လောက၏ကံကြမ္မာကို စုပ်ယူခြင်း..... ဓားနတ်ဘုရားမွေးဖွားခြင်း......
Vol. 8 Ch. 116
ထိုက်ယန်ရှန်ကုန်းသည် မှော်လက်နက်တစ်ခုဖြစ်သည်။ထို့အပြင် ကျန်းချန်ရှန်းကသာ မှော်လက်နက်တစ်ခုရဲ့ စစ်မှန်တဲ့အကျိုးသက်ရောက်မှုကို ထုတ်ဖော်နိုင်ပေမည်။ သိုင်းပညာရှင်အများစုသည် ထိုက်ယန်ရှန်ကုန်းကို သာမန်လေးကဲ့သို့ အသုံးပြုနိုင်ပြီး သူကတော့ နတ်ဘုရားလေးအဖြစ် အသုံးပြုနိုင်သည်။
ကျန်းချန်ရှန်း စိတ်လက်ကြည်သာနေသဖြင့် သူ့အားသခင်အဖြစ် အသိအမှတ်ပြုနိုင်ရန်ထိုက်ယန်ရှန်ကုန်းကိုသန့်စင်ဖို့ စတင်ပြင်ဆင်ခဲ့သည်။ ဤရတနာကို သန့်စင်ရန်မှာ အခြားရတနာများထက် များစွာခက်ခဲသည်။ သို့သော် ပို၍ခက်ခဲလေလေ၊ ၎င်း၏ ခွန်အားပြင်းထန်လေလေပင်......
စကြဝဠာနယ်ပယ်ကျွမ်းကျင်သူနှင့် ရွှေခန္ဓယနယ်ပယ် ကျွမ်းကျင်သူငါးဦးတို့သည် မျှော်မှန်းထားသည့်အတိုင်း ရှင်သန်ခြင်းဆုလာဘ်အကောင်းစားကို ရရှိစေခဲ့သည်။
နေ့ရောညပါ ကုန်ဆုံးပြီးနောက်.....
နောက်ဆုံးတွင် ၎င်းကို သန့်စင်ခြင်းအောင်မြင်ခဲ့သည်။ သူသည် ဝိညာဉ်စွမ်းအင်များကို ထိုက်ယန်ရှန်ကုန်းထဲသို့ ပို့လွှတ်ပြီး လေးညှို့ကို အနည်းငယ် ဆွဲယူလိုက်သည်။
ဝုန်းးးးးးး
လုံချီတောင်တစ်ခုလုံး တုန်ခါလာပြီး သိုင်းတောင်ထွတ်နှင့် မြို့တော်ကိုပင် ထိခိုက်ခဲ့သည်။ ကျန်းချန်ရှန်း အံ့သြလွန်းလို့ ချက်ချင်းရပ်တန့်လိုက်ရသည်။
အရမ်း....အရမ်းအစွမ်းထက်တယ်......
သူသည် ထိုက်ယန်ရှန်ကုန်းကို မဟာဝိညာဉ်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်ပြီး အိမ်ထဲမှ ထွက်လာခဲ့သည်။
ကျန်းဂျန်က သူ့ကိုမြင်တော့ အလျင်စလိုဖြင့်..... "ဘိုးဘိုး....ခုနက ဘာသံလဲ....."
ပိုင်ချီလည်း ကျန်းချန်ရှန်းကို ကြောက်လန့်တကြား ကြည့်နေသည်။ အခြားအင်အားကြီး ရန်သူများ တိုက်ခိုက်လာသည်ဟု အားလုံးက ထင်ကြသည်။
ကျန်းချန်ရှန်းက.... "ဘာမှမဟုတ်ပါဘူး...အညောင်းဆန့်လိုက်တာပါ...."
ဟမ်???? အညောင်းဆန့်ရုံနဲ့ တောင်တစ်ခုလုံး တုန်ခါသွားနိုင်လား......
သူတို့ ကျန်းချန်ရှန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။ တခြားသူသာ ဒီစကားပြောရင် လှောင်ပြောင်ပြီး ရယ်စရာလို့ မြင်ကြပေမည်။ သို့သော် ကျန်းချန်ရှန်း ဖြစ်နေသဖြင့် ယုံကြည်ရပေမည်။
ကျန်းချန်ရှန်းသည် မြေဝိညာဉ်သစ်ပင်အောက်တွင် ထိုင်ကာ ကျင့်ကြံနေတော့သည်။ ကျန်းဂျန် အသက်ပြင်းပြင်းရှူကာ ကောင်းကင်သံသရာစက်ဝန်းကျင့်စဉ်ကို စတင် လေ့ကျင့်နေသည်။
သူသည် ဆရာတော်ဘိုးဘိုးကို သူ့ပန်းတိုင်အဖြစ် ထားချင်သည်။
တစ်နေ့တွင်၊ သူသည် တောင်ကြီးတစ်ခုကို နေရာရွှေ့ပြောင်းပြီး ဆရာတော်ဘိုးဘိုးလို အစွမ်းထက်သူဖြစ်လာစေရမည်.......
..........................
ကောင်းကင်ဗျူဟာတပ်ဖွဲ့သည် တောင်များနှင့် မြစ်များကြားတွင် အရှိန်အဟုန်ဖြင့် ချီတက်လာသည်။
ရှေ့ဆုံးက ရှုထျန်းကျိက ခေါင်းလှည့်ပြီး.... "ငါတို့ နောက်မြို့ကို ညနေရောက်အောင် သွားရမယ်....ဒါပြီးရင် တပ်တွေအားလုံး ငါးရက်လောက် အနားယူခွင့်ရမယ်....”
သူပြောပြီးတာနဲ့ သူ့နောက်က စစ်သားတွေပျော်ရွှင်စွာအော်ဟစ်လိုက်ကြသည်။
နှစ်အတော်ကြာ စစ်ပွဲအပြီးတွင် ကောင်းကင်ဗျူဟာတပ်ဖွဲ့သည် အသွင်ကူးပြောင်းမှုကို ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့အားလုံးသည် သိုင်းပညာတွင် ကျွမ်းကျင်ရုံသာမက သတ်ဖြတ်လိုစိတ်များလည်း ပြင်းထန်လာကြသည်။ ၎င်းတို့၏ အရှိန်အဟုန်သည် အင်အား တစ်သန်းကျော်ထက်ပင် အင်အားကောင်းသည်။
ဧကရာဇ်ယန်ကျောက် နှင့် ရှုထျန်းကျိ တို့သည် ဘေးချင်းကပ်လျက် စီးနင်းနေရင်း....
“မဟာကန္တရမင်းဆက် ခုခံတာကို စွန့်လွှတ်လိုက်ပုံရတယ်... အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေ ထပ်ရောက်မလာတာ တစ်လခွဲရှိပြီ”
"ဟား၊ ဟွမ်းချွမ်နဲ့လင်းရှောင်ရဲ့ ဘရိုကိတ်အိတ်တွေကို မသုံးရသေးသရွေ့ သူတို့ ဘယ်လိုလာရဲမှာလဲ ဘယ်သူကမှ အချည်းနှီးသက်သက် အသေမခံချင်ဘူး....”
ရှုထျန်းကျိက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
သူသည် တကျန်းမှ မိုင်ထောင်ပေါင်းများစွာဝေးသော နယ်မြေသို့ စစ်တပ်ကို ဦးဆောင်ရမည်ဟု မထင်ခဲ့ပေ။
မဟာကန္တရမင်းဆက်ကိုသာ ဖြုတ်ချနေသရွေ့ သူ့ရဲ့ ပံ့ပိုးမှုတွေက အခြားသော ဗိုလ်ချုပ်ထက် သာလွန်နေလိမ့်မည်။ တွေးလိုက်မိရုံနဲ့ သူ့ကို စိတ်လှုပ်ရှားစေသည်။
ဧကရာဇ်ယန်ကျောက်က သက်ပြင်းချလိုက်ပြီး.... " တာအိုဘိုးဘေးရဲ့ ဘရိုကိတ်အိတ်က တကယ့်ကို ထူးခြားလွန်းတယ်.... "
အရင်တုန်းက သူလည်း အများနည်းတူ တာအိုဘိုးဘေးကို စိန်ခေါ်ချင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ဧကရာဇ်ထံတွင် အမှုတော်ထမ်းခဲ့သည်။ ယခု သူသည် ကျော်ကြားမှုနှင့် ချမ်းသာမှုကို ခံစားပြီး တကျန်းအတွက် တိုက်ပွဲဝင်နေပြီဖြစ်သည်။ စစ်တိုက်ရတာက သိုင်းလောကမှာ တိုက်ခိုက်တာထက် အများကြီး ပိုကောင်းပေသည်။
စစ်ဗိုလ်ချုပ် နှစ်ဦးသည် လှပသော မျှော်လင့်ချက်များ ထားရှိကာ ၎င်းတို့၏ မျက်နှာပေါ်ရှိ အပြုံးများကို မဖုံးဖိနိုင်ပေ။
ထိုအချိန်မှာပင်......
ဧကရာဇ် ယန်ကျောက်က သူ့အပြုံးကို ထိန်းကာ မျက်လုံးကို မှိတ်ထားပြီး....
"ရှေ့မှာ တစ်ယောက်ယောက်ရှိနေတယ်!"
ရှုထျန်းကျိ ရှေ့ကိုမျှော်ကြည့်လိုက်တော့ မိုင်ပေါင်းများစွာဝေးသော တောင်ကုန်းတစ်ခုမှ သူတို့ဆီသို့ လျှောက်လာနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူသည် အဖြူရောင်ဝတ်စုံ ၀တ်ဆင်ထားပြီး အနက်ရောင်ခါးစည်းကြိုးဖြင့်ချည်နှောင်ထားသည်။ သူသည် ကောက်ရိုးဦးထုပ ဆောင်းထားပြီး ဓားအပြည့်ပါသော တောင်းကြီးတစ်လုံးကို ကျောပေါ်တွင် ထမ်းထားသည်။
ကောင်းကင်ဘုံဗျူဟာ တပ်ဖွဲ့ဝင် 200,000ကိုရင်ဆိုင်နေရသော်လည်း သူသည် ရပ်တန့်ခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းခြင်း မရှိခဲ့ပေ။
ရှုထျန်းကျိက တစ်ဖက်လူ၏နယ်ပယ်ကို မမြင်နိုင်သဖြင့် "ဟွမ်းချွမ်!"ဟု လှမ်းခေါ်လိုက်လေသည်။
ဟွမ်းချွမ် သည် တပ်သားများကြားမှ ခုန်ထွက်ပြီး ရှုထျန်းကျိ နောက်သို့ အမြန်ခုန်ဆင်းလိုက်သည်။ မြင်းပေါ်၌ ရပ်နေစဉ် အဝေးက ဓားတောင်းကိုလွယ်ထားသောသူဆီ သူ့အကြည့်များကျရောက်သွားသည်။
“သူ့ရဲ့ အော်ရာကိုအာရုံခံလို့မရဘူး.... သူက အစစ်အမှန်နတ်ဘုရားနယ်ပယ်လား ဒါမှမဟုတ် ပိုမြင့်သလား မသိနိုင်ဘူး....”
သူသည့ ဘရိုကိတ်အိတ်ကို တိတ်တဆိတ်ထုတ်လိုက်ရင်း အခြေနေကိုအကဲခတ်နေသည်။
သို့သော်လည်း ဓားတောင်းလွယ်ထားသူရုတ်တရက် ပျောက်ဆုံးသွားသဖြင့် ရှုထျန်းကျိတို့တွေ မျက်မှောင်ကျုံ့လိုက်ကြသည်။
သူတို့ တစ်စုံတစ်ခုကို အာရုံခံစားပြီး တညီတညွတ်တည်း ကြည့်နေပုံရသည်။ ဓားတောင်းလွယ်ထားသူ သူတို့ခေါင်းထက်မှာ ပေါ်လာတာကို မြင်ပြီး ရှေ့သို့သာဆက်သွားနေသည်။
သုံးယောက်သား လှည့်ကြည့်လိုက်တော့ ဓားတောင်းလွယ်ထားသူသည် စစ်တပ်ကို ဖြတ်သွားစဉ် ၎င်းတို့အား တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။
ထိုသူက တစ်ချက်လေးတောင်လှည့်မကြည့်ဘဲ ခေါင်းငုံ့ပြီး လမ်းလျှောက်သွားသည်။
ဧကရာဇ်ယန်ကျောက်က မျက်မှောင်ကြုတ်ပြီး..... "သူ့ရဲ့ပစ်မှတ်က နောက်ကွယ်ကတပ်တွေများ ဖြစ်နေမလား....."
ရှုထျန်းကျိက တွေးတောပြီး.... "မထင်ဘူး... မဟုတ်ရင် သူက ငါတို့ကို ဘာလို့ ဖြတ်သွားရမှာလဲ...ဒီအတိုင်း ဖြတ်သွားတဲ့ ပညာရှင်တစ်ယောက်နေမှာပါ....."
ဧကရာဇ်ယန်ကျောက်က ထိုစကားကို အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသောကြောင့် ရှေ့ကိုသာ အာရုံစိုက်လိုက်တော့သည်။
ဟွမ်းချွမ်ကတော့ နောက်လှည့်ပြီး ဓားတောင်းနဲ့လူထွက်သွားတဲ့ဘက်ကို ကြည့်လိုက်ကာ နားမလည်နိုင်သလို ခံစားနေရသည်။
.........................
နန်းတော်တစ်ခု၌........
ကံကြမ္မာအရှင်သည် ခန်းမဆောင်တစ်ခုအတွင်းတွင် ရပ်နေပြီး သူ့ရှေ့တွင် မြင့်မားသော စင်မြင့်တစ်ခုရှိသည်။ ထိုစင်မြင့်ပေါ်တွင် ရွှေအိုရောင်၀တ်စုံ ဝတ်ထားတဲ့ ခပ်ပိန်ပိန် အဖိုးအိုတစ်ယောက် ထိုင်နေသည်။ သူ့မျက်နှာပေါ်တွင် မီးခိုးရောင်အစက်အပြောက်များ ဖုံးလွှမ်းနေပြီး မျက်ခုံးဖြူဖြူတွေက မျက်လုံးတွေကိုမှိတ်ထားသလိုမျိုး ဖုံးအုပ်ထားသည်။
သူသည် ရှန်းရှန်တုံးထျန်း၏ လက်ရှိအုပ်ချုပ်သူ ရှားလုရှန့်ယန် ဖြစ်သည်။
[ ရှားလုရှန့်ရန်... sage Slaughter]
ရှန်းရှန်တုံးထျန်းတွင် အုပ်ချုပ်သူတိုင်းကို ရှန့်ယန် ဟုခေါ်နိုင်သည်။
ကံကြမ္မာအရှင်၏ တစ်ဖက်တစ်ချက်စီတွင် သိုင်းပညာရှင်နှစ်ယောက် ထိုင်နေကြသည်။ သူတို့အားလုံးက ရွှေခန္ဓာနယ်ပယ်ကျွင်းကျင်သူများဖြစ်ကြသည်။လက်ရှိတွင် သူတို့အားလုံး၏ မျက်နှာပေါ်တွင် တုန်လှုပ်ခြောက်ခြားပြီး ဒေါသထွက်နေသော အမူအရာများ ထွက်ပေါ်လာသည်။
“ရှန့်ယန်.... တာအိုဘိုးဘေးရဲ့ ခွန်အားက ကောင်းကင်နယ်ပယ်ကို ကျော်လွန်သွားပြီ....အခု ကျူပ်တို့တွေ ရန်သူဖြစ်လာပြီမို့ နောက်ကြောင်းပြန်လှည့်လို့မရတော့ဘူး....”
ကံကြမ္မာအရှင်က အသံနက်ကြီးနဲ့ အော်ပြောရင်း လက်သီးတွေကို တင်းတင်းဆုပ်ထားသည်။
ကောင်းကင်အရှင် ကွယ်လွန်သွားကြောင်းကို လက်ခံဖို့ ခက်ခဲနေဆဲပင်.....
ရှားလုရှန့်ယန်က.....
" ဂျူနီယာညီငယ်ဇူက ကောင်းကင်နယ်ပယ် ကျွမ်းကျင်ပညာရှင် သုံးဦးထဲမှာ အငယ်ဆုံးဖြစ်ပေမယ့် ကောင်းကင်နယ်ပယ်အဆင့်ခွန်းအားရှိနေဆဲပဲလေ.. တာအိုဘိုးဘေးက ငါတို့ ကိုင်တွယ်နိုင်တဲ့သူ မဟုတ်တော့ဘူး......"
ရှန်းရှန်တုံးထျန်း၏ ရွှေခန္ဓာနယ်ပယခ ကျွမ်းကျင်သူများ တိတ်ဆိတ်နေခဲ့သည်။
ကံကြမ္မာအရှင်က.... “ဒါဆို သူ့ကို ဒီတိုင်း လွှတ်ထားမလို့လား...တကျန်းရဲ့ ဘိုးဘေးတွေက နယ်မြေတွေ ဆက်လက် ချဲ့ထွင်နေလိမ့်မယ်.....ဒီလိုဆို ကမ္ဘာကြီးရဲ့ကံကြမ္မာကို ဘယ်လိုစုဆောင်းမှာလဲ......"
ရှန့်ယန်က ကံကြမ္မာအရှင်ကို အေးတိအေးစက် ငုံ့ကြည့်ရင်း .....
"မင်း ငါ့ကိုကူညီဖို့ဒီမှာရှိနေတာမဟုတ်မှန်း ငါသိတယ်.....ငါ့ကို ကမ္ဘာကြီးရဲ့ ကံကြမ္မာကို စုဆောင်းပြီး လူသားဧကရာဇာ်ကို နိုးထစေချင်နေတာပဲ မဟုတ်လား....."
ဒီစကားကြားတော့ ကံကြမ္မာအရှင်က....
“မှန်ပါတယ်.... ဒါပေမယ့် ပန်းတိုင်နှစ်ခုက ကွဲလွဲနေတာမှမဟုတ်ဘူးတာ...ရှန့်ယန်က ကံကောင်းခြင်းတွေ ရရှိပြီး ကံကြမ္မာက လူသားဧကရာဇ်ကို နှိုးပေးလိမ့်မယ်... လူသားဧကရာဇ်က သိုင်းပညာကို ဘယ်သောအခါမှ ဂရုမစိုက်ခဲ့ဘူး.... ဒီတိုက်ကြီးပေါ်က လူသားတွေကိုပဲ လုံခြုံစေချင်တာ....”
ရှားလုရှန့်ယန်သည် မျက်လုံးများကို တစ်ဖန်ပြန်မှိတ်ထားပြီး ညာဘက်လက်ညိုးဖြင့် ချိုင်းထောက်ကို တတောက်တောက်ခေါက်နေသည်။
သူဘာတွေတွေးနေလဲ ဘယ်သူမှမသိနိုင်ပေ......
ထိုအချိန်၌ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ခန်းမထဲသို့ ပြေးဝင်ကာ ကံကြမ္မာအရှင်၏ နံဘေး၌ ရပ်ကာ ဦးညွှတ်ပြီး....
“ရှန့်ယန်....ဓားနတ်ဘုရား တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး တကျန်းကိုသွားနေပြီ..... တာအိုဘိုးဘေးက သူ့ရဲ့မြေးတပည့်ကိုသတ်ပြီး ကမ္ဘာတဝှမ်းမှာ ကျော်ကြားနေတဲ့အတွက် သူ့ရဲ့ပစ်မှတ်က တာအိုဘိုးဘေးဖြစ်နေမယ်ထင်တယ်....."
ကံကြမ္မာအရှင်က “ဓားနတ်ဘုရားလား? သူ သေတာကြာပြီမဟုတ်လား"
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ....“ လူတိုင်း ဒီလိုပဲထင်နေကြတာ.... လွန်ခဲ့တဲ့ အနှစ်နှစ်ရာက ဓားနတ်ဘုရားက ဝူဇူတောင်ထိပ်မှာ အရင်ရှန့်ယန်နဲ့ အဆုံးအဖြတ်တိုက်ပွဲဆင်နွှဲခဲ့တယလ.... အဲ့တုန်းကတောင် ကောင်းကင်နယ်််ပယ်ရောက်နေပြီဆိုတော့ အခုနေဆို သူ့နယ်ပယ်ကိုခန့်မှန့်လို့တောင်ရပါ့မလားမသိဘူး...."
ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူများသည်လည်း ဓားနတ်ဘုရား၏ ခွန်အားကို ပြန်လည်အမှတ်ရလာသောကြောင့် ၎င်းတို့အချင်းချင်း စတင်ဆွေးနွေးခဲ့ကြသည်။
ရှားလုရှန့်ယန်က...."ဓားနတ်ဘုရားက တကယ်သန်မာတယ်.... ကျုပ် သူနဲ့တိုက်ခိုက်ဖို့ယုံကြည်ချက်မရှိပေမယ့် တာအိုဘိုးဘေး က ပိုလို့တောင် နားလည်ရခက်တဲ့သူဖြစ်နေတယ်.....ဒါ့ကြောင့် တာအိုဘိုးဘေးကို အခြားတိုက်ကြီးတစ်ခုကလာတဲ့သူလို့တောင် သံသယဝင်နေမိတယ်.... သတိပေါ့လျော့ပြီး ဓားနတ်ဘုရားကိုပဲ အားကိုးနေလို့မဖြစ်ဘူး..ပိုမြင့်မားတဲ့နယ်ပယ်ရောက်ဖို့ ကံကြမ္မာတွေစုပ်ယူဖို့ပြင်ဆင်ရတော့မယ်....ကျူပ်သာ အဆင့်တက်နိုင်ခဲ့ရင် ကမ္ဘာကြီးက ဒီ့ထက်ပိုပြီးတည်ငြိမ်လာလိမ့်မယ်...."
ကံကြမ္မာအရှင်က ချက်ချင်းပင်.....
“ကံကြမ္မာကို စုပ်ယူမလို့လား...ရှန့်ယန်ရဲ့ လုပ်ရပ်ကြောင့် ဒီတိုက်ကြီးမှာ ကပ်ဘေးတွေဖြစ်လာနိုင်တယ်...."
“ ကပ်ဘေးတွေက အခုလက်တလောအတွက်ပဲ အန္တရာယ်ရှိနိုင်တာ..... တာအိုဘိုးဘေးကို မသုတ်သင်ဘူးဆိုရင် အနာဂတ်မှာ ပြည်ပတပ်တွေ ကျူးကျော်လာတဲ့အခါ တိုက်ကြီးတစ်ခုလုံး ဒုက္ခဆင်းရဲတွေ ကျိန်းသေပေါက် ခံစားရလိမ့်မယ်.... ကံကြမ္မာအရှင်.... မင်းက ကံကြမ္မာကလာခဲ့တာမို့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ကြုံတွေ့ခဲ့ရတဲ့ ကပ်ဘေးတွေကို မမေ့ပါနဲ့..... နတ်ဘုရားတွေလို အစွမ်းထက်တဲ့သူဆိုတာ ဒဏ္ဍာရီတွေထဲမှာပဲရှိနေတာမဟုတ်ဘူး...."
ကံကြမ္မာအရှင်က အသက်ပြင်းပြင်းရှုပြီး စိတ်ကိုမနည်းထိန်းနေရသည်။
ရှန့်ယန်က မတ်တပ်ထရပ်ပြီး တစ်ဖက်ခန်းဆီသို့ လျှောက်သွားကာ စကားတစ်ခွန်းကို ချန်ထားခဲ့သည်။
"ဓားနတ်ဘုရားနှင့် တာအိုဘိုးဘေးတို့ မတိုက်ခိုက်မချင်း ရှန်းရှန်တုံးထျန်းက တကျန်းကို ထပ်မံတိုက်ခိုက်တာမျိုးတွေ ထပ်မလုပ်နဲ့....."
ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်ပညာရှင်အားလုံးက သက်လတ်ပိုင်းအမျိုးသားထံသွားပြီး ဓားနတ်ဘုရားကို မြင်ဖူးသလားဟု မေးကြသည်။
သတ်လတ်ပိုင်းအရွယ် အမျိုးသားက သူ့မျက်နှာမှာ ရှုပ်ထွေးတဲ့အမူအရာနဲ့....
“မြင်ဖူးတယ်...အဲ့တုန်းက ငါလည်း အဲ့မှာရှိနေခဲ့တာ.... ဓားနတ်ဘုရားက ရှန့်ယန်ထက် သာလွန်ပြီး ရှန်းရှန်တုံးထျန်းကလူတိုင်း တစ်သက်လုံးမျှော်လင့်နေတဲ့ နယ်ပယ်ဆီရောက်နေပြီလေ..... ရှန့်ယန်က တာအိုဘိုးဘေးကို ဓားနတ်ဘုရားက သတ်မယ်လို့ ထင်နေတဲ့ပုံပဲ....."
သူပြောပြီးသည်နှင့် အားလုံး တုန်လှုပ်သွားကြသည်။
“တာအိုဘိုးဘေးက ပေတစ်ထောင်မြင့်တဲ့ တောင်ကို ရွှေ့နိုင်တယ်... စီနီယာဇူတောင် သူ့လက်ထဲမှာ သေဆုံးသွားတာကို ဓားနတ်ဘုရားက သူ့ကို ဘယ်လိုအနိုင်ယူနိုင်မှာလဲ...."
"မှန်တယ်...... တာအိုဘိုးဘေးက တကျန်း တစ်ယောက်တည်းကို ဦးဆောင်ပြီး ကမ္ဘာပေါ်က အင်အားစုအားလုံးကို ရင်ဆိုင်နိုင်တယ်... ဒီလို ပညာရှင်မျိုးကို အနှစ်တစ်ထောင်မှာတစ်ယောက် တွေ့ရခဲတယ်...”
" မဟုတ်ဘူးသေးဘူး... ဓားနတ်ဘုရားကို ဘာလို့ ဓားနတ်ဘုရားလို့ခေါ်တာလဲ.... အကြောင်းရင်းက သူ့ရဲ့ဓားပညာက ပြီးပြည့်စုံတဲ့ နယ်ပယ်ကို ရောက်ရှိသွားလို့ပဲ..... ဓားကို မိမိနှစ်သက်သလို ကိုင်ဆောင်နိုင်တယ်လို့ ကောလဟာလတွေကြားနေရတယ်.... ကမ္ဘာပေါ်က အရာအားလုံးကို သူ့ဓားအဖြစ် ပြောင်းလဲပစ်နိုင်တယ်..... ”
“မသိပ်ရယ်စရာကောင်းတယ်.... သူဘယ်လိုများ ဒီလောက်သန်မာနိုင်မှာလဲ"
"အင်း..... စောင့်ကြည့်ရအောင်။"
ချန်းဝူခေါတ် ၏ 45 နှစ် ဧပြီလတွင်....
ကျန်းချန်ရှန်းသည် သစ်ပင်တစ်ပင်အောက်တွင်ထိုင်ကာ ကျန်းဂျန်ကို စိုက်ကြည့်နေသည်။ ထိုအချိန်တွင်၊ ကျန်းဂျန်သည် ဆေးဖက်ဝင်အိုးကြီးတစ်ခုထဲတွင် ထိုင်နေသည်။ ဆေးရည်တွေ ပွက်ပွက်ဆူနေပြီး အခိုးအငွေ့တွေက သူ့ကို ရစ်ပတ်နေကယ ကျန်းဂျန်၏ အရေပြားများ ပူလောင်နီမြန်းနေ၏။
ကျန်းဂျန်သည် အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရန် ကြိုးစားနေသောကြောင့် ကျန်းချန်ရှန်း သူ့ကိုကူညီရန်အတွက် ဆေးဖက်ဝင်ပစ္စည်းများကို အထူးတလှယ်ကျိုချက်ပေးထားခြင်းဖြစ်သည်။
ပိုင်ချီက..... “ဒီကလေးရဲ့ ခန္ဓာကိုယ်က သာမန်မဟုတ်ဘူး ...သူ့ရဲ့ချီဓာတ်က ဟွမ်းချွမ်ထက် ပိုသန်မာတယ်လို့ ခံစားရပေမယ့် သူ ဖြတ်ကျော်လို့မရသေးဘူး...”
ကျန်းချန်ရှန်းက...“သူ အောင်မြင်တော့မယ်.... ဒီနေ့ ဖြစ်နိုင်တယ်....."
ကျန်းဂျန် အောင်မြင်စွာ အဆင့်တက်ပြီးသည်နှင့်၊ သူသည် အသက် နှစ်ဆယ့်ကိုးနှစ်တွင် အစစ်အမှန်နတ်ဘုရားနယ်ပယ် ရောက်ရှိသူဖြစ်လာပေမည်။
ဒီသတင်းသာ ပျံ့နှံ့သွားခဲ့ရင် ကမ္ဘာပေါ်က သိုင်းပညာရှင်အားလုံး တုန်လှုပ်သွားပါလိမ့်မည်။
ထိုအချိန်တွင် ခြံဝင်းထဲသို့ လူတစ်ယောက် ဝင်လာသည်။
ယုယန်ရိ.........
သူမသည် စိုးရိမ်သောကရောက်နေပြီး ကျန်းဂျန်ကို အလျင်စလို ကြည့်ရုံသာကြည့်လိုက်ပြီး ကျန်းချန်ရှန်း ထံသို့ လျင်မြန်စွာ လျှောက်သွားကာ....
"ဆရာတော်.... ဓားနတ်ဘုရား တကျန်းဆီကို လာနေပြီ...."
ကျန်းချန်ရှန်းက ကျန်းဂျန်ကို စိုက်ကြည့်နေရင်းနဲ့.....
"ဓားနတိဘုရားက ဘယ်သူလဲ....အရမ်းသန်မာသလား"
ယုယန်ရိ အံကြိတ်ကာ.... “သန်မာတယ်၊ သန်မာတယ်..... လမ်းတစ်လျှောက်မှာတွေ့သမျှ သိုင်းပညာရှင်တိုင်းရဲ့ ဓားရှည်တွေကို စုတ်ယူသွားတယ်လို့ ပြောနေကြတယ်.. ဖူယွဲ့ မိသားစုရဲ့ တပည့်တွေ ပြောတဲ့အတိုင်းဆို ဓားနတ်ဘုရားရဲ့ နောက်ကွယ်မှာ ဓားသန်းပေါင်းများစွာ ရှိတယ်... ဓားရှည်တွေကိုစုလိုက်ရင် မိုင်ငါးဆယ်ကျော် ရှည်လျားပြီး လေမှာပျံသန်းပြီး သူ့နောက်ကိုလိုက်နေတာ..... ဒါမျိုးက စိတ်ကူးယဉ်ကြည့်ဖို့တောင်ခက်တယ်.....”