ရွှေခန္ဓာနယ်ပယ်ရဲ့အလွန်.....
Vol. 8 Ch. 113
ကျန်းချန်ရှန်းကို ရင်ဆ်ိုင်နေရချိန်တွင် ချင်းအာ အလွန်စိုးရိမ်နေသော်လည်း သံသယများကို ထုတ်ပြောပြခဲ့သည်။
ကျန်းချန်ရှန်း ၏နယ်ပယ်မြင့်မားမှုကြောင့် သူမကို သေချာပေါက် ညွှန်ပြနိုင်ခဲ့သည်။
ဒါကို ချင်းအာ ကြားပြီးနောက် သူမ ရုတ်တရက် ဉာဏ်အလင်းရပြီး ကျန်းချန်ရှန်း အား စိတ်လှုပ်ရှားစွာ ကျေးဇူးတင်မိသည်။
"မင်းဘာလို့ အတွင်းအားကျင့်စဉ်တွေ မလေ့ကျင့်တာလဲ..... မင်းကို သိုင်းစာကြည့်တိုက်အပေါ်ဆုံးထပ်ထိ တက်ခွင့်ပေးဖို့ ဝမ်လီကိုပြောထားပြီးသားလေ.....”
မန်ချွဲ့ဟေး၏ သိုင်းကျင့်စဉ် မည်မျှပင် အားကောင်းနေပါစေ၊ ၎င်းသည် ကောင်းကင်သံသရာစက်ဝန်းထက် နိမ့်ကျနေသေးသည်။
ချင်းအာက.... “ဘာကြောင့်လဲတော့ မသိဘူး အဲဒီအဘိုးကြီးရဲ့ သိုင်းပညာကိုပဲ သင်ယူချင်တယ်....ဒါ့အပြင် လေ့ကျင့်မှု အတော်လေးကို ချောမွေ့နေတာကြောင့် နောက်ထပ်ကျင့်စဉ် ပြောင်းလဲမပြောင်းချင်တော့ဘူး....”
ကျန်းချန်ရှန်းက... “မင်း ကျင့်စဉ်နှစ်ခုကို တစ်ပြိုက်နက် လေ့ကျင့်နိုင်တယ်.....မဟာကောင်းကင်သံသရာစက်ဝန်းကျင့်စဉ်က အတွင်းအားကျင့်စဉ်တင်မကဘဲ ရန်သူကိုတိုက်ခိုက်ဖို့ပါသုံးနိုင်တယ်....”
ချင်းအာက နာခံစွာ ခေါင်းညိတ်လိုက်သည်။ တာအိုဘိုးဘေး၏စကားကြောင့် ထိုကျင့်စါ်ကို သေချာပေါက်လေ့ကျင့်ပေတော့မည်။
သူမက ခဏတာ တုံ့ဆိုင်းသွားပြီး ....
“ဆရာတော်...ကျွန်မကို ဘာလို့ လုံချီဘုရားကျောင်းမှာလက်ခံထားပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာလဲ....."
ပိုင်ချီ၊ ဟွာဂျန်ရှင်းနှင့် ကျန်းဂျန်တို့လည်း ကျန်းချန်ရှန်းကို သိလိုစိတ်ပြင်းပြစွာ ကြည့်နေကြသည်။
လုံချီ ဘုရားကျောင်းရှိ တပည့်များအားလုံးတွင် ချင်းအာ သာလျှင် အထူးဂရုစိုက်မှာ ခံယူခဲ့သည်။ ကျန်းချန်ရှန်းသာ ချင်းအာကို ငယ်စဉ်ကတည်း မရွေးချယ်ခဲ့ဘူးဆိုရင် သူ့မှာ မမှန်ကန်တဲ့ အတွေးတွေ ရှိတယ်လို့ သူတို့ ထင်ကြလိမ့်မည်။
ကျန်းချန်ရှန်းက..." အကြောင်းတစ်ခုခုကြောင့် မင်းက လုံချီ ဘုရားကျောင်းရဲ့ အကြီးဆုံးတပည့်ဖြစ်သင့်တယ်လို့ ငါထင်တယ်.....နောက်ဆို လုံချီ ဘုရားကျောင်းကို စောင့်ရှောက်ဖို့ တာဝန်ယူပေးနိုင်မလား...?"
ဒါကိုကြားတော့ ချင်းအာ ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး... “ဒီတပည့်က စေတနာပါပါနဲ့ အကောင်းဆုံးကြိုးစားပါ့မယ်!"
သူမသည် တိုက်ပွဲဝင်စိတ်ဓာတ်နှင့် ပြည့်စုံခဲ့သည်။ တာအိုဘ်ိုးဘေး သူမအား ဤမျှတန်ဖိုးထားမည်ဟု မမျှော်လင့်ခဲ့ပေ။
ထို့အပြင် သူမသည် အကြီးဆုံးတပည့်ရာထူးအတွက် တိုက်ပွဲဝင်ချင်နေပြီဖြစ်သည်။
“ပြန်သွားပြီး ကောင်းကောင်းလေ့ကျင့်ပါ.....မေးစရာရှိရင်လည်း အချိန်မရွေးလာမေးပါ.... လုံချီဘုရားကျောင်းတစ်ခုလုံးမှာ ဒီလိုအခွင့်ရေးရတာ မင်းတစ်ယောက်တည်းပဲရှိတယ်.. ငါ့ကိုစိတ်မပျက်စေနဲ့....."
ကျန်းချန်ရှန်း၏အပြုံးသည် ချင်းအာအတွက် အလွန်နှစ်လိုဖွယ်ကောင်းနေသည်။
ချင်းအာက ခေါင်းညိတ်လိုက်ပြီး သူ့နှလုံးသားထဲမှာ နွေးထွေးသွားသည်။
ထို့နောက် ချင်းအာသည် အဆုံးမရှိသော မျှော်လင့်ချက်များဖြင့် ထွက်ခွာသွားခဲ့သည်။
ဟွာဂျန်ရှင်းက.... "ဒီကလေးမက မန်ချွဲ့ဆောင်နဲ့တူတယ်နော်....."
ချန်းလီ အကြောင်းတွေးမိသောအခါ သူမ ထိုနည်းကိုတွေးရန်မှတပါး ရွေးချယ်စရာမရှိပေ။
ကျန်းချန်ရှန်းက “ဟုတ်တယ်... မင်းလဲအဲ့လိုပဲထင်တယ်မလား...?"
ဟွာဂျန်ရှင်း နှုတ်ဆိတ်နေပြီး ကျန်းဂျန်က ခေါင်းကုတ်လိုက်သည်။ ပိုင်ချီသည် ကျန်းချန်ရှန်းကို လျှို့ဝှက်ဆန်းကြယ်နေသည်ဟု ခံစားမိသည်။
ကျန်းချန်ရှန်းသည် သူဂရုစိုက်ခဲ့သောသူများ၏နောက်ဘဝတွင် ကောင်းမွန်သောဘဝတစ်ခုရလိမ့်မည်ဟူသော အတွေးအတွက် ပြီးမြောက်အောင်မြင်သည့်ခံစားချက်ကို ခံစားမိနေသည်။
ကျင့်ကြံခြင်းလမ်းစဉ်ကိုလျှောက်လှမ်းရာတွင် စိတ်ခံစားမှုနည်းပါးရန် လိုအပ်သော်လည်း ၎င်းသည် နှလုံးသားမဲ့သောလမ်းစဉ်မဟုတ်ပေ။ သူနဲ့ ရင်းနှီးပြီးသား မိသားစုတွေ၊ သူငယ်ချင်းတွေကိုလည်း ဂရုစိုက်ရပေမည်။
လူတစ်ယောက်သာ တာအိုလမ်းစဉ်ကို အောင်မြင်လျှင် ထိုသူပိုင်ဆိုင်သော ကြက်တွေ ခွေးတွေတောင် ကောင်းကင်ကို တက်နိုင်မည်ဟူသော စကားပုံအတိုင်းပင်......
...........................
မဟာကန္တရမင်းဆက်၏ အင်ပါယာနန်းတော်အတွင်း....
လောလောလတ်လတ် ထီးနန်းတက်ထားသော မဟာကန္တရမင်းဆက် ဧကရာဇ်သည် သက်တော်နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးသည်။ သူ့မျက်နှာမှာ စိတ်ပျက်အားငယ်မှုတွေနဲ့ ပြည့်နေပြီး ခန်းမထဲမှာ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အရာရှိ အရေအတွက်က အရင်ကလို မများတော့ပေါ တကျန်းနှင့် တိုက်ခိုက်စဉ်တွင် အရာရှိအများအပြား ထွက်ပြေးခဲ့ကြပြီး ခန်းမကျယ်ကြီးထဲတွင် အရာရှိ ၃၂ ဦးသာ ကျန်ရစ်ခဲ့သည်။
ဒီလိုမျိုးမင်းဆက်ကို ဘယ်လိုကယ်တင်နိုင်မလဲ........
မဟာကန္တရမင်းဆက် ဧကရာဇ်သည် တကျန်းစစ်တပ်၏ရက်စက်မှုကို တွေးမိသောအခါတွင်၊ နဂါးသရဖူကို စွန့်ပစ်ချင်စိတ်ပေါက်လာသည်။ သူလည်း အသက်ရှင်ချင်သေးသည်........
မဟာကန္တရတွင် စစ်ပွဲဖြစ်ပွားပြီးကတည်းက ဧကရာဇ်မိသားစုသည် ငြိမ်းချမ်းရေးကို စွဲလမ်းစေခဲ့သည်မှာ နှစ်ရာနှင့်ချီရှိပြီဖြစ်သည်။ ငြိမ်းချမ်းရေးကိုသာ လိုလားကြပြီး ဒီလိုဒုက္ခမျိုးကို မခံစားနိုင်ကြပေ။
မဟာကန္တရမင်းဆက် ဧကရာဇ်က မချိတင်ကဲပြုံးကာ.... “ အရာရှိတို့..
.. အနည်းဆုံး တစ်နှစ်အတွင်း ကောင်းကင်ဗျူဟာတပ် မြို့တော်ကို ရောက်လာလိမ့်မယ်....မောင်မင်းတို့မှာ အစီအစဉ်ကောင်းတွေရှိလား....မရှိဘူးဆို အညံ့ခံမယ့်အကြောင်း တကျန်းဧကရာဇ်ဆီ သဝဏ်လွှာပို့လိုက်တော့မယ်...."
အရာရှိများ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရင်ဘတ်ထဲတွင် ဒေါသများဆူဝေနေသည်။
မဟာကန္တရမင်းဆက်သည် သမိုင်းတွင် ရှေးအကျဆုံး မင်းဆက်ဖြစ်ပြီး နှစ်ပေါင်းတစ်ရာတောင် မပြည့်သေးသော မင်းဆက်တစ်ခုထံ လက်နက်ချရပေတော့မည်.......
ဒီလိုအရှက်ကွဲမှုမျိုး ဘယ်မှာရှိနိုင်မလဲ....
သူတို့လက်နက်ချပြီးတာနဲ့ မဟာကန္တရမင်းဆက်ဟာ ထာဝရရယ်စရာဖြစ်လာလိမ့်မည်။
“မဟာကန္တရမင်းဆက်ရဲ့ ကံကြမ္မာ မပြီးဆုံးသေးဘူး....”
အသံတစ်ခုထွက်ပေါ်လာပြီး ခန်းမအပြင်ဘက်မှာ ပျံသန်းလာသူများက အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကြားတွင် ဆင်းသက်လာသည်။ ဦးဆောင်သူမှာ မီးခိုးရောင်ဝတ်ထားသည့် အဘိုးအိုနှင့် ကံကြမ္မာဟု ကြွေးကြော်ထားသည့် ဘရိုကိတ်ဝတ်စုံဝတ်ထားသူဖြစ်သည်။
မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုသည် ကောင်းကင်အရှင်ဖြစ်ပြီး ဘရိုကိတ် ၀တ်ထားသူသည် ကံကြမ္မာအရှင်ဖြစ်သည်။
မဟာကန္တရမင်းဆက်ဧကရာဇ်သည် သူတို့ကို ငြိမ်သက်စွာကြည့်ရင်း အံ့သြထိတ်လန့်ခြင်းမရှိပေ။
ကောင်းကင်အရှင်က.....“တကျန်းက ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်ကြဘူး.....ဒီကမ္ဘာကြီးက တကျန်းရဲ့အပိုင်မဟုတ်ဘူး.....ငါတို့ မဟာကန္တရမင်းဆက်နဲ့ပူးပေါင်းပြီး တကျန်းကိုဆန့်ကျင်မယ်..."
မဟာကန္တရမင်းဆက်ဧကရာဇ်က
“တာအို ဘ်ိုးဘေးရဲ့ ရွှေရောင်အလင်းတန်းကြောင့် အသတ်ခံခဲ့ရတဲ့ ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူတွေကျတော့ရော...."
တာဝန်ရှိသူများက နှုတ်ဆိတ်နေခဲ့သည်။ ထိုကိစ္စနှင့်ပတ်သတ်၍ ကြောက်ရွံ့ထိတ်လန့်နေကြသည်မှာထင်ရှားသည်။
တာအိုဘိုးဘေးသည် စစ်မြေပြင်တွင် ပေါ်မလာခဲ့ဘဲ အလင်းတန်းတစ်ခုဖြင့်သာ ရွှေခန္ဓာနယ်ပယ်များကိုသုတ်သင်ခဲ့သည်။
ကောင်းကင်အရှင်က “ရွှေခန္ဓာ ပညာရှင်တစ်ယောက်နဲ့ မလုံလောက်ရင် ငါးယောက်ဆို လုံလောက်ပမလား။ ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်ပညာရှင်ငါးဦးနဲ့ မလုံလောက်ရင် ရွှေခန္ဓာနယ်ပယ်ထက်မြင့်တဲ့ နယ်ပယ်ကပညာရှင်ကိုဖိတ်ခေါ်လိုက်မယ်....”
သူပြောပြီးသည်နှင့် ဧကရာဇ်နှင့် အရာရှိများ တုန်လှုပ်သွားကြသည်။
ဧကရာဇ်ဧကရာဇ်က... " ရွှေခန္ဓာထက်နယ်ပယ်ထက်သာလွန်တဲ့ နယ်ပယ်ရှိသေးတာလား” ဟု အလျင်စလိုမေးလိုက်သည်။
ကောင်းကင်အရှင်က... “ရှိတယ်.... ဘုရင်မင်းမြတ် အခုလုပ်ဆောင်ရမှာက တပ်တွေကို ပြန်လည်ဖွဲ့စည်းပြီး ကောင်းကင်ဗျူဟာတပ်ကို တိုက်ခိုက်ဖို့ပဲ.... အလွန်ဆုံးတစ်နှစ်အတွင်း ငါတို့တွေ တကျန်းကို ကမ္ဘာမြေပုံပေါ်ကနေဖယ်ထုတ်ပစ်မယ်...ဒါပေမယ့် တကျန်းက အလွန်ကြီးမားတာမို့ ခဏတာအတွင်းပြိုပျက်နိုင်မှာမဟုတ်ဘူး.... ”
တစ်နှစ်?
ဧကရာဇ် မျက်မှောင်ကြုတ်လိုက်သည်။
သူ ခဏလောက် စဉ်းစားပြီးနောက် အံကြိတ်ကာ.... “ဒါဆိုရင် နေရာတိုင်းမှာ တပ်တွေ ပြန်လည်ဖွဲ့စည်းမယ်..... တစ်နှစ်တာအချိန်ဆွဲလို့ရအောင် အစွမ်းကုန် ကြိုးစားပါ့မယ်.....တကျန်းရှုံးသွားရင် ဘယ်သူက တကျန်းကို ချုပ်ကိုင်မှာလဲ....."
ကံကြမ္မာအရှင်က လှောင်ပြောင်သောလေသံဖြင့်.... "မင်းက တကျန်းကို ဝါးမျိုချင်သေးတာလား...ဟားးးဟားးးးကိုယ့်တိုင်းပြည်ကိုပဲ နိုင်အောင်ထိန်းပါဉီး.. အခြားမင်းဆက်တွေက မဟာကန္တရမင်းဆက်ကို လောဘတကြီးစောင့်ကြည့်နေကြတယ်.... လက်ရှိ မဟာကန္တရမင်းဆက်က သာမန်မင်းဆက်တွေကိုတောင် အနိုင်ယူနိုင်မှာမဟုတ်ဘူး...."
ဧကရာဇ် ရှက်ရွံ့မှုကြောင့် မျက်နှာ နီရဲသွားသည်။
ကောင်းကင်အရှင်က "ငါတို့တွေ မဟာကန္တရမင်းဆက်ရဲ့ ကံကြမ္မာကို ငှားဖို့ လိုတယ်”
မဟာကန္တရမင်းဆက်ဧကရာဇ်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားလေသည်။
..............................................
ဇွန်လတွင်...နွေရာသီဖြစ်သောကြောင့် နေရောင်တောက်ပနေပြီး မြို့တော်တခုလုံးသက်ဝင်စည်ကားနေသည်။
ကျန်းချန်ရှန်းသည် ခြံဝင်းထဲတွင် ဆေးကျိုနေပြ ဟွာဂျန်ရှင်းက ပခုံးပေါ်တွင် မှီလျက််စက်နေသည်။
ပိုင်ချီနဲ့ကျန်းဂျန်တို့တွေ ခြံဝင်းထဲမှာ မရှိတဲ့အတွက် သူတို့နှစ်ဉီး လွတ်လွတ်လပ်လပ် နေခွင့်ရထားကြသည်။
ဟွာဂျန်ရှင်းသည် နုပျိုဆေးများကို သောက်သုံးခဲ့သော်လည်း သူမ၏ အရည်အချင်းက ချို့တဲ့နေသည်။ ကျန်းချန်ရှန်းထံမှ ဆေးအများအပြားကို စားသုံးပြီးသည့်တိုင် နတ်ဘုရားနယ်ပယ်သို့ မရောက်ရှိနိုင်သေးပေ။ ထို့အပြင် သူမသည် ကျန်းချန်ရှန်းထက် အသက်ကြီးသောကြောင့် ယခုဆို အသက်တစ်ရာနီးပါးရှိနေပြီဖြစ်သည်။
တကယ်တော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက သက်တမ်းကုန်ဆုံးတော့မည်ဟု ခံစားခဲ့ရပေမယ့် ကျန်းချန်ရှန်းရဲ့ ဆေးဖက်ဝင်ဆေးတွေကြောင့် ဆယ်နှစ်ကြာအောင် အချိန်ဆွဲထားနိုင်ခဲ့သည်။
ဟွာဂျန်ရှင်းက မျက်လုံးဖွင့်ပြီး..... “ကျွန်မ အရမ်းအိပ်ငိုက်နေတယ်.... တခါမှ ဒီလောက်မအိပ်ချင်ဘူး....... ဒါ ကျွန်မဘဝရဲ့အဆုံးသတ်ဖြစ်နိုင်တယ်....."
ကျန်းချန်ရှန်း သူမကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိတာကြောင့် တိတ်ဆိတ်နေခဲ့သည်။
"ကျွန်မ မရှိတော့ရင် ရှင် ဇီယုကို ဂရုစိုက်ပေးနော်......."
"ဂရုစိုက်မှာပေါ့... သူက ငါ့သားပဲလေ.... "
"အင်းပါ....အနာဂတ်မှာ ရှင်နဲ့အတူနေဖို့
အမျိုးသမီးတွေ ရှာရမယ်...ရှင်က လုံချီ ဘုရားကျောင်းရဲ့ တပည့်တွေနဲ့ ပိုပိုပြီး ဝေးကွာလာတယ်...ရှင်တစ်ယောက်တည်းအထီးကျန်နေလို့မဖြစ်ဘူး...ကျွန်မကတော့ မိန်းကလေးယုကိုပဲတွေးမိတယ်.... သူရှင့်အပေါ် အတော်ရူးသွပ်တဲ့ပုံပေါ်....အနှစ်နှစ်ဆယ်ကျော် မြို့တော်မှာလာနေတာကိုပဲကြည့်လေ....."
ဟွာဂျန်ရှင်း တကယ်ပင် ပင်ပန်းနေပုံပေါ်ကာ စကားကို တိုးတိုးလေးသာပြောနေသည်။
ကျန်းချန်ရှန်းက သူမပြောသမျှကို ဂရုတစိုက် နားထောင်ပေးနေသည်။
သူတို့နှစ်ယောက်ရဲ့ ဆုံတွေ့မှုကိုလည်း ပြန်အမှတ်ရမိသည်။ အစပိုင်းတွင် ဟွာဂျန်ရှင်း ကို မချစ်ကြောင်း ဝန်ခံခဲ့သည်။ ထိုအချိန်တွင် သူ့အတွက် သားတစ်ယောက်မွေးရန်အတွက်သာ သူမကို လိုအပ်သည်။ ဒါပေမယ့် သူ့မှာ ဟွာဂျန်ရှင်းအတွက် အချစ်မရှိရင်တောင် ပြုစုစောင့်ရှောက်ပေးခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် သူမအပေါ် ခံစားချက်များ ရှိလာခဲ့ချေပြီ......
"ရှင် ပြောခဲ့တဲ့ နောက်ဘဝဆိုတာ တကယ်ရှိသလား။ တစ်ခါတလေကျရင် နောက်ဘဝဆိုတာရှိလာဖို့ မျှော်လင့်မိတယ်.... ချန်းလီက တကယ် ချန်းလီ ဖြစ်ပြီး ချင်းအာက မန်ချွဲ့ဆောင်သာဆို ကျွန်မလည်း ဒီလိုနည်းနဲ့ ရှင့်အနားကို ပြန်လာနိုင်မယ်..... ဒါပေမယ့် ဖြစ်နိုင်မယ်မထင်ဘူး…”
ကျန်းချန်ရှန်းက... “အမှန်ပဲ..... မင်း မျှော်လင့်နေလို့ရပါတယ်...မင်း ဘယ်ဘဝရောက်ရောက် ငါရအောင်လာရှာမယ်....."
ဟွာဂျန်ရှင်းက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး
"တကယ်လို့ နောက်ဘဝဆိုတာရှိရင် ရှင် ကျွန်မကို လက်ထပ်ရမယ်... တရားဝင်လက်ထပ်ရမယ်နော်.......ကျွန်မလည်း ဖီးနစ်သရဖူနဲ့ မဂ်လာ၀တ်စုံ ၀တ်ချင်တယ်.....ရှင့်ရဲ့အနားမှာ ပွင့်ပွင့်လင်းလင်း ရပ်တည်ချင်တယ်…”
ကျန်းချန်ရှန်းက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး “ဖြစ်စေရမယ်..... အနာဂတ်မှာ ငါ မင်းကို လက်ထပ်မယ်......"
"အင်း....."
ဟွာဂျန်ရှင်း ထိုစကားကို ပြောပြီးနောက် သူမမျက်လုံးများကိုမှိတ်ထားကာ ပျော်ရွှင်ကျေနပ်သောအပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ချိတ်ဆွဲထားသည်။
ကျန်းချန်ရှန် က သူမကို ပွေ့ဖက်လိုက်ပြီး ကောင်းကင်ကို တိတ်တဆိတ် မော့ကြည့်နေသည်။
တစ်နေ့တွင် သူ အင်မော်တယ်ဖြစ်လာပါက လူဝင်စားများအား ၎င်းတို့၏ယခင်ဘဝမှ အမှတ်ရစရာများကို ပြန်လည်ရရှိစေမည်မှာ သေချာပါသည်။
ကမ္ဘာကြီးက ကျယ်ဝန်းပြီး လူတွေအများကြီးရှိပေမယ့် သူ့အနားမှာ လူအများကြီးကို မလိုအပ်ခဲ့ပေ။ သူ့ဘေးနားမှာ အရင်က လူဟောင်းများသာ အမြဲရှိနေဖို့မျှော်လင့်ပါသည်။
လေပြည်တသုတ်ကြောင့် မြေဝိညာဉ်သစ်ပင်၏ အရွက်တချို့ ပြန့်ကျဲကုန်သည်။
ဟွာဂျန်ရှင်း၏ အသက်ဓာတ် လုံးဝပြတ်တောက်သွားကြောင်း ကျန်းချန်ရှန်း သတိပြုမိပြီးနောက် သက်ပြင်းချလိုက်သည်။
ချန်းလီနှင့်ဝမ်ချန်း ထွက်ခွာသွားခြင်းက သူ့ကို ဝမ်းနည်းစေရုံသာမက ဟွာဂျန်ရှင်း ထွက်ခွာသွားခြင်းက သူ့ကို နာကျင်စေပါသည်။
စတင်ကျင့်ကြံစဉ်က သူ့ပတ်ဝန်းကျင်ကလူတွေကို ဂရုမစိုက်ဘဲ ဒီလူတွေ ထွက်သွားဖို့ကိုတောင် မျှော်လင့်ထားခဲ့ဖူးသည်။
မကြာခင် သို့မဟုတ် နောက်ပိုင်းတွင် အသက်ရှည်ခြင်း၏အထီးကျန်းမှုကိုနားလည်လာခဲ့ချေပြီ.....
ကျန်းချန်ရှန်း အမွှေးတိုင်အရေအတွက်ကိုစစ်ဆေးခဲ့သည်။
[လက်ရှိ အမွှေးတိုင်: 6,980,233]
သူသည် ဟွာဂျန်ရှင်း၏ အရည်အချင်းများ မြှင့်တင်နိုင်ရန် အမွှေးတိုင် ၃၀၀,၀၀၀ ဖြင့် ကောင်းချီးပေးရန် ရွေးချယ်ခဲ့သည်။ ဟွာဂျန်ရှင်း လူပြန်ဝင်စားသောအခါ၊ သူမအတွက်အမွှေးတိုင် 200,000 ဖြင့် ကောင်းချီးပေးမည်ဖြစ်သည်။
ဟွာဂျန်ရှင်းကို နောက်ဘဝတွင် တောက်ပသော ပါရမီရှင်ဖြစ်စေချင်ပြီး သူမ၏ ဘဝတစ်သက်တာလုံး ကံကောင်းစေချင်သည်။
ဒါတွေအားလုံးလုပ်ပြီးတော့ သူ့စိတ်ထဲမှာ နည်းနည်းတော့ သက်သာသွားခဲ့သည်။
ညမိုးချုပ်သောအခါ ကျန်းဂျန်နှင့်ပိုင်ချီ ပြန်ရောက်လာသည်။ ကျန်းချန်ရှန်း ၏လက်ထဲတွင် လဲလျောင်းနေသော ဟွာဂျန်ရှင်းကို တွေ့လိုက်သောအခါ ကျန်းဂျန် ၏ သုံးခွချွန်လှံရှည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူက ကျန်းချန်ရှန်း ဆီကို အလျင်အမြန်ပြေးသွားပြီး......
“ဘိုးဘိုး... သူ...သူ.....”
ကျန်းချန်ရှန်း ဘာမှ မဖြေဘဲနှုတ်ဆိတ်နေသည်။
ကျန်းဂျန် ဒူးထောက်ထိုင်ချလိုက်ပြီး မျက်ရည်တွေ အထိန်းအကွပ်မရှိ ကျဆင်းလာသည်။ သူ့ကို ငယ်ရွယ်စဉ်ကတည်းကနေ ဟွာဂျန်ရှင်းကသာ ပြူစုထိန်းကျောင်းခဲ့သည်။သို့ပါသောကြောင့် သူ့စိတ်ထဲတွင် ဟွာဂျန်ရှင်းရဲ့ အဆင့်အတန်းက မွေးမိခင်နှင့်တန်းတူပင်.....
ပိုင်ချီ ခေါင်းငုံ့ကာ ဟွာဂျန်ရှင်း နံဘေးသို့ တိတ်တဆိတ် လျှောက်သွားသည်။ သူမလည်း အရမ်းဝမ်းနည်းနေသည်။ သူတို့တွေ နှစ်ပေါင်းများစွာ အတူနေခဲ့ကြပြီး နတ်ဆိုးများသည်လည်း ခံစားချက်များ ရှိခဲ့ကြသည်။
ခဏအကြာတွင်........
ကျန်းဇီယု ပြေးဝင်လာပြီး ဟွာဂျန်ရှင်း ရှေ့မှာ လှဲချလိုက်ကာ ဧကရာဇ်ဟူသော ဂုဏ်ပုဒ်ကိုပင် လျစ်လျူရှုကာ သည်းထန်းစွာငိုနေခဲ့သည်။
သူနောက်ကိုလိုက်လာတဲ့ ကျန်းရှုလည်း မောဟိုက်နေသည်။ ဖခင်ဖြစ်သူ ငိုနေသည်ကို မြင်သောအခါ အံ့အားသင့်သွားပြီး လက်သီးများကို တင်းတင်းဆုပ်ထားသည်။
ထိုညက ခြံဝင်းတခုလုံး တောက်ပနေခဲ့သည်။
ဟွာဂျန်ရှင်းကို သင်္ဂြိုဟ်ပြီးနောက် ကျန်းဇီယုက ကျန်းရှုကို ပြန်သွားခိုင်းပြီး တိုင်းရေပြည်ရာများ စီမံခန့်ခွဲခိုင်းသည်။
ကျန်းရှုလည်း စောင့်ကြည့်ချင်ပေမယ့် တကျန်းက မကြာသေးခင်ကမှ အလုပ်များနေတာကြောင့် သူထွက်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
ကျန်းဇီယုသည် သင်္ချိုင်းရှေ့တွင် ခုနစ်ရက်စလုံး ဒူးထောက်နေခဲ့ပြီး မေ့လဲသွားခဲ့သည်။ ထိုမှသာ ကျန်းချန်ရှန်းက သူ့ကို နန်းတော်သို့ ပြန်ပို့ခဲ့သည်။
ယခုနှစ်ကုန်တွင် နှင်းများ ထူထပ်စွာ ကျဆင်းနေပြန်သည်။
ကျန်းချန်ရှန်း ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
" ချန်းဝူခေါတ် ၏ 43 နှစ်မြောက်နှစ်တွင်၊ သင် မှတ်သားထားသော ဟွာဂျန်ရှင်း အောင်မြင်စွာ လူပြန်ဝင်စားပြီး ရှေးဟောင်းနတ်ဘုရားတိုက်ကြီးတွင် မွေးဖွားခဲ့သည်။"
သူ ပြုံးလိုက်မိသည်။
သူမ ဒီလောက်မြန်မြန် အောင်မြင်စွာ လူပြန်ဝင်စားဖို့ မမျှော်လင့်ထားခဲ့ပေ။
သူသည် ဟွာဂျန်ရှင်းကို အမွှေးတိုင် 200,000 ဖြင့် ချက်ချင်း ကောင်းချီးပေးခဲ့သည်။
"မင်းနဲ့ထပ်တွေ့ဖို့ ငါမျှော်လင့်နေတယ်....."
သူ့မိန်းမ တခြားသူနောက်ပါသွားခြင်းမှ တားဆီးရန်အတွက် ဟွာဂျန်ရှင်း ကြီးပြင်းလာသောအခါ သူမ၏ အိပ်မက်ထဲသို့ အလည်သွားရန် ဆုံးဖြတ်ခဲ့သည်။
ငါ့မိန်းမကို ကောင်းကောင်းစောင့်ရှောက်ရမယ်....ဘယ်သူမှ ငါ့လက်ထဲကနေလုယူသွားလို့မရဘူး!!!!!!