စကြဝဠာနယ်ပယ်မဟုတ်ဘူး..... နေမင်းကိုပစ်ခွင်းသောနတ်ဘုရားလေး......
Vol. 8 Ch. 115
ကောင်းကင်အရှင်က ကျန်းဇီယုတို့သားအဖဆီ အမြန်ဆုံး အရှိန်နဲ့ပျံသန်းနေပြီး နီးကပ်လာသည်နှင့်အမျှ အလွန်အမင်း တုန်လှုပ်သွားသည်။
တာအိုဘိုးဘေးကို အနက်ရောင်ဝတ်အမျိုးသားက ထိန်းထားသည်ဟုဆိုသော်လည်း တိုက်ပွဲ၏ ဖိအားကို ကောင်းစွာ ခံစားနိုင်သည်။
တကျန်းဧကရာဇ် သတ်ပြီးတာနဲ့ ချက်ချင်းဆုတ်ခွာမှဖြစ်မည်။
တကျန်းဧကရာဇ်ကြီး ကွယ်လွန်သွားသည်နှင့် တိုင်းပြည် ကမောက်ကမ ဖြစ်သွားပေမည်။ အနည်းဆုံးတော့ နှစ်ဒါဇင်နဲ့ချီပြီး ဖရိုဖရဲဖြစ်နေပေလိမ့်မည်။
ကျန်းဇီယုက ကျန်းရှုရဲ့ရှေ့တွင် ချက်ချင်းရပ်လိုက်သည်။ ကျန်းရှုသည် နန်းတော်တံတိုင်းနောက်ကွယ်မှ ရွှေရောင်အလင်းတန်းတစ်ခုကို ရုတ်တရက်မြင်လိုက်သောအခါ မျက်လုံးများပြူးကျယ်လာသည်။
ကောင်းကင်အရှင်သည်လည်း ထိုရွှေရောင်အလင်းတန်းကို လှမ်းမြင်လိုက်ရသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားသော်လည်း မတုံ့ပြန်နိုင်ခင်မှာပင် ရွှေရောင်အလင်းတန်းက သူ့နဖူးကို ထိုးဖောက်သွားကာ သွေးများ လေထဲသို့ ကြဲပြန့်ကုန်သည်။
တစ်ဖက်တွင်၊ မြို့ရိုးပတ်လည်ရှိ ရွှေခန္ဓာကျွမ်းကျင်သူများသည် မြို့တော်ကို ဖျက်ဆီးရန် ၎င်းတို့၏ အပြင်းထန်ဆုံးသော နည်းစနစ်ကို အသုံးပြုတော့မည်ဖြစ်သည်။
သို့သော် သူတို့ဘာမှမလုပ်နိုင်ခင်မှာပင် သူတို့ရှေ့တွင် လူတစ်ယောက်ပေါ်လာသည်။ ထိုသူသည် ၎င်းတို့၏ ရင်ဘတ်များကို ကန်ကျောက် နင်းချေကာ မြို့တော်မှ နှင်ထုတ်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အပြင်ဘက် တောအုပ်ဆီသို့ ရောက်သွားကြလေသည်။
မြို့သူမြို့သားများနှင့် စစ်သားများသည် ကောင်းကင်ပေါ်က တိုက်ပွဲကို စောင့်ကြည့်နေကြပြီး ၎င်းတို့လေးဦးကို သတိမပြုမိကြပေ။
ကျန်းချန်ရှန်း၏အရှိန်ကို လိုက်မမှီသောကြောင့် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်ပညာရှင်လေးဦးခင်မျာ အော်ချိန်တောင်မရလိုက်ပေ။
ဝုန်းးးးး
ကောင်းကင်အရှင်၏ အလောင်း ဧကရာဇ် ရှေ့သို့ ပြုတ်ကျသွားသည်။ နာကျည်းမှုတွေနဲ့ သေဆုံးသွားပြီး သူ့မျက်လုံးတွေမှာ စိတ်ပျက်အားငယ်မှုတွေနဲ့ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေဆဲပင်.....
ဒါကိုမြင်တော့ ကျန်းဇီယု စိတ်လျော့လိုက်လေသည်။
ကျန်းရှုလည်း ထို့အတူပင်......အရေးကြီးသောအချိန်တွင် သူ့အဖေ၏လုပ်ရပ်များက သူ့နှလုံးသားကို ထိရှစေသည်။
ကျန်းဇီယုက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး.....
"မျှော်လင့်ထားတဲ့အတိုင်း အဖေ့မျက်လုံးအောကနေ ကြံစည်မှုတစ်ခုမှ လွတ်ကင်းနိုင်မှာမဟုတ်ဘူး" လို့ တိုးတိုးလေး ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင်......
အနက်ရောင်ဝတ်ထားသူသည် ကျန်းချန်ရှန်း ကို တိုက်ခိုက်နေဆဲပင်.... သူ ဘယ်လိုပဲ တိုက်ခိုက်ပါစေ ကျန်းချန်ရှန်းရဲ့ ဝတ်ရုံကို မထိနိုင်သေးပေ။
ကျန်းချန်ရှန်း၏ လျစ်လျူရှုသောအကြည့်များကို ရုတ်တရက်တွေ့လိုက်ရပြီး အလွန်ကြောက်လန့်သွားကာ ရုတ်တရက် ဆုတ်ခွာသွားခဲ့သည်။
အနက်ရောင်ဝတ်အမျိုးသား ရှက်ရွံ့ဒေါသဖြစ်ခဲ့ရသည်။ သူသည် စကြဝဠာနယ်ပယ်ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး တစ်ချိန်က ကမ္ဘာပေါ်တွင် ထိပ်တန်းအဆင့် တည်ရှိမှုဖြစ်ခဲ့သော်လည်း ယခုအခါ နောက်လှည့်ပြေးနေရချေပြီ......
အနက်ရောင်ဝတ်ထားသူ ဒေါသတကြီးဟိန်းဟောက်ပြီး သူ၏အစစ်အမှန်ချီဓာတ်များပေါက်ကွဲသွားပြန်သည်။ ကောင်းကင်နှင့်မြေကြီး ပုံရိပ်ယောင် ပေါ်လာပြီး ယခုတစ်ကြိမ်တွင် ပို၍ပင် ကျယ်ပြောလာသည်။ကောင်းကင်နှင့်မြေပြင်သဏ္ဍာန်ပုံရိပ်ယောင် သူ့နောက်မှာ ပေါ်လာပြီး လျင်မြန်စွာ ကျယ်ပြန့်လာကာ ကျန်းချန်ရှန်းကိုပါ ဝါးမျိုလိုက်လေသည်။
ကျန်းချန်ရှန်း မော့ကြည့်လိုက်တော့ ပင်လယ်ရေတွေ သူ့ခေါင်းထက်မှာ ဇောက်ထိုးကျနေတာကို တွေ့လိုက်ရသည်။ အပြာရောင်ပင်လယ်ကြီးသည် မျက်စိတဆုံးကျယ်ပြောလှပြီး ခြေဖဝါးအောက်တွင် တောင်သွယ်အထပ်ထပ်နှင့် မြစ်များ ဖြတ်သန်းစီးဆင်းနေသည်။
“စကြဝဠာနယ်ပယ်ဆိုတာ ဒါလား....ဒါတွေဟာ အစစ်အမှန်ချီနဲ့ ဖန်တီးထားတဲ့ပုံရိပ်ယောင်တွေ.....အစစ်အမှန်တွေမဟုတ်ဘူး....."
ကျန်းချန်ရှန်း ထိုသို့ လေးလေးနက်နက် တွေးနေမိသည်။ အနက်ရောင်ဝတ်ထားသူသည် သူ၏ အမူအရာကို မြင်သောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။
"သေလိုက်တော့...!"
အနက်ရောင်ဝတ်ထားသူက ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး တိရိစ္ဆာန်တစ်ကောင်၏လက်သည်းများအဖြစ် ပြောင်းလဲသွားသည်။ အံကြိတ်ကာ လက်သီးကို ဆုပ်လိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင် ပုံရိပ်ယောင်က ကျန်းချန်ရှန်းပေါ်သို့ ချက်ချင်းထိုးကျလာပြီး သူ့အား ရစ်ပတ်ကာ အဆက်မပြတ် ကျုံ့သွားသည့် ချီဓာတ် စက်လုံးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့အပြင်၊ စစ်မှန်သောချီဓာတ်ကြိုးမျှင်များက ဓါးသွားများကဲ့သို့ ၎င်းကို လှည့်ပတ်နေသည်။
ဝုန်းးးးးးးး
စစ်မှန်သောချီဓာတ် စက်လုံး ရုတ်တရက် ပေါက်ကွဲသွားပြီး အင်အားများ ပြန့်ကျဲသွားကာ တိမ်ပင်လယ်ကို လွင့်ပါးစေသော လေပြင်းများ တိုက်ခတ်သွားလေသည်။ အနက်ရောင်ဝတ်အမျိုးသားပါ လွင့်စင်သွားကာ မျက်လုံးများပြူးကျယ်နေသည်။
ကျန်းချန်ရှန်းသည် လက်ထဲတွင် ချီလင်သားမြီးယပ်ကို ကိုင်လျင် ကောင်းကင်တွင် ရပ်နေ၏။
မဖြစ်နိုင်ဘူး!!!!!
အနက်ရောင်ဝတ်အမျိုးသား ရုတ်တရက် လှည့်ကြည့်လိုက်ပြီး မိုးကုတ်စက်ဝိုင်းထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“သူက စကြဝဠာနယ်ပယ်မဟုတ်ဘူး....…”
အနက်ရောင်ဝတ်ထားသူ ကြောက်ရွံ့ထိတ်လန့်ကာ စိတ်ထဲကနေအော်ဟစ်နေသည်။
သူသည် ရှန်းရှန်တုံးထျန်း၏ စကြဝဠာနယ်ပယ်ပညာရှင်ဖြစ်သော်လည်း တာအိုဘိုးဘေးကိုတစက်လေးမျှ ထိခိုက်အောင်မလုပ်နိုင်ခဲ့ပေ။
ထိုအချိန်၌ ကောင်းကင်အရှင်တို့ဘက်က အခြေအနေကို ဂရုမစိုက်နိုင်တော့ဘဲ ကိုယ်လွတ်ရုန်းပြေးဖို့သာဆုံးဖြတ်လိုက်တော့သည်။
"လခွမ်းပဲကွာ...!"
ဤတိုက်ကြီး၌ စကြဝဠာနယ်ပယ်ကို ကျော်လွန်သော ပညာရှင်တစ်ဦး မည်သို့ရှိနိုင်မည်နည်း.....
ဒီဘုန်းကြီးက ပင်လယ်ရပ်ခြားက လာတဲ့သူပဲဖြစ်ရမယ်.... ဒီသတင်းကို ပဖြန့်ပြီး ကျန်းချန်ရှန်းကို ပစ်မှတ်ထားဖို့ကြိုးစားနေတဲ့ ရှန်းရှန်တုံးထျန်းကို လက်လျှော့ခိုင်းရမယ်.....
ထိုအချိန်တွင် သူ့နောက်ကျောဘက်တွင် တစ်ခုခုရောက်လာသလို ခံစားလိုက်ရသည်။ မသိစိတ်ကြောင့် လှည့်ကြည့်လိုက်တော့ကျန်းချန်ရှန်း သူ့နောက်ကျောမှာရပ်နေပြီး ငုံ့ကြည့်နေတာကို တွေ့လိုက်ရသည်။
သူ မလှုပ်နိုင်ခင်မှာ ကြောက်စရာကောင်းတဲ့ အင်အားတစ်ခု ကျဆင်းလာပြီး သူ့ကို ဖိချေထားသည်။ ပြင်းထန်သော ဖိအားများကြောင့် မူးမေ့လဲလုမတတ် ဖြစ်သွားခဲ့သည်။ သူ၏သွေးနှင့်ချီဓာတ်များ တဟုန်ထိုး ဆူပွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး အချိန်မရွေး ပေါက်ကွဲတော့မလိုခံစားနေရသည်။
ကျန်းချန်ရှန်းသည် အနက်ရောင်ဝတ်အမျိုးသားကို ဖိနင်း၍ ကောင်းကင်မှ ဆင်းသက်ခဲ့သည်။ သူသည် တောင်များကိုဖြတ်၍ တောင်တန်းများကြားမှ လွင်ပြင်သို့ ဖြတ်သွားခဲ့သည်။ မြေပြင်တုန်ခါပြီး ဖုန်မှုန့်တွေ လွင့်စင်သွားခဲ့သည်။
လေပြင်းကြောင့် ဖုန်မှုန့်များ လွင့်စင်သွားခဲ့ပြီး ကျန်းချန်ရှန်း၏ ရုပ်သွင်ကို ရှင်းလင်းစွာမြင်နိုင်ခဲ့သည်။ အနက်ရောင်ဝတ်အမျိုးသားသည် ကြွက်သားများနှင့် အရိုးများကျိုးကြေကာ သေလုနီးပါးဖြစ်နေချေပြီ......
အနက်ရောင်ဝတ်အမျိုးသား၏ မျက်နှာဖုံးသည် ကွဲအက်သွားပြီး သွေးများဖြင့် ဖုံးလွှမ်းနေသော အသက်အရွယ်ကြီးရင့်သော မျက်နှာကို အတိုင်းသားမြင်နေရသည်။ သူက ကျန်းချန်ရှန်းကို ထိတ်လန့်စွာ စိုက်ကြည့်ရင်း ....
" မင်း....မင်း ဘယ်သူလဲ... ဘယ်နယ်ပယ်လဲ..."
ကျန်းချန်ရှန်းသည် အူလည်လည်ဖြစ်နေသော ကုန်သည်အုပ်စုနှင့် တရားဝင်လမ်းပေါ်ရှိ အစောင့်အကြပ်များကို လှည့်ကြည့်လိုက်ကာ..... "ထွက်မသွားသေးဘူးလား.... ငါတို့ မင်းတို့ကို ဒုက္ခပေးမှာ မကြောက်ဘူးလား"
ထိုမှသာ အစောင့်အကြပ်အဖွဲ့မှ အဖွဲ့ဝင်များအားလုံး ထိတ်လန့်တကြား သတိဝင်လာပြီး ရထားလုံးများကို အလျင်စလို မောင်းထွက်သွားကြသည်။
သူတို့ထွက်သွားပြီးနောက် ကျန်းချန်ရှန်းက အနက်ရောင်ဝတ်အမျိုသားကို ငုံ့ကြည့်လိုက်သည်။ သူသည် ထိုအမျိုးသား၏ နောက်ဆုံးထွက်သက်ကို ထိန်းချုပ်ထားပြီး ပုံရိပ်ယောင်နတ်မျက်စိ သုံးကာ သိလိုသမျှကို စစ်ဆေးမေးမြန်းလိုက်တော့သည်။
ကောင်းကင်တွင် တိုက်ပွဲသံများ ပျောက်ကွယ်သွားကာ ကောင်းကင်နှင့် မြေကြီးကြားတွင် တိုက်ခတ်သွားသော လေပြင်းများကလည်း ရပ်တန့်သွားသည်။ အရာအားလုံးက တိုက်ပွဲပြီးဆုံးကြောင်း ညွှန်ပြနေသည်။
မြို့တွင်းတိုက်ပွဲအခြေအနေကို မည်သူမျှ မသိကြသော်လည်း ရလဒ်ကတော့ အသိသာကြီးပင်.... အကယ်၍ မြို့တော်တွင် ပျက်စီးမှုတစ်စုံတစ်ရာမရှိခဲ့လျှင် တာအိုဘိုးဘေး အောင်နိုင်ခဲ့ခြင်းဖြစ်ပေသည်။
" တာအိုဘိုးဘေးက အရမ်းအစွမ်းထက်တယ်"
"ရှန်းရှန်တုံးထျန်းဆိုတာ ဘယ်လိုနေရာမျိုးလဲ...."
" တာအိုဘိုးဘေးက ရွှေခန္ဓာနယ်ပယ်ကို ကျော်လွန်နေတဲ့ ကျွမ်းကျင်သူကိုတောင် အလွယ်တကူ တွန်းလှန်နိုင်တယ်.....တကယ့်ကို နတ်ဘုရားပဲ”
" တာအိုဘိုးဘေး ပြောသွားတာကို မင်းကြားလား။း.... သူက တကျန်းအတွက် ကမ္ဘာတစ်ခုလုံးနှင့် ရန်သူဖြစ်နိုင်တယ်တဲ့....."
“သိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားက တကယ်ကို အစွမ်းထက်တယ်.... ငါတို့ရဲ့ သိုင်းပညာ အောင်မြင်မှုတွေက အစပြုသူအဆင့်မှာတောင် မရှိမှာကို စိုးရိမ်ရတယ်...."
မြို့သူမြို့သားအားလုံး တုန်လှုပ်သွားကြသည်။ အနက်ရောင်ဝတ်ထားသူ ဖန်ဆင်းထားတဲ့ တိမ်တိုက်က တကယ့်ကို ကြောက်စရာကောင်းပြီး သူတို့တစ်သက်လုံး ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပေ။ တိမ်တိုက်က ပိုကြောက်စရာကောင်းလေ၊ တာအိုဘိုးဘေးရှိနေခြင်းကြောင်း လုံခြုံတဲ့ခံစားချက်က ပိုကြီးမားလေပင်....
တန်ခိုးကြီးမားသော တာအိုဘိုးဘေးသည် မျှော်လင့်ထားသည့်အတိုင်း တကျန်းကို ကယ်တင်ခဲ့ပြန်ပြီ......
ကျန်းဇီယုသည် ကျန်းချန်ရှန်း၏အသံကိုကြားသဖြင့် ကျူးကျော်သူများ၏အလောင်းများကိုရှာဖွေရန် အမိန့်ပေးထားသဖြင့် ၀တ်ဖြူဝတ်အစောင့်အမြောက်အများ မြို့ပြင်သို့ ပြေးထွက်လာခဲ့သည်။ နောက်ဆုံးတွင် ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူများ၏ အလောင်းများသည် အလွန်တန်ဖိုးရှိနေဆဲဖြစ်သည်။
လုံချီတောင် ခြံဝင်းနံရံပေါ်ကနေ ကျန်းဂျန် လှည့်ပတ်ကြည့်နေသော်လည်း ကျန်းချန်ရှန်း နှင့်အနက်ရောင်ဝတ်အမျိုးသားကို မတွေ့ရသဖြင့် အလွန်စိုးရိမ်နေမိသည်။
ပိုင်ချီက မြေပြင်ပေါ်လှဲချလိုက်ပြီး “ကြည့်မနေနဲ့...... မင်းရဲ့ ဘိုးဘိုး က အနိုင်ရမှာသေချာတယ်..... သူ့ရဲ့ အဓိပ္ပါယ်မဲ့စကားတွေကို နားမထောင်နဲ့..... သေချာတာကတော့သူက ပြိုင်ဘက်ထက် အများကြီး ပိုသန်မာတယ်.... သူ့ခွန်အားကို ထုတ်မပြချင်လို့ သက်သက်လျှို့ဝှက်နေတာ...."
ကျန်းဂျန် သူမ ပြောတာတွေဖြစ်နိုင်သည်ဟုတွေးကာ ခြံဝင်းထဲသို့ ပြန်ခုန်ချလိုက်သည်။
“ဒါပေမယ့် ဘာလို့ ပြန်မလာသေးတာလဲ”
“ဘုရားပဲသိလိမ့်မယ်.... လေ့ကျင့်စရာရှိတာသာလေ့ကျင့်စမ်းပါ.
..."
တာအိုဘိုးဘေးနားမှာ နေရတာ အရမ်းလုံခြုံတယ်.......
ကျန်းဂျန်က ပိုင်ချီကို စိုက်ကြည့်နေသည်။ ပိုင်ချီကျင့်ပျက်နေသည်ဟု သူခံစားမိသည်။ ပိုင်ချီက အရာရာကို သူ့ထက်ပိုသိ ပိုတတ်နေသဖြင့် စိတ်မသက်မသာခံစားနေရသည်။
တစ်နာရီကြာပြီးနောက် ကျန်းချန်ရှန်း ခြံဝင်းထဲ ပြန်ရောက်လာသည်။ အပြန်လမ်းတွင် သူသည် ကိုယ်ပွားများအားလုံးကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
သူ၏ကိုယ်ပွားများကို ဝိညာဉစွမ်းအင်ဖြင့် ဖွဲ့စည်းထားသဖြင့် ၎င်းတို့ကို အပြင်ဘက်တွင် အပြီးအပိုင်နေနိုင်သော်လည်း ထိုသို့ပြုလုပ်ခြင်းက သူ၏ဝိညာဉ်စွမ်းအင်ကို ဖြုန်းတီးရာရောက်သောကြောင့် ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်လိုက်သည်ကသာ ပိုကောင်းသည်။
အနက်ရောင်ဝတ်အမျိုးသား၏အလောင်းကို ကျန်းဇီယု ကိုင်တွယ်ဖြေရှင်းရန် နန်းတော်အဝင်ဝတွင် စွန့်ပစ်ထားခဲ့သည်။
ကျန်းဂျန်က ကျန်းချန်ရှန်းဆီကို အမြန်သွားပြီး "ဘိုးဘိုး....ဘိုးဘိုး အနိုင်ရခဲ့တာလား?"
ကျန်းချန်ရှန်းက ပြုံးပြီး "ကံကောင်းလို့ပါကွာ....."
ကျန်းဂျန်က ပိုလို့တောင် စိတ်လှုပ်ရှားလာပြီး "ကောင်းကင်နယ််ပယ်က ဘယ်လောက်တောင် သန်မာလဲ... တစ်ဖက်က ဘယ်လို သိုင်းပညာ နည်းစနစ်ကို သုံးခဲ့တာလဲ....”
ပိုင်ချီလည်း ကောင်းကင်နယ််ပယ်၏ စွမ်းအားကို စူးစမ်းလိုစိတ်ဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။
ကျန်းချန်ရှန်းက.... "ငါ့ဘဝမှာ ဒီလောက် အစွမ်းထက်တဲ့ ပြိုင်ဘက်ကို တစ်ခါမှ မကြုံဖူးဘူး.... သူက ပုံရိပ်ယောင်ကမ္ဘာတွေ ဖန်တီးနိုင်ပြီး ဒီကမ္ဘာထဲမှာ လူတွေကို ထောင်ချောက်ဆင်နိုင်တယ်…”
အနက်ရောင်ဝတ်အမျိုးသားပြသခဲ့သည့် အဖျက်စွမ်းအားများအကြောင်း ပြောပြသည့်အခါ ကျန်းဂျန်နှင့်ပိုင်ချီတို့ စိတ်ခံစားမှုများ လွှမ်းခြုံသွားခဲ့သည်။
ဤတိုက်ပွဲအဆင့်သည် ၎င်းတို့၏ စိတ်ကူးကို ကျော်လွန်သွားခဲ့ချေပြီ.....
သူတို့က ကျန်းချန်ရှန်းကို လေးလေးစားစား ကြည့်နေကြသည်။ ကျန်းချန်ရှန်းက ဒီလို အင်အားကြီးတဲ့ ရန်သူကို အနိုင်ယူနိုင်ရင် ဘယ်လောက် သန်မာနေပြီလဲ......
"ဘိုးဘိုး သူ့ကို ဘယ်လိုအနိုင်ယူခဲ့တာလဲ" ကျန်းဂျန်က စိတ်ဝင်တစား မေးလိုက်သည်။
ကျန်းချန်ရှန်း က သူ့ခြေထောက်တွေကို ညွှန်ပြပြီး မြေဝိဉာဉ်သစ်ပင်ဆီကို လျှောက်သွားခဲ့သည်။
ကျန်းဂျန်ရော ပိုင်ချီပါ မျက်မှောင်ကြုတ်လိုက်ကြသည်။
"သိပြီ....ဘိုးဘိုးက မြေကြီးအောက်မှာမြှုပ်ခဲ့တယ်လို့ပြောချင်တာ....!”
ကျန်းဂျန် ရုတ်တရက် သဘောပေါက်လာပြီး လက်ခုပ်တီးလိုက်သည်။
ပိုင်ချီက သူ့ကို အထင်အမြင်သေးစွာဖြင့် ကြည့်ကာ သူ့အနားမှ အမြန်ထွက်သွားလေတော့သည်။
သစ်ပင်အောက်မှာထိုင်နေတဲ့ ကျန်းချန်ရှန်း က မျက်လုံးတွေကိုမှိတ်ထားပြီး ရှင်သန်ခြင်းဆုလာဘ်ကို စောင့်မျှော်နေလေ၏။
သူသည် အနက်ရောင်ဝတ်အမျိုးသားကို စိတ်ညှိုထားပြီး ရှန်းရှန်တုံးထျန်း၏တည်မေရာကိုသိရှိခဲ့သည်။ သူသည် သတင်းအချက်အလက်များစွာနှင့် သိုင်းပညာဆိုင်ရာ နည်းစနစ်များကိုလည်း စုဆောင်းခဲ့သည်။
အနက်ဝတ်အမျိုးသားအပြင် စကြဝဠာနယ်ပယ်ကျွမ်းကျင်သူနှစ်ဦးရှိကာ ရှန်းရှန်တုံးထျန်းတွင် ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူ 30 ကျော်ရှိသည်။
ကျန်းချန်ရှန်း ရုတ်တရက် တစ်ခုခုလွဲနေပြီဟု ခံစားလိုက်ရသည်။ ရှန်းရှန်တုံးထျန်း၏ အလုံးစုံအင်အားသည် အမွှေးတိုင်ပေါင်း ၁၆၀,၀၀၀ သာရှိသည်။ ရွှေခန္ဓာနယ်ပယ်ကျွမ်းကျင်သူများနှင့် စကြဝဠာနယ်ပယ်ကျွမ်းကျင်သူများ၏ အရေအတွက်ကို ထည့်သွင်းတွက်ချက်ထားသည့်တိုင် ၎င်းတို့၏ စုစုပေါင်း အမွှေးတိုင်အရေအတွက်က 160,000 နီးပါးရှိနေပြီဖြစ်သည်။
အမွှေးတိုင်အရေအတွက် 90,000 တန်သော ကျွမ်းကျင်ပညာရှင်သည် ရှန်းရှန်တုံးထျန်းမှ မဟုတ်နိုင်ပေ။
ဒါကသာ တစ်ခုတည်းသော ဖြစ်နိုင်ချေပင်....
" ချန်းဝူခေါတ် ၏ 44 နှစ်မြောက်တွင် ရှန်းရှန်တုံးထျန်းမှာ ဇူချွဲ့နှင့် ကောင်းကင်အရှင်တို့က ရွှေခန္ဓာနယ်ပယ်မှကျွမ်းကျင်သူလေးဦးကို ဉီးဆောင်၍မြို့တော်ကိုတိုက်ခိုက်ရန်ရည်ရွယ်ခဲ့သည်။ သင်သည် ၎င်းတို့ကို သုတ်သင်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ်
မှော်လက်နက်တစ်ခုဖြစ်သော ထိုက်ယန်ရှန်ကုန်းကိုရရှိခဲ့သည်..."
[ထိုက်ယန်ရှန်ကုန်း... sun shooting divine bow....]
ကျန်းချန်ရှန်း တုန်လှုပ်သွားသည်။ ဤမှော်လက်နက်က အလွန်အစွမ်းထက်လှသည်။
နေကို တကယ်ပစ်နိုင်ပါ့မလား.....
ကျန်းချန်ရှန်းသည် ထိုက်ယန်ရှန်ကုန်းနှင့်ပတ်သတ်သော မှတ်ဉာဏ်များ အမွေဆက်ခံခဲ့သည်။
ထိုက်ယန်ရှန်ကုန်းသည် သက်ရှိအားလုံးကိုသတ်နိုင်သည့် ထိပ်တန်းမှော်လက်နက်တစ်ခုဖြစ်သည်။ ဝိညာဉ်စွမ်းအင် လုံလောက်စွာ အားကောင်းနေသရွေ့ ကောင်းကင်ပေါ်က နေမင်းကိုပင် ဖျက်ဆီးပစ်နိုင်သည်။ နေမင်းကို ပစ်ခွင်းနိုင်သောနတ်ဘုရားလေးတစ်စင်းကို အသုံးပြုခြင်းဖြင့် လူတစ်ဦး၏ ဝိညာဉ်စွမ်းအင်သည် အဖျက်စွမ်းအားထက် အဆပေါင်းများစွာ ပေါက်ကွဲသွားနိုင်သည်။
ကျန်းချန်ရှန်း ချက်ခြင်းထရပ်ပြီး အိမ်သို့ဝင် ကာ ပြတင်းပေါက်အားလုံးကို ပိတ်လိုက်သည်။
ကျန်းဂျန်နှင့် ပိုင်ချီ တို့သည် အံ့သြနေကြပြီး ကျန်းဂျန်က.... "ဘိုးဘိုး ဒဏ်ရာရလာလို့လား?"
ပိုင်ချီက သူ့ကို ပြန်ဖြေဖို့ စိတ်မကူးထားပေ။ ကျန်းဂျန်က ပုံမှန်လို့ထင်ရပေမယ့် တကယ်ကို နုံအလွန်းသည်။
၎င်း၏အမြင်အရ ကျန်းချန်ရှန်းသည် ရန်သူထံမှ ရတနာအချို့ကို ရထားပေလိမ့်မည်။
အိမ်ထဲတွင်......
ကျန်းချန်ရှန်းသည် ထိုက်ယန်ရှန်ကုန်းကို ထုတ်ယူလိုက်သည်နှင့် ခုနစ်ရောင်ခြယ် အလင်းတန်းတစ်ခုကြောင့် တခန်းလုံး လင်းထိန်သွားပြီး အလင်းရောင် တဖြည်းဖြည်း ကျုံ့သွားကာ လေးတစ်လက်ပေါ်လာသည်။ထိုလေးသည် မီတာဝက်ခန့်ရှည်လျားပြီး ၎င်း၏ကိုယ်ထည်ကို ထူးဆန်းသောသစ်သားဖြင့်ပြုလုပ်ထားသည်။ ၎င်းသည် အလွန်မာကျောပြီး မျက်နှာပြင်တွင် နဂါး၊ ဖီးနစ်များ၊ ချီလင်နှင့် အခြားသော ဒဏ္ဍာရီလာ သားရဲများ၏ပုံစံ ထွင်းထုထားသည်။ ထို့အပြင် လေးကိုင်းပေါ်တွင် မျက်လုံးအရွယ်အစားခန့် ကျောက်မျက်ရတနာ ခုနစ်ခုကိုလည်း မြှုပ်နှံထားသည်။ ၎င်းတို့သည် ကွဲပြားသောအရောင်များဖြစ်သောကြောင့် လေးကိုင်းကိုပို၍ ခမ်းနားစေသည်။
သူ့လက်ကိုဆန့်ပြီး လေးကြိုးကိုဆွဲလိုက်တော့ အင်မတန် လေးလံလွန်းလှသည်။
စကြဝဠာနယ်ပယ်အဆင့်အောက် ဘယ်သူကမှ ဒီလေးကြိုး ဆွဲနိုင်မည်မဟုတ်ပေ။