← Chapters

ချောင်ဂိုဏ်းများ တကျန်းသို့ဝင်ရောက်လာခြင်း... ရွှေခန္ဓာနယ်ပယ်ပေါ်လာပြီ.....

Vol. 8 Ch. 112

ချောင်ဂိုဏ်းများ တကျန်းသို့ဝင်ရောက်လာခြင်း... ရွှေခန္ဓာနယ်ပယ်ပေါ်လာပြီ.....

Vol. 8 Ch. 112

တကျန်း၏ သိုင်းလောကတွင် သိုင်းပညာစာမေးပွဲကျင်းပနေသောကြောင့် လူစည်ကားလျက်ရှိသည်။

ဧကရာဇ်၏မွန်မြတ်သောအမိန့်တော် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သောကြောင့် ပိုကြီးမားတဲ့ မင်းဆက်တစ်ခုကို စီမံခန့်ခွဲဖို့ အရာရှိများ ပိုလိုအပ်လာပြီဖြစ်သည်။သို့ပါသောကြောင့် ရည်မှန်းချက်ကြီးကြီးထားသူတွေ အားလုံးက သွေးဆူနေကြပြီဖြစ်သည်။

ရံဖန်ရံခါ ရှေ့တန်းမှ သတင်းကောင်းများ ထွက်လာသည်။ လောလောလတ်လတ်အဆင့်တက်ထားသော အစစ်အမှန်နတ်ဘုရားနယ်ပယ်နှစ်ယောက်နှင့်အတူ ရှေ့တန်းတွင် တိုက်ပွဲဝင်နေသော အစစ်အမှန်နတ်ဘုရားနယ်ပယ် စုစုပေါင်း လေးယောက်ရှိသည်။ သူတို့၏ ဂုဏ်သတင်းသည်လည်း ပြည်နယ် လေးဆယ့်ကိုးခုတွင် ပျံ့နှံ့သွားသည်။

နယ်စပ်ရှိ မင်းညီမင်းသားများသည် အခြားမင်းဆက်များ၏ အံ့အားသင့်ဖွယ်ရာတိုက်ခိုက်မှုများကို သတိပြုမိကြသည်။ သို့ရာတွင်၊ တကျန်းအနီးအနားရှိ မင်းဆက်များက သိမ်းပိုက်ခံရမည်ကို စိုးရိမ်သဖြင့် ကြောက်လန့်နေခြင်းဖြစ်သည်။

တကျန်း၏ပြည်နယ် 49 ခုသည် အရှေ့ပိုင်းသစ်တောနှင့် မဟာယာနနဂါးမျှော်စင်၏ ပိုင်နက်နယ်မြေကို ကျော်လွန်သွားခဲ့သည်။ အခုအချိန်မှာတော့ မဟာကန္တရမင်းဆက်ကို ဖြုတ်ချဖို့ ပြဿနာ မရှိတော့ပေ။ ထိုအချိန်တွင် တကျန်း၏နယ်မြေ နှစ်ဆတိုးလာမည်ဖြစ်သည်။

ယုယန်ရိက ပို၍ပို၍ လုံ့လစိုက်ထုတ်လာခဲ့သည်ကို ကျန်းချန်းရှန်း ကျန်းချန်ရှန်း သတိပြုမိသည်။

ထို့ကြောင့် မနေနိုင်တော့ဘဲ ထုတ်မေးလိုက်တော့သည်။

“မိန်းကလေးယု မင်းဘာလို့ လက်ဆောင်တွေခဏခဏပို့ပေးနေတာလဲ....ပွင့်ပွင့်လင်းလင်းပြောနိုင်မလား....."

ယုယန်ရိက မျက်မှောင်ကြုတ်ပြီး ဟွာဂျန်ရှင်းနှင့် ကျန်းဂျန်ကို ကြည့်လိုက်သည်။

ဟွာဂျန်ရှင်းက ပြုံးပြီး ကျန်းဂျန်နဲ့ပိုင်ချီကိုခေါ်ကာ ထွက်သွားလေသည်။

ခြံဝင်းထဲမှာ သူတို့နှစ်ယောက်ပဲ ကျန်တော့ ယုယန်ရိက အသက်ပြင်းပြင်းရှူပြီး ....

"ဖူယွဲ့မိသားစုက တကျန်းကို တိုက်ရိုက်ဝင်လာချင်ပေမယ့် ဆရာတော်ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း မသိတဲ့အတွက် သူတို့ကို လက်မခံမှာကို စိုးရိမ်နေကြတယ်....."

ချောင်ဂိုဏ်းက တကျန်းကို လာချင်တာလား.....ဒါဟာ ကောင်းမွန်တဲ့ ကိစ္စပဲ.....

သူတို့ ရောက်ရှိလာမှုက တကျန်း ရဲ့ သိုင်းလောကကို ကြီးထွားလာအောင် လှုံ့ဆော်ပေးနိုင်သည်။

ကျန်းချန်ရှန်းက.....

"ဖူယွဲ့မိသားစုကို ကြိုဆိုပါတယ်.....ဒါပေမယ့် မင်းတို့ဒီကိုရောက်လာရင် မူလ မင်းဆက်မင်းဆက်ကရော ဘယ်လိုသဘောထားမလဲ...."

ယုယန်ရိက "သူတို့ကို လွှတ်ထားလိုက်.... တကျန်းက မကြာခင် သူတို့ကိုသိမ်းပိုက်တော့မှာပဲလေ......"

ကျန်းချန်ရှန်း အံ့သြသွားသည်။ သူမ တကယ်ကိုစိတ်ပိုင်းဖြတ်ထားတာပဲ.....

ယုယန်ရိက တုန်တုန်ယင်ယင်နဲ့ “ဒါ...ဒါပေမယ့်....."

တချို့စကားလုံးတွေက ပြောဖို့ခက်နေတယ်....

ကျန်းချန်ရှန်သည် နှစ်ဘဝနေထိုင်ခဲ့ပြီး ကျင့်ကြံမှုကိုသာအာရုံစိုက်ထားတာမို့ တခြားအသေးအဖွဲကိစ္စတွေကို အာရုံမစိုက်ချင်ခဲ့ပေ။

"ဖူယွဲ့မိသားစုက တကျန်း နဲ့ပူးပေါင်းမယ်ဆို..... ငါဒီမှာရှိနေသရွေ့ ဖူယွဲ့မိသားစု တကျန်းမှာ ခြေကုပ်ရလိမ့်မယ်.....အခုအချိန်မှာတော့ တကျန်းရဲ့ သိုင်းလောကကို ဦးဆောင်ဖို့အတွက် စစ်မှန်တဲ့မြင့်မြတ်နယ်မြေတစ်ခု လိုအပ်နေတယ်....."

ယုယန်ရိ တစ်ခုခုပြောချင်နေသေးသော်လည်း တုံ့ဆိုင်းနေသည်။

ဒါကိုမြင်တော့ ကျန်းချန်ရှန်းက....

“မိန်းကလေးယု... မင်းက အရည်အချင်းရှိတယ်.... သိုင်းပညာကို ပိုစိတ်နှစ်ပြီးကြိုးစားသင့်တယ်.... မင်းရဲ့သိုင်းပညာနယ်ပယ် ပိုမြင့်လေ....အသက်ပိုရှည်လေပဲ....."

ယုယန်ရိက မျက်မှောင်ကြုတ်ပြီး......

“အဆင့်မြင့် သိုင်းပညာနယ်ပယ်က လူတစ်ယောက်ရဲ့ သက်တမ်းကို တိုးစေနိုင်ပေမယ့် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ သက်တမ်းကုန်ဆုံးသွားမှာပဲလေ... ဘယ်သူက ထာဝရအသက်ရှင်နိုင်မှာလဲ......”

ကျန်းချန်ရှန်းက..."အခုလောလောဆယ်

မဖြစ်နိုင်ပေမယ့် အနာဂတ်မှာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး.....သိုင်းပညာလမ်းကြောင်းရဲ့ နယ်ပယ်အားလုံးကို မင်း နားလည်ရဲ့လား... ငါ့ရဲ့အမြင်အရတော့ သိုင်းပညာမှာ ပိုမြင့်တဲ့နယ်ပယ်တစ်ခုရှိသင့်ပြီး နယ်ပယ်မြင့်လာတာနဲ့အမျှ သက်တမ်းတိုးလာမှာပဲ....”

ယုယန်ရိ နှုတ်ဆိတ်နေခဲ့သည်။

သူတို့နှစ်ဦးသည် နှစ်ဆယ့်ငါးနှစ်ကြာ ခင်မင်ရင်းနှီးခဲ့ကြပြီး ယုယန်ရိသည် မြို့တော်တွင် သာနေထိုင်ခဲ့သည်။ သူမသည် သုံးရက်မှ ငါးရက်တစ်ကြိမ် လက်ဆောင်များ လာပေးတတ်ပြီး ကျန်းချန်ရှန်းအနေဖြင့် ယုယန်ရိ သူ့အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာကိုလည်း သတိပြုမိသည်။ သူမ ဒါတွေကို ဖူယွဲ့မိသားစုအတွက် လုပ်ဆောင်နေခြင်းဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူမ၏စွန့်လွှတ်အနစ်နာခံမှုများကို မေ့ထား၍မရပေ။ ယုယန်ရိသည် ဘက်ပေါင်းစုံမှ အရည်အချင်း ပြည့်ဝသော အလှတရားတစ်ခုအဖြစ် သတ်မှတ်ခံရနိုင်သူဖြစ်သည်။

သူမသည် ကျန်းချန်ရှန်းနှင့် အမှန်တကယ်ထိုက်တန်ပြီး သူ့ထက် ပိုထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်ကို ရှာတွေ့ဖို့ ခက်ပေသည်။

သို့သော် ကျန်းချန်ရှန်းအနေဖြင့် သူမကို တိုက်ရိုက်လက်ထပ်ရန် မဖြစ်နိုင်ပေ။ သူမသည် ဖူယွဲ့မိသားစုအကြီးအကဲ၏သမီးဖြစ်ပြီး ကျန်းချန်ရှန်းက တာအိုဘုန်းတော်ကြီးတပါးဖြစ်နေသည်။ သူတို့လက်ထပ်မယ်ဆိုရင် ကျန်းဇီယုက ဖူယွဲ့မိသားစုကို ဘယ်လိုရင်ဆိုင်နိုင်မလဲ......

အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက၊ တကျန်းတွင် ဖူယွဲ့မိသားစု၏ အနေအထားမှာ မည်သို့ဖြစ်သွားမည်နည်း...

သူ့သား ဒုက္ခရောက်မယ့်အလုပ်မျိုးတော့ မလုပ်နိုင်ပေ။

ကျန်းချန်ရှန်းက..... "ငါ့မှာမိန်းမရှိတယ်.... ဟွာဂျန်ရှင်းက ငါ့မိန်းမပဲ"

ယုယန်ရိက လျစ်လျူရှုရင်း.... “သိပါတယ်.... ခြံဝင်းထဲမှာ သူ့ကို လက်ခံထားတယ်ဆိုကတည်းက ဖြစ်နိုင်ချေဒီ တစ်ခုပဲရှိတယ်....ကျွန်မ အဖေမှာဆို ကိုယ်လုပ်တော် ဆယ်ယောက်ရှိတောင်ရှိတယ်...."

ကျန်းချန်ရှန်းက ကူကယ်ရာမဲ့စွာဖြင့် “ငါ မင်းကို သိုင်းပညာ သင်ပေးမယ်..... သင်ယူချင်လား"

ယုယန်ရိက သူ့ကို စိုက်ကြည့်ရင်း “ ကျွန်မ ရှင့် တပည့်မဖြစ်ချင်ဘူး” ဆိုပြီး ခေါင်းမာမာနဲ့ ငြင်းဆန်လိုက်သည်။

ကျန်းချန်ရှန်းက ရယ်လိုက်ပြီး... "ငါ့တပည့်ဖြစ်ဖို့မလိုပါဘူး...ဒီနှစ်တွေအတွင်း မင်း ပေးခဲ့တဲ့လက်ဆောင်တွေအတွက် ပြန်ပေးဆပ်တဲ့သဘောပါ....."

ယုယန်ရိက "ရှင့် တပည့်ဖြစ်ဖို့မလိုဘူးဆို သင်ယူချင်ပါတယ်..."

ချန်းဝူခေတ် 42 နှစ်တွင် ချောင်းဂိုဏ်းတစ်ခုဖြစ်သည့် ဖူယွဲ့မိသားစုက ရှီပြည်နယ်တွင်အခြေချခဲ့သည်။ ဧကရာဇ်သည် ၎င်းတို့ဂိုဏ်းကို တည်ထောင်ရန်အတွက် မိုင်တစ်ရာကို အပိုင်စားပေးသနားခဲ့သည်။ ဖူယွဲ့ မိသားစုမှ သိုင်းပညာရှင် အများအပြား တကျန်းသို့ လျင်မြန်စွာ ပြောင်းရွှေ့လာကြသည်။

ဖူယွဲ့မိသားစုတွင် အနည်းဆုံး တပည့်ထောင်ပေါင်းများစွာ ရှိပြီး စုစုပေါင်းလူ အရေအတွက် တစ်သန်းနီးပါး ရှိသည်။ မဟာယာန နဂါးမျှော်စင်တွင်လည်း တပည့်များစွာ ရှိခဲ့သည်။ သို့သော်လည်း ရှောင်တုထျန်းက ၎င်းတို့ကို ကမ္ဘာအနှံ့အပြားသို့ ဖြန့်ကျက်ထားကာ အနာဂတ်တွင် ပြန်လည်ထွက်ပေါ်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။

တစ်နှစ်ခွဲအကြာတွင် ဧကရာဇ်က တကျန်းနှင့်ဖူယွဲ့မိသားစူ ပူးပေါင်းပြီး ဖူယွဲ့မိသားစုအား တကျန်း၏သိုင်းလောကအတွက် ဒုတိယမြောက် မြင့်မြတ်သောနယ်မြေအဖြစ် အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုအမိန့်ကို ထုတ်ပြန်လိုက်သည်နှင့် တစ်ကမ္ဘာလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရသည်။ နှစ်များစွာကြာပြီးနောက် ချောင်ဂိုဏ်းများတည်ရှိနေမှုသည် လျှို့ဝှက်ချက်မဟုတ်တော့ပေ။ အင်အားကြီးချောင်ဂိုဏ်းတစ်ခုက တကျန်းနှင့်ပူးပေါင်းရန် ဆန္ဒရှိပြီး ထို့အပြင်၎င်းသည် လုံချီဘုရားကျောင်းထက်နိမ့်သောဒုတိယမြောက်မြင့်မြတ်သောနယ်မြေဖြစ်လာခဲ့သည်။ ဤသည်မှာ တကျန်းသည် ချောင်ဂိုဏ်းကို အုပ်စိုးပြီး ထိန်းချုပ်နိုင်ကြောင်း သက်သေပြရန် လုံလောက်ခဲ့သည်။

ဖူယွဲ့မိသားစုသည် စစ်မှန်သောသိုင်းစံအိမ်သို့ ၎င်းတို့၏ နောက်ဆုံးပေါ်သိုင်းကျင့်စဉ်များကို ပေးဆောင်မည်ဟု တော်ဝင်အမိန့်ထုတ်ပြန်ထားသောကြောင့် သိုင်းလောကသားများ ပို၍ပင် စိတ်လှုပ်ရှားနေပါသည်။ ဆိုလိုသည်မှာ တကျန်း၏ သိုင်းပညာအခြေခံ ပိုမိုအားကောင်းလာမည်ဖြစ်သည်။

ဖူယွဲ့မိသားစုသည် လာမည့်နှစ် ဇွန်လတွင် ဂိုဏ်းခွဲဖွင့်ပွဲအခမ်းအနားကျင်းပမည်ဖြစ်ပြီး တကျန်း၏ သိုင်းပညာဂိုဏ်းအသီးသီးကို ပါဝင်ဆင်နွှဲရန် ဖိတ်ကြားထားသည်။ ယင်းက ၎င်းတို့၏ အဆင့်အတန်းကို လျှော့ချပြီး အမှီအခိုကင်းသည့် တကျန်း၏ သိုင်းလောကနှင့် ပေါင်းစည်းရန် ပြင်ဆင်နေကြောင်း ထင်ရှားနေသည်။

တကျန်းကို ထောက်ပံ့ရန်အတွက် ဖူယွဲ့မိသားစုဘက်က စစ်ထဲဝင်ရန် အစစ်အမှန်နတ်ဘုရားနယ်ပယ်နှစ်ယောက် စေလွှတ်ခဲ့သည်။ တစ်ယောက်က ပံ့ပိုးကူညီရန် မဟာကန္တရမင်းဆက် သို့သွားခဲ့ပြီး ကျန်တစ်ဦးမှာ ကောင်းကင်ဗျူဟာတပ်၏ အရန်တပ်များကို လမ်းညွှန်ရန် နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။ ကျန်းဇီယုသည် တွန့်တိုခြင်းမရှိခဲ့ဘဲ အစစ်အမှန်နတ်ဘုရားနယ်ပယ်နှစ်ယောက်အား တတိယအဆင့် စစ်သူကြီးဘွဲ့များ အပ်နှင်းခဲ့သည်။

တစ်ချိန်တည်းမှာပင် မဟာကန္တရမင်းဆက်တွင် ယိုပေါက်များ ပြည့်နှက်နေပြီဖြစ်သည်။ ကောင်းကင်ဗျူဟာတပ်ဖွဲ့သည် မြို့များကို အငမ်းမရ သိမ်းယူပြီး မြို့တော်ကို တိုက်ရိုက်တိုက်ခိုက်ခြင်းမပြုသေးပေ။

မဟာကန္တရဧကရာဇ်သည် စစ်ပွဲ၏အဆက်မပြတ်သတင်းများကြောင့် သေလုမတတ် ဒေါသထွက်ခဲ့သည်။ အိမ်ရှေ့မင်းသားက ထိုအခြေအနေကို အခွင့်ကောင်းယူကာ ထီးနန်းတက်ခဲ့သော်လည်း သူ့အတွက် ကျန်ခဲ့သော မင်းဆက်မှာ ပျက်စီးလုနီးပါးဖြစ်နေပြီဖြစ်သည်။

နိုဝင်ဘာလတွင် မြက်ခင်းပြင်တွင် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူအုပ်စုတစ်စုက ကောင်းကင်ဗျူဟာတပ်ဖွဲ့အား ရပ်တန့်ခဲ့သည်။ ထိုအုပ်စုတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ရှစ်ယောက်ပါဝင်ပြီး အားလုံးက သိုင်းပညာကျွမ်းကျင်ကြသည်။ သို့သော် ဟွမ်းချွမ် ဘရိုကိတ်အိတ်ကို ထုတ်လိုက်သောအခါ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။

ကံကောင်းစွာဖြင့်၊ ဘရိုကိတ်အိတ်ကို ဟွမ်းချွမ် မဖွင့်နိုင်ခဲ့ပေ။ ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရမှသာ ၎င်းကို အသုံးပြုမည်ဖြစ်သည်။ သူသည် ထိုသူများကိုခြောက်လှန့်ရုံသာခြောက်လှန့်ခဲ့သည်။မျှော်လင့်ထားသည့်အတိုင်း အလုပ်ဖြစ်ခဲ့ပါသည်။

ထိုအကြောင်း ကောင်းကင်ဗျူဟာတပ်နှင့် တကျန်း၏ အခြားတပ်များတွင်သာမက ပြည်နယ် ၄၉ ခုအထိ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့သည်။

တာအိုဘ်ိုးဘေး၏ စွမ်းအားက အစစ်အမှန်နတ်ဘုရားနယ်ပယ် ရှစ်ယောက်ကို ဆုတ်ခွာရန် လှုံ့ဆော်နိုင်သည့်သတင်း တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီဖြစ်သည်။

ချန်းဝူခေတ်၏ 43 နှစ်...မတ်လအစောပိုင်းတွင်...

ရာသီဥတု သိသိသာသာ ပြောင်းလဲသွားပြီး တကျန်းရဲ့ ကံကြမ္မာတွေ တိုးပွားလာသည်။

ကျန်းချန်ရှန်း ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်ပင်လယ်ကြီးသည် အလွန်တရာမှ အံ့မခန်းဖွယ်ကောင်းလောက်အောင် ကြီးမားသော ဝဲဂယက်တစ်ခုအဖြစ်ပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီးကြားရှိ သာယာဝပြောမှုများ ပြင်းထန်စွာ ကြီးထွားလာခဲ့ပြီးနန်းတော်၏နက်နဲရာအရပ်မှ များပြားသော ချီဓာတ်များကို အာရုံခံမိနေသည်။

ပင်းအန်း ရွှေခန္ဓာနယ်ပယ်သို့ တက်လှမ်းတော့မည်.......

ဒီလိုအရည်အချင်းမျိုးက တကယ်ကို ကြောက်စရာကောင်းပေသည်။

ကျန်းဇီယုက ပင်းအန်းအတွက် ကမ္ဘာပေါ်ရှိ အရင်းအမြစ်အားလုံးကို ပေးအပ်ထားသော်လည်း၊ သူ၏ အရည်အချင်းကလည်း အရေးကြီးပေသည်။

သူ့အသက်ဘယ်လောက်ရှိသေးလို့လဲ....

အသက် 64 နှစ်!

ဤတိုက်ကြီးတွင်၊ အသက် ၆၄ နှစ်အရွယ်နှင့် ရွှေခန္ဓာနယ်ပယ်သို့တက်လှမ်းနိုင်သူသည် ရှားရှားပါးပါး ပါရမီရှင်တစ်ဦးဖြစ်သည်။

တစ်ချိန်တည်းပင်....

နန်းတော်အောက်တွင်၊ ကျန်းဇီယု အမိန့်ဖြင့် အထူးတည်ဆောက်ထားသော မြေအောက်ကွင်းပြင်တစ်ခုရှိသည်။၎င်းသည် အလွန်ကျယ်ဝန်းပြီး ကျောက်တိုင်များတွင် အရောင်မျိုးစုံရှိသော ညလင်း ပုလဲများဖြင့် စီခြယ်ထားသောကြောင့် ကွင်းပြင်တစ်ခုလုံး လင်းထိန်နေသည်။

ကျန်းဇီယု၊ဟန်ထျန်းကျီနှင့် အနက်ရောင်ဝတ်အဖိုးအိုတစ်ဦးတို့က ရေကန်ငယ်တစ်ခုတွင် တရားထိုင်နေသော ပင်းအန်းကို ကြည့်နေကြသည်။

ပင်းအန်း၏အရေပြား ရွှေရောင်ပြောင်းသွားပြီး မီးတောက်များ သူ့ကိုဝိုင်းရံထားသည်။ သူ့ကြွက်သားတွေ ဖောင်းပွလာပြီး သွေးကြောတွေက မြွေတွေလိုလှုပ်ရှားနေသည်မှာ အလွန်ကြောက်စရာကောင်းပုံရသည်။ပင်းအန်း မျက်လုံးမှိတ်ထားရင်းကနေ မျက်မှောင်ကြုတ်လိုက်ပြီး ကန်ထဲက သွေးတွေကို သူ့ခန္ဓာကိုယ်ထဲအငမ်းမရစုပ်ယူနေသည်။

အနက်ရောင်ဝတ်အဖိုးအိုက မုတ်ဆိတ်မွေးကို လက်ဖြင့်သပ်ကာ....

“ရွှေခန္ဓာနယ်ပယ်... ဒီအရည်အချင်းက ကြောက်စရာကောင်းလွန်းတယ်....ကျုပ် အသက် နှစ်ရာကျော်နေခဲ့ပေမယ့် ဒီလိုပါရမီရှင်မျိုး မတွေ့ဖူးဘူး.....ရှန်းရှန်တုံးထျန်းမှာသာ ဒီလိုပါရမီရှင်မျိုး ရှိနိုင်မယ်...."

သူသည် ဖူယွဲ့ မိသားစု၏အကြီးအကဲ ယုချင်းဖန်ဖြစ်ပြီး သူ၏ စွမ်းအားသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသည်။ ပင်းအန်း မကြာမီအဆင့်တက် တော့မည်ကို ကြားသောအခါတွင် ဉာဏ်အလင်းအချို့ရရှိရန် လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ကျန်းဇီယု ကလည်း မငြင်းခဲ့ပေ။ ယုချင်းဖန် ပင်းအန်းကို အန္တရာယ်ပြုမှာကို စိုးရိမ်နေစရာမလိုပေ။

ကျန်းဇီယုက ဂုဏ်ယူစွာ ပြုံးလိုက်ပြီး ....

“ကျုပ် ဒီနေ့ ဒီလိုနေရာရောက်နိုင်တာ သူ့ကြောင့်ပဲ..... ကျုပ်တို့က တကယ့်ညီအစ်ကိုတွေပါ.....”

ထိုစကားကြောင့် ဟန်ထျန်းကျိီ စိတ်လှုပ်ရှားသွားသည်။ ကျန်းဇီယုကို ရူးသွပ်လွန်းသည်ဟု ထင်ခဲ့ဖူးသည်။ အကယ်၍ ပင်းအန်း ကျရှုံးခဲ့လျှင် ရှားပါးသော ရတနာများစွာကို ဆုံးရှုံးသွားလိမ့်မည်။ တကယ်အောင်မြင်မယ်လို့ မမျှော်လင့်ထားသည်ကိုဝန်ခံရပေမည်။

ဧကရာဇ်လောက် ပင်းအန်းအကြောင်းကို သိနိုင်မည့်သူရှိမည်မဟုတ်ပေ။ဒါဟာ စီနီယာနဲ့ ဂျူနီယာ ညီအကိုနှစ်ယောက်ရဲ့ ချစ်ခင်ယုံကြည်မှုက အံ့မခန်းပင်.....

ကျန်းဇီယုက... " ကျုပ်မှာ ကျန်းဂျန်ဆိုတဲ့ သားတစ်ယောက်ရှိတယ်....သူက ငယ်ငယ်ကတည်းက တာအိုဘိုးဘေးနဲ့အတူ သိုင်းပညာ လေ့ကျင့်နေခဲ့တာ... တာအိုဘ်ိုးဘေး က သူ့မှာ ရွှေခန္ဓာနယ်ပယ်ကို ရောက်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ပြောတယ်.... ဒီအတိုင်းသာဆို တကျန်းမှာ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူနှစ်ဦးရှိလာတော့မယ်.... "

ယုချင်းဖန် ထိုစကားကိုကြားသောအခါ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။

နောက်တစ်ယောက်ရှိသေးတာလား???

" နဝမမြောက်မင်းသားက အသက်နှစ်ဆယ်အရွယ်နဲ့ ကီလိုတစ်သောင်းအလေးချိန်ရှိတဲ့ လက်နက်ကို အသုံးပြုနိုင်တယ်.... သူ့အရည်အချင်းက ဗိုလ်ချုပ် ပင်းအန်း ထက် မနိမ့်ဘူး.....” ဟန်ထျန်းကျီ ပြုံးရင်းထောက်ခံလိုက်သည်။

ယုချင်းဖန် အခုမှသာ ကျန်းဂျန်ကို စိတ်ဝင်စားလာခဲ့သည်။ အရင်က ယုယန်ရိ ပြောခဲ့တာကို သတိရပေမယ့် တကျန်းက ကြွားလုံးထုတ်နေတယ်လို့သာ ခံစားခဲ့ရသည်။

ယခု ပင်းအန်း ရွှေခန္ဓာနယ်ပယ်သို့ ရောက်ရှိလာပြီး တကျန်းမင်းဆက်က ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်ပညာရှင်ကို ဖန်တီးနိုင်စွမ်းရှိကြောင်း သက်သေပြခဲ့သည်။

ပင်းအန်းသည် သူ၏ ခွန်အားကို စုစည်းနေဆဲ ဖြစ်သော်လည်း သုံးယောက်သား စကားစမြည်ပြောရင်း ရယ်မောနေကြသည်။

ပင်းအန်းသည် ဉာဏ်ရည်ချို့တဲ့စွာ မွေးလာသော်လည်း သိုင်းပညာပိုင်းတွင် အခြားသူများထက် သာလွန်သည်။ သူသည် မည်သို့တိုက်ခိုက်ရမည်ကို သိရုံသာမက ထိတ်လန့်ခြင်းမရှိဘဲ သူ၏ခွန်အားကို ဖြန့်ကျက်နိုင်ခဲ့သည်။

ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး အညောင်းဆန့်လိုက်တော့ ပိုင်ချီက.... "ပင်းအန်း ရွှေခန္ဓာနယ်ပယ်ရောက်သွားပြီလား" ဟု စပ်စုလိုက်သည်။

ကျန်းချန်ရှန်း ခေါင်းညိတ်ပြလိုက်တော့ ပိုင်ချီ တုန်လှုပ်သွားခဲ့သည်။

သူမ ဘယ်အချိန်မှာမှ အစစ်အမှန်နတ်ဘုရားနယ်ပယ် ရောက်နိုင်မလဲ.....

ကျန်းဂျန်ကတော့ပင်းအန်း ၏ အသက်အရွယ်ကို တိတ်တိတ်လေး မှတ်ထားလိုက်ပြီး ဒီစံချိန်ကို ချိုးဖျက်မယ်လို့ လျှို့ဝှက်ကတိပြုခဲ့လေသည်။

ကျန်းချန်ရှန်း စိတ်လက်ကြည်သာနေသဖြင့် ဝမ်လီထံ အသံပို့လွှတ်ပြီး ချင်းအာကို ဤနေရာသို့ ခေါ်ဆောင်လာရန်အမိန့်ပေးခဲ့သည်။

ချင်းအာသည် မန်ချွဲ့ဟေး၏ သိုင်းပညာကို သင်ယူနေပြီး အသက် ၃၄ နှစ်တွင် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ လုံချီ ဘုရားကျောင်း၏တပည့်များထဲတွင် သူမကို ထူးချွန်သူအဖြစ်သတ်မှတ်နိုင်သည်။

ဆယ်မိနစ်အကြာတွင် ဝမ်လီနှင့်ချင်းအာတို့ ရောက်လာသည်။

ချင်းအာ၏ မျက်နှာတွင် တုန်လှုပ်ချောက်ချားမှု၊ ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ကျန်းချန်ရှန်းနဲ့တွေ့ဆုံဖို့ျှော်လင့်ထားပေမယ့် သူမကိုဘာကြောင့်ရှာနေလဲဆိုတာ မသိခဲ့ပေ။

ချင်းအာ အသက်ပြင်းပြင်းရှူကာ ခြံဝင်းထဲသို့ လျှောက်သွားသည်။

ကျန်းဂျန် သူမကိုမြင်သောအခါ ... "အစ်မ ချင်းအာ... ဘာလို့ဒီကိုရောက်နေတာလဲ"

ချင်းအာ ထိုစကားကိုကြားသောအခါ ပို၍ပင် ကြောက်ရွံ့လာသည်။ ကံကောင်းချင်တော့ ကျန်းချန်ရှန်း၏အသံထွက်ပေါ်လာပြီ... “ငါခေါ်ထားတာ.... ချင်းအာ ဒီကိုလာခဲ့ .."

ဒါကိုကြားတော့ ချင်းအာ ခေါင်းလှည့်ပြီး ကြည့်လိုက်သည်။

ကျန်းချန်ရှန်းသည် သစ်ပင်တစ်ပင်အောက်တွင် တရားထိုင်နေပြီး သစ်ပင်၏အရိပ်သည် ဝတ်ရုံ၏တောက်ပမှုကို မဖုံးကွယ်နိုင်ပေ။

သူမသည် ကျန်းချန်ရှန်း ဆီသို့ အလျင်အမြန်လျှောက်သွားပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။

ကျန်းချန်ရှန်းက သူမကို ထိုင်ခိုင်းပြီး.....

“သိုင်းပညာအကြောင်းနဲ့ပတ်သတ်ပြီးမေးစရာရှိလား..မင်း ဘာလို့ နတ်ဘုရားနယ်ပယ်မရောက်သေးတာလဲ.....”

မန်ချွဲ့ဟေး၏ သိုင်းကျင့်စဉ်သည် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကိုပင် လွယ်ကူစွာ ရောက်ရှိနိုင်သောကြောင့် မရိုးရှင်းပေ။

သူသည် အခြားနည်းလမ်းများကို အသုံးပြုခဲ့သည်မှာ ထင်ရှားသည်။မန်ချွဲ့ဟေး၏ အသက်ဓာတ်အရ သူလေ့ကျင့်နေသော ကျင့်စဉ်သည် မဟာယာနနဂါးမျှော်စင်နဲ့ ဆက်စပ်နေပေလိမ့်မည်။

All Chapters