← Chapters

စကြဝဠာနယ်ပယ်.....

Vol. 8 Ch. 114

စကြဝဠာနယ်ပယ်.....

Vol. 8 Ch. 114

ချန်းဝူ ခေတ်၏ 44 နှစ်တွင် တကျန်းသည် မဟာကန္တရမင်းဆက်၏ လေးပုံတစ်ပုံကို သိမ်းပိုက်ထားပြီးဖြစ်သော်လည်း မဟာကန္တရမင်းဆက်က ကျယ်ပြောလှသည်။ ရှုံးနိမ့်ခဲ့ရင်တောင် လုံးလုံးလျားလျား သိမ်းပိုက်ဖို့ အချိန်တော်တော်ယူရလိမ့်မည်။

ဧကရာဇ်သည် စစ်မြေပြင်သို့ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ဆက်လက်စေလွှတ်ခဲ့သည်။ သူသည် ဤစစ်ပွဲတွင် စိတ်ပိုင်းဖြတ်ချက်ကို ပြသထားပြီးဖြစ်သည့် ရွှေခန္ဓာနယ်ပယ်တွင်ရှိသော ပင်းအန်းကိုပင် စေလွှတ်လိုက်သည်။

နန်းတွင်းရှိ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ ဧကရာဇ်ပြောင်းလဲသွားသည်ဟု ခံစားမိသည်။ ဘာတွေပြောင်းလဲသွားလဲတော့ မပြောနိုင်သေးပေ။ ဧကရာဇ်၏ အရယ်အပြုံးများပျောက်ရှသွားသည်ကိုတော့ သတိထားမိကြသည်။

လုံချီ ဘုရားကျောင်းတွင်.........

ကျန်းချန်ရှန်းရှေ့တွင်ရှိသော ကျန်းဂျန်သည်ကြွက်သားများ တုန်ရီနေပြီး သူသည် ခန္ဓာကိုယ် တောင့်တင်းသည့် အနေအထားတွင် ရှိနေသေးသည်။

“အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်ဖို့ နီးကပ်လာပြီ......”

ကျန်းချန်ရှန်း ကျေနပ်စွာ ပြုံးလိုက်သည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိပြီးနောက်၊ လူတစ်ဦး၏ ခွန်အား တိုးလာရုံသာမက ၎င်းတို့၏ သက်တမ်းလည်း တိုးလာမည်ဖြစ်သည်။ သက်တမ်းပိုရှည်သည်နှင့် ၎င်းတို့သည် ပိုမိုမြင့်မားသောနယ်ပယ်ကို လိုလျှောက်လှမ်းရန် အချိန်ပိုရလိမ့်မည်။

သိုင်းပညာနယ်ပယ်တွင်၊ အစစ်အမှန်နတ်ဘုရားနယ်ပယ်အဆင့်သို့ရောက်မှသာလျှင် ၎င်းတို့၏သက်တမ်းကို တိုးမြှင့်နိုင်မည်ဖြစ်သည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ် နယ်ပယ်အောက်တွင် လူတစ်ဦး၏ သက်တမ်းသည် ကံကြမ္မာအပေါ် မူတည်သည်။

ကျန်းဂျန် မျက်လုံးမဖွင့်သေးဘဲ ပြုံးလိုက်ကာ....

“ကျွန်တော်လည်း ခံစားနေတယ်... အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်ဖို့ မစောင့်နိုင်တော့ဘူး.....”

အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်လာရုံနှင့် မလုံလောက်သေးပေ။ သူသည် တောင်ပေါ်မှ မထွက်ခွာမီ ရွှေခန္ဓာနယ်ပယ်သို့ ရောက်ရန် လိုအပ်သည်။ ရွှေခန္ဓာနယ်ပယ်သို့ရောက်ရန် ယခင်နယ်ပယ်များထက် အချိန်ပိုကြာပေမည်။

သစ်ပင်အောက်မှာရှိတဲ့ ပိုင်ချီလည်း လေ့ကျင့်နေသည်။ သူမ၏ခွန်အားသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်နှင့် ယှဉ်နိုင်သော်လည်း အစစ်အမှန်နတ်ဘုရားနယ်ပယ်နယ်ပယ်နှင့် ခြေတစ်လှမ်းဝေးနေသေးသည်။ သူမသည် ဤအဆင့်အတွက် သူ့ကိုယ်သူ အားကိုးနေရပြီး ကျန်းချန်ရှန်းဆီမှ ဆေးပြားများကို အတင်းအကြပ်တောင်းယူလို့မရပေ။

ပိုင်ချီသာမကဘဲ ပိုင်လုံသည်လည်း အစစ်အမှန်နတ်ဘုရားနယ်ပယ်နှင့် ယှဉ်နိုင်သော နတ်ဆိုးသားရဲနယ်ပယ်နှင့် နီးကပ်လာသည်။ ၎င်း၏ ကိုယ်လုံးကိုယ်ပေါက်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုကြီးမားလာကာ တောင်ခါးတွင်သာ နေထိုင်ရပြီး ခြံဝင်းအတွင်းသို့ မဝင်နိုင်တော့ပေ။ မဟုတ်ရင် ခြံဝင်းတခုလုံးပျက်စီးသွားနိုင်သည်။

ကျန်းချန်ရှန်း၏ ဝိညာဉ်စွမ်းအင်များ တိုးမြင့်လာပြီး သတ္တမအဆင့်သို့ တက်လှမ်းစဉ်ကထက် ပိုမိုအားကောင်းလာသည်။

ရုတ်တရက်မိုးကုပ်စက်ဝိုင်းကို ကြည့်ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။

"နောက်ဆုံးတော့ လှုပ်ရှားကြပြီပေါ့.....

ဒါကိုကြားတော့ ကျန်းဂျန်နဲ့ ပိုင်ချီ နှစ်ယောက်လုံး မျက်လုံးတွေပွင့်လာကာ ကျန်းဂျန်က......

"ဘယ်သူတွေ လှုပ်ရှားလို့လဲ....."

ကျန်းချန်ရှန်းက.... “ရွှေခန္ဓာနယ်ပယ်ငါးဦးနဲ့ ရွှေခန္ဓာနယ်ပယ်ကို ကျော်လွန်သွားနိုင်တဲ့ တည်ရှိမှုတစ်ခု.......”

သူပြောပြီးတာနဲ့ ကျန်းဂျန် နဲ့ ပိုင်ချီ ထိတ်လန့်သွားကြသည်။ ပိုင်ချီ ကယတို အရမ်းကြောက်သွားပြီး ထခုန်လိုက်လေသည်။

ရွှေခန္ဓာနယ်ပယ်ထက် ကျော်လွန်တဲ့နယ်ပယ်...?

ဒါ ကျန်းချန်ရှန်းနဲ့နယ်ပယ် အတူတူပဲ မဟုတ်လား..... ?

ကျန်းဂျန်က အလျင်စလိုဖြင့် “ဒါဆို ရန်သူဘက်ကို ဘိုးဘိုးရင်ဆိုင်နိုင်ပါ့မလား.. "

ကျန်းချန်ရှန်း သက်ပြင်းချလိုက်သဖြင့် ကျန်းဂျန် ၏နှလုံး ချောက်ကမ်းပါးအောက်ခြေသို့ နစ်မြုပ်သွားစေသည်။

ဆန့်ကျင်ဘက်တွင် ပိုင်ချီကတော့ စိတ်လျှော့လိုက်၏။ ဒီလူ ဟန်ဆောင်နေတာ သေချာတယ်........သူသာ သူတို့ကို အနိုင်မယူနိုင်ခဲ့ရင် ဘယ်လိုလုပ် သက်ပြင်းချနိုင်မလဲ......

ချောက်ကမ်းပါးပေါ်တွင် လူခြောက်ယောက်ရပ်နေသည်......

ကောင်းကင်အရှင်သည် သူ့နံဘေးက ဝတ်ရုံအနက်နှင့်လူကို လှည့်ကြည့်လိုက်သည်။ထို သူသည် မျက်လုံးတစ်စုံသာဖော်ထားသည့် ရွှေရောင်မျက်နှာဖုံးကို ၀တ်ဆင်ထားကာ သူ့အကြည့်များက အေးစက်နေသည်။

" တာအိုဘိုးဘေးရဲ့ အော်ရာကို အာရုံခံလို့ရလား... "

ကောင်းကင်အရှင်၏မေးခွန်းကြောင့်

အခြားရွှေခန္ဓာနယ်ပယ်ပညာရှင် လေးဦးကလည်း အနက်ရောင်ဝတ်ရုံနှင့်အမျိုးသားကို ကြည့်လိုက်ကြသည်။

အနက်ရောင်ဝတ်အမျိုးသားက....

“အာရုံခံလို့မရဘူး....ထူးခြားတဲ့နည်းစနစ်သုံးပြီး အော်ရာကိုဖုံးကွယ်ထားတယ်ထင်တယ်...”

ကောင်းကင်အရှင် မျက်မှောင်ကြုတ်လိုက်သည်။

အဘိုးအိုတစ်ဦးက.... “တာအိုဘိုးဘေးက သိုင်းတောင်ထွတ်ကို တကယ်ရွှေ့ခဲ့တာလား..... စီနီယာဇူ ခင်ဗျား ဒီလောက်ကြီးမားတဲ့ တောင်ကြီးကို ရွှေ့နိုင်မလား"

မြို့တော်နှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော်လည်း သိုင်းတောင်ထွတ်၏ ကြီးကျယ်ခမ်းနားမှုကို မြင်တွေ့နိုင်သေးသည်။

အနက်ရောင်ဝတ် အမျိုးသားက.... “ကျုပ် ဒီတောင်ကြီးကို လက်ဖဝါးတစ်ဖက်တည်းနဲ့ ဖြိုချနိုင်တယ်...ဒါပေမယ့် ရွေ့ဖို့တော့ မကြိုးစားကြည့်ဖူးသေးဘူး ..... တာအိုဘိုးဘေးက ဒီလိုတောင်ကြီးကိုရွှေ့ဖို့ အစွမ်းထက်တဲ့ နည်းစနစ်တခုလေ့ကျင့်ထားပုံရတယ်.....”

ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်ပညာရှင်လေးဦးစလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မသေချာမရေရာသလို ခံစားလိုက်ရသည်။

သို့သော်လည်း အနက်ရောင်ဝတ်ထားသူသည် သိုင်းတောင်ထွတ် ဖြိုချနိုင်သောကြောင့် သူနှင့် တာအိုဘိုးဘေး၏ ကွာဟချက်မှာ ကြီးမားမည်မဟုတ်ပေ။

ဒါဟာ ရွှေခန္ဓာနယ်ပယ်ထက် သာလွန်တဲ့ ခွန်အားမျိုးလား.....သူတို့သည် လက်ဖဝါးတစ်ခုတည်းဖြင့် ပေတစ်ထောင်မြင့်သော တောင်ကြီးကို ချေမှုန်းနိုင်ကြသည်။

အနက်ရောင်ဝတ်ထားသူက.....

“ဒီတိုက်ပွဲမှာ ကျူပ် တာအိုဘိုးဘေးကို ထိန်းပေးထားမယ်... မင်းတို့ရဲ့ပန်းတိုင်က မြို့တော်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ပဲ....တကျန်းဧကရာဇ်နဲ့ အိမ်ရှေ့မင်းသားကို အရင်သတ်..... ကျူပ် တာအိုဘိုးဘေးနဲ့ မယှဉ်နိူင်ရင် နောက်ဆုတ်မယ်....အဲဒီအချိန်မှာ မင်းတို့လည်း တတ်နိုင်သမျှ ဆုတ်ခွာဖို့ကြိုးစားကြ.....”

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

“စကြဝဠာနယ်ပယ်ကို ကောင်းကင်ဘုံနယ်ပယ်လို့ ခေါ်တယ်...စကြာဝဠာနယ်ပယ်က အခြားသော ကျွမ်းကျင်သူတွေနဲ့ တိုက်ပွဲဝင်ခဲ့ဖူးတယ်..... စကြဝဠာနယ်ပယ်တွေရဲ့ တိုက်ပွဲမှာ ခွန်အားကွာခြားချက် ကြီးမားတယ်ဆိုရင်တောင် တစ်ယောက်ကိုတစ်ယောက်သတ်ဖို့ ခက်ခဲတယ်... ဒါ့ပြင် တာအို ဘိုးဘွားကို ကျူပ်ထက် သန်မာတဲ့ ပညာရှင်တစ်ယောက်အနေနဲ့ သဘောထာပြီး ကျူပ်ဘက်က သွေးတိုးစမ်းဖို့အရင်တိုက်ခိုက်နှင့်မယ်....."

အနက်ရောင်ဝတ်အမျိုးသားက စကားဆုံးသည်နှင့် ထိုနေရာမှ ဖြတ်ကနဲ ပျောက်သွားသည်။

ကောင်းကင်အရှင်က ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူလေးဦးဘက်လှည့်ကာ....

"ဒီနေ့ ငါတို့အောင်မြင်ရင် ကမ္ဘာတဝှမ်းက ကံကြမ္မာကိုစုစည်းပြီး လူသားဧကရာဇ်ပြန်လာနိုင်လိမ့်မယ်.....ဒါ့ကြောင့်မို့ အစွမ်းကုန်တိုက်ခိုက်ကြမယ်!!!!"

သူတို့လေးယောက်က “ကျူပ်တို့ သေသည်အထိတိုက်ခိုက်ပါမယ်...” ဟု တညီတညွတ်တည်း ကြွေးကြော်လိုက်သည်။

ကောင်းကင်အရှင်က ခေါင်းညိတ်ပြကာ လေးယောက်လုံးကို မြို့တော်ဆီသို့ ချက်ချင်း ပို့ဆောင်လိုက်သည်။

တော်ဝင်စာကြည့်ဆောင်တွင်.....

ကျန်းရှုသည် သူ၏မျက်ခုံးကြားမှ စူးရှသောနာကျင်မှုကို ရုတ်တရက်ခံစားရပြီး စိတ်မသက်မသာခံစားနေရသည်။

သဲစားပွဲရှေ့မှာ ရပ်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေတဲ့ ကျန်းဇီယုကို မော့ကြည့်လိုက်တော့ ကျန်းဇီယု ၏ မျက်ခုံးနှစ်ခုကြားမှ မွေးရာပါ အမှတ်အသားသည် ရွှေရောင်ဖျော့ဖျော့ တောက်ပနေသည်ကိုတွေ့လိုက်သည်။

"မင်းလည်း ခံစားရလား"

ကျန်းဇီယုက ထိုသို့ မေးရင်း ပြတင်းပေါက်အပြင်ဘက် ကောင်းကင်ကို စိုက်ကြည့်နေဆဲပင်....

ကျန်းရှုက အသက်ပြင်းပြင်းရှူပြီး.....

“ကျွန်တော် စိတ်မသက်မသာဖြစ်နေတယ်. ...အင်မတန် အားကောင်းတဲ့

အန္တရာယ်ကျရောက်လာတော့မယ်ထင်တယ်..”

ကျန်းဇီယုက.... “ရှန်းရှန်တုံးထျန်း လှုပ်ရှားနေပြီထင်တယ်.... အပြင်ထွက်ကြည့်ရအောင်....."

ကျန်းရှုက ခေါင်းညိတ်ပြီး ဖတ်လက်စသဝဏ်လွှာကို ချလိုက်သည်။ သားအဖနှစ်ယောက် စာကြည့်ဆောင်မှ ထွက်လာခဲ့ပြီးလှေကားထစ်များပေါ်တွင် ရပ်ကာ ကောင်းကင်ကို မျှော်ကြည့်ကြသည်။

တိမ်မည်းလှိုင်းတွေ တဟုန်ထိုး လှိမ့်တက်လာပြီး မိုးခြိမ်းသံတွေနဲ့အတူ မြို့တော်တစ်ခုလုံးကို တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။

မြို့တော်ရှိ သိုင်းပညာရှင် အများအပြားကလည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိပြီး လမ်းမများဆီသို့ တယောက်ပြီး တယောက် ထွက်လာကြသည်။

သိုင်းပညာရှင်များသာမကဘဲ သာမန်လူများနှင့် ကုန်သည်များကလည်း တစ်ခုခုလွဲမှားနေကြောင်း သတိပြုမိကြသည်။

"ဗိုလ်ချုပ်ပင်းအန်း ဒီမှာမရှိဘူး..စီနီယာယုကလည်း ဖူယွဲ့မိသားစုဆီ ပြန်သွားတယ်.....ခမည်းတော် အမိန့်ထုတ်စရာ မလိုဘူးလား"ဟု ကျန်းရှုက မေးသည်။

ပြင်းထန်သောဖိအားများ မြို့တော်ကို လွှမ်းခြုံထားခြင်းသည် ကြောက်စရာကောင်းတဲ့ ပညာရှင်တစ်ယောက် ရောက်ရှိလာခြင်းပင်ဖြစ်ပေလိမ့်မည်။

ကျန်းဇီယုက ....“မလိုဘူး... မင်းရဲ့ ဆရာတော်ဘိုးဘိုး ရောက်လာလိမ့်မယ်...."

သူ့အကြည့်တွေက နက်နဲလာပြီး.... “ရွှေခန္ဓာနယ်ပယ်ပညာရှင်တွေဆို မြို့တော်ကို မလာရဲလောက်ဘူး....အခုရောက်လာတဲ့သူက ဘယ်နယ်ပယ်များလဲ...."

တခုခုတွေးမိရင်း ကျန်းရှု တုန်လှုပ်သွားသည်။ ရွှေခန္ဓာနယ်ပယ်ထက် သာလွန်တဲ့ ပညာရှင်တစ်ယောက်လား.....

သူ့မျက်လုံးတွေထဲမှာ စိုးရိမ်မှုတွေနဲ့ ပြည့်နေခဲ့ပြီ.....

ဝုန်းးးးးးး

မိုးခြိမ်းသံတွေ မြို့တော်ကို ဖုံးလွှမ်းနေသော်လည်း မ်ိုးတစက်မျှမရွာသေးပေ။

“ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ချီဓာတ်....... ”

" တာအိုဘိုးဘွား အတိဒုက္ခ ကျော်လွှားနေတာလား..... "

"မသေချာဘူး....ဒါပေမယ့် ချီဓာတ်တွေက ကောင်းကင်နဲ့ မြို့တော်ကို ဖုံးလွှမ်းနေပြီ.....

တာအိုဘိုးဘေးကြောင့်သာဆို စိုးရိမ်နေစရာမလိုဘူး..... "

သိုင်းပညာရှင်များ စိတ်ဓာတ်တက်ကြွစွာ ဆွေးနွေးကြသည်။ နယ်ပယ်မြင့်လေလေ ခံစားချက်က ပိုလေးနက်လေပင်... ဤစစ်မှန်သောချီဓာတ်၏ ခွန်အားကို မှန်းဆ၍မရပေ။

သိုင်းပညာရှင်တစ်ယောက်တွင် ထိုသို့သော အစစ်အမှန်ချီများရှိနိုင်ပါသလား.....

လုံချီ တောင်ပေါ်တွင်......

ကျန်းဂျန်သည် လက်တစ်ဖက်၌ သုံးခွချွန်လှံရှည်ကို ကိုင်လျက် နံရံတစ်ခုပေါ်တွင် ရပ်နေသည်။ သူ့မျက်လုံးတွေက ကောင်းကင်ကို စိုက်ကြည့်နေပြီး လက်နက်ကို ကိုင်ထားတဲ့ လက်တဖက် တုန်ရီနေသည်။

ကျန်းဂျန် ကျောပေးထားသည်ကို အခွင့်ကောင်းယူပြီး ကျန်းချန်ရှန်းသည် ကိုယ်ပွားငါးခု ခွဲထုတ်ပြီး ကိုယ်ပွားများ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

တိုက်ဆိုင်စွာပင် ပိုင်ချီ ဤမြင်ကွင်းကို မြင်လိုက်ရသည်။

သူမ၏မျက်လုံးများထဲတွင် လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည်။

ကဲ....ပွဲကြည့်ဖို့အချိန်တန်ပြီ.....

ဝုန်းးးးးးးး

ကြီးမားသော လျှပ်စီးကြောင်းကြီးတစ်ခု ကျရောက်လာပြီး တစ်မြို့လုံး လင်းထိန်သွားကာ မရေမတွက်နိုင်သော လူများကို ကြောက်လန့်စေခဲ့သည်။

မိုးကြိုးတိမ်တိုက်များသည် မြို့တော်ကြီးကို အုပ်မိုးထားသော တိမ်တိုက်ကြီးတစ်ခုအဖြစ်သို့ ဖွဲ့စည်းသွားသည်။ ဒီမြင်ကွင်းက မြို့သူမြို့သားတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေတဲ့ ထူးထူးခြားခြား ကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပင်.....

ဒီတိမ်တိုက်တွေက တာအိုဘိုးဘေးကြောင့်မဟုတ်တာ သေချာနေပြီ...

"သက်တမ်းတစ်ရာတောင်မပြည့်သေးတဲ့ မင်းဆက်တစ်ဆက်က ရှန်းရှန်တုံးထျန်းရဲ့အမိန့်ကိုမနာခံဘဲ ကမ္ဘာကြီးကို သိမ်းပိုက်ချင်နေတာလား...."

အသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်း၏နားထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်လာခဲ့သည်။

မြို့တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့သော်လည်း မြို့တော်တွင် တာအိုဘိုးဘေးရှိနေသောကြောင့် ကြောက်နေစရာမလိုပေ။

"တာအိုဘိုးဘေး... မင်းဘာလို့ပေါ်မလာသေးတာလဲ..... ကောင်းကင်ဘုံရဲ့ တန်ခိုးအာဏာကိုမြည်းစမ်းဖို့ ထွက်လာခဲ့စမ်း!!!!!”

သူပြောပြီးတာနဲ့ အားလုံးက လုံချီ ဘုရားကျောင်းဘက်ကို လှည့်ကြည့်လိုက်ကြသည်။

ကျန်းဂျန်လည်း ခေါင်းလှည့်လိုက်သည်။

ကျန်းချန်ရှန်းသည် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ တိမ်များကိုဆင့်ခေါ်ကာ စီးနင်းပျံသန်းသွားလေသည်။

တိမ်တွေကိုစီးပြီး မြို့တော်အထက်ကို ပျံသန်းနေစဉ်တွင် သားမွှေးသင်္ကန်းသည် မှိန်ဖျော့သော ကောင်းကင်အောက်တွင်ထွန်းလင်းတောက်ပနေပြီး နိုင်ငံသားများနှင့် သိုင်းပညာရှင်များစွာတို့ သူ၏ရုပ်သွင်ကို မြင်နိုင်စေခဲ့သည်။

တာအိုဘိုးဘေး ပေါ်လာတာကိုမြင်တော့ မြို့သူမြို့သားအားလုံး ငြိမ်သက်သွားလေသည်။

ကျန်းချန်ရှန်းသည် မိုးကြိုးတိမ်တိုက်အောက်သို့ ပျံသန်းသွားပြီး တိမ်တိုက်ကြီးကို မျက်နှာမူကာ ရဲဝံ့စွာရင်ဆိုင်လိုက်သည်။

" တာအိုဘိုးဘေး.... ငါ မင်းကို နောက်ထပ် အခွင့်အရေး ပေးမယ်.. တကျန်းကို စွန့်လွှတ်လိုက်.... ကမ္ဘာတစ်ခုလုံးနဲ့ ရန်သူ မဖြစ်ချင်စမ်းနဲ့....."

အေးစက်သောအသံကို တစ်ဖန်ပြန်ကြားရပြီး လေသံမှာ ဖိနှိပ်မှုများနှင့် ပြည့်နေသည်။

"တကျန်းကို ငါကာကွယ်မယ်.... တကျန်းက တစ်ကမ္ဘာလုံးနဲ့ ရန်သူဖြစ်သွားရင် ငါကလည်း ကမ္ဘာတစ်ခုလုံးနဲ့ ရန်သူဖြစ်သွားလိမ့်မယ်....."

ကျန်းချန်ရှန်း၏ အသံ ထွက်ပေါ်လာသည်။ သူ့အသံက တဖက်လူရဲ့အသံလောက် မကျယ်ပေမယ့် မြို့တော်ထဲက လူတိုင်းကြားနေရဆဲပင်.....

ကျန်းဇီယုက ပြုံးနေပြီး ကျန်းရှုက ကျန်းချန်ရှန်းကို လေးလေးစားစား ကြည့်နေသည်။

လူတိုင်း၏အကြည့်အောက်တွင် ကျန်းချန်ရှန်းသည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကြီးမားသောတိမ်တိုက်ဆီသို့ ပြေးသွားခဲ့သည်။ ပေါက်ကွဲသံနှင့်အတူ ကြီးမားသော တိမ်တိုက်ကြီး လွင့်စင်သွားကာ တိမ်ပင်လယ်ပြင်ထက် ရွှေရောင်အလင်းတန်းများ တောက်ပလာသည်။

သူသည် အနက်ရောင်ဝတ်အမျိုးသား၏ ရွှေရောင်မျက်နှာဖုံးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး တိမ်ပင်လယ်ပြင်ကို ဖြတ်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

အနက်ရောင်ဝတ်အမျိုးသား အလွန်တုန်လှုပ်သွားပြီး ချက်ချင်းနောက်ဆုတ်ကာ ကျန်းချန်ရှန်းနှင့် ပေတစ်ထောင်အကွာအဝေးတွင် ရပ်နေသည်။

"မြန်လိုက်တာ......"

အနက်ရောင်ဝတ်ထားသူ တိတ်တဆိတ် တုန်လှုပ်သွားသည်။ တာအိုဘိုးဘေးကို ရင်ဆိုင်ဖို့စိတ်ပိုင်းဖြတ်ထားသော်လည်း သူ၏ခွန်အားကြောင့် ကြောက်ရွံ့နေဆဲဖြစ်သည်။

ကျန်းချန်ရှန်းက ချီလင်းသားမြီးယပ်ကို ကိုင်ပြီး ပြုံးလိုက်သည်။

“လာစမ်းပါ.... စကြဝဠာနယ်ပယ်ရဲ့ စွမ်းအားကို ပြစမ်းပါဉီး.....”

အနက်ရောင်ဝတ်ထားသူ ထိုစကားကိုကြားသောအခါ တိတ်တဆိတ် သက်ပြင်းတစ်ချက်ချလိုက်သည်။

ဒီဘုန်းကြီးက မာနကြီးလွန်းတယ်.....ကောင်းကင်အရှင်တို့အတွက် ရသလောက်အချိန်ဆွဲပေးရမှာပဲ....

ညာလက်ကို ချက်ချင်း မြှောက်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူ့ခြေဖဝါးအောက်က တိမ်ပင်လယ်တွေ ပျောက်ကွယ်သွားပြီး အကန့်အသတ်မဲ့ စစ်မှန်တဲ့ချီဓာတ်တွေ သူ့ခန္ဓာကိုယ်ကနေ ပြည့်လျှံသွားပြီး သူ့နောက်ကွယ်မှာ ကောင်းကင်နဲ့ မြေကြီးပုံစံအဖြစ် ပေါင်းစည်းသွားလေသည်။

သူရုတ်တရက် ပျောက်ကွယ်သွားပြီး ကျန်းချန်ရှန်းရဲ့ နောက်တွင် ချက်ချင်း ပေါ်လာသည်။

လက်သီးဆုပ်လိုက်သည်နှင့် သူ့နောက်မှ ကောင်းကင်နှင့် မြေကြီး ပုံသဏ္ဍာန်ပုံရိပ်ယောင် ရုတ်တရက် ကျုံ့သွားကာ သူ၏ ညာလက်သီးထဲသို့ စိမ့်ဝင်သွားသည်။

ကျန်းချန်ရှန်းကို ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားအပြည့်ပါသော လက်သီးဖြင့်ထိုးချလိုက်လေတော့သည်။

ဝုန်းးးးးးးးး

ကျယ်လောင်သော ပေါက်ကွဲသံကို မြို့တော်ရှိ လူတိုင်းကြားနိုင်သည်။ သူတို့နှစ်ယောက် တိုက်ခိုက်နေတာကို မမြင်ရသော်လည်း အသံတစ်သံတည်းက ခန့်မှန်းကြည့်ဖို့ လုံလောက်သည်။

အနက်ရောင်ဝတ်ထားသူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့လက်သီးကို မမြင်နိုင်သော အတားအဆီးတစ်ခုဖြင့် ပိတ်ဆို့ထားသည်ကိုခံစားနေရပြီး သူသည် ကျန်းချန်ရှန်း၏ ၀တ်လုံနှင့် ငါးစင်တီမီတာသာ ကွာဝေးသော်လည်း ၎င်းကို မထိနိုင်ပေ။

မဖြစ်နိုင်ဘူး!

အနက်ရောင်ဝတ်ထားသူ ဒေါသတကြီးအော်ဟစ်ကာ ပျောက်ကွယ်သွားပြန်သည်။ တခဏအကြာတွင် ပုံရိပ်ယောင်များအဆက်မပြတ်ထွက်ပေါ်လာပြီး ကျန်းချန်ရှန်းကိုဝန်းရံလိုက်သည်။ လက်သီးချက်နှင့် ကန်ချက်များ အဆက်မပြတ် ထုတ်ဖော်နေသော်လည်း ကျန်းချန်ရှန်းကို မည်းနည်းမျှမထိခိုက်စေနိုင်ပေ။

တစ်ချိန်တည်းမှာပင်......

မြို့ရိုးလေးခုတွင် ရွှေခန္ဓာနယ်ပယ်တစ်ယောက်စီရှိနေကြသည်။

နန်းတော်ရှေ့ရှိ ကျန်းဇီယုနှင့် ကျန်းရှု တို့သည် အလွန်လျင်မြန်သော အရှိန်ဖြင့် သူတို့ဆီသို့ ပျံသန်းလာနေသူ လေးယောက်ကို ရုတ်တရက် တွေ့လိုက်ရသည်။

All Chapters