← Chapters

လေနှင့်မိုးကိုဆင့်ခေါ်နိုင်သောနတ်ဘုရားစွမ်းရည်.......

Vol. 8 Ch. 109

လေနှင့်မိုးကိုဆင့်ခေါ်နိုင်သောနတ်ဘုရားစွမ်းရည်.......

Vol. 8 Ch. 109

ချင်းစုန်ဇီကိုရင်ဆိုင်ရင်း ကျန်းချန်ရှန်းဟာ ခံစားချက်တွေ ပြည့်နှက်နေသည်။

အချိန်တွေ ကုန်ဆုံးတာမြန်လိုက်တာ....မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ့်ရှစ်နှစ်ကြာသွားခဲ့ပြီ.....

လူဝင်စားခဲ့သော ချန်းလီသည်လည်း ကြီးပြင်းနေပြီဖြစ်သည်။ ကျန်းချန်ရှန်းအနေဖြင့် ထင်ယောင်ထင်မှားဖြစ်နိုင်သော်လည်း ဤဘဝတွင် သူ၏အသွင်အပြင်သည် ယခင်ဘဝနှင့် အနည်းငယ်ဆင်တူသည်ဟု ခံစားမိသည်။

ချင်းစုန်ဇီထံမှ မမြင်နိုင်သော အလင်းတန်းများ ပေါက်ကွဲသွားသဖြင့် ကျန်းချန်ရှန်း၏ အတွေးများပြတ်တောက်ကုန်သည်။

ဤလူ၏ အော်ရာသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်မကနိုင်ပေ။သူ့ခန္ဓာကိုယ်အတွင်း၌ လျှို့ဝှက်သော စွမ်းအားတစ်ခု ရှိနေသည်။

ကျန်းချန်ရှန်းသည် ယမန်နှစ်က သူသတ်ခဲ့သော ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူ ရှောင်းယွဲ့အကြောင်းကို တွေးမိလိုက်သည်။ ထိုအမျိုးသမီးသည်လည်း အလားတူ စွမ်းအားမျိုးပိုင်ဆိုင်ထားသည်။ ဒါက ဓားသမားတွေရဲ့ ဓားဆန္ဒများလား....

ချင်းစုန်ဇီက ဓားကို မြှောက်လိုက်ပြီး ကျန်းချန်ရှန်းဆီသို့ ညွှန်လိုက်သည်။ တခဏချင်းမှာပင် လေပြင်းများတိုက်ခတ်လာကာ လျင်မြန်စွာ အားကောင်းလာသည်။ တောင်တန်းနှစ်ခုပေါ်ရှိ ဆီးနှင်းများပင် ပျံ့လွှင့်သွားပြီး အရှိန်အဟုန်က ပိုမိုပြင်းထန်လာသည်။

ကျန်းချန်ရှန်းကတော့ တိုက်ခိုက်ရန် အလျင်မလိုခဲ့ပေ။ ချင်းစုန်ဇီဘက်က အပြင်းထန်ဆုံးသောတိုက်ကွက်ကို ပြသရန်သာ စောင့်ဆိုင်းခဲ့သည်။

တစ်နည်းဆိုရသော် သူတို့နှစ်ဦးကြားတွင် ရန်ငြိုးမရှိပေ။ထို့ကြောင့် ချင်းစုန်ဇီကို ခွန်အားစုဆောင်းရန် အခွင့်အရေး ပေးရပေမည်။

ချင်းစုန်ဇီကတော့ ကျန်းချန်ရှန်းလိုတွေးမနေပေ။ယင်းအစား ရန်သူကို ကိုင်တွယ်ရန် အခြားနည်းလမ်းများကိုသာ အသုံးပြုခဲ့သည်။

အိုး! အိုး! အိုး!

နှင်းဖြူဖြူများဝန်းရံထားသည့် လေဆင်နှာမောင်းတစ်ခု ကောင်းကင်ယံ၌ မွေးဖွားလာကာ တောင်တန်းနှစ်ခုကြားတွင် နှင်းမုန်တိုင်းများဖြစ်ပေါ်ခဲ့သည်။ နှင်းတွေ လေထဲမှာ ပြည့်လျှံနေတာကြောင့် ဘုရားဝတ်ပြုသူတွေနဲ့ တပည့်တွေကို တုန်လှုပ်စေခဲ့သည်။

ထိုသို့သောအရှိန်အဟုန်သည် ယခင်စိန်ခေါ်သူများထက် ပိုမိုအားကောင်းခဲ့သည်။

ချင်းစုန်ဇီ၏ အမူအရာမှာ အေးစက်နေပြီး သူ၏ဓားဆန္ဒကလည်း မကြုံစဖူး အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် သူ၏သွေးနှင့်ချီဓာတ်ကို သုံးစွဲဖို့ မကြောက်ပေ။ သူ့ရဲ့ အပြင်းထန်ဆုံး ဓားချက်ကို ထုတ်သုံးမည်ဟုကတိပြုခဲ့ပြီးဖြစ်သည်။ ဒါကိုကြည့်ခြင်းအားဖြင့် သူ့ဘဝတစ်လျှောက်လုံး သိုင်းပညာကို လေ့ကျင့်ခဲ့သည်မှာ ထင်ရှားနေသည်။

"ဒီဓားချက်ကို ကောင်းကင်ဘုံဖွင့်လှစ်ခြင်း လို့ခေါ်တယ်!"

ချင်းစုန်ဇီ အော်ဟစ်ပြီး သူ့အသံက ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားသည်။ သူသည် ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး လက်ကောက်ဝတ်ကို လိမ်ကာ ခုတ်ပိုင်းလိုက်လေသည်။

ဝုန်းးးးးး

သူ့ပတ်ဝန်းကျင်မှာ နှင်းမုန်တိုင်းတွေပေါက်ကွဲပြီး ဓားချီက ကျန်းချန်ရှန်းကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိမှန်သွားခဲ့သည်။

ဓားချီသည် အနည်းဆုံး ပေ ၅၀၀ ရှည်သည်။ ကောင်းကင်နဲ့ မြေကြီးကြားက နှင်းတွေ လွင့်စင်သွားပြီး လက်ကျန်အနွေးဓာတ်များပင် ပျောက်ကွယ်သွားခဲ့လေသည်။

ဒီဓားချက်က အရမ်းမြန်တယ်......

နတ်ဘုရားနယ်ပယ်ရောက်နေပြီဖြစ်သော လင်းရှောင် အပါအဝင် မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။

ကျန်းချန်ရှန်းကတော့ တိမ်ပေါ်တွင် ထိခိုက်မှုမရှိဘဲ ရပ်နေဆဲပင်.... သူ့သင်္ကန်းတောင် ထိခိုက်မှုမရှိဘဲ အရင်အတိုင်းပဲ ငြိမ်သက်နေ၏။

"ငါ့အလှည့်ပဲ...!"

ကျန်းချန်ရှန်း ညာလက်ကို မြှောက်ကာ လက်ညိုးကို ဆန့်ထုတ်၍ ကောင်းကင်ဘုံဖွင့်လှစ်ခြင်း ဟုခေါ်သော ဓားချက်ထက်ပင် ပိုမိုမြန်ဆန်သော စွမ်းအင်စီးကြောင်းကို ထုတ်လွှတ်လိုက်သည်။

ဖောက်...

ချင်းစုန်ဇီ၏ ရင်ဘတ်ကို ဖောက်ထားပြီး သူ၏အော်ရာများ အစအန မရှိဘဲ ပျောက်ကွယ်သွားသည်။ထို့နောက် မျက်လုံးပြူးပြီး ကြောက်ရွံ့သော အကြည့်ကို ထုတ်ဖော်လိုက်သည်။

“ဆရာ!!!!!”

ကျောင်းတော်သားလူငယ်က ထိတ်လန့်တကြားအော်ပေမယ့် တခြားသူတွေက သူ့ကို ဂရုမစိုက်နိုင်ကြသေးပေ။ သူတို့အားလုံး ချင်းစုန်ဇီကိုသာကြည့်နေကြသည်။

ချင်းစုန်ဇီ၏ ပါးစပ်မှ သွေးများ အဆက်မပြတ် ထွက်ကျလာပြီး တစ်ကိုယ်လုံး တုန်ရီနေ၏။ သူ့ခန္ဓာကိုယ်ထဲက စစ်မှန်တဲ့ချီတွေ ပြန့်ကျဲသွားပြီး သူ့ကြွက်သားတွေနဲ့ အရိုးတွေတောင် သုံးစားမရအောင်ပျက်စီးသွားချေပြီ.....

ပြိုင်ဘက်က လက်ညိုးထိုးရုံဖြင့် သူရှုံးသွားပြီ.....

“ဒါက ဘယ်လိုသိုင်းပညာလဲ”

ကျန်းချန်ရှန်းက ...."ချန်းမိသားစုရဲ့ ချီလက်ချောင်းသိုင်း......."

သူတို့၏ အပြန်အလှန်စကားသံက ကျယ်လောင် ပြတ်သားပြီး တောင်တန်းနှစ်ခုကြားတွင် ပဲ့တင်ထပ်နေသည်။

ချင်းစုန်ဇီကတော့ ပါးစပ်မှ သွေးများစီးကျရင်း လဲကျသွားသည်။ ကျန်းချန်ရှန်းက လက်ဝှေ့ယမ်းပြီး ချင်းစုန်ဇီကို တံခါးဝရှေ့ရောက်အောင် ပို့လွှတ်လိုက်သည်။

"သူ့ကို သူရဲကောင်းရဲ့သင်္ချိုင်းဆီ ပို့လိုက်ပါ...."

ကျန်းချန်ရှန်းက ထိုစကားကို ပြောပြီးနောက် တိမ်တိုက်များစီးနင်းကာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ထိုမှသာ လင်းရှောင် သတိပြန်ဝင်လာပြီး သူ့တပည့်တွေကို ချက်ချင်းခေါ်လိုက်လေသည်။

ခြံဝင်းထဲသို့ ပြန်ရောက်ပြီးနောက် ကျန်းချန်ရှန်းက ဆေးကျိုအိုးရှေ့တွင် ထိုင်နေပြန်သည်။

တောင်ပေါ်တက်လာရင်း ချင်ဆောင်းဇီနှင့်ကျောင်းတော်သားလူငယ်တို့ပြောခဲ့သမျှစကားတိုင်းကို သူကြားလိုက်ရသည်။ သူတို့နှစ်ဦး သွေးသားမတော်စပ်ဘဲ ဆရာတပည့်ဖြစ်ခဲ့ကြသည်မှာလဲ လအနည်းငယ်မျှသာကြာသောကြောင့် သိခဲ့ရသဖြင့် သူ့တွင် နှောင့်ယှက်မှုများမရှိခဲ့ပေ။

တစ်စုံတစ်ဦးက ကိုယ်တိုင်ကိုယ်ကျ သေလမ်းရှာနေသည်ကို သူမည်သို့ငြင်းပယ်နိုင်မည်နည်း။

ပိုင်ချီက.... " ချန်းမိသားစုရဲ့ ချီလက်ချောင်းသိုင်းကဘာမို့လဲ....အစုတ်အပဲ့သိုင်းကျမ်းလေးတစ်ခုပဲလေ...ဒါပေမယ့် ဆရာတော်က ကြောက်စရာကောင်းတဲ့ နည်းစနစ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီ....ချန်းလီသာ အသက်ရှင်နေသေးရင် သူ အကျယ်ကြီး ရယ်နေလိမ့်မယ်....."

ကျန်းချန်ရှန်းက မီးဖိုထဲသို့ မီးသွေးတစ်ခြမ်းထည့်ကာ..... "အင်း...ငါလဲအဲ့လိုပဲထင်တယ်... ”

ခဏအကြာတွင်.......

" ချန်းဝူ ခေတ် 39 နှစ်တွင်၊ ဓားဂိုဏ်း၏ ချင်းစုန်ဇီသည် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကာ သင့်ကို စိန်ခေါ်ရန်လာခဲ့သည်။ သူသည် သူရဲကောင်းသင်္ချိုင်းသို့ဝင်လိုပြီး သင်သည် သူ၏စိန်ခေါ်မှုမှ အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။ သင်သည် ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ် မှော်လက်နက်တစ်ခုဖြစ်သော ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက်ကိုရရှိခဲ့သည်”

နောက်ထပ် သစ်ရွက်တစ်ရွက်....ဒါနဲ့ဆိုရွှေအကြေးခွံကျောက်စိမ်းသစ်ရွက် ၃ ရွက်ရှိနေပြီ......

ကျန်းချန်ရှန်း စိတ်ထဲကနေသာ သက်ပြင်းချလိုက်သည်။ ထို့နောက် ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက်ကို ထုတ်ယူကာ သန့်စင်လိုက်တော့သည်။

ညမိုးချုပ်သောအခါ ကျန်းချန်ရှန်း ၎င်းကို သန့်စင်ပြီး သူ့မဟာဝိဉာဉ်လက်စွပ်တွင် မသိမ်းဆည်းမီ ၎င်း၏သခင်အဖြစ် အသိအမှတ် ပြုခဲ့သည်။

"အနာဂတ်မှာ စစ်မြေပြင်သုံးခုကို ပံ့ပိုးပေးနိုင်တော့မယ်....."

ကျန်းချန်ရှန်းက ထိုသို့ ဝမ်းသာအားရ တွေးပြီး.... 'ငါ့သား.... မင်း ကောင်းချီးပေးခံရပြီပဲ...."

ကျောင်းတော်သားလူငယ် တောင်ပေါ်မှ ထွက်ခွာမသွားကြောင်း သတိပြုမိသည်။ ယင်းအစား၊ သူသည် လုံချီ ဘုရားကျောင်းတွင်သာနေထိုင်ခဲ့သည်။ လုံချီ ဘုရားကျောင်းတွင် တည်းခိုနိုင်သူများ အားလုံး ချမ်းသာကြသည်။

ကျောင်းတော်သားလူငယ်သည် ကျန်းချန်ရှန်း ကိုတွေ့ချင်သော်လည်း တောင်းဆိုမှုတစ်စုံတစ်ရာမပြုလုပ်ဝံ့ဘဲ လောလောဆယ် သူ့အခန်းထဲမှာသာ ငြိမ်ကုပ်နေသည်။

နောက်တစ်နေ့နံနက်တွင် ......

ကျောင်းတော်သားလူငယ် ရေချိုးရန် အစောကြီးနိုးလာသည်။ တံခါးခေါက်သံကြားလို့ ဖွင့်ကြည့်လိုက်တော့ တာအိုဘုန်းတော်ကြီးတပါးကိုမြင်လိုက်ရသည်။

ဝမ်လီ........

ဝမ်လီ၏ မျက်နှာတွင် ထူးဆန်းသောအမူအရာတစ်ခု ရှိနေပြီး.... " တာအိုဘိုးဘေးက မင်းကိုတွေ့ချင်နေတယ်.... သွားကြရအောင်...."

တာအိုဘိုးဘေး ?

ကျောင်းတော်သားလူငယ် စိတ်လှုပ်ရှားနေပြီး ချက်ချင်း ခေါင်းညိတ်ပြကာ ဝမ်လီနှင့်အတူ လိုက်သွားခဲ့သည်။

မိနစ်အနည်းငယ်အကြာတွငိ ကျန်းချန်ရှန်း ရဲ့ ခြံဝင်းကို ရောက်လာပြီး ဝမ်လီက သူ့ကိုထားခဲ့ကာ ပြန်ထွက်သွားလေသည်။

လူငယ်က ခေါင်းလှည့်ပြီး သူ့နောက်ကို ကြည့်လိုက်သည်။သူ တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။ နောက်ဆုံးတော့ ခြံထဲကို တစ်ယောက်တည်း လျှောက်သွားခဲ့လေသည်။

လှပအေးစက်သော အမျိုးသမီးတစ်ဦးနှင့် သူရဲကောင်းဆန်ပြီး ထူးကဲသော လူငယ်တစ်ဉီး အတူသိုင်းလေ့ကျင့်နေသည်ကို သူမြင်လိုက်ရသည်။

ထို့နောက် ဆေးကျိုအိုးတစ်လုံးကိုလည်း တွေ့လိုက်သည်။ အိုးရှေ့ကလူကတော့ တာအိုဘိုးဘေးဖြစ်ပေမည်.... သူ့ဘေးနားမှာ နတ်ဆိုးဝံပုလွေတစ်ကောင်က အိမ်မွေးခွေးလို လှဲလျောင်းအိပ်စက်နေလေ၏။

သူ စိတ်လှုပ်ရှားစွာ ရှေ့သို့ လျှောက်သွားကာ ကျန်းချန်ရှန်းအနားသို့ ရောက်လာသည်။ သူက ရိုသေစွာ ဦးညွှတ်ပြီး.....

“ကျွန်တော်က ဝေ့ပြည်နယ်က ချန်းယွီလု ပါ.....တာအိုဘိုးဘေးနဲ့ တွေ့ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်!"

သူ့ခံစားချက်တွေကို ချုပ်တည်းဖို့ ကြိုးစားနေရှာသည်။

ကျန်းချန်ရှန်းက သူ့ကို ခပ်ပြုံးပြုံးဖြင့် ကြည့်ကာ ထိုင်ခိုင်းလိုက်သည်။

"မင်းဆရာကိုသတ်တဲ့အတွက် ငါ့ကိုအပြစ်မတင်ဘူးလား" ကျန်းချန်ရှန်းက ပြုံးပြီး မေးလိုက်သည်။

ချန်းယွီလုက အလျင်စလို ခေါင်းခါလိုက်ပြီး.....

"ဘာလို့ ဆရာတော်ကို အပြစ်တင်ရမှာလဲ။ ဒါ သူ့တောင်းဆိုချက်ပဲလေ... သူရဲကောင်းသင်္ချိုင်းထဲကို ဝင်ခွင့်ပြုလိုက်တာကိုက သူ့ကို မျက်နှာသာပေးလိုက်တာပါပဲ...."

သူ့အမြင်အရ၊ ချင်းစုန်ဇီသည် တာအိုဘိုးဘေး၏ လက်တစ်ချောင်းတည်းဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ အင်အားကွာဟချက်ကြီးမားသဖြင့် တာအိုဘိုးဘေး သည် ချင်းစုန်ဇီကို သူရဲကောင်းသင်္ချိုင်းတွင်မြှုပ်နှံပေးဖို့ငြင်းပယ်နိုင်သည်။

ချန်းယွီလုက စိတ်လှုပ်ရှားစွာဖြင့်....

"ချီလက်ချောင်းသိုင်းက အရမ်းအစွမ်းထက်တယ်နော်!”

“ချန်မိသားစု၏ ချီလက်ချောင်းသိုင်းက ချန်းမျိုးရိုး သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ သိုင်းပညာတစ်ခုပါ.... မင်းရဲ့မျိုးရိုးနာမည်ကလည်း ချန်းဆိုတော့ မင်းလေ့လာချင်တာလား....." ကျန်းချန်ရှန်းက ပြုံးပြီး မေးလိုက်သည်။

ချန်းယွီလုက စိတ်လှုပ်ရှားစွာနဲ့.... "တကယ်လား?"

ကျန်းချန်ရှန်း လက်ကို မြှောက်လိုက်တေယ့ လျှို့ဝှက်စာအုပ်တစ်အုပ် ပြတင်းပေါက်ကနေ ပြေးထွက်လာပြီး ချန်းယွီလုရဲ့ လက်ထဲကို ရောက်သွားခဲ့သည်။

ကျန်းချန်ရှန်း၏ လုပ်ရပ်ကြောင့် ချန်းယွီလု တုန်လှုပ်သွားခဲ့သည်။ ကျန်းချန်ရှန်းကစကားပြန်ပြင်မှာ စိုးရိမ်ပြီး လျှို့ဝှက်စာအုပ်ကို အလျင်စလို သိမ်းဆည်းလိုက်လေသည်။

ချင်းစုန်ဇီကိုသတ်သည့် တာအိုဘိုးဘေး၏ နောက်ဆုံးနည်းလမ်းလက်ထဲရောက်နေသဖြင့် တုန်လှုပ်သွားခဲ့သည်။

ကျန်းချန်ရှန်းက... “ဝေ့ပြည်နယ်က ဆယ့်သုံးခရိုင်ကနေ မိုင်ထောင်ပေါင်းများစွာ ဝေးပြဖိး ခရီးလမ်း ကြမ်းတမ်းတယ်.... မင်းဘာလို့ဒီကိုရောက်နေတာလဲ?"

ချန်းယွီလု ထိုစကားကိုကြားသောအခါ သူ့အမူအရာ မည်းမှောင်သွားခဲ့သည်။

“လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော့်အိမ်ကို သူခိုးတွေ မီးရှို့လို့ မိသားစုတွေအားလုံး မီးလောင် သေဆုံးခဲ့တယ်... ကျွန်တော်တစ်ယောက်တည်းသာ ကံကောင်းပြီး ရှင်သန်ခဲ့တာ.... ဒေသခံ အရာရှိတွေကိုတိုင်တန်းခဲ့ပေမယ့် အဲဒီဓားပြတွေ ထွက်သွားပြီး သက်သေမရှိဘူးတာကြောင့် အမှုရုတ်သိမ်းခဲ့ရတယ်...ဒါ့ကြောင့် နောင်အခါမှာ မတရားမှုတွေနှိမ်နင်းဖို့ အရာရှိဖြစ်ချင်တာကြောင့် မြို့တော်ကိုလာခဲ့တာပါ....."

တာအိုဘိုးဘေးသည် ဧကရာဇ်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း သူသိသော်လည်း အရာရှိဖြစ်လိုသော သူ၏ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခြင်းမရှိပေ။

ကျန်းချန်ရှန်း ပြုံးလိုက်မိသည်။ ဒီကလေးရဲ့ ပင်ကိုယ်စရိုက်က ချန်းလီနဲ့ အလွန်ဆင်တူနေသည်။

သို့သော် ဤလူသည် လက်ရှိဘဝတွင် ဘေးဆိုးများစွာကို ကြုံတွေ့ခဲ့ရသည်။ ကံကောင်းထောက်မစွာနဲ့ သူ့ကို အမွှေးတိုင်တစ်သောင်း ပေးလိုက်တယ်။ မဟုတ်ပါက သူသည် နောက်တစ်ကြိမ် လူပြန်ဝင်စားဖြသ်နေလောက်ပြီ.....

သူက .....“မင်းမှာ ဆွေမျိုးတွေ မရှိတော့တဲ့အတွက် မင်းရဲ့နာမည်ကို ချန်းလီလို့ ပြောင်းလိုက်ပါ....မြို့တော်မှာနေဖို့ မင်းကို ငါထောက်ခံပေးမယ်...."

ပိုင်ချီ နှင့် ဟွာဂျန်ရှင်းတို့က ချန်းယွီလုကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

ချန်းယွီလု အံ့ဩသွားပြီး သူ့မျက်လုံးများ ရုတ်တရက်နီရဲသွားသည်။

"ဆရာတော် ဘာလို့ ကျွန်တော့်အပေါ် ဒီလောက်ကောင်းနေရတာလဲ"

ကျန်းချန်ရှန်းက သူ့ကို မကြည့်တော့ဘဲ.....

“ကံကြမ္မာကြောင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်.... အနာဂတ်မှာ မင်းနားလည်မှာပါ.....''

ချန်းယွီလု ချက်ချင်း ဒူးထောက်လိုက်ပြီး ကျန်းချန်ရှန်းကို ရိုသေစွာရှိခိုးကာ... "ချန်းလီ က တာအိုဘိုးဘေးကို ကျေးဇူးတင်ပါတယ်....ဒီကျေးဇူးတရားကို ဒီဘဝမှာတင် သေချာပြန်ဆပ်ပါ့မယ်!"

"တောင်ပေါ်ကဆင်းတော့....."

ချန်းလီ အသက်ပြင်းပြင်းရှူရင်း မတ်တပ်ထရပ်ကာ ရိုသေစွာ ဦးညွှတ်၍ နောက်လှည့်ထွက်ခဲ့သည်။ ဟွာဂျန်ရှင်းနှင့် ကျန်းဂျန်တို့ဘေးကနေ ဖြတ်သွားသောအခါ ခြံဝင်းမှ မထွက်မီ တယောက်ပြီးတယောက်ကို ဦးညွှတ်ခဲ့သေးသည်။

ပိုင်ချီက မကျေမနပ်နဲ့ "သူ ဘာလို့ ကျွန်မကို ဦးမညွှတ်တာလဲ"

ကျန်းဂျန်က ပြုံးလိုက်ပြီး.... "မင်းကို ခွေးတစ်ကောင်လို့ ထင်နေလို့နေမှာပေါ့...."

ပိုင်ချီက သူ့ကို မကျေမနပ်နဲ့သာစိုက်ကြည့်နေလေ၏။

ဟွာဂျန်ရှင်းက စိတ်ဝင်တစားနှင့်....

"သူ့နာမည်ကို ချန်းလီလို့ ပြောင်းလို့ပါ့မလား.... ချန်းလီက ၀န်ကြီးချုပ်ဖြစ်ခဲ့ဖူးတယ်လေ...."

ကျန်းချန်ရှန်းက.... "ငါ ဇီယု နဲ့ စကားပြောမယ်.... သူ့ကတိအတိုင်းဆိုရင် ပြဿနာမရှိနိုင်ဘူး....”

ဟွာဂျန်ရှင်း နောက်ထပ်မေးခွန်းများကို မမေးတော့ပေ။ သူမ နားမလည်သော်လည်း ကျန်းချန်ရှန်းကို ယုံကြည်သည်။

ချန်လီကို သူတကယ်လွမ်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ချန်းလီသည် သူ၏ တစ်ဦးတည်းသော အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သည်။

ဒါကို စဉ်းစားရင်း ဟွာဂျန်ရှင်း စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ သူမ ဆုံးပါးသွားရင် ကျန်းချန်ရှန်း ဘယ်လောက် အထီးကျန်နေမလဲ.....ချန်းယွီလုကို ချန်းလီနေရာအစားထိုးခဲ့သလို သူမ နေရာမှာ တစ်ယောက်ယောက်ကို အစားထိုးနိုင်ပါစေ.....

ဇူလိုင်လတွင်......

ကောင်းကင်အောက်တွင် စုပြုံနေသော နှင်းများ အရည်ပျော်သွားပြီး နှစ်ရာနှင့်ချီသော ရှားရှားပါးပါး နှင်းမုန်တိုင်းကြီး နောက်ဆုံးတွင် ပြီးဆုံးခဲ့ချေပြီ.....

[ချန်းဝူခေါတ် ၏ ၃၉ နှစ်တွင်၊ ထောင်စုနှစ် နှင်းမုန်တိုင်းအန္တရာယ်၏ နှစ်ဝက်အကြာတွင်၊ သင်သည် ဘေးဆိုးကြီးမှ အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆိုင်ရာ ဆုလာဘ်အဖြစ် နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သော မိုးသက်လေပြင်းဆင့်ခေါ်ခြင်း ပညာရပ်ကိုရရှိခဲ့သည်။]

တရားထိုင်နေသော ကျန်းချန်ရှန်း မျက်လုံးများကိုဖွင့်ကာ ဝမ်းသာအားရပြုံးလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း၊ ရှင်သန်ခြင်းဆုလာဘ်တစ်ခုရရှိခဲ့ပြန်ပြီ......

အမွှေးတိုင်အရေအတွက် 90,000 တန်သော ဘေးဥပဒ်က မျှော်လင့်ထားသည့်အတိုင်း ထိုက်တန်သောဆုလာဘ်ရရှိစေခဲ့သည်။

ကျန်းချန်ရှန်းသည် မိုးသက်လေပြင်းဆင့်ခေါ်ခြင်း နတ်ဘုရားစွမ်းရည်ကို ချက်ချင်းအမွေဆက်ခံခဲ့သည်။ အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း ၎င်းသည် သဘာဝအတိုင်း လေနှင့် မိုးကို ဆင့်ခေါ်နိုင်ပါသည်။ ဖုံးလွှမ်းထားသောဧရိယာနှင့် လေနှင့်မိုး၏အတိုင်းအတာသည် သူ၏ဝိညာဉ်စွမ်းအင်အပေါ် မူတည်သည်။

ဤလှုပ်ရှားမှုသည် လက်တွေ့တိုက်ပွဲတွင်အလွန်အသုံးမဝင်သော်လည်း၎င်းသည်လှည့်ကွက်များနှင့်အမွှေးတိုင်အရေအတွက်

အများအပြားကိုရယူနိုင်သည်။

အမတနတ်ဘုရားလမ်းကိုသွားရာလမ်းတွင် သူသည် ပို၍ ပို၍ တည်ငြိမ်လာသည်။

မိုးသက်လေပြင်းကိုဆင့်ခေါ်နိုင်သော နတ်ဘုရားစွမ်းရည်ကို အမွေဆက်ခံပြီးနောက် ကျန်းချန်ရှန်း ချက်ချင်းပင် မလေ့ကျင့်နိုင်သေးပေ။ နောင်တွင် ညဉ့်နက်မှ လေ့ကျင့်ဖို့ နေရာရှာရန် စီစဉ်ခဲ့သည်။ ထိုအခြေအနေမျိုးကို ဖုံးကွယ်ထားရပေမည်။

နောင်အခါလိုအပ်မှသာ ထုတ်သုံးရမည်။

....................

ရက်အတော်ကြာပြီးနောက်.....

ဖူယွဲ့ မိသားစုမှ ယုယန်ရိ အလည်အပတ်လာရောက်ခဲ့သည်။

"စီနီယာ.... နတ်ဆိုးသခင်က တောင်ဘက်ကို ထွက်ခွာသွားပြီး ယခုနှစ်မှာ တကျန်းကို ရောက်လာနိုင်တယ်...သူက နေရာတိုင်းက သိုင်းပညာရှင်တွေရဲ့ ခွန်အားကို စုပ်ယူနေပြီး အလွန်ရက်စက်ကြမ်းကြုတ်သူဖြစ်တယ်... သူ့ရဲ့ ခွန်အားက မှန်းဆလို့ မရနိုင်တဲ့ အဆင့်ကို ရောက်နေပြီလို့လဲ ကြားထားတယ်....”

ကျန်းချန်ရှန်းက မျက်လုံးဖွင့်ပြီး.... “နတ်ဆိုးသခင်က ဘယ်သူလဲ” ဟုမေးလိုက်သည်။

ယုယန်ရိက နတ်ဆိုးသခင်အကြောင်း သိထားသမျှအကုန်ပြောပြခဲ့သည်။

နတ်ဆိုးသခင်သည် ရှန်းရှန်တုံးထျန်းမှဖြစ်ပြီး မဟာကောင်းကင်စက်ဝန်းကျင့်စဉ်ကို လေ့ကျင့်သင်ကြားထားကြောင်းကြားသောအခါ ကျန်းချန်ရှန်း ဘာပြောရမှန်းပင် မသိတော့ပေ။

ဒီပညာရပ်က တကယ့်ကို ဘေးအန္တရာယ်တစ်ခုပဲ.......

သူသာသိုင်းသမားဖြစ်ခဲ့လျှင် ထိုကျင့်စဉ်၏သွေးဆောင်ခြင်းကိုခံရမည်သာ....

All Chapters