← Chapters

ကျန်းဇီယု၏ဆန္ဒ....အပြင်းထန်ဆုံးဓားတာအို.....

Vol. 8 Ch. 117

ကျန်းဇီယု၏ဆန္ဒ....အပြင်းထန်ဆုံးဓားတာအို.....

Vol. 8 Ch. 117

"ချဲ့ကားလွန်းလိုက်တာ...."

ပိုင်ချီ သည် ယုယန်ရိကိုကြည့်ပြီး အံ့သြစွာရေရွတ်လိုက်သည်။

ယုယန်ရိက ခေါင်းယမ်းပြီး “သက်သေတွေ အများကြီးရှိတယ်....လောလောဆယ် ဓားနတိဘုရားက ဝေ့ပြည်နယ်ထဲကို ဝင်သွားပြီ.....”

ကျန်းချန်ရှန်း ထိုစကားကြားပြီးနောက်၊ သူသည် ဓားနတ်ဘုရားကို စိတ်ဝင်စားလာခဲ့သည်။ ဒီလူ တော်တော်သန်မာပုံရတယ်......

အမွှေးတိုင်အရေအတွက်ကိုစစ်ဆေးကြည့်ပြီး.....

[လက်ရှိ အမွှေးတိုင်အရေအတွက် : 6,800,873]

စကြဝဠာနယ်ပယ်ကျွမ်းကျင်သူနှင့် တိုက်ပွဲတွင် ကျန်းချန်ရှန်း၏ အမွှေးတိုင်အရေအတွက်အများအပြား တိုးလာခဲ့သည်။

" ဓားနတ်ဘုရား ဘယ်လောက်တောင် အစွမ်းထက်လဲ ငါသိချင်တယ်"

[အမွှေးတိုင် 20,000 လိုအပ်သည်။ ဆက်လက်လုပ်ဆောင်လိုပါသလား.. ]

မလုပ်ဘူး!

မဆိုးပါဘူး.....

ဓားနတ်ဘုရားသည် သူမှလွဲ၍ ဤတိုက်ကြီးတွင် ဒုတိယ တန်ခိုးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်နိုင်ပါသလား....

စကြဝဠာနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည်အမွှေးတိုင်အရေအတွက် ၁၀,၀၀၀ သာ တန်ဖိုးရှိသည်။

ကျန်းချန်ရှန်း တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ မူလက ရှန်းရှန်တုံးထျန်းကို ဤတိုက်ကြီး၏ အုပ်စိုးသူဟု ထင်ခဲ့သော်လည်း ၎င်းကိုကြည့်ရသည်မှာ အမှန်ပင်။ သို့သော်၊ ကိုယ်ရေးကိုယ်တာအင်အားအရ၊ ရှန်းရှန်တုံးထျန်းရှိ ထိပ်တန်းကျွမ်းကျင်သူများသည် ထိပ်တန်းသုံးဦး အဆင့်ပင်မဝင်နိုင်ပေ။

ကျန်းချန်ရှန်းသည် ကောင်းကင်သုံးနယ်ပယ်ဖြင့် နံပါတ်တစ်နေရာတွင် ရှိနေပြီး အမွှေးတိုင်အရေအတွက် တစ်သန်းတန်သည်။ ဒုတိယနေရာမှာတော့အမွှေးတိုင်အရေအတွက် 90,000 တန်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်ရှိနေသည်။ တတိယနေရာတွင် အမွှေးတိုင်အရေအတွက် 20,000 တန်သောဓားနတ်ဘုရားရှိသည်။

ကျန်းချန်ရှန်းက... "သူကဘယ ဝေ့ ပြည်နယ်ထဲဝင်နေပြီ....ဒါပေမယ့် ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး.....ဒီအတိုင်းဆို ငါ့ဆီလာနေတာလား....”

ယခုချိန်ထိ မူလဆယ့်သုံးစီရင်စုကို စစ်မှန်သော တကျန်းအဖြစ် မှတ်ယူကြသူများလည်း ရှိသေးသည်။ ယခု မင်းဆက်တွင် စီရင်စု 49 ခုရှိသော်လည်း သိုင်းပညာအရင်းအမြစ်များကို မူလဆယ့်သုံးစီရင်စုတွင်သာ စုစည်းထားသည်။ ဤသည်မှာ မူလဆယ့်သုံးစီရင်စုထက် အခြားပြည်နယ်များ ပိုမိုအားကောင်းလာခြင်းကို တားဆီးရန် ဧကရာဇ်၏ဗျူဟာ ဖြစ်သည်။

ယုယန်ရိက ခေါင်းညိတ်ပြီး.... “ဒါဟာ ဖြစ်နိုင်ချေ အရမ်းများတယ်....ဓားနတ်ဘုရားက ကမ္ဘာပေါ်က ကျွမ်းကျင်ပညာရှင်တွေကို စိန်ခေါ်ရတာ နှစ်သက်ပြီး ရှီပြည်နယ်ကို ဦးတည်နေတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတယ်....."

ကျန်းချန်ရှန်းက ... “ကောင်းပြီ၊ မင်းရဲ့သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ် "

ကျန်းချန်ရှန်း၏ သဘောထား ပေါ့ပေါ့ပါးပါး ရှိနေဆဲဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ယုယန်ရိ အခြားဘာမျှ မပြောတော့ပေ။ သူမသည် ဓားနတ်ဘုရား၏ ဓားအရှိန်ကို ပုံဖော်ပြောဆိုခဲ့သော်လည်း ကျန်းချန်ရှန်းသည် ၎င်းကို နှလုံးသားထဲတွင် စွဲလန်းခြင်းမရှိခဲ့ပေ။

ယုယန်ရိ ချက်ခြင်းမထွက်သွားသေးဘဲ ဖူယွဲ့မိသားစု၏ လက်ရှိအခြေအနေအကြောင်း ကျန်းချန်ရှန်းနှင့် စကားပြောခဲ့သည်။

ဧကရာဇ်၏ပံ့ပိုးမှုဖြင့်၊ ဖူယွဲ့ မိသားစု အဆင်ပြေမှုများစွာကို ရရှိခဲ့သည်။ မင်းဆက်များစွာရဲ့ အရင်းအနှီးတွေကို သူတို့တစ်ယောက်တည်း မခံစားခဲ့ရပေမဲ့ အနည်းဆုံးတော့ ရိုးသားမှုကို ခံစားခဲ့ရသည်။ ၎င်းတို့သည် တကျန်း၏ လက်ရှိအခြေအနေအပေါ် လောင်းကြေးထပ်ခြင်းမဟုတ်သော်လည်း ၎င်း၏အနာဂတ်သာယာဖြောင့်ဖြူနေမည်မှာ အသေအချာပင်...

ဖူယွဲ့မိသားစုသည် သိုင်းပညာဆိုင်ရာ အစည်းဝေးပွဲကြီးတစ်ခုကို စီစဉ်ရန် ပြင်ဆင်နေပြီး၊လုံချီဘုရားကျောင်းက ထိုပွဲသို့ ကိုယ်စားလှယ်အဖြစ် တစ်စုံတစ်ဦးကို စေလွှတ်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

ကျန်းချန်ရှန်းဘက်က ကန့်ကွက်ခြင်းမရှိသည့်အတွက် ယုယန်ရိ အလွန်ပျော်ရွှင်နေသည်။ ကျန်းချန်ရှန်း ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ဖို့ မမျှော်လင့်ဝံ့သော်လည်း လုံချီဘုရားကျောင်းကမှ ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ပါက၊ တကျန်း၏ သိုင်းပညာလောကရှိ အတင်းအဖျင်းပြောစကားများကို လျှော့ချနိုင်မည်ဖြစ်ပြီး သန့်ရှင်းသောနယ်မြေနှစ်ခုကြားရှိ ဆက်ဆံရေးသည်လည်း ထိလွယ်ရှလွယ်ဖြစ်လာမည်မဟုတ်ပေ။

အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက် ယုယန်ရိ ပြန်သွားလေသည်။

ကျန်းချန်ရှန်းသည် ကျန်းဂျန် ၏အောင်မြင်မှုများကိုသာ ဆက်လက်အာရုံစိုက်ခဲ့သည်။

ညဉ့်နက်ပိုင်းမှသာ ကျန်းဂျန် အဆင့်တက်ပြီး အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်လာသည်။ သူသည် ဆေးဖက်ဝင်အိုးထဲတွင် ရပ်ကာ ကောင်းကင်ကို မျှော်ကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေ၏။ ထိုအချိန်တွင် မြို့တော်ရှိလူတိုင်းက သူ့အသံကိုကြားလိုက်ရသည်။

ထိုညတွင် ကျန်းဇီယုနှင့်ကျန်းရှုတို့ ရောက် လာခဲ့သည်။ ကျန်းဂျန် အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်လာကြောင်း သိလိုက်သောအခါ နှစ်ဉီးစလုံး ပျော်ရွှင်နေကြသည်။

"ဟားဟားဟာ ငါ့သားကမျှော်လင့်ထားတဲ့အတိုင်း နှစ်ဆယ့်ကိုးနှစ်နဲ့ အစစ်အမှန်နတ်ဘုရားနယ်ပယ်ရောက်ခဲ့ပြီ.... ဒါက ချောင်ဂိုဏ်းတွေတောင် စိတ်ကူးမယဉ်ရဲတဲ့ အရာပဲ!”

ကျန်းဇီယုက ဂုဏ်ယူစွာဖြင့် ကျန်းဂျန်၏ ပုခုံးကို ပွေ့ဖက်ထားသည်။

ကျန်းရှုလည်း အရမ်းပျော်နေခဲ့သည်။ ကျန်းဂျန်အကြောင်းကို ကောင်းကောင်းသိပြီး သူ့မှာ ဘုရင်ဖြစ်လိုစိတ်မရှိပေ။ ထို့အပြင်၊ ကျန်းဂျန်သည် ၎င်း၏ညီ ဖြစ်ပြီး အနာဂတ်တွင် သဘာဝအလျောက် သူ၏ညာလက်ရုံးဖြစ်လာမည်ဖြစ်သည်။

ကျန်းချန်ရှန်းက သစ်ပင်အောက်တွင် ထိုင်ကာ သားအဖနှစ်ယောက် ပျော်ရွှင်နေတာကို ကြည့်ပြီး ပြုံးနေလိုက်သည်။

ညဘက်တွင် ကျန်းရှုနှင့် ကျန်းဂျန်တို့ အနားယူရန် အခန်းသို့ ပြန်ခဲ့ကြသည်။ ညီအကိုနှစ်ယောက် စကားတွေ အများကြီးပြောဖြစ်ခဲ့ကြပြီး ကျန်းချန်ရှန်းနှင့် ကျန်းဇီယုတို့က ချောက်ကမ်းပါးစွန်းသို့ ရောက်လာကြပြီး မြို့တော်၏ ညရှုခင်းကို ငုံ့ကြည့်ရင်း အရက်သောက်နေကြသည်။

ကျန်းဇီယုက... “အဖေ...ဓားနတ်ဘုရားက ထူးခြားတယ်.... သူနဲ့ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား?"

ကျန်းချန်ရှန်းက “သူ ဘယ်လောက်ပဲ သန်မာနေပါစေ လာရဲရင် သေဖို့ပြင်ထား....”

ဒါကိုကြားတော့ ကျန်းဇီယုက ... " အဖေ တော်တော်ရက်စက်တာပဲ....ကျွန်တော် ရက်စက်တတ်တာက အဖေ့ဆီက အမွေဆက်ခံထားလို့ထင်တယ်...."

"မင်းက ငါ့ကို လှောင်ပြောင်နေတာလား"

"မလှောင်ရဲပါဘူးဗျာ....အဖေရဲ့ပံ့ပိုးကူညီမှုမရှိဘဲ၊ တကျန်းကိုဘယ်လိုတည်ထောင်နိုင်မှာလဲ...."

ကျန်းဇီယုက ရုတ်တရက်.... "အမေသာ အသက်ရှင်နေသေးတယ်ဆိုရင်......"

ကျန်းချန်ရှန်းက “မင်းအမေ နောင်ဘဝတွေမှာ ကောင်းမွန်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ.... လူတိုင်းမှာ ကိုယ့်ကံကြမ္မာကိုယ်စီရှိလို့ နောင်တရနေစရာ မလိုဘူး....မင်းရဲ့အရည်အချင်းတွေက မင်းအမေထက်တောင် ပိုကောင်းတယ်.... အခု မင်း နတ်ဘုရားနယ်ပယ်ကိုရောက်နေပြီ၊ ပင်းအန်းရဲ့လမ်းစဉ်ကို လိုက်လျှောက်နိုင်ပြီး အသက်ရှည်ဖို့အတွက် အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်လာအောင် ကြိုးစားနိုင်ပြီလေ....."

ကျန်းဇီယုက ခေါင်းခါလိုက်ပြီး “ကျွန်တော့်ရဲ့ အရည်အချင်းက စီနီယာအစ်ကိုထက် နိမ့်ကတယ်...ဒါ့အပြင် သိုင်းပညာလေ့ကျင့်ဖို့ အချိန်နဲ့ အရင်းမြစ်တွေအများကြီး လိုအပ်တယ်.... သိုင်းပညာကို အာရုံစူးစိုက် လေ့ကျင့်မယ်ဆိုရင် အောင်မြင်မှာ သေချာပေမယ့် မအောင်မြင်ရင် အချိန်ဖြုန်းသလိုဖြစ်နေလိမ့်မယ်.... ဒါကြောင့် တကျန်းကို ပိုသန်မာအောင်လုပ်ဖို့ အကန့်အသတ်ရှိတဲ့ သက်တမ်းကိုပဲအားကိုးရမယ်.... ဒါ့အပြင်…”

ကျန်းချန်ရှန်းက "ရှုအာကြောင့်ပဲလား?"

ကျန်းဇီယုက ခေါင်းညိတ်ပြီး...

“သူက အရည်အချင်း ချို့တဲ့နေတော့ သူ့တစ်သက်မှာ နတ်ဘုရားနယ်ပယ်ကိုတောင် ရောက်နိုင်မှာ မဟုတ်ဘူး.... ကျွန်တော် သက်တမ်းတိုးပြီး ရာဇပလ္လင်ကို နောက်ထပ်အနှစ်တစ်ရာ အုပ်စိုးမယ်ဆို ရှုအာအတွက် ဘယ်လိုလုပ်မလဲ...."

အရင်တုန်းကတော့ ဒီနည်းလမ်းကို တကယ်ပဲ တွေးခဲ့မိသည်။ ဧကရာဇ်မင်းတစ်ပါး၏နှလုံးသားသည် ပင်လယ်ကဲ့သို့နက်ရှ်ိုင်းသော်လည်း ဟွာဂျန်ရှင်းကွယ်လွန်ပြီးနောက်တွင် သားဖြစ်သူအား သင်္ချိုင်းသို့ ကိုယ်တိုင်မပို့ချင်တော့ပေ။

ကျန်းချန်ရှန်းက နှုတ်ဆိတ်နေပြီး ကျန်းဇီယု ၏ လုပ်ရပ်ကို သဘောမတူခြင်း သို့မဟုတ် ကန့်ကွက်ခြင်း မရှိပေ။ သူ့ဆန္ဒကို လေးစားဖို့သာ ဆုံးဖြတ်လိုက်ခဲ့သည်။

ကျန်းဇီယုသာ သိုင်းပညာကို လုံးလုံးလျားလျားလိုက်စားပါက ကျန်းရှု ပင်ပန်းမည်မှာ သေချာပါသည်။ ကျန်းရှု သည် အိမ်ရှေ့မင်းသားဝနှင့်ပင် နတ်ရွာစံရမည်မှာ အမှန်ပင် လက်မခံနိုင်စရာပင်။ ထို့ကြောင့် ကျန်းဇီယုအနေဖြင့် သိုင်းပညာကို စွန့်လွှတ်လိုက်ပြီး ကျန်းရှုအတွက် နယ်မြေများကို ပိုမိုကောင်းမွန်စွာ သိမ်းပိုက်နိုင်စေရန်အတွက် လက်ကျန်အချိန်များကို အသုံးချရန် ဆုံးဖြတ်ခဲ့သည်။

ရှေးခေတ်ကတည်းက အင်ပါယာမိသားစုသည် အကြင်နာတရားခေါင်းပါးလွန်းကြသည်။ သာမာန်အားဖြင့် ဧကရာဇ်များသည် ရာဇပလ္လင်ကို မိသားစုဆက်ဆံရေးထက် ပိုတန်ဖိုးထားသောကြောင့် ကျန်းဇီယု တွင် ထိုသို့သောအတွေးမျိုးရှိနေသည်မှာ ချီးကျူးထိုက်ပေသည်။

ကျန်းချန်ရှန်း၏ ဆေးပညာကျွမ်းကျင်မှုသည်လည်း ထူးထူးခြားခြား မသက်ရောက်နိုင်တော့ပေါ သိုင်းလောက၏ ကန့်သတ်ချက်များကြောင့် အခြားသူများ၏ သေဆုံးခြင်းကိုသာ ကြည့်ရှုနိုင်ခဲ့သည်။ သူသည် အရာအားလုံးကို လုပ်နိုင်လောက်အောင် မကြံ့ခိုင်သေးပေ။

အဲဒီညက သားအဖနှစ်ယောက် စကားအကြာကြီး ပြောဖြစ်ခဲ့ကြသည်။

.................

ဓားနတ်ဘုရား ရောက်လာမည့်သတင်း တကျန်းတွင် လျင်မြန်စွာပျံ့နှံ့သွားပြီး ဓားနတ်ဘုရားနှင့်ပတ်သက်သည့် ဒဏ္ဍာရီများ လျင်မြန်စွာပေါ်ထွက်ကာ ပြည်နယ်လေးဆယ့်ကိုးခုတွင် ပြင်းပြင်းထန်ထန် ဆွေးနွေးမှုများကို ဆွဲဆောင်ခဲ့သည်။

မရေမတွက်နိုင်သော သိုင်းပညာရှင်များ ဤပွဲကို ကြည့်ရှုရန် မြို့တော်သို့ ပြေးလာနေကြသည်။

ဓားနတ်ဘုရားသည် လေထဲတွင် သွားလာနေသော်လည်း သူ၏ခြေလှမ်းများက အလွန်မြန်သည်။ ခြေလှမ်းတစ်လှမ်းချင်းကြား အကွာအဝေးသည် ပေတစ်ထောင်ဖြစ်ပြီး သူသည် ရှီပြည်နယ်နှင့် ပိုမိုနီးကပ်လာသည်။

မြို့တော်၏အထက်၊ တိမ်ပင်လယ်အထက်တွင် ကျန်းချန်ရှန်းနှင့် ကျန်းဂျန်တို့ အတူ ပြေးလွှားနေသည်။ ကျန်းဂျန်သည် သလက်ထဲတွင် သုံးခွချွန်လှံရှည်ကို ကိုင်ဆောင်ထားပြီး အလွန်အမင်း ကြီးစိုးနိုင်စွမ်းရှိပုံရသည်။ သို့သော် သူမည်ကဲ့သို့ တိုက်ခိုက်သည်ဖြစ်စေ ကျန်းချန်ရှန်းကို မထိခိုက်စေနိုင်ပေ။

ကျန်းချန်ရှန်းသည် သူ့ကိုယ်သူ ထိန်းထားသော်လည်း လက်သီးနှင့် ကန်ချက်များကြောင့် ကျန်းဂျန် စိတ်မသက်မသာ ဖြစ်နေရသည်။

အချိန်နည်းနည်းကြာတော့ ကျန်းဂျန် အရှုံးပေးလိုက်တော့သည်။

ထို့နောက် နှစ်ယောက်သား ခြံထဲသို့ ပြန်ဝင်လာကြသည်။

ကျန်းဂျန်သည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။ သူသည် ချွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း ကျန်းချန်ရှန်းကတော့ ခပ်အေးအေးပင်...

“ဘိုးဘိုး....ခန္ဓာကိုယ်ကို လေ့ကျင့်တာ တစ်ခါမှ မမြင်ဖူးပေမယ့် ဘာလို့ ဒီလောက် သန်မာနေတာလဲ”

ပိုင်ချီက "တာအိုဘိုးဘေးက ခန္ဓာကိုယ် သန်မာဖို့ အထူးတလည်လေ့ကျင့်နေစရာလိုလို့လား..."

ကျန်းချန်ရှန်းက "တစ်နှစ်ခွဲအတွင်းမှာ၊ ဖူယွဲ့ မိသားစုကကျင်းပတဲ့ သိုင်းပညာစည်းဝေးပွဲကို လုံချီဘုရားကျောင်းကနေ စေလွှတ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့အတူ လိုက်သွား.... တစ်ယောက်ယောက်က မင်းနဲ့တိုက်ခိုက်ဖို့ တွန်းအားပေးနေတယ်ဆိုရင် တိုက်ခိုက်လိုက်...ဒါပေမယ့် အုတ်အော်သောင်းနင်းဖြစ်အောင်တော့မလုပ်ခဲ့နဲ့......"

ကျန်းဂျန် ထိုစကားကိုကြားသောအခ အံ့အားသင့်ပြီး စိတ်လှုပ်ရှားစွာနဲ့....

" ရွှေခန္ဓာနယ်ပယ်ရောက်မှ တောင်ပေါ်ကဆင်းရမယ်ဆို....."

“ပြည်ပရန်သူတွေကို တိုက်ဖို့ကိုပြောတာ.... တကျန်းရဲ့ သိုင်းလောကက ပြည်ပရန်သူတွေမှမဟုတ်တာ... မင်းပြန်လာပြီး သိုင်းပညာကို ဆက်လေ့ကျင့်ရမယ်......"

“ကောင်းပြီ!”

ကျန်းဂျန်၏မျက်လုံးများတွင် မျှော်လင့်ချက်များပြည့်နှက်နေသည်။

ကျန်းဂျန်သည် သူ၏ခွန်အားကိုပြသရန် အခွင့်အရေးကို မည်သို့ငြင်းပယ်နိုင်မည်နည်း။

ကျန်းဂျန်နှင့် လေ့ကျင့်မှုအတွက် ရှင်သန်ခြင်းဆုလာဘ် မရှိပေါ ကျန်းဂျန်မှာ သူ့အပေါ် သတ်ရန်လိုသော ရည်ရွယ်ချက်မရှိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

ပိုင်ချီက.... “မြို့တော်မှာ သိုင်းပညာရှင် ပိုများလာတယ်...ဓားနတ်ဘုရား မကြာခင် ရောက်လာတော့မယ့်ပုံပါပဲ.....”

ကျန်းဂျန်က ခေါင်းညိတ်ပြီး..... “တကယ်တော့ မြို့တော်မှာ အစစ်အမှန်နတ်ဘုရားနယ်ပယ် အော်ရာတွေပျံလွင့်နေတယ်.... "

ကျန်းချန်ရှန်းက မျက်လုံးမှိတ်ထားရင်း.... “သူရောက်ခါနီးနေပြီ....အများဆုံးသုံးရက်ပဲ....."

ဓားနတ်ဘုရား၏ တန်ခိုးကြီးသော ဓားဆန္ဒကို အာရုံခံမိနေပြီဖြစ်သည်။

သူလည်း ဒီတိုက်ပွဲကို အများနည်းတူ စောင့်မျှော်နေပါသည်။

ရှီပြည်နယ်အပြင်ဘက်တွင်.....

တောင်တန်းများပေါ်ရှိ လယ်သမားများ၊ ခရီးသွားများနှင့် သိုင်းပညာရှင်တို့သည် ကောင်းကင်ပေါ်က အံ့မခန်းမြင်ကွင်းကို မျှော်ကြည့်နေကြသည်။

မရေမတွက်နိုင်သော ဓားရှည်များသည် လေထဲတွင်ပျံသန်နေကယ ရှည်လျားသော နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းထားသည်။ တစ်ချက်ကြည့်လိုက်လျှင် ဓားမည်မျှရှိသည်ကို ရေတွက်ရန် မဖြစ်နိုင်ဘဲ အဆုံးသတ်ကို မမြင်နိုင်ပေ။ ဓားရှည်များရှေ့တွက် လူတစ်ဦးပျံသန်းနေပြီး ထိုသူသည် ရှုထျန်းကျိ နဲ တခြားသူတွေ တွေ့ဖူးတဲ့ ဓားတောင်းလွယ်ထားသောသူပင်.....

သူသည် ဖြည်းညှင်းစွာ လမ်းလျှောက်နေပုံရသော်လည်း ခြေတစ်လှမ်းကို ပေတစ်ထောင်နှုန်းဖြင့်ရွေ့လျားနေသည်။ သူ့နောက်မှ ဓားပေါင်းများစွာ အနီးကပ်လိုက်ပါလာကာ အံ့မခန်းမြင်ကွင်းတစ်ခု ဖြစ်လာသည်။

ဂရုတစိုက်ကြည့်လျှင် အားကြီးသောဓားစွမ်းအင်များ ၎င်းကိုဝန်းရံထားပြီး လေဆင်နှာမောင်းတစ်ခုကဲ့သို့ဖြစ်ကြောင်း သတိပြုမိကြမည်ဖြစ်သည်။

ဓားဘုရားက ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ပြီး အိတ်ကပ်ထဲက စာတစ်စောင်ကို ထုတ်လိုက်သည်။စာကို ရှေ့သို့ လွှင့်ပစ်လိုက်သည်နှင့် ဓားတစ်ချောင်း သူ့နောက်ကနေ ရုတ်တရက် ထွက်လာပြီး စာကိုသယ်ဆောင်၍ မို အလွန်မြန်ဆန်သောအရှိန်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။

ဓားသည် တောင်တန်းများကို အရှိန်အဟုန်ဖြင့်ဖြတ်ကျော်ကာ စီပြည်နယ်ရှိ မြို့များကိုဖြတ်သန်း၍ မြို့တော်ထဲသို့ ပျံတက်သွားသည်။ လုံချီ ဘုရားကျောင်းဆီသို့ တစ်ဖြောင့်တန်းပျံသန်းနေပြီး မြို့စောင့်တပ်သားတွေက တိမ်ပင်လယ်တွေ ပြိုကျနေတာကို မြင်ပေမဲ့ ဓားကို မဖမ်းနိုင်ခဲ့ပေ။

ကျန်းချန်ရှန်း မျက်လုံးဖွင့်လိုက်သည်။

ဓားတစ်လက် ခြံဝင်းဆီသို့ ပျံသန်းလာနေပြီ.....

ကျန်းဂျန် တစ်စုံတစ်ခုကို အာရုံခံစားလိုက်ပုံရပြီး မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။

အရမ်းမြန်တယ်!

မတ်တပ်ထရပ်ခါနီးတွင် ကျန်းချန်ရှန်းက လက်ကို မြှောက်လိုက်ပြီး လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် ဓားသည် ဦးတည်ချက်ပြောင်းကာ သူ့လက်ချောင်းများဆီသို့ ပျံသန်းသွားသည်။

ကျန်းချန်ရှန်း ဓားပေါ်က စာကို ဖြုတ်လိုက်ပြီး ဖွင့်ကြည့်လိုက်တော့.....

"တကျန်းရဲ့ တာအိုဘိုးဘေး....

ငါဟာ သိုင်းပညာကို တစ်သက်လုံး စွဲလမ်းခဲ့တယ်....တာအိုဘိုးဘေးရဲ့သိုင်းပညာက ကမ္ဘာကျော်တယ်လို့ ကြားတယ်။ မကြာခင်မှာ ငါတစ်သက်လုံး တွေးတောခဲ့ရတဲ့ အပြင်းထန်ဆုံးဓားတာအိုနဲ့ မင်းကို စိန်ခေါ်မယ်..... အဆင်သင့်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်..

ကျန်းဂျန်က လေးနက်သော အမူအရာဖြင့် စာကို ဖတ်နေပြီး စာထဲမှာပါတဲ့ စကားလုံးတွေမှာ ထက်မြသောဓားဆန္ဒများကိန်းအောင်းနေသည်။

All Chapters