← Chapters

မဟာကန္တရမင်းဆက်ကိုဖြိုဖျက်ခြင်း....တာအိုဘိုးဘေး၏သဘောထား.....

Vol. 8 Ch. 111

မဟာကန္တရမင်းဆက်ကိုဖြိုဖျက်ခြင်း....တာအိုဘိုးဘေး၏သဘောထား.....

Vol. 8 Ch. 111

"မင်္ဂလာပါ တာအို ဘိုးဘေး.... နောက်ဆုံးတွေ့တာ နှစ်အတော်ကြာခဲ့ပေမယ့် ဆရာတော်က အရင်ကလို နုပျိုနေတုန်းပဲ....”

ဟန်ဖန်းက အပြုံးဖြင့် ဦးညွှတ်လိုက်ရင်း ကျန်းဂျန်ကို လှည့်ကြည့်လိုက်သည်။

ကျန်းဂျန်သည် ကျန်းလော့နှင့် ခပ်ဆင်ဆင်တူသော်လည်း သူ့နဖူးတွင် ချည်ထားသော အဝတ်တစ်ထည်ရှိသည်။ အဝတ်စအောက်မှာ မွေးရာပါ အမှတ်အသားတစ်ခု ရှိနေမည်လော......

ကျန်းချန်ရှန်းက.... "မင်းရဲ့ဆရာ ပါမလာဘူးလား..... သူငါ့ကို မယုံချင်ရင် မင်းကို ဘာလို့ လာခိုင်းနေသေးလဲ...."

ဟန်ဖန်းက မချိတင်ကဲပြုံးကာ....

"ဆယ့်ခြောက်နှစ်ကြာပြီးနောက်မှာ ရှန်းရှန်တုံးထျန်းက ကြီးမားတဲ့ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရပါတယ်...ဒါ့ကြောင့်မို့ ကျွန်တော့်ဆရာလာနိုင်မှာမဟုတ်ဘူး.... ကျန်းလော့ နဲ့ ညီငယ်ပဏ္ဍိတ အကြောင်းပြောပြချင်လို့သာ လာခဲ့တာပါ.... "

"ရှန်းရှန်တုံးထျန်းရဲ့စွမ်းအားတည်ဆောက်ပုံ ပြောင်းလဲသွားပြီ...ပင်လယ်ရပ်ခြားကနေပြန်လာတဲ့ ဘိုးဘေးတစ်ယောက်က အခုလောလောဆယ် ရှန်းရှန်တုံးထျန်းကိုထိန်းချုပ်ထားတယ်....ဒီဘိုးဘေးက ကမ္ဘာကြီးရဲ့ကံကြမ္မာကိုသိမ်းယူဖို့ ချောင်ဂိုဏ်းတွေကို အမိန့်ပေးခဲ့ပေမယ့် တကျန်းတစ်ခုတည်းသာ ရှန်းရှန်တုံးထျန်းရဲ့ထိန်းချုပ်မှုအောက်မှာရှိမနေဘူး...ဒါ့ကြောင့် ဘိုးဘေးက ဆရာတော်ကို ရန်ငြိုးထားပြီး တိုက်ခိုက်နိုင်တယ်"

ကျန်းချန်ရှန်းက... "ဒီဘိုးဘေးကြောင့် နှင်းမုန်တိုင်းအန္တရာယ် ဖြစ်လာတာလား..."

ဟန်ဖန်းက ခေါင်းညိတ်ပြီး.... “ဟုတ်တယ်.... သူက ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ပေါင်းစည်းပြီး ဖြစ်စဉ်ကို ပြောင်းလဲစေခဲ့တယ်”

"သူဘာလို့ ကမ္ဘာပေါ်က ကံတရားအားလုံးကို စုဆောင်းချင်နေတာလဲ...."

" ပိုမြင့်တဲ့နယ်ပယ်ကို ဖြတ်ကျော်မလို့နေမှာပေါ......"

ကျန်းချန်ရှန်း နားလည်ပေမယ့် သူ့မှာ သံသယတွေရှိနေဆဲပင်..

"မင်းလည်း ရှန်းရှန်တုံးထျန်း ကပဲမဟုတ်လား....ဘာကြောင့် ဒိီကိစ္စကို တကူးတကလာပြောပြနေတာလဲ.... ရှန်းရှန်တုံးထျန်းကို အပြစ်ပြုမိသလိုဖြစ်မှာ မကြောက်ဘူးလား?"

ဟန်ဖန်၏ အမူအရာ ပြောင်းသွားပြီး အသက်ပြင်းပြင်းရှူကာ....

“ကျန်းလော့က ရှန်းရှန်တုံးထျန်းမှာ သူ့အဆင့်အတန်းကို ဆုံးဖြတ်ပေးမယ့် ကောင်းကင်ကိုးခုစမ်းသပ်မှုမှာ ပါဝင်ခဲ့တယ် ဒါပေမယ့် စစ်ဆေးမှုကာလအတွင်းမှာ ပါရမီရှင်တစ်ယောက်ကိုအပြစ်ပြုခဲ့မိတယ်... လေ့ကျင့်ရေးဆင်းချိန်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ ကြားထဲကနေ ဝင်ရှင်းပေးတဲ့ ညီငယ်ပဏ္ဍိတ ကွယ်လွန်ခဲ့တယ်.... အဲ့နောက်ပိုင်း ရှန်းရှန်တုံးထျန်းကနေ ကျန်းလော့ ထွက်ပြေးသွားပြီး နတ်ဆိုးသခင်နဲ့အတူ သိုင်းပညာလေ့ကျင့်နေတယ် သတင်းကြားတယ်....နတ်ဆိုးသခင်က နှစ်တစ်ထောင်မှာတစ်ယောက် တွေ့ရခဲတဲ့ ပါရမီရှင်ပါ....သူက မဟာကောင်းကင်စက်ဝန်းကျင့်စဉ်ကို မြှင့်တင်ပြီး သူ့ တပည့်တွေရဲ့ ခွန်အားကို စုပ်ယူခဲ့တာမို့ သစ္စာဖောက်အဖြစ်စာရင်းသွင်းခံထားရတယ်...အခုချိန်မှာ ရှန်းရှန်တုံးထျန်းက သူတို့နှစ်ယောက်ကိုလိုက်ဖမ်းဖို့ ချောင်ဂိုဏ်းတွေကို အမိန့်ပေးထားတယ်...."

“ကျွန်တော်နဲ့ ညီငယ်ပဏ္ဍိတက ညီအစ်ကိုတွေလို ရင်းနှီးကြသူတွေပါ...ကျန်းလော့ကြီးပြင်းလာတာကို ညီငယ်ပဏ္ဍိတနဲ့အတူစောင့်ကြည့်ခဲ့တာမို့ ဒီကလေးက ရန်လိုစိတ်ရှိပေမယ့် ကြင်နာတတ်သူမှန်းသိတယ်.... အမှန်တကယ်ထူးချွန်သူမို့ ဒီလို ဖိနှိပ်ခံရတာမျိုး မဖြစ်သင့်ဘူး....အခုဆိုရင် ရှန်းရှန်တုံးထျန်းက စတင်ပြောင်းလဲနေပြီ....အရင်ကလို သိုင်းလောကရဲ့မြင့်မြတ်တဲ့နယ်မြေမဟုတ်တေယ့ဘူး....ဒါကြောင့် ကျွန်တော် အဲ့ကနေထွက်လာခဲ့တာ....."

ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းလော့ ရှန်းရှန်တုံးထျန်းမှ ထွက်ခွာသွားကြောင်းကို သိခဲ့စဉ်ကတည်းက ပဏ္ဍိတ၏ သေဆုံးမှု ထူးဆန်းနေကြောင်း ခံစားမိနေပြီဖြစ်သည်။

ဟန်ဖန်းက... “ကျွန်တော် ပြောသင့် ပြောထိုက်တာတွေအကုန်ပြောပြီပြီ...ကျန်တာတော့ ဆရာတော့်သဘောပါပဲ”

စကားဆုံးသည်နှင့် ဟန်ဖန်း လှည့်ပြန်ဖို့ပြင်လိုက်သည်။

ကျန်းချန်ရှန်းက.... "မင်းဘယ်သွားမလို့လဲ"

ဟန်ဖန်းက ခြေလှမ်းမရပ်ဘဲ “ကျန်းလော့ကို ရှာရမယ်.... ညီငယ်ပဏ္ဍိတက သူ့ကို သားတစ်ယောက်လို ပြုစုပျိုးထောင်ခဲ့တာ.... နတ်ဆိုးသခင်ရဲ့ စိတ်နေသဘောထားက နားလည်ရခက်တာမို့ ကျန်းလော့ တစ်ခုခုဖြစ်သွားမှာ စိတ်ပူတယ်....."

ဒီစကားတွေကြောင့် ကျန်းချန်ရှန်း သူ့အပေါ် အထင်အမြင်တွေ ပြောင်းလဲသွားသည်။ ဟန်ဖန်း ဤမျှသစ္စာစောင့်သိသူဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဒါဆို ကျန်းလော့ကိုတွေ့ရင် ဘယ်လိုလုပ်မလဲ.....နတ်ဆိုးသခင်နဲ့ရင်ဆိုင်နိုင်ပါ့မလား....

သို့သော် လူတိုင်းတွင် ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိသည်။ ဟန်ဖန်း ဒါတွေကိုကြိုတင်စဉ်းစားထားမည်ကိုလည်း ယုံကြည်သည်။

ကျန်းချန်ရှန်းက.... "သူတို့ တောင်ဘက်ပင်လယ်ကို သွားနေကြတယ်...."

ဟန်ဖန်း လှည့်၍ ဦးညွှတ်ကာ ခြံဝင်းထဲမှ ထွက်သွားလေတော့သည်။

ကျန်းဂျန်က မျက်မှောင်ကြုတ်ကာ ..... "ဘိုးဘိုး... ကျန်းလော့က ကျွန်တော့်ရဲ့ ဒုတိယမြောက် အစ်ကိုလား"

ဒုတိယမင်းသား အကြောင်းသိသူနည်းပါးသည့်အပြင် အိမ်ရှေ့စံမင်းသားမှာ အမြွှာညီအကိုရှိတယ်ဆိုတာ အားလုံး မေ့နေကြပါပြီ။

ကျန်းချန်ရှန်းက တောင်ဘက်ကို ကြည့်လိုက်ပြီး... “မှန်တယ်” ဟုဆိုသည်။

ကျန်းဂျန် ၏ နှလုံးသားထဲတွင် ဒေါသများကို မျိုသိပ်ထားရင်း မျက်မှောင်ကြုတ်သွားသည်။

ကျန်းလော့ ထိုကဲ့သို့ တစ်စုံတစ်ခု ဖြစ်ခဲ့သည့်အတွက် သူ ဒေါသထွက်နေခဲ့သည်။

သူ ရွှေခန္ဓာနယ်ပယ်သို့ရောက်သောအခါ၊ဒုတိယအစ်ကိုအတွက် တရားမျှတမှုကိုရှာဖွေရန် ရှန်းရှန်တုံးထျန်းသို့သွားမည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်လေပြီ.....

ကျန်းချန်ရှန်းက စိတ်ထဲကနေ... "ရှန်းရှန်တုံးထျန်းကို ငါ အလွယ်တကူ နှိမ်နင်းနိုင်မလား"

[အမွှေးတိုင်အရေအတွက် ၁၆၀,၀၀၀ လိုအပ်သည်။ ဆက်လက်လုပ်ဆောင်လိုပါသလား]

မလုပ်ဘူး...!!!!

ရှန်းရှန်တုံးထျန်း၏ အလုံးစုံအင်အား အမွှေးတိုင်အရေအတွက် ၁၆၀,၀၀၀ အထိ ရောက်ရှိနေပြီဖြစ်သောကြောင့် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူများစွာရှိပုံရသည်။

“ပင်လယ်ရပ်ခြားကပြန်လာတဲ့ဘိုးဘေးကြောင့် ရှန်းရှန်တုံးထျန်းက အခြားသော တိုက်ကြီးတွေနဲ့ ပင်လယ်ပြင်က တပ်ဖွဲ့များနှဒြ ပူးပေါင်းခဲ့ခြင်း ဖြစ်နိုင်လား...."

ကျန်းချန်ရှန်းသည် ဟန်ဖန်း၏ စကားများထဲမှ အဓိကအချက်ကို တွေးတောနေခဲ့သည်။

"ရှန်းရှန်တုံးထျန်းက ဖိတ်ခေါ်နိုင်တဲ့ အပြင်းထန်ဆုံး အင်အားက ဘယ်လောက် အစွမ်းထက်လဲ"

[အမွှေးတိုင် 520,000 လိုအပ်သည်။ ဆက်လက်လုပ်ဆောင်လိုပါသလား... ]

မလုပ်ဘူး!

အမှတ်တွေ အများကြီးလိုသေးတာလား...ဒါက ထျန်းဟိုင်ရဲ့ အသန်မာဆုံးလူအကြောင်းမေးတုန်းကထက် အမှတ်ပိုများနေတယ်......

ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်သုံးခုနယ်ပယ်၏ ထက်ဝက်မျှသာ တန်ဖိုးရှိသော်လည်း ၎င်းသည် ဂိုဏ်းခွဲတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ရှန်းရှန်တုံးထျန်းဘက်တွင် လူဉီးရေ အားသာချက်ရှိနေသည်။ ဒီလူတွေ အတူတူတိုက်ခိုက်ရင်တောင် သူ အသက်ရှင်နေနိုင်ပါသေးသည်။ သို့သော်၊ တကျန်းကတော့ ဖျက်ဆီးခံရဖွယ်ရှိပြီး လုံချီ ဘုရားကျောင်းကိုပင် ထိခိုက်စေနိုင်သည်။

ထိုအခြေအနေမျိုးတွင်၊ ဒုက္ခများကို မလွဲမသွေ ဆွဲဆောင်နိုင်သောကြောင့် ရှန်းရှန်းတုံးထျန်းကို တိုက်ရိုက်အဆုံးသတ်နိုင်မည်မဟုတ်ပေ။ သူသည် ရှန်းရှန်တုံးထျန်း ဦးခေါင်းများကို တစ်ခုပြီးတစ်ခု ပေးပို့ရန် စောင့်ရပေလိမ့်မည်။ ဒီလိုလုပ်ခြင်းအားဖြင့် သူ့ကို ပိုသန်မာစေပြီး ကြီးထွားဖို့ အချိန်ပိုရစေနိုင်သည်။

ခြုံငုံသုံးသပ်ကြည့်တော့ အခြေအနေ ကောင်းနေသေးသည်ဟုဆိုနိုင်သည်။ ရှန်းရှန်တုံးထျန်းဘက်က သူ၏ ခွန်အားကို ကောင်းစွာ မတွက်ဆနိုင်ခဲ့သောကြောင့် ရူးသွပ်စွာ ပြုမူဝံ့ကြမည် မဟုတ်ပေ။

သူသည် အသက် 100 ပင်မပြည့်သေးသော်လည်း နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော ရှန်းရှန်တုံးထျန်းကို ကျော်လွန်နေပြီဖြစ်သည်။ သူ့မှာ အားသာချက်တွေရှိပေမယ့် ပြင်းပြင်းထန်ထန် ကြိုးစားကျင့်ကြံနေရဆဲဖြစ်ပြီး ရန်သူဘက်က သူ့ကို အင်အားအပြည့်သုံးဖို့ အတင်းအကျပ် ခိုင်းစေတာမျိုး မလုပ်နိုင်သေးပေ။

နိုဝင်ဘာလတွင်......

စာကြည့်ဆောင်၌..... ကျန်းဇီယုက ဟန်ထျန်းကျီကိုခေါ်ပြီး ချန်းလီလည်း သူ့နောက်သို့လိုက်လာခဲ့သည်။

ထုံးစံအတိုင်း၊ ကျန်းဇီယုက ကျန်းချန်ရှန်း အကြံပြုထားသည့် ချန်းလီကို ယုံကြည်ခဲ့သည်။ အများကြီးတွေးပြီးနောက်၊ ချန်းလီ ကို ဟန်ထျန်းကျီထံ လွှဲပြောင်းပေးလိုက်ခြင်းက သူ့အား နောင်အနာဂတ်တွင် အစားထိုးနိုင်စေမည်ဟု ခံစားမိသည်။

ဟန်ထျန်းကျီသည် တကျန်းကို ကံကြမ္မာမင်းဆက် ဖြစ်လာစေရန် ကူညီပေးခဲ့သော်လည်း၊ သူသည် ရှန်းရှန်တုံးထျန်း မှဖြစ်နေဆဲဖြစ်သည်။ ဟန်ထျန်းကျီရဲ့အနားမှာ ကျန်းဇီယု ယုံကြည်ရတဲ့သူတစ်ယောက်ရှိနေဖို့လိုသည်။

ချန်လီသည် ဧကရာဇ်နှင့်တွေ့ဆုံပြီးဖြစ်သော်လည်း အခုလိုပြန်တွေ့သည့်တိုင်

ကြောက်ရွံ့နေသေးသည်။ ယခုနှစ်တွင် ဧကရာဇ်က လူများစွာကို ခေါင်းဖြတ်သတ်ခဲ့ပြီး ပြည်နယ် 49 ခုတွင် အတင်းအဖျင်းပြောဆိုမှုများကို ငြိမ်သက်စေခဲ့သည်။ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများပင် ဧကရာဇ်ကို ပို၍ကြောက်လန့်နေကြသည်။

ကျန်းရှုက ချန်းလီကို စေ့စေ့ကြည့်နေရင်း တခုခုကိုတွေးတောနေသည်။

ကျန်းဇီယုက စားပွဲပေါ်ရှိ လျှို့ဝှက်စာငါးစောင်ကို ညွှန်ပြပြီး.....

“ဒါတွေက မင်းဆက်ငါးဆက်က စာတွေဖြစ်ပြီး မဟာကန္တရမင်းဆက်ကို စွန့်လွှတ်ဖို့ ငါ့ကို ခြိမ်းခြောက်နေတယ်....တကျန်းကနယ်မြေ ကျယ်ပြန့်နေပြီသားမို့ နယ်မြေ မချဲ့ထွင်သင့်တော့ဘူးလို့ပြောဆိုနေကြတယ်.... တကျန်း သာမဟာကန္တရမင်းဆက်ကို သိမ်းပိုက်မယ်ဆို အခြားသော မင်းဆက်တွေက သေချာပေါက် လက်တွဲသွားမယ်တဲ့...အဲ့အခါကျရင် ပိုမိုကြီးမားတဲ့စစ်ပွဲတစ်ခု စတင်တော့မှာမို့ ပြည်သူတွေ ဆင်းရဲဒုက္ခနဲ့ ကြုံတွေ့ရမယ်လို့လဲရေးထားတယ်....ကြည့်ရတာ ရှန်းရှန်တုံးထျန်းက ကိုယ်တော့်ကို မကျေမနပ်ဖြစ်နေပုံပဲ....."

ဟန်ထျန်းကျီက မျက်မှောင်ကြုတ်ပြီး စာတွေကိုတစ်စောင်ပြီးတစ်စောင် ယူဖတ်လိုက်သည်။

ထိုအချိန်ကာလအတွင်း ချန်းလီသည် ကမ္ဘာကြီး၏ ယေဘုယျလမ်းကြောင်းကို နားလည်ခဲ့သည်။ ချောင်ဂိုဏ်းနှင့် ရှန်းရှန်တုံးထျန်း ကြောင့် ထိတ်လန့်နေသော်လည်း သူ့အမူအရာက ပြောင်းလဲမသွားပေ။

ခဏအကြာတွင်.....

ဟန်ထျန်းကျီ က စာတွေအားလုံးကို ဖတ်ပြီးတာနဲ့ မျက်မှောင်ကြုတ်လိုက်ပြီး.....

"ရှန်းရှန်တုံးထျန်းက ဘာကြောင့်ဒီလိုလုပ်တာလဲ..... ဒါက ကျွန်တော်သိတာတွေနဲ့ လုံးဝကို ဆန့်ကျင်နေတယ်....ကံကြမ္မာမင်းဆက်က နောက်ထပ် ကံကြမ္မာမင်းဆက်ကို သိမ်းပိုက်လိုက်တာ ဒါပထမဆုံးအကြိမ်မှမဟုတ်တာ.... နှစ်တစ်ရာတိုင်းလိုလို ဒီလိုအဖြစ်အပျက်မျိုးဖြစ်နေကြပဲလေ.... မဟာကန္တရမင်းဆက် မင်းဆက်ကလည်း အခြားမင်းဆက်တွေကို သိမ်းပိုက်ခဲ့တာပဲ... ဒီအဆိုပြုချက်တွေက တရားမျှတမှုမရှိဘူး.... ပိုကြီးတဲ့စစ်ပွဲကို ဆင်နွှဲရမှာကို ကြောက်တာက တကယ်ဆို အဓိပ္ပာယ်သိပ်မရှိဘူး... ကမ္ဘာပေါ်မှာ ဒါဇင်ပေါင်းများစွာသော မင်းဆက်တွေ အချင်းချင်း တိုက်ခိုက်နေကြတာပဲလေ.... ငြိမ်းချမ်းရေးကို ဉီးဆောင်ဖို့ ချောင်ဂိုဏ်းတွေ ထွက်လာတာကို ဘယ်တုန်းက မြင်ဖူးလဲ.....”

ကျန်းဇီယုက...... “ဟိုတလောက သမုဒ္ဒရာလေးစင်းပဏ္ဍိတရဲ့ စီနီယာအစ်ကို တာအိုဘိုးဘေးဆီရောက်လာတယ်....အခု ရှန်းရှန်တုံးထျန်းကို ဘိုးဘေးတစ်ဉီးက ထိန်းချုပ်ထားတယ်....သူက ကံကြမ္မာကို စုဆောင်းလိုတာကြောင့် အခြားသော မင်းဆက်တွေကလည်း သူ့ကို ကြည်ညိုကြတယ်.... အခုအချိန်မှာ တကျန်းပဲကျန်တော့တယ်....."

ဟန်ထျန်းကျီ၏ အမူအရာ ပို၍ပင်မည်းမှောင်လာသည်။

ထင်ရှားသည်မှာ၊ သူသည် ထိုဘိုးဘေးအကြောင်း ဘာမှမသိခဲ့သေးပေ။ သူသည် ရှန်းရှန်တုံးထျန်း ၏အောက်ခြေအဆင့်တွင်ရှိသာနေသည်။

"ပြီးတော့ ဒုတိယမင်းသားကိုကယ်တင်ဖို့ကြိုစားရင်း သမုဒ္ဒရာလေးစင်းပဏ္ဍိတက ရှန်းရှန်တုံးထျန်းရဲ့လူယုတ်မာလက်ချက်နဲ့ဆုံးပါးသွားပြီ....."

ကျန်းဇီယု၏စကားများသည် ဟန်ထျန်းကျီ၏အမူအရာ သိသိသာသာပြောင်းလဲသွားစေပြီး သူ့ခန္ဓာကိုယ်ကို တုန်လှုပ်သွားစေခဲ့သည်။

သူသည် ပဏ္ဍိတနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ သူ့ကို တကျန်းကိုလာဖို့ ပဏ္ဍိတက အကြံပြုခဲ့ခြင်းဖြစ်သည်။

သူ စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး အံကြိတ်ကာ.....

“အခုဆို ကျွန်တော်မျိုးက တကျန်းဧကရာဇ်ရဲ့ လက်အောက်ငယ်သားဖြစ်နေပြီမို့ ဧကရာဇ်ရဲ့အမိန့်ကိုပဲနာခံမှာပါ...." ဟု ပြောခဲ့သည်။

ကျန်းဇီယု မတ်တပ်ထရပ်ပြီး အေးစက်သောအမူအရာဖြင့် ....."မဟာကန္တရမင်းဆက်မှာ ချောင်ဂိုဏ်းငါးခုနဲ့ ရှန်းရှန်တုံးထျန်းရဲ့ အထောက်အပံ့တွေရှိနေသလို ငါတို့တကျန်းမှာ တာအို ဘိုးဘေးရဲ့ပံ့ပိုးကူညီမှုတွေရှိတယ်.... မကြာသေးမီက တကျန်းမှာ အစစ်အမှန်နတ်ဘုရားနယ်ပယ် နှစ်ယောက်ပေါ်ထွန်းလာပြီမို့ သူတို့ကိုရှေ့တန်းပို့မယ်....ငါကိုယ်တော်မဟာကန္တရမင်းဆက်ကို အနိုင်ယူချင်တယ်!”

“မဟာကန္တရမင်းဆက်သာမက ဟုန်ရွှမ်း မင်းဆက်၊ ကမ္ဘာပေါ်က မင်းဆက်အားလုံးကို သိမ်းပိုက်ပြီး ဒီကမ္ဘာကြီးကို တကျန်းအပိုင်ဖြစ်အောင် လုပ်မယ်....ငါကိုယ်တော် ကမ္ဘာကို ပေါင်းစည်းပြီးရင် စစ်ပွဲတွေမရှိနိုင်တော့ဘူး....အဲ့အချိန်ကျရင် လူတိုင်းသည် သိုင်းပညာကို လိုက်စားဖို့ သက်တမ်းပိုရှည်ဖို့ပဲလိုတော့မယ်....”

ကျန်းဇီယု၏ ရဲရင့်မှုနှင့် ရည်မှန်းချက်များက ချန်းလီကို ထိတ်လန့်စေခဲ့သည်။

ဤသည်မှာ ဧကရာဇ်အခုလို စစ်တိုက်နေရခြင်း၏အကြောင်းအရင်းဖြစ်ပေသည်.....

ချန်လီသည် ကျန်းဇီယုအား ကြည်ညိုလေးစားစွာဖြင့် ကြည့်ရင်း သူ့သွေးများ ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရသည်။

ဟန်ထျန်းကျီက ပြုံးပြပြီး နားလည်ကြောင်း ခေါင်းညိတ်လိုက်သည်။ တာအိုဘိုးဘေးရှိနေသည့်အတွက် ရှန်းရှန်တုံးထျန်းကိုကြောက်နေစရာမလိုပေ။

"အရှင့်ရဲ့အမိန့်ကို ဉီးဆွေးဆံမြည့်ထမ်းရွက်ပါ့မယ်...." ဟန်ထျန်းကျီ ဦးညွှတ်လိုက်သည်။

ကျန်းရှုက ဧကရာဇ်မင်းနှင့် သူ၏ လက်အောက်ငယ်သားများကို မှင်သက်စွာ ကြည့်နေလေသည်။

ကျန်းဇီယုနဲ့ မယှဉ်နိုင်ဘူးဆိုတာ သူသိပေမယ့် မနာလိုဖြစ်နေမိသည်ကိုတော့ဝန်ခံရမည်။

ဟန်ထျန်းကျီ ကဲ့သို့ သစ္စာရှိပြီး စွမ်းဆောင်နိုင်စွမ်းရှိသော ငယ်သားမျိုးကို သူလည်း လိုချင်သည်။

ချန်းဝူခေတ်၏ 41 နှစ်တွင်၊ ကောင်းကင်ဗျူဟာစစ်တပ်သည် ရှေ့သို့ဆက်လက်ချီတက်ပြီး တိုက်ပွဲတိုင်းကို အနိုင်ရခဲ့သည်။ နောက်ဆက်တွဲတပ်များက နောက်ထပ်နယ်မြေများကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့သည်။ မဟာကန္တရမင်းဆက် ပြိုကွဲမည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး လူတိုင်း အထိတ်တလန့် ဖြစ်နေကြသည်။ မဟာကန္တရမင်းဆက်မှ ထွက်ပြေးပြီး အခြားမင်းဆက်များထံ ခိုလှုံခဲ့ကြသည့် နိုင်ငံသားများစွာပင် ရှိခဲ့သည်။

လင်းရှောင်သည် ကျန်းချန်ရှန်း၏ ဘရိုကိတ်အိတ်များကို ရှေ့တန်းသို့ ယူဆောင်သွားခဲ့ပြီး ဟွမ်းချွမ်ကို ဘရိုကိတ်အိတ်တစ်လုံးထပ်ပေးခဲ့သည်။

ဘရိုကိတ်အိတ်နှစ်လုံးသည် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူနှစ်ဦးထက်မနည်းကို သတ်ပစ်နိုင်သည်။

တစ်ချိန်တည်းမှာပင် ၀တ်ဖြူတော် အစောင့်တပ်သား အများအပြား မြို့တော်သို့ နေ့စဉ် ဝင်ထွက်လျက် ရှိပြီး ရထားလုံးများနှင့်အပြည့် ကုန်သေတ္တာကြီးများကို ယူဆောင်လာကြသည်။ မည်သည့်အရာကို ပို့ဆောင်နေသည်မှန်း မည်သူမျှ မသိကြသော်လည်း ၎င်းမှာ အထူးအဆန်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

မြို့တော်ရှိ အိမ်ကြီးတစ်ခုတွင်.......

ခရမ်းရောင်ဝတ် အမျိုးသမီးတစ်ဦးက ယုယန်ရိရှေ့တွင် ထိုင်ကာ သက်ပြင်းချလိုက်သည်။

“ငါ စစ်ဆေးကြည့်ပြီးပြီ..... ဝတ်ဖြူတော်အစောင့်တပ်တွေက ယန်ဓာတ်ပေါများတဲ့ ရှားပါးရတနာများအားလုံးကို သယ်ဆောင်လာခဲ့ကြတာ...ငါခန့်မှန်းတာမမှားဘူးဆို ဧကရာဇ်က ဗိုလ်ချုပ်ပင်းအန်း ကို ရွှေခန္ဓာနယ်ပယ်ရောက်အောင်မြှင့်တင်ပေးတော့မယ်ထင်တယ်.... ရာနဲ့ချီတဲ့ ၀တ်ဖြူတော်

အစောင့်တပ်သားတွေက ပြည်နယ် 49ရဲ့ ရှားပါးရတနာတွေကို စုဆောင်းနေပြီး ဘုရင်ခံတွေကလည်း ကူညီနေကြတယ်....ဧကရာဇ်က တကယ်ရဲရင့်တယ်.....ချောင်ဂိုဏ်းတွေတောင် ကမ္ဘာပေါ်က အရင်းအမြစ်အားလုံးကို လူတစ်ဦးတည်းပေါ် ပုံအောပြီးသုံးရဲမှာမဟုတ်ဘူး....."

ညည်းတွားသံကြောင့် ယုယန်ဂိ အမူအရာ ပြောင်းသွားပြီး....

"ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူဆိုတာ လိုချင်ရုံနဲ့ ရနိုင်တဲ့ အရာမဟုတ်ဘူး..... အရည်အချင်းပေါ်လည်း မူတည်သေးတယ်... တိုက်ဆိုင်တာက ပင်းအန်းက ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်သာ ပေါ်ထွန်းနိုင်တဲ့ ရှားပါးပါရမီရှင်ဖြစ်နေတယ်.... ဖူယွဲ့မိသားစုတောင်မှ ဒီလို သိုင်းပညာထူးချွန်သူမျိုးကို ရှာမတွေ့ဘူး.....”

ခရမ်းရောင်ဝတ် အမျိုးသမီးက ခေါင်းညိတ်ပြီး “မှန်တယ်....ငါတို့မှာ မရှိပေမယ့် ဧကရာဇ်မှာ ရှိတယ်......တာအိုဘိုးဘေးရဲ့ပံ့ပိုးမှုကြောင့် အဆင်ပြေသွားမှာ သေချာတယ်....."

ယုယန်ရိက အကြောင်းအရာပြောင်းလိုက်ပြီး “ကျွန်မရဲ့ အဆိုပြုချက်အကြောင်း အဖေ့ကို ပြောလိုက်လား...”

ခရမ်းရောင်ဝတ် အမျိုးသမီးက..... “အကြီးအကဲက ချက်ချင်းမကန့်ကွက်ဘဲ... မိသားစုထဲက အကြီးအကဲတွေနဲ့ ဆွေးနွေးဉီးမယ်လို့ပြောတယ်.... မကြာသေးမီက ရထားတဲ့စာအတိုင်းဆို မိသားစုအကြီးအကဲ သဘောတူနိုင်မယ်လို့ ယုံကြည်တယ်.....”

ယုယန်ရိ သက်ပြင်းချကာ ပြုံးပြလိုက်သည်။

"ကျွန်မက ကန့်ကွက်လိမ့်မယ်လို့ထင်နေတာ...."

ခရမ်းရောင်ဝတ် အမျိုးသမီးက သက်ပြင်းချလိုက်ပြီး......

“တာအိုဘိုးဘေးက အစွမ်းထက်တယ်... ပြီးတော့ သူ့အကြောင်းဘယ်သူမှနားမလည်ကြဘူး....မိသားစုအကြီးအကဲက တာအိုဘိုးဘေး ဖူယွဲ့မိသားစုအပေါ်ဘယ်လိုသဘောထားလဲသိချင်နေတယ်....."

All Chapters