောင့် မဟယကန္တရမင်းဆက်၏စစ်သည်သိန်းပေါင်းများစွာတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်မြင့်မားလာသည်။

မာနကြီးသော ရန်သူသည် နောက်ဆုံးတွင် နှိမ်နင်းခံခဲ့ရသည်။ သူတို့၏ နှလုံးသားထဲတွင် ကြောက်စိတ်များလွင့်ပါးသွားချေပြီ။

အနက်ရောင်ဝတ် အမျိုးသမီးသည် သူမ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ထောင်ပေါင်းများစွာသော ဓားရိပ်များကို ကောင်းကင်ယံမှ ပင်းအန်းဆီသို့ ဆင်းသက်စေခဲ့သည်။

ပင်းအန်းသည် တူနှစ်လက်ဖြင့် ဓားရိပ်များကို ချေမှုန်းပစ်လိုက်သည်။ ထိုအချိန်တွင် ပြန့်ကျဲနေသော ဓားချီများသည် ရုတ်တရက် လှည့်လာပြီး သူ့နောက်ကျောဆီသို့ထိမှန်ကုန်သည်။

ထောင်ပေါင်းများစွာသော ဓားအရိပ်များ ပင်းအန်းကို ထိမှန်သွားသည်။ ပင်းအန်း၏ လှုပ်ရှားမှုများသည် ဓားအရိပ်များကြောင့် ပုံပျက်သွားပြီး အရှိန်လည်း သိသိသာသာ လျော့ကျသွားသည်။ သူ့ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ပြုတ်ကျကာ ကောင်းကင်တွင် သွေးများ ဖြာကျလာသည်။

ဝုန်းးးးးးး

သူသည် စစ်တပ်နှစ်ခုကြားရှိ တောင်ပေါ်သို့ ပြုတ်ကျကာ ကြီးမားသောတွင်းကြီးတစ်ခု ဖန်တီးခဲ့သည်။

ဖုန်မှုန့်တွေ လွင့်စင်သွားတဲ့အခါ သူ့တကိုယ်လုံး သွေးတွေနဲ့ ဖုံးလွှမ်းသွားနေချေပြီ။ သို့သော်လည်း ကြောက်ရွံ့ခြင်း အလျင်းမရှိခဲ့ပေ။ အဲဒီအစား အံကြိတ်ပြီး မတ်တပ်ထရပ်လိုက်လေသည်။

ထိုစဉ် မဟာကန္တရမင်းဆက်မှ အစစ်အမှန်နတ်ဘုရားနယ်ပယ် သုံးယောက် ကောင်းကင်မှဆင်းသက်လာပြီး ပင်းအန်းကိုဝန်းရံထားကြသည်။ ပင်းအန်း ဤမျှ သနားစရာကောင်းသော အခြေအနေကို မြင်လိုက်ရသည့်အတွက် ဝမ်းသာကျေနပ်နေကြသည်။

“ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က မျှော်လင့်ထားသလို တကယ်ပဲ အစွမ်းထက်တယ်....."

"ဟားဟား....ပင်းအန်း မင်းဒီနေ့ဒီမှာသေရလိမ့်မယ်!"

“ဒီကောင်က တကယ်ကို သန်မာတယ်.... ဒီလိုပြင်းထန်တဲ့ဒဏ်ရာတွေရထားတာတောင် မတ်တပ်ရပ်နိုင်သေးတယ်.....”

အစစ်အမှန်နတ်ဘုရားနယ်ပယ်ပညာရှင် သုံးယောက်က ပင်အန်းကို စိုက်ကြည့်ရင်းလှောင်ပြောင်နေကြသည်။သူတို့၏ စစ်သား 300,000 ကျော်လောက် ပင်းအန်းလက်အောက်တွင် သေဆုံးသွားခဲ့သည့်အတွက် သူ့အသွေးအသားကို ဝါးမြိုချင်နေသည်မှာ မထူးဆန်းတော့ပေ။

ရုတ်တရက်ပင် မှောင်ရိပ်ကျလာသဖြင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်သုံးယောက်နှင့် ပင်းအန်းတို့ မသိစိတ်ကြောင့် မျှော်ကြည့်ကာ ထိတ်လန့်သွားကြသည်။

ပင်းအန်းဆီသို့ ဉီးတည်နေသော ကြီးမားသောဓားရိပ်ကြီးတစ်ခုကောင်းကင်ယံတွင် တွဲလောင်းကျနေသည်။

အနက်ရောင်ဝတ်အမျိုးသမီးသည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ အောက်ကိုငုံ့ကြည့်လိုက်သည်။ ရွှေဓားရိပ်သည် အနည်းဆုံး ပေတစ်ရာကျယ်ပြီး ပေတစ်ထောင်ကျော် ရှည်လျားသည်။ ဒါဟာ ခမ်းနားပြီး တုန်လှုပ်စရာကောင်းလှပေသည်။

"ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ ပါရမီရှင်ပဲ ဒါပေမယ့် ဉာဏ်ပညာ ချို့တဲ့နေတယ်....."

အနက်ရောင်ဝတ်အမျိုးသမီးက ပင်အန်းကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။ ကြေးဝါမျက်နှာဖုံးအောက်မှ ပေါ်လွင်နေသော မျက်ဝန်းတစ်စုံက အလွန်အေးစက်နေသည်။

"တာအိုဘိုးဘေးရှိနေတာကို ဘယ်သူအတင့်ရဲနေတာလဲ!!!!!"

ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသော အော်ဟစ်သံကြောင့် အနက်ရောင်ဝတ်အမျိုးသမီး ထိတ်လန့်သွားကာ အစစ်အမှန်နတ်ဘုရားနယ်ပယ်သုံးယောက်လည်း တပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

ပင်းအန်း လှည့်ကြည့်လိုက်တော့ ဟွမ်းချွမ် သူ့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ဒါကိုမြင်တော့ ပါးစပ်ကနေ သွေးတွေ အဆက်မပြတ်ထွက်နေသည့်တိုင် ပြုံးလိုက်မိသည်။

ဟွမ်းချွမ်သည် သူ့လက်ထဲတွင် ဘရိုကိတ်အိတ်ကို ကိုင်ဆောင်ကာ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာနေသည်။ ပင်းအန်း၏ သနားစရာကောင်းသော အခြေအနေကို သူမြင်လိုက်သောအခါ သူ့မျက်လုံးများ ချက်ချင်းနီရဲသွားသည်၊

"သေချင်ကြတဲ့ကောင်တွေ!"

ချက်ချင်းပင် ဘရိုကိတ်အိတ်ကိုဖွင့်ကာ အတွင်းမှပစ္စည်းကို ထုတ်ယူလိုက်သည်။

အနက်ရောင်ဝတ်အမျိုးသမီး ထိတ်လန့်တကြားလှည့်ကြည့်ကာ အစစ်အမှန်နတ်ဘုရားနယ်ပယ် သုံးယောက် ချက်ချင်းပင်လှည့်ပြေးလေတော့သည်။

တကျန်း၏တာအိုဘိုးဘေးသည် နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း ကမ္ဘာပေါ်ရှိလူတိုင်း သိကြသည်။ သူသည် ကမ္ဘာကို တုန်လှုပ်သွားစေသည့် ပဲစေ့စစ်သားများ ကဲ့သို့သော ထူးဆန်းသော နည်းစနစ်များကို ပိုင်ဆိုင်ထားသည်။

ဒီလူက ပဲစေ့တွေ ထပ်ကြဲဉီးမလို့လား.....

သူတို့လေးယောက်က ဟွမ်းချွမ်ရဲ့ညာဖက်လက်ကို သေချာကြည့်လိုက်တော့ ရွှေရောင်သစ်ရွက်တစ်ရွက်ကိုင်ဆောင်နေတာကို သတိထားမိလိုက်သည်။

ဟွမ်းချွမ်သည်လည်း ရွှေရောင်သစ်ရွက်တစ်ရွက်ကို မြင်သောအခါ အံ့အားသင့်သွားသည်။

“ဟမ်????ဒါကို ဘယ်လိုသုံးရမှာလဲ…”

ဟွမ်းချွမ် အမျက်ထွက်ပြီး အနည်းငယ် စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။ ဤသစ်ရွက်၏ အစွမ်းအစကို သူ နားမလည်နိုင်ပေ။

ပဲစေ့စစ်သားများလိုပင် မြေပြင်ပေါ် ပစ်ချလိုက်ရမည်လော......

ထိုအတွေးကြောင့် ချက်ချင်းဆိုသလိုပဲ ရွှေရောင်သစ်ရွက်ကို မြေပြင်ပေါ် ပစ်ချလိုက်လေသည်။ ရလဒ်အနေဖြင့် ရွှေရောင်အဆင်းရှိသော သစ်ရွက်က ချက်ချင်းပင် ပျံတက်သွားသည်။

လုံချီဘုရားကျောင်းမှာ ရှိနေတဲ့ ကျန်းချန်ရှန်းက မျက်လုံးတွေကိုမှိတ်ထားပြီး ဟွမ်းချွမ် ကို ရိုင်းရိုင်းစိုင်းစိုင်း ကြိမ်းမောင်းနေလေ၏။

သူ့ရဲ့ မှော်လက်နက်ကို ဘယ်လိုတွေပစ်စလက်ခတ်လုပ်ပစ်နေတာလဲ.... သူပြန်လာတဲ့အခါ သေချာသင်ပေးမှဖြစ်မယ်....

ရွှေရောင်သစ်ရွက်ကြီး လေထဲမှာ လွင့်နေတာကို တွေ့လိုက်ရတော့ အနက်ရောင်ဝတ်အမျိုးသမီးနဲ့ အစစ်အမှန်နတ်ဘုရားနယ်ပယ် သုံးယောက် မလှုပ်ရဲတော့ပေ။

အနက်ရောင်ဝတ်အမျိုးသမီးက.... " တာအို ဘိုးဘေးတကယ်ရောက်နေတာလား.... "

ဟွမ်းချွမ်က... "ငါ့ဆရာသခင် ဒီမှာမရှိရင်တောင် ဒီသစ်ရွက်နဲ့ မင်းကိုသတ်ဖို့ လုံလောက်ပြီ!"

အနက်ရောင်ဝတ်အမျိုးသမီး ပြုံးနေလေ၏။ သူမ၏ အပြုံးက အလွန်အေးစက်နေသည်။ ရွှေရောင်သစ်ရွက်၏အသုံးဝင်မှုကို မမြင်နိုင်ပေမယ့် သူမဟာ ရွှေခန္ဓာနယ််ပယ်ပညာရှင်ဖြစ်ပေသည်။ သစ်ရွက်တစ်ရွက်တည်းနဲ့ သူမကို ဘယ်လိုသတ်နိုင်မလဲ.......

"ဒါဆို မင်းကိုမသတ်ခင် ဒီကောင်လေးကို အရင်သတ်လိုက်မယ်!"

အနက်ရောင်ဝတ်အမျိုးသမီး သူမ၏ ညာခြေကိုဆောင့်နင်းလိုက်သည်နှင့် ရွှေဓားရိပ်သည် တောင်ကြီးကဲ့သို့ ရုတ်တရက် ပြိုကျသွားသည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ် သုံးယောင် အလွန်ထိတ်လန့်သွားသဖြင့် ချက်ချင်းပင် ခုန်ဆင်းသွားကြသည်။

ပင်းအန်း တန်ပြန်တိုက်ခိုက်ချင်သော်လည်း ပြင်းထန်စွာ ဒဏ်ရာရထားသဖြင့် မလှုပ်ရှားနိုင်ပေ။

ရွှေဓားရိပ် ပင်းအန်းပေါ် ကျရောက်ခါနီးတွင် ရွှေရောင်အဆင်းရှိသော သစ်ရွက် ရုတ်တရက် ရွေ့လျားသွားပြီး ရွှေရောင်အလင်းတန်းများ လင်းလက်လာသည်။

ဖန်းးးးးး

ရွှေဓားရိပ် ဖန်သားကဲ့သို့ ကွဲကြေသွားကာ အရပ်ရပ်သို့ တိုက်ခတ်သွားသော လေပြင်းနှင့်အတူလွင့်ပါးသွားချေပြီ.....

အနက်ရောင်ဝတ် အမျိုးသမီး မယုံကြည်နိုင်လောက်သော အမူအရာဖြင့် မျက်လုံးများပြူးကျယ်လာသည်။

ဒါ..ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ.....

ဤဓားရိပ်သည် သူမ၏ဓားဆန္ဒဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ရွှေခန္ဓာနယ်ပယ် တစ်ယောက်ယောက်တောင်မှ တစ်ချက်တည်းနဲ့ ဖြိုခွဲနိုင်ဖို့မလွယ်ပေ။

သူမ ဘာကိုမှဆက်မတွေးနိုင်ခင် ရွှေရောင်အလင်းတန်းများ သူမဆီသို့ ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများ ကျဉ်းမြောင်းလာပြီး သူမ၏ ခြေအောက်မှ ဓားဖြင့် ရွှေရောင်အလင်းတန်းများကိုခုခံလိုက်လေသည်။

ဒင်!

ရွှေရောင်သစ်ရွက်နှင့် ဓားတို့ တိုက်မိပြီး ဓားသွား တခဏချင်း ကွဲအက်သွားသည်။ အနက်ရောင်ဝတ်အမျိုးသမီး အလွန်ထိတ်လန့်သွားပြီး မသိစိတ်ကြောင့်ရှောင်ပြေးဖို့ပြင်လိုက်လေသည်။

သို့သော်၊ ရွှေသစ်ရွက်၏ အရှိန်က မြန်လွန်းလှသည်။

မြေဝိညာဉ်သစ်ပင်အောက်တွင် ထိုင်နေသော

ကျန်းချန်ရှန်း၏နှုတ်ခမ်းများ တွန့်ချို့သွားပြီး.....

"ပြေးလို့လွတ်မယ်ထင်နေလား...."

ဖောက်......

ရွှေရောင်သစ်ရွက်က ကြေးဝါမျက်နှာဖုံး ကွဲကြေစေကယ အနက်ရောင်ဝတ် အမျိုးသမီး၏ နဖူးကို ထိုးဖောက်သွားသည်။ ကောက်ရိုးဦးထုပ် လွင့်ထွက်သွားပြီး အိုမင်းနေသော မျက်နှာတစ်ခု ပေါ်လာသည်။သေဆုံးသွားသည့်တိုင် မယုံနိုင်စွာဖြင့် မျက်လုံးများပြူးကျယ်နေသေးသည်။

ရွှေရောင်သစ်ရွက်သည် ကောင်းကင်၌ ပြီးပြည့်စုံသော အကွေ့အကောက်သဏ္ဍာန်ဖြင့်ပျံသန်းကာ အစစ်အမှန်နတ်ဘုရားနယ်ပယ် သုံးဉီးနောက်သို့ လိုက်သွားခဲ့သည်။

ထိုသုံးယောက်စလုံး ထိတ်လန့်စွာ ပြေးခဲ့ကြသော်လည်း ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူပင် မလွတ်မြောက်နိုင်သည်ကို သူတို့ မည်သို့လွတ်မြောက်နိုင်မည်နည်း။

ဖောက်.....ဖောက်...ဖောက်

သုံးယောက်စလုံး မြေပြင်ပေါ်သို့ လဲကျသွားပြီး အားလုံး ဝမ်းနည်းစွာ သေဆုံးသွားကြသည်။ နဖူးတွေ အကုန်လုံး အပေါက်ဖောက်ခံထားရပြီး နာကျည်းမှုတွေနဲ့ သေဆုံးခဲ့ကြရသည်။ ထို့နောက် ရွှေရောင်သစ်ရွက်က နောက်ပြန်လှည့်ကာ ဟွမ်းချွမ်ဆီသို့ ပျံသန်းသွားသည်။

အနက်ရောင်ဝတ်အမျိုးသမီး၏အလောင်း မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်ကိုမြင်တော့ ဟွမ်းချွမ် အံသြသွားသည်။

ဒီအတိုင်း ပြီးသွားပြီလား....?

ရွှေရောင်သစ်ရွက် သူ့ဆီ ပျံသန်းလာတာကို မြင်လိုက်ရတော့ မသိစိတ်ကြောင့် လက်မြှောက်ပြီးဖမ်းဖို့ပြင်လိုက်သည်။ သို့သော်လည်း ရွှေရောင်သစ်ရွက်က သူ့အား ကျော်ဖြတ်ကာ မိုးကုတ်စက်ဝိုင်းထဲသို့ လျင်မြန်စွာ ပျံသန်းပျောက်ကွယ်သွားခဲ့သည်။

အကြောင်းတစ်ခုခုကြောင့် ဟွမ်းချွမ် ပါးရိုက်ခံလိုက်ရသလို ခံစားရပြီး သူ့မျက်နှာညာဘက်ခြမ်း နာကျင်သွားသည်။

သူ လှည့်ကြည့်လိုက်တော့ ရွှေရောင်သစ်ရွက်ကို ဘယ်မှာမှ မတွေ့ရတော့ပေ။ ထို့ကြောင့် ပင်းအန်းသို့ ချက်ခြင်း ပျံသန်းသွားကာ နောက်ဆုံးတွင် ခန္ဓာကိုယ်ပေါ်ရှိ သွေးထွက်နေသောဒဏ်ရာများကို သွေးတိတ်အောင်ကူညီပေးခဲ့လေသည်။

ချီတက်နေသော သောင်းနှင့်ချီသော တပ်များ တဖြည်းဖြည်း နှေးကွေးလာသည်။ ရှေ့တန်းမှ စစ်သူကြီးက မြင်းကိုထိန်းကာ

“နောက်ဆုတ်... နောက်ဆုတ်!”

အနောက်ဘက်ရှိ စစ်သားအများစုသည် ဝတ်ရုံနက်အမျိုးသမီးနှင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်တို့သေဆုံးသွားသည်ကို မတွေ့ခဲ့ရဘဲ ရှေ့သို့ ဆက်လက်ချီတက်နေဆဲဖြစ်သည်။ ခဏလောက်တော့ စစ်တပ်က ပရမ်းပတာ ဖြစ်သွားခဲ့သည်။

ဒါကိုမြင်တော့ ရှုထျန်းကျိက စိတ်လှုပ်ရှားသွားပြီး..... “သတ်ပစ်! သတ်ပစ်!”

ကောင်းကင်ဗျူဟာတပ်ဖွဲ့သည် လေကဲ့သို့ ပြေးလွှားကာ မခံချင်စိတ်ဖြင့် ရှေ့သို့ တိုးလာခဲ့သည်။

...........

ချောက်ကမ်းပါးပေါ်၌........

မီးခိုးရောင်ဝတ်အဘိုးအိုသည် ကြောက်ရွံ့တုန်လှုပ်လျက် ထိုနေရာတွင် ရပ်နေ၏။

“အဲ့ဒါဘာလဲ… နတ်ဘရားလက်နက်တစ်ခုလား...... ဒါမှမဟုတ် ဓားပျံနည်းစနစ်လား.....… ဘယ်လိုဖြစ်နိုင်မှာလဲ… ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဒီလိုပဲ သေဆုံးသွားခဲ့တာလား....”

မီးခိုးရောင်၀တ် အဘိုးအိုက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ တာအိုဘိုးဘေး အလွန်တန်ခိုးကြီးကြောင်း သူသိသော်လည်း လူကိုယ်တိုင် ရောက်မလာဘဲ ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်ပညာရှင်ကို သတ်လိုက်သည်ကို မြင်လိုက်ရသည်မှာ အသိစိတ်တစ်ခုလုံးကိုပြောင်းပြန်လှန်လိုက်သလိုပင်.....

ခဏနေဉီး!!!!!တာအိုဘိုးဘေး အနီးနားမှာ ရှိနိုင်သလား.....

မီးခိုးရောင်၀တ် အဘိုးအိုသည် အလွန်ထိတ်လန့်သွားသဖြင့် တိုက်ပွဲကို ဆက်မကြည့်ဝံ့ဘဲ လှည့်ထွက်သွားသည်။

မြေဝိညာဉ်သစ်ပင်အောက်တွင်......

ကျန်းချန်ရှန်း လည်ပင်းကို ဆန့်တန်းကာ မျှော်လင့်ချက်များဖြင့် ပြည့်နေသော မျက်လုံးများဖြင့် ဆုလာဘ်ကိုစောင့်မျှော်နေသည်။

ဤကဲ့သို့သော ရန်သူများကို သတ်ခြင်းအတွက် ရှင်သန်ခြင်းဆုလာဘ် ရှိမရှိ တွေးတောနေမိသည်။

ရှိခဲ့လျှင် နောင်တွင် မိုင်ထောင်ချီဝေးသောအရပ်မှ ရန်သူများကို သတ်ပစ်မည်။ သူ့အိမ်ကို ကာကွယ်နိုင်ရုံသာမကဘဲ တကျန်း အတွက် အင်အားကြီးတဲ့ ရန်သူတွေကိုလည်း သုတ်သင်နိုင်ပေမည်။

ဝိညာဉ်စွမ်းအင် ပဲစေ့များနှင့် မတူဘဲ၊ သူသည် ရွှေရောင်ကျောက်စိမ်းသစ်ရွက်ကို ထိန်းချုပ်ခဲ့သူဖြစ်သည်။

ကျန်းချန်ရှန်း စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေစဉ် ဟွာဂျန်ရှင်းက ရေနွေးကျိုနေပြီး ပိုင်ချီ က ခြံဝင်းထဲမှာ အိပ်နေသည်။

အချိန်အတော်ကြာပြီးနောက်......

" ချန်းဝူ ခေတ် ၃၈ နှစ်တွင် ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်ပညာရှင် ရှောင်းယွဲ့သည် သူမရရှိခဲ့သော ကျေးဇူးကို ပြန်လည်ပေးဆပ်ရန်အတွက် စစ်မြေပြင်သို့ ရောက်လာခဲ့သည်။ သင့်ရဲ့တပည့်ကိုသတ်ပစ်ဖို့ အစစ်အမှန်နတ်ဘုရားနယ်ပယ် ပညာရှင်သုံးဉီးကိုဦးဆောင်ခဲ့သော်လည်း သင်သည် သူ့ကို အချိန်မီ ကယ်တင်ခဲ့ပြီး ကံဆိုးခြင်းကနေ လွတ်မြောက်စေခဲ့သည်။ ထို့ကြောင့် ရှင်သန်ခြင်းဆုလာဘ်အဖြစ် အိပ်မက်ဆင့်ခေါ်ခြင်း မန္တာန်ကို ရရှိခဲ့သည်။"

ကံဆိုးခြင်းလား?

ကျန်းချန်ရှန်း အံ့သြသွားပြီး သေချာစဉ်းစားကြည့်ပြီးမှသာ နားလည်သွားသည်။ ပင်းအန်းသေလျှင် သူ့တပည့်အတွက် လက်စားချေပြီး ပိုကြီးမားသောကပ်ဘေးကိုဖန်တီးမိမည်မှာ သေချာသည်။ လက်ရှိအခြေအနေတွင် အပြောင်းအလဲများကို ကြိုမခန့်မှန်းနိုင်ခဲ့သောကြောင့် အမှန်တကယ်ပင် ဘေးဆိုးကြီးဖြစ်ခဲ့ရသည်။

အိမ်မက်ဆင့်ခေါ်ခြင်းပညာရပ်......

မဆိုးဘူး.... မဆိုးဘူး.....

ကျန်းချန်ရှန်း အိမ်မက်ဆင့်ခေါ်ခြင်းပညာရပ်ကို အမွေဆက်ခံခဲ့သည်။

အိမ်မက်ဆင့်ခေါ်ခြင်းပညာရပ်သည် မိမိအလိုရှိသောသူကို ရွေးချယ်နိုင်မည်မဟုတ်ပေ။ တစ်ဖက်လူ အိပ်ပျော်နေရမည့်အပြင် သူသည် ၎င်းတို့၏ အော်ရာကို အာရုံခံပြီး မှတ်သားထားဖို့လည်းလိုအပ်သည်။ တစ်နည်းအားဖြင့် ထိုသူသည် သတ်မှတ်ထားသောအကွာအဝေးအတွင်းတွင်ရှိဖို့လည်းလိုပေသည်။ သို့သော်လည်း လူဝင်စားခြင်းအမှတ်အသားကြောင့် အမှတ်အသားရှိသူ မည်မျှပင်ဝေးပါစေ ထိုသူများ၏ အိပ်မက်ထဲသို့ သွားရောက်လည်ပတ်နိုင်သည်။

အနာဂတ်မှာ တောင်ခြေက လူတွေဆီ အိမ်မက်ထဲကနေဆးတဆင့် သွားလည်နိုင်ပြီ..... အိပ်မက်ထဲမှာ လူတွေ ပိုများလာတဲ့အခါ သူ့အမွှေးတိုင်အရေအတွက်တွေ တိုးလာမှာ သေချာတယ်.......

ရွှေခန္ဓာနယ်ပယ်နှင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်သုံးဉီးကို သုတ်သင်ခြင်းမှ ရရှိမည့် ဆုလာဘ်က မျှော်လင့်ထားသည့်အတိုင်း ကောင်းမွန်ပေသည်။

ကျန်းချန်ရှန်း စိတ်ကောင်းဝင်နေသဖြင့် အိမ်မက်ဆင့်ခေါ်ခြင်းပညာရပ်ကို စတင် လေ့ကျင်ခဲ့သည်။

တိုက်ဆိုင်စွာပင်၊ ပိုင်ချီ အိပ်ပျော်နေသည်။ သူသည် အိမ်မက်ဆင့်ခေါ်ခြင်းပညာရပ်ဖြင့် ကြိုးစားပြီး ပိုင်ချီ၏ အိပ်မက်ထဲသို့ ခိုးဝင်ခဲ့သည်။

ခဏကြာတော့ မျက်လုံးဖွင့်ပြီး ထူးဆန်းတဲ့အမူအရာနဲ့ မျက်မှောင်ကြုတ်လိုက်လေသည်။

ထို့နောက် သူက အေးစက်စွာ အော်ဟစ်လိုက်ပြီး ပိုင်ချီ၏ နားထဲတွင် မိုးခြိမ်းသံတစ်ခု ပေါက်ကွဲသွားသလိုပင်။ သူမ အံ့သြလွန်းလို့ ချက်ချင်းထခုန်ပြီး ဘယ်ညာ ကြည့်လိုက်မိသည်။

သူမက ကျန်းချန်ရှန်းကို မှင်တက်စွာကြည့်ကာ " ဆရာတော့် အသံလား ?"

ကျန်းချန်ရှန်းက.... "အခုချက်ချင်း တောင်ပေါ်တောင်အောက်မကျန် နှင်းတွေလှည်းထုတ်ပစ်!!!"

ဟမ်?????

ပိုင်ချီ က အရမ်းထိတ်လန့်သွားပြီး ချက်ချင်းထွက်ပြေးသွားလေသည်။

အခုလေးတင်ပဲ သူမရဲ့ လှပတဲ့ အိမ်မက်ဟာ အရေးကြီးတဲ့အခိုက်အတန့်မှာ နှောင့်ယှက်ခံလိုက်ရတဲ့အတွက် သူမကို အရမ်းစိတ်ဆင်းရဲနေရသည်။ သို့သော်လည်း နှောက်ယှက်ခဲ့သူမှာ ကျန်းချန်ရှန်း ဖြစ်သောကြောင့် သည်းခံရုံအပြင်အခြားဘာများတတ်နိုင်ဉီးမည်နည်း....

"ဆောင်းတွင်းက အရမ်းအေးတယ်"

ပိုင်ချီ သက်ပြင်းချလိုက်ပြီး နှင်းထဲမှာ ပျောက်ကွယ်သွားခဲ့လေသည်။

ဟွာဂျန်ရှင်းက ခေါင်းခါပြီး ရယ်နေပေမယ့် ဘာမှ ဆက်မမေးတော့ပေ။ ကျန်းချန်ရှန်း ဤနတ်ဆိုးဝံပုလွေကို အနိုင်ကျင့်လေ့ရှိသည်ကိုသိပြီးသားမို့ပင်.....

ညချမ်းအချိန်တွင်........

ကျန်းချန်ရှန်း အိပ်မပျော်သောကြောင့် သစ်ပင်အောက်တွင်ထိုင်ကာ ညရှုခင်းတွေကို ငေးကြည့်နေမိသည်။

ပိုင်ချီသည် သူမ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို အနိုင်နိုင်သယ်မရင်း ခြံဝင်းထဲပြန်ရောက်လာသည်။ ကျန်းချန်ရှန်း ခြံဝင်းထဲတွင် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အပြေးသွားခါနီးတွင် ကျန်းချန်ရှန်း လက်ကို မြှောက်ထားသည်ကို သူမတွေ့လိုက်ရသည်။

ချက်ချင်းပင် ရွှေရောင်အလင်းတန်းတစ်ခု ဆင်းလာပြီး သူ့လက်ထဲသို့ကျရောက်လာသည်။

ထိုအရာက..... ရွှေရောင်အကြေးခွံ ကျောက်စိမ်းသစ်ရွက် တစ်ရွက်သာပင်......

All Chapters