ပြောင်းလဲသွားသော ရှန်းရှန်တုံးထျန်း.....
Vol. 8 Ch. 110
ကျန်းချန်ရှန်းသည် နတ်ဆိုးသခင်ကို အသုံးချရန် နည်းလမ်းတစ်ခုကို အမြန်စဉ်းစားခဲ့သည်။
ပထမအချက်အနေဖြင့် သူသည် နတ်ဆိုးသခင်အား တကျန်းတွင် မဆင်မခြင်ပြုမူရန် ခွင့်မပြုနိုင်ပေ။
နတ်ဆိုးသခင် တကျန်းသို့ရောက်လာပြီး လူများကိုစတင်နာကျင်စေသောအခါ၊ သူသည် နတ်ဆိုးသခင်ကိုဖမ်းဆီးနိုင်သည်။အကယ်၍လွတ်မြောက်သွားခဲ့လျှင်တောင် အနီအနားမင်းဆက်တွေဆီက ကံကြမ္မာကိုစုပ်ယူပြီး သန်မာလာတဲ့အခါ ပြန်လာပြီး သူ့ကို ဆက်လက်စိန်ခေါ်နိုင်ပြီး သံသရာဆုံးတော့မည်ဟုတ်ပေ။
နတ်ဆိုးသခင်သည် တကျန်းအတွက် ရန်သူအင်အားလျော့နည်းအောင် ကူညီပေးနိုင်ရုံသာမက ရှင်သန်ခြင်းဆိုင်ရာ ဆုလာဘ်များကိုလည်း ဆက်တိုက်ပေးစွမ်းနိုင်သည်။
ကျန်းချန်ရှန်း ထိုအကြောင်းကို ပိုတွေးလေလေ၊ ဤအစီအစဥ်သည် ပို၍ ဖြစ်နိုင်ချေရှိလေလေဟု ထင်နေမိသည်။
ယုယန်ရိက စိုးရိမ်တကြီးနဲ့...... “နတ်ဆိုးသခင်က တနေ့ထက်တနေ့ ပိုအားကောင်းလာတယ်.... သူ သန်မာနေသရွေ့ ဆရာတော်ကို သေချာပေါက်ပစ်မှတ်ထားလိမ့်မယ်...နတ်ဆိုးသခင်က.ပျက်သုန်ခြင်းတောင်တန်းက ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူတစ်ဦးဆီကနေ လုံးလုံးလျားလျား စွမ်းအားစုပ်ယူပြီး သန်မာသူအဖြစ်သို့ ပြောင်းလဲသွားတယ်လို့ပြောကြတယ်....ပျက်သုန်းခြင်းတောင်တန်းက အထက်တန်းအဆင့်ချောင်ဂိုဏ်းသုံးခုထဲက တစ်ခုဖြစ်တကြောင့် အခုအချိန်မှာ ချောင်ဂိုဏ်းတွေ သူ့နောက်ကို လိုက်နေပါတယ်....”
ကျန်းဂျန်က စိတ်ဝင်တစားဖြင့် ဝင်မေးလိုက်သည်။ “နတ်ဆိုးသခင်ရဲ့လက်ရှိ နယ်ပယ်က ရွှေခန္ဓာနယ်ပယ်လား..? ဒါမှမဟုတ် ရွှေခန္ဓာနယ်ပယ်ကို ကျော်လွန်သွားပြီလား”
သူသည် ရွှေခန္ဓာနယ်ပယ်အထက်က နယ်ပယ်အကြောင်းကို အမြဲလိုလို သိချင်နေခဲ့သော်လည်း ကျန်းချန်ရှန်းက သူမသိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သူ့ဆရာ ဟန်ဆောင်နေမှန်း သိသောကြောင့် ယုယန်ရိကို အခွင့်ရေးရတုန်းမေးလိုက်ခြင်းပင်.....
ယုယန်ရိက သူ့ကိုကြည့်ပြီး ....“ငါလည်း သေချာမသိဘူး....ရွှေခန္ဓာနယ်ပယ်က သိုင်းပညာလမ်းကြောင်းရဲ့ အဆုံးသတ်မဟုတ်ဘူးဆိုတာတော့ ကောလဟာလတွေကြားနေရတယ်...ဒါပေမယ့် ဖူယွဲ့ မိသားစုက ရွှေခန္ဓာနယ်ပယ်ထက်မှာရှိတဲ့နယ်ပယ်အကြောင်း မသိကြဘူး...အထက်တန်းအဆင့် ချောင်ဂိုဏ်းသုံးဂိုဏ်းက လူအိုကြီးတွေပဲ သိကြလိမ့်မယ်....”
ထိုအဖြေကြောင့် ကျန်းဂျန် စိတ်ပျက်သွားသည်။
ယုယန်ရိက ကျန်းချန်ရှန်းကို နောက်တစ်ကြိမ် ကြည့်လိုက်တော့ ကျန်းချန်ရှန်းက အေးဆေးတည်ငြိမ်စွာဖြင့်....
"လူတွေမှာ အနာဂတ်ကိုယ်စီရှိကြတာမို့ စိုးရိမ်စရာ မလိုဘူး...မင်းရဲ့သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ်.... သူနဲ့ရင်ဆိုင်ရတဲ့အခါ သတိထားပါ့မယ်...”
ယုယန်ရိ ထိုစကားကြားတော့ ပြုံးလိုက်လေသည်။ သူမသည် ကျန်းချန်ရှန်း၏အာရုံစိုက်မှုကိုဆွဲဆောင်ရန်မျှော်လင့်ချက်ဖြင့် သတင်းပို့ခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ သူသည် တာအိုဘိုးဘေးဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိလူများကို လျှော့တွက်မည်ကို စိုးရိမ်နေမိသည်။
သူမသည် အချိန်အတော်ကြာအောင် စကားစမြည်ပြောဆိုပြီးနောက် ပြန်သွားခဲ့သည်။
ကျန်းဂျန်သည် ယုယန်ရိ ပြောပြခဲ့သော ကမ္ဘာကြီးအကြောင်းများကိုနားထောင်ပြီး ဆွဲဆောင်ခံခဲ့ရသည်။ ဤကမ္ဘာကြီးက ကြီးမားတယ်ဆိုတာ သူသိပေမယ့် ဒီလောက်ကြီးမားမယ်လို့ မမျှော်လင့်ထားပေ။
တကျန်းသည် ကံအကောင်းဆုံးမင်းဆက်မဟုတ်သလို ဤတိုက်ကြီးတွင် အကြီးမားဆုံးမင်းဆက်လည်းမဟုတ်ပေ။ သိုင်းပညာလမ်းကြောင်းတွင် မရေမတွက်နိုင်သော ကျွမ်းကျင်သူများစွာ ရှိနေသည်။
ကျန်းချန်ရှန်းက ဒါတွေကို သိပ်ပြီး မစဉ်းစားဘဲ နတ်ဆိုးသခင်ရောက်လာမည့်အချိန်ကိုသာ စောင့်မျှော်နေသည်။
ထိုညတွင်.........
ကျန်းချန်ရှန်း နန်းတော်ထဲသို့ ဝင်သွားပြီး ကျန်းဇီယုနှင့် တွေ့ဆုံခဲ့သည်။ ချန်းလီ အကြောင်းကို ပြောပြပြီး လိပ်စာပါပေးခဲ့သည်။
သူက ချန်းလီကို အဆင့်မြင့်အရာရှိတစ်ဦးဖြစ်လာဖို့ မတောင်းဆိုခဲ့ပေမယ့် အနည်းဆုံးတော့ အဆင့်သတ်မှတ်ချက်အချို့ကို ကျော်ပေးနိုင်ခဲ့သည်။
ထိုသို့သောအသေးအမွှားကိစ္စအတွက် ကျန်းဇီယုက နှစ်ခါမစဉ်းစားဘဲ သဘောတူလိုက်သည်။
သို့သော်လည်း ကျန်းချန်ရှန်း ကိုယ်တိုင်ကိုယ်ကျ လာရောက်တောင်းဆိုနေသဖြင့် ချန်းလီ မည်သူဖြစ်သည်ကို သိချင်နေခဲ့သည်။ ထို့ကြောင့် မနက်ဖြန်တွင် ချန်းလီ ကို ကိုယ်တိုင်တွေ့ရန် ဆုံးဖြတ်ခဲ့သည်။
မဟာကန္တရမင်းဆက်နယ်မြေထဲတွင်....
မိုင်ဒါဇင်နဲ့ချီတဲ့ တောင်တန်းတွေပေါ်မှာ ချိုင့်ရာ အက်ကွဲရာတွေနဲ့ ပြည့်နှက်နေပြီး သစ်ပင်တွေလဲကျပြီး ဖုန်တွေ လွင့်ပျံနေသည်။အနီးအနားတစ်ဝိုက်တွင် နှစ်ခြမ်းကွဲသွားသော တောင်ငယ်များစွာပင် ရှိသေးသည်။
ကျန်းလော့သည် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်ကာ ကောင်းကင်မှ လူနှစ်ယောက်ကို အဝေးမှ လှမ်းကြည့်နေသည်။
သူတို့ထဲက တစ်ယောက်က သူ့ဆရာဖြစ်ပြီး သူသည် သိုင်းလောကကို ကြောက်ရွံ့တုန်လှုပ်စေသော နတ်ဆိုးသခင်ဖြစ်သည်။
အခြားလူမှာ ဘရိုကိတ်အင်္ကျီဝတ်ထားသော အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ကောက်ရိုးဦးထုပ်ကို ဆောင်းထားကာ အလွန်လျှို့ဝှက်ဆန်းကြယ်နေပုံရသည်။
နတ်ဆိုးသခင်၏ ညာဖက်လက်ဖဝါးက သွေးမီးတောက်ကဲ့သို့ လောင်ကျွမ်းနေသော စစ်မှန်သောချီနှင့် ပေါင်းစပ်ထားသည်။သူသည် မထီမဲ့မြင်ပြုသော အပြုံးကို ထုတ်ဖော်၍....
" ကံကြမ္မာဘုန်းတော်ကြီးတစ်ပါးက ဒီလောက်ပဲစွမ်းတာလား.... မင်းရဲ့ ခွန်အားနဲ့ မင်းကိုယ်မင်း ဆရာတော်လို့ ခေါ်ဝံ့ပြီး မင်းဆက်တွေကို စိုးမိုးဖို့ ကြိုးစားနေတာလား...ဟမ့် ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေပြီမထင်ဘူးလား...."
ဘရိုကိတ်အင်္ကျီဝတ်ထားသူက သူ့အသွင်အပြင်ကို ထုတ်ဖော်မပြပေမယ့် တုန်ရီနေသော ညာဖက်လက်ကြောင့် ဒီတိုက်ပွဲမှာ အသာစီးမရခဲ့ကြောင်း ထင်ရှားနေသည်။
"ရှန်းရှန်တုံးထျန်းရဲ့ ပါရမီရှင်တစ်ဦးက မျှော်လင့်ထားတဲ့အတိုင်း သန်မာပါပေတယ်..... ကံမကောင်းစွာနဲ့ပဲ မင်းဘယ်လောက်ပဲ သန်မာနေပါစေ၊ မင်းဟာ ကမ္ဘာပေါ်မှာ နံပါတ်တစ်မဟုတ်သေးဘူး..... ထိပ်တန်းငါးယောက်အဆင့်တောင်မဝင်သေးဘူး” ဟု ဘရိုကိတ်အင်္ကျီဝတ်ထားသော အမျိုးသားက အေးစက်စွာပြောလိုက်သည်။
နတ်ဆိုးသခင်သည် ထိုသူ့ထံသို့ ဖြည်းညှင်းစွာချဉ်းကပ်၍ .....
"ဒါပေမယ့် မင်းကိုသတ်ဖို့တော့ လုံလောက်တယ်....."
ဘရိုကိတ်အင်္ကျီဝတ်ထားသော အမျိုးသားသည် အလွန်လျင်မြန်သော အရှိန်ဖြင့် လမ်းကြောင်းအမျိုးမျိုးသို့ ပြေးထွက်ကာ ဒါဇင်ပေါင်းများစွာသော ပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။
နတ်ဆိုးသခင် မျက်မှောင်ကြုတ်သော်လည်း၊ အဲဒီအစား နောက်လှည့်ပြီး ကျန်းလော့ ရှိရာဆီပြန်လာခဲ့သည်။
ကျန်းလော့က.... “ဆရာ ဘာလို့ သူ့နောက်ကို မလိုက်တာလဲ.....သူ့ခန္ဓာကိုယ်အစစ်ကို မမြင်နိုင်ဘူးလို့တော့ မပြောနဲ့....."
နတ်ဆိုးသခင်က ....“အဲဒီလူရဲ့ အရှိန်က တကယ့်ကို လျှို့ဝှက်ဆန်းကြယ်တယ်... ဒါ့အပြင် သူက တကျန်းကို ဦးတည်ပြီး ထွက်ပြေးသွားတာမို့ သူ့နောက်ကို လိုက်ဖို့ မသင့်တော်ဘူး...."
ကျန်းလော့က "ဒါဆို သူ တကျန်းကိုသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ.... ကျွန်တော်က တကျန်းရဲ့မင်းသားဖြစ်ပြီး တကျန်းက ကျွန်တော့် နယ်မြေပဲ”
တကယ်တော့ တကျန်း ဘယ်လိုပုံစံလဲဆိုတာ သူ မသိသေးပေ။ သို့သော်လည်း သမုဒ္ဒရာလေးစင်းပဏ္ဍိတက သူ့မျက်ခုံးနှစ်ခုကြားမှ မွေးရာပါအမှတ်အသားကြောင့် မြို့တော်သို့ သွားသောအခါ နန်းတော်ထဲသို့ အလွယ်တကူဝင်ရောက်နိုင်ကြောင်း ပြောခဲ့ဖူးသည်။
နတ်ဆိုးသခင် မျက်မှောင်ကြုတ်နေသေးသည်။
“တစ်ခုခုတော့မှားနေပြီ....သူ ငါ့ကို တကျန်းဆီသွားဖို့ တမင်တကာ ဆွဲဆောင်နေပုံရတယ်..... မကြာသေးမီက မဟာကန္တရမင်းဆက်နဲ့တကျန်းတို့ကြားကတိုက်ပွဲနဲ့ သက်ဆိုင်နေမယ်ထင်တယ်.... တကျန်းမှာ သိုင်းပညာရှင်တွေရဲ့ ခွန်အားကို စုပ်ယူလိုက်ရင် စစ်ပွဲကို ကျိန်းသေပေါက် ထိခိုက်စေလိမ့်မယ်.... တာအိုဘိုးဘေးက ဒါကို အရေးယူမယ်ဆိုရင် မင်းဆက်နှစ်ဆက်ကြားက စစ်ပွဲဟာ အဲဒီမှာပဲ ပြီးဆုံးသွားနိုင်တယ်....ဒါ့အပြင် …” “
" ဘာဖြစ်လို့လဲ..."
" တာအိုဘိုးဘေးက အင်မတန်အစွမ်းထက်ပြီး လျှော့တွက်လို့မရတဲ့သူ.... ငါက သူ့ပြိုင်ဘက်မဟုတ်ဘူးလို့တောင် ခံစားရတယ်.....”
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?ဆရာက နှစ်တစ်ထောင်ကျော်ကျင့်ကြံခဲ့တာလေ....”
"ငါက နှစ်တစ်ထောင်ကျော် ကျင့်ကြံခဲ့ပေမယ့် ပေတစ်ထောင်မြင့်တဲ့ တောင်ကို ရွှေ့ဖို့နေနေသာသာ တုံးဖန်းကျောက်ကိုတောင် လွယ်လွယ်နဲ့ မသတ်နိုင်ဘူး.... တာအိုဘိုးဘေး တောင်ကို ရွေ့သွားတာ မမြင်ဖူးပေမဲ့ ဒိသတင်းက တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီ....ဒါက အမှန်ဆိုရင်ကော? မင်းအဖေက တာအိုဘိုးဘေးရဲ့ တပည့်ဖြစ်နေတဲ့အတွက် မင်း ငါနဲ့အတူရှိနေတာကိုခွင့်ပြုမှာမဟုတ်ဘူး... ငါတို့တွေ တကျန်းကိုဖြတ်ပြီး တောင်ဘက်ကနေ ပင်လယ်ဘက်သွားရမယ်....."
တကျန်းအကြောင်းတွေးလိုက်တိုင်း စိတ်မသက်မသာဖြစ်မိနေသည်။ထို့ကြောင့် မဆင်မခြင်စွန့်စားခြင်းမျိုး မလုပ်နိုင်ပေ။
မြင့်မြတ်သောကျင့်စဉ်တစ်ခုကို သူဖန်တီးထားသောကြောင့် အောင်မြင်ရန်အတွက် စိတ်ရှည်ရှည်ထားရပေမည်။
အံ့ဩသွားသည့် ကျန်းလော့က... "ဒါဆို နဂါးသွေးကြောကို မစုပ်တော့ဘူးလား..."
နတ်ဆိုးသခင်က ခေါင်းခါပြီး “ တကျန်းက မင်းရဲ့မွေးရပ်မြေဖြစ်ပြီး မင်းက တကျန်းရြ့မင်းသားတစ်ပါးလေ.... မင်းမိသားစုကို ငါဘယ်လိုဒုက္ခပေးနိုင်မလဲ....ငါ မင်းကို ပင်လယ်တဖက်ခြမ်းဆီ ခေါ်သွားဖို့ အဆင်သင့်ဖြစ်နေပြီ.....ငါရွှေခန္ဓာနယ်ပယ်ကျော်သွားတဲ့အခါ မင်းကို ရွှေခန္ဓာနယ်ပယ်ရောက်အောင် ငါကူညီပေးမယ်..... ငါတို့ပြန်လာတဲ့အခါ ကမ္ဘာကြီးက သိသိသာသာ ပြောင်းလဲသွားလိမ့်မယ်...အရင်နှစ်က နှင်းတွေ ထူထပ်လာတာက နမိတ်ပြနေတာပဲ ...ဒါ့ကြောင့် အရင်ထွက်သွားတာက ပိုကောင်းပါတယ်......"
ကျန်းလော့က ခေါင်းညိတ်ပြီး .... "နှင်းမုန်တိုင်းက ဘာကိုနမိတ်ပြတာလဲ....."
နတ်ဆိုးသခင်က မြောက်ဘက်သို့ မျှော်ကြည့်ကာ ရှုပ်ထွေးသောလေသံဖြင့်.....
"ရှန်းရှန်တုံးထျန်း ပြောင်းလဲတော့မယ်"
ကျန်းလော့ မျက်မှောင်ကြုတ်လိုက်သည်။ ရှန်းရှန်တုံးထျန်းဟူသော စကားကို ကြားလိုက်ရသောအခါ အသွေးအသားများဆူပွက်လာသလိုခံစားလိုက်ရသည်။
...............................
ချန်းဝူ ခေတ်စတင်ခဲ့သည်မှာ နှစ်လေးဆယ်ရှိပြီဖြစ်သည်။ နှစ်ဝက်ကြာပြီးနောက် ဆောင်းရာသီတစ်ခု ကုန်ဆုံးသွားသည်။ နှင်းမုန်တိုင်းတွေ ပြီးဆုံးသွားသည်နှင့် ဧကရာဇ်က အရှေ့သစ်တောကို တိုက်ခိုက်ပြီး မဟာကန္တရမင်းဆက်နယ်မြေကို ဝါးမြိုဖို့ ရှုထျန်းကျိကို အမိန့်ပေးခဲ့သည်။
လွန်ခဲ့သည့်နှစ်ဝက်တွင် ဧကရာဇ်က စစ်မြေပြင်သို့ သိုင်းပညာကျွမ်းကျင်သူများစွာကို စေလွှတ်ခဲ့သည်။
ကောင်းကင်ဗျူဟာတပ်၏ အရန်တပ်များကိုပင် စေလွှတ်ထားသည်။ ပြည်နယ် 49 မှ အရာရှိများကို အရှေ့သစ်တောသို့ ပြောင်းရွှေ့ထားပြီး မဟာကန္တရမင်းဆက်ကို အချိန်မရွေး သိမ်းပိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ဧကရာဇ်သည် မဟာကန္တရမင်းဆက်ကို မဝါးမျိုရမချင်း မရပ်တန့်ဖို့ ကတိပြုခဲ့သည်။
သို့သော် ထိုအချိန်တွင် မလျော်ကန်သော ကောလဟာလများ ထွက်ပေါ်လာသည်။
အချို့သောလူများက ယခင်က နှင်းမုန်တိုင်းအန္တရာယ်သည် ဧကရာဇ်အတွက် သတိပေးချက်တစ်ခုဖြစ်ပြီး စစ်ပွဲကို ရပ်တန့်မည်ဟု မျှော်လင့်ကြသည်။ ယမန်နှစ် နှင်းမုန်တိုင်းကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရပြီး နိုင်ငံသားများစွာ ဝမ်းနည်းကြေကွဲနေဆဲမို့ စစ်တိုက်ဖို့စိတ်မဝင်စားကြပေ။
သူတို့ရဲ့ လက်ရှိဘဝဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေထက် ပိုကောင်းခဲ့တာကို မေ့လျော့နေခဲ့ကသည်။ သူတို့တွေက လက်ရှိ ခံစားနေရတာကိုသာ သိပြီး သူတို့ရဲ့ ဒေါသကို ဖြေဖျောက်ဖို့ တရားခံတစ်ယောက်ကိုထုံးစံအတိုင်းအပြစ်ပုံချချင်သည့်သဘောပင်.....
ကျန်းဇီယုသည် ထျန်းရှ ဌာနခွဲမှ တင်ပြသော နေရာအသီးသီးမှ မှတ်ချက်များကို လက်ခံရရှိသောအခါ....
"မင်းဆက်အမျိုးမျိုးကို ငါမတိုက်ခိုက်ဘဲ တခြားမင်းဆက်တွေက တကျန်းကိုလာတိုက်ခိုက်ရင် မင်းတို့တွေ အခုလိုအေးအေးဆေးဆေးနေနိုင်ကြမှာလား.... ငါတို့ဖြတ်သန်းခဲ့ရတဲ့ စစ်ပွဲတွေကြောင့်သာ မဟုတ်ရင်၊ တကျန်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပျက်စီးသွားခဲ့ပြီး မျိုးသုဉ်းသွားလိမ့်မယ်.....”
ကျန်းရှုက "ခမည်းတော်.... ကောလဟာလတွေကို ရည်ရွယ်ချက်ရှိရှိ တမင်လှုံ့ဆော်ခဲ့တာပဲဖြစ်ရမယ်...ဒီစကားတွေက မဟာကန္တရမင်းဆက်အတွက် အကျိုးအရှိဆုံးပဲ...”
ကျန်းဇီယုက သွေးအေးသောအမူအရာဖြင့်.... “ငါ့အမိန့်ကို နာခံကြ.... ဒီကောလဟာလတွေကို လှုံ့ဆော်တဲ့ ဘယ်သူမဆို သေဒဏ်ပေးခံရမယ်.... မင်းတို့က ငါ့ကို အာဏာရှင်နဲ့ သွေးဆာနေတဲ့ ဧကရာဇ်လို့ ခေါ်တဲ့အတွက် ကျောင်းမှန်းကန်မှန်သိအောင်ပြပေးရမှာပေါ့.....”
ကျန်းရှုက တစ်ခုခုပြောချင်သော်လည်း တုန်လှုပ်သွားပြီး နှုတ်ဆိတ်နေခဲ့သည်။
ခရိုင်သုံးခုမှ ဝန်ကြီးချုပ်များကလည်း ကျန်းဇီယုကို ချေပရန် သတ္တိမရှိကြဘဲ အချင်းချင်း ကြည့်နေကြသည်။
ယခုအချိန်တွင်၊ ကျန်းဇီယု၏ဂုဏ်သိက္ခာ ကြီးမြတ်လွန်းနေပြီး တရားရုံးမှ တာဝန်ရှိသူများက သူ့ဒေါသကိုဆွဖို့ သတ္တိမရှိပေ။
ကျန်းမိသားစုရဲ့ တော်ဝင်အာဏာက လွှမ်းမိုးနိုင်စွမ်းကြီးမားလှသည်။
ထိုအမိန့်တော် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားပြီး သုံးလအတွင်း ပြည်နယ် လေးဆယ့်ကိုးခုလုံး အမိန့်ကို လက်ခံရရှိခဲ့သည်။ ခဏလောက်တော့ ပြည်နယ်အားလုံး ထိတ်လန့်တကြားဖြစ်သွားခဲ့ကြသည်။
မိုင်ပေါင်း ရှစ်သောင်းဝေးသော တစ်ဖက်တွင်......
တကျန်းနှင့်မဟယကန္တရမင်းဆက်တို့ ထပ်မံတိုက်ခိုက်ပြန်သည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ်သုံးယောက် ဆုံးရှုံးခဲ့ရသည့် မဟာကန္တရမင်းဆက်သည် အဆက်မပြတ်ဆုတ်ခွာသွားပြီး မြို့များ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခံနေရသည်။
လုံချီဘုရားကျောင်းတွင်.......
ကျန်းချန်ရှန်း၏ရှေ့တွင် ပင်းအန်း ထိုင်နေသည်။
ယခုဆိုလျှင် ပင်းအန်း၏ဆံပင်တွေ ဖြူနေသော်လည်း အိုမင်းနေခြင်းတော့မဟုတ်သေးပေ။
“နောက်တစ်လလောက်နေရင် လုံးလုံးသက်သာသွားမှာပါ.....”
ကျန်းဇီယု ထိုစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
ပင်းအန်းသည် ထိုရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်ပညာရှင်ကို တွန်းလှန်ပြီး တိုက်ပွဲတွင် သေလုနီးပါးဖြစ်ခဲ့သည်။ သူ့ကို မြို့တော်ကို ပြန်ပို့ပြီးနောက် ကျန်းဇီယုက သူ့ကို ကုသပေးဖို့ တကျန်းမှာရှိတဲ့ အကောင်းဆုံးသော သမားတော်တွေကို တောင်းဆိုခဲ့သည်။ သို့သော်လည်း စိုးရိမ်နေသေးသဖြင့် စစ်ဆေးရန် ပင်းအန်းကို ကျန်းချန်ရှန်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။
ကျန်းချန်ရှန်းက.... “ဒီဒဏ်ရာပျောက်သွားရင် သူ့ရဲ့အပ်စိုက်အမှတ်အချို့ကို ပွင့်သွားပြီး အနာဂတ်မှာ ပိုသန်မာလာမှာပါ....ဒါကို ကံဆိုးမှုထဲက ကောင်းချီးတစ်ခုလို့ ယူဆနိုင်တယ်....”
ကျန်းဂျန်ကို သူ ကိယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးခဲ့ပြီး ကံကြမ္မာ၏ အကူအညီကိုလည်း ရရှိခဲ့သည်။
ပင်းအန်းကတော့ ထိုသို့မဟုတ်ပေ။ ဒါတွေအားလုံးဟာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ပေါ်မှာ မူတည်နေပြီး ယခု သူသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ရောက်ရှိနေသောကြောင့် ပို၍တိုးတက်နိုင်လျှင် ရွှေကိုယ်ခန္ဓာနယ်ပယ်ကိုရောက်ဖို့ မခက်ခဲနိုင်ပေ။
ကျန်းဇီယု၏ မျက်လုံးများ တောက်ပလာပြီး "ဒါဆို သူ့မှာ ရွှေခန္ဓာ နယ်ပယ်ကို ရောက်ဖို့ မျှော်လင့်ချက် ရှိသေးလား" ဟု မေးလိုက်သည်။
ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူ......ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူရှေ့တွင် ချောင်ဂိုဏ်းများပင် ခေါင်းညွှတ်ခဲ့ရသည်မဟုတ်လော....
ကျန်းချန်ရှန်းက ခေါင်းညိတ်ပြီး.... "ရွှေခန္ဓာ နယ်ပယ်ကို ရောက်ဖို့ အချိန်နဲ့ ကံကောင်းခြင်းတွေ လိုတယ်"
ကျန်းဇီယုက ပြုံးပြီး ပင်းအန်းရဲ့ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ပင်းအန်းက သူ့ကို နှစ်လိုဖွယ် ပြုံးပြနေရှာသည်။
ခဏအကြာတွင်၊ ကျန်းဇီယုနှင့် ပင်းအန်းတို့ ထွက်ခွာသွားခဲ့သည်။
ကျန်းဂျန်က နောင်တရနေသော
အမူအရာဖြင့်.... "ကျွန်တော် သူနဲ့တပွဲလောက်တိုက်ခိုက်ချင်တာ....."
ပင်းအန်းသည် သူ၏သုံးခွချွန်လှံရှည်ကို မြင်သောအခါ စိတ်ဝင်စားသွားပြီး အားစိုက်ထုတ်မှုမရှိဘဲ ကစားခဲ့သည်။ ဤအချင်းအရာကြောင့် ကီလိုတစ်သောင်းလေးသော လှံရှည်ကိုပေါ့ပါးသည်ဟုပင်အထင်မှားစေခဲ့သည်။
ပိုင်ချီက... “မေ့လိုက်တော့.... သူ့ဆီကအရိုက်မခံရဖို့သာဆုတောင်းနေ... အဲ့ကောင်က ဦးနှောက်ကောင်းတာမဟုတ်ဘူး.... လက်စမထိန်းနိုင်ဘဲ နင့်ကိုသတ်မိနေဉီးမယ်....."
ထိုစကားကြောင့် ကျန်းဂျန် မျက်လုံးပြူးသွားသည်။
ကျန်းချန်ရှန်းသည် သစ်ပင်အောက်၌ တရားထိုင်ပြီး ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်သည်။
သူသည် အခြားတစ်ခုခုကိုလည်း တွေးနေသည်။ နတ်ဆိုးသခင်သည် အဘယ်ကြောင့် ဤအရပ်၌ ရှိမနေသေးသနည်း။ တကျန်း၏ သိုင်းလောကတွင် မည်သူတစ်ဦးတစ်ယောက်မျှ ခြောက်သွေ့စုတ်ပြတ်သွားသည်ကို မကြားရသေးပေ။
တကျန်းကိုရောက်မလာတာများလား.....
ကျန်းချန်ရှန်းသည် ကျန်းလော့၏ လူဝင်စားခြင်းအမှတ်အသားကို စတင်အာရုံခံခဲ့သည်။ထို့နောက် ကျန်းလော့ တကျန်းရဲ့တောင်ဘက်ကို ရောက်နေပြီဆိုတာ သိလိုက်ရသည်။ ဤအကွာအဝေးအတိုင်းဆို ပင်လယ်ဘက်သို့ ထွက်ခွာသွားဖွယ်ရှိသည်။
မေးခွန်းအတွက်လိုအပ်သော အမွှေးတိုင်အရေအတွက်များကို အကြိမ်ကြိမ်စမ်းစစ်ပြီးနောက် ကျန်းလော့နှင့်အတူရှိသောလျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာရှင်သည် နတ်ဆိုးသခင်ဖြစ်ကြောင်း အခြေခံအားဖြင့် အတည်ပြုနိုင်သည်။ သူသည် အမွှေးတိုင်စနစ်ကို အကြိမ်ပေါင်းများစွာ မေးရန် အသုံးပြုခဲ့သဖြင့် ယခုလို တိုက်ဆိုင်မှုမျိုး မဖြစ်နိုင်ပေ။
နတ်ဆိုးသခင်မှာ တကျန်းကို အန္တရာယ်ပြုဖို့ ရည်ရွယ်ချက်မရှိရင် ကျန်းချန်ရှန်းအနေဖြင့် သူ့ကို အတင်းအကြပ်ဖမ်းဆီးဖို့မဖြစ်နိုင်ပေ။မည်သို့ပင်ဆိုစေ သူတို့ကြားတွင် အာဃာတများရှိမနေပေ။
သူသည် ထိုအကြောင်းကို မတွေးတော့ဘဲ ကျင့်ကြံဖို့ကိုသာအာရုံစိုက်လိုက်တော့သည်။
တစ်လကြာသောအခါ.......
ရှန်းရှန်တုံးထျန်းမှ ဟန်ဖန်း လာရောက်လည်ပတ်ခဲ့သည်။ ကျန်းချန်ရှန်းက ဟန်ဖန်းရဲ့ဆရာပါမလာသဖြင့် တိတ်တဆိတ်စိတ်ပျက်နေပေမယ့် ဟန်ဖန်းကို တောင်ပေါ်တက်ဖို့ခွင့်ပြုပေးလိုက်သည်။